သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Friday, August 28, 2009

၁၉၈၉ မှ အကျဉ်းသား ကိုညီညီဦး ကျန်းမာရေးအခြေအနေဆိုးရွား

အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရာရှိ ၃ ဦးဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Drake Weisert က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Howard Berman ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Lynne Weil နဲ့ ကျွမ်းကျင်သူ အရာရှိ Jessica Lee နဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Ros-Lehtinen ရဲ့ ကျွမ်းကျင်သူ အရာရှိ Dennis Halpin တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း မနက်ဖြန် သြဂုတ်လ ၂၈ ရက် နေ့မှာတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့လည်း တွေ့ဆုံဖို့ ရှိတဲ့အကြောင်းနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အမေရိကန် အရာရှိတွေဟာ မပြန်ခင်မှာ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို သွားရောက်ဖို့ ရှိပါတယ်။

ဒါဟာဆိုရင် ဗာဂျီးနီးယားပြည်နယ်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်းမှာပဲ အမေရိကန် အထက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ ( ဗွီအိုအေ )

OpenOffice 3.1.0 Zawgyi 2009 Language Pack



1. first of all, need to download and install, original version of OpenOffice 3.1.0
(အင်​စ​တော ရုံပဲ အင်​စ​တော့ပါ။ မဖွင့်လိုက်​ပါနဲ့ဦး။)

http://thanlwinsoft.co.uk/~keith/OpenOffice.org/Myanmar/OOo_3.1.0_090417_Win32Intel_install_my.exe


2. then download Zawgyi Language Pack here


http://newzawgyi.googlecode.com/svn/openoffice/


3. Extract Language Pack into OpenOffice Install Directory (Overwrite All Files)
By Default က​တော့ C:\Program Files\OpenOffice.org 3\ မှာရှိပါတယ်။

Language Pack Extract မလုပ်​ခင်

* OpenOffice ကို ဖွင့်ထားမိရင် ပြန်​ပိတ်​ပေးပါ။

* ညာဘက် ​အောက်​ထောင့်က Taskbar မှာ OpenOffice Icon ရှိရင်​လည်း exit အရင် လုပ်​ပေးပါ။

မာ့ခ် ရေးသားပြုစုပါသည်။ http://www.soemin.net/

Thursday, August 27, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ လာမည့်အပတ် တင်မည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံကို လာမည့်အပတ်တွင် ရန်ကုန် တိုင်းတရားရုံး၌ စတင်ကြားနာမည်ဟု ၎င်း၏ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

အဆိုပါကိစ္စ နှင့် ပတ်သက်၍ အယူခံလွှာ မူကြမ်းကို တင်ပြရန် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ၎င်း၏ရှေ့နေများက ယနေ့ သွားရောက် ဆွေးနွေးခဲ့ပြီး လိုအပ်သည့် အချက်များကို ပြင်ဆင်ရေးသားကာ တရားရုံးသို့ တင်မည်ဟု ဦးကြည်ဝင်းက ဆိုသည်။

“အယူခံကို ပြန်ရေးမယ်၊ အချိန်ရရင် ဒီည ရေးမယ်၊ ရေးပြီး မနက်ဖြန် စကားပြောဖြစ်မယ်၊ ညှိနှိုင်းမယ်၊ အဆင်ပြေရင် လာမယ့်အပတ် တနင်္လာနေ့နဲ့ အင်္ဂါနေ့လောက်မှာ တင်ဖြစ်မယ်” ဟု ၎င်းက ဆက်ပြောသည်။

အယူခံ မူကြမ်းတွင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကို မသိရှိရသေးပေ။ ဒေါ်အောင်ဆန်းစု ကြည်၏ အမှုတွဲတွင် ပါဝင်သော ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမ တို့ကိုလည်း အယူခံတင်ရန်အတွက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့်ရရန် အာဏာပိုင်များထံ တောင်းဆိုထားကြောင်းကိုလည်း ဆွေးနွေးခဲ့ သည်ဟု ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေး စစ်ဆေးရန်အတွက် အစိုးရ အာဏာပိုင် များက သြဂုတ်လ ၁၁ ရက်နေ့တွင် စီစဉ်ပေးခဲ့သည့် အမျိုးသမီး ဆရာဝန်ကို လက်မခံလိုသောကြောင့် ဒေါက်တာ တင်မျိုးဝင်းနှင့် ပြန်လည် ကုသစစ်ဆေးခွင့်ရရန် တောင်းဆိုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ထိုသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု အာဏာပိုင်တို့က ဆိုသည်။ ( ဧရာဝတီ )

Daewoo consortium in $5.6 bln gas deal in Myanmar

SEOUL, Aug 25 (Reuters) - South Korea's KOGAS (036460.KS) said on Tuesday a consortium led by Daewoo International (047050.KS) would invest a combined $5.6 billion to produce and distribute gas in Myanmar.
The consortium plans to sell gas output from Myanmar's A-1/A-3 fields to China, a KOGAS official said.
KOGAS plans to spend $299 million and Daewoo would spend a separate 2.1 trillion won ($1.68 billion) for initial investment, the two companies said in separate statements.
(Reporting by Miyoung Kim; Editing by Jonathan Hopfner)

From Times Online
August 25, 2009
Daewoo to transport Burmese gas to China
A consortium of South Korean and Indian companies is to invest $5.6 billion (£3.4 billion) in producing natural gas in Burma for export by pipeline to China.
Led by Daewoo International, the South Korean conglomerate, the consortium has agreed to supply China National Petroleum Corporation with the output of a giant Burmese gasfield for 30 years, a deal that underlines the increasing influence and importance of China to the economy of Burma, the impoverished and isolated state on its southwestern border.
As well as Daewoo, which owns 51 per cent, the consortium includes ONGC, India's state oil company, and GAIL, India's state gas company, as well as Korea Gas and MOGE, the Burmese state oil and gas company.
The gas will come from the giant Shwe field in the Bay of Bengal, offshore of Arakan state in Western Burma.

[ ဆက်ဖတ်ရန် +/- ]

Discovered in 2003, the Shwe and Shwe Phyu gasfields are thought to be among the largest in South-East Asia, together representing between 3 trillion and 6 trillion cubic feet of gas, according to Daewoo figures.
The resource is of huge value to the Burmese military government and could be worth $40 billion at estimated gas sale prices.
For China, the energy assets of its neighbour are highly attractive. China's consumption of gas is increasing as the country seeks to resolve myriad energy problems, including a domestic shortage of oil and gas and a need to reduce the air pollution caused by the burning of coal in power stations as well as carbon emissions.
The consortium is waiting for the green light from the Burmese Government, although the military junta controls MOGE and its 15 per cent stake in the enterprise.
The project is opposed by human rights groups and others who fear that development of the offshore gas and the construction of a pipeline will not only bolster the regime but infringe the rights of minority groups in Arakan state.
Burma's gas resource has been a bone of contention among opponents of the military regime.
Campaigners previously latched on to the Yadana and Yetagun projects, two gasfields in the Andaman Sea developed respectively by Total, the French oil company, and Premier Oil, a British exploration company.
The Yetagun and Yadana gas is exported to Thailand, and the construction of a pipeline through virgin rain forest and disputed tribal areas roused huge controversy.
Despite concerted efforts to appease the protesters, Premier eventually sold its interest to Petronas, the Malaysian state oil company.
In July CNPC offered the Daewoo consortium a 49.9 per cent stake in am pipeline that the Chinese will build linking the Shew fields in the Bay of Bengal with China.
The 870-kilometre pipe, costing almost $2 billion, will bring gas to the Burmese border with Yunnan province.
China is in relentless pursuit of energy deals and has courted its neighbours assiduously including Central Asia energy giants, such as Turkmenistan and Kazakhstan as well as liquefied natural gas exports from Australia.
Last week PetroChina and ExxonMobil agreed a record $41 billion contract to export LNG from the North West Shelf of Australia. ( ရဲရင့် )

အေအေပီပီ မှ ထုတ်ပြန်သော နိုင်ငံရေးအကျဉ်းသားများ စာရင်း

AAPP Political Prisoner Chronology for Feb 2009 [Eng]

အဖမ်းခံရသူများ များပြားလာခြင်းကြောင့် ပြန်လည်ဖေါ်ပြပေးခြင်း ဖြစ်ပါသည်။

Wednesday, August 26, 2009

ပြည်မြို့တွင် လူငယ်အချို့ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံနေရ

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ပေါ်ရှိ လူငယ်အချို့အား အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဖမ်းဆီးခံရသူများ၏ နေအိမ်များသို့ အာဏာပိုင်များက ၀င်ရောက်ရှာဖွေခြင်းများရှိပြီး ၎င်းတို့အား ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု သံသယရှိ၍ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။

“ရဲလည်းပါတယ်၊ စစ်တပ်လည်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ ဝေတဲ့ကိစ္စကို လိုက်ရင်းနဲ့ ဖမ်းတာပေါ့လေ၊ ဖမ်းထားတဲ့ လူငယ်တွေက ဟိုတလောတုန်းက အယောက် ၃၀ လောက် ငပလီဘက်ကို သွားတာ၊ အယောက် ၃၀ ပြည့်အောင် ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ၊ အဲ့ဒီထဲက သုံးလေးယောက်ပဲ ဖမ်းသေးတယ်၊ ခုဖမ်းထားတဲ့ သူတွေက အဲ့ဒီလူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး လုပ်နေတာပါ” ဟု ဒေသခံတဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဖြူဖွေး၊ မောင်ဝိုင်းနှင့် ကိုအောင်ဆိုသူများ ဖြစ်ပြီး ၎င်းတို့၏မိဘများမှာ နိုင်ငံဝန်ထမ်းများဖြစ်ကြကာ ကိုအောင်ဆိုသူမှာ ဆောက်လုပ်ရေးဌာန ၀န်ထမ်းတဦးဖြစ်ပြီး ‘Soft Guide’ အမည်ရ ကွန်ပြူတာနှင့် ဗွီစီဒီဆိုင် ဖွင့်ထားသူဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရအာဏာပိုင်များက ငပလီသို့သွားသည်ဆိုသည့် လူငယ် ၃၀ မှာ တဖက်နိုင်ငံရှိ အဖွဲ့အစည်းများ၏ သင်တန်းသို့ သွားတက်သည်ဟု သံသယဖြစ်ပြီး ယခုဖမ်းဆီးထားသူများနှင့် ဆက်စပ်ပတ်သက်နေသည်ဟု ယူဆနေကြောင်း ဒေသခံများက ပြောသည်။

“ရွှေဟင်္သာ နောက်ပေါက်ရပ်ကွက်က ၀န်ထမ်းအိမ်ယာမှာ နေတဲ့ ဖြူဖွေးရဲ့အိမ်ကို စစ်တပ်နဲ့ ရဲ အင်အား ၄၀ လောက်က (၂၃) ရက်နေ့၊ ည (၁၁) နာရီ၊ မိနစ် (၂၀) လောက်မှာ ၀င်ပြီး ၃ ရက်အတွင်း လက်နက်တွေ ထုတ်ပေး၊ မထုတ်ပေးရင် မိဘတွေကိုပါ ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဖြူဖွေး၏မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုဖမ်းဆီးမှုတွင် ပြည်မြို့ ဥသျှစ်ပင်ရပ်ကွက်တွင် နေထိုင်သူ အမည်မသိနှစ်ဦးနှင့် အောင်လံမြို့မှတဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများ ဖြန့်ဝေခြင်းသာမက အခြားစွပ်စွဲချက်များပါ ပါဝင်နေပြီး မိသားစုအနေဖြင့် ၎င်းတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယနေ့ထိတိုင် မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံအနှံ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်န်အယ်ဒီလူငယ်များနှင့် တက်ကြွသည့် လူငယ်များ၏ ပုံသဏ္ဍာန်မျိုးစုံနှင့် လှုပ်ရှားမှုအား စောင့်ကြည့်လေ့လာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် မကြာမီကျရောက်တော့မည့် စက်တင်ဘာ သံဃာလှုပ်ရှားမှုကာလအတွင်း ဆန္ဒပြ လှုပ်ရှားမှုများ မဖြစ်ပေါ်အောင် ပြည်နယ်၊ တိုင်းနှင့် မြို့နယ်အသီးသီးတွင် လုံခြုံရေးများ ပိုမိုချထားလာသည်။

ယခုလဆန်း (၆) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပို့စ်ကဒ်လှုပ်ရှားမှုတခုကို မကွေးတိုင်း၊ ချောက်မြို့ပေါ်အနှံ့ ပြုလုပ်ခဲ့ရာ အဆိုပါကိစ္စအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် အဆိုပါမြို့မှ ရဲဝန်ထမ်း ၇ ဦးအား ဖမ်းဆီးကာ အချို့ကို တပတ်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားမှုများအား ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသည့် သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူများအား အရေးယူမည်ဟု အတိအလင်း ထုတ်ပြန်ထားသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ဖြစ်ပေါ်နေသည်ဟု ပြည်မြို့ရှိ ဒေသခံများက သုံးသပ်ကြသည်။ ( ရိုးမ ၃ )

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်တဦး၏ အစ်မဖြစ်သူကို စစ်အစိုးရက ယနေ့ရုံးထုတ်စစ်ဆေး

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင် ကိုမျိုးသန့်၏အစ်မဖြစ်သူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှ မမာမာအေးကို စစ်အစိုးရက ယနေ့ ပေါင်းတည်ထောင်တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

အသက် (၄၆) နှစ်ရှိပြီဖြစ်သော မမာမာအေးကို ယခုလ (၁၅) ရက်နေ့၊ ညနေတွင် ရဲတပ်ဖွဲ့ဝင်များက နေအိမ်မှ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုကဲ့သို့ တရားရုံးထုတ် စစ်ဆေးနေခြင်းဖြစ်သည်။

“ဒုရဲအုပ် ကျော်စိုးနဲ့ ရဲမေ နီနီမာတို့က မယကဥက္ကဌက ခေါ်ခိုင်းတယ်ဆိုပြီး ခေါ်သွားတာ။ အ၀တ်အစားတွေယူ မယ်ဆိုတာတောင် ညနေ (၆) နာရီမှာ ပြန်ပို့ပေးမယ်လို့ ပြောတယ်။ နောက်နေ့လည်းကျရော အိမ်ကိုဝင်ရှာတာပဲ။ အဲ့ဒီမှာ (NO) အမှတ်အသားပါတဲ့ တီရှပ်သုံးထည်၊ ကြက်ခြေခတ်ပါတဲ့ တီရှပ်ကတထည်၊ နောက် ကုလသမဂ္ဂကထုတ်တဲ့ လူ့အခွင့်အရေးစာအုပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ တီရှပ်နှစ်ထည်ကို သိမ်းသွားတယ်” ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

ထိုနောက် မမာမာအေးကို (၁၇) ရက်နေ့တွင် ကြို့ပင်ကောက်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ မိသားစုကပင် မသိရှိလိုက်ဘဲ ပေါင်းတည်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မိသားစုဝင်များက အဆိုပါ ပေါင်းတည်ထောင်သို့ ယခုလ (၂၂) ရက်နေ့တွင် လိုက်သွားခဲ့သော်လည်း မမာမာအေးနှင့် တွေ့ခွင့်မရဘဲ နောက်တနေ့ (၂၃) ရက်နေ့မှ တွေ့ခွင့်ရကာ အစားအသောက်နှင့် ပစ္စည်းအချို့ ပေးနိုင်ခဲ့သည်။

“သူ့ကိုဖမ်းတာက သံဃာတပါးကနေပြီးတော့ အဲ့ဒီ (၁၁) ရက်နေ့မှာ ဒေါ်မာမာအေးကို လ္ဘက်ရည်ဆိုင်က လှမ်းခေါ်လို့ သွားပြီး စကားပြောတာကို ရဲကတွေ့ပြီး မသင်္ကာတာနဲ့ (၁၅) ရက်နေ့ညနေကျတော့ အိမ်မှာ လာဖမ်းသွားတာပဲ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အမှုအား စီရင်ချက်ချမည့် ယခုလ (၁၁) ရက်နေ့တွင် ကြို့ပင်ကောက်မြို့ပေါ်တွင် လုံခြုံရေးများ အထူးတင်းကြပ်စွာ ချထားခဲ့ပြီး သံဃာတော်များအား စောင့်ကြည့်မှုများရှိခဲ့သည်ဟု ဒေသခံတဦးက ပြောဆိုသည်။

ယနေ့ရုံးထုတ်ရက်တွင် မိသားစုနှင့်ဆက်သွယ်ခဲ့သူက “မမာမာအေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နဲ့ တရားစွဲဆိုထားတာ၊ လာမဲ့ သောကြာ (၂၈) ရက်နေ့ကို ရုံးချိန်းထပ်ပေးထားတယ်၊ တရားရုံးက မမာမာအေးကို ဘုန်းကြီးတွေနဲ့ ဆက်သွယ်သလားလို့မေးတယ်” ဟု ပြန်လည်ပြောပြသည်။

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှုနှင့် သံဃာ့လှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို ယခုကာလအတွင်း အလွန်စိုးရိမ်မှုရှိနေပြီး လုံခြုံရေးများ တင်းကြပ်ထားကာ ဖမ်းဆီးအရေးယူမှုများလည်း ဆက်တိုက်ဆိုသလို ပြုလုပ်နေလျက်ရှိသည်။
( ရိုးမ ၃ )

မြန်မာပြည်၏ တိတ်ဆိတ်သည့်အသံများ စာအုပ် ဒုတိယ အကြိမ် ထွက်ရှိ

မြန်မာနိုင်ငံ အကြောင်း ရေးသားထားသည့် “Living Silence in Burma” (မြန်မာပြည်တွင် တိတ်ဆိတ်စွာ ရှင်သန် နေထိုင်ကြခြင်း) အမည်ရှိ စာအုပ်ကို ယခု ရက်ပိုင်း အတွင်း ဒုတိယ အကြိမ် ထုတ်ဝေရာတွင် အကြောင်းအရာ အသစ်များ ထည့်သွင်းထားသည်ကို တွေ့ရသည်။

Living Silence in Burma စာအုပ် မျက်နှာဖုံး
စာရေးသူ အမေရိကန် အမျိုးသမီး Christina Fink က စစ်အစိုးရ လက်အောက်ရှိ မြန်မာပြည်သူများသည် အသံ တိတ်နေသော်လည်း ခံစားနေရသည့် ဒုက္ခများ၊ ဝေဒနာများ အလွန် ကြီးမားကြောင်းကို စာအုပ်တွင် ဖော်ပြထားသည်ဟု ဧရာဝတီသို့ ပြောသည်။

“တိတ်ဆိတ်နေတဲ့ ဘဝတွေရဲ့ အသံတွေကို အခြားသူတွေ ကြားလာအောင်၊ မြင်လာအောင်၊ သိလာအောင် ဒီစာအုပ်မှာ ရေးသားထားပါတယ်” ဟု Christina Fink က ဆိုသည်။

ဤစာအုပ်ကို လွန်ခဲ့သော ရှစ်နှစ်က ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ယခု ဒုတိယအကြိမ် ထုတ်ဝေခြင်းဖြစ်သည်၊

ဒုတိယအကြိမ် တည်းဖြတ် ထုတ်ဝေရာတွင် ပေါ်ပေါက်လာနိုင်ဖွယ်ရှိသော မြန်မာ့နိုင်ငံရေး အပြောင်း အလဲများ၊ ၂ဝဝ၇ ခုနှစ်က ဖြစ်ပွားခဲ့သော သံဃာတော်များ၏ လှုပ်ရှားမှု စသည့် အရေးပါသည့် အကြောင်းအရာများကို
ထည့်သွင်း ဖော်ပြထားသည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အဆိုပါ စာအုပ်တွင် ဦးနေဝင်းခေတ်မှသည် မျက်မှောက်ကာလထိ မြန်မာပြည်၏ ဖြစ်ရပ်များကို သိသာ မြင်သာ ဖြစ်စေရန် ပြုစုထားသည်ကို တွေ့ရသည်။

စာအုပ်၏ ကျောဖုံးတွင် စာဖတ်သူတချို့၏ အမြင်များကို ဖော်ပြထားရာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်လည်း ပါဝင်နေသည်။

“ဒီစာအုပ်ထဲမှာ စစ်အုပ်ချုပ်ရေးရဲ့ ဖိနှိပ် ချုပ်ချယ်မှုကြောင့် မြန်မာ ပြည်သူတွေရဲ့ စိတ်ကို ဘယ်လို ထိခိုက် နာကျင်စေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် Christina Fink ဟာ မြန်မာ ပြည်သူတွေ ကနေ့ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ ပြဿနာရဲ့ အရင်းအမြစ်တွေကို နားလည် သဘောပေါက်စေဖို့ အတွက် အားထုတ်ထားတာကို တွေ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချထားသည်၊

စာအုပ်တွင် ပြည်သူများနှင့် သဟဇာတ မဖြစ်သည့် မြန်မာ့တပ်မတော်သားတို့၏ ခံစားချက်ကိုလည်း လေ့လာ ရေးသားထားသည်ကို တွေ့ရသည်။

ထောင် တသက်တကျွန်း ကျခံနေရသူများပမာ ဖြစ်နေသော မြန်မာ့တပ်မတော်သားများ အကြောင်းကို အခန်း(၈) “The Military: a Life sentence” တွင် တွေ့နိုင်သည်။ ထိုအခန်းတွင် တပ်ကြပ်ကြီးဟောင်း မောင်မောင်ဆိုသူ၏ ပြောဆိုချက်ကို တွေ့ရသည်။


ယမန်နေ့က စာအုပ် မိတ်ဆက်ပွဲတွင် တွေ့ရသည့် စာရေးသူ Christina Fink (ဓာတ်ပုံ - ဘစောတင်/ဧရာဝတီ)

“ထောင်ကျတဲ့သူကမှ အချိန်တန်ရင် လွတ်သေးတယ်ဗျ၊ ဒါပေမဲ့ ကျနော်တို့ စစ်သားတွေကတော့ သေတဲ့ အထိ အာဏာနဲ့ အတင်း ခိုင်းစေခြင်းကို ခံနေရတာမို့ လွတ်မြောက်ဖို့ ဆိုတာ မျှော်လင့်ချက် မရှိပါဘူး” ဟု တပ်ကြပ်ကြီးဟောင်း မောင်မောင်၏ ရင်ဖွင့်ချက်များကို ဖော်ပြထားသည်။

စာအုပ်ကို အခန်းပေါင်း ၁၄ ခန်း ဖြင့် ဖွဲ့စည်း ရေးသားထားပြီး စာမျက်နှာ ၃ဝဝ ပါရှိကြောင်း တွေ့ရသည်။ စာအုပ်၏ တန်ဖိုးမှာ ထိုင်းဘတ် ၈ဝဝ (၂၅ ဒေါ်လာခန့်) ဖြစ်သည်။

စာရေးသူ Christina Fink သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ ပညာရေးဌာနတခုဖြစ်သော International Sustainable Development Studies ၏ ကထိက၊ ဟောင်ကောင်တက္ကသိုလ် Department of Sociology ၏ ဂုဏ်ထူးဆောင် တွဲဖက် ပါမောက္ခ ဖြစ်သည်။

သုတေသီ ပညာရှင် Christina Fink လေ့လာ သုတေသနပြု ရေးသား ထုတ်ဝေသော စာအုပ်အကြောင်း ရှင်းလင်းပွဲကို ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ယမန်နေ့ ညက ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံခြားသား သတင်းစာဆရာများစွာ တက်ရောက်လာသည်ကို တွေ့ရသည်။ မြန်မာသတင်းစာဆရာ အနည်းငယ်နှင့် မြန်မာ့အရေးကို စိတ်ဝင် စားသော မြန်မာကျောင်းသား တချို့ လာရောက်သည်ကို တွေ့ရသည်။

ရှင်းလင်းပွဲတွင် တွေ့ရသော ချင်းမိုင်တက္ကသိုလ် ကျောင်းသား ကိုစိုင်းသီဟက “ဒီစာ အုပ်ဟာ ဖတ်သင့် လေ့လာသင့်တဲ့ စာအုပ်တအုပ်လို့ ထင်ပါတယ်၊ သုတေသီ တယောက် က သူမြင်တဲ့ ထောင့်က အကောင်းဆုံး ဝေဖန်ထားတဲ့ စာအုပ်ကောင်း တအုပ်ပါ” ဟု ပြောသည်။
( ဧရာဝတီ )

သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲ ( ၁ - ၂ - ၃ )

Abma RGN Re Founding Sangha

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ တိုက်တွန်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ အမြန်ဆုံး လွှတ်ပေးပါလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး နာကာဆိုနေး က မြန်မာစစ်အစိုးရ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးလည်းဖြစ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ဌေးဦး နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အခုလို တိုက်တွန်းလိုက်တာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပြုသင့်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး နာကာဆိုနေး က တိုက်တွန်း လိုက်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အိမ်ရှင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒီလိုတိုက်တွန်းလိုက်တဲ့အခါမှာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် ဌေးဦးက တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကောင်းမွန်စွာ နေထိုင်သွားမယ်ဆိုရင်တော့ အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ တုံ့ပြန်သွားတဲ့ အကြောင်းကို ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ထည့်သွင်းဖော်ပြထားပါတယ်။

အခုလို စစ်အစိုးရ ၀န်ကြီးလည်းဖြစ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ လူကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ် ဌေးဦး ကို ဂျပန်အစိုးရက တရားဝင်ဖိတ်ကြားခဲ့တာကြောင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ရှေ့မှာ ဆက်တိုက်ဆိုသလို ဆန္ဒပြနေကြပါတယ်။ ( ဗွီအိုအေ )

Monday, August 24, 2009

ဖြစ်ပျက်နေသော ဖြစ်စဉ်များ

ဖြစ်ပျက်နေသော ဖြစ်စဉ်များ

သူခိုးပြေးပြီဆိုကာမှ
ထိုးကွင်းတွေကိုထမနေနဲ့ တော့
မာန်ရေးတကြွကြွ ဟန်ရေးပြ
ပြည့်အရေးမလှတာ ကြာခဲ့ပါပြီ၊

ကျောချသွားပြီဆိုကာမှ
ဓမြ ဓမြ ဟစ်ကာ မနေပါနဲ့ တော့
ရေတွက်လို့ မရ ခံခဲ့ရ
အံကြိတ်ရတာ များခဲ့ပါပြီ၊

စစ်ပွဲပြီးမှ ဗျူဟာချ
ဖြူပြာကျမှ ပလူပျံထ
ပြောကြ ဆိုကြ ဝေဖန်ကြ
မိုးလွန်ထွန်ချ ဖြစ်ခဲ့ပါပြီ၊

ဒဏ်ရာများလို့  ထုံနေသလား
ကြံရာမရလို့ ဟုန်နေသလား
နောက်ကျသွားတဲ့ သမိုင်းကြောင်းကြားမှာ
တိုင်းပြည်ကတော့ နုံချာသွားပြီ ။ ။

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ ၊ ကိုရီးယား

ဂျပန်နိုင်ငံရောက် ကြံ့ဖွတ်ခေါင်းဆောင် ဌေးဦး တည်းခိုတဲ့ ဟိုတယ်ရှေ့တွင် ခွပ်ဒေါင်းအလံတော်လွှင့်တင်နိုင်ခဲ့တဲ့သူများကို ဂုဏ်ယူလေးစားပါတယ်။

သမ္မတဟောင်း ကင်ဒေးဂျုံ ဈာပန နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြု

23 August 2009

ကွယ်လွန်သူ တောင်ကိုရီးယားသမ္မတဟောင်း Kim Dae-jung ရဲ့ ဈာပနဒီကနေ့ကျင်းပပြီး တောင်ကိုရီးယားပြည်သူတွေက နောက်ဆုံး နှုတ်ဆက်ကြတဲ့နေ့မှာ ဈာပနအခမ်းအနားတက်ဖို့ ရောက်နေကြတဲ့ မြောက်ကိုရီးယားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ လက်ရှိသမ္မတက ပထမဆုံးအကြိမ်အဖြစ် ထူးခြားစွာတွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Kurt Achin ဆိုးလ်မြို့ကနေ ပေးပို့ထားတဲ့သတင်းနဲ့အတူ အဲဒီဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ NLD-LA အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေကို ကိုယ်စားလှယ်တွေကို ဆက်သွယ်ပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တောင်ကိုရီးယားသမ္မတ Kim Dae-jung ရဲ့ ဈာပနအခမ်းအနားကိုတက်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားနိုင်ငံကို ဒီကနေ့ ထွက်ခွာလာခဲ့ပါတယ်။ ဒါပေမယ့် ဈာပနအခမ်းအနားကို မတက်ခင် လက်ရှိ တောင်ကိုရီးယားသမ္မတ Lee Myung-bak နဲ့ တွေ့ဆုံပါတယ်။

“မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ဟာ တောင်ကိုရီးယားသမ္မတ Lee Myun-bak နဲ့ နာရီဝက်လောက်တွေ့ဆုံပြီးတော့ တောင်နဲ့မြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-il ပါးလိုက်တဲ့သတင်းစကားကို ပြောကြားခဲ့ပါတယ်”လို့ ကိုရီးယားဘာသာစကားနဲ့ ပြောသွားခဲ့ပါတယ်။
[ ဆက်ဖတ်ရန် +/- ]

မြောက်ကိုရီးယားခေါင်းဆောင်က ဘယ်လို သတင်းစကားမျိုး ပါးလိုက်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ တောင်ကိုရီးယားသမ္မတရုံးက ထုတ်ဖော် ပြောဆိုခြင်းမရှိပါဘူး။

“မြောက်ကိုရီးယားနဲ့ပတ်သက်လို့ တောင်ကိုရီးယားဖက်က ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း ဆက်လက် လုပ်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်ဆိုတဲ့သတင်းစကားကို မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-il ကို ပြောပြဖို့ သမ္မတ Lee Myun-bak ပြောလိုက်ပါတယ်တဲ့။ နောက် မြောက်ကိုရီးယားကိုယ်စားလှယ် အဖွဲ့ အခုလို ဈာပနအခမ်းအနား လာတက်ကြတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ နှစ်နိုင်ငံအကြားရှိနေတဲ့ ပြဿနာတွေကို ရိုးသား ဖြူစင်တဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်စရာ အကြောင်းမရှိပါဘူးတဲ့။ တောင်ကိုရီးယားသမ္မတ ပြောကြားလိုက်တဲ့ အဲဒီ သဘောထားတွေကို မြောက်ကိုရီးယားဖက်က လက်ခံတဲ့အနေနဲ့ တောင်နဲ့ မြောက်အကြား ပြဿနာတွေကို အတူတကွ ဖြေရှင်းကြဖို့ ပြန်လည် ပြောကြားခဲ့ပါတယ် ”လို့ ကိုရီးယားဘာသာစကားနဲ့ ပြောသွားခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရသတင်းမီဒီယာတွေက တောင်ကိုရီးယားသမ္မတ Lee Myun-bak ကို သစ္စာဖောက်လို့ စွပ်စွဲရေးသားလေ့ ရှိတာကြောင့် ဒီကနေ့ တွေ့ဆုံမှုက တမူထူးခြားတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ထင်မြင် ယူဆနေကြပါတယ်။ မြောက်ကိုရီးယားနဲ့ ပိုမို ရင်းနှီးမှုရရှိအောင် ရည်ရွယ်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံက အခွန်ငွေတွေအသုံးပြုပြီး မြောက်ကိုရီးယားကို ထောက်ပံ့နေတဲ့ အရင်တောင်ကိုရီးယား သမ္မတဟောင်း နှစ်ယောက်ရဲ့ အစီအစဉ်ကို လက်ရှိသမ္မတက ဖျက်သိမ်းထားတာဖြစ်ပါတယ်။

အဲဒီ ကူညီထောက်ပံ့ရေး မူဝါဒကို စတင် အကောင်အထည်ဖော်ခဲ့တဲ့ ကွယ်လွန်သူ တောင်ကိုရီးယားသမ္မတ Kim Dae-jung ရဲ့ ဈာပနကို တက်ဖို့အတွက် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။

ရိုမန် ကက်သလစ်ဘာသာဝင် တဦးဖြစ်ပြီး ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ သမ္မတကြီး Kim Dae-jung ရဲ့ ဈာပန အခမ်းအနားကိုတော့ တောင်ကိုရီးယားပါလီမန် အဆောက်အဦတွင်းမှာ ကျင်းပခဲ့ပြီး သူ့ကို ချစ်တဲ့ ကိုရီးယားပြည်သူ ပြည်သား ထောင်ပေါင်းများစွာ တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။

သမ္မတ Kim Dae-jung ရဲ့ ဈာပနအခမ်းအနားကို ကိုရီးယားနိုင်ငံမှာရှိနေတဲ့ NLD-LA အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အဖွဲ့ဝင်တွေလည်း တက်ရောက် ဂါရ၀ပြုဖို့ ဖိတ်ကြားခြင်း ခံခဲ့ရပါတယ်။ ဒီကနေ့ သူသွား တက်ရောက်ခဲ့တဲ့ ဈာပနအခမ်းအနား အကြောင်းကိုတော့ NLD – LA ဥက္ကဌ ဦးအောင်မြင့်ဆွေက အခုလို ပြောပြပါတယ်။

"အခမ်းအနားကို နေ့ခင်း ၂နာရီတွင်းမှာ ဂါရ၀သွားပြုခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံတကာ သမ္မတတွေနဲ့ ကိုရီးယား လက်ရှိသမ္မတရော၊ နိုင်ငံတကာ သံတမန်တွေ တက်ရောက် ဂါရ၀ပြုခဲ့တာကို တွေ့ရပါတယ်။ ပြီးတော့ သမ္မတကြီးကို မြုပ်နှံမယ့်ဆီကို သယ်ဆောင်သွားတာကို တွေ့ရပါတယ်။"

ကွယ်လွန်သူ တောင်ကိုရီးယားသမ္မတကြီး Kim Dae-jung ဟာ တနေ့ မြန်မာပြည် ဒီမိုကရေစီရရှိရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သူ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေစဉ်မှာရော၊ ရာထူးက အနားယူပြီးတဲ့အထိပါ ဒီမိုကရေစီအရေး လှုပ်ရှားနေကြသူတွေကို စိတ်အားထက်သက်စွာ ထောက်ခံအားပေးပြီး တက်တက်ကြွကြွ လှုပ်ရှား ဆောင်ရွက်ခဲ့သူဖြစ်တဲ့အကြောင်းလည်း ဦးအောင်မြင့်ဆွေက ဆက်ပြောပြပါတယ်။

"သမ္မတကြီး သက်ရှိထင်ရှား ရှိစဉ်ကာလမှာ မြန်မာပြည် ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ သူက အတက်နိုင်ဆုံး ပံ့ပိုးကူညီပေးခဲ့ပါတယ်။ ဒေါ်စုကိုလည်း အင်မတန် ထောက်ခံပြီး ဗမာပြည်ရဲ့ ဒီမိုကရေစီရေးဟာ တနေ့ မလွဲမသွေ ဗမာပြည်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်ဆိုတဲ့ အကြောင်းနဲ့၊ သူ့ရဲ့ ဗမာပြည်အတွေ့အကြုံတွေကို ပြောသွားခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ အထိမ်းအမှတ်တွေကိုလည်း ကျင်းပပေးသွားခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူတွေကိုလည်း ထောက်ပံ့ အားပေးသွားတဲ့ သာဓကတွေလည်း ရှိပါတယ်။"

NLD – LA ကိုရီးယားဌာနခွဲက ဥက္ကဌ ဦးအောင်မြင့်ဆွေ ပြောပြသွားတာဖြစ်ပါတယ်။

သမ္မတ Kim Dae-jung ရဲ့ ဈာပနအခမ်းအနားကိုတက်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန မြောက်ကိုရီးယားဆိုင်ရာ အဆင့်မြင့် သံတမန် Stephen Bosworth တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ Barack Obama က စေလွှတ်ခဲ့ပါတယ်။ ( ဗွီအိုအေ )

Saturday, August 22, 2009

ဂျင်မ်ဝက်ဘ် နှင့် ပတ်သက်သမျှ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခဲ့သော ဦးဥာဏ်ဝင်း ပြောကြားချက်

လမ်းလျှောက်ဆန္ဒပြသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၃ ဦး လွှတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်

၂၀၀၇ ခု စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင်း လိုင်းကားခများ ဈေးတက်သဖြင့် လမ်းလျှောက် သဖြင့် ထောင်ကျခဲ့သူ NLD အဖွဲ့ဝင် ၃ ဦး ယနေ့ လွှတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက် လာကြသည်။

ရန်ကုန်တိုင်း ဒဂုံတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးအမျိုးသမီး တာဝန်ခံ ဒေါ်ခင်အေး (၆၅ နှစ်) မကွေးတိုင်း သရက်ထောင်မှ ယနေ့ လွတ်မြောက်လာသည်။

“၂ နှစ်ခွဲချခံရတာကနေ မနက်ဖြန်ဆို ၂ နှစ်ပြည့်ပြီ။ အယူခံ ၆ လရတယ်။ အန်တီက လွတ်ရက် အပြည့် လွတ်လာတာ” ဟု ဒေါ်ခင်အေးက မဇ္ဈိမကို ပြောသည်။

သူ၏ အမှုတွဲများဖြစ်သည့် ဦးစိုးကြွယ် (၆၈)နှစ် သည် ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ဒေါ်မြင့်သိန်းသည် မန္တလေးတိုင်း မြင်းခြံထောင်တို့မှ ယနေ့ အသီးသီး လွတ်မြောက်လာပြီ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“အဖေက မရောက်သေးဘူး။ ဒီည ၇ နာရီ သွားကြိုမယ်။ ဒီနေ့အရောက် ပြန်လာမယ်ပြောတယ်။ အဖေအတွက် ဝမ်းသာတယ်။ ဒါပေမဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကျမ စိတ်မချမ်းသာ နိုင်ပါဘူး”ဟု ဦးစိုးကြွယ်၏ သမီးဖြစ်သူ မငယ်က မဇ္ဈိမကို ပြောသည်။

သူတို့သည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဒဂုံတောင်မြို့နယ်မှ ဗဟန်းမြို့နယ် NLD ရုံးသို့ ကားခဈေးကြီးသဖြင့် လမ်းလျှောက်ခဲ့ရာ လမ်းတွင် စွမ်းအားရှင် အယောက် ၃ဝ ခန့်က ရိုက်နှက်ပြီး ကျိုက္ကဆံကွင်းသို့ ကားဖြင့် ခေါ်ဆောင်သွားခဲ့သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် တရားမဝင် လူစုလူဝေးမှု ပုဒ်မ ၁၄၃၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုအား ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲဆီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သရက်အကျဉ်းထောင်တွင် ဒေါ်ခင်အေးနှင့်အတူ ၈၈ ကျောင်းသူ မနီလာသိန်းနှင့် မနီမွန်လှိုင်တို့လည်း ရှိနေကြောင်း သိရသည်။

မနီလာသိန်းသည် ရင်ဘတ်အောင့်နေသဖြင့် နှလုံး တိုင်းရင်းဆေး သောက်သုံးနေပြီး မနီမွန်လှိုင်သည် မကြာခဏ သွေးပေါင်ချိန်ကျလျက် ရှိတဖြင့် တပတ်တကြိမ် ဆရာဝန်က လာရောက် ကုသပေးသည် သိရသည်။

ယခုကဲ့သို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူများ ရှိသကဲ့သို့ ထောင်ဒဏ်ချမှတ်နေမှုများလည်း ရှိသည်။

၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြတောင်းဆိုခဲ့သည့် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးခင်မောင်ချို ခေါ် ဖိုးတုတ်အား ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၈ နှစ် ထပ်လောင်း ချမှတ်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

“သူ့ကို အရင် ကြည့်မြင်တိုင်တရားရုံးကနေ ပုဒ်မ ၄ ခုနဲ့ ၁၉ နှစ်ချတယ်။ ရန်ကင်းတရားရုံးက ၁၃(၁)ပုဒ်မနဲ့ ၅ နှစ်ချတယ်။ အခုတတိယ အကြိမ်ထပ်ချတာက ၁၇(၁)နဲ့ ၃ နှစ်နဲ့ ၁၇(၂)နဲ့ ၅ နှစ် ၈ နှစ် ထပ်ချလိုက်တယ်။ အားလုံးပေါင်း ၃၂ နှစ် ချခံရမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းက အင်းစိန်ထောင်တွင်းမှ အကျဉ်းသား ၁၂၀ ကျော်အား လွှတ်ပေးခဲ့ သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်း မရှိကြောင်း သိရသည်။ (မဇ္ဈိမ)

ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းချက်တောင်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းသတ်မှတ်ချက် တွေနဲ့အညီ နေအိမ်မှာ ပြန်နေဖို့ဆိုပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားခဲ့ပေမယ့် တချို့သတ်မှတ်ချက်တွေပေါ် မရှင်းလင်းတဲ့ အတွက် အာဏာပိုင်တွေ ဆီကနေ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းချက် တောင်းခံထားပါတယ်။ အဓိက မရှင်းလင်းတာကတော့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ပြုတာနဲ့ဆိုင်တဲ့ အချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက မေးမြန်း စုံးစမ်းထားပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော က သူ့သဘောနဲ့သူ နေအိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက် လာခဲ့ပြီးတဲ့နောက် နေအိမ်မှာ အထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်တားမြစ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ထောင်ဒဏ်သုံး နှစ်ချမှတ်ခံရပါတယ်။ အဲဒီနောက်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာ ထောက်ထားပြီးတော့ ဆိုပြီး ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ အဲဒီထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ပြန်နေစေဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ကို အိမ်ပြန်ပို့ခဲ့တာပါ။

ဒီနေရာမှာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုတဲ့အထဲ ကြိုတင်ခွင့်ပြုချက်ရတဲ့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ရှိတယ်ဆိုတဲ့အချက် ပါပါတယ်။ ဒါပေမယ့်လည်း ခွင့်ပြုချက်ကို တွေ့ချင်တဲ့လူက တောင်းခံရမှာလား၊ ဒေါ်အောင်ဆန်းစုကြည်က တောင်းခံရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့အတွက် ရှင်းလင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေဆီကို အကြောင်း ကြားထားတယ်လို့ အကျိုးဆောင်ရှေ့နေတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။
[ ဆက်ဖတ်ရန် +/- ]

"ကျနော်တို့ သွားတာအပြင်ကို ဧည့်သည်တွေကို ခွင့်ပြုတာတွေကို၊ အဲဒီစာမှာ မရှင်းသေးဘူး။ ဒီဟာကို ရှင်းရှင်းလင်းလင်း ပြောဖို့လုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတယ်လို့လည်း သိရတယ်။"

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီးကာမှ ဦးဉာဏ်ဝင်းတို့ ရှေ့နေအဖွဲ့နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီးပါပြီ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက်ပိုင်းမှာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေကို ပြောပြီးတော့ အာဏာပိုင်တွေကနေ ဦးဉာဏ်ဝင်းတို့ကို လာအကြောင်းကြားခဲ့တာကြောင့် သွားတွေ့ခဲ့ကြတာပါ။ အခု ဒီသီတင်းပတ်ထဲမှာ ပြန်တွေ့ကြမယ်လို့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပေမယ့် ဒီကနေ့ထိတော့ ဘာမှအကြောင်းမကြားသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

စည်းကမ်းသတ်မှတ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားကြည့်ရှုခွင့်ရှိတယ်၊ တရားဝင်ထုတ်ဝေတဲ့ သတင်းစာတွေ ဖတ်ခွင့်ရှိတယ်လို့ ပါရှိပေမယ့် ရေဒီယိုနားထောင်ခွင့်နဲ့ ပတ်သက်လို့ ဘာမှဖော်ပြမထားသလို ဒေါ်အောင်ဆန်းစုကြည် ဆီမှာ ရေဒီယို ရှိမရှိလည်း သူ သေချာမသိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် ရုပ်မြင်သံကြားတော့ သူမတွေ့မိပါဘူးလို့ ပြောပါတယ်။

"ဟုတ်တယ်။ မပါဘူး။ ကျနော်လည်း သိပ်တော့မသိဘူးဗျ။ ရှိမရှိ။ တီဗွီလည်း ကျနော် မတွေ့ဘူး။"

သတ်မှတ်ချက်တွေထဲမှာ ဆရာဝန်တို့၊ သူနာပြုတို့နဲ့တွေ့ခွင့်ရှိတာတွေပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေ က ဆရာဝန်တဦးကို လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူတွေ့နေကျ ဆရာဝန် မဟုတ်တဲ့အတွက် လက်မခံခဲ့ပါဘူး။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သူ ကုသနေကျဆရာဝန်နဲ့ပဲ သူ ကုသချင်တယ်လို့ ကျနော်တို့ သိတယ်။"

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်မပို့ခင်မှာ နေအိမ်ခြံဝန်းကိုရှင်းလင်းတာ၊ အင်းလျားကန်ဘက်ခြမ်းမှာ ခြံစည်းရိုးကာတာတွေ ကို အာဏာပိုင်တွေက လုပ်နေပါတယ်။ လုံခြုံရေးကတော့ အရင်ကာလတွေတုန်းကပဲ တင်းကျပ်ထားပြီး အစောပိုင်းမှာ NLD လူငယ်အဖွဲ့ဝင်နှစ်ဦးကို လုံခြုံရေးအဖြစ် လက်ခံခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘာအကြောင်းကြောင့်မှန်းမသိရဘဲ ဆက်ပြီး လက်မခံတော့ဘူးလို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်ပြီး ချမှတ်ခံရတဲ့ထိဖြစ်စေခဲ့တဲ့ အဓိကလက်သည်ဖြစ်သူ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော ကတော့ အခုဆိုရင် သူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပြီး မိသားစုနဲ့အတူ ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် နောင်တမရပါဘူးလို့ မစ္စတာယက်တောက ပြောဆိုထားသလို လိုအပ်ဦးမယ်ဆိုရင် နောက်ထပ် အကြိမ်ရာ နဲ့ချီပြီး လုပ်ရဦးမယ်ဆိုရင်လည်း အလားတူ လုပ်ဦးမှာပါလို့ ပြောကြောင်း သူ အမေရိကန်ပြည်ထောင်စုကို ရောက်တဲ့အချိန်မှာ ပြောတာတွေကို သတင်းတွေမှာတွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအချိန်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။ ( ဗွီအိုအေ )

Friday, August 21, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံ တင်သွင်းမည်

အင်းစိန်ထောင်တွင်း မြောက်ပိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ ဥပဒေနှင့် မကိုက်ညီဟုဆိုကာ သူမ၏ ရှေ့နေများက အယူခံ ဝင်သွားမည် ဖြစ်သည်။

တရားဝင် ရပ်ဆိုင်းပြီး ဥပဒေဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးတွင် လာမည့် တပတ်အတွင်း အယူခံတင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်ဖို့ ပြောပါတယ်။ အယူခံကို ရေးနေတုန်း ရှိပါသေးတယ်။ ပြီးတာနဲ့ ဒေါ်စုကို ပြမယ်။ ပြပြီးတာနဲ့ အတည်ပြုချက်ရရင် တိုင်းတရားသူကြီးရုံးကို တင်မှာပါ။ လာမယ့် အပတ်ထဲမှာ တင်ဖို့ လုပ်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်ပုံ အခြေခံဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်အရ ထောင်ဒဏ်ကို ၁၈ လသို့ လျှော့ပေါ့ကာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကန့်သတ်စည်းကမ်းများဖြင့် သူမ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မဝင်းမမနှင့်အတူ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ပြန်လည် ထိန်းသိမ်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ တွင် ဖော်ပြထားသည်မှာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရပ်ဆိုင်းသွားခဲ့ကြောင်း ဖော်ပြထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ယခုအခါ ပျက်ပြယ်ပြီးကြောင်း ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွင် အဓိက ပြစ်မှုကျူးလွန်ခဲ့သည့် ဂျွန်ယက်တောသည် ထောင်တွင်း တရားခွင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း စစ်အစိုးရက နေရပ်ရင်း အမေရိကန်နိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဖြစ်သည်။ (မဇ္ဈိမ)

Thursday, August 20, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အာဆီယံတွင်း ဆွေးနွေး

နေအိမ်အကျယ်ချုပ် ထပ်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရေး အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင်နိုင်ငံတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်ပိုင်းမှာ ဆွေးနွေးနေကြပါပြီ။

အာဆီယံနိုင်ငံတွေက အရာရှိတွေဟာ မနေ့တုန်းက အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ တွေ့ဆုံပြီး မြန်မာပြည်အကြောင်း ဆွေးနွေးခဲ့ကြတယ်၊ ဒီကနေ့လည်း ထပ်ပြီး တွေ့ကြဦးမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တီကူ ဖီဇာယာက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ မြန်မာစစ်အစိုးရကို အာဆီယံနိုင်ငံတွေက ပူးတွဲ မေတ္တာရပ်ခံကြဖို့ စဉ်းစားနေကြတယ်လို့ ဆိုပါတယ်။ အာဆီယံနိုင်ငံတွေမှာက တိုင်းပြည်တခုရဲ့ ပြည်တွင်းရေးကို ၀င်ပြီး မစွက်ဖက်ရေးဆိုတဲ့ မူဝါဒ ချမှတ်ထားတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ နောက်ထပ် ၁၈ လ နေဖို့ ထပ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာကို အာဆီယံအသင်းက အကြီးအကျယ် စိတ်ပျက်မိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အပါအ၀င် အနောက်နိုင်ငံ တော်တော်များများက အစိုးရတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားတဲ့အတွက် မြန်မာစစ်အစိုးရကို အပြင်းအထန် ကန့်ကွက် ဝေဖန်နေကြပါတယ်။ ( ဗွီအိုအေ )

သံဃာတော်များ ဆန္ဒပြဖွယ်ရှိဟု စစ်အစိုးရ စိုးရိမ်နေ

သံဃာတော်များက ဆန္ဒပြ လုပ်ရှားမှုများ လုပ်ဆောင်ဖွယ်ရှိသည်ဟု စစ်အစိုးရက ယုံကြည်နေကာ အချက်အချာကျသော နေရာများနှင့် ဘုန်းကြီးကျောင်းတိုက်များကို အနီးကပ် စောင့်ကြည့်လျှက် ရှိကြောင်း နေပြည်တော်စစ်ရုံးနှင့် နီးစပ်သော သတင်းရပ်ကွက်တခုအရ သိရသည်။

ထောက်လှမ်းရေး သတင်းများအရ စက်တင်ဘာ ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်ပြီး မေတ္တာသုတ်ရွတ်ဆို စီတန်းလမ်းလျောက်မှု လုပ်သကဲ့သို့သော လှုပ်ရှားမှုမျိုး ဖြစ်လာနိုင်သည်ဟု စစ်အစိုးရက ယုံကြည်နေပြီး စောင့်ကြည့်ရာ စာရင်းတွင် ထူးကဲစွာပင် ကြို့ပင်ကောက်မြို့မှ သံဃာတော်များ ပါဝင်နေသည်။

ရန်ကုန်မြို့တွင်လည်း လုံခြုံရေးများ သိသာစွာ ပြန်လည် မြင်တွေ့နေရပြီး ရွှေဝါရောင် အရေးအခင်းအတွင်း ရဟန်းများ အဓိက စုဝေးရာ နေရာတခုဖြစ်သော ရွှေတိဂုံဘုရား ပတ်ဝန်းကျင်နှင့် ကမ္ဘာအေး ဘုရားလမ်း တလျောက်တို့တွင် ဖြစ်သည်။ (မဇ္ဈိမ)

ဦးဝင်းတင် ဆေးရုံမှ ဆင်းပြီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ကျန်းမာရေး အခြေအနေ တိုးတက်လာသဖြင့် ဆေးရုံမှ ယနေ့ ဆင်းပြီဖြစ်သည်။

အသက် ၈၀ နှစ်အရွယ် သတင်းစာဆရာကြီး ဦးဝင်းတင်သည် နှလုံးခုန်နှုန်း ပုံမှန် မရှိသည့်အတွက် စမ်းချောင်းမြို့နယ် အာရှတော်ဝင်ဆေးရုံ၌ ယခုလ ၁၅ ရက်နေ့တွင် တက်ရောက်ကုသခဲ့ရာမှ သက်သာလာပြီ ဖြစ်သဖြင့် ယနေ့ နံနက်တွင် ဆေးရုံမှဆင်းကာ နေအိမ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

“တော်တော်လေး သက်သာပါတယ်။ ခါတိုင်းက နှလုံးခုန်နှုန်း ၄၀ ပတ်ဝန်းကျင်ပဲရှိတော့ လှုပ်ရင်လည်း မော၊ စကားပြောရင်လည်း မောတယ်။ အခုတော့ ၆၂ ဖြစ်သွားပြီဆိုတော့ လူကောင်းလောက်တော့ မရှိသေးဘူး။ သက်သာတယ်လို့ ယူဆတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

နှလုံးခုန်စက် ထည့်ပေးသည့် ဆရာဝန် ဦးခင်မောင်လွင်နှင့် မနက်ဖြန်တွင် ထပ်မံ သွားတွေ့ရမည်ဖြစ်ပြီး နှလုံးအထူးကု ဆရာဝန် ဒေါ်ချိုလေးမာနှင့် လာမည့်အပတ်မှာ တွေ့ဆုံရန် ရက်ချိန်း ရထားပြီး ဖြစ်ကြောင်း အတူနေသူ ဦးမောင်မောင်ခင်က ပြောသည်။

ဦးဝင်းတင်၏ ကျန်းမာရေး တိုးတက်လာသည်ဟု ဆိုသော်လည်း လက်ကိုင်ဖုန်းနှင့် လျှပ်စစ်မီး ခလုပ်များ ကိုင်တွယ်ခြင်း မပြုရန် ဆရာဝန်က မှာကြားထားသည်။

ဆရာကြီးသည် ပြီးခဲ့သည့် လလယ်ပိုင်းမှ စတင်ကာ နှလုံးခုန်နှုန်း ပုံမမှန်ဘဲ မောပန်းသည့် ဝေဒနာ ခံစားနေရသဖြင့် ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်သို့ မသွားရောက်နိုင်ဘဲ နေအိမ်တွင် အနားယူခဲ့ရသည်။

သို့သော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို ရုံးချိန်းရက်ပေးသည့် နေ့များတွင် တရားခွင် တည်ရှိရာ အင်းစိန်ထောင်သို့ သွားရောက်လေ့ရှိသူ ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ရာ အင်းစိန်ထောင်တွင်း၌ ၁၉ နှစ်ကျော်ကြာ ချုပ်နှောင်ခံခဲ့ရာမှ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် လွတ်မြောက်လာခဲ့သည်။

ဦးဝင်းတင်အား ၂၀၀၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီးက Guillermo Cano World Press Freedom Prize ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အဖွဲ့ကြီး World Association of Newspapers က လွတ်လပ်မှုဆိုင်ရာ ရွှေကလောင်ဆု Golden Pen of Freedom Award တို့ကို ချီးမြှင့်ခဲ့သည်။

ထို့အပြင် ၂၀၀၆ ခုနှစ်၌လည်း ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (R.S.F) က သတင်းလွတ်လပ်ခွင့်ဆု ပေးအပ်ခဲ့သေးသည်။ (မဇ္စျိမ)

Wednesday, August 19, 2009

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ကိုရီးယား သမ္မတဟောင်း ကင်ဒေဂျုံး ကွယ်လွန်သွားခြင်းအတွက် ယူကျုံးမရ၀မ်းနည်းကြေကွဲရပါကြောင်း

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော ၂၀၀၀ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ကိုရီးယား သမ္မတဟောင်း ကင်ဒေဂျုံး ကွယ်လွန်သွားခြင်းအတွက် ယူကျုံးမရ၀မ်းနည်းကြေကွဲရပါကြောင်း



သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

Tuesday, August 18, 2009

Ex-SKorean President Kim Dae-jung dies at 85



တောင်ကိုရီးယား သမ္မတဟောင်း ကင်မ်ဒေးဂျုံ ကွယ်လွန်

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေး ခေတ်သစ်ကို တခေတ်ဆန်းစေခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်း ကင်မ်ဒေးဂျုံ (Kim Dae Jung) အသက် ၈၅ နှစ်အရွယ် ဒီကနေ့ ကွယ်လွန်သွားပါပြီ။

မစ္စတာကင်မ်ဒေးဂျုံဟာ နမိုးနီးယား အဆုပ်အအေးမိ ဝေဒနာကြောင့် အရင်လကတည်းက ဆေးရုံတင်ထားရပြီး ခန္ဓာကိုယ်တွင်း အင်္ဂါအားလုံး အလုပ်မလုပ်တော့ဘဲ ဒီကနေ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ကြီးမြတ်လှတဲ့ နိုင်ငံရေးခေါင်းဆောင်တဦး ဆုံးရှုံးရသလို နိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးနဲ့ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေးကို စွမ်းစွမ်းတမံ တစိုက်မတ်မတ် ကြိုးပမ်းခဲ့လို့ ကိုရီးယားလူထုက အမှတ်တရ ဂုဏ်ပြုနေကြမှာပါလို့ သမ္မတ လီမြောင်ဘတ်ခ် (Lee Myung-bak) က ပြောဆိုလိုက်ပါတယ်။

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် ဇွန်လအတွင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီး (Kim Jong Il) နဲ့ နှစ်နိုင်ငံ ထိပ်သီးညီလာခံ ကျင်းပနိုင်ခဲ့တာကြောင့် မစ္စတာကင်မ်ဒေးဂျုံကို အဲဒီနှစ်မှာပဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

SEOUL, South Korea – Former President Kim Dae-jung, who spent years as a dissident under South Korea's military dictatorship and later won the Nobel Peace Prize for seeking reconciliation with communist North Korea, has died. He was 85.

Kim, who had been hospitalized with pneumonia since last month, died shortly after 1:40 p.m. (0440 GMT) on Tuesday, said Park Chang-il, chief of Severance Hospital in Seoul. He said Kim suffered respiratory distress, a pulmonary embolism and multiple organ failure.

South Korean leaders, from friends to former foes, had been paying their respects for days at the hospital to a man whose epic career spanned South Korea's evolution from a brutal military dictatorship to a full-fledged democracy and global economic leader.

"We lost a great political leader," President Lee Myung-bak said in a statement. "His accomplishments and aspirations to achieve democratization and inter-Korean reconciliation will long be remembered by the people."

Hundreds held a candlelight memorial service at a makeshift mourning site outside City Hall in Seoul, bowing, burning incense and leaving white chrysanthemums.

"I was filled with great sorrow when I heard former President Kim Dae-jung passed away," U.N. Secretary-General Ban Ki-moon, who served as a vice foreign minister in Kim's administration, said as he paid his respects at the hospital.

Ban said he would do his part for "South-North peacemaking, development and eventually for unification — all of which President Kim Dae-jung always pursued."

Kim built a reputation as a passionate champion of human rights and democracy who fought against South Korea's military dictatorships and survived several suspected assassination attempts, including a 1973 abduction in Tokyo hotel by South Korean agents.

[ ဆက်ဖတ်ရန် +/- ]

Once president, he was the architect of the "Sunshine Policy" — a novel approach to relations with North Korea that sought to bring the two wartime rivals closer as a way to encourage reconciliation.

His efforts led to an unprecedented thaw in relations with the North and culminated in a historic North-South summit — the first on the divided peninsula — in Pyongyang with leader Kim Jong Il in 2000.

His successor, the late President Roh Moo-hyun — who committed suicide three months ago amid a broadening corruption probe focused on the Roh family — maintained the Sunshine Policy. But Kim Dae-jung saw his work unravel when Lee, a conservative, took office in 2008, and conditioned aid to the North on the regime's commitment to nuclear disarmament.

In response, North Korea cut nearly all ties with the South, suspended several joint projects born of warming ties and threatened to restart its nuclear programs. But Kim continued to advocate engagement with Pyongyang.

"The South and North have never been free from mutual fear and animosity over the past half-century — not even for a single day," he told reporters in January. "When we cooperate, both Koreas will enjoy peace and economic prosperity."

On Monday, North Korea announced it would restart some of the joint projects, including the reunions of families divided for decades by the 1950-53 Korean War.

Several dates are given for his birth, but Kim was born into a farming family in South Jeolla province in Korea's southwest when the country was still under Japanese colonial rule.

Kim went into business after World War II ended Japanese rule, but as South Korea's fledgling government veered toward authoritarianism after the peninsula's war, he resolved to go into politics.

After three losing bids, he was elected to the National Assembly in 1961. Days later, Maj. Gen. Park Chung-hee staged a military coup and dissolved parliament.

Kim ran for the presidency a decade later, nearly defeating Park. The close call prompted Park to tinker with the Constitution to guarantee his rule in the future.

Just weeks after the presidential election, Kim was in a traffic accident he believed was an attempt on his life. For the rest of his life, he walked with a limp and sometimes used a cane.

And in 1973, Kim told investigators four armed men grabbed him at a Tokyo hotel, blindfolded him and spirited him to a ship. They wrapped his hands and feet with weights, declassified diplomatic documents showed.

U.S. intelligence identified South Korean agents as the culprits and quickly intervened, sending an American military helicopter flying low over the ship and forcing the would-be assassins to abandon their plan.

Upon his return to Seoul, Kim was put under house arrest by the Park government and then imprisoned. His release came only after Park's assassination by his own spy chief in late 1979.

Kim was pardoned a few months later. But the drama did not end there.

Weeks after Park's death, military leader Chun Doo-hwan seized power. Five months later, tens of thousands in the southern city of Gwangju took to the streets to protest the junta's rule.

Tanks rolled in to suppress the uprising; the official toll was 200 dead but activists say the real count was far higher.

Accusing Kim of fomenting the uprising in his political stronghold, a military tribunal sentenced the opposition leader to death. Washington intervened again, and the sentence was commuted to life and later reduced to 20 years in prison.

A few months later, his sentence was suspended and he left for exile in the U.S., remaining there until 1985.

After two more unsuccessful runs for the presidency, Kim was elected to the nation's top office in 1997 at the age of 72. He served from 1998 to 2003.

The defining moment of the Kim Dae-jung's presidency was his historic meeting with North Korea's Kim in Pyongyang in 2000.

The summit eased decades of tensions and ushered in a new era of unprecedented reconciliation. Families divided for decades held tearful reunions, and South Koreans began touring North Korea's famed scenic spots.

His efforts won him the Nobel Peace Prize, and he remains South Korea's only Nobel laureate.

"In my life, I've lived with the conviction that justice wins," he said in accepting the honor. "Justice may fail in one's lifetime, but it will eventually win in the course of history."

But critics accused him of propping up the communist regime with aid, reportedly up to $1.3 billion.

And his legacy was tarnished by revelations that his administration made secret payments to North Korea before the 2000 summit. Kim defended the payments as a way to secure peace with the North.

Kim is survived by his wife, Lee Hee-ho, and three sons: Kim Hong-up, Kim Hong-il and Kim Hong-gul. His first wife, Cha Yong-ae, died in 1960. Funeral arrangements were to be announced Wednesday. ( yahoo )

Monday, August 17, 2009

လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်

__________________________________________________[1]

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

ဒေါ်အောင်ဆန်းစုကြည်အား မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြသပွဲ ( ကိုရီးယား )



သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

Sunday, August 16, 2009

ဂျွန်ယက်တောကို မနက်ဖြန် ပြန်ပို့မည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ယခုနှစ် မေလဆန်းတွင် တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ မစ္စတာ ဂျွန်ယက်တောအား လူသားချင်း စာနာသည့် အနေဖြင့် မနက်ဖြန်တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့တော့မည် ဖြစ်သည်။

သူ၏ ကျန်းမာရေး အခြေအနေအရ မြန်မာနိုင်ငံတွင် ထောင်ဒဏ် ၇ နှစ် ကျခံရမည့်အစား အမေရိကန်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့ကြောင်း တပ်တွင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။

''ကျန်းမာရေး အခြေအနေအရ စဉ်းစားပြီး လူသားချင်း စာနာတဲ့ အနေနဲ့ မစ္စတာယက်တောကို နေရပ်ရင်း နိုင်ငံဆီ ပြန်ပို့ဖို့ သဘောတူခဲ့တယ်'' ဟု သတင်းရပ်ကွက်က ဆိုသည်။ သူ့ကို မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ဆီနိတ်တာအမတ် မစ္စတာဝက်ဘ်နှင့် ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်သည်။

မစ္စတာဝက်ဘ်၏ ခရီးစဉ် မတိုင်ခင်ကတည်းက အာဏာပိုင်များ အနေဖြင့် လွှဲပြောင်းပေးရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မစ္စတာဝက်ဘ်နှင့် မြန်မာအာဏာပိုင်များ တွေ့ဆုံမှုအတွင်း ထိုကဲ့သို့ သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တားမြစ်ဧရိယာအတွင်း ရေကူးခဲ့မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေများအရ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မစ္စတာ ယက်တောအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံရန် တရားရုံးက ပြီးခဲ့သည့် အင်္ဂါနေ့တွင် စီရင်ချက်ချခဲ့သည်။

မစ္စတာယက်တောနှင့် အမှုတွဲတူ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမနှင့်အတူနေသူ ပါတီဝင် နှစ်ဦးကိုလည်း နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

သို့သော်လည်း အဆိုပါ ထောင်ဒဏ်အား ထက်ဝက်လျှော့ချကာ နေအိမ်တွင် ထိန်းသိမ်းထားရန်အတွက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အထူးညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ( မဇ္ဈိမ )

အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

အာဆီယံအသင်းဝင် နိုင်ငံ ၅ နိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းတခုအဖြစ် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ပြီးခဲ့သည့် အပတ်အတွင်းက စစ်အစိုးရမှ အလုပ်နှင့် ထောင်ဒဏ် ၁၈ လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။

''မစ္စတာ ဂျင်မ်ဝက်ဘ်က နေပြည်တော်က ပြန်လာပြီးနောက် ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆီးနိတ်အမတ်သည် ယနေ့ အစောပိုင်းက စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ဆင့်ခေါ်ခံရသည့် အန်အယ်ဒီ ခေါင်းဆောင် ၃ ဦး အပါအဝင် ပါတီပေါင်း ၁၀ ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သလို၊ မြို့တော်ဟောင်း နေပြည်တော်သို့ ပြန်မလာခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့သေးသည်။

မျက်မြင်သက်သေများ အဆိုအရ မစ္စတာဝက်ဘ် နေထိုင်ရာ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာသို့ ဒေါ်အောင်ဆန်းစုကြည်အား လုံခြုံရေးအစောင့်အရှောက်များနှင့် ခေါ်ဆောင်သွားကာ ယနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် ၎င်း၏ ပါတီခေါင်းဆောင်များနှင့် မစ္စတာဝက်ဘ်သည် တွေ့ဆုံခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။

မစ္စတာဝက်ဘ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် တခုကျော်အတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည့် အမေရိကန် အဆင့်အမြင့်ဆုံး အရာရှိတဦးဖြစ်ပြီး၊ ယခု ခရီးစဉ်သည် အမေရိကန် သမ္မတ မစ္စတာအိုဘားမား အစိုးရ၏ အရှေ့တောင်အာရှတွင် ဧကစာကျင့်နေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ရန် ပြန်လည်သုံးသပ်ရေးအတွက် အသုံးဝင်လိမ့်မည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ခန့်မှန်းကြသည်။

“ကျနော်တို့ကတော့ အခုအချိန်မှာ မစ္စတာ ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မှတ်ချက် တစုံတရာ ပေးဖို့ မရှိပါဘူး။ သူဟာ အမေရိကန် အစိုးရကို ကိုယ်စားပြုပြီး လာတာမဟုတ်ဘူးလို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု ဦးညဏ်ဝင်းက ပြောဆိုသည်။
( မဇ္ဈိမ )

Saturday, August 15, 2009

ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်စီရင်ခြင်း နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုရီးယားဌာနခွဲ ၏ ထုတ်ပြန်ကြေညာချက်

NLD(LA)Korea ... Statement on SPDC Imprisonment for DASSK[1]


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အာဆီယံဥက္ကဌ ထိုင်းနိုင်ငံ ကြိုးပမ်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပြစ်ဒဏ်စီရင်လိုက်လို့ သူ့လွတ်မြောက်ရေး တိုက်တွန်းမှုတွေ ထွက်ပေါ်နေတဲ့ အထဲက အခုနောက်ဆုံး အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထား တဲ့ ထိုင်းနိုင်ငံကလည်း စစ်အစိုးရကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့ စီစဉ်နေပါတယ်။ ဒီလို ထိုင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းနေပေမဲ့ တခြားဒေသတွင်းနိုင်ငံ တချို့ကတော့ ဒါဟာ ပြည်တွင်းရေး ကိစ္စတခုအဖြစ် ပြောဆိုမှုတွေလည်း ရှိနေတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ မြန်မာစစ်အစိုးရတို့ကြား ဆက်ဆံရေး အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။
ဆက်လက်ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ တောင်းဆိုစာ တစောင် မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို အာဆီယံ အသင်းကြီးအနေနဲ့ ပေးပို့နိုင်ဖို့ လက်ရှိ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံက ကြိုးပမ်းနေတာပါ။ ဒီအတွက်လည်း မူကြမ်းစာတစောင်ကို ထိုင်းနိုင်ငံက ကျန်အဖွဲ့ဝင်နိုင်ငံတွေကို ဖြန့်ဝေထားတယ်လို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေက ဆိုပါတယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် တားမြစ်မိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်္ဂါနေ့တုန်းကပဲ ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ပြစ်ဒဏ်ပေးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဒီလို ထိုင်းနိုင်ငံက တခြား အာဆီယံနိုင်ငံတွေကို ဆော်သြနေတဲ့ တချိန်တည်း မှာပဲ အသင်းဝင်နိုင်ငံတခုဖြစ်တဲ့ ဗီယက်နမ် နိုင်ငံကတော့ ဒါဟာ ပြည်တွင်းရေးကိစ္စ အဖြစ်သာ သဘောထားတဲ့အကြောင်း ပြောဆိုသံလည်း ထွက်ပေါ်လာပါတယ်။ အာဆီယံ အသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံက တက်တက်ကြွကြွ ဆောင်ရွက်လာ တာဟာ ကောင်းတဲ့ကိစ္စဖြစ်ပေမယ့် တကယ်တမ်း အကောင်အထည် ပေါ်လာဖို့ကတော့ သိပ်မသေချာလှဘူးလို့ မြန်မာ့ အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ခရိုင်ဆတ် ချူနာဝမ် က ဆိုပါတယ်။


“ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ဟိုတုန်းကလို အလုပ်မဖြစ်တဲ့ ၀င်မစွက်ဖက်ရေး ဆိုတဲ့ မူကိုပဲ ဆုပ်ကိုင်ထားချင် ကြတဲ့ နိုင်ငံတွေလည်း ရှိမယ်ဆိုတာ သေချာပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံအပါအ၀င်ဖြစ်တဲ့ အာဆီယံ အသင်းကြီးအနေနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာ ကျင့်ကြံဖို့ ပြဋ္ဌာန်းထားတဲ့ ပဋိဥာဏ် စာတမ်းတစောင်ကိုလည်း လက်ခံထားပြီးဖြစ်တာမို့ ဒီလို မြန်မာစစ်အစိုးရအပေါ် တိုက်တွန်းတောင်းဆို ဖို့ဟာ အသင်းဝင်နိုင်ငံတွေအနေနဲ့ မပျက်မကွက်လုပ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့လည်း မြန်မာ့အရေး အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) က ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ခရိုင်ဆတ် ချူနာဝမ် က ပြောပါတယ်။ ဒီလို အာဆီယံအနေနဲ့ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ ထိုင်းအစိုးရက ကြိုးပမ်းနေတာတွေဟာ လတ်တလော အောင်မြင်မှု မရဘူး ဆိုဦးတော့ ဒါဟာ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေကို ကျောထောက်နောက်ခံ ပေးနေ သူတွေ လျော့ပါးလာတဲ့ လက္ခဏာလို့ တွက်ဆနိုင်တဲ့အကြောင်း ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ဦးညိုအုန်းမြင့် က ပြောပါတယ်။

“ဖြစ်နိုင်ခြေကတော့ ချက်ချင်းမှာတော့ နည်းမယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရော၊ ကျန်တဲ့ နအဖ ခေါင်းဆောင်တွေက တော်ယုံတန်ယုံ ဒီဖိအားကို လက်ခံတာမဟုတ်ဘူးဆိုတာ ကျနော်တို့ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာ - နအဖ ဖက်မှာ တဖြည်းဖြည်း ထောက်ခံမှုနည်းလာတယ်။ ဒီလို နည်းလာ တဲ့ အပေါ်မှာ နအဖက တစုံတရာ တုံ့ပြန်ရမှာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဖိအားက ရေရှည်မှာ နအဖအတွက် အခက်အခဲ တစုံတရာ ဖြစ်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးကို မလုပ်ချင်ပေမဲ့လည်း လုပ်ရနိုင်တဲ့ အနေအထားမျိုးမှာ အာဆီယံရဲ့ အရေးပါမှုဟာ ဒီအချိန်ကနေစပြီးတော့ ရေတွက်မယ်ဆိုရင် ၂၀၁၀ မတိုင်ခင် တော့ တွေ့ရမယ်ထင်ပါတယ်။”

ဒီလိုဒေသတွင်းနိုင်ငံတွေက မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေ၊ အထူးသဖြင့်ကတော့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်ဖမ်းဆီးထားတာတွေနဲ့ ပတ်သက်ပြီး ဖိအားပေးပြောဆိုသံတွေ ထွက်ပေါ်နေပေမဲ့ မြန်မာစစ်အစိုးရနဲ့ နီးစပ်တယ်လို့ အများကယူဆထားတဲ့ တရုတ်နိုင်ငံဟာ ဒီနေရာမှာ အခရာကျတယ် လို့လည်း ယူဆနေကြတာပါ။

အကဲခတ်တချို့ကတော့ တရုတ်နိုင်ငံကို ဖိအားပေးဆောင်ရွက်တာမျိုး လုပ်နိုင်တာတွေ ရှိတယ်လို့ ယူဆမှုတွေလည်း ရှိနေတာပါ။ အမေရိကန် ပြည်ထောင်စု Heritage Foundation က အာရှလေ့လာရေး ဌာန ညွှန်ကြားရေးမှူး Walter Lohman ကတော့ -

“အနည်းဆုံး တရုတ်ပြည်ကို ဖိအားတချို့ ပေးနိုင်ပါတယ်။ အနည်းဆုံး အနေနဲ့ သူတို့ လက်နက်တင်ပို့နေတဲ့ ကိစ္စမျိုးကို ထုတ်ပြောလို့ရပါတယ်။ မြန်မာပြည်ကို ဒေါ်လာ သန်း ၂ ထောင် ကနေ ၃ ထောင်လောက် တန်ဘိုးရှိတဲ့ လက်နက်တွေ ပို့နေတာပါ။”

အမေရိကန် ပြည်ထောင်စု Heritage Foundation က အာရှလေ့လာရေး ဌာန ညွှန်ကြားရေးမှူး Walter Lohman ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကို အပြစ်ပေးလိုက်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေပေမယ့်လည်း တရုတ်အစိုးရ ကတော့ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို လေးစားရမယ်ဆိုပြီး တမူထူးခြားပြီး ပြောခဲ့တာပါ။ ဦးညိုအုန်းမြင့် ကတော့ တရုတ်အစိုးရအနေနဲ့ လတ်တလော မြန်မာနိုင်ငံက ရနေတဲ့ စီးပွားရေး အကျိုးစီးပွားအပေါ် ရပ်တည်နေတာကလွဲလို့ ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

“တရုတ်အစိုးရ အနေနဲ့ နအဖအပေါ်မှာ ထိုင်ဆိုထိုင် ထဆိုထ ဆိုတဲ့ ဆက်ဆံရေးမျိုး မရှိဘူးဆိုတာ ကျနော်တို့ သိပါတယ်။ တဖက်မှာလည်း တရုတ်အစိုးရ အနေနဲ့က မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သူတို့အပေါ်မှာ ပေးထားတဲ့ စီးပွားရေး အခွင့်အရေး နဲ့ နိုင်ငံရေး အခွင့်အရေးတွေ အပြန်အလှန်၊ နှစ်ဖက်အကျိုးစီးပွား ဖြစ်ထွန်းနိုင်တဲ့အပေါ်မှာသာ လောလောဆယ် ရပ်တည်နေရတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ဦးညိုအုန်းမြင့် ဖြစ်ပါတယ်။

အိမ်နီးချင်း နိုင်ငံတခုလည်းဖြစ်၊ အင်အားကြီး နိုင်ငံတခုအဖြစ်နဲ့လည်း ပေါ်ထွန်းလာနေတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံတခု ဖြစ်သလို မြန်မာနိုင်ငံကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ အမြောက်အများကို ၀ယ်ယူဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်းပေါင်း ၁,၂၀၀ လောက် ပေးပို့နိုင်မယ့် ပိုက်လိုင်းတခုကနေ တရုတ်နိုင်ငံ ယူနမ်ပြည်နယ် မြို့တော် ကူမင်း ကို လာမယ့် သက္ကရာဇ် ၂၀၁၂ ခုမှာ တင်ပို့ပေး သွားဖို့လည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Friday, August 14, 2009

ကိုရီးယားလွှတ်တော်အမတ် ဆုန်ယောန်ဂီလ်၏ ထုတ်ပြန်ကြေညာချက် မြန်မာ ဘာသာပြန်

12.8.09_Song_Young_Gil_(MP)[1]

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့မည်

အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) ဟာ မြန်မာနိုင်ငံကို ဒီတပတ်ထဲ သွားရောက်ပြီး စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေတဲ့အပြင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ပါ တွေ့ဆုံ ကောင်း တွေ့ဆုံဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။ ဒါဟာဆိုရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်အပြစ်ပေးလိုက်လို့ ပြည်တွင်းပြည်ပက ဝေဖန်မှုတွေ ထွက်ပေါ်နေချိန် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက အမတ်တဦး ရောက်ရှိလာမှာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် ဒီမိုကရက်ပါတီရဲ့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ် ၀က်ဘ်ဟာ မနက်ဖြန် သောကြာနေ့မှာ မြန်မာပြည်ကို ရောက်လာဖို့ရှိပြီး စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိနေတာပါ။ ခရီးရောက်မဆိုက် အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားမှာဖြစ်သလို နောက်တနေ့ စနေနေ့မှာ ရန်ကုန်ကို ပြန်လာမှာဖြစ်ပြီးတော့ တနင်္ဂနွေနေ့ ခရီးစဉ် အဆုံးသတ်မှာ ဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။ ဒီ ၃ ရက်ကြာ ခရီးစဉ်အတွင်း စစ်အစိုးရ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ပါ တွေ့ဆုံဖို့ အစီအစဉ် ရှိနေတဲ့အကြောင်း မစ္စတာ ဂျင်မ် ၀က်ဘ်ရဲ့ ရုံးကလည်း ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောပါတယ်။

ဒီလို အမေရိကန် အထက်လွှတ်တော်အမတ် ရောက်လာမယ့် အချိန်မှာပဲ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုကော်မတီဝင် တချို့ကိုလည်း နေပြည်တော်ကို လာရောက်ဖို့ ဖိတ်ကြားထားတာမို့ အထက်လွှတ်တော် အမတ်နဲ့ တွေ့မလား တွက်ဆမှုတွေလည်း ရှိနေပါတယ်။ ဘာကိစ္စအတွက် ဖိတ်ခေါ်တယ်ဆိုတာ တိတိကျကျ မသိရသေး ပေမဲ့ ဗဟိုကော်မတီဝင် ၄ ဦးကို အာဏာပိုင်တွေက ဖိတ်ကြားထားလို့ မနက်ဖြန်ပဲ နေပြည်တော်ကို သွားဖို့ ရှိနေတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“CEC ၄ ဦး၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ အဲဒီ ၄ ယောက်ကို By Name နဲ့ နေပြည်တော်ကို မနက်ဖြန်လာဖို့ ဖိတ်တယ်။ ဖိတ်စာကို ဥက္ကဋ္ဌ ဦးအောင်ရွှေအိမ်ကို ပို့တယ်။ အဲတော့ ဦးညွန့်ဝေတို့ ဦးသန်းထွန်းတို့က ဥက္ကဋ္ဌအိမ်ကို ဒီ ညနေပိုင်းမှာ လိုက်သွားတယ်။ အဲဒီဖိတ်စာမှာ ဘာပါသလဲ၊ ဘယ်သူက ဖိတ်တာလဲဆိုတာ သိဖို့။ ကျနော် နောက်ဆုံး သိရ တာကတော့ ဖိတ်တာတော့ မှန်တယ်၊ ဘယ်သူနဲ့ တွေ့ရမယ်၊ ဘာကိစ္စ ဆွေးနွေးရမယ်ဆိုတာ မပါဘူး။ အဲတော့ သူတို့ သွားကြမယ်ပေါ့၊ အားလုံး ၄ ယောက်လုံး သွားမလား၊ ဘာလား ကျနော် မသိဘူး။”

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဒီလို ဖိတ်ကြားခံရတာမို့ အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ တွေ့ဆုံဖို့အတွက် အလားအလာ ရှိနေတယ်လို့ တွက်ဆနေပေမယ့် NLD ပါတီ အနေနဲ့ကတော့ တွေ့ဆုံဖို့အတွက် သိပ်လိုလိုလားလားတော့ ရှိလှတာ မဟုတ်ပါဘူး။

“အဖိတ်ခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ခဏ ဆွေးနွေးတိုင်ပင်ခွင့် ရပါတယ်။ ဆွေးနွေးတိုင်ပင်ခွင့် ရတဲ့အထဲမှာ ဒီကိစ္စ ဟုတ်မဟုတ်ဆိုတာ နံပါတ်တစ် မသေချာဘူး၊ နံပါတ်နှစ်က ဒီကိစ္စဆိုရင် ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဂျင်မ် ၀က်ဘ်ရဲ့ ခရီးစဉ်ကို လုံးဝ စိတ်မ၀င်စားဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် နိုင်ငံရေးအရ သဘောထားမှန်တာ တခုမှ မတွေ့ဘူး။ သူက Sanction ကို ကန့်ကွက်တဲ့လူ၊ သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ လုံးဝ ဖော်ပြတာ မရှိဘူး။ ဒီအချက်အလက်တွေအရ ကျနော်တို့ စိတ်ဝင်စားမှု မရှိဘူး။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် အမေရိကန် ပြည်ထောင်စုက အထက်လွှတ်တော် အမတ်တဦးရဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဖြစ်သလို၊ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဒီတပတ်ထဲမှာပဲ ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လို့ နိုင်ငံတကာက ဝေဖန်သံ တွေ ညံနေချိန် ရောက်ရှိလာမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ၊ နိုင်ငံရေး တိုးတက်မှုတွေ မရှိတာတွေကြောင့် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားတွေကို ပြန်ပြောင်း သုံးသပ်မှုတွေလည်း လုပ်နေတာပါ။ ဒါပေမဲ့ လည်း ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှုတွေ ရှိနေတာကြောင့် အဆုံးမသတ်နိုင်ဘဲ ဖြစ်နေရတာပါ။

ဒီလို အခြေအနေတွေအောက် အမေရိကန်နဲ့ မြန်မာစစ်အစိုးရတို့ ဆက်ဆံရေး အလားအလာတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က မြန်မာသံအမတ်ကြီးဟောင်း တဦးဖြစ်တဲ့ သခင်ချန်ထွန်းရဲ့ အမြင်ကတော့ …

“အမေရိကန်တို့ ဘာတို့က ပိတ်ဆို့ထားတယ်ဆိုတာ ဆွေးနွေးပြီးတော့ အမေရိကန်က ပြန်ပြီးတော့ သဘောတူရင် ပြေလည် သွားမှာပေါ့၊ အားလုံး။ ဒီကလည်း လုပ်ချင်ရာ လုပ်မယ်ဆိုပြီး တောက်လျှောက် ဖမ်းတယ် ဆီးတယ် ထောင်ချတယ် ဆိုပြီး လုပ်နေရင်တော့ ဒါက၊ အခုလည်း လုပ်ထားပြီးပြီပဲ၊ ၁၈ လ ထောင်ချထားတယ်ဆိုတော့ ဒီ Sanction က ဘယ်ပြေလည် မလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတဲ့ ပြဿနာ ပြေလည်မှ အစစအရာရာ အဆင်ပြေသွားနိုင်မယ်လို့ ဒီလိုပဲ ယူဆ တယ်။ အမေရိကန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချထားရာက လွှတ်ပေးတယ်ဆိုရင် သူတို့အနေနဲ့ တားဆီး ထားတဲ့ အမိန့်တွေ ဖျက်သိမ်းပေးလိမ့်မယ်လို့ ဒီလိုပဲ ယူဆတယ်။ အခုဟာက တဖြည်းဖြည်း ကျပ်တည်းလာတယ်၊ အမေရိကန်က စီးပွားရေး ပိတ်ဆို့ထားတာရှိတယ်၊ ဥရောပက ကန့်သတ်တာတွေ လုပ်လာတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ဒါက လူမသိ၊ သူမသိ တဖြည်းဖြည်း ကျပ်တည်းလာတာတော့ အမှန်ပဲပေါ့။”

ရန်ကုန်မြို့က ၀ါရင့်သံတမန်တဦးဖြစ်တဲ့ သခင်ချန်ထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က လွှတ်တော်အမတ်လည်းဖြစ်၊ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂျင်မ် ၀က်ဘ်ဟာ လတ်တလောမှာ လာအို နိုင်ငံကို ရောက်ရှိနေပါတယ်။ သူ့ရဲ့ ၂ ပတ်ကြာ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံအပြင် ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေ၊ စက်မှုလုပ်ငန်းရှင်တွေလို စီးပွားရေး အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ စကားပြောဖို့လည်း ရှိပါတယ်။ ( ဗွီအိုအေ )

Thursday, August 13, 2009

၁၉၇၄ ခုနှစ် အခြေခံဥပဒေသုံး၍ ဒေါ်စုအား တရားစီရင်ခြင်း အန်အယ်လ်ဒီ ပြင်းထန်စွာကန့်ကွက်

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက်ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယနေ့ကြေညာချက်ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျပ်ချုပ် (၁) နှစ်ခွဲ ထပ်မံချထားခြင်းခံရပြီးနောက် အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်များက ယနေ့ ဆွေးနွေးညှိနှိုင်းပြီး ကြေညာချက် (၂) စောင်ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ကြေညာချက် (၂) ခု ထုတ်ပြန်ရခြင်းမှာ နိုင်ငံရေးနှင့် တရားစီရင်ရေးကို ခွဲခြားဖော်ပြလို၍ဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ပြောသည်။

“မနေ့က သူတို့ကလည်း တရားစီရင်ရေးအပိုင်းက တပိုင်းနဲ့ ပြစ်ဒဏ်ချတယ်။ တပိုင်းကလည်း အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ သက်ညှာစွာစဉ်းစားပြီး ပြစ်ဒဏ်တွေကို လျှော့ပေးတယ်လို့ ပြောတယ်။ ကျနော်တို့ကလည်း နှစ်ပိုင်းခွဲပြီး သဘောထားထုတ်ပြန် လိုက်တယ်။ တပိုင်းက နိုင်ငံရေးနဲ့ တပိုင်းက တရားစီရင်မှုအပေါ် အန်အယ်လ်ဒီရဲ့သဘောထားဆိုပြီး ခွဲထုတ်လိုက်တာ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

အန်အယ်လ်ဒီကထုတ်ပြန်ခဲ့သော ကြေညာချက် (၂) ခုအနက် ကြေညာချက်အမှတ် (၂၅/၀၈/၀၉) တွင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော မူလအခွင့်အရေးကို အခြေပြု၍ ကန့်သတ်မိန့်နှင့် တားဆီးမိန့်အား ဖောက်ဖျက်သည်ဟု အာဏာပိုင်တို့က တရားစွဲဆိုခဲ့သော အမှုဖြစ်ကြောင်း၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ရပ်စဲပြီးဖြစ်၍ အာဏာသက်ရောက်ခြင်းမရှိတော့ကြောင်း၊ ဥပဒေအာနိသင် လုံးဝမရှိတော့သည့် ဥပဒေအပေါ် မူတည်ကာ တရားစွဲဆိုခြင်းသည် မူလကတည်းက ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ သို့ပါလျက် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်ကျခံစေရန် စီရင်ချက်ချမှတ်ခဲ့သည်မှာ ဥပဒေနှင့်ညီညွတ်ခြင်း မရှိသည့်အပြင် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားစွဲစကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှုမရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။

သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားခြင်းမရှိကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဒေါက်တာဝင်းနိုင်က ပြောသည်။

၎င်းက “၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို သူတို့ မဆုံးဖြတ်ဘူးတဲ့။ (၇၄) ရှိခြင်းမရှိခြင်းကို သူတို့က မဆွေးနွေးကြတော့ဘူး။ ဒါနဲ့ပတ်သက်လို့ သူတို့မပြောဘူး။ ပုဒ်မ (၂၂) ကို ကျူးလွန်တယ်ဆိုပြီးတော့ပဲ ချလိုက်တယ်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ရှိခြင်းမရှိခြင်းကို ဆက်လက်ပြီး အငြင်းမပွားဘူးလို့ သူတို့ကပြောတယ်” ဟု ရှင်းလင်းပြောဆိုသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှုမရှိကြောင်း ယနေ့ အတိအလင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကြေညာချက်အမှတ် (၂၄/၀၈/၀၉) တွင်မူ နအဖဥက္ကဋ္ဌက ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ထုတ်ပြန်ခဲ့သော စာအမှတ်-၀၄/နယက (ဥ) / လငခ ၌ ဖော်ပြထားသော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းကြောင့် ဟူ၍ အစချီဖော်ပြထားသော အပိုဒ်ခွဲ (၃)ကို အန်အယ်လ်ဒီပါတီက မှတ်သားထားကြောင်း ဖော်ပြသည်။

ထို့နောက် အန်အယ်လ်ဒီက ချမှတ်ထားသော မူ (၇) ချက်တွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အာဃာတ ကင်းစင်သော အထွေထွေသဟဇာတဖြစ်မှု ရှေးရှုရေးတို့ ပါရှိပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကနဦးကပင် အားထုတ်နေသူဖြစ်သည့်အပြင် နိုင်ငံရေးအရ အပေးအယူပြုလုပ်ကာ ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူလည်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီအင်အားစုများက ယုံကြည်အားထားနိုင်သူလည်းဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် မလွဲမသွေပါဝင်ရန် လိုအပ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

နအဖအနေဖြင့် တိုင်းပြည်နှင့် လူထုအကျိုးကို ရှေးရှုကာ တွေ့ဆုံဆွေးနွေးရေးကို စောလျင်စွာပြုလုပ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးထုတ်ပြန်ပေးရန်လည်း တောင်းဆိုထားသည်။ ( ခေတ်ပြိုင် )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်အမှတ် ၂၄ / ၀၈ / ၀၉ နှင့် ၂၅ / ၀၈ / ၀၉


Wednesday, August 12, 2009

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ အရေးယူမှု ထပ်တိုးမည်

မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားရှိကြောင်းနဲ့ ၃ နှစ် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ပေးလိုက်တဲ့အပေါ်မှာ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေ၊ ဥရောပသမဂ္ဂ နိုင်ငံတွေ စတဲ့ ကမ္ဘာတ၀န်း အစိုးရခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ကဲ့ရဲ့ရှုတ်ချတဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်၊ သတင်းထောက်တွေကို စကားပြောခဲ့ကြပါတယ်။ အခုလို နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကို နော်ရှိုးက စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချပြီးတဲ့နောက် မကြာခင်မှာပဲ မလေးရှားအစိုးရက အာဆီယံအသင်း အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပဖို့ တောင်းဆိုလိုက်ပါတယ်။ အရှေ့တောင်အာရှ အသင်းကြီး အာဆီယံကို စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ ပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက် ချလိုက်တာကို ရှုတ်ချလိုက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရသူ အက်ဒ် မာလာယာ (Ed Malaya) က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားတာဟာ မြန်မာ့အရေး နောက်ပြန်ဆုတ်သွားခြင်း ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပြီး မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းလိုက်ပါတယ်။

တခါ အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်တာဟာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တာဖြစ်ပြီး မြန်မာစစ်အစိုးရ အနေနဲ့ အာဆီယံ ပဋိညာဉ်ကို ဆန့်ကျင်ရာ ရောက်တဲ့အပြင် လုံခြုံရေးကောင်စီရဲ့ တိုက်တွန်းချက်တွေကိုလည်း လျစ်လျူရှုတာပဲ ဖြစ်တယ်လို့ ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) ကို ၇ နှစ် ထောင်ဒဏ်ချမှတ်တာဟာ သူ့ရဲ့ပြစ်မှုနဲ့ မမျှတာကြောင့် စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း သမ္မတအိုဘားမားက ပြောထားပါတယ်။

အခုလောလောဆယ် အာဖရိကကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း တရားရုံးရဲ့ စီရင်ချက်ကို ကြားကြားချင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက ရုံးတင်စစ်ဆေးဖို့ကို လုံးဝ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနယ်လ် (Mitch McConnell) က သေချာ စဉ်းစားတွေးခေါ် သုံးသပ်တတ်တဲ့ လူတဦးအနေနဲ့ ဒီစီရင်ချက်ကို မနှစ်မြို့တာကလွဲလို့ တခြားဘယ်နည်းနဲ့မှ တုံ့ပြန်လို့ ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဥရောပသမဂ္ဂရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဆွီဒင်နိုင်ငံကလည်း ဥရောပသမဂ္ဂ အီးယူအနေနဲ့ မြန်မာစစ်အစိုးရအပေါ် အခုထက်ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ စိုင်းပြင်းနေတယ်လို့ ဆိုပါတယ်။ ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒရစ်ခ် ရိန်းဖဲလ်ဒ် (Fredrick Reinfeldt) က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အခုလို သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒီလို မသင့်လျော်တဲ့ စီရင်ချက် ချမှတ်လိုက်တာကို ကျနော်တို့အနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်။ ဒီ စီရင်ဆုံးဖြတ်ချက် ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့သမျှ ပုဂ္ဂိုလ်တွေ အားလုံးအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့ကို ဥရောပသမဂ္ဂ နိုင်ငံတွေထဲကိုလည်း လုံးဝ လာရောက်ခွင့်ပေးမှာ မဟုတ်သလို သူတို့ရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ ဥရောပသမဂ္ဂထဲက ဘဏ်တွေမှာ ရှိမယ်ဆိုရင်လည်း အဲဒါတွေကို ထုတ်ယူ သွင်းယူလို့ မရအောင် ပိတ်ဆို့လိုက်မှာ ဖြစ်ပါတယ်။”

အခုလို ဥရောပသမဂ္ဂရဲ့ အသစ်သော နည်းလမ်းတွေနဲ့ ဒဏ်ခတ်မယ့်အထဲမှာ မြန်မာစစ်အစိုးရပိုင် စီးပွားရေးလုပ်ငန်း ကုမ္ပဏီတချို့လည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကိုယ်တိုင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး တရားရုံးရဲ့ အတုအယောင် ရုံးတင်စစ်ဆေးမှုကနေ အခုလို စီရင်ချက် ချလိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ ကမ္ဘာကို ဆက်ပြီး အံတုနေမှာ သေချာပေါက်ပဲလို့ တုံ့ ပြန်ထားပါတယ်။ ဒါ့အပြင် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခဲ့ပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ဆက်ပြီး ဆွေးနွေးမှုတွေ၊ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဗြိတိန်အစိုးရဘက်ကတော့ မြန်မာစစ်အစိုးရကို လက်နက်တင်သွင်း ရောင်းချမှုကို လုံးဝ ပိတ်ပင်တားမြစ်ဖို့ တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုထင်ရှားရှိကြောင်း ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချလိုက်တာကို ရှုတ်ချလိုက်ပါတယ်။ ဒါ့အပြင် စစ်အစိုးရအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုဖို့ စဉ်းစားမယ်ဆိုရင် အချိန်ရှိသေးတယ်၊ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်ဆောင်ရွက်မယ်ဆိုရင် ဩစတြေးလျ အပါအ၀င် နိုင်ငံတကာက ကူညီဖို့ အသင့်ပဲလို့လည်း ပြောခဲ့ပါတယ်။ မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ ငွေကြေးအရ ပိတ်ဆို့ဒဏ်ခတ်ထားတဲ့မူကို ဆက်ထားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ ကာဆီးကာဆီး လုပ်လေ့ရှိတဲ့ တောင်အာဖရိက အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ချမှတ်ခြင်း ခံရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ တောင်အာဖရိက အစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒု-၀န်ကြီး အီဘရာဟင်မ် အီဘရာဟင်မ် (Ebrahim Ebrahim) က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့၊ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားပြီ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ( ဗွီအိုအေ )

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချသည့်အပေါ် အတိုက်အခံများ ကန့်ကွက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် ၁၈ လ ချမှတ်လိုက်သည့်အပေါ် ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းများက ယနေ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။

ပြည်တွင်း အဖွဲ့အစည်းများဖြစ်သော ၈၈ မျိုးဆက်ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီဖိုရမ် (FDB) တို့က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ခြင်းဟာ ပြည်သူလူထု တရပ်လုံးအပေါ် စစ်အစိုးရက တွန်းပို့တာပဲ။ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသား ညီညွတ်ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်သွားစေတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ကန့်ကွက်ပါတယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူလူထုအားလုံးကို ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ဦးဆောင်မှုများ ပေးသင့်သည်ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဗကသ က ''လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်မဲ့ ထောင်ချမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချ၊ ဒီမိုကရေစီ တိုက်ပွဲလမ်းကြောင်းကို အရှိန်အဟုန်နဲ့ ဆက်လက်ချီတက်ကြ'' ဟု ခေါင်းစည်းတပ်ထားသည့် ကြေညာချက်တစောင်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။

ထိုထဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု အပါအဝင် နည်းမျိုးစုံနဲ့ အသက်အန္တရယ်ပေးခဲ့ပြီးနောက် အကျယ်ချုပ် ချထားခဲ့ကာ လွတ်ရက်စေ့ကာနီးမှ အမှုဆင် မတရားစွဲဆိုလျက် မတရား ထောင်ချပစ်လိုက်ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ဤသည်မှာ အန်အယ်ဒီ၏ နိုင်ငံရေး ဦးဆောင်မှုကို အားပျော့သွားစေရန်၊ တိုင်းရင်းသားအင်အားစုများနှင့် ပြည်သူလူထု၏ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး တိုက်ပွဲလမ်းကြောင်းကို ယိမ်းယိုင်သွားစေရန်နှင့် စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့ရေး လုပ်ငန်းစဉ်များကို စိတ်ချလက်ချ အကောင်အထည် ဖော်နိုင်ရန်အတွက်ဖြစ်ကြောင်း အထင်အရှား တွေ့နေရသည်ဟု ဆိုထားသည်။

လူထုခေါင်းဆောင်အား အပြစ်မရှိဘဲ ယခုလို မတရား ထောင်ချလိုက်ခြင်းအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချကြောင်းနှင့် စစ်အာဏာရှင်တို့ အလိုကျ လမ်းကြောင်းအတိုင်း မဖြစ်စေဘဲ၊ မြန်မာပြည်သူ လူထုကြီးနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် ဒီမိုကရေစီတိုက်ပွဲ လမ်းကြောင်းကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

ထိုင်းနိုင်ငံအခြေစိုက် FDB အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုအကျယ်ချုပ် ချထားတယ်ဆိုတဲ့ ပြစ်ဒဏ်တွေက တရားမဝင်ဘူး။ အစကလည်း အမှုဆင်ပြီးတော့ လုပ်ခဲ့တယ်။ ဒါတွေ အားလုံး ရှုတ်ချတယ်။ မတရားဘူး။ ဒီလို သူ့ကို အကျဉ်းချလိုက်ခြင်းဟာ ဒီမိုကရေစီလမ်းစကို ပိတ်လိုက်တာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချမှတ်လိုက်ခြင်းသည် အန်အယ်ဒီက ကမ်းလှမ်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြုပြင်ရေးကို ငြင်းဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့အား ၂၀၁၀ ရွေးကောက်ပွဲကို မပါဝင်နိုင်ရန် ကန့်သတ်လိုက်ခြင်းလည်း ဖြစ်သည်ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဧပြီလတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်တွင် စစ်အစိုးရ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေအိမ်အကျယ်ချုပ် ၆ နှစ် ကျခံခဲ့သည်။

နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ခါနီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်ပြီး “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂” အား ဖောက်ဖျက်သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့နံနက်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၅ အရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေရန် လျော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်ဟု စစ်အစိုးရ ထုတ်ဖော် ကြေညာခဲ့သည်။ ( မဇ္ဈိမ )

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖြန့်ဝေသူ ပါတီဝင် ၄ ဦး ခေတ္တထိန်းသိမ်းခံရ

ပဲခူးမြို့ မြို့မဈေးထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ ဖြန့်ဝေသူ အန်အယ်ဒီ အဖွဲ့ဝင် ၄ ဦးသည် ယနေ့နံနက်တွင် ခေတ္တဖမ်းဆီးခံခဲ့ရပြီး ဝန်ခံကတိလက်မှတ် ရေးထိုးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လွတ်လာသည်။

ပဲခူးမြို့ အန်အယ်ဒီ အဖွဲ့ဝင်များဖြစ်ကြသည့ှ် ဒေါ်ခင်ညွန့်မူ၊ ကိုကျော်ဝင်း၊ ဒေါ်ရွှေနှင့် ကိုပေါက်စီတို့ ၄ ဦးနှင့် အခြားတဦးတို့ ဖြစ်သည်။

“မနက်တုန်းက အခြေအနေကတော့ ကျနော်တို့ကို ခရိုင် (ခယက ကောင်စီ) ရုံးထဲ ခေါ်ပြီးတော့ ခဏထိန်းထားတာပေါ့ခင်ဗျ။ ကျနော်တို့ ၂ ချက်ခွဲ၊ ၃ နာရီလောက်ကျမှ မဝတ (မြို့နယ်ကောင်စီ) ဥက္ကဋ္ဌနဲ့ ကော်မရှင်ရုံးက အဖွဲ့တွေနဲ့ ပေးတွေ့ပါတယ်။ ကျနော်တို့ကို ဝန်ခံကတိ လက်မှတ်ထိုးခိုင်းပါတယ်။ နောက်နောင် အဲဒီလိုမျိုး မဝေဖို့လို့ပေါ့နော်။ ၄ ယောက်စလုံးကိုပေါ့နော်။ ထိုးခဲ့ရပါတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုပေါက်စီက မဇ္ဈိမကို ပြောသည်။

ယနေ့နံနက် ၉ နာရီက ပဲခူးမြို့ရွှေမော်ဓော ဘုရားပေါ်ရှိ အင်္ဂါထောင့်တွင် အန်အယ်ဒီ အဖွဲ့ဝင် ၇ ဦးနှင့်အတူ ပြည်သူ အယောက် ၃၀ ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်အတွက် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ပဲခူးမြို့မ ဈေးကြီးသို့ ဆက်လက် သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ ဝေငှရာမှ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ ဓာတ်ပုံဝေနေစဉ်တွင် စစ်ဖက်လုံခြုံရေးတပ်ဖွဲ့ - စရဖ၊ ရဲအထူးသတင်း တပ်ဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် ဓာတ်ပုံများ လိုက်ရိုက်ခဲ့သေးသည်။

ဓာတ်ပုံဝေခြင်းသည် စည်းရုံး လှုံ့ဆော်သည့်သဘော သက်ရောက်သဖြင့် နောက်နောင် မပြုလုပ်ကြရန် မဝတ ဥက္ကဋ္ဌ က သတိပေးပြောကြားခဲ့သည်။

အလားတူပင် မကွေးတိုင်း ရေနံချောင်းမြို့ရှိ အန်အယ်ဒီခေါင်းဆောင်များဖြစ်သည့် ဦးတင့်လွင်၊ ဒေါ်ခင်စောဌေး၊ ဦးကျော်ငြိမ်း၊ ဦးသန်းအောင်၊ ဦးအေးကိုတို့ကို ယနေ့နံနက် ၄ နာရီခန့်တွင် နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

“ဒီမနက် ၄ နာရီလောက်တည်းက ဖမ်းသွားတာ။ မိသားစုတွေနဲ့ အိပ်နေတဲ့အချိန်တွေမှာ တက်ပြီး ဖမ်းသွားတာ။ ဖမ်းတာကတော့ ဝတ်ပြုဆုတောင်းပွဲတွေ မဖြစ်မြောက်အောင်လို့ ဖမ်းတာပေါ့။ သူတို့တွေ အဖမ်းခံရပေမယ့် ကျမတို့ ကျန်တဲ့လူတွေကတော့ ဒီမြို့မှာရှိတဲ့ ဘုရားတွေနေရာ ၈ ခုလောက် ကိုယ့်အဖွဲ့နဲ့ကိုယ် လုပ်ဖြစ်ကြပါတယ်” ဟု ဦးတင့်လွင်၏ ညီမဖြစ်သူ မသန်းသန်းက မဇ္ဈိမကို ပြောသည်။

ဒေါ်ခင်စောဌေးကိုမူ ယမန်နေ့ည ၁၂ နာရီအချိန်ခန့်၌ ရေနံချောင်းမြို့ရဲများက နေအိမ်သို့ဝင်ရောက်၍ ဧည့်စာရင်းစစ်ပြီးနောက် ပြန်သွားကြကာ ယနေ့နံနက် ၄ နာရီတွင် ပြန်လာကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်း၊ သနပ္ပင်၊ အင်းတကော်၊ ရေနံချောင်း အစရှိသည့် မြို့နယ်များတွင် ပြုလုပ်ခဲ့ကြသည်။ ( မဇ္ဈိမ )

Tuesday, August 11, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်

တက္ကသိုလ်ရိပ်သာလမ်းကို ပြန်လည် ပိတ်လိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်သို့ ပြန်လည် ပို့ဆောင်ရန် အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးက ဆုံးဖြတ်ခဲ့မှုနှင့် တိုက်ဆိုင်စွာ သူမ၏ နေအိမ်တည်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းကို နေအိမ် အကျယ်ချုပ် ကျစဉ်ကာလကဲ့သို့ အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။

-----------------------------------

အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်သော်လည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲကာ နေအိမ်တွင် ပြန်နေခွင့် ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းပပတို့ကို ပြစ်မှု ကျူးလွန်သည်ဟု တရားရုံးတော်က ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းအတွက် လျော့ပေါ့ပြစ်ဒဏ်အဖြစ် ထက်ဝက်လျော့ချကာ ထောင်ဒဏ် ၁ နှစ်ခွဲကျခံ၇န် ဒေါ်စုအပေါ် ဆုံးဖြတ်ချက်ခဲ့သည်။ ထို့နောက် ဆိုင်းငံ့ ပြစ်ဒဏ် ပေးလိုက်သည်။

အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကိုမူ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးလိုက်သည်။

အသေးစိတ်ကို ဆက်လက် ဖော်ပြသွားပါမည်။
----------------------------------

တရားရုံးတော်က စီရင်ချက် ချပြီးချိန်တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရောက်ရှိလာပြီး နံပါတ်တစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယမန်နေ့က နေ့စွဲ ရေးထိုးထားသော အမိန့်ကြေညာစာကို ဖတ်ပြသည်။

အကယ်၍ ပြစ်ဒဏ်ချမှတ်ခံရလျှင် သတ်မှတ်ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန်နှင့် ကောင်းမွန်စွာ နေထိုင်ခဲ့လျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင် ကန့်သတ်ချက်များဖြင့် နေထိုင်ရမှာ ဖြစ်သည်။ ကန့်သတ်ချက်များတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီး ဧည့်သည်တွေ့ရန်၊ အခြားသော အခွင့်အရေးများအတွက် စာရေးသား တောင်းခံရန်နှင့် သတင်းစာ ဂျာနယ်ဖတ်ခွင့်၊ တီဗီကြည့်ခွင့်တို့ ရသည်။

-----------------------------------

လမ်းများနှင့် အင်းစိန်ဈေး ပြန်ပိတ်ပြီ

ရန်ကုန် အင်းစိန်ထောင် ပတ်ဝန်းကျင်ရှိ ကားလမ်းများကို နံနက်ပိုင်းက လူအများသွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့သော်လည်း နေ့လည် ၁၂ နာရီခန့်တွင် အဆိုပါ လမ်းများနှင့် အင်းစိန်ဈေးကို အာဏာပိုင်များက ပိတ်ပစ်လိုက်ပြီဖြစ်သည်။

အင်းစိန်ကုန်းတံတားတွင် ရဲကား ၁၀ စီးခန့် အင်အားအပြည့်ဖြင့် ရှိနေသလို၊ မီးရထားဝင်းများ၊ လမ်းများပေါ်တွင် ကား ၇ စီးခန့် ရပ်ထားကာ အရပ်ဝတ်များ မြောက်မြားစွာ ချထားသည်။

ပြည်နယ်နှင့် တိုင်း ပါတီဝင်များ စုရုံးရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့် ယနေ့တွင် ပြည်နယ်နှင့်တိုင်း အန်အယ်ဒီ ပါတီဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ တထောင်ကျော် ရောက်ရှိနေသည်။

“ဒီနေ့က တော်တော်ကို များတယ်။ လူတော်တော်စုံပြီးတော့ များတယ်။ ခန့်မှန်းခြေက ထောင်ကျော်မယ်။ ဟိုဘက်ကုန်းထိပ်ဘက်မှာရော၊ ဒီဘက်မှာလည်းဆိုတော့ ထောင်ကျော်ကတော့ သေချာတယ်” ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အန်အယ်ဒီ ခေါင်းဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ဒီတခါ ထူးတာက ပထမ စီရင်ချက်ချမယ်ဆိုတဲ့ နေ့လိုမျိုးပဲ လမ်းမပိတ်ဘူး။ ကုန်းတံတားကနေ ကျော်ပြီးတော့ ဝင်လို့ရတယ်။ အင်းစိန်ဈေးရဲ့ အလယ်ပေါက်လောက်ကနေ အဲဒီနေရာမှာ လူတွေ စုနေတယ်။ ဝင်လို့ရတယ်” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ရန်ကုန်တိုင်း ခရမ်း၊ သုံးခွ၊ မင်းလှ စသည့် မြို့နယ်များမှ အန်အယ်ဒီ လူငယ်များသည် အုပ်စုလိုက်လာကြပြီး အဝါရောင်ဆွဲကြိုး၊ အချို့လူငယ်များသည် အနီရောင်၊ အနက်ရောင် ဆွဲကြိုးများ ဝတ်ဆင်လာကြသည်။

မန္တလေးတိုင်း အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသိန်းတန်၊ လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမျိုးအောင်၊ ဦးလှဦး၊ ဒေါက်တာမေဝင်းမြင့်တို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာဝင်းနိုင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အကိုဖြစ်သူ ဦးအောင်သန်း၏ သား ဦးချိုအောင်သန်းတို့လည်း ရောက်ရှိနေသည်။

ရှေ့နေများနှင့် သံတမန်များ ထောင်တွင်းသို့ ဝင်ရောက်

ဒေါ်စု၏ ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် နိုင်ငံခြား သံတမန်ကား ၇ စီးခန့် အင်းစိန်ထောင်အတွင်း နံနက် ၁၀ နာရီကျော်တွင် ဝင်ရောက်သွားသည်။

ပါတီခေါင်းဆောင်များ တရားခွင်သို့ ဝင်ခွင့်ရရေး ကြိုးပမ်း

ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တရားခွင်သို့ ဝင်ရောက်လေ့လာခွင့် ရရှိရန် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် စစ်အစိုးရထံ ယမန်နေ့က တောင်းဆိုခဲ့သော်လည်း ယခုထိ ဝင်ခွင့် မပေးခဲ့ပါ။

ကျန်းမာရေး မကောင်းသော အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးဝင်းတင်တို့ အပါအဝင် ဗဟို အလုပ်အမှုဆောင် အဖွဲ့များ ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ( မဇ္ဈိမ )

Saturday, August 8, 2009

( ၈၈၈၈ ) ၂၁ နှစ်ပြည့် စစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ ( ကိုရီးယား )



News for 21 Anniversary of 8888 Uprising Day in Korea[1]

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews