သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Tuesday, September 21, 2010

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်တွင်ကျင်းပရာ NLD ပါတီ ဥက္ကဌကြီး ဘဘဦးတင်ဦး ကြွရောက်ချီးမြှင့်အားပေး



ယနေ့ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို
အမှတ်(၁၄) နွယ်နီလမ်းစောရန်ပိုင်တောင် ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်နေအိမ်တွင်ဒီမိုကရေစီအင်အားစုများစွာဖြင့်ကျင်းပခဲ့ပါသည်။နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်အရှင်သူမြတ်(၅)ပါးမှ
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

(၅)ပါးသီလပေးပြီး၊မေတ္တာသုတ်နှင့်ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များကိုရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူခဲ့ကြပါသည်။၊ထို့နောက်
ဆရာတော်အရှင်သူမြတ်များကို ကိုလူမော်လတ်၊မ၀င်းမော်ဦး(၈၈ကျဆုံး)၏အဖွားဒေါ်နီနှင့်NLD ပါတီဝင်များကလှုဖွယ်ဝတ္ထုနှင့်သင်္ကန်းများကို ဆက်ကပ်လှုဒါန်းခဲ့ပါသည်။ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကိုအမျှပေးဝေပြီး၊
မြန်မာနိုင်ငံတ၀ှမ်းရှိအကျဉ်းထောင်များ၌မတရားဖမ်းဆီးအကျဉ်းချထားခြင်းခံနေရသော ရဟန်းသံဃာတော်များ၊နိုင်ငံရေးသမားများနှင့်
ကျောင်းသားလူငယ်မျိုးဆက်သစ်များကိုအမြန်လွတ်ငြိမ်းချမ်းသာရပါစေခြင်းငှာဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့
သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ကြွရောက်လာကြသောဒီမိုကရေစီအင်အားစုဧည့်ပရိတ်သတ်ကို
ကြက်သား၊၀က်သား၊ငါးဟင်း၊အသီးအရွက်အစိမ်းကြော်များ၊ငါးပိကြော်၊တို့စရာမျိုးစုံတို့ဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။အဆိုပါကမ္ဘာ့
ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌကြီး ဘဘဦးတင်ဦး၊ဒေါက်တာမျိုးအောင်
(NLD ရန်ကုန်တိုင်းစည်းရုံးရေးမှုး)၊ ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)၊ဦးအေး၊ကဗျာဆရာဦးသူရဇ္ဈာန်၊ကဗျာဆရာဦးဘုန်းကျော်နှင့် NLD
ပါတီ(အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊မ၀င်းမော်ဦး(၈၈ ကျဆုံး)၏အဖွား ဒေါ်နီနှင့်သူမ၏မိသားစုဝင်များ၊လှိုင်သာယာမြို့နယ်NLD ပါတီဝင်များ၊ ရှေ့နေကြီးဘဘဦးအုန်းမောင်၊မမာမာဦးNLD ပါတီဝင်(ဗန်းမော်အကျဉ်းထောင်၌ထောင်ကျနေသူ)၏ဖခင်ဦးသိန်းမောင်၊ဒေါ်ရှုNLD၊ ကျောက်တန်း
မြို့နယ် NLD ပါတီဥက္ကဌနှင့်ပါတီဝင်များ၊စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေ နှင့်ပါတီဝင်များ၊ရှေ့နေလေးကိုဖိုးဖြူ(အလုပ်သမားအကျိုးဆောင်)၊
ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များ၊ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့ဝင်များ၊ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များ နှင့် အခြားသော
ဒီမိုကရေစီအင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊
မြန်မာတစ်နိုင်ငံလုံးငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ကောင်းကင်ထက်သို့လွှတ်ပေးခဲ့ပါသည်။ယင်းအပြည်အပြည်ဆိုင်ရာ
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)က(ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး)အမည်ရှိကဗျာကိုလည်း
ကောင်း၊ကဗျာဆရာဦးသူရဇ္ဈာန်က(ငြိမ်းချမ်းရေးတမန်တော်)အမည်ရကဗျာကိုလည်းကောင်း၊ကဗျာဆရာဘုန်းကျော်မှ(ပြည်သူတွေကိုညှာတာပါ)အမည်ရ
ကဗျာ(၃)ပုဒ်ရွတ်ဖတ်ပြီးဂုဏ်ပြုခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်ပြီး၎င်းပွဲကိုဦးစီးကျင်းပပြုလုပ်သူကိုလူမော်လတ်ကိုအနည်း
ငယ်မေးမြန်းခဲ့ပါတယ်။
BP။ ။ ကိုလူမော်လတ်ခင်ဗျား၊စက်တင်ဘာလ ၂၁ ရက်အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းနေ့အထိမ်းအမှတ်ပွဲကိုဘယ်လိုရည်ရွယ်
ချက်နဲ့ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေးသိပါရစေ။
ကိုလူမော်။ ။ ဟုတ်ကဲ့ ကျွန်တော်ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ရည်ရွယ်ချက်မရှိပဲလုပ်တာမဟုတ်ပါဘူး။တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေ၊
မြန်မာပြည်အတွင်းမှာရှိနေကြတဲ့ပြည်သူပြည်သားတွေ၊နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာကျဆုံးသွားခဲ့ကြတဲ့ညီအစ်ကို
မောင်နှမတွေ၊နောက် ကျွန်တော်တို့အားလုံးရဲ့အမေလို့သတ်မှတ်ပြီး၊ဒီမိုကရေစီလမ်းပြကြယ်လို့နှလုံးသားထဲမှာစွဲမြဲနေတဲ့အန်တီ
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်တွေမှာဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်းအကျဉ်းချ
ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ သံဃာတော်တွေကိုပင့်ဖိတ်ဆွမ်းကပ်လှုပြီး
မေတ္တာပို့သ၊အမျှပေးဝေချင်လို့ပါ။ကျွန်တော့်အဖေလည်းခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ကျွန်တော့်အဖေ
ကအလုံမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးဘမြင့်ပါ။ခုဒီပွဲကိုကျွန်တော်မဖြစ်ဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်။အဲ့အတွက်
ကျွန်တော့်အဖေဆီတောင်၊ထောင်ဝင်စာသွားမတွေ့ရသေးပါဘူး။ကျွန်တော်ပြောချင်တာက ခုလက်ရှိအုပ်ချုပ်နေတဲ့နိုင်ငံတော်လူကြီး
များကို အန်တီဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများကိုအမြန်ဆုံးလွှတ်ပေးပါလို့တောင်းဆိုပါတယ်။သူတို့တွေ
ကအကြမ်းဖက်သမားတွေလည်းမဟုတ်၊နိုင်ငံတော်ကိုလုပ်ကြံကြတဲ့သူတွေလည်းမဟုတ်ဘူး၊သူပန်သူကန်တွေလည်းမဟုတ်ပါဘူး။
ကျွန်တော့်ဆန္ဒကထောင်ချထားခံရတဲ့သူတွေအမြန်ဆုံးပြန်လွတ်ပြီးမိသားစုတွေနဲ့နွေးထွေးစွာပြန်လည်တွေ့ဆုံစေဆန္ဒပါ။ကျွန်တော်
တို့မိသားစုလည်းတကွဲတပြားဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်ခံစားနေရတာကိုစာနာပြီး သူတို့တွေအတွက်၊အားလုံးအတွက်ရည်ရွယ်
ပြီးကျင်းပခဲ့တာပါဗျာ။
(ကိုလူမော်လတ်ဟာသူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ မျက်ရည်တွေ၊တွေတွေကျခဲ့သလို၊ကျွန်တော်အင်တာဗျူးနေစဉ်မှာလည်းမျက်ရည်
များကျခဲ့ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအမြန်ငြိမ်းချမ်းမှုရပါစေလို့ကျွန်တော်ဒီနေရာကပဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။)

လေးစားဦးညွှတ်လျှက်
Burma Paparazi

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews