သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Friday, July 31, 2009

ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ကို ဘန်ကီမွန်း ခေါ်တွေ့

ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု စီရင်ချက်ချမယ့်နေ့ ဖြစ်ပါတယ်။ ဒီနေ့ကျင်းပမယ့် တရားခွင်ကို အမေရိကန်ဘက်က ကောင်စစ်ဝန်တဦးလည်း တက်ရောက်လိမ့်မယ်လို့ မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုဘက်က အထူးစောင့်ကြည့်နေတယ်၊ ပြီးခဲ့တဲ့ အပြီးသတ် လျှောက်လဲချက်တင်တဲ့ တရားခွင်ကိုလည်း အမေရိကန် ကောင်စစ်ဝင်တဦး တက်ရောက်ခဲ့တယ်၊ အမေရိကန် နိုင်ငံသားတဦးကလည်း ဒီအမှုနဲ့အတူ တရားခွင်မှာ ရင်ဆိုင်နေရတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အမေရိကန်ဘက်က ရပ်တည်ချက်ကို လူသိရှင်ကြား တောက်လျှောက် ပြောနေခဲ့တာ ဖြစ်တယ်၊ မကြာခင်တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က အာဆီယံ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုတဲ့အကြောင်း ပြောထားခဲ့ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) က ရှင်းပြခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။ ကုလသမဂ္ဂ ရုံးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးသန်းဆွေကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း လွန်ခဲ့တဲ့ နာရီပိုင်းက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ဗွီအိုအေကို ပြောပါတယ်။ သူတို့တွေ ဘာအကြောင်း ပြောဆိုသလဲတော့ မသိရသေးပါဘူး။ ( ဗွီအိုအေ )

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမည့်နေ့ကို သြဂုတ် ၁၁ သို့ ရွှေ့ဆိုင်း

ဒေါ်စုကို စီရင်ချက် ချမည့်နေ့ကို သြဂုတ် ၁၁ သို့ ရွှေ့ဆိုင်း
ယနေ့တွင် စီရင်ချက်ချရန် လျာထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချမည့်နေ့ကို သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

“သြဂုတ်လ ၁၁ ရက်နေ့ ၁ဝ နာရီမှာ ရုံးချိန်းပြန်ပေးလိုက်တယ်။ အကြောင်းပြချက်ကတော့ ဒီအမှုကို ဥပဒေ စဉ်းစားသုံးသပ်တဲ့နေရာမှာ ပြဿနာတွေ ရှိနေတဲ့အတွက် စဉ်းစားသုံးသပ်လို့ မပြီးသေးဘူး။ ဒါကြောင့် ပြန်ရွှေ့ပါတယ်” ဟု သူ၏ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် နိုင်ငံခြား သံသမန်များသာ တက်ရောက်ခွင့်ရသည့် အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက ယနေ့ ၁ဝနာရီ ၂၀ မိနစ်တွင် ရုံးချိန်း ပေးလိုက်ခြင်းဖြစ်သည်။

မည်သည့် ဥပဒေ ပြဿနာကို ပြန်လည် စဉ်းစားမည်ကိုမူ တရားရုံးအာဏာပိုင်များက တရားခွင်တွင် ပြောဆိုခြင်း မရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

ယနေ့ တရားခွင်သည် နံနက် ၁၀ နာရီတွင် စတင်ပြီး မိနစ် ၂၀ သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ယက်တော က ခိုးဝင်သည်ကို ဧည့်ခံသဖြင့် နေအိမ်အကျယ်ချုပ် စည်းကမ်း ချိုးဖောက်သည်ဟု စွပ်စွဲ၍ သူမအား စစ်အစိုးရက “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် ရုံးတင်စစ်ဆေးနေခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သည့် ဥပဒေဖြစ်သောကြောင့် တရားမဝင်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးသို့ ယနေ့ ထပ်မံ တင်သွင်းခဲ့သည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ဘက်က မြင်တဲ့ ဥပဒေ ပြဿနာကိုတော့ ဒီနေ့ ကျနော်ထပ်ပြောတယ်။ ကျနော်တို့လဲ ဥပဒေ ပြဿနာတွေ တင်ပြထားတာတွေ ရှိတယ်။ ၇၄ ဥပဒေ အသုံးပြုခွင့် ရမရ၊ ဒေါ်စုပေါ်မှာ စွဲထားတာက ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက တချို့ပုဒ်မတွေဖြစ်တယ် ဆိုပြီးတော့ အဲဒီဥပဒေ မရှိဘူးဆိုရင် ဒေါ်စုကို တရားစွဲလို့ မရဘူး” ဟု သူကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားဆိုင်သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးအား ယခုလ ၁၀ ရက် နေ့က မြောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးခဲ့သည်။

ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်း မပြုနိုင် ကြောင်း ခုခံချေပခဲ့သည်။

တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း အဆိုပါ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြောဆိုခဲ့သည်။

လာမည့် ရုံးချိန်းအတွက် အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေများနှင့် ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြော ဆိုလိုက်သည်ဟု သိရသည်။

ယခုကဲ့သို့ ရုံးချိန်းရက် ထပ်ရွှေ့ပြောင်း လိုက်သည့်အပေါ် ရှေ့နေ ဦးဥာဏ်ဝင်းက “တရားရုံးက ပြောတာက ဥပဒေ ပြဿနာတွေ စဉ်းစားသုံးသပ်ဖို့ ရှိနေလို့ အဲဒီလို ပြောတာဘဲ။ အဲဒါက ကောင်းပါတယ်။ ဥပဒေ ပြဿနာက စဉ်းစားရမှာပါဘဲလေ။ ဒါက ကျနော်တို့ လက်ခံပါတယ်” ဟု သုံးသပ်သည်။
--------------------------------------
ရှေနေများနှင့် သံတမန်များ ဝင်ပြီ

ယနေ့ နံနက် ၁ဝ နာရီတွင် ရှေ့နေများဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်စောဌေးတို့နှင့် နိုင်ငံခြား သံသမန်ကား ၅ စီးတို့ အင်းစိန်ထောင် အထူးတရားရုံးသို့ ဝင်သွားပြီး ဖြစ်သည်။

အင်းစိန်ဈေးကို အဏာပိုင်များက ပိတ်ခိုင်းထားပြီး အစောပိုင်းရက်များကကဲ့သို့ပင် အင်းစိန်လမ်းကြီးကိုပိတ်ထားသည့်အပြင် လမ်းသွယ်များကိုပါ ပိတ်ဆို့ထားလိုက်သည်။

သို့သော် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းပြသသည့်အနေဖြင့် ပါတီဝင်များအပါအဝင် လူ ၅ဝဝ ခန့် စုရုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ (မဇ္ဈိမ)

ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်အောင်ဆန်းစုကြည်ကန့်ကွက်

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ အိမ်ခြံဝင်းတွင်းမှ မြေကွက်တခုကို ရောင်းချသည့်အပေါ် ကန့်ကွက်ထားသည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

“ကြော်ငြာထဲပါတဲ့ ရှေ့နေနှစ်ဦးဆီကို အကြောင်းကြားထားတယ်။ ဒီကိစ္စက ရောင်းပိုင်ခွင့်မရှိဘူး။ ဒီခြံတွေဟာ ကျနော်တို့ အမှုသည်ရဲ့ လက်ဝယ်မှာပဲ ရှိတယ်။ ရောင်းတာ မလုပ်နိုင်ဘူး။ ကန့်ကွက်တဲ့စာ ပို့ထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေနေ့လည်းဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့အား ရောင်းလိုက်ပြီး ဖြစ်သဖြင့် ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ယခုလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

ဗဟန်းမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ၊ ၄၄ စီနှင့် ၆၄ စီ) မြေဧရိယာ ၉.၂၃ မှ မခွဲမစိတ်သေးသည့် အစိတ်အပိုင်း (အလျား ၁၀၀၊ အနံ ၇၀) အကျယ်ရှိ မြေကွက်ကို ဦးခင်မောင်အေးမှ ရောင်းချပြီး ဖြစ်သဖြင့် ကန်ကွက်နိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ကြေညာပြီး နောက်ရက်တွင် ဦးခင်မောင်အေး၏ ကွာရှင်းပြတ်စဲခြင်းမရှိသေးသော ဇနီးဖြစ်သူ ဒေါ်တင်တင်ဦးက မြေကွက်နှင့် ဆောက်လုပ်ဆဲ အဆောက်အဥိကို ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။

ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။

အထက်တန်း အမျိုးသမီးရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင် တို့က “လွှဲအပ်ညွှန်ကြားချက် အရ” ဟု ဆိုပြီး ကန့်ကွက်နိုင်ကြောင်း ကြေငြာစာတွင် ဖော်ပြထားသော်လည်း ဝယ်ယူသူ၏ အမည်ကိုမူ ဖော်ပြထားခြင်း မရှိပါ။

“အခုရောင်းမယ်ဆိုတာက အဲဒီခြံထဲက မခွဲမစိတ်ရသေးတဲ့ အပိုင်းတွေ ဖြစ်တယ်။ အခုလို ဝယ်တဲ့ လူနာမည်လဲမပါဘူး။ လျို့ဝှက်ထားတယ်။ ဒီအခြေအနေမှာ ဒီလိုသုံးလာတော့ ကျနော်တို့ သိပ်စိုးရိမ်လာတယ်။ ဘယ်လို ဆက်လုပ်မယ်ဆိုတာ အသေးစိတ်တော့ ပြောခွင့်မရှိသေးဘူး။ အစီစဉ်တော့ ရှိတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ယခုကဲ့သို့ မြေကွက်ရောင်းချကြောင်းကြော်ငြာပေါ်ထွက်လာချိန်သည် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ပြီး တရားစွဲဆို စစ်ဆေးနေချိန်နှင့် တိုက်ဆိုင်နေသည်။

၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦး ကလည်း အမွေရယူထိုက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့ဖူးသည်။ (မဇ္ဈိမ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၅ ဦး အဖမ်းခံရ

ဒေါ်အောင်ဆန်းစုကြည် တရားခွင်အပေါ် မကျေနပ်ဖြစ်ကာ ဆူပူအုံကြွမှာစိုး၍ လက်ဦးမှု ရယူသည့် အနေဖြင့် အာဏာပိုင်များက အနည်ဆုံး နိုးကြားတက်ကြွသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၅ ဦးကို ယနေ့ နံနက်တွင် ဖမ်းဆီးလိုက်သည်။

အန်အယ်ဒီ စည်းအဖွဲ့ဝင်များ ဖြစ်ကြပြီး မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှ ဦးပါလေး၊ ဦးစိုး၊ ဦးကျော်နိုင်နှင့် ရေနံချောင်းမြို့မှ ဦးတင့်လွင်၊ ဦးသန်းအောင်တို့ အဖမ်းခံရသည်။

“ညက တနာရီလောက်ပေါ့။ ဧည့်စာရင်းစစ်တယ် ဆိုပြီးတော့ စကားလေး နည်းနည်းပြောချင်လို့ လိုက်ခဲ့ပါလို့ ခေါ်သွားတာလေ။ ခေါ်သွားတဲ့နေရာက ရဲရိပ်သာလို့ ထင်ရတာပဲ။ အတိအကျတော့ မသိဘူး။ နောက်ပြီးကျတော့ အိပ်ယာလိပ်တို့ ဘာတို့တော့ ရဲက လာပြန်တောင်းသွားတယ်။ သူတို့လာတာ ယူနီဖောင်း အပြည့်အစုံပဲ။ ၇ ယောက် လောက်ရှိမယ်။ ဆိုင်ကယ် ၄ စီးလောက် ရှိမယ်” ဟု ဦးစိုး၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ဦးကျော်နိုင်နှင့် ဦးစိုးတို့အား ၎င်းတို့နေထိုင်ရာ တောင်တွင်းကြီးမြို့ နေအိမ်များမှ ဖမ်းခေါ်သွားခြင်း ဖြစ်သည်။

ဦးပါလေးကိုမူ ၎င်းနေထိုင်ရာ တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာတွင် တောင်တွင်းကြီးမြို့မှ ရဲအချို့အပါအဝင် ဆတ်သွားရဲစခန်းမှူး ဦးကျော်နိုင်၊ နယ်ထိန်း ကိုဇော်မင်းနိုင်၊ ချောင်းနက်ကျေးရွာဥက္ကဋ္ဌ ဦးဝင်းရွှေ၊ ရာအိမ်မှူးတို့က လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူက ပြောသည်။

“ကိုပါလေးကို မနေ့ည ၁၂ နာရီခွဲ၊ အကိုပြောတဲ့ ကိုစိုးက ည ၁ နာရီ၊ ကိုကျော်နိုင်ကတော့ ဘယ်အချိန်လဲ မသိဘူး။ အားလုံး ကို မနေ့ညကပဲ ခေါ်သွားတာ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် လွတ်မြောက်ရေးအတွက် ဆွမ်း၊ ဆီမီးကပ်လှူခြင်း၊ ဘုရားတက် ဝတ်ပြုဆုတောင်းခြင်းတို့ကို တက်ကြွစွာ လုပ်ဆောင်နေသူများ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမှတ်မည့် ယနေ့တွင် တစုံတရာ လှုပ်ရှားမည်ကို စိုးရိမ်သောကြောင့် အာဏာပိုင်များက လက်ဦးမှုယူခြင်း ဖြစ်နိုင်သည်ဟု အန်အယ်ဒီနှင့် ဒေသခံများက ယူဆနေကြသည်။

မကွေးတိုင်း ရေနံချောင်းမြို့မှ အန်အယ်ဒီ မြို့နယ်စည်းအဖွဲ့ဝင် ဦးတင့်လွင်နှင့် ဦးသန်းအောင်တို့ ၂ ဦးကိုလည်း အာဏာပိုင်များက ယမန်နေ့ညတွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အန်အယ်ဒီက ပြောသည်။

ရေနံချောင်းမြို့နယ်စည်း ဒေါ်သန်းသန်းဌေးက “ဦးတင့်လွင်ကို ည တနာရီခွဲလောက်က လာခေါ်သွားတယ်လို့ သူ့အမျိုးသမီးက ပြောပါတယ်။ ဦးသန်းအောင်ကို ၂ နာရီခွဲ လာခေါ်သွားတယ်လို့ သူ့ညီလေးက ပြောတယ်။ ကျမတို့ ရေနံချောင်းက အာဏာပိုင် အဖွဲ့အစည်းက ခေါ်တာပါပဲ။ ဒါပေမဲ့ ရေနံချောင်းမှာတော့ မရှိဘူးလို့ သိရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယနေ့န့က်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ အန်အယ်ဒီ အဖွဲ့ဝင်များက ဦးဆောင်ပြီး ရေနံချောင်းမြို့တွင် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်၊ အမွှေးတိုင်များကို နေရာခွဲ လူခွဲ၍ ကပ်လှူဆုတောင်းခဲ့ကြကြောင်း သိရသည်။

မိထ္ထီလာမြို့၌လည်း ယနေ့နံနက်ပိုင်းတွင် ဖောင်တော်ဦးဘုရားသို့ အန်အယ်ဒီအဖွဲ့ဝင်အချို့ သွားရောက်ပြီး ဒေါ်စု လွတ်မြောက်ရေးအတွက် ဘုရားရှိခိုး ဆုတောင်းခဲ့ရာ လမ်း၌ မိထ္ထီလာခရိုင် အတွင်းရေးမှူး၊ မယက ဥက္ကဋ္ဌ၊ ခရိုင်ရဲ အပါအဝင် ကြံဖွံ့နှင့် စွမ်းအားရှင် စုစုပေါင်း ၄ဝ ဦးခန့်က ဝါးဆစ်ပိတ် လက်ကိုင်တုတ်များကို ကိုင်ဆောင်ထားကြပြီး စောင့်ကြည့်ခဲ့သော်လည်း ကိုယ်ထိလက်ရောက် နှောင့်ယှက်ခြင်း မရှိကြောင်း မိထ္ထီလာမြို့နယ် အန်အယ်ဒီအတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောသည်။
( မဇ္ဈိမ )

Thursday, July 30, 2009

အတိုက်အခံရှေ့နေကိုညီညီထွေးကို အာဏာပိုင်များ နှောင့်ယှက်

ထောင်မှ ပြန်လွတ်လာပြီးနောက် ဝမ်းရေးအတွက် အောင်ဘာလေထီ ရောင်းချမှု မလုပ်နိုင်အောင် အာဏာပိုင်များက နှောင့်ယှက်ထားသည်ဟု ပဲခူးမြို့မှ ရှေ့နေ ကိုညီညီထွေးက ပြောသည်။

အကျဉ်းချပြီး ရှေ့နေလိုင်စင်ပါ အသိမ်းခံရသည့် အသက် ၃၃ နှစ်အရွယ် ကိုညီညီထွေးသည် အောင်ဘာလေထီ လက်လီ ရောင်းချနေရာ ထီဆိုင်များ အနေဖြင့် သူ့ကို အကြွေးမပေးရန်နှင့် ထီရောင်းကား မငှားရမ်းရန် ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်မှုများ ရှိနေသည်ဟုဆိုသည်။

“လိုင်စင် သိမ်းခံထားရတယ်ဆိုတော့ ကျနော့်အတတ်ပညာနဲ့ ဘာမှလုပ်စားလို့ မရဘူး။ စီးပွားရေးလုပ်ငန်းက ကျနော့်မှာ ခိုင်ခိုင်မာမာ မရှိဘူး။ ကျနော့်အမျိုးသမီးက ထီရောင်းတယ်။ အရင်းအနှီး မရှိတော့ ကိုယ်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီကနေ အကြွေးစနစ်နဲ့ ယူရောင်းရတယ်။ ကားကိုလည်း ပုံသေငှားရမ်းလို့ မရအောင် နောက်ကနေ လိုက်ပိတ်နေတယ်” ဟု ကိုညီညီထွေးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းသူ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင် တရားခွင်တွင် ခုခံကာကွယ်ပေးနေရင်း ရုံးတော်ကို မထီမဲ့မြင်မှုဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၆လ ချခံခဲ့ရသည်။

အမှုစစ်နေစဉ် သူ၏ အမှုသည်များက ကျောခိုင်းထိုင်နေသည်ကို တရားသူကြီးက သူမှတဆင့် ပြင်ထိုင်ခိုင်းရာ တရားခွင်အတွင်း အမှုသည်များအနေဖြင့် စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသဖြင့် တရားစီရင်ရေးကို နှောင့်ယှက်သည်ဟုဆိုကာ ပုဒ်မ ၂၈၈ ဖြင့် ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်ချပြီး ရက် ၂၀ ခန့်အကြာတွင် ရှေ့နေလိုင်စင်ပါ အသိမ်းခံလိုက်ရပြီး၊ လွတ်ရက်စေ့သဖြင့် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လွတ်လာခဲ့သည်။ (မဇ္ဈိမ)

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်ရေး ကြေငြာချက်

Gab

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်အမှတ် ၂၁ / ၀၇ / ၀၉

ကတိနဲ့အညီ အကျဉ်းသားတွေ လွှတ်ဖို့ အတွင်းရေးမှူးချုပ် စစ်အစိုးရကို တိုက်တွန်း

မြန်မာ စစ်အစိုးရကိုယ်တိုင် လုံခြုံရေးကောင်စီကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် ပေးထားတဲ့ ကတိအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ မျှော်လင့်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုကို လာမယ့် သောကြာနေ့မှာ တရားရုံးက စီရင်ချက်ချမယ်လို့ ကြေညာထားနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားတာပါ။ စစ်အစိုးရဘက်က ကတိက၀တ်အတိုင်း လိုက်နာဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ပြီး တရားစွဲဆိုနေတဲ့ အပေါ် သူ့အနေနဲ့ စိုးရိမ်မိတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုတ်သိမ်းပြီး ချက်ခြင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း စစ်အစိုးရကို သူ ရှင်းရှင်းလင်းလင်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဒီတောင်းဆိုချက်ကို စစ်အစိုးရဘက်က လိုက်လျောလာအောင် သူ့ဘက်က ထပ်ပြီး တိုက်တွန်းတောင်းဆိုသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခရီးစဉ်က ပြန်လာခဲ့ကတည်းက မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ( ဗွီအိုအေ )

Wednesday, July 29, 2009

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျမည့် အလားအလာရှိသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုစစ်ဆေးခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား လာမည့်သောကြာနေ့ တွင် စီရင်ချက်ချမည်ဟု အင်းစိန်အထူးတရားရုံး တရားခွင်မှ ယမန်နေ့က ရုံးချိန်းပေးထားသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ထောင်ကျနိုင်မယ်ဆိုတာက နဂိုကတည်းက ထောင်ချချင်လို့ လုပ်တာပဲ။ ထောင်ချချင်လို့ လုပ်တာမဟုတ်ရင် ဒီကိစ္စပေါ်စရာ အကြောင်းမရှိဘူး။ တရားဥပဒေအရပဲ ကြည့်ကြည့်၊ နိုင်ငံရေးအရပဲ ကြည့်ကြည့် ပေါ်စရာအကြောင်းမရှိဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သာမန်အားဖြင့် လာမည့်နိုဝင်ဘာ (၂၇) တွင် လွှတ်ပေးရမည်ဖြစ်သည့်အတွက် ယင်းအချိန်ထိ မစောင့်ဘဲ ပြီးခဲ့သည့်မေလကပင် လုပ်ကြံအမှုဆင်ဖမ်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
[ ဆက်ဖတ်ရန် +/- ]

“အဲဒီရည်ရွယ်ချက်ကိုက ထောင်ချဖို့ ရည်ရွယ်တာပဲ။ ဒါပေမယ့် သူတို့မထင်ဘဲ ကမ္ဘာတခုလုံးကနေ အကြီးအကျယ် ဆူပွက်ပြီး ဒေါ်စုဘက်ကနေ ၀ိုင်းဝန်းပြီး ဒေါ်စုလွှတ်ရေးကို တောင်းဆိုလာတဲ့အခါကျ သူတို့မှာ လုပ်ရကိုင်ရတော့ ခက်သွားတာပေါ့။ ကျနော်ကတော့ ဘယ်လိုတွက်လည်းဆိုတော့ ဒေါ်စုထောင်ကျမှာပဲလို့ ယုံတယ်။ ကျနော့်တဦးချင်းသဘောပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် စစ်အစိုးရဘက်ကမူ ဆင်နိုင်သည့် အကွက်များ ရှိသေးကြောင်း၊ ယခုတရားရုံးအဆင့်သည် ခရိုင်ရုံးအဆင့်သာ ဖြစ်သဖြင့် ယင်းအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီး တိုင်းအဆင့်တွင် အယူခံဝင်နိုင်ကြောင်းလည်း ဦးဝင်းတင်က ရှင်းပြသည်။

၎င်းက “တိုင်းအဆင့်ကျမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အပေါ်မှာ လူတွေက ဘယ်လိုလှုပ်ရှားသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလှုပ်ရှားသလဲ၊ ဘာတွေဖြစ်သလဲ ဆိုတဲ့အပေါ်မှာ နိုင်နင်းနိုင်မယ့်အနေအထားရှိရင် တိုင်းရုံးမှာ သူတို့ဘက်က ပြန်ပြီးအယူခံတင်မယ်။ ပြီးမှ တိုင်းရုံးကနေ ထောင်ချပစ်နိုင်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ ပြောဆိုရခြင်းမှာ ၁၉၉၀ ရွေးကောက်ပွဲကာလအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်ရန် အန်အယ်လ်ဒီက ဆုံးဖြတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား အမတ်လောင်းလျှောက်လွှာ တင်သွင်းခဲ့ရာတွင် မြို့နယ်ရုံးကလက်ခံကာ ရွေးခံခွင့်ပေးခဲ့ပြီးမှ တိုင်းအဆင့်တွင် ပယ်ချခဲ့သည့် သာဓကရှိကြောင်း ဦးဝင်းတင်က ကိုးကားပြောဆိုသည်။

“ကျနော်တဦးတည်းသဘောအရ ပြောရရင်တော့ ဒေါ်စုကို ထောင်ချမှာပဲ။ တခုပဲရှိတယ်၊ (၅) နှစ်ချလိုက်ရင် လူထုက ဒေါသဖြစ်မှာစိုးလို့ လျော့လျော့ပေါ့ပေါ့ (၃) နှစ်လောက်ချရင် ချမယ်ပေါ့ဗျာ။ နောက်တခါ ဒေါ်စုကို အိမ်မှာပြန်နေခွင့် ပေးထားမယ်၊ ထောင်ထဲမပို့ဘူးဆိုတဲ့ အလျော့အပေါ့ အခင်းအကျင်းတွေနဲ့လုပ်ပြီးတော့ ထောင်ချမယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။ ( ခေတ်ပြိုင် ) /p>

Tuesday, July 28, 2009

ဒေါ်စု တရားဆိုင်နေချိန်တွင် ထောက်ခံသူများက စုဝေး ဆန္ဒပြကြ


မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ ၂၈ ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၃၈ မိနစ်

ဒေါ်အောင်ဆန်းစုကြည်အမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟုဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ( မဇ္ဈိမ )

ဒေါ်စုအမှု ရေးသားရာ အစိုးရသတင်းစာ ကျင့်ဝတ်မညီ

အခုရက်ပိုင်းတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်သုံးသပ်တဲ့ သတင်းဆောင်းပါးတွေကို ဆက်တိုက် မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြရေးသားနေတာ တွေ့ရပါတယ်။ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေရဲ့ အကာအကွယ် မဲ့နေတယ်လို့ ဆိုပါတယ်။ မြန်မာစစ်အစိုးရကတော့ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘဲ တရားနည်းလမ်းတကျ အမှုကို စစ်ဆေးနေတာလို့လည်း ပြောဆိုနေပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အခုရက်ပိုင်းတွေအတွင်း သတင်းစာတွေထဲက ရေးသားချက်တွေကို ကြည့်မယ်ဆိုရင် တရားခွင်ကို အာဏာပိုင်တွေက တိုက်ရိုက် ပတ်သက်နေတာကို ပြနေတာဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“အမှုနဲ့ ပတ်သက်တယ်ဆိုတဲ့ နေရာမှာ တရားခံဘက်ကိုသော်လည်းကောင်း၊ တရားလိုဘက်ကိုသော်လည်းကောင်း လိုက်ပြီး အစိုးရ မီဒီယာတွေကနေ ရေးရတယ်ဆိုတဲ့ ထုံးစံမျိုးက အာဏာရှင် နိုင်ငံတွေမှာပဲ ရှိတဲ့သဘောပါ။ အခု ကျနော်တို့ မြန်မာနိုင်ငံမှာ မြင်နေရတာလည်း ဒီအတိုင်းပဲ။ သူတို့ရဲ့ မီဒီယာတွေကတဆင့် တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ပုဂ္ဂိုလ်ကို တရားခံသဘောမျိုး ခပ်ဆန်ဆန်ရောက်အောင်၊ အထူးသဖြင့် အစောပိုင်း သတင်းစာတွေမှာဆိုရင် တရားခံဆိုတဲ့ သဘောမျိုး စွပ်စွဲပြီး ရေးထားတာကို တွေ့ရတယ်။

“အဲဒါကိုကြည့်မယ်ဆိုရင် စစ်အစိုးရဟာ တရားဥကဒေအထက်မှာ ဘယ်သူမှမရှိရလို့ ဆိုပေမယ့် သူတို့ကိုယ်တိုင်က တရားဥပဒေရဲ့ အပေါ်ဘက်မှာ တက်ထိုင်ပြီးတော့ တရားဥပဒေကို သူတို့လိုသလို ခိုင်းစေနေတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်ဆိုတာ အားလုံးအသိပါပဲ။”

အထူးသဖြင့် မြန်မာစစ်အစိုးရပိုင် သတင်းစာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကို ဒီရက်ပိုင်းတွေထဲ စဉ်ဆက်မပြတ် ဖော်ပြနေတာ၊ ဒီသတင်းဆောင်းပါးတွေထဲက ဝေဖန်သုံးသပ်ချက်တွေဟာ တကယ်တမ်း သတင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့ မညီဘူးလို့ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“ပြောမယ်ဆိုရင် သတင်းသမားတိုင်း နားလည်ပါတယ်။ သို့သော်လည်း တခုရှိတာက မြန်မာစစ်အစိုးရရဲ့ အခရာကျတဲ့ တချို့နေရာတွေမှာ တာဝန်ယူနေကြတဲ့ လူတွေဟာ သတင်းသမားရဲ့ ကျင့်ဝတ်ဆိုတာကို သူတို့ သေသေချာချာလည်း လေ့လာခဲ့ဘူးပုံ မရပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံမှာရှိတဲ့ သတင်းသမား အများစုအနေနဲ့ကတော့ သူတို့ ကောင်းကောင်းသိပါတယ်။ ဒီကိစ္စဟာ တရားဥပဒေနဲ့လည်း မညီညွတ်သလို သတင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့လည်း မညီညွတ်ဘူးဆိုတာကို သူတို့အားလုံး သိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တရားဝင် သတိပေးချက် ထုတ်ထားတာ မဟုတ်ပေမယ့် ဒီသတင်းတွေကို အလွတ်သတင်းထောက်တွေက ရေးသားတာ၊ သတင်းလိုက်တာမျိုးတွေ မလုပ်ကြဖို့ သက်ဆိုင်ရာ ဂျာနယ်တိုက် အယ်ဒီတာတွေက ကိုယ့်ရဲ့ သတင်းသမားတွေကို သတိပေးထားပါတယ်။ ဒီလိုစနစ်မျိုးတွေထဲမှာ မြန်မာသတင်းသမားတွေ အနေနဲ့ ကျပ်တည်းတဲ့ အခြေအနေမျိုးနဲ့ သတင်းသမားတွေရဲ့ ဘ၀ကို ဖြတ်သန်းနေရတယ်လို့လည်း ဆိုပါတယ်။

“ပြောရမယ်ဆိုရင် တလမ်းသွား မီဒီယာ ရေစီးကြောင်းပဲ။ တလမ်းသွားဆိုတာ စစ်အစိုးရ အလိုကျ၊ စစ်အစိုးရ ပြောခိုင်းသမျှကိုပဲ ပြောရတာ။ ဒီ့ပြင်မပြောနဲ့၊ ပထမဆုံးအကြိမ် သတင်းထောက်တွေကို ပေးဝင်တယ်ဆိုတဲ့ အချိန်တုန်းက သတင်းစာတွေရော၊ ပုဂ္ဂလိက ဂျာနယ်တွေရော သူတို့ ပေးဝင်တယ်။ နိုင်ငံခြား သတင်းအေဂျင်စီက လူတွေကြတော့ သူတို့ရဲ့ ကျင့်ဝတ်နဲ့အညီ သတင်းသမားကျင့်ဝတ် မှန်မှန်ကန်ကန်နဲ့ မြင်တဲ့ဟာကို မြင်တဲ့အတိုင်း ကမ္ဘာကို တင်ပြလို့ရတယ်။ မြန်မာပြည်သူတွေကို ကမ္ဘာ့သတင်းဌာနတွေက တဆင့် တင်ပြလို့ရတယ်။

“ဒါပေမယ့် မြန်မာနိုင်ငံသားတွေကိုကြတော့ အဲဒီလိုမရဘူး။ သူတို့ကြတော့ စစ်အစိုးရရဲ့ သတင်းဌာနက ထုတ်ပေးတဲ့သတင်းကို ၏သည်မရွေး ပြန်ဖော်ပြရတယ်။ တချို့ဆိုရင် သတင်းခေါင်းစဉ်တောင် ပြောင်းလို့မရဘူး။ ဒီလိုအနေအထားမျိုးမှာ အလုပ်လုပ်နေရတဲ့ သတင်းသမားတွေအတွက် ကျနော် အများကြီး ကိုယ်ချင်းစာပါတယ်။

“တချိန်တည်းမှာပဲ ဒီလိုမျိုး ရောယောင် ပါသွားနေရတဲ့ အခါကြတော့ ကိုယ်ကိုယ်တိုင်ကပင်သည်လျှင် သတင်းကျင့်ဝတ်ကို မလိုက်နာသူဆိုတဲ့ သဘောမျိုး ဖြစ်သွားတဲ့အတွက် သတင်းသမား တယောက်အနေနဲ့ တာဝန်မကျေပွန်ရုံမက သတင်းပညာပေါ်ကိုပါ သစ္စာဖောက်တဲ့သဘောမျိုး ဖြစ်နေပါတယ်။”

မြန်မာ့သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Monday, July 27, 2009

သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း နှစ်ဖက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းနေသည့်အနက် ယနေ့ ဒုတိယမြောက် တရားခွင်သို့ လာရောက်ကြသည့် သံတမန်ကား ၅ စီးခန့် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ထောင်အတွင်းသို့ နံနက် ၁၀ နာရီမှ စတင်ကာ သံတမန်များ ဝင်ခွင့်ရခဲ့ပြီး နေ့လည် ၁၂ နာရီ မထိုးမီတွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာမူ ထောင်ထဲမှ ပြန်လည် ထွက်ခွာလာခြင်း မရှိသေးကြောင်း အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူများ အပြောအရ သိရခြင်း ဖြစ်သည်။

“သံရုံးကား ၅ စီး ပြန်ထွက်သွားပြီ။ အမေရိကန်၊ ဗြိတိန် အပါအဝင်ပေါ့နော်။ ၁၂ နာရီ မထိုးခင်လောက်မှာ ထွက်သွားတယ်” ဟု ရှေ့နေဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် အပြီးသတ် လျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက စတင်တင်သွင်းရာ၊ တရားခွင်သို့ ၅ နိုင်ငံထက်မနည်း နိုင်ငံခြား သံတမန်များ ဝင်ရောက်ခွင့် ပြုခဲ့သေးသည်။ အဆိုပါ တရားခွင်တွင် ရှေ့နေ ဦးကြည်ဝင်းက ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အတွက် လျှောက်လဲချက် ပေးခဲ့သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့အတွက် ရှေ့နေဦးလှမျိုးမြင့်က အပြီးသတ် လျှောက်လဲမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည်။

ယနေ့ ထောင်ရှေ့တွင် နှလုံးရောဂါ ခံစားနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ရှေ့နေ ဦးကျင်တိုး၊ ညောင်လေးပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင် အပါအဝင် ပြည်သူ ၅၀၀ ဦး ခန့် လာရောက်ကြသည်ဟု သိရသည်။

အင်းစိန် ကုန်းတံတားအဆင်းတွင် လုံထိန်းရဲများက ဒိုင်နာကား အပါအဝင် အနည်းဆုံး ကား ၆ စီး ဖြင့် လုံခြုံရေး စောင့်ကြပ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အား အားပေးသည့်အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သွားရောက်ခဲ့သူ ဒေါ်နော်အုန်းလှအပါအဝင် အမျိုးသမီး ၇ ဦးကိုလည်း ခရီးကြန့်ကြာစေရန် အာဏာပိုင်များက လမ်းတလျှောက်၌ ၎င်းတို့ စီးလာသည့်ကားအား ၆ ခါထက်မနည်း စစ်ဆေးခြင်းဖြင့် အနှောင့်အယှက် ပေးခဲ့ကြောင်း သိရသည်။

“ရဲတွေ ဝတ်စုံနဲ့ အပြည့်နဲ့ စစ်တာ။ ကားကိုလည်း စစ်တယ်။ ယာဉ်မောင်းလိုင်စင် စစ်တယ်။ ကျန်တဲ့ ကားတွေ မစစ်ဘူး။ အချိန်ကြန့်ကြာအောင် လုပ်တာပေါ့၊ ၉ နာရီစီးတာ ၁၁ နာရီကျော်မှ ရောက်တယ်” ဟု ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။

ဒေါ်နော်အုန်းလှနှင့်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် အင်္ဂါနေ့တိုင်း ဆုတောင်းနေသည့် အဖွဲ့ဖြစ်သည်။

ပထမဆုံးအကြိမ် အပြီးသတ် လျှောက်လဲရသည့် ရုံးချိန်းသို့ ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို မရန်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းတွင် ၎င်းတို့အဖွဲ့အား စစ်ဆေးခဲ့သေးသည်။ ( မဇ္ဈိမ )

Friday, July 24, 2009

ဒေါ်စု တရားခွင် ပြီးဆုံး

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်၍ အပြီးသတ် လျှောက်လဲကြသည့် ယနေ့ တရားခွင်သည် ညနေ ၅ နာရီတွင် ပြီးဆုံးသွားသည်။

ဒေါ်အောင်ဆန်းဆုကြည်၏ ရှေ့နေများအား အာဏာပိုင်များက ကားဖြင့် လိုက်ပို့ပေးနေသည်ဟု အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူ ရှေ့နေ တဦးက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် ရောက်ရှိနေကြသည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးသူ ပြည်သူများ ပြန်သွားကြပြီ ဖြစ်သည်။

ဒေါ်စုတရားခွင်ကို တရားရုံးက လာမည့် တနင်္လာနေ့ (ဇူလိုင်လ ၂၇ ရက်နေ့) နံနက် ၁၀ နာရီသို့ ရွှေ့ဆိုင်းလိုက်သည်။ ( မဇ္ဈိမ )

ထောက်ခံအားပေးသူများ အင်းစိန်ထောင်ရှေ့ စုဝေးရောက်ရှိနေ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အင်းစိန်ထောင်အတွင်း အပြီးသတ် လျှောက်လဲချက်ပေးနေရာ၊ ထောင်ရှေ့တွင် အန်အယ်ဒီ ပါတီဝင်များနှင့် ထောက်ခံအားပေးသူများ စုဝေးရောက်ရှိနေသလို၊ အာဏာပိုင်များကလည်း လုံခြုံရေး ထူထပ်စွာ တိုးမြှင့်ချထားသည်။

မျက်မြင်သက်သေတဦးအဆိုအရ တရုတ်လုပ် FAW ထရပ်ကား အနည်းဆုံး ၁ဝ စီးခန့်တွင် ယူနီဖောင်းဝတ်ကာ၊ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားးသည့် ရဲသားများ တင်ဆောင်ထားပြီး၊ ထောင်အနီးရှိ လမ်းထောင့်တနေရာတွင်လည်း အနည်းဆုံး အချုပ်ကား နှစ်စီး ရပ်ထားကြောင်း သိရသည်။

ထောင်သို့ သွားရာလမ်းတလျှောက်တွင်လည်း ရဲများက သံဆူးကြိုး အတားအဆီးများ ချထားသည်။ ( မဇ္ဈိမ )

ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်

နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ကြားနာနေချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက်ခဲ့ကာ ပါတီခေါင်းဆောင်နှင့် သွေးစည်းညီညွတ်မှုကို ပြသခဲ့သည်။

နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ အင်းစိန်ထောင်ရှေ့ အနည်းဆုံး ၃၀၀ ခန့် ရှိနေခဲ့သည်။

“ရှေ့နေတွေက ၂ နာရီ မထိုးခင် ဝင်သွားတယ်။ လူထုက ၃၀၀ လောက်ရှိတယ်။ ဒါထက် ပိုရင်လည်း ပိုမယ်။ ကျနော်ကြည့်တာက ခါတိုင်းနေ့ထက် ပိုများတယ်။ အသက်ကြီးတဲ့ လူတွေရော လာတယ်” ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က ပြောသည်။

“ကျနော် အကြိမ်ကြိမ် ပြောချင်တာက ဒီအမှုက မတရားတဲ့အမှု။ အကွက်ဆင်ပြီး လုပ်တဲ့အမှု ဖြစ်တဲ့အတွက် ဒါကို ရုပ်သိမ်းပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့။ ဒေါ်စုနဲ့ တသားတည်းကျတယ်ဆိုတာကို ပြချင်တာပဲ ရှိတယ်”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီးအုပ်စုများနှင့် ပြည်သူများ လာရောက်ကြသည်ဟု ပြောသည်။

သို့သော် ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို ရဲများက ဘုရင့်နောင် ရဲစခန်းတခုသို့ ခေါ်ဆောင် စစ်ဆေးခဲ့သေးသည်ဟု ဦးဝင်းတင်က ပြောသည်။

အင်းစိန်လမ်းမ ပိတ်ထားပြီး လုံခြုံရေးလည်း ယခင်ကထက် ပိုချထားသည်။ ( မဇ္ဈိမ )

ဒေါ်စုအမှု တံခါးပိတ် တရားခွင်သို့ သံတမန်များ တက်ရောက်ခွင့်ရ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း တရားခွင်၌ ယနေ့တွင် နောက်ဆုံး လျှောက်လဲချက် ကြားနာရာသို့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အီတလီ သံတမန်များကို မြန်မာစစ်အစိုးရက တက်ရောက်ခွင့် ပေးလိုက်သည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုကို အများအားဖြင့် တံခါးပိတ်နည်းဖြင့် စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့သည့်အနက် သံတမန်များကို တက်ရောက်ခွင့် ပေးခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယမြောက် ဖြစ်သည်။ ယခင်ကလည်း ရွေးချယ်ထားသည့် သံတမန်တချို့နှင့် သတင်းထောက်တချို့ကို တက်ရောက်ခွင့် ပေးခဲ့သေးသည်။

''ဒီတခါတော့ သူတို့ (အာဏာပိုင်များ) က ကျနော်တို့ကို ဖိတ်ကြားတာမျိုး၊ အကြောင်းကြားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံး ကြားနာပွဲကို တက်ရောက်ဖို့ တောင်းခံခဲ့တဲ့ သံတမန်တွေကိုတော့ အစိုးရက ခွင့်ပြုချက် ထုတ်ပေးခဲ့တယ်'' ဟု ရန်ကုန်ရှိ စာနယ်ဇင်းသမားတဦးက မဇ္ဈိမကို ပြောသည်။

အင်းလျားကန်မှ ရေကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း မဖိတ်ခေါ်ဘဲ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် ဂျွန် ဝီလျံ ယက်တော၏ နိုင်ငံဖြစ်သည့် အမေရိကန်မှ သံရုံးအရာရှိကိုမူ တရားရုံးချိန်းရှိတိုင်း တောက်လျှောက် တက်ရောက်ခွင့် ရရှိခဲ့သည်။

''ကျနော် အတည်ပြုနိုင်သလောက်ကတော့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နဲ့ အီတလီကို တရားခွင်ထဲ တက်ခွင့် ပေးထားတယ်'' ဟု ရန်ကုန်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောသည်။

ယနေ့ တရားရုံးက နှစ်ဖက် တရားဆိုင်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲချက်များကို ကြားနာသွားမည် ဖြစ်သည်။ တရားရုံးသို့ တင်သွင်းရန် ၂၃ မျက်နှာပါ လျှောက်လဲချက်ကို ပြင်ဆင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက မဇ္ဈိမကို ပြောသည်။

ယနေ့ တရားခွင်မှ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်။ သို့သော်လည်း အကဲခတ်များကမူ တရားရုံးအနေဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်သည့် အခြား နေ့ရက်တရက်ကို သတ်မှတ်ပြီးဖြစ်ကြောင်း ယုံကြည်နေကြသည်။

အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့် နိုင်ငံရေးလေ့လာသူများ အများအပြားသည် စုပြုံရောက်ရှိနေကြကာ ယနေ့ တရားခွင်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းသမားက ပြောသည်။ ( မဇ္ဈိမ)

မြောက်ကိုရီးယားနဲ့ မြန်မာ့အရေး အာဆီယံ အောင်မြင်မှု မရ

ထိုင်းနိုင်ငံ ဖူးခက် ပင်လယ်အပန်းဖြေ စခန်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများရဲ့ အစည်းအဝေး ပြီးဆုံးသွားပြီး ဒီအစည်းအဝေးကနေ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖြစ်ပေါ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒေသတွင်းရဲ့ အဓိကပြဿနာ ၂ ခုဖြစ်တဲ့ မြန်မာနဲ့ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အောင်မြင်မှု မရှိခဲ့ဘူးလို့ ဗွီအိုအေသတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ထိုင်းနိုင်ငံ ဖူးခက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများရဲ့ ၄ ရက်ကြာ အစည်းအဝေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီအစည်းအဝေးကို တက်ရောက်တဲ့ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒေသတွင်းမှာ အဓိက အရေးပါတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က ပြောပါတယ်။ သဘောတူညီချက်တွေက ပိုမိုထိရောက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ အာဆီယံနဲ့ ဒေသတွင်းမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်တဲ့ အာဆီယံအဖွဲ့ ဖြစ်ပေါ်လာအောင် လုပ်ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်က အခုလို ပြောပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာပါ။ အဲဒီလိုဆိုရင် ဘဏ္ဍာရေးနဲ့ စီးပွားရေး အကျပ်ရိုက်မှု၊ အစားအစာနဲ့ စွမ်းအင် လုံခြုံစိတ်ချရမှုနဲ့ ကပ်ရောဂါ ကိစ္စရပ်တို့လို အရေးကြီးတဲ့ ပြဿနာရပ်တွေကို အာဆီယံအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။”

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု စာချုပ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က လက်မှတ်ထိုးပြီးတဲ့ နောက်မှာတော့ အာဆီယံအဖွဲ့ရဲ့ မိတ်ဆွေနိုင်ငံ အဖြစ်နဲ့ရော အာဆီယံ ဒေသတွင်းမှာ အမေရိကန်နိုင်ငံရဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်တာကို ကြိုဆိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ရဲ့ ပထမဆုံး လူ့အခွင့်အရေးအဖွဲ့ တည်ထောင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီချက်က လူ့အခွင့်အရေး ကိစ္စတွေကို ကာကွယ် အားပေးနိုင်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်စေတယ်လို့ သူက ပြောပါတယ်။
အာဆီယံ လူ့အခွင့်အရေးအဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေးယူနိုင်ဖို့ အာဏာမရှိပါဘူး။ ဒါပေမယ့် အနာဂတ်မှာတော့ အရေးယူ ဆောင်ရွက်နိုင်တဲ့ အနေအထားတွေကို တိုးတက်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အစည်းအဝေးကို တက်ရောက်တဲ့ ၂၇ နိုင်ငံထဲက နိုင်ငံအတော်များများကတော့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံနဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ပြောဆိုခဲ့ကြတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ် (Stephen Smith) က ပြောပါတယ်။

နေအိမ်အကျယ်ချုပ် ချထားတာကို ချိုးဖောက်တယ်ဆိုပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ဖမ်းဆီးထားပြီး အတိုက်အခံ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ထားတာကြောင့် မြန်မာစစ်အစိုးရဟာ နိုင်ငံတကာရဲ့ ဖိအားပေးတာကို ခံနေရပါတယ်။ မြောက်ကိုရီးယား နိုင်ငံကတော့ သူတို့ရဲ့ နျူကလီးယား စီမံကိန်းကို အဆုံးသတ်ဖို့အတွက် ပြောဆိုဆွေးနွေးတာကို လက်မခံဘဲ ငြင်းဆန်နေပါတယ်။

မြန်မာနိုင်ငံရော မြောက်ကိုရီးယား ၂ နိုင်ငံစလုံးက နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုနေကြပေမယ့်လည်း နိုင်ငံခြားရေး ၀န်ကြီးတွေကတော့ ၂ နိုင်ငံစလုံးကို ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ်က ပြောပါတယ်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုတွေက ပြင်းထန်ပြီး ၂ နိုင်ငံစလုံးကို ဖိအားတွေ ပိုပြီးတော့ သက်ရောက်စေပါတယ်။ ၂ နိုင်ငံစလုံးမှာ ကျနော်တို့ အခု တွေ့ချင်တာက ဒီဖိအားပေးမှုတွေကို တုံ့ပြန်သွားဖို့ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ပြီးတော့ မြန်မာအစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း ရွေးကောက်ပွဲ အကောင်အထည်ဖော်မယ့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ပါဝင်ခွင့်ပြုဖို့ ဖြစ်ပါတယ်။”

တရုတ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပြီး မြောက်ကိုရီးယားနိုင်ငံနဲ့ ပြောဆိုဆွေးနွေးနေတဲ့ ၆ နိုင်ငံ ပြောဆိုဆွေးနွေးမှုကို အပြီးသတ် မဖျက်သင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန် ဂျီးချီ (YANG JIECHI) က ပြောပါတယ်။

“ပြောဆိုဆွေးနွေးနေတဲ့ ကိစ္စမှာ အခက်အခဲတွေကို ရင်ဆိုင်နေရပေမယ့်လည်း အချိန်ကာလ အတော်ကြာကတည်းက ကြီးမားတဲ့ တိုးတက်မှုတခု ရခဲ့တယ် ဆိုတာကိုတော့ ဘယ်သူမှ ဥပေက္ခာပြုထားလို့ မရပါဘူး။ အဲဒါကြောင့် မဟာဗျူဟာနဲ့ ရေရှည်အကျိုးစီးပွားကို ကြည့်ပြီးတော့ ၆ နိုင်ငံ ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်စနိုင်ဖို့အတွက် လုပ်ရပါမယ်။ ဒီကိစ္စဟာ အလွန်ကို အရေးပါတဲ့ကိစ္စ ဖြစ်တာကြောင့် တရုတ်နိုင်ငံကတော့ ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကျန်တဲ့ ၅ နိုင်ငံစလုံးနဲ့ အနီးကပ် ဆက်ဆံမှုတွေ ရှိနေပါတယ်။”

ဒီအစည်းအဝေးမှာ တက်ရောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ နျူကလီးယား စီမံကိန်း အဆုံးသတ်ရေး ပြောဆိုဆွေးနွေးမှုဟာ ပြီးဆုံးသွားပြီလို့ ပြောကြားလိုက်ပြီး အမေရိကန် အစိုးရရဲ့ ရန်လိုတဲ့ မူဝါဒတွေအပေါ် ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။ ( ဗွီအိုအေ )


မြောက်ကိုရီးယားအပေါ် ကုလ အရေးယူမှု စစ်အစိုးရ လိုက်နာဖို့ ကတိပြု


ထိုင်းနိုင်ငံ ဖူးခက် ပင်လယ်အပန်းဖြေ စခန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ဒေသတွင်း လုံခြုံရေး အစည်းအဝေးမှာ အမေရိကန်အစိုးရ ကိုယ်စားလှယ်တချို့နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တချို့တို့ဟာ ဗုဒ္ဓဟူးနေ့ညက ထူးထူးခြားခြား သီးခြားတွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာစစ်အစိုးရအနေနဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ကုန်သွယ်ရေးအရ ပိတ်ဆို့ဒဏ်ခတ်တဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို ပါဝင် အကောင်အထည်ဖော်ဖို့ အမေရိကန် အရာရှိတွေက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင် တရားရုံးမှာ စွဲချက်တင် ခံနေရတာနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ချက်ဟာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်မှာ အကျိုးဆက်တွေ အများကြီး သက်ရောက်မှုရှိနိုင်မှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုယ်တိုင်တော့ မြန်မာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ လိုက်ပါသွားခြင်း မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေက ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် ကုန်သွယ်ရေးအရ ပိတ်ပင်ဒဏ်ခတ်တာကို လိုက်နာဆောင်ရွက်ဖို့ ကြိုးစားသွားမယ်လို့ ပြန်လည် တုံ့ပြန်လိုက်တဲ့ အပေါ်မှာတော့ ၀န်ကြီး ကလင်တန်က ကြိုဆိုလိုက်ပါတယ်။ ဒေသတွင်း လုံခြုံရေး အစည်းအဝေး မစတင်ခင် ဗုဒ္ဓဟူးနေ့တုန်းကလည်း ၀န်ကြီး ကလင်တန်က မြန်မာစစ်အစိုးရလက်ထဲ မြောက်ကိုရီးယားက နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာတွေ ရောက်သွားနိုင်ခြေ ရှိတဲ့အပေါ်မှာ အင်မတန် စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်သင့်သလားလို့ဆိုပြီး သတင်းထောက်တွေက သူ့ကိုမေးတော့ ၀န်ကြီး ကလင်တန်က ဒါဟာ စဉ်းစားသင့်တဲ့ မူဝါဒေရေးရာ ပြောင်းလဲမှုတရပ် ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့တာ ရှိပါတယ်။ ဒီကနေ့မှာတော့ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) က ဒေါ်အောင်ဆန်းစုကြည်အမှု တခုတည်းနဲ့ ပတ်သက်တာလောက် နဲ့တော့ မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်ပစ်ဖို့ အာဆီယံ အသင်းကြီးက စဉ်းစားမှာ မဟုတ်ဘူးလို့ ပြန်လည် တုံ့ပြန် လိုက်ပါတယ်။ ( ဗွီအိုအေ )

အပြီးသတ်လျှောက်လဲဖို့ ရှေ့နေတွေ ဒေါ်စုနဲ့ ဆွေးနွေး

လက်ရှိ ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆို ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေဟာ ဒီကနေ့ နေ့လယ်ပိုင်းက အင်းစိန်ထောင်တွင်း ဧည့်ရိပ်သာဆောင်တခုမှာ ၂ နာရီကြာ တွေ့ခွင့်ရခဲ့ပါတယ်။ မနက်ဖြန် သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက် တင်ကြရတော့မှာမို့ အခုလို အာဏာပိုင်တွေက တွေ့ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အစောပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ တွေ့ခွင့်တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပါဘူး။ ဒီကနေ့ တွေ့ခွင့်ပေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတိုင်ပင်ခဲ့တာတွေနဲ့ ပတ်သက်လို့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“ကျနော်တို့ အဓိကကတော့ ၂၄ ရက် မနက်ဖြန်အတွက် အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ညှိနှိုင်းတာပေါ့။ ပြင်သင့်တာလည်း ပြင်၊ ထပ်တိုးသင့်တာလည်း တိုးတာပေါ့။ အဲဒီညှိနှိုင်းချက်တွေကို ကျနော်တို့က မနက်ဖြန်အမီ စာတွေဘာတွေ ရိုက်ကြရမယ်လေ။ ဒီနေ့ နောက်ဆုံး ညှိနှိုင်းတာပဲ။”

ဒီကနေ့ ဆွေးနွေးမှုအတွင်း အကျိုးဆောင် ရှေ့နေတွေဘက်ကနေ မနက်ဖြန် လျှောက်လဲတင်သွင်းမယ့် အချက်အလက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြင်ဆင်ခဲ့တာတချို့ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။

“သူက လျှောက်လဲချက်ထဲမှာ ကျနော်တို့ရေးထားတဲ့ တချို့ကိစ္စတွေမှာ တစုံတဦး ထိခိုက်နစ်နာမယ့် ဟာမျိုးဆိုရင် သူ ဖြုတ်ခိုင်းပါတယ်။ သူ့အပေါ်မှာ အာဃာတနဲ့ တရားစွဲတယ်ဆိုတဲ့ အချက်တွေ၊ ဒါတွေကို ရေးတဲ့နေရာမှာ ကျနော်တို့က တခြား ပုဂ္ဂိုလ်တဦးဦး ထိခိုက်စေမယ့် သဘောမျိုးဆိုရင် သူ မထည့်ပါဘူး၊ ဖြုတ်ခိုင်းပါတယ်။ မှတ်မှတ်ရရ ပြောရရင် အဲဒါတော့ သူလုပ်ပါတယ်။”

ဒါ့အပြင် အာဏာပိုင်တွေဘက်က အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာကို ကပ်ပြီး အကြောင်းကြားခဲ့တဲ့ အတွက်လည်း ရှေ့နေတွေ ၄ ဦးစလုံးတွေ့ဖို့ အခက်အခဲ ရှိခဲ့တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပြပါသေးတယ်။

“ကျနော်တို့ မနေ့က စာတစောင် ပြန်တင်တယ်။ အကျိုးအကြောင်း ဖော်ပြတယ်၊ ဘာကြောင့် တွေ့ချင်တယ်၊ ဒါ အရေးကြီးတယ် ဆိုတဲ့ဟာကို တင်တယ်။ ဒီနေ့ ၁၂ နာရီခွဲမှာ တွေ့ခွင့်ပြုတယ်လို့ တယ်လီဖုန်းနဲ့ အကြောင်းကြားတယ်၊ ၂ နာရီမှာ တွေ့ရမယ်ဆိုပြီးတော့။ ကျနော်တို့ကလည်း အားချင်း ပြင်ဆင်ပြီး သွားကြရတာ။ တွေ့ခွင့်ရတာတော့ ၄ ယောက်စလုံးပဲ။ ဒါပေမယ့် ၂ နာရီတွေ့ဖို့ကို ၁၂ နာရီခွဲမှ သိတော့ ဦးလှမျိုးမြင့်ကို ကျနော်တို့ ဆက်သွယ်လို့ မရတော့ဘူး။ သူကလည်း အပြင်သွားနေတာနဲ့ ကျနော်တို့ ဘယ်လိုမှ လုပ်မရတော့ သူတယောက် ကျန်ခဲ့ပါတယ်။ ဒါက မပါတာ မဟုတ်ဘူး၊ ပါပါတယ်။ အချိန်နည်းနည်းလေးဆိုတော့ ကျနော်တို့ အားလုံး ဆက်သွယ်လို့ မရပါဘူး။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး အမြဲ ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှု စတင်ကတည်းက အခုထိ ပန်းမပန်တော့တဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်ခါနီး ရက်ပိုင်းအလိုမှာ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ ချုပ်နှောင်ခဲ့တာဖြစ်ပြီး နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုနဲ့ အခုလို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့အမှုကို မေလ ၁၈ ရက်နေ့မှာ စတင်ကြားနာခဲ့တာဖြစ်ပြီး မနက်ဖြန်မှာ နှစ်ဖက်ရှေ့နေတွေကနေ အပြီးသတ် လျှောက်လဲချက် ပေးရတော့မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ သူ့မှာ အပြစ်မရှိတဲ့အကြောင်း တရားရုံးတော်ကို ထွက်ဆိုခဲ့ပြီးသားပါ။

တဆက်တည်းမှာပဲ အင်းစိန်ထောင်အနီး သီရိလမ်းနဲ့ လှိုင်မြစ်လမ်းထောင့်မှာရှိတဲ့ မီးရထားဝန်ထမ်း ဆေးရုံက လူနာအားလုံးကို အာဏာပိုင်တွေကနေ ဒီမနက်မှာ ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတချို့က ဗွီအိုအေကို ပြောပြပါတယ်။ အတွင်းလူနာအဖြစ် ကုသနိုင်တဲ့ ဆေးရုံအဆောင်ကြီး ၂ ခုမှာ ဆေးကုသနေကြတဲ့ လူနာတွေထဲက တချို့ကို တခြားဆေးရုံတွေဆီ ပြောင်းရွှေ့ခဲ့ပြီး တချို့ကိုတော့ အိမ်ပြန်လွှတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ဖြစ်လေ့ဖြစ်ထ မရှိတဲ့အတွက်လည်း အများကတော့ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု နောက်ဆုံးကြားနာမယ့်ရက်နဲ့ တိုက်ဆိုင်နေတာမို့ လုံခြုံရေးအရ ကြိုတင်ရှင်းထားတာ ဖြစ်နိုင်တယ်ဆိုပြီးတော့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။ ( ဗွီအိုအေ )

Thursday, July 23, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုရီးယားဌာနခွဲ ဥက္ကဌ ဦးအောင်မြင့်ဆွေ ဘီဒီစီ အင်တာဗျူး အစီအစဉ်


၂၀၀၉ ခုနှစ် ဇွန်လ ၂၈ ရက် ဒေါ်ဇင်ဇင်မျိုးသန့် (သတင်းထောက်၊ Burma Democratic concern ) က ဦးရေမွန်ထူး ( KNPP)နှင့် ဦးအောင်မြင့်ဆွေ ( ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ) တို့ကို မြန်မာနိုင်ငံ၏ အခြေအနေများကို အမေးအဖြေ ပြုလုပ်ခဲ့ပါသည်။

U Raymond Htoo, Central Executive Committee Member of Karenni National Progressive Party (KNPP), U Aung Myint Swe, Chairman of the National League for Democracy (Liberated Area- Korea) and Zin Zin Myo Thant, Campaign Officer of Burma Democratic Concern (BDC) discussed the current situation of Burma.

ရွှေမန်း တရုတ် နှင့် မြောက်ကိုရီးယား ခရီးစဉ် လျှို့ဝှက်အစီရင်ခံစာ

Report on Shweman Visit to N.korea

Wednesday, July 22, 2009

မြန်မာသွင်းကုန် ပိတ်ဆို့မှု အောက်လွှတ်တော် သက်တမ်းတိုး

မြန်မာနိုင်ငံက သွင်းကုန်တွေကို ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှု ဥပဒေကို မကြာသေးခင် အချိန်ကပဲ အမေရိကန် အောက်လွှတ်တော်ကနေ ကန့်ကွက်သူမရှိ နောက်တနှစ် သက်တမ်းတိုးဖို့ အတည်ပြုလိုက်ပါတယ်။ အောက်လွှတ်တော် အစည်းအဝေးနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေပါ သွင်းကုန်ကန့်သတ်ချက် အရေးယူဖို့အတွက် နောက်တနှစ် သက်တမ်းတိုးဖို့ အမေရိကန် စံတော်ချိန် အခု ညနေပိုင်းမှာပဲ အမေရိကန် အောက်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာပါ။ ဒီဥပဒေအရဆိုရင် မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့၊ မြန်မာနိုင်ငံမှာ တပ်ဆင်တဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ တွင်းထွက်ပစ္စည်းတွေ၊ အခြား မြန်မာနိုင်ငံ ထွက်ကုန် ပစ္စည်းမှန်သမျှ အမေရိကန် ပြည်ထောင်စုကို သွင်းကုန် တင်သွင်းတာကို ပိတ်ပင်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်နေတာကြောင့် မြန်မာစစ်အစိုးရကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်သွားဖို့ လိုအပ်တယ်လို့ မစ်ချီဂန်ပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဆန်ဒါ လီဗင် (Sander Levin) က အခုလို အောက်လွှတ်တော် အစည်းအဝေးမှာ တင်ပြသွားခဲ့ပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“အရပ်သားတွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို စစ်အစိုးရအနေနဲ့ ဥပဒေမဲ့ ဖမ်းတာ ဆီးတာတွေ လုပ်နေပါတယ်။ မြန်မာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့ အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနားကို လာရောက်ခဲ့ကြတဲ့ နိုင်ငံရေး လှုပ်ရှားသူ ၅၀ လောက်ကိုလည်း အခု ပြီးခဲ့တဲ့ ရက်တွေအတွင်းကပဲ ယာယီ ထိန်းသိမ်းခဲ့ပါတယ်။ ထောင်တွေထဲမှာဆိုလည်း သူတို့ကို နှိပ်စက်တာတွေ၊ အစာရေစာ၊ ဆေးဝါး မပေးဘဲ ထားတာတွေ၊ စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေပါတယ်” လို့ ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဆန်ဒါ လီဗင် ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နယ်စပ် တိုင်းရင်းသား ဒေသတွေမှာလည်း အရပ်သား ပြည်သူတွေကို မြန်မာစစ်တပ်က စစ်ဆင်နေတဲ့ကိစ္စ၊ ညှဉ်းပန်းနှိပ်စက်နေတဲ့ ကိစ္စနဲ့ အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး ဒီဥပဒေကို ဆက်ပြီး အတည်ပြုသွားဖို့ လိုမယ်ဆိုပြီး အခြား လွှတ်တော်အမတ်တွေကိုလည်း တိုက်တွန်းသွားပါတယ်။

တက္ကဆက်ရဲ့ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် ကီဗင် ဘရတ်ဒီ (Kevin Brady) ကလည်း မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ထိစပ် ဆောင်ရွက်မှုကို ငြင်းပယ်နေတယ်လို့ အခုလို ပြောသွားပါတယ်။

“အတိအကျ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် တောင်းဆိုနေတာတွေကို မြန်မာစစ်အစိုးရဘက်က လျစ်လျူပြုထားပါတယ်။ ဒါတင်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုတာကိုလည်း ငြင်းပယ်ခဲ့ပါတယ်။” လို့ အောက်လွှတ်တော်အမတ် ကီဗင် ဘရတ်ဒီက ပြောသွားပါတယ်။

တကမ္ဘာလုံးက၊ အထူးသဖြင့် အာရှဒေသက တရုတ်နဲ့ အာဆီယံတို့ကပါ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေး ဆောင်ရွက်မှုတွေမှာ ပါဝင်လာဖို့ လိုတယ်၊ ဒီ့အတွက် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အနေနဲ့ အခု အာရှခရီးစဉ် ရောက်တုန်းမှာလည်း ဆောင်ရွက်ဖို့ လိုမယ်ဆိုပြီး ပြောသွားပါတယ်။

ဒါ့အပြင် နယူးယောက်ခ် ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဂျိုးဇက် ခရိုလေ (Joseph Crowley) ကလည်း မြန်မာနိုင်ငံအရေးမှာ နိုင်ငံပေါင်းစုံ ပါဝင်မှဖြစ်မယ်ဆိုပြီး အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံ အပြောင်းအလဲအတွက် နိုင်ငံပေါင်းစုံ ဆောင်ရွက်မှဖြစ်မယ်ဆိုပြီး မျှော်လင့်ထားပါတယ်။ တကမ္ဘာလုံးက၊ အထူးသဖြင့် တရုတ်နဲ့ အာဆီယံအနေနဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဖိအားတွေ ပေးသွားဖို့ လိုပါတယ်။ အခု ဒီဥပဒေဟာ နိုင်ငံပေါင်းစုံ ပါဝင်လာဖို့ အခွင့်အလမ်း ပေးထားတာကြောင့် ဒီဥပဒေကို ကျနော့်အနေနဲ့ ထောက်ခံတင်သွင်းပါတယ်။”

ဂျိုးဇက် ခရိုလေဟာ ဒီဥပဒေကို နောက်ထပ် တနှစ် သက်တမ်းတိုးဖို့အတွက် အဆိုပြု တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒီ့နောက် ဒီဥပဒေနဲ့ ပတ်သက်ပြီး အသံနဲ့ မဲခွဲတဲ့နေရာမှာတော့ ကန့်ကွက်သူမရှိဘဲ နောက်ထပ် ဒီဥပဒေကို တနှစ်သက်တမ်း တိုးဖို့အတွက် အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကိုတော့ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုအနေနဲ့ အမေရိကန် ပြည်ထောင်စုက အတည်ပြု ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Monday, July 20, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဇာနည်နေ့ ထုတ်ပြန်ကြေငြာချက်

NLD statement on 19th July 2009

NLD Statement on July 19 2009 _Martyrs Day

၆၂နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဘွယ် အခမ်းအနား(ကိုရီးယား)


၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၉ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီအချိန်မှ ၁၂နာရီ ၃၀ မီနစ်အချိန်ထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ၏ ရုံးခန်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရိးယားဌာနခွဲက ဦးစီး၍ ကရင် လူငယ် အစည်းအရုံး( ကိုရီးယားဌာနခွဲ) ယာယီ၊ ချင်းတိုင်းရင်းသားအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၆၂ ခုနှစ်မြောက် အာဇာနည်နေ့ လွမ်းဆွတ်ဖွယ်အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံသား အချို့လည်း တက်ရောက်ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ပတ်သက်၍ အောက်မေ့ဘွယ် ပြောဆိုကြပါသည်။


သတင်းနှင့် ပြန်ကြားရေး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)
ကိုရီးယားဌာနခွဲ

http://www.nldla.or.kr

Sunday, July 19, 2009

အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း အလှူလုပ်မည်

မနက်ဖြန် ကျရောက်မယ့် ၆၂ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွင်းမှာ အလှူဒါန ပြုလုပ်ဖို့ ရှိနေပါတယ်။ ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခံ၊ တရားစွဲဆိုတာ ခံနေရတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းမှာ အကျဉ်းရုံး အခမ်းအနားတခု ပြုလုပ်မှာပါ။ တချိန်တည်းမှာ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း အခမ်းအနားတွေလုပ်ဖို့ စီစဉ်နေပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေကို အောက်မေ့ဖွယ် အခမ်းအနားတခုအဖြစ် အကျဉ်းကျခံနေရတဲ့ ထောင်တွင်းမှာ အလှူပေးမယ့် အခမ်းအနားတခု ပြုလုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ထားတာပါ။ တားမြစ်ကန့်သတ်ချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံထားရတဲ့ အမှုနဲ့ ပတ်သက်လို့ နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲရမှာမို့ သောကြာနေ့၊ မနေ့တုန်းကပဲ ဥပဒေရေးရာ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေကို ပြောပြခဲ့တာပါ။

အာဇာနည်တွေ ကျဆုံးတဲ့ ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီလို အကျဉ်းရုံးပြုလုပ်တဲ့ နေရာမှာ ထောင်တွင်းဆေးရုံမှာ ကုသမှု ခံယူနေရတဲ့ အကျဉ်းသားတွေကို အစားအသောက် လှူဒါန်းမှာဖြစ်တယ်လို့ သူ့ရဲ့ အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီအတွက် လိုအပ်မယ့် ပစ္စည်းတွေကိုလည်း ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမျိုးမြင့်က အင်းစိန်ထောင်ကို သွားရောက်ပေးပို့ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“တနာရီခွဲမှာ လိုအပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မှာတဲ့ ပစ္စည်းတွေ အားလုံးကို သူတို့ လက်ခံပြီး သွားပို့ပေးတယ်။ ပစ္စည်းက ကျနော် မှတ်မိသလောက် ကွေကာအုပ် အထုပ်ကြီး ၁၁ ထုပ်၊ တယောက်စာ ကိတ်မုန့်အထုပ် ၃၃၀၊ ကျနော်သိတဲ့ အစီအစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ထောင်ဆေးရုံတက်နေတဲ့ ပုဂ္ဂိုလ်အားလုံးကို အလှူဒါန ပြုမယ်။”

လွန်ခဲ့တဲ့ ၁၉ နှစ်တာ ကာလအတွင်း ၁၃ နှစ်လောက် ဖမ်းဆီးထိန်းသိမ်း ခံနေခဲ့ရတာမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လုပ်ကြံသတ်ဖြတ် ခံခဲ့ရသူ ၉ ဦးအတွက် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို မကြာခဏဆိုသလို တက်ရောက်နိုင်တာမျိုးတော့ မရှိပါဘူး။ ဒီတကြိမ်မှာလည်း အကျဉ်းကျခံဘ၀နဲ့ ဖခင်ကွယ်လွန်တဲ့ အထိမ်းအမှတ်ကို ဖြတ်သန်းရမယ့်အပေါ် သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေအဖို့ လက်မခံနိုင်စရာ ဖြစ်နေရတယ်လို့ ပါတီပြောခွင့်ရသူ ဦးဝင်းနိုင်က ပြောပါတယ်။

“ကိုယ့်အဖေ ကွယ်လွန်တဲ့နေ့မှာ လွတ်လွတ်လပ်လပ် ကောင်းမှုကုသိုလ်ပြု၊ အမျှအတန်းဝေ၊ စိတ်လက်ချမ်းသာစွာနဲ့ ရှိရမယ့် ဒီလိုကာလမျိုးမှာ တပူပေါ် နှစ်ပူဆင့်၊ အမှု တခုပြီးတခု၊ ပြဿနာ တခုပြီးတခု ဖြေရှင်းနေရတယ်။ ပြဿနာကလည်း ကိုယ်ကစတဲ့ ပြဿနာ မဟုတ်ဘူး။ အဲတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာတော့ ကျနော်တို့က ကရုဏာလည်း သက်မိတယ်၊ ဒီအပေါ်မှာလည်း ကျနော်တို့ အဖွဲ့ဝင်တွေ အားလုံးက စိတ်မကောင်း ဖြစ်ကြတယ်။

“အခုချိန်မှာ ဘာအပြစ်မှ မရှိဘဲနဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ထည့်ထားပြီးတော့ အခုလို ရင်ဆိုင်နေရတဲ့ ဘ၀မျိုးကတော့ ကျနော်တို့အနေနဲ့ ကြာရှည် တွေ့လည်း မတွေ့လိုဘူး၊ မြင်လည်း မမြင်လိုဘူး။”

ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို သူ့ရဲ့ NLD ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ဘဲ ကျင်းပရဖို့ ရှိနေပါတယ်။ NLD က စီစဉ်ထားတဲ့ အခမ်းအနားနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရသူ ဦးဝင်းနိုင် ပြောပြတာကတော့ …

“မနက်ဖြန်ကို အရုဏ်ဆွမ်း ဘုန်းကြီး ၅ ပါး ပင့်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အမျှအတန်း ပေးဝေမှာပါ။ အဲဒါပြီးရင် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲမယ်၊ ပြီးရင် အာဇာနည်ကုန်းဘက်ကို မျက်နှာမူပြီး အလေးပြုကြမှာပါ။ အဲဒါပြီးလို့ နေ့လယ် ၁၂ နာရီခွဲမှာ အခမ်းအနား စမယ်။ အခမ်းအနားဖွင့်မယ်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို အလေးပြုမယ်။ ပြီးရင်တော့ ဒီမိုကရေစီ အရေးတော်ပုံ အဆက်ဆက်မှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက်မယ်။ ပြီးရင် အဖွဲ့ချုပ် သဘာပတိ မိန့်ခွန်းပေါ့၊ ပြီးရင် အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ အာဇာနည်နေ့ ကြေညာစာတမ်း ဖတ်ကြားမယ်။ ပြီးရင် သ၀ဏ်လွှာတွေ ဖတ်မယ်။ အဲဒါပြီးရင်တော့ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာမှာပေါ့။”

NLD ပါတီ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားမှာတော့ မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းက ပုဂ္ဂိုလ်တွေ၊ သံတမန်တွေနဲ့ စာနယ်ဇင်းသမားတွေကို ဖိတ်ကြားထားတယ်လို့လည်း NLD ပါတီက ပြောပါတယ်။ ( ဗွီအိုအေ )

Thursday, July 16, 2009

အဖွဲ့ချုပ် ပြန်ကြားရေး အသစ်ပြန်လည်ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ (Central Information Committee-NLD ) ကို မကြာသေးမီက ပြန်လည်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပ ပြီးစီးခဲ့သည့် NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အဖွဲ့၏ အမည်မှာ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ ဟု ဆိုသည်။

အဖွဲ့၏ပြန်ကြားရေးတာဝန်ခံအဖြစ် အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေ ကိုတာဝန် ပေးအပ်ထားပြီး အဖွဲ့ဝင်များအဖြစ် ဦးအုန်းကြိုင် ၊ ဦးဉာဏ်ဝင်း ၊ ဦးသိန်းညွန့် ၊ ဦးစိန်လှဦး ၊ ဦးဟံသာမြင့် ၊ ဒေါက်တာဝင်းနိုင် တို့ဖြင့် ဖွဲ့ စည်းထားသည်ဟု သိရသည်။

“သတင်းနှင့် ပြန်ကြားရေး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကတော့ အရင်ပြန်ကြားရေး တာဝန်ခံ ဥက္ကဋ္ဌ ဦးအောင်ရွှေ ကျန်းမာရေး မကောင်းတဲ့အတွက် ပြန်ကြားရေးလုပ်ငန်းတွေ သွက်လက်ထက်မြက် လာအောင်၊ ပိုပြီးတော့ သတင်းတွေ မြန်မြန်ဆန်ဆန် ဖြန့်ချိနိုင်အောင် အဖွဲ့ကို ပြန်ဖွဲ့တာပါ”ဟု ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေ က ပြောကြားသည်။

NLD က ထုတ်ပြန်မည့်သတင်းများနှင့် ပတ်သက်ပြီး ယခုဖွဲ့စည်းလိုက်သည့် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ကသာ တရားဝင်ထုတ်ပြန်မည်ဟု ၎င်းကဆိုသည်။

ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တဦးဖြစ်သော ဒေါက်တာဝင်းနိုင်က“အနာဂတ် အနေနဲ့ ပုံမှန်လုပ်နေတာအပြင် လိုအပ်ရင် လိုအပ်သလို အဖွဲ့ချုပ် ရဲ့ပေါ်လစီများ ကိုထုတ်မယ်၊ နောက် တခုက ကျနော် တို့နဲ့ပတ်သက်တဲ့သတင်းတွေ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ ရှင်းစရာ ရှိတာတွေကို ရှင်းနိုင်အောင် ၊ ခုခံနိုင် အောင် ၊ နိုင်ငံတကာ အဖွဲအစည်းတွေနဲ့ပတ်သက်ပြီး လိုအပ်ရင်အဖွဲ့ချုပ် ကိုယ်စား Respond လုပ်နိုင်အောင် ဖြစ်တယ်” ဟုပြောကြားသည်။

ယခင် NLD အတွင်းရေးမှူး ဦးလွင် သတင်းနှင့်ပြန်ကြားရေးကို တာဝန်ယူစဉ်က မီဒီယာများနှင့် ဆက်ဆံရေးမှာ ပြေပြစ်မှု မရှိဟု မကြာခဏ ဝေဖန်ခံခဲ့ရသည်။

နောက်ပိုင်းတွင် ဦးလွင် ကျန်းမာရေးမကောင်း သောကြောင့် ဥက္ကဋ္ဌ ဦးအောင်ရွေက တာဝန်ယူခဲ့သည်၊ ယခုအခါ ဦးအောင်ရွှေမှာလည်း ကျန်းမာရေး မကောင်း၍ အနားယူနေရသောကြောင့် သတင်းများနှင့် အဆက်ပြတ် နေပြီး ပြန်လည် ဖြေရှင်းမပေးနိုင်၍ ဦးခင်မောင်ဆွေ က တာဝန်ခံအဖြစ် ပြန်လည် ဖွဲ့စည်း ခြင်း ဖြစ်သည်။

NLD ၏ နိုင်ငံရေး မူဝါဒ သဘောထားမှာ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ရွေဂုံတိုင် ကြေညာချက် အတိုင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နအဖ စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး မူဝါဒ အတိုင်းသာဖြစ်သည် ဟု ဒေါက်တာဝင်းနိုင် က ပြောကြားခဲ့သည်။

ယခု NLD သတင်းနှင့်ပြန်ကြားရေး ခေါင်းဆောင် ဦးခင်မောင်ဆွေသည် စမ်းချောင်းမြို့နယ် ရွေးကောက်ခံ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည်။ ထောင်ဒဏ် ၂ ကြိမ် ကျခံခဲ့ရပြီး ၊ ဒုတိယအကြိမ်တွင် ထောင်တွင်း၌ ၁၅ နှစ် ခန့် နေခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် လွတ်မြောက်လာခဲ့သည်။ ( ဧရာဝတီ )

အပြီးသတ်လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ဆွေးနွေးမည်

အပြီးသတ်လျှောက်လဲချက်မူကြမ်းတင်ပြရန်နှင့် အမှုကိစ္စဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေများ မနက်ဖြန်တွင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “မနက်ဖြန် ဒေါ်စုနဲ့တွေ့တာကတော့ အဓိကက အပြီးသတ်လျှောက်လဲချက် ဆွေးနွေးမှာပဲ။ အခုတွေ့ခွင့်တောင်းတာလည်း အပြီးသတ်လျှောက်လဲချက်အတွက်ပဲ ကျနော်တို့တောင်းတာပဲ။ ကျနော်တို့ အပြီးသတ်လျှောက်လဲချက်မှာ ၁၉၇၄ ခု အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၁၅၉ (က) နဲ့ ပတ်သက်တဲ့အချက်ပါပါတယ်။ ဒါပေမယ့် အဲဒီတချက်တည်းမဟုတ်ဘူး။ ကျန်တဲ့ အချက်တွေလည်း ရှိသေးတယ်။ ဒါပေမယ့် အပြီးသတ်လျှောက်လဲချက်ဆိုတာ တရားရုံးရှေ့မှာ ပြောရတာလေ။ ကျနော်တို့ အခုလက်နက်တွေ ထုတ်ပြလို့ မဖြစ်သေးဘူးနော်။ အဲဒီဥပဒေရှိတာဆိုရင် ဘယ်လို၊ မရှိတာဆိုရင် ဘယ်လို အားလုံးပါမယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ် အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုထားသည်။
[ ဆက်ဖတ်ရန် +/- ]

ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲတင်မှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးသာ တင်သွင်းခွင့်ပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းခွင့်ရခဲ့သော သက်သေ (၂) ဦးမှာ ရှေ့နေများဖြစ်ကြပြီး တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ထားသည့် ပုဒ်မ ၁၅၉ (က) သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဖြစ်နေသည့်အတွက် သက်ဝင်မှုရှိမရှိစဉ်းစားကြရန် သက်သေ (၂) ဦးစလုံးက တင်ပြလျှောက်လဲခဲ့ကြသည်။

ထိုကဲ့သို့ တင်ပြလျှောက်လဲရခြင်းနှင့်စပ်လျဉ်း၍ ရှေ့နေကြီး ဦးကြည်ဝင်းက “၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အာဏာသက်ရောက်မှု ရှိသေးသလား။ မရှိတော့ဘူးလား။ ဒီဟာက နံပါတ် (၁) အခြေခံတာပေါ့ဗျာ။ အဲဒါက မရှိတော့ဘူး ဆိုရင်တော့ ဒီပုဒ်မ ၁၅၉ (က) ကလည်း သက်ဝင်မှုမရှိတော့ဘူး။ အဲလိုဖြစ်သွားမယ်လေ” ဟု ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခြေခံရမည့်မူများတွင် ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေး၊ ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်ရေး၊ တပါတီစနစ် ကျင့်သုံးရေးတို့ ပါဝင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်တွင် ထိုအခြေခံမူ များ ပျောက်ကွယ်ခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြသည်။

“အဲတော့ စောစောက ပြောတဲ့ အခြေခံမူဆိုတာတွေက တော်တော်ပျက်သွားတာ။ ပျက်သွားတော့ ဒီထဲမှာမှ တခါ ၁၉၉၀ ခုနှစ် တုန်းကတော့ ရွေးကောက်ပွဲမတိုင်မီ ဗိုလ်ချုပ်မှူးကြီးစောမောင် ပြောတယ်။ ပြီးတော့လည်း ကြေညာချက် ၁/၉၀ ထုတ်ခဲ့တယ်ဗျာ။ ထုတ်ခဲ့တော့ အဲဒီမှာက ဖွဲ့စည်းပုံအခြေခံဥပဒေအနေအထားကို ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောတဲ့ စကားနော်။ သူရဲ့မိန့်ခွန်းတွေ ပြန်ဖတ်ရင် ဘာတွေ့မလဲဆိုတော့ ဒီကနေ့တို့လုပ်နေတာ စစ်အစိုးရ (Military Government) တဲ့။ ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုမှ လိုက်နာနေရခြင်းမရှိဘူးတဲ့။ နောက်ပြီးတော့ ကမ္ဘာတခုလုံး ဘယ်မှာကြည့်ကြည့်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပျက်သွားတာပဲတဲ့။ အသက်မရှိတော့ဘူးတဲ့။ သူက အဲလိုပြောသွားတယ်” ဟု ဦးကြည်ဝင်းက ဆက်လက်ပြောဆိုသည်။

သို့ရာတွင် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား စတင်ထိန်းသိမ်းခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိတကြိမ်၊ ၂၀၀၀ ပြည့်နှစ်မှ၂၀၀၂ ခုနှစ်အထိတကြိမ်၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိတကြိမ်၊ စုစုပေါင်း (၃) ကြိမ်စလုံး ထိုဥပဒေဖြင့် အရေးယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အင်းစိန်ထောင်အထူးတရားရုံး တရားခွင်တွင် ရုံးတင်စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည် ယခုရင်ဆိုင်နေရသောအမှုနှင့် ပတ်သက်၍ ကန့်သတ်မိန့် ၁၅၉ (က) ကို သက်ဝင်စေမည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ရှိခြင်း ရှိမရှိဆိုသည့် အချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်မှ တင်ပြဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

“ပုဒ်မ ၁၅၉ ဆိုတာကတော့ နိုင်ငံသားတယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု မူလအခွင့်အရေးနှင့် လုံခြုံရေးအတွက် အာမခံချက်ရှိစေရမယ်တဲ့။ အဲဒါကို ကန့်သတ်လိုက်တာ။ ကျနော်တို့တင်ပြနေတာ ဘာလဲဆိုတော့ လွတ်လပ်မှု မူလအခွင့်အရေး ကန့်သတ်တာတော့ ထားပါဦး။ ဒါပေမယ့် လုံခြုံရေးဆိုတာကြီးနဲ့ တွဲနေတာ။ လုံခြုံရေးအာမခံချက်။ အာမခံချက်ကလည်း ဒါဟာ ဖွဲ့စည်းပုံက ပေးထားတဲ့အာမခံ။ ဆိုတော့ ဒီအာမခံချက်ကို ဘယ်သူက တာဝန်ယူရမလဲ။ အစိုးရပေါ့ဗျာ။ အဲလိုတာဝန်ယူရတာ။ အဲဒီတာဝန်ကို ရုပ်သိမ်းလို့ရမလား။ ဖွဲ့စည်းပုံအခြေခံဥပဒေက အစိုးရအာဏာပိုင်ကို ပေးထားတဲ့ တာဝန်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိသေးတယ်လို့ ယူဆရင် သူတို့ အဲဒါကို ငြင်းလို့ရလား။ နိုင်ငံသားရဲ့ မူလအခွင့်အရေးကန့်သတ်တာတော့ ထား။ သူ့တို့တာဝန်ကိုတော့ သူတို့ ပြန်ကန့်သတ်လို့ရလား။ အဲဒါပါပဲ” ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

ထိုကဲ့သို့ အငြင်းပွားဖွယ်ရာ ဥပဒေပြဋ္ဌာန်းချက်ပါ စကားရပ်များ၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပေးနိုင်ခွင့်ရှိသော ပြည်သူ့လွှတ်တော် ဆိုသည့် နေရာကို စကားရပ်အစားထိုးပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “တကယ်တမ်းကျတော့ ဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုမယ်ဆိုရင် ပုဒ်မ ၂၀၀ နဲ့ ၂၀၁ အရ ပြည်သူ့လွှတ်တော်ကသာ ဖွင့်ဆိုနိုင်တယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေက အဓိပ္ပာယ်ဖွင့်ဆိုလို့ကို မရဘူး။ အခုက ပြည်သူ့လွှတ်တော်ဆိုတာကို စကားရပ်အစားထိုးတာ မရှိသေးဘူးဗျ။ နိုင်ငံတော်ကောင်စီကို နအဖနဲ့ အစားထိုးတယ်။ ကျန်တာတွေ ကျန်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း အဲလိုအစားထိုးတယ်။ သို့သော် ပြည်သူ့လွှတ်တော်ကို စကားရပ်များ အစားထိုးခြင်းနဲ့ အစားထိုးတာ မရှိသေးဘူး။ အဲလိုဖြစ်နေတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးသည့်နောက် ၂၀၀၈ ခုနှစ်ကျမှ သာ ၎င်း၏ရှေ့နေများဖြင့် တွေ့ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် သြဂုတ်လ (၈) ရက်တွင်မှ ရှေ့နေကြီး ဦးကြည်ဝင်းနှင့် စတင်တွေ့ဆုံ ခွင့်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ယခုအမှုသည် နိုင်ငံရေးလုပ်ကြံမှုတခု ဖြစ်သည်ဟု ရှုမြင်ထားကြပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များအား လွှတ်ပေးရန် တောင်းဆိုထားသည်။

လာမည့် ဇူလိုင် (၂၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အမှုအား နှစ်ဘက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက်ပေးရန် အင်းစိန်တရားရုံးက ဇူလိုင် (၁၀) ရက် တရားခွင်တွင် အမိန့်ချမှတ်ခဲ့သည်။

ယခုအမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ဒီအမှုက စွဲတောင်မစွဲသင့်တဲ့အမှုမျိုးပါ။ ဘာပြစ်မှုမှ မရှိဘဲ၊ အတင်းစွဲပြီးတော့ ဒါနဲ့ငြိတယ် ဟိုဟာနဲ့ငြိတယ်။ တကယ်တမ်း အဲဒါတွေကလည်း မငြိဘူးလို့ဘဲ ကျနော်တို့တော့ မြင်တယ်” ဟု ပြောသည်။ ( ခေတ်ပြိုင် )

Wednesday, July 15, 2009

လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်

62nd Martyr's Day in Korea[1]
သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

Tuesday, July 14, 2009

ရွေးကောက်ပွဲမတိုင်မီ အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကုလဆိုင်ရာ မြန်မာသံအမတ်ပြော

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ တောင်းဆိုချက်အရ မြန်မာစစ်အစိုးရက အကျဉ်းသားများကို လူသားချင်း စာနာထောက်ထားမှု အခြေခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောကြားသည်။

မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ယမန်နေ့က အစီရင်ခံတင်ပြရာတွင် မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ သို့သော် ဦးသန်းဆွေက အကျဉ်းသားမည်မျှကို မည်သည့်အချိန်တွင် လွှတ်ပေးမည်ဆိုသည်ကို ထုတ်ဖော်ပြောခြင်းမရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်မည်၊ မပါဝင်မည် ဆိုသည်ကိုလည်း ပြောဆိုခြင်းမရှိခဲ့ဟု သိရသည်။

မြန်မာသံအမတ် ဦးသန်းဆွေ၏ပြောကြားချက်နှင့်ပတ်သက်၍ မစ္စတာဘန်ကီမွန်းက “ဒါဟာ အားတက်စရာဖြစ်ပေမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ကျနော် တင်ပြခဲ့တဲ့ကိစ္စတွေကို သူတို့ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရပါမယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ ဘယ်သူပါမယ်ဆိုတာ ကျနော်သေချာမသိပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဇူလိုင် (၃-၄) ရက် မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် မြန်မာစစ်အစိုးရအား တောင်းဆိုခဲ့သည်။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲခံ နေရကာ အင်းစိန်ထောင်အတွင်း ရုံးတင်စစ်ဆေးခံနေရချိန်ဖြစ်သည်။

ထို့အပြင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခဲ့သည်ကိုလည်း မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေချိန်ဖြစ်သည့်အတွက်ဟု အကြောင်းပြကာ တွေ့ခွင့်မပေးခဲ့ပေ။ ( ခေတ်ပြိုင် )

Wednesday, July 8, 2009

ရွှေဂုံတိုင်ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်းဖြစ်ဟု သတင်းစာဆရာကြီး ဦးဝင်းတင်ပြောကြား

အန်အယ်လ်ဒီက ထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အလက် အားလုံးကို နအဖစစ်အစိုးရက ကျောခိုင်းထားကြောင်း မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွင်း သိသာစေပြီဖြစ်သည်ဟု အန်အယ်လ်ဒီပါတီဝင် ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီပါတီက ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင်ကြေညာချက်တွင် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်ပေးရေးနှင့် အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။

ဦးဝင်းတင်က “အခု မစ္စတာဘန်ကီမွန်း လာပြီးတောင်းဆိုတာတွေကလည်း အန်အယ်လ်ဒီရဲ့ တောင်းဆိုချက်တွေနဲ့ အခြေခံမူအားဖြင့် အတူတူပဲ။ ဒါ့ကြောင့် သူ့ခရီးစဉ်အတွင်းမှာ အစိုးရဘက်က အားရကျေနပ်လောက်ဖွယ်ကောင်းတဲ့ လိုက်လျောမှုတွေ မရှိဘူးဆိုတော့ အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ကလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူးဗျ။ ဘာမှမျှော်လင့်နိုင်တဲ့ အခြေအနေမှာမရှိဘူး” ဟု ပြောသည်။
[ ဆက်ဖတ်ရန် +/- ]

သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် မူဝါဒသစ်များ ပြောင်းလဲချမှတ်ရေးမှာလည်း ပါတီဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ပေါ်ထွက်လာပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု ဦးဝင်းတင်က ပြောသည်။

“အန်အယ်လ်ဒီပါတီထဲမှာလည်း သဘောထားအနုအရင့် ကွဲပြားတာလေးတွေတော့ ရှိတာပေါ့လေ။ အဲဒါတွေကို ညှိနှိုင်းပြီးတော့ လုပ်ဆောင်ကြရမှာပေါ့။ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတင်စစ်ဆေးပြီဆိုကတည်းက နအဖအစိုးရက ရွှေဂုံတိုင်ကြေညာချက်ပါ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ရိုက်ချိုးလိုက်ပြီလို့ ကျနော်ပြောခဲ့တယ်” ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အများယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတို့ အတွက် အဓိကတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ခရီးစဉ်မစတင်မီကပင် ပြောကြားခဲ့သည်။

ထိုကိစ္စများတင်ပြဆွေးနွေးရန် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် (၂) ကြိမ်တိုင်တိုင် တောင်းဆိုသည်ကို ပယ်ချခံခဲ့ရသည်။ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း လုံလောက်သည့်အချိန်မရရှိဘဲ အဓိကပါတီကြီးဖြစ်သည့် အန်အယ်လ်ဒီနှင့် မိနစ် (၂၀) ခန့်သာ တွေ့ဆုံခွင့်ရခဲ့သည်ဟု သိရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ ဦးဝင်းတင်က “မစ္စတာဂမ်ဘာရီလာစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး ကြိုပြောထားပြီးသားလို့ သတင်းစာမှာရေးတယ်ဗျ။ ဆိုတော့ မစ္စတာဘန်ကီမွန်းအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတင်စစ်ဆေးနေတဲ့နောက်ပိုင်းမှာ နိုင်ငံတကာဖိအားတွေ ပိုများလာတဲ့အတွက်ကြောင့်သာ မလာမဖြစ်လာခဲ့ရတာလို့ ကျနော်ထင်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

မစ္စတာဘန်ကီမွန်း၏ အများကယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂက အကူအညီ ပေးလိုပါသည်ဆိုသော ကမ်းလှမ်းချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီးက တစုံတရာတုံ့ပြန်ခဲ့ခြင်းမရှိပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးရှိရမည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသော်လည်း ဗိုလ်ချုပ်မှူးကြီးပြောသော အားလုံးပါဝင်ခွင့်ရှိရေးနှင့် မစ္စတာဘန်ကီမွန်းပြောသော အားလုံးပါဝင်ခွင့်ရရှိရေးသည် စံသတ်မှတ်နှုန်းများ တူမည်မဟုတ် ကြောင်း ဦးဝင်းတင်က ပြောသည်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက သာမန်အရပ်သားများအတွက် ကန့်သတ်ထားတာတွေက အများကြီးရှိနေတယ်။ တခြား လက်မခံနိုင်တဲ့အချက်တွေလည်း အများကြီးပေါ့။ ဒါပေမယ့် အမြင်သာဆုံးပြောရရင် ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးကို ရွေးကောက်ပွဲဝင်လို့မရအောင် လုပ်ထားတာမျိုးတွေ ရှိတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အရေးကြီးတယ်လို့ ပြောနေတာ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မစ္စတာဘန်ကီမွန်း၏ ဒုတိယရည်မှန်းချက်ဖြစ်သည့် အမျိုးသားရင်ကြားစေ့ရေးအတွက် အန်အယ်လ်ဒီဘက်က တွေ့ဆုံဆွေးနွေး ရေးလမ်းကြောင်း အစဉ်အမြဲဖွင့်ထားသော်လည်း နအဖစစ်အစိုးရက တက်လာခြင်းမရှိဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “ဒီတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆိုတာ ၁၉၈၈ ခုနှစ် အောက်တိုဘာလကတည်းက ဒေါ်စုကိုယ်တိုင် လက်မှတ်ထိုးပြီး တင်ခဲ့တဲ့ လမ်းကြောင်း။ ဒီလမ်းကြောင်းဟာ အခုထိရှိနေသေးတယ်” ဟု ပြောကြားသည်။ ( ခေတ်ပြိုင် )

Tuesday, July 7, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ( ကိုရီးယား ) ဌာနခွဲ ၏ ( ၇ ဇူလိုင် ) ထုတ်ပြန်ကြေငြာချက်

7th July Statement ( Burmese )
သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

၇ ဇူလိုင် စစ်သံရုံးရှေ့ သတင်းစာရှင်းလင်းပွဲ ( ကိုရီးယား )



သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

ရှေ့နေများကောင်စီ ဥက္ကဌ ဦးသိန်းဦး နှင့် ကိုရီးယားနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများ၏ မြန်မာ့အရေးဆွေးနွေးပွဲ


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

Sunday, July 5, 2009

ဘန်ကီမွန်းခရီးစဉ် ထူးခြားတဲ့အောင်မြင်မှု မရှိ

နှစ်တွေကြာလာခဲ့ပေမယ့်လည်း ပြဿနာတွေက မပြေလည်နိုင်ဘဲ ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကြားဝင် ကူညီဖြေရှင်းပေးဖို့ မြန်မာပြည်ကို၂ ရက်ကြာ ခရီးသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကတော့ စိတ်ပျက်လက်ပျက်နဲ့ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ကို အဆုံးသတ်ခဲ့ရပါပြီ။ မြန်မာပြည်ကအပြန် ဘန်ကောက် နိုင်ငံတကာလေဆိပ်မှာ သူ့ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တခုကို လုပ်ခဲ့ပါတယ်။ အဲဒီကို ဘန်ကောက်မှာ ရှိနေတဲ့ ဗွီအိုအေ အဖွဲ့သား ကိုကျော်ကျော်သိန်း ကလည်း သတင်းသွားယူခဲ့လို့ အပြည့်အစုံသိရအောင် ကိုကျော်အောင်လွင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည် ခရီးစဉ် အဆုံးသတ်သွားပြီ ဆိုတော့ သူ့ရဲ့ ခရီးစဉ်ကနေ ကောင်းတဲ့သတင်းတွေ ဘာတွေ ပါလာသလဲဆိုတာ ရှင်းပြပါဦးခင်ဗျာ။ -

"ကောင်းသတင်းဆိုရင်တော့ သူ့ခရီးစဉ် မတိုင်ခင်မှာ လူအများက မျှော်လင့်နေကြတဲ့ ကြားချင်နေကြတဲ့ ကောင်းသတင်းမျိုးတော့ ပါမလားဘူးလို့ပဲ ပြောရမှာပါ။ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ ဘန်ကီမွန်းက ပြောခဲ့တာက - ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ တောင်းဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ငြင်းပယ်လိုက်တဲ့အတွက် သူ့အနေနဲ့ အလွန်အမင်း ကို စိတ်ပျက်မိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပြုတာဟာ အစိုးရက ကျင်းပမယ်လို့ စီစဉ်ထားတဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကို အများယုံကြည် လက်ခံမှု ရှိဖို့ဆိုရင် အစိုးရက အဓိပ္ပါယ် ရှိတဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတယ်၊ ဒီလိုလုပ်ချင်ပါတယ် ဆိုတာကို ပြသတဲ့ အရေးကြီးတဲ့ လက္ခဏာတခု ဖြစ်ပါလိမ့်မယ်တဲ့။ နိုင်ငံရေးအရ ပွင့်လင်းမှုရှိတဲ့ ခေတ်သစ်တခုကို သွားနေတယ် ဆိုတဲ့ အစိုးရရဲ့ သန္နိဌာန် ခိုင်မာမှုကို ပြသဖို့ မြန်မာအစိုးရဟာ အခွင့်အလမ်းကောင်းတခု ယူဖို့ လက်လွတ်သွားတယ် လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဒီ သူ့ရဲ့ ခရီးစဉ်ကနေ တဆင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ချက်တွေကို မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို သူ တိုက်ရိုက်နဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့တယ်လို့လည်း သူက ပြောသွားပါတယ်ခင်ဗျ။"
[ ဆက်ဖတ်ရန် +/- ]

မစ္စတာ ဘန်ကီမွန်း ပြောတဲ့အတိုင်းဆိုလို့ရှိရင် သူ အဓိက စိတ်ညစ်ရတာက ဘယ်အချက်လဲ ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရတဲ့အချက်လား။ -

"ဟုတ်ကဲ့။ အဲဒီလိုပဲ ပြောရမှာပါ။ အဓိက သူ စိတ်ပျက်လက်ပျက် ဖြစ်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရခဲ့တဲ့ အချက်က စိတ်ပျက်လက်ပျက် ဖြစ်ရတဲ့အချက်ပဲ ဖြစ်မှာပါပဲ။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရခြင်းမရခြင်းဟာ သူ့ရဲ့ ခရီးစဉ် အောင်မြင်မှု ရှိခြင်း မရှိခြင်း ဆိုတာနဲ့ ဘယ်လို့ အပ်ဆက်မှု ရှိပါသလဲခင်ဗျ။ -

"မစ္စတာ ဘန်ကီမွန်း အနေနဲ့ကတော့ သူ့ရဲ့ ခရီးစဉ် အောင်မြင်မှု မအောင်မြင်မှုကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ရခြင်းမရခြင်း နဲ့ မကြည့်စေချင်တဲ့ သဘော ရှိပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သူ ပြောသွားတာတခုက - ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ငြင်းပယ်ခံရတာကို သူ့ခရီးစဉ်ရဲ့ အောင်မြင်မှု မအောင်မြင်မှုကို တိုင်းတာတဲ့ တခုတည်းသော အချက်အဖြစ် မမြင်သင့်ဘူးလို့ မစ္စတာ ဘန်ကီမွန်း က ပြောသွားတာပါ။ သူပြောတဲ့ တခြား ဘယ်ကိစ္စကိုမှ မြန်မာစစ်အစိုးရက လုံးဝ ပယ်ချခဲ့တာ မရှိခဲ့ဘူးလို့လည်း ပြောသွားပါသေးတယ်။ သူပြောတဲ့ တခြား ကိစ္စတွေ ဆိုတာကတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့၊ ရွေးကောက်ပွဲကို အများယုံကြည် လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးတွေ ဖန်တီးဖို့ ဆိုတာတွေ ဖြစ်ပါတယ်။"

နောက်တခုက မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံက ထွက်မလာခင် ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်မှာ သူ မိန့်ခွန်း ပြောခဲ့တယ်လို့လည်း ကျနော်တို့ ကြားပါတယ်။ အဲဒီမိန့်ခွန်းကရော ဘာတွေ ထူးထူးခြားခြား ရှိတယ်လို့ ကြားလဲခင်ဗျ။ -

"အဲဒီ မိန့်ခွန်းက မြန်မာစစ်အစိုးရ အဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေ၊ သံတမန်တွေ၊ ပြည်တွင်းပြည်ပက အစိုးရ မဟုတ်တဲ့အဖွဲ့တွေ နဲ့ ကုလသမဂ္ဂ အဖွဲ့တွေကို ပြောခဲ့တဲ့မိန့်ခွန်းပါ။ မိန့်ခွန်းက မိနစ် ၂၀ လောက် ကြာတယ်လို့ မစ္စတာ ဘန်ကီမွန်း နဲ့ မြန်မာပြည်ထဲကို လိုက်ပါသွားတဲ့ အေပီ သတင်းထောက်က ကျနော့်ကို ပြောပါတယ်။ ဒီမိန့်ခွန်းထဲမှာ ထူးခြားချက်တွေ ပါပါတယ်။ အဓိက အားဖြင့်တော့ ဝေါဟာရ အသုံးအနှုန်းအားဖြင့် မြန်မာအစိုးရကို အပြင်းအထန် ဝေဖန်ထားတဲ့အချက်တွေလို့ ပြောရမှာပါ။ သူက မြန်မာအစိုးရ အနေနဲ့ နိုင်ငံခြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးတာ၊ ထောင်စုနှစ်ရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်ဖို့ ကြိုးပမ်းအားထုတ်တာ၊ အိပ်ခ်ျအိုင်ဗွီ ရောဂါကို ထိန်းချုပ်နိုင်အောင် လုပ်တာ၊ လူ မှောင်ခိုကူးတာကို တိုက်ဖျက်တာ၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းအောင် လုပ်တာတွေ အတွက် ကြိုဆိုတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တကယ့်အခြေအနေမှာကတော့ လူ သန်းပေါင်းများစွာဟာ ဆင်းရဲတွင်း နက်နေကြတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းဟာ အာရှတိုက်မှာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတုန်းပဲ။ မြန်မာလူထုဟာ အလုပ်အကိုင်တွေ လိုအပ်နေတယ်၊ စားနပ်ရိက္ခာ ဖူလုံဖို့ လိုအပ်နေတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ လိုအပ်နေတယ် စသည်အားဖြင့် ပြောသလို လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကို လေးစားလိုက်နာမှု မရှိဘဲနဲ့ နိုင်ငံတခုဟာ ဖွံ့ဖြိုးတိုးတက်နိုင်မှာမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ မြန်မာ့နိုင်ငံခြားရေး မူဝါဒ ရဲ့ အခြေခံ အုတ်မြစ် ဖြစ်တယ်လို့ မြန်မာစစ်အစိုးရက ထပ်ခါတလဲလဲ ပြောခဲ့ဖူးပါတယ်တဲ့။ အပြောနဲ့အလုပ် ညီဖို့ ကျနော်တို့ တောင်းဆိုပါတယ် ဆိုပြီးတော့ မစ္စတာ ဘန်ကီမွန်း ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်ခင်ဗျ။"

အခု သူ ဘာတွေ ဆက်ပြီးတော့ လုပ်မယ်လို့ရော ပြောသွားသေးလဲခင်ဗျ။ -

"မြန်မာနိုင်ငံကနေ ပြန်ထွက်လာပြီးတော့ ထိုင်းနိုင်ငံကို ရောက်တဲ့အချိန်မှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ နဲ့ တွေ့ပြီးတော့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ် အကြောင်း ရှင်းပြတယ်လို့ လေဆိပ်မှာ သူ ပြောပြပါတယ်။ တခါ ဆက်ပြီးတော့ မြန်မာ့အရေး ကုလသမဂ္ဂ မိတ်ဆွေနိုင်ငံများ နဲ့ ဆက်ပြီးတော့ ထိတွေ့လုပ်ဆောင်သွားမယ်။ နယူးယောက် ပြန်ရောက်ပြီးရင် သူ့ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ က အဲဒီ မိတ်ဆွေနိုင်ငံများအဖွဲ့က အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးတော့ ခရီးစဉ်အကြောင်း ပြောပြမယ်။ မြန်မာအာဏာပိုင်တွေ နဲ့ သူ ဆွေးနွေးပြောဆိုခဲ့တဲ့ ကိစ္စရပ်တွေ အကုန်လုံးရဲ့ တိုးတက်မှု အခြေအနေကို မြန်မာအစိုးရနဲ့ မပျက် ဆက်သွယ်မေးမြန်းပြီးတော့ ဆက်လုပ်သွားမယ် ဆိုပြီးတော့ မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်ခင်ဗျ။"

ကိုကျော်ကျော်သိန်း ကရော ဘယ်လို သုံးသပ်ပါလဲခင်ဗျ။ မစ္စတာ ဘန်ကီမွန်း အခုတခေါက် မြန်မာ့အရေး ၀င်ကူညီတဲ့ကိစ္စ ဘာတွေများ မျှော်လင့်စရာတွေ ရှိမယ်လို့ ထင်ပါသလဲ။ -

"ဒေါ်အောင်ဆန်းစုကြည် နဲ့တောင် တွေ့ခွင့်မရခဲ့ဘူး ဆိုတော့ ကျန်တာတွေ ဖြစ်လာမယ်ဆိုတာကို လက်ခံဖို့က အတော်ကို ခက်ခဲသွားပါပြီ။ အခု ချက်ချင်းလက်ငင်းမှာ ဘာမှ သူ ရလာတာ မရှိတဲ့အတွက် အောင်မြင်မှု တခုရှိတယ်လို့ ပြောနိုင်တဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ဆိုတော့ သူ မသွားခင်ကတည်းက ဒီခရီးစဉ်ကနေ ဘာမှ သိပ်ထူးလာမှာ မဟုတ်ပါဘူးလို့ သံသယ နဲ့ ခန့်မှန်းခဲ့ကြသူတွေ မှန်သွားပြီလို့ပဲ ဆိုရမှာပါခင်ဗျ။" ( ဗွီအိုအေ )


Saturday, July 4, 2009

မြန်မာခရီးစဉ် ဘန်ကီမွန်း စိတ်ပျက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၂ ရက်ကြာ ခရီးစဉ် အဆုံးသတ် သွားပေမယ့် သူတွေ့ဆုံဖို့ ရည်ရွယ်ထားတဲ့ မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။ ဒီအတွက် သူ့အနေနဲ့ စိတ်ပျက်မိကြောင်းနဲ့ ဒါဟာဆိုရင် မြန်မာ့နိုင်ငံရေး အတွက် နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတလှမ်း အဖြစ် အတွင်းရေးမှူးချုပ်က ပြောဆို လိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ ကြားဝင်ဖြန်ဖြေပေးဖို့ ၂ ရက်ကြာ ခရီးစဉ် ဒီကနေ့ အဆုံးသတ်ချိန် ရန်ကုန် အင်းစိန်ထောင်မှာ ထိန်းသိမ်းပြီး တရားစွဲဆိုတာခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ တွေ့ခွင့် မရခဲ့ပါဘူး။ စစ်အစိုးရရဲ့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အဓိကအတိုက်အခံ နိုင်ငံရေး ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ အပါအ၀င် နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ တွေ့တာဆုံတာတွေ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရည်ရွယ်ထားသလို တွေ့ခွင့်မရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း သူ့အနေနဲ့ စိတ်ပျက်မိတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ပြောလိုက်တာပါ။
[ ဆက်ဖတ်ရန် +/- ]

"ကျနော် အတော့်ကို စိတ်ပျက်မိပါတယ်။ ဒါဟာဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်မယ့် နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးနဲ သင့်မြတ်ရေး အတွက် တစိုက်မတ်မတ် လုပ်နေပါတယ် ဆိုတာနဲ့ ပတ်သက်လို့ သူတို့ဖက်က ပြသနိုင်မယ့် အခွင့်အလန်းတခု ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။"

ဒါဟာဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတလှမ်း ဖြစ်တယ် ဆိုပြီးတော့လည်း အတွင်းရေးမှူးချုပ်က ပြောခဲ့တာပါ။ အကျယ်ချုပ်နဲ့ ဖမ်းဆီးထားချိန် ကန့်သတ်တားဆီးထားတဲ့ အမိန့်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံလိုပေမယ့် စစ်အစိုးရကတော့ ဒီလို တရားတဘောင် ရင်ဆိုင်နေရတာမို့ တရားခွင်ရဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်မှာ စိုးလို့ဆိုပြီး ငြင်းပယ် လိုက်တာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ တိုင်းပြည်က ပြဿနာတွေကို ပြေလည်အောင် ညှိနှိုင်းပေးဖို့လာတဲ့ ကုလသမဂ္ဂ အကြီးအကဲကို ဒီလို တွေ့ဆုံခွင့် မပြုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကျိုးပမ်းမှုတွေကို လက်မခံတဲ့ သဘောပဲလို့ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ဆိုလိုက်ပါတယ်။

"ကျနော်တို့ကတော့ ဒီလို မတွေ့ဖြစ်တာ၊ တွေ့ဖို့ ခွင့်မပြုတာဟာ ကျနော်တို့ လက်ရှိ အစိုးရ အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို မလိုလားဘူး၊ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေကို ထိခိုက်စေတဲ့ ဆုံးဖြတ်ချက်ပဲလို့ ကျနော်တို့ အဲဒီလို ပြောချင်ပါတယ်။"

အတွင်းရေးမှူးချုပ်ကတော့ အခုခရီးစဉ်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ အစိုးရနဲ့ အတိုက်အခံကြား တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ပေါ်ဖို့နဲ့၊ စစ်အစိုးရက ကမကထ လုပ်ပြီး ရှေ့နှစ်ထဲ ကျင်းပပေးဖို့ရှိတဲ့ ရွေးကောက်ပွဲတွေ လွတ်လွတ်လပ်လပ် မျှမျှတတ ဖြစ်စေဖို့ စတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ သောကြာနေ့နဲ့ စနေနေ့ ၂ ရက်ကြာ ခရီးစဉ် အချိန်အများစုဟာတော့ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ကုန်ဆုံးခဲ့တာဖြစ်ပြီး၊ အဲဒီမှာ စစ်အစိုးရ အကြီးအကဲ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံခဲ့တာလို့ ရန်ကုန် ကုလသမဂ္ဂရုံးက ပြောပါတယ်။

"ဒီ ၂ ရက် ခရီးစဉ်မှာ မနေ့ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ၂ နာရီ နီးနီး တွေ့ခဲ့တယ်ပေါ့နော်။ တွေ့ခဲ့ပြီးတော့ နောက်တခါ နိုင်ငံရေးပါတီ ၁၀ ခု၊ နောက်တခါ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ ည ကျတော့ ၀န်ကြီးချုပ်နဲ့ အလုပ်သဘော ညစာ စားပွဲ တက်ရောက်ပါတယ်။ ဒီနေ့ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ နောက်တကြိမ် ပြန်တွေ့ပါတယ်။ တွေ့ပြီးတော့ အခု ရန်ကုန်မှာ ခဏ နားပြီးတော့ မြစ်ဝကျွန်းပေါ်ကို သွားကြတယ်ခင်ဗျ။ ကျုံဒါး ကျေးရွာ ဆိုတာကို ရောက်ခဲ့ပါတယ်။ အခု အဲဒီကနေ ပြန်လာပြီးပါပြီ ခင်ဗျ။"

ရန်ကုန် ကုလသမဂ္ဂရုံးက ပြန်ကြားရေး အရာရှိ ဦးအေးဝင်း ဖြစ်ပါတယ်။ တကယ်တော့ ကုလသမဂ္ဂ အကြီးအကဲ တဦးအနေနဲ့ မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက်လို့ ကြားဝင် ဖြန်ဖြေမယ့် ခရီးစဉ်အတွင်း ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံဆွေးနွေးခွင့် ရမှာသာ ဒီခရီးစဉ် အနှစ်သာရ ရှိလိမ့်မယ်လို့ အကဲခတ်တွေက တွက်ဆနေကြတာပါ။ ဒီလိုမှ မဟုတ်ရင်တော့ အောင်မြင်မှု ရှိတဲ့ ခရီးစဉ်အဖြစ် သတ်မှတ်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုနေကြတာမို့ အန်အယ်လ်ဒီ ပါတီရဲ့ သဘောထားကို မေးကြည့်ပါတယ်။

"တခုလုံးကို အောင်မြင်တယ်၊ မအောင်မြင်ဘူး တော့ ကျနော်တို့ လောလောဆယ် မှတ်ချက် မပြုနိုင်ပါဘူး။ သူ့ခရီးစဉ်က လိုအပ်ချက် အပြည့်အစုံ လုပ်ခွင့်မရဘူး ဆိုတာပဲ ပြောနိုင်ပါတယ်။ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ ဘာတွေ ဆွေးနွေးပြီး ဘာတွေ ပြောတယ် ဆိုတာ ကျနော်တို့ သိဖို့ လိုမယ်လေ။ ကျနော်တို့ အခုအခြေအနေမှာ ဘာမှမသိဘူး။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရတာ ကတော့ ဒါ ထိခိုက်မှုတခုပဲလို့ပဲ ပြောချင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ ခရီးစဉ် အဆုံးသတ် အဖြစ်နဲ့ကတော့ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ အပါအ၀င် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ထဲတုန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်းမှာ အကူအညီပေးကြတဲ့ နိုင်ငံတကာက အလှူရှင်တွေနဲ့ တွေ့ဆုံစကားပြောပြီး ညနေပိုင်း ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံကို ထွက်ခွာဖို့ရှိပါတယ်။ ဒီနောက်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ တရပ်လုပ်ပြီး သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောဆိုသွားမယ်လို့လည်း ဆိုပါတယ်။ ( ဗွီအိုအေ )

ဆာမူထော်(သို့)အနာဂတ်ပန်းခင်းကျောင်း ကျေးဇူးတင်ဂုဏ်ပြုလွှာ

sarmuhtaw1

Friday, July 3, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု ထပ်မံရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသော အင်းစိန်ထောင်အထူးတရားရုံးတရားခွင်ကို ယနေ့နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီးနောက် ဇူလိုင် (၁၀) ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်ကြောင်း အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“ဒီနေ့က ဒေါ်ခင်မို့မို့ကို စစ်မေးရမှာ မမေးဖြစ်ဘူးလို့ကြားတယ်။ ဦးဉာဏ်ဝင်းတို့ ပြန်လာရင်တော့ ပြည့်ပြည့်စုံစုံ သိရမယ်။ အခုသေချာတာကတော့ (၁၀) ရက်နေ့ကို ရုံးချိန်းပြောင်းလိုက်တယ်” ဟု ၎င်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ထို့နောက် တရားရုံးတွင် အာဏာပိုင်များဘက်မှ တရားလိုပြသက်သေ (၂၃) ဦးတင်သွင်းခဲ့ရာ တရားရုံးက (၁၅) ဦး၏ ထွက်ဆိုချက်ကို ရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသော သက်သေ (၄) ဦးနက် (၃) ဦးကို အင်းစိန်ထောင်အထူးတရားရုံးက ပယ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြင်ဆင်ခွင့်အတွက် ရန်ကုန်တိုင်းတရားရုံးသို့ ဇွန် (၂) ရက်တွင် အယူခံတင်သွင်း ခဲ့ရာမှစ၍ အင်းစိန်ထောင်အထူးတရားခွင်ရုံးချိန်းများကို တလလုံးလုံး ရွှေ့ဆိုင်းပေးနေခဲ့ရခြင်းဖြစ်သည်။

သက်သေပြင်ဆင်ခွင့်အယူခံအတွက် ဗဟိုတရားရုံးအထိတက်ရောက်ခဲ့ရပြီး ဗဟိုတရားရုံးက ဇွန် (၂၉) ရက်တွင် အယူခံကိုပယ်ချလိုက်ရာ အင်းစိန်ထောင်အထူးတရားရုံးက ယနေ့တရားခွင်တွင် ရန်ကုန်တိုင်းတရားရုံးက ထပ်မံခွင့်ပြုခဲ့သော သက်သေ ဒေါ်ခင်မို့မို့ကို စစ်မေးရမည်ဖြစ်သည်။

ယနေ့အင်းစိန်ထောင်အထူးတရားခွင်ရုံးချိန်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းခရီးစဉ်တိုက်ဆိုင်နေသဖြင့် တရားခွင်ရုံးချိန်းပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်သည်ဟု ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေရာ နအဖစစ်အစိုးရ အကြီးအကဲဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီ (၁၀) ခုနှင့်လည်း တွေ့ဆုံညှိနှိုင်းသွားမည် ဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံခရီးမစတင်မီ ဂျပန်နိုင်ငံတွင် ရှိနေစဉ်ကပင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဒုတိယအကြိမ်မြောက် တောင်းဆိုထားသည်။ ( ခေတ်ပြိုင် )

ဘန်ကီမွန်း ဒေါ်စုနဲ့ တွေ့ခွင့်ရမရ မသေချာသေး

မြန်မာနိုင်ငံကို ဒီကနေ့ သောကြာနေ့မှာ ရောက်ရှိမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်မြောက်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ ပြန်စတင်နိုင်ဖို့ တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ်ရဲ့ အချိန်အခါပေါ်မှာ စိုးရိမ်မှုတွေ ရှိကြတာကို နားလည်ထားပါတယ်လို့ မစ္စတာဘန်က သတင်းထောက်တွေကို စင်ကာပူမှာ ခရီးတထောက် ရပ်နားစဉ် ပြောသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိမ့်မယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေ မြန်မာဌာနကို ပြောသွားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံလိမ့်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

မစ္စတာဘန်ဟာ မြန်မာနိုင်ငံမှာ ၂ ရက်တာ ရောက်ရှိနေစဉ်မှာ တခြား အတိုက်အခံပါတီက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့တော့ ကြေညာတာ မတွေ့ရသေးပါဘူး။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ရောက်ရှိမယ့် ဒီကနေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင် ပြန်စတင် စစ်ဆေးမယ့်ရက်လည်း ဖြစ်နေပါတယ်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ဒီတရားခွင်ဟာ အတုအယောင် တရားခွင်ဖြစ်တယ်၊ နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲထည့်ထားချင်လို့ ဖြစ်တယ်ဆိုပြီးတော့ ရှုတ်ချပြောဆိုကြပါတယ်။

အတွင်းရေးမှူးချုပ် မစ္စတာဘန်ကတော့ သူ မြန်မာအာဏာပိုင်တွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို အထိရောက်ဆုံး စကားလုံးတွေနဲ့ ပြောဆိုပြသွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ( ဗွီအိုအေ )

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews