သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Tuesday, July 27, 2010

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ


အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံ ဒုတိယ ခရီးစဉ် တလျှောက်လုံးတွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်မည်ဖြစ်ပြီး ၄င်းတို့ သွားရောက်မည့် နေရာများ၊ လမ်းများ တလျှောက်တွင်လည်း ကန့်ကွက်စာများ လိုက်လံကပ်သွားမည်ဟု သတင်းရရှိသည်။

“စစ်အာဏာရှင်တယောက်ကို ဒီလို လွတ်လွတ်လပ်လပ် ဖိတ်ခေါ်ရုံတင်မကဘူး၊ သမ္မတကိုယ်တိုင်ကလည်း လက်ခံတွေ့ဆုံမယ်။ ဒီခရီးစဉ်ဟာ စစ်အစိုးရကိုပဲ အကျိုးစီးပွားတွေ ရစေမယ့်ခရီးစဉ်လည်း ဖြစ်တယ်။ အိန္ဒိယ အစိုးရက ကျမတို့ မြန်မာပြည်သူတွေ ခံစားနေရတာကို လျစ်လျူရှုထားတယ်။ ဒါကို ကျမတို့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အလုပ်အမှုဆောင်အဖွဲ့ဝင် မသင်းသင်းအောင် က ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့၏ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ အထိ ခရီးစဉ်နှင့် လက်ခံကြိုဆိုသည့် အိန္ဒိယအစိုးရကို ရှုတ်ချသည့်အနေဖြင့် အိန္ဒိယရောက် မြန်မာနိုင်ငံသား ၃၀၀ နီးပါးတို့က ယနေ့တွင် နယူးဒေလီမြို့၊ အိန္ဒိယ လွှတ်တော် အနီးရှိ ဂျန်တားမန်းတားပန်းခြံ၌ ဒုတိယအကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ မနက်ခင်းကလည်း နယူးဒေလီရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု (အိန္ဒိယ) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) အဖွဲ့တို့မှ ဦးဆောင်၍ အိန္ဒိယ သမ္မတထံ ကန့်ကွက်စာများ ပေးပို့ပြီး ဂျန်တားမန်တားပန်းခြံတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့သည် အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ချမှတ်ခဲ့သည့် အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ၏ သင်္ချိုင်းသို့လည်း သွားရောက် ဂါရ၀ပြုမည်ဖြစ်ရာ အကြမ်းမဖက် လှုပ်ရှားမှု အားပေးသူများကလည်း ကန့်ကွက်ကြကြောင်း သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သည့် Samata ပါတီဥက္ကဋ္ဌဟောင်း Mrs. Jaya Jaitly က “သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ဟာ လူသတ်သမား အကြမ်းဖက်ဝါဒီဖြစ်တော့ အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ် ရှေ့ဆောင် ဂန္ဒီကြီးရဲ့ သင်္ချိုင်းကို သွားဂါရဝပြုမယ်ဆိုတာ လုံးဝ မဖြစ်သင့်တဲ့အရာပဲ” ဟု ပြောသည်။

၎င်းက ဆက်လက်၍ အိန္ဒိယအစိုးရအနေဖြင့် ယခင်က မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးခဲ့သကဲ့သို့ မိမိ၏ ဒီမိုကရေစီ ထွန်းကားမှုကို အသုံးပြု၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် အစိုးရချင်း ထိရောက်စွာ တိုက်တွန်းပြောဆိုရန် များစွာမျှော်လင့်ကြောင်းလည်း ပြောဆိုသွားသည်။

အိန္ဒိယနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ အပါအ၀င် မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း ၇၀၀၀ နီးပါး ရောက်ရှိနေသည်။

“ဒီခရီးစဉ် ပြီးသွားရင် ဖြစ်လာမယ့် နှစ်နိုင်ငံစီးပွားရေး တိုးတက်မှုတွေက မြန်မာပြည်သူအတွက် သက်ရောက်မှု မရှိဘူး။ အိန္ဒိယအစိုးရက သူ့ရဲ့အမျိုးသား စီးပွားရေးအတွက် ဒီလို ဖိတ်ခေါ်တာပါဆိုရင် နှစ်နိုင်ငံ ပြည်သူလူထု အကျိုးစီးပွားအတွက် ကြည့်ဖို့ အချိန်ကျပြီလို့ ပြောချင်ပါတယ်” ဟု အိန္ဒိယရောက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) မှ ၀န်ကြီး ဒေါက်တာ တင့်ဆွေက ပြောသည်။

အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ အစိုးရ ခေါင်းဆောင်များ၏ ချစ်ကြည်ရေးခရီးစဉ်များ အတောအတွင်း အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများအပေါ် ဖိအားပေးမှုများလည်း မကြာခဏ ရှိခဲ့သည်ဟု ဒေါက်တာ တင့်ဆွေက ထောက်ပြသည်။

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ၀ါဆိုမည့် ဓမ္မစကြာနေ့ဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် သံဃာတော် ၂၇ ပါးကို ၀ါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ဗုဒ္ဓဂယာမှအပြန် နယူးဒေမြို့သို့ ယနေ့ နေ့လည်တွင် ရောက်မည်ဖြပြီး အိန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ်၊ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းတို့နှင့် တွေ့ဆုံပြီးနောက် အိန္ဒိယနိုင်ငံ၏ နည်းပညာမြို့တော်ဖြစ်သော ဟိုက်ဒြာဘတ်ရှိ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများ၏ နည်းပညာများကိုလည်း သွားရောက် လေ့လာမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ သာသနာရေးဝန်ကြီး သီဟသူရ ဦးမြင့်မောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် ဒုဝန်ကြီး ဒေါက်တာပိုင်စိုး စသူတို့လည်း လိုက်ပါလာကြောင်းသိရသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်း တို့အပါအ၀င် တခြားသော အဆင့်မြင့်အရာရှိ ကြီးများသည်လည်း အိန္ဒိယနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုမည်ဟု အိန္ဒိယသတင်းဌာနများက ဖော်ပြကြသည်။

ဒေါက်တာ တင့်ဆွေက “အခုလို သူတို့ခရီးစဉ်မှာ ထိပ်တန်း ခေါင်းဆောင်တွေကို ခေါ်လာတာဟာ သူတို့ မကြာခင်လုပ်မယ့် ရွေးကောက်ပွဲ ပြီးသွားရင် အစိုးရအဖွဲ့က ဒီလူတွေ အင်အား ဒီလိုရှိတယ်ဆိုတာ အိမ်နီးချင်း နိုင်ငံကြီးတခုကို ပြချင်တဲ့ရည်ရွယ်ချက် ရှိလိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာ့အရေး ထောက်ခံအားပေးသူ လွှတ်တော် အမတ်များဖြင့် ဖွဲ့စည်းထားသည့် အိန္ဒိယလွှတ်တော် အမတ်များအဖွဲ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်ကို လက်ခံသည့်အတွက် အိန္ဒိယအစိုးရကို ရှုတ်ချကြောင်း သမ္မတ ပရာတီဘာ ပတေးလ်နှင့် ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ စာများပေးပို့ခဲ့ကြသည်။

ကမ္ဘာ့ အဆိုးဝါးဆုံး အာဏာရှင်ကို ဖိတ်ခေါ် လက်ခံသည့်အတွက် စိတ်မချမ်းမြေ့ ဖြစ်ရကြောင်း၊ မြန်မာ့ ဒီမိုကရေစီရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေး၊ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပြုလုပ်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးတို့အတွက် မြန်မာစစ်အစိုးရအား တိုက်တွန်းသင့်ကြောင်း စသည့်အချက်များ လွှတ်တော်အမတ်များအဖွဲ့၏ ပေးစာတွင် ပါရှိသည်။

အမေရိကန်အစိုးရကလည်း အိန္ဒိယ အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး အခြေနေများအတွက် မြန်မာစစ်အစိုးရအား ထုတ်ဖော်ပြောကြားရန် တိုက်တွန်းပြောဆိုခဲ့သည်။

နိုင်ငံတကာ လူအခွင့်အရေး အဖွဲ့ကြီးတခုဖြစ်သော International Federation for Human Rights (FIDH) က အိန္ဒိယအစိုးရအနေဖြင့် လူ့အခွင့်အရေး အချိုးဖောက်ဆုံးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးကို လက်ခံမှုအပေါ် အိန္ဒိယ၀န်ကြီးချုပ်ထံ စာရေးသားပေးပို့၍ ဝေဖန်ခဲ့သည်။

အိန္ဒိယ လူမှုရေး အဖွဲ့များနှင့် မြန်မာ့အရေးကို စိတ်ဝင်စားသည့် ရုပ်ရှင် ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်နှင့် စာရေးဆရာများအပါအ၀င် အိန္ဒိယနိုင်ငံသားများကလည်း အထိမ်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပရန် မြန်မာအစိုးရကို တိုက်တွန်းသင့်ကြောင်း အိန္ဒိယအစိုးရထံ အိတ်ဖွင့်ပေးစာများ ပေးပို့ကြကြောင်း သိရသည်။

မြန်မာ စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ၏ အိန္ဒိယ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရေးနှင့် မြန်မာနိုင်ငံမှ လိုအပ်သော နည်းပညာအထောက်အကူအတွက် နားလည်မှုစာချွန်လွှာများကို လက်မှတ် ရေးထိုးဖွယ်ရှိကြောင်းနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ အိန္ဒိယခွဲထွက်ရေး သူပုန်ကိစ္စများကို ဆွေးနွေးဖွယ်ရှိကြောင်း အိန္ဒိယသတင်းများက ရေးသားကြသည်။

ဤခရီးစဉ်သည် မြန်မာပြည်သူများအတွက် အကျိုးစီးပွား တစုံတရာ ဖြစ်ထွန်းစေမည်မဟုတ်ဘဲ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ အတွက်သာ အကျိုးဖြစ်ထွန်းစေမည်ဟု လေ့လာသူများက သုံးသပ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် အောက်တိုဘာလ အတွင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်စဉ်က ၎င်းနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန၊ သယ်ယူ ပို့ဆောင်ရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများ ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ကူးသန်း ရောင်းဝယ်မှု စာချုပ်များ ချုပ်ဆို သကဲ့သို့ စွမ်းအင်နှင့် ပတ်သက်၍ နှစ်နိုင်ငံ နည်းပညာထောက်ပံ့ ကူညီမှုများ ပြုရန်လည်း ဆွေးနွေးခဲ့သည်

ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယသည် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးမှုများ ရှိခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်း အရှေ့မျှော်ဝါဒ ကျင့်သုံးချိန်မှစ၍ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း၍ နယ်စပ်ဒေသများရှိ ခွဲထွက်ရေးသူပုန် စစ်ဆင်ရေးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု တိုးမြှင့်လုပ်ဆောင်ခြင်းများ၊ စစ်အစိုးရအား လက်နက်နှင့် နည်းပညာထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ ( ဧရာဝတီ )

Friday, July 23, 2010

ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ


ဦးဝင်းထိန်သည် စစ်တက္ကသိုလ် အပတ်စဉ် ၅ သင်တန်းဆင်း ဗိုလ်ကြီးဟောင်း တဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက် ခဲ့ဖူးသူ ဖြစ်သည်။ ၁၉၈၈-၈၉ နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ် များတွင် ပါဝင်ခဲ့သည်။ ဦးဝင်းထိန်ကို ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက စတင်ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ထောင်ထဲတွင် အနှစ် ၂၀ ကျော်နေခဲ့ရသည်။ ကသာထောင်မှ နေ၍ ဇူလိုင် ၁၅ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့သည့် ဦးဝင်းထိန်ကို ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်းက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မေး။ ။ ဦးဝင်းထိန် အခု မီဒီယာတွေမေးတာ တော်တော် ဖြေနေရမယ် ထင်တယ်။

ဖြေ။ ။ ဖြေရတာကတော့ အပ်ချည် တစကို ဆွဲထုတ်သလို ဖြစ်နေတာပေါ့။ ကျနော့် မိန်းမကတော့ လုံးဝ သဘော မတူဘူး။

မေး။ ။ ထောင်ထဲမှာ နေခဲ့ရတုန်းက ကြုံခဲ့ရတဲ့ အနေအထား၊ အစားအသောက်တွေ၊ ဆေးဝါးတွေ ရရှိမှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။ ။ ၁၉၈၉ ကနေပြီး ၉၅ အထိက အဲဒါ ၅ နှစ်ခွဲ၊ ၉၆ ကနေပြီးတော့ မကြာသေးခင်က အထိ ၁၄ နှစ်နဲ့ ၂ လ ထောင်ထဲမှာ နေခဲ့ရတယ်။ မြင်းခြံထောင်မှာ၊ မန္တလေးထောင်မှာ၊ မိတ္ထီလာထောင်မှာ နေခဲ့ရတယ်။ နောက်ဆုံးလွှတ်လိုက် တာကတော့ ကသာထောင်ကပေါ့။ ထောင်ထဲမှာကတော့ အမျိုးမျိုး ကြုံခဲ့ရတာပဲ။ စောစောပိုင်းကဆိုရင် ထမင်းမဝတာမျိုးတွေတော့ ရှိခဲ့ဖူးတယ်။ ကိုယ်ကတော့ အဲဒီမဝတဲ့ ဒဏ်ကိုခံခဲ့ရပြီး ထိခဲ့တာပေါ့။ နောက်ပိုင်းတော့ အဲဒီပြဿနာ မရှိတော့ပါဘူး။ ကိုယ်ကလည်း အစားသောက် များများမစားတော့ ပြဿနာ သိပ် မရှိဘူး။ နှိပ်စက်တာတို့ ဘာတို့တော့ အခုနောက်ပိုင်း သူတို့ သိပ်မလုပ်ကြတော့ဘူး။ နည်းနည်း ပညာပြတာလေးလောက်ပဲ ရှိတာပေါ့။ ထူးထူးခြားခြားတော့ သူတို့ သိပ်မလုပ်ကြတော့ဘူး။ အပေါ်ကလည်း တားတယ်နဲ့ တူပါတယ်။

မေး။ ။ ဘယ်အချိန်လောက်အထိ အဲဒီလို နှိပ်စက်ညှဉ်းပမ်းမှုတွေ ရှိခဲ့ပါသလဲ။

ဖြေ။ ။ ၁၉၉၉ လောက်အထိတော့ ရှိဖူးတယ်။

မေး။ ။ ဦးဝင်းထိန်အနေနဲ့ ဒီတခေါက်လွတ်လာတာက လွတ်ရက်စေ့လို့လား။

ဖြေ။ ။ အဲဒီ သဘော ပါပဲ။

မေး။ ။ ၂၀၀၈ မှာတုန်းက ဦးဝင်းထိန် တခေါက်ပြန်လွတ်ခဲ့သေးတယ်နော်။ ဘာဖြစ်လို့ပြန်ဖမ်းတာပါလဲ။

ဖြေ။ ။ ကျနော့် အထင်ပြောပြမယ်နော်။ ကျနော်က ဒီနေရာမှာပြောချင်တာကတော့ ထောင်က ထွက်လာတဲ့ လူတယောက်ဟာ တပတ်နှစ်ပတ်၊ တလနှစ်လ စိတ်က ပုံမှန်ပြန်မဖြစ်ဘူး။ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေရှိတယ်၊ စကားပြောတာ မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်းမှားမယ်၊ ဒီ သဘောလေးကတော့ တော်တော် သဘောပေါက်ထားမှ ဖြစ်မယ်။

ကျနော့်ကို ၂၀၀၈ စက်တင်ဘာ ၂၃ မှာလွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တော့ ကသာက ဧရာဝတီ တည်းခိုခန်းမှာ တည်းတယ်။ တည်းတော့ သူတို့ကနောက်တနေ့မှာ သင်္ဘောနဲ့ ကျနော့်ကို မန္တလေး၊ အဲဒီနောက်မှာ ရန်ကုန်ပို့ပေးမယ်လေ။ အဲဒီတော့ ကျနော်လည်း အိမ်နဲ့ တယ်လီဖုန်းတွေ ဆက်သွယ်၊ စိတ်ကတော့ ဝမ်းသာ ကျေနပ်နေတာပေါ့။ မမျှော်လင့်ဘဲနဲ့ သတင်းဌာနတခုက ဝင်လာတဲ့ အခါမှာတော့ ကျနော်က စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလိုက်တယ်။ တရားဥပဒေ အရ လူတွေကို ၆၅ နှစ်၊ အနှစ် ၁၀၀ ချတာ၊ အဲဒါ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတဲ့ ကိစ္စ၊ နောက်ပြီးတော့ နိုင်ငံရေးမှာ တဘက်စောင်းနင်း လုပ်ပြီးတော့ မျှမျှတတ မရှိဘဲနဲ့ လုပ်ချင်သလို လုပ်တဲ့ကိစ္စ။ နောက် ကျန်းမာရေးစောင့်ရှောက်မှု ညံ့တဲ့ ကိစ္စ၊ အဲဒါတွေ ပြောလိုက်တယ်။ ပြောလိုက်တော့၊ နောက်နေ့ကျတော့ ရဲမှူးကြီးတယောက်က လာပြီးတော့ ခဏလောက် လိုက်ခဲ့ပါဆိုပြီး ထောင်ထဲပြန်ပို့လိုက်တယ်။

မေး။ ။ အဲဒါပြီးသွားတော့ ထောင်ထဲက တရာရုံးမှာ ပြန်စစ်သေးလား။

ဖြေ။ ။ ဘာမှ မစစ်တော့ဘူး။ အဲဒီတုန်းက ၁၄ နှစ် မပြည့်သေးဘူးလေ၊ ထောင်ထဲမှာ ၁၄ နှစ်ပြည့်တော့ လည်း မလွှတ်သေးဘူး။ နောက် ၂ လ ဆက်ထားတာ။

မေး။ ။ အဲဒါဆို ဦးဝင်းထိန်က အမိန့်ချထားတဲ့ ပြစ်ဒဏ်ထက် ပိုပြီး နေခဲ့ရတာလား။

ဖြေ။ ။ အဲဒီလို ယူဆလို့ ရပါတယ်။

မေး။ ။ ဦးဝင်းထိန် ထောင်ထဲမှာနေရတုန်းက NLD ခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ဆီက အားပေးတဲ့စာတွေ ဘာတွေကော ရဖူးပါသလား။

ဖြေ။ ။ အဲဒါကတော့ အာဏာပိုင်တွေက ခွင့်မပြုဘူး။ အိမ်ကတော့ တလတခါ လာတယ်၊ စားစရာတွေ ပို့ပေးတယ်၊ နောက် ဖတ်စရာ ဂျယ်နယ်တို့၊ စာအုပ်တို့ သွင်းပေးတယ်။

မေး။ ။ ဦးဝင်းထိန်လို စစ်တပ်အရာရှိ တယောက်အနေနဲ့ ဘယ်လိုဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ NLD ဖွဲ့တဲ့အချိန်မှာ ကျနော်က တပ်မှာ မရှိတော့ဘူး။ တပ်က ထွက်သွားပြီးပြီ။ အဲဒီအချိန်မှာ ကျနော်တို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ မေတ္တာရပ်ခံချက်အရ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီးတော့ ကူပါဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီမှာ မြဲသွားတာပေါ့။ ၁၉၈၈၊ ၈၉ မှာ အထက်ဗမာပြည်၊ အောက်ဗမာပြည် စည်းရုံးရေး ခရီးစဉ်မှာ ပါခဲ့တယ်။ ပါပြီးတော့မှ ၈၉ မေ မှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်တွေ အစည်းအဝေး လုပ်မယ်ဆိုပြီးတော့ တတိုင်းတပြည်လုံး ဖိတ်လိုက်တဲ့အခါမှာ သူတို့က အဲ့ဒီအဖွဲ့တွေ အကုန်လုံး အကျဉ်းချုပ်ချတဲ့သူချတယ်၊ အကျယ်ချုပ်ချတဲ့သူ ချတယ်။ အဲဒီအချိန်မှာ ကျနော့်ကို ဖမ်းလိုက်တာပေါ့။ ၁၉၈၉ ဇန်နဝါရီလ ၂၀၊ အဲဒီကနေပြီးတော့ ကျနော် ၉၅ အထိ နေခဲ့ရတယ်။

မေး။ ။ အခု စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲရယ်၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့  NDF ပါတီရယ်ကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲ ကိစ္စကတော့ ကျနော်တို့က မှတ်ပုံ မတင်ဘူးဆိုတော့ ပြောစရာမလိုတော့ဘူး၊ ပြီးသွားပြီလေ။ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ကလည်း လုပ်ပိုင်ခွင့်ရှိပါတယ်၊ လုပ်ကြပါ။ ကျနော်တော့ မပတ်သက် ချင်တော့ဘူး။ မပတ်သက်ဘူးပေါ့။

မေး။ ။ ဦးဝင်းထိန် တယောက်တည်း အနေနဲ့ကော ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။ ။ ကျနော် လောလောဆယ်တော့ ကျန်းမာရေးအတွက် ဆေးစစ်တာတွေ လုပ်ရမယ်။ နှလုံးရောဂါရှိတယ်၊ အစာအိမ်ရောဂါရှိတယ်၊ နောက်ပြီးသွေးတိုးလည်းရှိတယ်၊ အရိုးကျည်းပေါင်း တက်တော့ ဆေးက တရက်ကို ၈ မျိုးလောက်သောက်ရတယ်။ အဲဒါပြီးတော့မှ ထောင်ထဲမှာ ကျန်ခဲ့တဲ့ ဘဝတူတွေ အတွက် လူမှုရေးအထောက်ပံ့တွေလုပ်မယ် အားပေးတာတို့၊ တချို့ ဆိုလည်း တတ်နိုင်သလောက်ပိုက်ဆံတွေ ကူတာတို့ အဲဒါတွေလုပ်ပေးမယ်။

မေး။ ။ ဦးဝင်းထိန် အနေဲ့ ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေကို စကားလုံး တလုံးတည်းနဲ့ အဓိပ္ပာယ်ပေါ်အောင် ပြောပါဆိုရင် ဘယ်လိုပြောမလဲ။

ဖြေ။ ။ အဲဒါကတော့ ဦးနိုင်းနိုင်းကို ကိုးကားရတော့ မှာပဲ။ ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ ခင်ဗျာ။
( ဧရာဝတီ )

Monday, July 19, 2010

ပြည်တွင်း NLD အဖွဲ့ချုပ် အဖွဲ့ဝင်များပြုလုပ်တဲ့ 19 July 2010 အာဇာနည်နေ့

ဘဘဦးတင်ဦးအိမ်မှာ အာဇာနည်နေ့ အခမ်းအနားလုပ်တယ် ၉ နာရီမှာ စတယ် တက်ရောက်လာတဲ့ လူတွေကို ကော်ဖီနဲ့ ဘိန်းမုန့်ကျွေးမွေးဧည့်ခံတယ် CEC တွေ ၀ါရင့်နိုင်ငံရေးသမားတွေ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ကျောင်းသားပြည်သူလာရောက်ကြတယ်။

၁၀ နာရီ ၄၀ ခန့်တွင် ဥသြဆွဲပြီး အလေးပြုတယ် ခြံထဲထိဝင်လာပြီး အာဏာပိုင်က ဗိုလ်ချုပ်ပုံ အကျီင်္တွေဝတ်ပြီးလမ်းလျှောက်ပြီး အားဇာနည် ကုန်းမတက်ဖို့လာ တားတယ် လာညှိုတယ်ပေါ့ဗျာ သူတို့ ကားစီစဉ်ပေးမယ် ပေါ့ လမ်းပဲလျှောက်ကြတာပါပဲ။

သူတို့ကားနဲ့မလိုက်ကြပါဘူး ပန်းခြင်းကိုင်ပြီး လမ်းလျှောက်တော့တားတယ် ပန်းခြင်းမပါတော့ ပေးသွားတယ် ၁၁ နာရီ ၂၀ လောက်မှာ အခမ်းအနားပြီးတယ် အခမ်းအနားပြီးတော့ လူ ၁၀၀ နီးပါးလောက် အာဇာနည်ကုန်းဖက် တက်သွားကြတာပဲ ဓာတ်ပုံလိုက်ရိုက်တယ် တားတာ ဘာညာတော့ မကြားဘူး ခု ၂ နာရီ ဖုန်းဆက်မေးကြည့်တဲ့ အချိန်ထိ အေးဆေးပဲလို့ပြောတယ် ဒီနေ့ အခမ်းအနားတက်တဲ့ လူကတော့ ၅၀၀ လောက်ရှိမယ်ထင်တယ် ခန့်မှန်းခြေပေါ့။

(ကိုကို)

ရွှေနန္ဒ shwenanda > www.shwenand a.com/ မှ ပေးပို့သည်။

၆၃ နှစ်မြောက် အာဇာနည်နေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ် အောက်မေ့ဘွယ် အခမ်းအနား ( ကိုရီးယား )


သတင်းဓါတ်ပုံ - ( flyingpeacock )

Friday, July 16, 2010

ဦးဝင်းထိန် လွတ်ပြီ


ကြာသပတေး, 15 ဇူလိုင် 2010

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူနေရင်း ၁၉၉၆ ခုနှစ်ထဲက ဖမ်းဆီးထောင်ချ ခံထားရသူ ဦးဝင်းထိန်ဟာ ဒီနေ့မှာပဲ ကသာထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။

လောလောဆယ် မန္တလေးကို သင်္ဘောနဲ့ သွားနေတယ်လို့ သူ့မိသားစုဝင်က အတည်ပြုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် စစ်တပ်အရာရှိဟောင်း တယောက်ဖြစ်တဲ့ ဗိုလ်ကြီးဝင်းထိန်ဟာ ၁၉၉၆ ခုနှစ်က သြစတြေးလျ အခြေစိုက် ABC ရုပ်သံကို အင်တာဗျူး ပေးတဲ့အတွက် ထောင်ဒဏ် ၇ နှစ်၊ တခါ ဟင်္သာတဘက်က လယ်သမားတွေ နွေစပါး မအောင်တဲ့အကြောင်း ကုလသမဂ္ဂကို စာပို့တဲ့အတွက် ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ၁၄ နှစ် ချခံခဲ့ရတာပါ။

၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ သူပါပြီး အကျဉ်းထောင်ကနေ လွတ်လာခဲ့ပေမဲ့ နေအိမ်မရောက်ခင်မှာဘဲ ပြန်အဖမ်းခံရပြီး ထောင်ထဲ ပြန်ပို့ခံခဲ့ရတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Saturday, July 3, 2010

ခမောက်ကိစ္စ NLD ကန့်ကွက်မည်


အငြင်းပွားစရာ ဖြစ်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ခမောက်ပုံ အမှတ်တံဆိပ်ကို ကန့်ကွက်ဖို့ NLD ပါတီက ဆုံးဖြတ်လိုက်ပါပြီ။ အမြန်ဆုံး ကန့်ကွက်သွားဖို့ အထောက်အထားတွေနဲ့တကွ ပြင်ဆင်နေကြပါတယ်။ NDF ပါတီကတော့ ခမောက်ဟာ NLD ရဲ့ မူပိုင်မဟုတ်ဘူး၊ သူတို့ကလည်း NLD ပါတီကို တုပတာ မဟုတ်ဘူးလို့ ဆိုနေပါတယ်။ အခြေအနေတွေကို စုံစမ်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ခမောက်ပုံကို ပါတီရဲ့ အမှတ်တံဆိပ်အဖြစ် ရွေးချယ်ခဲ့တာဟာ NLD ကို တုပတာ မဟုတ်ဘူးလို့ ဆိုနေပေမဲ့ NLD ဘက်ကတော့ လုံးဝ လက်မခံပါဘူး။ ဒါဟာ အတုအပ ပြုလုပ်ခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ကို ဥပဒေမှာ ဖော်ပြထားတာတွေနဲ့တကွ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြပြီး ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြပါပြီ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“သူတို့လုပ်တဲ့ အခုတံဆိပ်က ဒါက တုပတာ။ အတုအပဆိုတာ ဥပဒေမှာ ဘယ်လိုရှိတယ် ဆိုတာကိုလည်း ကျနော်တို့ ဖော်ပြတယ်။ ဥပဒေမှာက ပုံစံတခုကို တုတယ်ဆိုတာ အားလုံးတူညီဖို့ မလိုဘူး၊ ထင်ယောင်ထင်မှား ဖြစ်ရင်ကို တုတာပဲလို့ အဲဒီလိုပြောတယ်။ ကျနော်တို့ ဟိုတုန်းက သုံးခဲ့တဲ့ အလံတွေရဲ့ မိတ္တူတွေပါ ဆွဲပြီးတော့ ကျနော်တို့ သုံးခဲ့တဲ့ မူရင်း စာရွက်စာတမ်းတွေကို တွဲတင်ပေးမယ်။”

NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ခိုင်လုံတဲ့ အထောက်အထားနဲ့ လာပြီး ကန့်ကွက်ရမယ်ဆိုလို့ သူတို့လည်း အထောက်အထားတွေ စုဆောင်းပြီး အမြန်ဆုံး ကန့်ကွက်ဖို့ လုပ်နေတဲ့ အကြောင်းကိုလည်း ဦးဉာဏ်ဝင်းက ဆက်ရှင်းပြပါတယ်။

“ကျနော် အခု စာရိုက်နေတယ်။ စာရိုက်ပြီးရင် ကျနော်တို့ဆီက ကိုယ်တိုင်သွားရောက်ပြီး တင်ပါ့မယ်၊ နေပြည်တော်ကို။ လာရောက် ကန့်ကွက်နိုင်သည်လို့ စကားလုံး သုံးထားတော့ ကျနော်တို့ ပိုသေချာအောင် ၂ ယောက်၊ ၃ ယောက် သွားပြီးတော့ တင်ပါ့မယ်။”

NDF ပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ သူတို့ရွေးချယ်ထားတဲ့ ခမောက်ဟာ NLD ရဲ့တံဆိပ် မဟုတ်ပါဘူးလို့ ပြောပါတယ်။

“ဒါ NLD တံဆိပ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပြည်သူအများစုက ကျေးလက်နေ ပြည်သူတွေ ဖြစ်တာကိုး။ လူများစုကို သက်ရောက်စေတဲ့ ခမောက်ကို သုံးခြင်းဖြစ်ပါတယ်။ အပေါ်က ကြယ်နှစ်ထပ်ကတော့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ရည်ညွှန်းတာ ဖြစ်ပါတယ်။”

ခမောက်က သူတို့ပါတီအတွက် ပိုပြီးတော့ အသုံးတည့်မယ်လို့လည်း NDF ပါတီက ယူဆထားတဲ့အကြောင်း ဆက်ပြောပါတယ်။

“ရှေ့မှာ မှတ်ပုံတင်သွားတဲ့ ပါတီတွေရဲ့ တံဆိပ်တွေက လူထုလက်ထဲမှာ ဆောင်တဲ့ဟာတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ထင်သာမြင်သာဖြစ်တဲ့ ခမောက်ကသာလျှင် ကျနော်တို့အတွက် ပိုပြီးတော့ အသုံးတည့်မယ်လို့ ယူဆလို့ ရွှေရောင်ခမောက်ကို သုံးတာ ဖြစ်ပါတယ်။ NLD နဲ့ မဆိုင်ပါဘူးခင်ဗျာ။ NLD တုန်းက ခမောက်က ရွေးကောက်ပွဲ သင်္ကေတ ဖြစ်တယ်။ ကျနော်တို့ အခုသုံးတာက ရွေးကောက်ပွဲ သင်္ကေတ မဟုတ်ဘဲနဲ့ ပါတီရဲ့ တံဆိပ်သာလျှင် ဖြစ်ပါတယ်။ ကွဲပါတယ်ခင်ဗျ။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ဦးခင်မောင်ဆွေဟာ အရင်တုန်းက NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်ခဲ့သလို နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၃၀ ရက်နေ့ မနေ့တုန်းကပဲ ဦးခင်မောင်ဆွေတို့ NDF ပါတီရဲ့ အလံနဲ့ အမှတ်တံဆိပ်တွေကို စစ်အစိုးရပိုင် သတင်းစာကနေ ကြေညာခဲ့တာပါ။ ၇ ရက်အတွင်းမှာ လာပြီး ကန့်ကွက်နိုင်တယ်လို့ ဆိုထားတာကြောင့် NLD ဘက်က အချိန်မီ သွားပြီး ကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။ ( ဗွီအိုအေ )

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews