သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Friday, January 29, 2010

ဝန်ကြီးပြောဆိုချက် တရားရုံး လုပ်ပိုင်ခွင့်ကို ထိပါးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု ပြောခြင်းသည် တရားရုံး၏ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ ပြောဆိုခဲ့ခြင်းမှာ မပြောဆိုသင့်သော စကားဖြစ်သည်ဟု ယနေ့ သူမ၏ ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီး ဒေါ်စုပြောတာက ဒီလိုပြောကြားခဲ့တယ်ဆိုရင် တရားရုံးက အပြီးသတ် အဆုံးအဖြတ် မပြုခင်မှာ တရားရုံးရဲ့ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်တယ်။ ဒါဟာ မမှန်ကန်တဲ့ မပြောကြားသင့်တဲ့ စကားမျိုးဖြစ်တယ်။ အဲဒီလိုမျိုး (ဒေါ်အောင်ဆန်းစုကြည်က) ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“တရားရုံးချုပ်က ဒီအမှုနဲ့ ပတ်သက်ပြီးတော့ လုံးဝ လွတ်မယ်မလွတ်ဘူး ဆုံးဖြတ်ဖို့အကြောင်း ရှိမယ်။ နိုဝင်ဘာလမှာ လွတ်မယ်ဆိုတော့ တရားရုံးချုပ်က ဆုံးဖြတ်လို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား။ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်တဲ့ ပြောကြားချက်ပါ” ဟု သူက ဆက်ပြောသည်။

ရှေ့နေ ၄ ဦး အပါအဝင် အိမ်ပြင်ဆင်ရေး ကိုယ်စားလှယ် ဦးထင်ကျော်တို့ ၅ ဦးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အထူးရဲသတင်းတပ်ဖွဲ့ထံသို့ ယမန်နေ့က တောင်းဆိုခဲ့သော်လည်း ယနေ့တွင် ရှေ့နေ ဦးဥာဏ်ဝင်းနှင့် ဦးထင်ကျော်တို့ ၂ ဦးသာ တွေ့ဆုံခွင့် ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်လျက်ရှိသော နေအိမ် ပြင်ဆင်နေမှုအား တားဝရမ်း လျှောက်လဲမှုနှင့် ပတ်သက်၍ ယနေ့ ၂ နာရီခွဲကြာ ဆွေးနွေးခဲ့ကြသည်။

တားဝရမ်း လျှောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် ချလိုက်ကြောင်း သိရသည်။

“တရားဝင် ခွင့်ပြုချက်အတိုင်း အိမ်ပြင်တယ်။ ရပ်ထားပါဆိုလို့ ရပ်ထားတယ်။ ဒါပေမဲ့ ဘာကန့်ကွက်တာလဲ၊ ဘာအကြောင်းပြချက်လဲ။ ဒါကိုပဲ တားဝရမ်း ပြန်ထုတ်တာ၊ ဒီကိစ္စတွေဟာ သွေးရိုးသားရိုး ဟုတ်ရဲ့လား၊ သံသယရှိတယ်လို့ မှတ်ချက်ချပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို တဆင့်ပြန်ပြောသည်။

ဦးအောင်ဆန်းဦးက သူ၏ ရှေ့နေ ဦးဟန်တိုးမှတဆင့် ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း တွဲဖက် ၂ တရားရုံးတွင် တားဝရမ်း လျှောက်လဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်ပြင်ဆင်မှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင် ဆိုသူသည် မြို့တော် စည်ပင်သာယာရေးသို့ နှုတ်ဖြင့် ကန့်ကွက်ခဲ့သည်။

မြို့တော် စည်ပင်သာယာ၏ ခွင့်ပြုချက်အရ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြင်ဆင်ရန် ခွင့်ပြုထားရာမှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရပ်နားလိုက်ရခြင်း ဖြစ်သည်။

ယင်း ကန့်ကွက် တားဆီးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လာမည့်လ ၄ ရက်နေ့ ရုံးချိန်း၌ တရားဥပဒေအရ ကန့်ကွက် ချေပသွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သူ၏ ရှေ့နေက ပြောသည်။ (မဇ္ဈိမ)

ကိုရီးယားသင်္ဘော နစ်မြုပ်၊ မြန်မာ ၂ ဦး ပျောက်ဆုံးနေ

တောင်ကိုရီးယားနိုင်ငံမှ Sambong ဆမ်းဘုန်း အမှတ် ၁၁ နှင့် ၁၂ သဲတင်သင်္ဘော နှစ်စီး ယမန်နေ့ ညပိုင်းတွင် မုန်တိုင်းမိသဖြင့် နစ်မြုပ်သွားရာ မြန်မာသင်္ဘောသား ၂ ဦးပါ ပျောက်ဆုံးနေကြောင်း သိရသည်။

ပင်လယ်ပြင်မှ သဲများကို သယ်ဆောင်လာပြီး Toung Young ထုတ်ယောင်းမြို့သို့ ခုတ်မောင်းလာစဉ် နိုင်ငံ့တောင်ဘက် Busan ဘူဆန်မြို့မှ ၆ မိုင်ခန့်အကွာတွင် နစ်မြုပ်ခြင်းဖြစ်ရာ ကိုရီးယားနိုင်ငံသား ၈ ဦးနှင့်အတူ မြန်မာနိုင်ငံသား ကိုကျော်လင်းထိုက် (၂၄ နှစ်) နှင့် ကိုဇော်အောင် (၃ဝ နှစ်) တို့ပါ ပျောက်ဆုံးနေကြောင်း ကိုရီးယားနိုင်ငံပိုင် သတင်းဌာနများက ယနေ့ ထုတ်ပြန်ကြေညာသည်။

“သတင်းစာတွေ၊ တီဗီတွေမှာ ပါတယ်။ ဒီသင်္ဘော နစ်တဲ့ နေရာမှာလည်း ၄ မီတာကျော်မြင့်တဲ့ လှိုင်းတွေကြောင့် ရှာရတာ ခက်နေတယ်။ နောက်ထပ် ရဟတ်ယာဉ် ၃ စီးနဲ့လည်း ရှာဖွေဖို့ လုပ်နေကြတယ်လို့ သတင်းတွေမှာ ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ကိုရီးယားဌာနခွဲ) တွဲဖက်အတွင်းရေးမှူး ကိုဇော်မိုးအောင်က မဇ္ဈိမကို ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အခင်းဖြစ်ပွားပြီးချင်း ဘူဆန်နှင့် ထုန်ယောင်းမြို့ ကမ်းခြေစောင့် ရဲများက ကယ်ဆယ်ရေး သင်္ဘော ၆ စီးဖြင့် နစ်မြုပ်သည့်နေရာမှ ၅ မိုင် ဝန်းကျင်အတွင်း ညလုံးပေါက် လိုက်လံရှာဖွေသော်လည်း အစအနပင် မတွေ့ရဘဲ ဖြစ်နေသည်။

ဆန်းဘုန်း သင်္ဘောများမှာ တောင်ကိုရီးယား ပြည်တွင်း၌ သဲတင်ဆောင်ရာတွင် အသုံးပြုနေသော ကမ်းရိုးတမ်းသွား သင်္ဘောများ ဖြစ်သည်။

အလားတူ ထိုင်းနိုင်ငံအခြေစိုက် Sang Thai Shipping ကုမ္ပဏီပိုင် Sea Angel သစ်လုံးတင် သင်္ဘောသည် မလေးရှားမှ တရုတ်နိုင်ငံသို့အသွား ထိုင်ဝမ်နိုင်ငံ Yunlin ယွန်လင်ပြည်နယ်၊ Mailaio မိုင်လာအိုမြို့မှ ကီလိုမီတာ ၄ဝ အကွာရှိ ထိုင်ဝမ်ရေလက်ကြားတွင် လှိုင်းလေပြင်းထန်သဖြင့် ယခုလ ၂၆ ရက်နေ့တွင် နစ်မြုပ်ခဲ့ရာ မြန်မာ ၁ ဦး သေဆုံးပြီး၊ ၁ ဦးမှာ ဆက်လက်ပျောက်ဆုံးနေသည်။

နစ်မြုပ်သွားသည့် သင်္ဘောတွင် ထိုင်းသင်္ဘောသား အများစုပါဝင်ပြီး မြန်မာ ၂ ဦးအပြင် အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် စုစုပေါင်း ၁၉ ဦး လိုက်ပါသွားကြောင်း မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂ ဥက္ကဋ္ဌ ဦးသူရက မဇ္ဈိမကို ပြောသည်။ ၎င်းတို့အနက် ၉ ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

“မြန်မာတယောက်အလောင်းတော့ ဆယ်ရတယ်။ အသက်ရှင်လျက် ၉ ယောက် ရတယ်။ ၉ ယောက်က ပျောက်နေတုန်း။ ပျောက်နေတဲ့အထဲမှာ ကျန်မြန်မာတယောက် ပါတယ်။ အခုတွေ့တဲ့ မြန်မာ အလောင်းကတော့ အလုပ်သင် သင်္ဘောသားအလောင်း။ ပျောက်နေတာက သင်္ဘောကုန်းပတ် ဒုတိယအရာရှိ ကိုလူမော်လို့ ကြားပါတယ်” ဟု ဦးသူရက ပြောသည်။

မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၉၉၁ ခုနှစ်အတွင်း စတင် ဖွဲ့စည်းခဲ့သည်။ သမဂ္ဂထဲတွင် ပြည်တွင်းပြည်ပမှ မြန်မာသင်္ဘောများ ပါဝင်ပြီး၊ အဖွဲ့ဝင်များ၏ အခက်အခဲကို ကူညီလျက်ရှိသည်။

၎င်းသမဂ္ဂကို နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့အစည်းတခုဖြစ်သည့် International Transports Workers' Federation (ITF) က ၁၉၉၃ ခုနှစ်တွင် အသိအမှတ်ပြုခဲ့ကြောင်းနှင့် ITF သည် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်း ၁၄၈ နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၆၅၄ ဖွဲ့ ပါဝင်နေသည်။ (မဇ္ဈိမ)

၆၃နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖိတ်ကြားလွှာ ( ကိုရီးယား )

63th Union-Day-2010

Thursday, January 28, 2010

နာရေးကူညီမှုအသင်းဝင်နှင့် စေတနာဝန်ထမ်း လုပ်အားဒါနပြုခြင်း။

နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများ အသင်းသို. လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါ။ အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပကြီးလာတာနဲ့ ပိုအနစ်နာခံရဖို.ဘဲရှိပါတယ်။ နာရေးကူညီမှူအသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။


နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉

Tuesday, January 26, 2010

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မည်ဆိုခြင်းမှာ တရားမဝင်ဟု အန်အယ်ဒီ ပြော

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိမြို့ဖများ၊ ကြံ့ဖွံ့များ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။

အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။

“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကားဖော်ပြထားသည်။

လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေးခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။ (မဇ္ဈိမ)

ဦးအောင်ဆန်းဦးကို သံဃာတော်များ သတိပေး

အိမ်အမွေကိစ္စကို အကြောင်းပြု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုရန် ကြိုးစားနေသော အကိုဖြစ်သူ ဦးအောင်ဆန်းဦးကို ပြည်တွင်း၊ ပြည်ပရှိ သံဃာတော်များက ဗုဒ္ဓဘာသာဝင် အဖြစ်မှ ဖယ်ကြဉ်မည်ဟု သတိပေးလိုက်သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ညီမဖြစ်သူကို အကြောင်းမဲ့ နှောင့်ယှက်တရားစွဲဆိုရန် ကြိုးစားနေခြင်းများကို ယခုလကုန် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရုတ်သိမ်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး အပါအဝင် ပြည်တွင်း၊ ပြည်ပ သံဃာတော်များက တောင်းဆိုလိုက်ကာ၊ မလိုက်နာပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ဆရာတော်များက မိန့်ကြားသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“တိုင်းပြည်အရေး ဒီမိုကရေစီအရေးတွေကို ဘဝတွေ၊ အသက်တွေနဲ့ ရင်းပြီးလုပ်နေတဲ့ အချိန်မှာ ဒေါ်စု ဒီမိုကရေစီအရေး နှောင့်နှေးသွားအောင်၊ ကြန့်ကြာ သွားအောင် စိတ်ဓါတ်တွေ ပျက်ပြားသွားအောင် လုပ်တယ်။ ဒါတွေ မရုတ်သိမ်းဘူးဆိုရင် ဗုဒ္ဓဘာသာဝင်အဖြစ်က ကြဉ်ဖို့ ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်ပေါ့” ဟု ပခုက္ကူမှ ဆရာတော်ကြီးတပါးက မဇ္ဈိမကို မိန့်သည်။

ဦးအောင်ဆန်းဦးအနေဖြင့် တောင်းဆိုချက်များကို မလိုက်လျောပါက ဘာသာ သာသနာနှင့် လူမျိုးများကို နိမ့်ပါး ကွယ်ပျောက်အောင် လုပ်ဆောင်ရာ ရောက်သဖြင့် စစ်ဗိုလ်ချုပ်များနည်းတူ ပတ္တနိက္ကုဇ္ဇန ကံဆောင် စာရင်းတွင် ထည့်သွင်းရလိမ့်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ် ပေါင်းစုအဖွဲ့ကြီးက ယမန်နေ့တွင် အိပ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့သည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ပြည်သူများကိုယ်စား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည့် ဆရာတော် သံဃာတော်များအား စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်းခဲ့သဖြင့် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ မိသားစုအပါအဝင် စစ်တပ်ခေါင်းဆောင်များနှင့် နောက်လိုက် အကြမ်းဖက်သူများအား ပြည်တွင်း၊ ပြည်ပသံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်ခဲ့ကြသည်။

ဒီမိုကရေစီ အရေးကြောင့် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား အကိုအရင်းဖြစ်သူက ယခုကဲ့သို့ နှောင့်ယှက်နေခြင်းကြောင့် စစ်အစိုးရ အာဏာပိုင်များကို အားရကျေနပ်စေသဖြင့် အပြစ်ရှိကြောင်း သံဃာတော်များက မိန့်သည်။

“ပြည်သူတွေဘက်ကရော၊ သံဃာတော်တွေဘက်ကပါ မားမားမတ်မတ် ရပ်တည်နေတဲ့ လူထုခေါင်းဆောင် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို အားပေးရမယ့်အပြင် နှောင့်ယှက်ဖျက်ဆီးနေခြင်း၊ တနည်းအားဖြင့် သံဃာတော်တွေကို သတ်ဖျက်နေတဲ့ စစ်အစိုးရကို ဒေါက်တိုင်သွားလုပ်ပေးသူ မှန်သမျှမှာ အပြစ် ရှိတယ်ပေါ့” ဟု သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေး တာဝန်ခံ ဆရာတော် ဦးဣဿရိယ က မဇ္ဈိမကို မိန့်သည်။

ရန်ကုန်မြို့တွင် သီတင်းသုံးနေသည့် ဆရာတော်ကြီးတပါးကလည်း ဦးအောင်ဆန်းဦးသည် လွတ်လပ်ရေး ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သောကြောင့် ဖခင်ခြေရာကိုနင်း၍ တိုင်းကျိုး ပြည်ကျိုး ဆောင်ရွက်မည့်သူဟု မျှော်လင့်ခဲ့ကြောင်း ပြောသည်။

“ဗိုလ်ချုပ်လို တိကျပြတ်သားပြီးတော့ နိုင်ငံ့ရဲ့ ဂုဏ်ကို စွမ်းစွမ်းတမံလုပ်မယ်ဆိုတဲ့ ဟာမျိုးကို။ အခု အနေအထားကတော့ သူဇနီးက ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ရာဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သဟဇာတ တည့်လို့လား၊ ဖိအားပေးလို့ မလွှဲမရှောင်သာ သဘောလား။ ဘယ်လိုပဲဖြစ်ဖြစ် ဆက်မိုက် နေဦးမယ်ဆိုရင် သံဃာတော်တွေ ကြဉ်ဖယ်ခြင်းကို သူခံရတော့မယ်” ဟု ဆရာတော်ကြီးက မဇ္ဈိမကို မိန့်ကြားသည်။

မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း မိခင် ဒေါ်ခင်ကြည်တို့မှ သားသမီး ၃ ဦး ဖွားမြင်ရာတွင် ဦးအောင်ဆန်းဦးသည် အကြီးဆုံးသားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အငယ်ဆုံး ဖြစ်သည်။ အကိုလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။ (မဇ္ဈိမ)

Friday, January 22, 2010

၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ့်ကိစ္စ အမေရိကန် မဝေဖန်နိုင်သေး


မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ အနေနဲ့ သုံးသပ်ပြောနိုင်ဖို့ စောနေသေးတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်ကြား တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်နေပေမဲ့ ဆွေးနွေးမှုတွေက ပထမအဆင့်မှာပဲ ရှိနေသေးပြီး မြန်မာဘက်ကလည်း အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို လှမ်းပြဖို့ လိုတယ်ဆိုတာကို ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပတဲ့ အမေရိကန် အထက်လွှတ်တော် ကြားနာပွဲတခုမှာ မစ္စတာကမ်းဘဲလ်က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုယ်တိုင်သတင်းယူခဲ့တဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အာရှဒေသက အစိုးရတွေအပေါ် စီးပွားရေး၊ သံတမန်ရေး၊ အမျိုးသား လုံခြုံရေးပိုင်းဆိုင်ရာ မူဝါဒတွေနဲ့ အမေရိကန် အစိုးရရဲ့ ဆက်ဆံရေးကို သုံးသပ်ပြီး ဒီမူဝါဒတွေဟာ အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေ အပြန်အလှန် ဆက်ဆံရေးမှာ ဘယ်လောက် ထိရောက်မှု ရှိသလဲ ဆိုတာကို အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီမှာ ကြားနာတာ ဖြစ်ပါတယ်။

“အမေရိကန်အစိုးရ အနေနဲ့ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေ ဆောင်ရွက်တဲ့နေရာမှာ အပြောနဲ့အလုပ် ညီဖို့ အင်မတန် အရေးကြီးပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ အစိုးရစနစ်တွေ ရှိကြတဲ့ အာရှနိုင်ငံတွေနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ ဆက်ဆံတဲ့ တိုင်းပြည်အပေါ် လိုက်ပြီး အမှန်အမှား၊ အကောင်းအဆိုးတွေ ပြောင်းလဲနေတယ်ဆိုပြီး စွပ်စွဲခံရမှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး အခြေအနေ တခုတည်းကို မကြည့်ဘဲ အာရှက စနစ်ကွဲပြားတဲ့ အစိုးရတွေနဲ့ အမေရိကန် ဆက်ဆံရေးကို ဘယ်လိုသတ်မှတ်လဲ ဆိုတာကို ဒီကြားနာပွဲမှာ ဆွေးနွေးခွင့်ရပါတယ်။”

ကြားနာပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်သူ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ပြောသွားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒသစ်နဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးတင်ပြသူကတော့ အမေရိကန် အထက်လွှတ်တော်အမတ် ကာ့တ် ကမ်းဘဲလ် ဖြစ်ပါတယ်။

“မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ တဖက်သတ် ဖြစ်နေလို့ မရပါဘူး။ ကျနော်တို့ဘက်က ဘာတွေလုပ်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးပြီးသားပါ။ တချို့ကိစ္စတွေကိုလည်း လုပ်ခဲ့ပြီးပါပြီ။ မြန်မာစစ်အစိုးရ အနေနဲ့ ရှေ့ဆက် ဘာလုပ်သွားဖို့ ရည်ရွယ်ချက်ရှိတာလဲ ဆိုတာကို ကျနော်တို့ဘက်က သိချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု လုပ်တဲ့အခါ စိန်ခေါ်မှုတွေ ရှိမယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ဆက်ဆံရေးဟာလည်း အစပိုင်းပဲ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ နည်းနည်းလေးပဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို မြင်ရဖို့ အရေးကြီးပါတယ်။”

မြန်မာနိုင်ငံမှာ အကြာခင် လုပ်တော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း အမေရိကန် အစိုးရက သုံးသပ်ပြောနိုင်ဖို့ စောနေသေးတယ်လို့ မစ္စတာကမ်းဘဲလ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထား ဆုံးဖြတ်ရမလဲ ဆိုတာကို ကျနော်တို့ လုံလုံလောက်လောက် ဘာမှ မသိရသေးပါဘူး။ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်ဖို့ နိုင်ငံတွင်းက အဓိကကျတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာကို ကျနော်တို့က မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း အသိပေးထားပြီးသားပါ။”

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သြဂုတ်လက သွားခဲ့တဲ့ မစ္စတာဝက်ဘ်ကတော့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိလာတယ်လို့ မြင်ပါတယ်။

“ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ ပါဝင်ခွင့်ပေးရင် အမေရိကန်နဲ့ မြန်မာအစိုးရရဲ့ ရှေ့လျှောက် ဆက်ဆံရေးအတွက် အထောက်အကူဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော် မြန်မာနိုင်ငံသွားခဲ့တဲ့ သြဂုတ်လကတည်းကဆိုရင် မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ အများကြီးရှိတယ်လို့ ကျနော် ထင်ပါတယ်။ မျှမျှတတ ရွေးကောက်ပွဲ လုပ်ပါလို့ အားပေးနိုင်တဲ့ အခွင့်အလမ်းတွေ အမေရိကန် ရလာတယ်၊ နောက် အမေရိကန်နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရလာပါတယ်။”

အာရှဒေသတွင်း အမေရိကန်ရဲ့ ဆက်ဆံရေးဆိုင်ရာ ကြားနာပွဲမှာ အာဆီယံဒေသတွင်း နှီးနှောဖလှယ်မှုတွေမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိလာတဲ့ကိစ္စ၊ အစိုးရစနစ်တွေ မတူကြတဲ့ အာဆီယံအဖွဲ့ကြီး အတွင်းမှာ တိုးတက်မှုတွေ ကွာခြားတဲ့ကိစ္စ၊ အာရှနိုင်ငံတချို့မှာ အင်တာနက် ဆက်သွယ်မှုကို လွတ်လွတ်လပ်လပ် မလုပ်နိုင်ကြတဲ့ ကိစ္စတွေကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

အာရှဒေသအပေါ် အမေရိကန်ရဲ့ အာရုံစိုက်မှုဟာ လုံခြုံရေးအရ စိုးရိမ်စရာတွေ ရှိနေတဲ့ တောင်အာရှအပေါ်မှာပဲ အလေးသာတယ်ဆိုတာ မဟုတ်ဘူး ဆိုတာကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က ပြောသွားပါတယ်။ အာရှမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စ၊ လွတ်လပ်မှုမရှိတဲ့ ကိစ္စတွေကို သမ္မတ အိုဘားမား (Obama) နဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ပဲဖြစ်ဖြစ် ဆွေးနွေးတိုင်း အလေးထား ဆွေးနွေးဖြစ်တယ် ဆိုတာကိုလည်း သူက ပြောပါတယ်။

အမေရိကန်ဟာ အာရှဒေသတွင်းက လူ့အခွင့်အရေး ခံစားခွင့်မရှိတဲ့ အခြေအနေတွေကို လျစ်လျူရှုမထားပါဘူးလို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်က ဇန်နဝါရီလ ၂၁ ရက်နေ့က အထက်လွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ ပြောသွားပါတယ်။
( ဗွီအိုအေ )

ILO အမှုဆောင်ညွှန်မှူး မြန်မာနိုင်ငံတွင်း ကွင်းဆင်းလေ့လာ


ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် အမှုဆောင် ညွှန်ကြားရေးမှူး ကာရီ တာပီယိုလာ (Mr.Kari Tapiola) နဲ့ အဖွဲ့ဟာ မြန်မာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အခု မြန်မာနိုင်ငံထဲက အဓမ္မလုပ်အားပေး ခိုင်းစေမှု တိုင်ကြားထားတဲ့ ဒေသတွေဆီ သွားရောက်တာ အပါအ၀င် စီစဉ်ထားတဲ့ သူ့ရဲ့ ခရီးစဉ်အတိုင်း ဆက်ပြီး လုပ်ဆောင်နေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ILO အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကယ်ရီ တာပီယိုလာနဲ့ အဖွဲ့ဟာ ဇန်န၀ါရီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး တနင်္လာနေ့မှာတော့ နေပြည်တော်မှာရှိတဲ့ အလုပ်သမား ၀န်ကြီးဌာနမှာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ အဓမ္မလုပ်အား ခိုင်းစေမှု တိုင်ကြားချက်များဆိုင်ရာ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာအတွက် နောက်ထပ် တနှစ် သက်တမ်းတိုး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

မစ္စတာ တာပီယိုလာနဲ့အတူ ILO ရုံးက အလုပ်သမားရေးရာ စံများဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ်စ် ကာရင် ကားတစ်စ် (Ms. Karen Curtis)၊ ဥပဒေအရာရှိ မစ္စတာ ဒရာဇန် ပက်ထရိုဗစ် (Mr. Drazen Petrovic) နဲ့ ဌာနေ ILO ဆက်သွယ်ရေးအရာရှိ မစ္စတာ စတိဗ် မာရှဲလ် (Mr. Steve Marshall) တို့လည်း သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ မစ္စတာ တာပီယိုလာနဲ့ အဖွဲ့ဟာ နဂိုစီစဉ်ထားတဲ့ ခရီးစဉ်တွေအတိုင်း သွားရောက်နေတယ်လို့ မစ္စတာမာရှဲလ်က ပြောပါတယ်။

“မစ္စတာ တာပီယိုလာဟာ သူ့ခရီးစဉ်မှာ လုပ်ရမယ့် အလုပ်တွေကို ဆက်လုပ်နေပါတယ်။ ကျနော်တို့တွေလည်း သူနဲ့အတူ ဆောင်ရွက်နေတာပါ။ သူဟာ လူမျိုးစုံနဲ့ တွေ့ခဲ့သလို တွေ့ဆုံရတဲ့ အကြောင်းအရာကလည်း အမျိုးမျိုး ရှိနေပါတယ်။ ဒီအထဲက တချို့ဟာ အမှားမခံတာမျိုးပါ။ ဒါကြောင့် အခုအချိန်မှာ ဘာမှ ပြောလို့မရသေးပါဘူး။ သူ့ခရီးစဉ် အပြီးမှာတော့ သူ့ရဲ့ တွေ့ရှိချက်တွေကို ပြောပြပေးမှာပါ။” လို့ မစ္စတာ စတိဗ် မာရှဲလ်က ပြောသွားပါတယ်။

မစ္စတာ တာပီယိုလာဟာ နေပြည်တော်မှာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးတာ အပြင် မြန်မာအစိုးရ အဆင့်မြင့်အရာရှိ အတော်များများနဲ့ တွေ့ဆုံပြီး အဓမ္မလုပ်အား ခိုင်းစေမှု ဆိုင်ရာတွေ၊ ကလေးစစ်သား စုဆောင်းမှုဆိုင်ရာတွေ အပြင် ILO နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လွတ်လပ်တဲ့ အသင်းအပင်း ဖွဲ့စည်းမှုဆိုင်ရာ အရေးကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ ခရီးစဉ်မတိုင်ခင်က မစ္စတာမာရှဲလ်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူ့ခရီးစဉ်ထဲမှာ လူကုန်ကူးမှုဆိုင်ရာ အစည်းအဝေး ကျင်းပမယ့် ပုဂံမြို့နဲ့ ILO ကို တိုင်ကြားမှု ရှိနေတဲ့ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး အောင်လံမြို့ကိုလည်း သွားရောက်ဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အောင်လံမြို့က မြို့ခံတွေကို ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ အရင်က ILO ကို တိုင်ကြားခဲ့တဲ့ အတွက်ကြောင့် အကျဉ်းကျခံနေရသူတွေရဲ့ မိသားစုဝင်တွေကို ILO က လူကြီးတွေ ပါဝင်တဲ့အဖွဲ့က သွားရောက် တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

“ILO ကလူတွေ အောင်လံက စမ်းကလေးရွာဘက်မှာ လာသွားတယ်၊ ညနေ ၄ နာရီလောက်မှာ ပြန်သွားတယ်။ ကြားတာတော့ ရွာမှာရှိတဲ့ ILO ကို အရင်တုန်းက တိုင်ခဲ့တဲ့နောက်ပိုင်း ထောင်ကျသွားတဲ့ မိသားစုတွေနဲ့ တွေ့တယ်လို့လည်း ကြားတယ်။”

သရက်အကျဉ်းထောင်မှာ ILO ကို တိုင်ကြားမှုနဲ့ ဆက်နွယ်ပြီး အဖမ်းခံနေရသူ ၁၃ ဦး ရှိတယ်လို့ ILO ဌာနေကိုယ်စားလှယ် မစ္စတာမာရှဲလ်က ပြောကြားခဲ့ပါတယ်။ ဒီအထဲမှာ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ဦးဖိုးဖြူနဲ့ ILO ကို တိုင်ကြားရာမှာ ကူညီပေးခဲ့တဲ့ ကိုဇော်ဌေးတို့နဲ့အတူ အောင်လံနဲ့ နတ်မောက်ဒေသက တောင်သူလယ်သမားတွေပါ ပါဝင်နေပါတယ်။ ဒီ အကျဉ်းကျခံ နေရသူတွေထဲက တချို့ရဲ့ မိသားစုဝင်တွေကို ILO က သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

ဒေါ်အောင်ဆန်းစုကြည်အိမ် ပြင်ဆင်ရေး တရားဝင် ကန့်ကွက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် နေထိုင်နေတဲ့ အိမ်ကို အမွေဆိုင်အဖြစ် တရားရင်ဆိုင်နေတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က နေအိမ်ပြင်ဆင်မှုကို တရားဝင် ကန့်ကွက်ကြောင်း ဒီကနေ့ တရားရုံးကို လျှောက်ထားလိုက်ပါတယ်။ ဆယ်စုနှစ်တစုနီးပါး ကြန့်ကြာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင်အမှု နောက်ဆုံး အခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျရင်း နေထိုင်ရာ နေအိမ်မှာ ယိုယွင်းပျက်စီး နေတာတွေကို ပြုပြင်မွမ်းမံဖို့ စီစဉ်နေတာကို ဒီအိမ်ကို အမွေခံယူထိုက်ကြောင်း လျှောက်ထားတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က တရားရုံးမှာ တရားဝင် လျှောက်ထားလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ တရားရင်ဆိုင်နေရစဉ် ကာလမှာပဲ နေအိမ်ပြင်ဆင်ခွင့် လျှောက်ထားခဲ့ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒီဇင်ဘာလဆန်းကစလို့ ပြင်ဆင်မှုတွေ စတင်ခဲ့တာ ဖြစ်ပေမဲ့ နောက်ပိုင်း အမွေဆိုင်အဖြစ် ဦးအောင်ဆန်းဦးဘက်က ကန့်ကွက်ရာကစလို့ ရပ်နားထားရတာ ဖြစ်ပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အခုနောက်ဆုံး တရားဝင် ကန့်ကွက်ချက်နဲ့ ပတ်သက်လို့ ရှေ့လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်သွားမယ်လို့လည်း သူ့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့ ဦးအောင်ဆန်းဦးဘက်က အခု အိမ်ပြင်နေတဲ့ ကိစ္စကို တရားရုံးကနေ ယာယီ တားဝရန်း ထုတ်ပေးပါဆိုပြီး ဒီနေ့ လျှောက်ပါတယ်။ နောက်ရက်ချိန်းကျရင် ကျနော်တို့ ဒီဥစ္စာကို ကန့်ကွက်မယ်။ နောက်ရက်ချိန်းကတော့ ၄ ရက်နေ့။ အခုလောလောဆယ် တားထားတာက ရန်ကုန်မြို့တော် စည်ပင်က တားတာ။ အကြောင်းပြချက် မပါဘူး။ အဲတော့ တားဝရန်းက တကယ်လို့ ဒီလိုတားတယ်ဆိုတာ ဥပဒေသဘော အရတော့ တရားရုံးမှာ အာဏာရှိတာ။ တရားရုံးကို ဒီနေ့မှ လျှောက်တာ၊ သူတို့က။ အခုတော့ စည်ပင်သာယာက တားတော့ ကျနော်တို့က ရပ်ထားတာပေါ့လေ၊ သူတို့ အမိန့်အတိုင်းပေါ့။”

ရန်ကုန်မြို့က အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်နဲ့ ခြံဝန်းကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူလည်း ပိုင်ဆိုင်ထိုက်ကြောင်း လျှောက်ထားရာကစလို့ တရားတဘောင် ဖြစ်ခဲ့ရတာ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီကာလအတွင်းမှာ ဖမ်းဆီးခံဘ၀နဲ့ တောက်လျှောက် နေနေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမှုကို ပြီးပြတ်အောင် မဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံနေခဲ့ရတာလည်း ဖြစ်ပါတယ်။

“နောက်ဆုံးအခြေအနေက ဒေါ်အောင်ဆန်းစုကြည် ပြမယ့် သက်သေ၊ ပြမယ့်သက်သေ စာရင်းက ရုံးမှာရှိတယ်၊ တင်ထားတယ်။ အဲဒီသက်သေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရှိဖို့ လိုတယ်။ တွေ့ခွင့်ရှိလာရင် ဒီအမှု ဆက်ပြီး Proceed လုပ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ပြမယ့် သက်သေတွေ စစ်ဖို့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ Right ရှိတယ်။ သူ့သက်သေတွေနဲ့ သူနဲ့ တိုင်ပင်ဆွေးနွေးရမယ်၊ Instruction ယူရမယ်၊ Instruction ပေးရမယ်။ အဲဒါကို မလုပ်နိုင်သေးတော့ တရားရုံးကပဲ ဖော်ပြရန်ချိန်းပေါ့၊ ဗမာလိုသုံးတာတော့၊ Mention date နဲ့ သွားနေတာ။ ဆက်မတိုးသေးဘူးပေါ့၊ အမှုက။ အဲဒီမှာ ခေတ္တ ဆိုင်းငံ့နေတဲ့သဘော။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလိုပဲ ပြီးခဲ့တဲ့နှစ်ထဲမှာ တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားချင်းတဦးက နေအိမ်ခြံဝန်း တစိတ်တပိုင်းကို ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့တာမျိုး ရှိခဲ့တာပါ။ အချေအတင် ဖြစ်နေရတဲ့ နေအိမ်နဲ့ ခြံဝန်းဟာဆိုရင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ချိန် ၁၉၈၈ ခုနှစ်ကစလို့ ဒေါ်အောင်ဆန်းစုကြည် တောက်လျှောက်နေထိုင်ရာ နေရာဖြစ်သလို ရှစ်လေးလုံးလို့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေ ပေါ်ပေါက်ခဲ့တဲ့ အချိန်မှာ လူထုလှုပ်ရှားမှုတွေ ရှိခဲ့ရာ နောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးစိုက်ခဲ့ရာအဖြစ် ထင်ရှားတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Tuesday, January 19, 2010

တိုးချဲ့တာဝန်ပေးခဲ့သော ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့ဝင် ( ၉ ) ဦး၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်း

NLD-CEC 2010

ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု နှစ်ဘက် အပြီးသတ် လျှောက်လဲ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားတဲ့ အမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ရှေ့နေတွေက ပြင်ဆင်မှု လျှောက်လဲချက် တင်ပြချက်အပေါ် ဒီနေ့ ရန်ကုန် ဗဟိုတရားရုံးချုပ်မှာ ကြားနာ စစ်ဆေးခဲ့ပါတယ်။ အစိုးရဘက်က ရှေ့နေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး လျှောက်လဲချက်တွေ တင်ပြခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဒီနေ့ ရန်ကုန်မြို့ တရားရုံးချုပ်က ကြားနာပွဲမှာ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့် မရပေမဲ့လည်း သူ့ရဲ့ ရှေ့နေကြီးတွေဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံခြား သံတမန်တချို့ တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အမှုအပြင် ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ရဲ့ အမှုတွေကိုပါ ကြားနာစစ်ဆေးခဲ့တယ်လို့ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“အန်ကယ်နဲ့ ဦးဉာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်အတွက် ဆောင်ရွက်တယ်။ နောက် ကိုလှမျိုးနဲ့ ဒေါ်ဌေးကြွယ်တို့က ခင်ခင်ဝင်းနဲ့ ၀င်းမမတို့အတွက် ဆောင်ရွက်တယ်။ အစိုးရဘက်က တက်တာတော့ ဥပဒေရုံးက ဒါရိုက်တာ ဒေါ်ခင်ချိုအုံးဆိုတာ သူက ဆောင်ရွက်ပေးတယ်။ အန်ကယ်တို့က စပြောတာပေါ့။

“စပြောတော့ အန်ကယ်တို့အားလုံး တရားရုံးကို တင်ပြ လျှောက်ထားတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရပ်ဆိုင်းသွားပြီ။ ဒါကြောင့် အဲဒီ ရပ်ဆိုင်းသွားတဲ့ ဥပဒေထဲက ပုဒ်မ ၅ ခုကို ထုတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူတာဟာ ဥပဒေနဲ့ မညီဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးတာဟာ ဥပဒေအတိုင်းဆိုရင် မမှန်ဘူးဆိုပြီး လျှောက်ထားတယ်။”

အစိုးရဘက်ကလည်း ဒီနေ့ ပြန်ပြောတယ်ဆိုတော့ သူတို့ဘက်က ဘာများ ပြောပါသလဲ။

“သူတို့ဘက်ကတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရပ်ဆိုင်းသွားပြီဆိုတဲ့ အချက်ကိုတော့ သူတို့က လက်ခံတယ်။ သို့သော်၊ အဲဒီမှာ သူတို့က သို့သော်လေး ခံတယ်၊ ရာနှုန်းပြည့် ရပ်ဆိုင်းသွားတယ်ဆိုတာ လက်မခံဘဲနဲ့ ခြွင်းချက်ကလေး ထားပြီးတော့ တည်ဆဲဥပဒေတွေမှာ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သက်ဆိုင်သော အပိုင်းတွေက တည်ရှိသေးတယ်ဆိုပြီး တင်ပြတယ်။”

ဆိုတော့ စစ်အစိုးရဘက်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာရော ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်မယ်ဆိုရင် တင်လို့ရတဲ့ ဥပဒေ အကြောင်းအရာတွေ ပါလားဆိုတာ သိချင်ပါတယ်။

“မပါဘူး။ မပါဘူးဆိုတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပတဲ့ နေ့ကျမှသာလျှင် အသက်ဝင် လှုပ်ရှားလာမယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဘက်ပိုင်းမှာ အရေးယူဖို့တို့ ဘာတို့ဆိုတာ မရှိဘူး။”

ဒီနေ့ အန်ကယ်ဦးကြည်ဝင်းတို့ သွားပြီး လျှောက်လဲတဲ့အခါမှာ တင်ပြချင်တဲ့ အချက်တွေ အားလုံး တင်ပြခွင့်ရတယ်လို့ ယူဆပါသလား။ ကြားနာပွဲ အပေါ်မှာ ဘယ်လိုသဘောထားပါသလဲ၊ အားရကျေနပ်ပါသလား။

“တရားခွင်ကတော့ နည်းနည်းထူးခြားတာက ပြင်ဆင်မှုမှာ ခါတိုင်း တွေ့တာက တရားသူကြီးတယောက်ပဲ ကြားနာတယ်။ ဒီနေ့ကျတော့ ၂ ပါး လာထိုင်တယ်။ တော်တော်လေး အရေးပေးထားတဲ့ သဘော ရှိတယ်။ တရားသူကြီးက ဦးခင်မြင့်နဲ့ ဦးတင်အေး။ လူတော်တွေပါ။ တရားသူကြီးတွေထဲမှာ တော်တော်လေး မှန်မှန်ကန်ကန်လုပ်တဲ့ ပုဂ္ဂိုလ်တွေပါ။ အန်ကယ်တို့ကလည်း ဥပဒေက အန်ကယ်တို့ဘက်ကရှိတော့ မျှော်လင့်ချက် အများကြီးထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးချုပ်က အခုတပတ် မကုန်ခင် စီရင်ချက် ချနိုင်ဖွယ်ရှိတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားပေမဲ့လည်း တရားရုံးမှာ သက်ဆိုင်ရာက ဒီလို အတိအကျ မပြောခဲ့ဘူးလို့ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။ ( ဗွီအိုအေ )

Monday, January 18, 2010

မြန်မာပြည်ရောက် အမေရိကန် ပညာရှင်အဖွဲ့ NLD နဲ့ဆွေးနွေး

နေအိမ်မှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပညာရှင်အဖွဲ့ တဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြန်မာစစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိပေမဲ့ ခရီးစဉ် ရည်ရွယ်ချက်မှာ ဒီလိုတွေ့ဆုံဖို့ အစီအစဉ်တွေ ပါဝင်ကြောင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ပြည်ထောင်စုက သုတေသီ ပညာရှင်အဖွဲ့တဖွဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ မြန်မာနိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ်က အာရှ သုတေသနဌာန ညွှန်ကြားရေးမှူး ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jackson) ဦးဆောင်တဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်အစိုးရ အာဏာပိုင်တွေထံ တောင်းခံထားတာမို့ ဒီလို တွေ့ဆုံဖြစ်ဖွယ် ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ပါတီ တာဝန်ရှိသူတွေ တွေ့ဆုံစဉ်မှာ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ရှင်းပြခဲ့တာလို့ ပါတီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က သူတို့ မစ်ရှင် (Mission) အကြောင်းမေးတော့ ကျနော်တို့ကတဲ့ အင်ဒိုနီးရှားမှာလည်း ဒီလိုပဲ လေ့လာရေးတွေ ဆူဟာတို (Suharto) လက်ထက်က လုပ်ဖူးတယ်ပေါ့။ အာရှမှာ အခု ဗမာနိုင်ငံကို စိတ်ဝင်စားလို့တဲ့။ ဗမာနိုင်ငံရဲ့ လက်ရှိ အခြေအနေ၊ NLD ရဲ့ လက်ရှိအခြေအနေ၊ နောင်အနာဂတ်အတွက် မျှော်မှန်းချက် ဘာညာပေါ့ဗျာ၊ အဲဒါကတော့ Facts Finding ပေါ့ဗျာ၊ သတင်းအချက်အလက် စုဆောင်းဖို့ လာတဲ့သဘော သူပြောပါတယ်။

“ဒီမစ်ရှင်အကြောင်း တခုပြောရင်တော့ သူတို့က မလာခင်ကတည်းက ကျနော်တို့ဆီကို ဆက်သွယ်တယ်ဗျ။ ဆက်သွယ်တဲ့ အဓိက အချက်ကတော့ သူတို့ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဖို့၊ အဲဒီလိုပြောတယ်။ အဲတော့ ကျနော်က ပြန်ပြီး အကြောင်းပြန်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်၊ မခံဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည်မှာ သူ တွေ့ချင်တယ်လို့ ပြောပိုင်ခွင့် မရှိဘူး။ ကျနော် ဒါ အကြောင်းပြန်တာ။

“အစိုးရ ဖိတ်ကြားချက်တော့ မဟုတ်ဘူး။ သူတို့ ပြောပြတာက သူတို့က ၀ါရှင်တန်သံရုံးမှာ လာဖို့လျှောက်တယ်။ သူတို့ တခုပြောတာက ဒီဗီဇာ လျှောက်ကတည်းကိုက ဗမာပြည်ရောက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးပါဆိုတာ အဲဒီမှာကတည်းက သူတို့ တင်ပြထားတယ်လို့ အဲဒီလိုပြောတယ်။

“ကျနော်တို့နဲ့ ၁၁ ရက်နေ့ တွေ့ပြီးတော့ ၁၂ ရက်နေ့မှာ သူတို့ နေပြည်တော် သွားမယ်။ နေပြည်တော်မှာ သူတို့ကို ၀န်ကြီး ၃ ပါးနဲ့ တွေ့ဆုံခွင့်ပေးမယ်လို့ အဲဒီလို ပြောသွားတယ်။ ၀န်ကြီးနာမည်တွေတော့ မပြောဘူး။”

မြန်မာနိုင်ငံမှာ လေ့လာအကဲခတ်တဲ့ ခရီးစဉ်အဖြစ် ရောက်နေတဲ့ ပါမောက္ခ ဂျက်ဆင်ဟာ အရှေ့နဲ့ အရှေ့တောင်အာရှ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အာဆီယံ၊ အမေရိကန် ဂျပန် စီးပွားရေး ဆက်ဆံမှုရေးရာတွေမှာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ ပါမောက္ခ ဂျက်ဆင် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်က တရားဝင် ပြောဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖြစ်တဲ့ လက္ခဏာတွေ တွေ့ရတဲ့အကြောင်း မျက်မြင်တွေ့လိုက်ရသူတွေက ပြောဆိုတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ကျနော်တို့ကြားတာက ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲ ကားနဲ့လာတယ်၊ လုံခြုံရေးတွေ။ ပြီးတော့ သူတို့တည်းတယ်လို့၊ တည်းတဲ့နေရာလည်း ကျနော်တော့ မရောက်ဖူးပါဘူး၊ ကန်တော်ကြီးစောင်းက ဟိုတယ်မှာ ကျနော်က မနက် ၉ နာရီလောက်မှာ အဲဒီနားဖြတ်တော့ ကားသမားက ကျနော့်ကိုပြောတယ်၊ ဒီမှာ ဘာဖြစ်လို့လဲ မသိဘူးတဲ့၊ လုံခြုံရေးတွေ တင်းကျပ်နေတာပဲတဲ့။

“ကျနော်တွက်တာတော့ သူတို့ ဒီလိုအစီအစဉ်အတွက် လုံခြုံရေး ချတာပဲ။ သိသိသာသာလည်း ချတယ်ပေါ့ဗျာ။ နောက် ကျနော်ကြားရတဲ့ သတင်းကတော့ လုံခြုံရေးကားရယ်၊ Private ဧည့်သည်တွေစီးတဲ့ ကားမျိုးတွေနဲ့ တက္ကသိုလ်ရိပ်သာလမ်းဘက်ကို သွားတာတော့ တွေ့တဲ့လူတွေကလည်း ပြောကြတယ်။ အခု ကျနော်ပြောတာ ကျနော်ကိုယ်တိုင် confirm မလုပ်နိုင်ပေမဲ့ ဒီသတင်း မှန်တယ်လို့ ကျနော်ယူဆတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံအပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာ သူရည်ရွယ်ထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်လောက် ကြာမြင့်တဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ စစ်အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့ပေမဲ့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

အခုနောက်ဆုံး ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုဟာ ဆိုရင်တော့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပြု ပြောဆိုထားတဲ့ ဒီနှစ် ၂၀၁၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တာဝန်ရှိသူတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Saturday, January 16, 2010

ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ


နေအိမ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်း တွေ့ဆုံမှုဟာ မိနစ် ၂၀ လောက် ကြာမြင့်တယ် ဆိုပေမဲ့ ဘာတွေ ဆွေးနွေးဖြစ်တယ်ဆိုတာ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

မြန်မာစစ်အစိုးရဘက်က ၂၀၀၇ ခုနှစ်မှာ ဆက်သွယ်ရေး ၀န်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်လိုက်ပြီးတဲ့နောက် တွေ့ဆုံ ဆွေးနွေးမှုတွေ ရံဖန်ရံခါဆိုသလို ရှိခဲ့ပေမဲ့ ဒီလို အကြိုသဘော တွေ့ဆုံမှုတွေကနေ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်အောင် ရှေ့ဆက်ဖို့ လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားတာပါ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဒီကနေ့ တွေ့ဆုံမှုဟာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပြု ပြောဆိုထားတဲ့ ဒီနှစ် ၂၀၁၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တာဝန်ရှိသူတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံစဉ် ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေးမယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ အစစ အရာရာ အစီအစဉ်အတိုင်း ရှိနေပါတယ်လို့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တခဲနက် အနိုင်ရခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲတွေ နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပမှာလည်း ဖြစ်ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) တို့ကလည်း ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့ဟာ အာဆီယံတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတယ်လို့ ဒီကနေ့ပဲ ပြောဆိုလိုက်တဲ့အကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို ကိုးကားပြီး ကျိုဒို (Kyodo) သတင်းတရပ်က ဖော်ပြခဲ့ပါတယ်။ ( ဗွီအိုအေ )

Friday, January 15, 2010

NLD ဗဟိုကော်မတီ တိုးချဲ့စာရင်း ထုတ်ပြန်


NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို အဖွဲ့ဝင်သစ်တွေနဲ့ တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို လက်ရှိ ရှိနေတဲ့ အဖွဲ့ဝင်တွေထက် ငယ်ရွယ်သူတွေနဲ့ တိုးချဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို လက်ရှိ ရှိနေတဲ့ အဖွဲ့ဝင် ၉ ယောက်အပြင် သွေးသစ်လို့ ခေါ်ရမယ့် လက်ရှိ အဖွဲ့ဝင်တွေထက် အသက်ငယ်သူ နောက်ထပ် ၉ ယောက်နဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တာပါ။ NLD အနေနဲ့ CEC အဖွဲ့ဝင် အသစ်တွေနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တယ် ဆိုတဲ့အကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်တာလို့ တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ အထဲမှာ အဖွဲ့ဝင်အသစ်အဖြစ် ပါလာသူလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

“တိုးချဲ့ဖွဲ့လိုက်တယ်လေ။ အားလုံး နဂိုက ၉ ယောက်ရှိတယ်။ အခု ၉ ယောက် ထပ်တိုးချဲ့လိုက်တော့ ၁၈ ယောက် ဖြစ်သွားတယ်။ ကျနော်တို့ အသစ် တိုးချဲ့ဖွဲ့လိုက်တာကတော့ ဒေါက်တာသန်းငြိမ်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဝင်းနိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းညွန့်၊ ဒေါက်တာမေ၀င်းမြင့်ပါ။”

ဒီလို တိုးချဲ့ဖွဲ့စည်းဖို့က အန်ကယ်တို့ လူအသစ်တွေ မပါခင် ရှိနေတဲ့ CEC အဖွဲ့ဝင်တွေ စည်းဝေးပြီးတော့ တိုးချဲ့ဖို့ ဆုံးဖြတ်လိုက်တာလားခင်ဗျ။

“ဟုတ်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဒေါ်အောင်ဆန်းစုကြည်ဘက်က အကြံပေးတာတွေ၊ သူ့ဘက်က သဘောတူညီမှု ယူတာတွေရော လုပ်ခဲ့ပါသလား။

“သူ့ဘက်ကတော့ သဘောတူတယ်လို့ CEC က ရရှိထားပါတယ်။ ဒါကြောင့် ဒီလိုထည့်တာပါ။”

အခု တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေထဲက တယောက်ဖြစ်တဲ့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက အသက်အရွယ် ကြီးရင့်နေကြပြီ ဖြစ်တဲ့ ပါတီခေါင်းဆောင် ၃ ယောက် ဖြစ်ကြတဲ့ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ ဦးလွန်းတင်တို့ကို စစ်အစိုးရက သွားရောက် ဂါရ၀ပြုခွင့် ပေးခဲ့တဲ့ အချိန်တုန်းက အခုလို ပါတီကို တိုးချဲ့ဖွဲ့စည်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုခဲ့တာကို သူတို့အနေနဲ့ သဘောတူတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး မကြာခင်မှာဘဲ ဦးလွင်က ပြောခဲ့ပါတယ်။

လက်ရှိ NLD ခေါင်းဆောင် အများစုဟာ ပါတီ စတင်တည်ထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက ဒီခေါင်းဆောင်ပိုင်း ရာထူးကို ရယူထားခဲ့ကြတာပါ။ ပါတီအနေနဲ့ လူငယ် သွေးသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အောက်ခြေ အဖွဲ့ဝင်တွေက တောင်းဆိုသံတွေ ထွက်လာနေချိန်မှာ ပါတီကို အခုလို အသက်ငယ်ရွယ်သူတွေနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Thursday, January 14, 2010

ကိုညီညီအောင်အမှု ပြင်ဆင်ခွင့် တင်သွင်းမည်

မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို စွဲဆိုထားသော ပုဒ်မများ အတွက် ရန်ကုန်တိုင်း တရားရုံးတွင် ပြင်ဆင်ခွင့်တင် ထားကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

စစ်အစိုးရက ကိုညီညီညီအောင်ကို နိုင်ငံသား စိစစ်ရေး ကတ်ပြား အတု ကိုင်ဆောင်မှု ပုဒ်မ (၄၆၈)၊ နိုင်ငံခြားငွေ စည်းကမ်း သတ်မှတ်ချက် ဖောက်ဖျက်မှုဆိုင်ရာ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁)၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) တို့ဖြင့် တရားစွဲဆိုထားခဲ့သည်။

ယင်းစွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃ ခုအနက် ပုဒ်မ (၄၆၈)ကို တိုင်းတရားရုံးတွင် ပြင်ဆင်ခွင့် တင်သွင်း ပြီးဖြစ်ကြောင်း ကျန်ရှိနေသည့် ပုဒ်မ(၂၄/၁)၊ ၆(၃) တို့အတွက်လည်း ပြင်ဆင်မှု တင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“ပြစ်မှုဆိုင်ရာ ပုဒ်မ (၄၆၈)အတွက် တိုင်းတရားရုံးမှာပြင်ဆင်မှု မနေ့က တင်တယ်၊ စွဲချက်တင်တဲ့ ဥပဒေက မှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင်က အစိုးရဘက်က စွဲဆိုထားသည့် နိုင်ငံသား မှတ်ပုံတင် အတုပြုလုပ်သုံးစွဲမှုဆိုင်ရာ ပုဒ်မဖြစ်သော စာရွက်စာတမ်း လိမ်လည် အတုပြုလုပ်သည့် ပုဒ်မ (၄၂၀)မှာ ပြုတ်သွားသည့် အတွက် အစိုးရဘက်က ရှေ့နေများကလည်း ပြင်ဆင်မှုတင်သွင်းရန် စီစဉ်နေသည်ဟု ကြားသိရကြောင်း၊ ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် တရားရုံး၌ အပြီးသတ်လျှောက်လဲချက်ပေးရန် ထပ်မံ ချိန်းဆို လိုက်ကြောင်း ၎င်းက ဆိုသည်။

အင်းစိန်ထောင်တွင်း တရားရုံးတွင် မနေ့က စစ်ဆေးခဲ့သော ကိုညီညီအောင်အမှုအတွက် ၎င်းတင်ပြထားသည့် သက်သေ များဖြစ်သည့် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေနှင့် ဒေါ်စုစုကြည်တို့ ၂ဦး အနက် ဒေါ်စုစုကြည်ကိုသာ စစ်ဆေးခဲ့ကြောင်း သိရသည်။

“တရားရုံးကို သွားတယ် ဟိုကျတော့ တယောက်ပဲ စစ်မယ်ဆိုလို့ ဒေါ်စုစုကြည်ကို စစ်တယ်၊ အန်တီက အပေါက်ဝမှာ ထိုင်ကျန်ခဲ့တယ်၊ ပထမ ဦးဉာဏ်ဝင်းက မေးတယ်၊ နောက် အစိုးရ ရှေ့နေကလည်းသူလာတဲ့ အခါမှာနိုင်ငံခြားငွေ ပြဿနာဖြစ်ဖူးပါသလားပေါ့ စတာတွေ မေးတယ်” ဟု ဒေါ်ခင်ခင်ဆွေက ဆိုသည်။

အမှုစစ်ဆေးပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ကိုညီညီအောင်နှင့် အနီးကပ် တွေ့ဆုံခွင့် ပေးခဲ့သည့် အတွက် ၀မ်းသာ ကြည်နှုးမိကြောင်း၊ ကျန်းမာရေး အခြေအနေမှာကောင်းမွန်နေသည်ဟု ဆိုကြောင်း ၎င်းက ဆက်ပြောသည်။

ကိုညီညီအောင်သည် ဒီဇင်ဘာလ အစောပိုင်းတွင် အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းသားများအပေါ် ဆက်ဆံရေး မတရားမှုကို မကျေနပ်သည့်အတွက် အစာငတ်ခံဆန္ဒပြခဲ့ကြောင်း သတင်းများ ထွက်ပေါ် ခဲ့သည်။

၎င်းမှာ ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ်သို့ တောခိုခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့သည်။ သူ အဖမ်းခံရပြီး ၃ ပတ်အကြာရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများ အတွက် တာဝန်ရှိသည်ဟုလည်း အစိုးရ သတင်းစာထဲတွင် စွပ်စွဲထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ (Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈) ကြိမ် ပြန်ခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။

ကိုညီညီအောင်၏ မိခင်အပါအဝင် မိသားစုဝင် ၅ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၇ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရသည်။ ( ဧရာဝတီ )

Wednesday, January 13, 2010

အပြီးသတ် လျှောက်လဲချက်ကိစ္စ ဒေါ်စုနဲ့ ရှေ့နေများ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ၂ ဦးဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်ချပြီး အရေးယူထားတဲ့ ကိစ္စဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း တရားရုံးကို တင်ပြလျှောက်ထားတဲ့ အမှုမှာ လာမယ့် ၁၈ ရက်နေ့ကျရင် ပြင်ဆင်မှု အပြီးသတ် လျှောက်လဲချက် တင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ ဒီအကြောင်း အပြည့်အစုံ သိနိုင်ဖို့ ရှေ့နေ ဦးကြည်ဝင်းကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တယ်လို့ ကြားပါတယ်။ ဘာအကြောင်း သွားတွေ့တာပါလဲ၊ ဘာတွေထူးပါသလဲ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“နေ့လယ် ၂ နာရီမှာ သွားတွေ့ခွင့် ရပါတယ်။ ဘာအကြောင်းလဲဆိုတော့ ၁၈ ရက်နေ့မှာ သူ့ရဲ့ ပြင်ဆင်မှု တရားရုံးချုပ်မှာ အပြီးသတ် လျှောက်လဲချက် ရှိတယ်။ အပြီးသတ်ဆိုတာ ဟိုဘက် ၁၈ ရက်နေ့တုန်းက လက်ခံသင့်၊ မသင့် ပြောတော့ ရုံးက လက်ခံလိုက်ပြီ။ ရုံးက လက်ခံလိုက်တော့ ကျနော်တို့က အပြီးသတ် လျှောက်လဲချက် ပေးရမှာပေါ့။

“အဲဒါအပြင် ရှေ့နေချုပ်ရုံးကလည်း ပြင်ဆင်မှုတခု တက်တယ်။ ပြင်ဆင်မှု တက်တာက တိုင်းတရားရုံးက ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တိုတိုပြောရင်တော့ မရှိတော့ဘူးဆိုတဲ့ သဘောမျိုး ဆုံးဖြတ်လိုက်တယ်။ အဲဒါကို မှားတယ်ဆိုပြီး သူတို့က တက်တယ်။ အဲတော့ သူတို့ဟာလည်း အပြိုင်အဆိုင်၊ သူတို့ဟာလည်း လက်ခံလိုက်တော့ ကျနော်တို့ အခုလာမယ့် ၁၈ ရက်မှာ သူတို့ဟာကိုလည်း ချေပပြောရမယ်။”

အမှုရဲ့ အခြေအနေက ပိုပြီး ရှုပ်ထွေးလာတယ်ဆိုတဲ့ သဘောလား၊ လုပ်စရာတွေ ပိုများလာတယ်ဆိုတဲ့ သဘောလားခင်ဗျ။

“နှစ်ခုစလုံးပေါ့။ ရှုပ်ထွေးလာတဲ့ သဘောလည်း ပါတယ်။ လုပ်စရာတွေလည်း ပိုများလာတယ်။”

အခုက ပိုပြီး ကြာလာမယ်ဆိုတဲ့ သဘောလားခင်ဗျ။

“ကြာတော့ မကြာဘူးဗျ။ ဒီ ၁၈ ရက်နေ့မှာ ကျနော်တို့ လျှောက်လဲမယ်။ ကျနော်တို့အမှုလည်း ကျနော်တို့ စလျှောက်လဲ၊ သူတို့က ပြန်ပြီးတော့ ချေပ။ ပြီးတော့ သူတို့အမှု သူတို့လျှောက်လဲ၊ ကျနော်တို့က တခါ ချေပ။ ဒါပါပဲ။ အဲဒါကို တရားရုံးက ဆုံးဖြတ်ဖို့ပဲ။ အဓိကတော့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ အတိုင်းပေါ့ဗျာ။ ၁၉၈၈ ခုနှစ်အတွင်းက ဖြစ်ခဲ့တဲ့ အရပ်ရပ် အခြေအနေ၊ သုံးထားတဲ့ စကားက အရပ်ရပ် အခြေအနေကြောင့် ရပ်ဆိုင်းသွားခဲ့သည်ဟု မှတ်ပါ။ ဒါပဲ။

“အဲတော့ ရပ်ဆိုင်းသွားတာကို ကျနော်တို့က လက်ခံတယ်။ တနည်းအားဖြင့် လက်ခံရုံတင် မဟုတ်ဘူး၊ မှန်ကန်တယ်။ သို့သော် ရှေ့နေချုပ်ရုံးက ပြောတာက ရပ်ဆိုင်းသွားသော်လည်း အချို့ပြဋ္ဌာန်းချက်တွေက ၂၀၀၈ နဲ့ ဆန့်ကျင်ခြင်းမရှိတဲ့ အခြေအနေမှာ အဲဒါတွေက အတည်ဖြစ်တယ်ဆိုပြီး ပြောတယ်။ အဲဒီနေရာလေး ရှုပ်နေတာပေါ့၊ ဒါပဲ။”

ဟုတ်ကဲ့၊ ဆရာတို့ အခြေခံတာက ၁၉၇၄ ခု ဥပဒေကို အခြေခံပြီး ပြောနေတာပေါ့။

“ဟုတ်တယ်၊ တောက်လျှောက်ကလည်း အဲဒါပဲ။”

ဆရာတို့ဘက်ကလည်း ၂၀၀၈ ခုနှစ် ဥပဒေအရ ၇၄ ခု ဥပဒေက ရပ်ဆိုင်းသွားပြီဆိုတာ သဘောတူတယ်ပေါ့။

“လက်ခံတယ်၊ ကောင်းကောင်း လက်ခံတယ်။ အဲတော့ အတိုချုံးပြောရင် ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ရပ်ဆိုင်းသွားပါပြီလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ဟာမှာ အဲဒီ ရပ်ဆိုင်းနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅ ခု ဆွဲထုတ်တယ်။ အခန်း ၁၁ က ပုဒ်မ ၅ ခု၊ ဆိုတော့ အခန်း ၁၁ ကလည်း ရပ်ဆိုင်းပြီ။ အဲဒီပုဒ်မတွေကလည်း ရပ်ဆိုင်းပြီ။ အဲဒါတွေ ဆွဲထုတ်ပြီးတော့ သူ့ကို ဒီခြံထဲက ဘယ်မှမသွားနဲ့ ဘာညာပေါ့ဗျာ၊ ကျန်တာတွေလည်း ကန့်သတ်လိုက်တယ်။ တရားဝင်မလား၊ ဒါပဲ။ ရိုးရိုးလေးပဲ၊ ရှင်းရှင်းလေးပဲ။”

အဲဒါကို တရားဝင်မလားပေါ့။

“အင်းပေါ့၊ ဘယ်ဝင်မလဲ။ ခုနပြောတဲ့ ပုဒ်မ ၁၄၈၊ ၁၅၇၊ ၁၅၈၊ ၁၅၉၊ ၁၆၀ ဒီပုဒ်မ အသေတွေကို ထုတ်ပြီးတော့ အရေးယူထားတာဟာ ဘယ်လိုမှ တရားမ၀င်နိုင်ဘူး။ ဘာနည်းနဲ့တွက်တွက်၊ ဒါပဲ။“

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကရော ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ ဘာများ ပြောလိုက်ပါသေးလဲခင်ဗျ၊ ထူးထူးခြားခြား။

“သူ ကျနော်တို့ရေးထားတဲ့ လျှောက်လဲချက်ကို ဖတ်တယ်။ ဖတ်ပြီးတော့ သူလည်း နည်းနည်းဆွေးနွေးတယ်။ ဆွေးနွေးတော့ ကျနော်တို့ကလည်း တော်တော်များများ ထည့်ပြီးသား ဖြစ်နေပါပြီ။ သူလည်း ထပ်ပြီးတော့ ဖြည့်စွက်ပြီး ကောင်းပါတယ်ပေါ့၊ ပြီးပြီ။”

ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Tuesday, January 12, 2010

ကော်ဘရာရွှေ ( Cobra Gold) စစ်ရေးလေ့ကျင့်မှု


ထိုင်းနိုင်မှာ ကျင်းပမည့် ကော်ဘရာရွှေ ( Cobra Gold) စစ်ရေးလေ့ကျင့်မှု မှာ တောင်ကိုရီးယားနိုင်ငံ ဟာ ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ ပထမဦးဆုံးအကြိမ် စတင်ပါဝင်လိမ့်မယ်လို့ ထိုင်းဘုရင်တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ratchakrit Kanchanawat က အတည်ပြုပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံမှ စစ်သား ၄၁၁ ယောက် ကို လက်နက်အပြည့်အစုံဖြင့် စေလွှတ်ဖို့ သိရှိရကြောင်း၊ ယင်းစစ်ရေးလေ့ကျင့်မှုဟာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီများ ထောက်ပံ့ကူညီရေး၊ ငြိမ်းချမ်းရေး တည်ငြိမ်ရေးကို အဓိက ရည်ရွယ်ပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာသာဖြစ်ကြောင်း သိရှိရပါသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ယင်း ကော်ဘရာရွှေ ( Cobra Gold) စစ်ရေးလေ့ကျင့်မှု ကို ၁၉၈၂ ခုနှစ်ထဲက ထိုင်း၊ အမေရိကန်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ကြပြီး၊ ထိုင်း-အမေရိကန်သဘောတူညီချက်အရ နိုင်ငံ ၁၀ နိုင်ငံ ပူးပေါင်းပါဝင် လှုပ်ရှားလေ့ကျင့်နိုင်တယ်လို့ သိရှိရပါသည်။ ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ စစ်သား ၁၁၆၀၀ ယောက် ပါဝင်မှာဖြစ်ပြီး၊ အမေရိကန်တပ်သား ၆၂၁၇ ယောက်ပါဝင်လိမ့်မယ်လို့သိရှိရပါသည်။

မြောက်ကိုရီးယား နှင့် မြန်မာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေသတင်းတွေ ထွက်ပေါ်လာပြီးနောက် အရှေ့တောင်အာရှဒေသတွင် တောင်ကိုရီးယားနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်နိုင်ငံက ပိုမိုလိုလားလာတာကြောင့် တောင်ကိုရီးယားနိုင်ငံက ကော်ဘရာ စစ်ရေးလေ့ကျင့်မှုမှာ စတင်ပါဝင်လာကြောင်း အကဲခတ်များက သုံးသပ်နေကြပါတယ်။

http://komoethee.blogspot.com/

ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော


၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက်များကို အစ ဖျောက်လိုသဖြင့် အရာရှိ နှစ်ဦးကိုလွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းဟောင်းတဦးက မြန်မာ စစ်အစိုးရကို စွပ်စွဲ ပြောကြားလိုက်ပါသည်။

ထိုသူနှစ်ဦးကို စစ်အစိုးရ ဝန်ကြီး နှစ်ဦး၏ နိုင်ငံခြား ခရီးစဉ်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက် နေသော မြေအောက် ဥမင်ကွန်ရက်များ အကြောင်း အသေးစိတ် အချက်အလက်များ ပေါက်ကြားစေခဲ့မှုဖြင့် စွပ်စွဲ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခံခဲ့ရသူ နှစ်ဦးက မြန်မာ စစ်အစိုးရ စွပ်စွဲသည့်အတိုင်း လျှို့ဝှက်ချက်များ ပေါက်ကြားစေခဲ့သည် ဆိုသည်ကို သူ မယုံကြည်ကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံ မြန်မာသံရုံးမှ သံအမှုထမ်းဟောင်း တဦးဖြစ်သူ ဦးစိန်လွင်က မဇ္ဈိမနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

ဦးစိန်လွင် (အသက် ၃၅ နှစ်) သည် ၂၀၀၄ ခုနှစ်အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြန်မာသံရုံးတွင် ဌာနခွဲ ၂ ၏ ဌာနခွဲမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရယူခြင်းနှင့် မြန်မာစစ်တပ်သို့ အစီရင်ခံခြင်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

သို့သော် ယမန်နှစ်က ထိုသို့ ဖမ်းဆီးချိန်တွင် သူသည် မြန်မာနိုင်ငံတွင် ရှိနေခြင်း မရှိပါ။ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်များကို ဖော်ပြ လိုက်ပါသည်။

မေး။ လျှို့ဝှက် စာရွက်စာတန်းတွေ ပေါက်ကြားတယ်ဆိုပြီး အရာရှိနှစ်ဦးကို မကြာသေးခင်က သေဒဏ် ပေးလိုက်တဲ့အပေါ်မှာ ခင်ဗျား ဘယ်လို ယူဆပါသလဲ။

ဖြေ။ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ - MAS) အကြီးအကဲက ၂ဝဝ၉ ခုနှစ်ဂျူလိုင်လက စပြီး နေပြည်တော်မှာ အသစ်ခန့်အပ်ထားတဲ့ ထောက်လှမ်းရေးအရာရှိတွေကို သတင်းပေါက် ကြားမှုနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းဖော်ထုတ်ဘို့ညွှန်ကြားထားတယ်။

ဒီထောက်လှမ်းရေးအရာရှိအသစ်တွေကလဲ စရဖ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကျေနပ် အောင် ယာယီဘဲဖြစ်ဖြစ် ဓါးစာခံတွေရှာပြဘို့လိုလာတယ်။ ဒီလို သတင်းပေါက်တာဒီလူတွေ ကြောင့်ဘဲဆိုတာလုပ်ပြလိုက်ရင် နိုင်ငံခြားရေးဌာနတွင်း သံရုံးဝန်ထမ်းအပြောင်းအရွှေ့သ တင်းတွေလဲ နောင်ကိုထွက်တော့မှာ မဟုတ်ဘူးလို့ထင်တာ။

ဒီနှစ်ယောက်ကို သေဒဏ်ပေးလိုက်ရင်နောက်လူတွေလဲလုပ်ရဲတော့မှာမဟုတ်ဘူးလို့ အာဏာရှင် တွေက မျှော်လင့်နေတာ။ ဒါပေမဲ့ ကြည့်ပါ ဒီအစိုးရအပြောင်းအလဲဖြစ်တဲ့အထိ မီဒီယာပေါ်မှာ သတင်းတွေ ဓါတ်ပုံတွေ နောက်ထပ် အနှေးနဲ့အမြန်ဆိုသလိုဘဲ တက်လာဦးမှာဘဲ။

မေး။ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော် အကြောင်း ကျနော်တို့ကိုပြောပြပေးနိုင်မလား။ သူဘယ်လိုအဖမ်းခံခဲ့ရတယ်ဆိုတာရောပေါ့။

ဖြေ။ သူက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာအလုပ် လုပ်နေတာပါ။ သူ့ကိုခြေရာခံမိသွားတာ က ကမ္ဘောဒီးယားမြန်မာသံရုံး စစ်သံမှူးရုံးက ဗိုလ်မှူးချုပ်သန်းဟန်ပဲ။ သူက သူခုလိုစောင့် ကြည့်ခံနေရတယ် ဆိုတာမသိဘူး။ ဒီပေါက်ကြားသွားတဲ့သတင်းတွေသာမကဘူး။ သူ့ဆရာ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဆိုသည့်စစ်အစိုးရ၏တရားဝင်အမည်၊ နောင်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ဟု အမည်ပြောင်းသည်) ရဲ့ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီးတင်ဦး ၂ဝဝ၁ ခုနှစ်ကလုပ်ကြံခံရတယ်ဆိုတာကို သူက သိထားတယ်။

ဒီတော့ဗိုလ်ချုပ်ကြီးတွေက ဒီတခါ ခဲတလုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာ ပေါ့။ ဝင်းနိုင်ကျော် ဒီမိုကရေစီ ဘက်ကိုဘက်ပြောင်းပြီး တနေ့မှာ ဒီလုပ်ကြံမှုကြီးအကြောင်း ဖော်ရင် လက်ရှိဗိုလ်ချုပ်ကြီးတွေ တပ်တွင်း မျိုးဆက်သစ်တွေ ကြားထဲမှာ ထောက်ခံမှုရတော့မှာ မဟုတ်ဘူး။

သူက ၂ဝဝ၉ ဒီဇင်ဘာလဆန်းမှာပြန်လာတာ။ စရဖ က သူ့ကိုရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာဘဲ ဖမ်းလိုက်တာ။ ရိုးရိုးသားသားပြောရရင် အဲဒီအချိန်က ကျနော်မြန်မာပြည်မှာမရှိပါဘူး။ ဒါပေမဲ့ ကျနော့် အဆက်အသွယ်တွေ ဆီကသတင်းအရဆိုရင် သူ့ဆီက လှိုဏ်ခေါင်းပုံတွေ စရဖ က တွေ့တယ်ပြောတယ်။ ဒါပေမဲ့ တကယ့်အဖြစ်က အတွင်းရေးမှူး (၂) ရဲ့ ပိုအရေးကြီးတဲ့ ပိုလျှို့ ဝှက်တဲ့ဖိုင်တွေက သူ့ခရီးဆောင် ကွန်ပျူတာထဲမှာ ရှိနေတာ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတွေက ဒီကိစ္စ တွေကို ပြဿနာပိုမကြီးစေချင်ဘူးလေ။

မေး။ ပြည်ပမီဒီယာကို လျှို့ဝှက်ဖိုင်တွေ ပို့ခဲ့တာ သူမဟုတ်ဘူးလို့ ခင်ဗျား ဘယ်လိုပြောနိုင်လဲ။

ဖြေ။ ဝင်းနိုင်ကျော်က နိုင်ငံခြားရေး ဝန်ကြီးဌာနက မဟုတ်ပါဘူး။ သူ့နောက်ဆုံး ရာထူးက အမျိုးသား စီမံကိန်း ဝန်ကြီးဌာနမှာ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး။ သူဒီရာထူးက နေ ၂ဝဝ၄-၂ဝဝ၅ တဝိုက်လောက်မှာ ထွက်သွားပြီး ကုလသမဂ္ဂ အေဂျင်စီတခုမှာ အလုပ်ရတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လုပ်ရိုးလုပ်စဉ် အတိုင်းဆိုရင် အမှုတွဲတွေက ကကကြည်း (ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဦးစီးချုပ်ရုံး) ရယ် ကက(လှမ်း) (ကာကွယ်ရေးဌာန ထောက်လှမ်းရေးမှူးချုပ်ရုံး)၊ နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ရုံးချုပ်တို့ကို မိတ္တူပို့ရတယ်။ ဥပမာ ဂျွန်ယက်တောအမှုတွဲမျိုးဆို အစိုးရ ဌာနဆိုင်ရာတွေ ကြားထဲမှာ ဖြန့်ရတယ်။

မေး။ စစ်အစိုးရက သေဒဏ်ပေးတာ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် တယောက်ထဲ မဟုတ်ဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာနက စာရေး ကိုသူရကျော်ကိုပါ အပြစ်ပေးတာ။ ဒီတော့ ဒီသတင်းဖိုင်တွေက ကိုသူရကျော်ဆီက လာတာ ဖြစ်နိုင်တာပေါ့။ ခင်ဗျား ဒီကိစ္စကို ဘယ်လို ပြောမလဲ။

ဖြေ။ ဒီအမှုတွဲဖိုင်က ကိုသူရကျော် ရုံးခန်းကလာတာဖြစ်ပေမဲ့ မိတ္တူတွေက တခြားအစိုးရဌာနနဲ့ အေဂျင်စီတွေမှာလည်း ရှိနေတာဘဲ။ နေပြည်တော်မှာက အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်တယ်။ ဒီတော့ ကကကြည်းနဲ့ ကကလှမ်းကိုလဲ သူတို့ ထည့်စဉ်းစားဘို့ လိုတာဘဲ။ ကာကွယ်ရေးဌာနက တယောက်ယောက်ကလဲ ဒါကို အလွယ်လေး ပို့လိုက်လို့ ရတာဘဲ။ ဒီအမှုမှာ ကိုသူရကျော်ရဲ့ဖိုင်တွေ ဗိုလ်မှူး ဝင်းနိုင်ကျော် ခရီးဆောင် ကွန်ပျူတာထဲက တွေ့တယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ဒါပေမဲ့လဲ စရဖက ထိန်းချုပ်ထားတဲ့ စစ်အစိုးရရဲ့ တရားရုံးမှာ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လောက် တန်ဘိုးပေးရပေးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အတိတ်က အဖြစ်တွေကို အစ ဖျောက်ပစ်ချင်နေတာ။ ဒီတခါတော့ ခရီးဆောင် ကွန်ပျူတာထဲက ဖိုင်တွေက တရားရုံးမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ဖြစ်သွားတော့တာပေါ့။

မေး။ သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားခဲ့တယ်ဆိုတာ ခင်ဗျားသိသလား။ ဒီတရားရုံးတင်စစ်ဆေးတဲ့ အကြောင်းကိုကော ခင်ဗျားသိသလား။

ဖြေ။ ဖမ်းမိမိချင်း စရဖ ဌာနချုပ်ကို အစီရင်ခံတယ်၊ ပြီးတော့ စစ်ကြောရေးအတွက် ရေကြည်အိုင်ကို ပို့တယ်။ အမိန့်မချခင်မှာ အင်းစိန်ထောင်ကို သူ့ကို ပို့တယ်။ စစ်တဲ့ရုံးကတော့ အင်းစိန်မြို့နယ် ရွှေပြည်သာလမ်းမှာရှိတဲ့ ရန်ကုန်မြောက်ပိုင်း ခရိုင်ရုံးပါ။

မေး။ အတွင်းရေးမှူး (၂) လုပ်ကြံခံရတယ်ဆိုတဲ့ အထောက်အထားဘာရှိသလဲဗျ။

ဖြေ။ ကျနော် ၂ဝဝ၂ ခုနှစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မှုခင်း စုံစမ်းထောက်လှမ်းရေး (CID) သင်တန်း တက်နေတုံး ဗိုလ်မှူး ဝင်းနိုင်ကျော်လဲ လာတက်တယ်။ ကျနော်တို့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်က ရဟတ်ယာဉ်မောင်းနှင်သူ ပိုင်းလော့ကို သံလွင်မြစ်ထဲက ဆယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ပစ်သတ်ခဲ့တယ်။

မေး။ ပိုင်းလော့ကိုဘယ်သူသတ်တာလဲဗျ။

ဖြေ။ ဒါတော့မသိဘူး။ ဖြစ်နိုင်တာ စစ်ထောက်လှမ်းရေးနဲ့ စစ်တပ် တခုခုပဲ။ အာဏာပိုင်တွေက အစိုးရ သတင်းစာတွေမှာ နာရေး ကြော်ငြာထည့်ခွင့် မပေးခဲ့ဘူး။ အဲဒီအချိန်က တွင်း ၂ တင်ဦးရဲ့သား ဇော်ထွန်းဦးက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာဘဲ ရှိသေးတယ်။ သူနဲ့ကျနော်နဲ့က ဖောင်ကြီး (အစိုးရ ဝန်ထမ်းများ အတွက်သင်တန်း) မှာ ၁၉၉၈ ခုနှစ်က အပတ်စဉ်တခုထဲ အတူတူ တက်ခဲ့ကြတာ။ သူ့အပြောအရ အဲဒီအချိန်တုံးက သူ့အဖေနဲ့ မောင်အေး၊ ခင်ညွန့် တို့ ကြားမှာ အာဏာအားပြိုင်မှု အတော် ကြီးမားခဲ့တယ်လို့ဆိုတယ်။

မေး။ ခင်ဗျား ဘာဖြစ်လို့ ခုလို ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့တာလဲ။ လတ်တလော အကြောင်းတွေက ဘာတွေလဲဗျ။

ဖြေ။ ဗိုလ်မှူးဝင်းနိုင်ကျော်က သူ စောင့်ကြည့်ခံနေရပြီ ဆိုတာရယ်၊ သူ့ကို နာမည်ပျက် စာရင်း သွင်းထားပြီ ဆိုတာရယ်ကို မသိဘူး။ သူသာသိခဲ့ရင် ဗမာပြည်ကို ပြန်မှာမဟုတ်ဘူး။ ကျနော်ကတော့ ကျနော်ရယ် နောက်တခြား ဝန်ထမ်းဟောင်းတွေရယ်ကို နာမည်ပျက် စာရင်းသွင်းထားပြီ ဆိုတာသိတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံကို ချစ်ပေမဲ့ ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့ရတာဘဲ။ တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့နေ့ လုံခြုံစိတ်ချရတဲ့နေ့မှာ ကျနော်ဗမာပြည်ကို ဂုဏ်ယူဝံ့ကြွားစွာ နဲ့ပြန်မှာပါ။

မေး။ စစ်အစိုးရရဲ့ နျူကလီးယား ရည်မှန်းချက်ကို ခင်ဗျား ဘယ်လို ထင်မြင်ယူဆပါသလဲ။

ဖြေ။ အီရတ်မှာလို အမေရိကန်က ဝင်တိုက်မှာကို စစ်အစိုးရက တကယ်ကြောက်နေတာပါ။ နျူကလီးယား လက်နက် ပိုင်ဆိုင်ပြီး စစ်ရေး အင်အား ကြီးထွားလာမယ်ဆိုရင် နိုင်ငံရေးအရလဲ အင်အားရှိလာမယ်၊ အမေရိကန်ကလဲ စစ်အစိုးရကို ဝင်တိုက်မှာ မဟုတ်ဘူးလို့ ယူဆထားတာ။

မေး။ ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်လို့ ခင်ဗျား ဘာတွေ သိထားပါသလဲ။

ဖြေ။ စစ်အစိုးရက ၁၉၉၀ တုံးကလို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကဘဲ အများစုနိုင်မှာဘဲ။ ဒီတော့စစ်အစိုးရက ခဲတလုံးထဲနဲ့ ငှက် သုံးကောင် ပစ်ချပြီးသား ဖြစ်သွားတာပေါ့။ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလဲ ပယ်ဖျက်ပြီး ဖြစ်သွားမယ်၊ တိုင်းရင်းသား အဖွဲ့တွေကိုလဲ လက်နက်ဖြုတ်ပြီးသား ဖြစ်သွားမယ်။

မေး။ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဘို့ရယ်၊ အပစ်ရပ်အဖွဲ့တွေရယ်နဲ့ ပတ်သက်လို့ ဘာ အစီအစဉ်တွေ ရှိတယ်ဆိုတာ ခင်ဗျားသိသလား။

ဖြေ။ အပစ်ရပ်အဖွဲ့တွေက ဗိုလ်ချုပ်ကြီးတွေရဲ့ ရေရှည် စီမံကိန်း ထောင်ချောက်ထဲမှာ မိနေပြီးသားဖြစ်နေပြီ။ ဒါက အရင်ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့်လုပ်ခဲ့တဲ့ အစီအစဉ်ပါ။ စစ်တပ်လက်အောက်မှာ နယ်ခြားစောင့်တပ် ဖွဲ့ရေးအစီအစဉ်ဟာ ၅ နှစ်အတွင်းဒီလက်နက် ကိုင်အဖွဲ့တွေကို ဖျက်ဆီးပစ်ဘို့ နည်းပရိယာယ်ပါဘဲ။ ၅ နှစ်ကြာရင် နယ်ခြားစောင့်တပ်ဖွဲ့ ဆိုတာရှိတော့မှာ မဟုတ်ဘူး။ မြန်မာစစ်သားတွေက တဖြေးဖြေး ဝင်အစားထိုး နေရာယူသွားမှာဘဲ။

မေး။ မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာ စစ်အစိုးရအကြား ဆက်ဆံရေး အခြေအနေကိုကော ခင်ဗျား ဘယ်လိုထင်ပါသလဲ။ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားနိုင်ငံက လုပ်နေတဲ့ စီမံကိန်းတွေ ဘာရှိလဲ။

ဖြေ။ နှစ်နိုင်ငံစလုံးက နိုင်ငံတကာမှာ နိုင်ငံရေးအရ အထီးကျန် ဖြစ်နေတာ။ မြန်မာ စစ်ထောက်လှမ်းရေး တွေကို သင်တန်းပေးတာရော၊ နျူကလီးယား စီမံကိန်းတွေရော အများကြီးရှိတယ်။ လျှို့ဝှက်စာရွက်စာတန်းတွေခင်ဗျားဖတ်ပြီးရောပေါ့၊ အဲဒါတွေဟာ အမှန်တွေပါပဲ။
( မဇ္ဈိမ )

NLD ဗဟိုအလုပ် အမှုဆောင် တိုးချဲ့ရေး ဆွေးနွေး

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးရေ တိုးချဲ့ဖွဲ့စည်းဖို့ ဆွေးနွေးကြတဲ့ အစည်းအဝေးကို ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။ အသစ်တိုးချဲ့ ဖွဲ့စည်းတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ ဘယ်သူတွေ ပါဝင်တယ်ဆိုတာ ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒီလို တိုးချဲ့ဖွဲ့စည်းတာဟာ မြန်မာစစ်အစိုးရက ကြေညာထားတဲ့ ဒီနှစ်လုပ်မယ့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပါတယ်။

ဒီနေ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပတယ်ကြားလို့ အဓိက ဘာအကြောင်းတွေ ဆွေးနွေးလဲ၊ ဘယ်လိုထူးခြားမှုတွေ ရှိလဲဆိုတာ ရှင်းပြပေးပါ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“ဒီနေ့ကိစ္စကတော့ ကျနော်တို့ ပြောလို့မရသေးဘူး။”

ဒါဆိုရင် ပြောလို့ရသလောက်၊ ကျနော်တို့ သတင်းထုတ်ပြန်လို့ ရသလောက် အခြေအနေလေးတွေ ရှင်းပြပေးလို့ ရမလားခင်ဗျ။

“ရပါတယ်၊ CEC တိုးချဲ့ဖို့၊ နောက်တခုက Work Committee ဆိုတာ အလုပ်ကော်မတီတခု ဖွဲ့စည်းဖို့၊ ဒီဟာတွေက CEC အထောက်အကူ၊ အလုပ်အကူအဖွဲ့ ဖွဲ့ဖို့ အဲဒါတွေကို သဘောတူလိုက်တယ်၊ ဆုံးဖြတ်တယ်။ သို့သော် အဲဒါတွေကို ကြေညာချက်ထုတ်ဖို့၊ ကော်မရှင်ကို ရေးဖို့ စာတွေ အဲဒါတွေ လုပ်နေတယ်။ ပြီးရင် အဲဒါတွေကို ကော်မရှင်ကို မနက်ဖြန် သန်ဘက်ခါလောက် ပို့၊ ပို့ပြီးရင် တခါ သက်ဆိုင်ရာ နေပြည်တော်တို့ ဘာတို့ ပို့ရမယ်။ အသိပေးပြီး ရက်အတန်ကြာ စောင့်ပြီးတော့မှ တနင်္လာနေ့ကျမှ လုပ်နိုင်မယ်၊ အဲဒီလိုပဲ ပြောလို့ရပါတယ်။ အဲတော့ ကျနော်တို့ CEC ကိစ္စကို စဉ်းစား ဆုံးဖြတ်ကြတယ်လို့လည်း ပြောလို့ရပါတယ်။”

ဒီအစည်းအဝေး လုပ်ရတာက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြင်ဆင်စရာတွေ ရှိလို့ လုပ်ရတာလား။

“အဲလိုတော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲနဲ့ ဘာမှမဆိုင်ပါဘူး။ ကျနော်တို့ထဲမှာ လုပ်သင့်လုပ်ထိုက်တာ ကြာပြီလေ။ ကြာပြီဆိုပေမဲ့ ကျနော်တို့ ခေါင်းဆောင်တွေနဲ့လည်း မတွေ့ရတာ တနေ့ လွတ်နိုး လွတ်နိုးပေါ့။ လွတ်ရင် ခေါင်းဆောင်တွေ စုံညီ လွတ်ပြီးတော့မှပဲ ပြောကြဆိုကြ လုပ်ကြကိုင်ကြတာ ပိုကောင်းတယ်၊ ဒီလိုလည်း တွက်တာပေါ့ဗျာ။ အဲဒီလိုလုပ်ရင်းနဲ့ ဒေါ်စုကလည်း နေ့လွတ်မယ်၊ ညလွတ်မယ်နဲ့ နောက်ထပ်သာ ထောင်ကျသွားတယ်။ ဒါကတခု။

“နောက်တခုကလည်း ဦးအောင်ရွှေတို့ကိုလည်း စောင့်ရင်းစောင့်ရင်းနဲ့ ဦးအောင်ရွှေသာ တနေ့တခြား အိပ်ရာထဲ လဲသွားတဲ့ အနေအထားမျိုး၊ မလှုပ်နိုင် မရှားနိုင် ဖြစ်သွားတာမျိုး၊ ဦးတင်ဦးဆိုရင်လည်း ထောင်ကကို မလွတ်နိုင်ဘူး ဖြစ်နေတယ်။ အဲလိုဖြစ်တဲ့ အနေအထားတွေကြောင့် တဖြည်းဖြည်း ရွေ့လာတာကိုး။ အချိန်တန်ရင် လူသစ် အားသစ်လောင်းရမယ့် ဟာကတော့ ဒီသဘောထားလည်း ရှိတယ်၊ ပါတီက။

“သိတဲ့အတိုင်း စစ်တပ်လိုဟာမျိုးကတောင် အမြဲတမ်း တပ်မတော်သည် အစဉ်နုပျိုသော တပ်မတော် ဖြစ်စေရမယ် ဘာညာ ပြောနေတာ၊ ကျနော်တို့ဆီမှာ လူက အသက် ၉၀ ကျော်လူတွေ ရှိနေတယ်၊ ၈၀ ကျော် လူကြီးတွေ ရှိနေတယ်။ ၈၀ ကျော်တာ နည်းနည်းကျော်တာ မဟုတ်ဘူး။ ၉၀ နားကပ်နေတဲ့ လူကြီးတွေ ရှိနေတော့ ကျနော်တို့ ဒါ လုပ်ရမယ့် ကိစ္စပဲ။ အဲဒီ လုပ်ရမယ့် ကိစ္စတွေကို လုပ်မယ်ဆိုပြီးတော့ ချိတ်ဆက်လို့ရသလောက်၊ ခေါင်းဆောင်တွေလည်း အသိပေးလို့ ရသလောက်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အသိပေးကြ ပြုကြနဲ့ လုပ်ပြီးတော့ ကျနော်တို့ ဒါ စပြီး လုပ်လိုက်တာပါပဲ။

“လုပ်တယ်ဆိုတာလည်း ကျနော်တို့က သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြီးလည်း မလုပ်နိုင်ဘူး။ မဲပေးရွေးချယ်တာတို့ ဘာတို့ လုပ်တာမဟုတ်ဘူး။ ကျနော်တို့မှာ နဂိုကတည်းက CEC အထောက်အကူ အဖွဲ့ဆိုပြီးတော့ လူပေါင်း ၁၄ ယောက်ပါတဲ့ အဖွဲ့လေးတဖွဲ့ ဖွဲ့ထားတယ်။ ဒေါ်စုတို့ ထောင်မကျခင်ကတည်းက လုပ်နေတဲ့ ပုဂ္ဂိုလ်များပါတဲ့ အဖွဲ့ထဲက ၁၄ ယောက်ထဲကပဲ ၉ ယောက်ရွေးပြီး လုပ်တာပါပဲ။ Work Committee ဆိုတာလည်း အဲဒီ ကျန်ခဲ့တဲ့လူတွေနဲ့ ဆက်ပြီး Work Committee လုပ်တာပါပဲ။ ဆိုလိုတာကတော့ ဒီ ၁၄ ယောက်ကို သိမ်းသွင်းပြီးတော့ တာဝန်အသစ်တွေ ပေးတာ၊ အားသစ်လောင်းတာ ဒီသဘောပါပဲ။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

အမေ့ကိုပြောပြချင်တယ်

Wanna Say to Mom

Friday, January 8, 2010

အန်အယ်လ်ဒီက ဗဟိုအလုပ်အမှုဆောင်များ ထပ်တိုး

အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ် (၇) ဦးမှ (၉) ဦးအထိ ထပ်တိုးဖွဲ့စည်းမည်ဖြစ်သည်။

နှစ်ပေါင်း (၂၀) ကျော် နိုင်ငံအာဏာကို သိမ်းယူထားသည့် စစ်အစိုးရက စစ်သား (၄) ပုံ (၁) ပုံ ပါသည့် အစိုးရသစ်ကို အာဏာလွှဲပြောင်းမည်ဆိုသည့် ယခုနှစ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အန်အယ်လ်ဒီက ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“စီအီးစီ (၇) ဦး၊ ဒါမှမဟုတ် (၉) ဦး ထပ်တိုးဖွဲ့စည်းမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ အစည်းအဝေးမှာ အတည်ပြု ခန့်အပ်မှာပါ” ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက အတည်ပြုပြောကြားသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ယခင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ဗဟိုအလုပ်အမှုဆောင် (စီအီးစီ) အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၇) ဦးမှ (၉) ဦးအထိ ထပ်မံတိုးချဲ့မည်ဖြစ်ရာ စီအီးစီအဖွဲ့ဝင် (၁၈) ဦးမှ (၂၀) အထိ ရှိလာမည်ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များစာရင်းကို လာမည့် တနင်္လာနေ့ အဖွဲ့ချုပ်အစည်းအဝေးတွင် တင်သွင်းအတည်ပြု သတင်းထုတ်ပြန်မည်ဖြစ်သည်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အန်အယ်လ်ဒီ ပါတီအဖွဲ့ချုပ် မြို့နယ်ရုံးခွဲများ ချိပ်ပိတ်ခံခဲ့ရပြီး အန်အယ်လ်ဒီ ပါတီဝင်အများအပြား ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သည်။

ယခုနှစ်လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူုးကြီးသန်းရွှေက ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု အတိအလင်းထုတ်ဖော်ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီဘက်မှလည်း အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးပြန်လွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရန်၊ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာစောင့်ကြပ်လေ့လာမှုများကို ခွင့်ပြုရန် နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်ဒီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို လေ့လာကာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟု ၂၀၀၉ ခု ဧပြီလအတွင်းက ရွှေဂုံတိုင်ကြေညာစာတမ်း တစောင် ထုတ်ပြန်ထားသည်။
( ခေတ်ပြိုင် )


အမျိုးသမီး လူရွှင်တော်များဖြင့် ချိုးလင်းပြာ အငြိမ့်တင်ဆက်


အမျိုးသမီးလူရွှင်တော်များ ပါဝင်ကပြသည့် ချိုးလင်းပြာ အငြိမ့်ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၁၅ နှစ်ပြည့် အခမ်းအနားတွင် တင်ဆက်ခဲ့ရာ တက်ရောက်သူများ နှစ်ခြိုက်အားပေးကြသည်ကို တွေ့ရသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]


ယင်းအစီအစဉ်ကို ယမန်နေ့ညက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Chiang Mai Grand View ဟိုတယ်တွင် ကျင်းပခဲ့ရာ လူ ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

အတိုက်အခံ အင်အားစုများအတွင်း ဖြစ်ပျက်နေသော အကြောင်းအရာများ၊ စစ်အစိုးရနှင့် ပတ်သက်သည့် လွဲချော်မှုများကို အမျိုးသမီး လူရွှင်တော်များက အချက်အလက် ပိုင်နိုင်စွာ သရော်နိုင်ခြင်း၊ မျက်နှာသစ်များ အနေနှင့် ကြိုးစား တင်ဆက် ထားခြင်းတို့ကြောင့် ချိုးလင်းပြာ အငြိမ့်ကို ပရိသတ် အထူး အားပေးကြောင်း တွေ့ရသည်။


ချိုးလင်းပြာအငြိမ့်အတွက် BWU မသွယ်ဇင်တိုး (တိုးတိုး)၊ ဇင်မာဖြိုး (ဘုတ်ဘုတ်) နှင့် မူစဲ (စဲစဲ) တို့အပြင် သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့်အဖွဲ့မှ မင်းသမီး မြစပယ်ငုံ (မီးသီး) တို့ကလူရွှင်တော်များအဖြစ် ပါဝင်ခဲ့ပြီး သီးလေးသီး ဆေးရောင်စုံအဖွဲ့၏ လူရွှင်တော် ဇီးသီးက မင်းသားအဖြစ် ကပြဖျော်ဖြေခဲ့သည်။ ဇီးသီးနှင့်အတူ BWU မှ မခင်စန်းထွေးနှင့် မဝင့်ဝါခိုင်တို့က မင်းသမီးများအဖြစ် ပံ့ပိုး ကပြကြသည်။

“အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးသမဂ္ဂကနေ မင်းသမီးတောင်းတော့ စုစုပေါင်း ၂ ယောက်ပဲ ရပါတယ်ခင်ဗျာ၊ ကျနော့်မှာ အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူလ လေးယောက်နဲ့ ကရမလားလို့ ကြံထားတာ ခုတော့ အမရာ၊ ကိန္နရီနဲ့တင် ရပ်သွားတယ်” ဟု ဇီးသီးက ပြောလိုက်ရာ ပရိသတ်များ ပွဲကျသွားသည်။

ပြက်လုံးခွင်များထဲ၌ တိုးတိုးနှင့် ဘုတ်ဘုတ်တို့ နှစ်ယောက် ရှင်ဘုရင်နှင့် ဝန်ကြီးအဖြစ် သရုပ်ဆောင်ကာ မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားကို သရော်သည့် ခွင်ကို လူအများ ပိုမိုအားပေးနှစ်ခြိုက်ကြကြောင်း တွေ့ရသည်။ ထိုခွင်ထဲ၌ အမျိုးသမီးများကိုပါ နောက်ပြောင်၍ ပြက်လုံးထုတ်ထားသည်။

“ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ အမျိုးသမီးတွေကို ၃၀ ရာခိုင်နှုန်း ပေးရမယ်လို့ တောင်းဆိုနေကြတယ် ဘုရား”
“၃၀ ရာခိုင်နှုန်းတောင် ဘာလို့ တောင်းတာလဲကွဲ့ ဝန်မင်းရဲ့”
“လျှာရှည်လို့ပါဘုရား” ဟူ၍လည်း နောက်ပြောင်ထားသည်။

ယင်းပြက်လုံးခွင်သည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော အစိုးရ နေရာများအတွက် အမျိုးသမီးများက ၃၀ ရာခိုင်နှုန်း ရသင့်သည်ဟု တောင်းဆိုသည်ကို အမျိုးသားများဖြစ်ကြသော ဘုရင်၊ ဝန်ကြီးနှင့် တာဝန်ရှိသူ အဆင့်ဆင့်က ပယ်ချပြီး နောက်ဆုံးတွင် ၁ ရာခိုင်နှုန်းပင် မပေးတော့ဟု ငြင်းဆန်သည်ကို နောက်ပြောင်ထားခြင်း ဖြစ်သည်။

ထို့ပြင် “ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ သေနတ်ပစ်ပြိုင်ပွဲလုပ်တော့ မြန်မာက ဒုတိယ ရသွားပါတယ်”
“ဘာလို့ ပထမ မရတာလဲ ဝန်မင်း”
“ဘုန်းကြီးကိုပစ်တာ ဂျပန်သွားထိလို့ပါ” ဆိုသော ပြက်လုံးများလည်း ပါဝင်သည်။

“သူတို့ ပြက်လုံးတွေက ရယ်လည်း ရယ်ရတယ်၊ အချင်းချင်းလည်း ပြန်နောက်ပြောင်ထားတာ တွေ့ရတော့ သဘောကျမိတယ်” ဟု ပရိသတ် တဦးက ပြောသည်။

ပြည်တွင်း၌သာမကဘဲ ပြည်ပ အတိုက်အခံ အဖွဲ့အစည်းများထဲ၌ပင် အမျိုးသမီးများကို ဟန်ပြအဖြစ်သာ တန်းတူသဘော ထားရှိ၍ အမှန်တကယ် ဆုံးဖြတ်ချက် ချရမည့် နေရာများတွင် အမျိုးသမီးများကို နေရာ မပေးကြောင်းလည်း ပြက်လုံးများ ထုတ်ကြသည်။“အစည်းအဝေးတွေမှာ အမျိုးသမီးတွေကို အပြသဘောပဲထားတယ် ဆိုတာ ပေါ်လွင်အောင်ပြက်တဲ့ ပြက်လုံးကို အကြိုက်ဆုံးပဲ” ဟု လူရွှင်တော် စဲစဲက ပြောသည်။

မြန်မာအမျိုးသမီးသည် တခြားသော နေရာများတွင် ၎င်းတို့နှင့် သင့်လျော်သော လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့်ရှိသော်လည်း နိုင်ငံရေးနယ်ပယ် ကဲ့သို့သော ဆုံးဖြတ်ချက်ချနိုင်သည့် အ၀ိုင်းအ၀န်းထဲတွင် နေရာရရှိရန် အများစုမှာ အခက်အခဲ များစွာ ရင်ဆိုင် နေရသည် ဟု သူက ဆိုသည်။

အမျိုးသမီး လူရွှင်တော်အဖြစ် သရုပ်ဆောင်ခဲ့သော ချိုးလင်းပြာ အမျိုးသမီး စာစောင်၏ လက်ထောက် အယ်ဒီတာ မဇင်မာဖြိုးက “မိန်းကလေးတွေက လူရွှင်ဝတ်စုံကြီးတွေနဲ့ စင်ပေါ်တက်လာကတည်းက ကိုယ်ဘာမှတောင် မလုပ်ရသေးဘူး လူတွေက ရယ်ကြ တော့ လုပ်ရတာ အားတက်သွားတာပေါ့။ ကိုယ်ပြောချင်တဲ့ အရာတွေကို ပြက်လုံးတွေအနေနဲ့ ပြောခွင့်ရတဲ့အတွက် အရမ်း ပျော်ပါတယ်” ဟု ပြောသည်။

“ကျမတို့ မြန်မာနိုင်ငံရဲ့ အစဉ်အလာအရ အမျိုးသမီးတွေက ကမယ်၊ အမျိုးသားတွေက လူရွှင်တော်လုပ်မယ်။ အဲဒီပုံစံကို ပြောင်းပြန်လှန်ပြီး တင်ဆက်ချင်တဲ့ ဆန္ဒရှိတယ်။ အမျိုးသမီးတွေလည်း လူရွှင်တော် လုပ်လို့ရတယ် ဆိုတာကို ပြချင်တာပါ” ဟု BWU ၏ အထွေထွေ အတွင်းရေးမှူး မတင်တင်ညိုက ဆိုသည်။

၁၅ နှစ်ပြည့် အထိမ်းအမှတ် သတင်းစကားအဖြစ် BWUဥက္ကဋ္ဌ မိဆူးပွင့်က “ဒီမိုကရေစီ စနစ်တခုကို တည်ထောင်တဲ့ နေရာမှာ မျိုးဆက်တခုကနေ တခုကို လက်ဆင့်ကမ်းဖို့ တွန့်ဆုတ် မနေသင့်ဘူး။ နောက်ပြီး ဒီကိစ္စကို တကယ့် လုပ်ငန်းစဉ် တရပ်အဖြစ် ချမှတ် လုပ်ဆောင်သင့်တယ်” ဟု ပြောသည်။

BWU သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် ကျား/ မ တန်းတူအခွင့်အရေး ရရှိရေးအတွက် ၁၅ နှစ် တိုင်အောင် တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသမီးများပါဝင်သော အဖွဲ့အစည်းတခုဖြစ်သည်။

“BWU လိုအဖွဲ့အစည်းတွေ ရှိစေချင်ပါတယ်။ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် မိန်းကလေးတွေက တထောင့် တနေရာကနေ ပါဝင်သင့်တယ်” ဟု လူရွှင်တော် မီးသီးက ပြောသည်။ ( ဧရာဝတီ )

လျှို့ဝှက် မှတ်တမ်းကြောင့် သေဒဏ်ကျသူများ အယူခံဝင်မည်

နအဖ စစ်ခေါင်းဆောင် နှစ်ဦး၏ ရုရှားနှင့် မြောက်ကိုရီးယား ခရီးစဉ် လျှို့ဝှက် မှတ်တမ်းများ ပေါက်ကြားမှုဖြင့် အင်းစိန်ထောင် အထူးတရားရုံးက ယမန်နေ့တွင် သေဒဏ်ချမှတ်ခဲ့သူ နှစ်ဦးအတွက် အယူခံဝင်ရန် ရှေ့နေများ ပြင်ဆင်နေကြောင်း သိရသည်။

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးရုံး ဥရောပရေးရာ ဌာနမှ အကြီးတန်းစာရေး ကိုသူရကျော် တို့အတွက် အယူခံဝင်ရန် ၄င်းတို့၏ ရှေ့နေများက ယနေ့မှ စတင်၍ ပြင်ဆင်နေပြီဟု အင်းစိန်ထောင် အသိုင်းအဝိုင်းမှ တဆင့် စုံစမ်းသိရှိရခြင်း ဖြစ်သည်။

အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက “ဗိုလ်မှူး ဝင်းနိုင်ကျော် ကိစ္စကို အယူခံတက်ဖို့အတွက် ဒီနေ့ပြင်ဆင်နေတယ်။ ရှေ့နေတွေကတော့ ဦးထွန်းအောင်၊ ဦးမျိုးအောင်နဲ့ ဦးခင်မောင်မြင့်တို့က ပါဝါတွဲထိုးထားကြတာပေါ့နော်။ သူရကျော် အတွက်ကိုလည်း သူ့ရှေ့နေက အယူခံဝင်ဖို့ လုပ်နေတယ်လို့ သိရတယ်” ဟု မဇ္ဈိမကို ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၏ လျှို့ဝှက် အစီရင်ခံစာများ အင်တာနက်မှ တဆင့် ပေါက်ကြားပြန်နှံ့ကုန်သဖြင့် အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်ကို သေဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၀၊ ကိုသူရကျော် (ခ) အောင်အောင်ကို သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ အရပ်သား ဂိုပျံစိန် (ခေါ်) အစီးကို ထောင်ဒဏ် ၁၅ နှစ် အသီးသီး မြောက်ပိုင်း ခရိုင်တရားရုံးက အင်းစိန်ထောင်တွင်း၌ ယမန်နေ့က ရုံးထိုင်စီရင်ခဲ့ခြင်း ဖြစ်သည်။ ဂိုပျံစိန်အတွက်မူ ၎င်း၏ ရှေ့နေများက အယူခံ တင်မတင်ကို အတိအကျ မသိရသေးပေ။

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ဖမ်းဆီးခံခဲ့ရသည့် ၎င်းတို့သုံးဦးမှ ဗိုလ်မှူး ဝင်းနိုင်ကျော်ကို နိုင်ငံတော် အရေးပေါ် အက်ဥပဒေပုဒ်မ ၃ အရ သေဒဏ် အပါအဝင် အီလက်ထရွန်းနစ် ပုဒ်မ ၃၃/ခ ဖြင့် ၁၅ နှစ်၊ နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင်မှုဖြင့် ၃ နှစ်၊ အစိုးရ စာရွက်စာတမ်းကို မိမိနှင့်မသက်ဆိုင်ဘဲ ကိုင်ဆောင်မှုနှင့် ၂ နှစ်ချမှတ်ခဲ့သည်။

ကိုသူရကျော် (ခ) အောင်အောင်ကို နိုင်ငံတော်အရေးပေါ် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ် အပါအဝင် အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၃/ခ ဖြင့် ၁၅ နှစ် ချမှတ်ခဲ့သည်။ ဂိုပျံစိန် (ခ) အစီးကိုမူ အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၃/ခ ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

စီရင်ချက်များနှင့် ပတ်သက်၍ ရန်ကုန်မှ ဝါရင့်ဥပဒေ အတိုင်ပင်ခံ တဦးကမူ လက်ရှိ စစ်အစိုးရသည် ဖွဲ့စည်းပုံ ဥပဒေအရ တက်လာသည့် အစိုးရမဟုတ်သဖြင့် သေဒဏ်ပေးပိုင်ခွင့် မရှိကြောင်း မဇ္ဈိမကို သုံးသပ် ပြောဆိုခဲ့သည်။

၁၉၈၉-၉၀ ခုနှစ် နဝတ-နအဖ အာဏာ ယူပြီးသည်မှစ၍ ပြီးခဲ့သည့်နှစ်အထိ မြန်မာနိုင်ငံတွင် သေဒဏ် အမိန့်ချခံရသည့် အမှုပေါင်း ၂၀၀ ကျော်ခန့် ရှိခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့အားဖြင့် သေဒဏ် ပေးမပေးကိုမူ မသိရကြောင်း သူက ဆိုသည်။

မဇ္ဈိမက ဖတ်ရှုခွင့်ရခဲ့သည့် အစီရင်ခံစာများထဲတွင် ရုရှား ဝန်ကြီးချုပ် မစ္စတာ မီခေးလ်ဖရက်ကော့ဗ်၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခဲ့သည့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အဖွဲ့၏ ၂၀၀၆ ခု ဧပြီလ ၂-၆ ရက်နေ့ ခရီးစဉ်မှ မဂ္ဂါဝပ် ၁၀ သန်း ထုတ်လုပ်နိုင်သော နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး၊ ရုရှားရောက် မြန်မာ သင်တန်းသားများကို နျူကလီးယား သိပ္ပံဘာသာရပ်များနှင့် အာကာသ နည်းပညာများ ဆက်လက် သင်ကြားပေးရေး တို့အတွက် အာမခံချက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရုရှားနိုင်ငံလုပ် MIG 29၊ MI 17 တိုက်လေယာဉ်များ တိုးချဲ့ဝယ်ယူရေး၊ Guided Missile (အဝေးထိန်း ဒုံးကျည်) ထုတ်လုပ်ရန် နည်းပညာ သင်ယူနိုင်ရေး၊ သင်္ဘောများ ဝယ်ယူနိုင်ရေး တို့အတွက်လည်း အာမခံချက်များ ရရှိခဲ့သည်။

အလားတူပင် ၂၀၀၈ ခု နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သည့် တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်များ၏ တရုတ်နိုင်ငံမှတဆင့် သွားရောက်ခဲ့သော မြောက်ကိုရီးယား ခရီးစဉ်မှလည်း နှစ်နိုင်ငံ စစ်တပ်အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံတွင် လေယာဉ်နှင့် သင်္ဘောများထားရှိမည့် ဥမင် လှိုဏ်ခေါင်းများ၊ မြေအောက် အဆောက်အဦးများ ဆောက်လုပ်ရေးအတွက် မြောက်ကိုရီးယား တပ်မတော်က အကူအညီပေးသွားရန် သဘောတူညီမှုများ ရရှိခဲ့သည်။

၁၉၇၆ ခုနှစ်တွင်လည်း ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကျော်ထင် လက်အောက်တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်သော ဗိုလ်ကြီး အုန်းကျော်မြင့်က ဦးနေဝင်း အပါအဝင် မဆလ ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးစားခဲ့သဖြင့် သေဒဏ် ပေးခံရဖူးသည်။ ထိုစဉ်က ဦးနေဝင်းအစိုးရမှာ ၁၉၇၄ အခြေခံဥပဒေဖြင့် တက်လာခြင်း ဖြစ်သောကြောင့် သေဒဏ်ပေးခွင့် ရှိခဲ့သည်။ (မဇ္ဈိမ)

ဟီလာရီ ကလင်တန် အာရှခရီး မြန်မာ့အရေး ဆွေးနွေးဖို့ရှိ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ နောက်သီတင်းပတ် အတွင်းမှာ အာရှ ၄ နိုင်ငံကို ခရီးထွက်ဖို့ရှိပြီး အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထိပ်တန်း တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရှေ့သီတင်းပတ် အတွင်းမှာပဲ ဟာဝိုင်ယီကျွန်း၊ ပါပူဝါနယူးဂီနီ၊ နယူးဇီလန်နဲ့ သြစတြေးလျ နိုင်ငံတွေကို သွားရောက်မှာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။

ရှေ့သီတင်းပတ် အင်္ဂါနေ့ ဟာဝိုင်ယီကျွန်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) နဲ့ ဟီလာရီ ကလင်တန်တို့ တွေ့ဆုံဖို့ ရှိပါတယ်။ အိုကီနာဝါကျွန်းက အမေရိကန် တပ်ဖွဲ့တွေကို နေရာပြောင်းရွှေ့ဖို့ကိစ္စ ဂျပန်နဲ့ အမေရိကန် ပြည်ထောင်စုအကြား အချေအတင် ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အခုလို အာရှခရီးစဉ် သွားရောက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတွေကတော့ လုံခြုံရေးကိစ္စ တခုတည်း ဒီခရီးစဉ်အတွင်းမှာ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“သံတမန်ရေးအရ အမေရိကန် ပြည်ထောင်စုဘက်က အတိမ်းအစောင်းမခံဘဲ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်နေရတဲ့ အခြေအနေတွေ၊ ဥပမာအားဖြင့် အီရန်နဲ့ မြန်မာနိုင်ငံအရေး၊ နောက် တခြားနိုင်ငံ အရေးကိစ္စတွေကိုလည်း ပြောဆိုဆွေးနွေးရဖို့ ရှိပါတယ်။ အကြောင်းအချက် တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုတာကို တွေ့ရမှာပါ။”

ဂျပန်နဲ့ အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ လုံခြုံရေးကိစ္စ တချို့ကတော့ အဓိကထားပြီး ဦးစားပေး ပြောဆိုဆွေးနွေးမယ့် အကြောင်းအရာတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် သြစတြေးလျနိုင်ငံကို သွာမယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာလည်း …

“သြစတြေးလျနိုင်ငံနဲ့ ကျနော်တို့ တိုက်ရိုက် ဆွေးနွေးချင်ပါတယ်။ သြစတြေးလျနိုင်ငံက အိန္ဒိယနိုင်ငံတို့ မြန်မာနိုင်ငံတို့နဲ့ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့လည်း သူတို့ကို ရှင်းပြချင်ပါတယ်။” လို့ မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က နိုင်ငံတကာကို ပေးနေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေကို သံတမန်ရေးနဲ့ စစ်ရေးအရပါ နီးနီးကပ်ကပ် ပေါင်းစည်း လုပ်ကိုင်နိုင်အောင် ကြိုးစားသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပြီးနောက် အခုလို အာရှခရီးစဉ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အာရှခရီးစဉ်က အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ စစ်ရေး ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ သံတမန်ရေးအရ ချဉ်းကပ်မှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မယ့် ခရီးစဉ်တခုဆိုပြီး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ ( ဗွီအိုအေ )

Thursday, January 7, 2010

သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ

'' မြန်မာ ပြည်မှာ သားသုံးသားပဲရှိတယ်။ ကျောင်းသား နဲ့ ဘုရားသားတွေကတော့ က တိုက်ပွဲဝင်ပြီးကုန်ပြီ ဒီတခါ ဒီတပ်မတော်သားတွေအလှည့် ဖြစ်လာလိမ့်မယ်။ တပ်တော်သားတွေ ပါမှ အပြောင်းလဲလုပ်လို့ ရမှာလို့  ကျနော်ယုံနေတယ်။ '' ဗိုလ်မှုးဝင်းနိင်ကျော် ( ငြိမ်း)

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။

ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊

ယခင်က ၎င်းနှင့်အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။ ( ဧရာဝတီ )

မြန်မာ့အရေးကို ဗြိတိန် ဦးစားပေး စဉ်းစား


စစ်အစိုးရက ဒီနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေချိန် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရေးဟာ ဗြိတိန်အစိုးရ နိုင်ငံခြားမူဝါဒ ရေးရာတွေမှာ ဦးစားပေးနေရာမှာ ရှိတယ်လို့ ဗြိတိန်အစိုးရက ပြောလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြတဲ့ ဗြိတိန် ပါလီမန်အမတ်တွေနဲ့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာန မြန်မာနိုင်ငံရေးရာဝန်ကြီး အိုင်ဗင် လူးဝစ်စ် (Ivan Lewis) တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်းဦးစားပေးဖြစ်တဲ့ မြန်မာ့အရေးအတွက် ဗြိတိန်က ဘာတွေများ ဆောင်ရွက်သွားမှာလဲ၊ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ All Party Parliamentary Group for Democracy in Burma (APPG) မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေကြတဲ့ ဗြိတိသျှ လွှတ်တော်အမတ်များ အဖွဲ့နဲ့ မြန်မာ့ရေးရာဝန်ကြီး အိုင်ဗင် လူးဝစ်စ် မနေ့က သွားရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တဘက်မှာ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်အစိုးရက စီစဉ်ထားတာကြောင့် မြန်မာနိုင်ငံအရေးဟာ ထိပ်တန်းဦးစားပေး အဆင့်မှာ ရှိနေတယ်လို့ ၀န်ကြီး အိုင်ဗင် လူးဝစ်စ်က ပြောကြားခဲ့တဲ့အကြောင်း ၀န်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့သူ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်လည်းဖြစ်၊ ပါတီရဲ့ မြောက်ပိုင်းအိုင်ယာလန်နဲ့ စကော့တလန် ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အားလစ်တ်အဲ ကားမိုက်ကယ် (Alistair Carmichael) က ဆွေးနွေးပွဲ ပြီးပြီးချင်းပဲ ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

“စစ်အစိုးရက ဒီနှစ်အတွင်း တရားဝင်မှု မရှိဘဲ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲလည်း ရှိနေတာကြောင့် မြန်မာပြည်အရေးဟာ ဗြိတိသျှအစိုးရ နိုင်ငံခြားရေး မူဝါဒရဲ့ ထိပ်တန်းဦးစားပေး အဆင့်မှာ ရှိနေတယ် ဆိုတာကို ၀န်ကြီးက ကျနော်တို့ကို အသေအချာ ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆက်လက် ထောက်ခံ အားပေးသွားမယ့် အကြောင်းလည်း ၀န်ကြီးက ပြောခဲ့ပါတယ်။”

မြန်မာပြည်မှာ ဒီမိုကရေစီ ထွန်းကားရေး လှုပ်ရှားမှုကို ပါတီတခုတည်း၊ အဖွဲ့အစည်း တခုတည်းက ထောက်ခံအားပေးနေတာ မဟုတ်ဘဲ လွှတ်တော်အတွင်းမှာရှိတဲ့ လက်ရှိ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီတွေ အပါအ၀င် အစိုးရ ထိပ်ပိုင်းအထိ အားလုံးက ပူးပေါင်း ထောက်ခံ အားပေးနေကြတာပါလို့ လွှတ်တော်အမတ် ကားမိုက်ကယ်က ပြောပါတယ်။ မြန်မာ့အရေးကို အခုလို အားလုံးက တညီတညွတ်တည်း ၀ိုင်းဝန်းထောက်ခံ အားပေးနေတာဟာ အင်မတန် ရှားပါးတဲ့ ထောက်ခံအားပေးမှု တရပ်ဖြစ်ပြီး ဒါကလည်း ပြောင်းလဲသွားစရာအကြောင်း မရှိပါဘူးလို့ လွှတ်တော်အမတ် ကားမိုက်ကယ်က ပြောပါတယ်။

“ဗြိတိသျှ ပြည်တွင်းနိုင်ငံရေးမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါစေ၊ အစိုးရကြီးတခုလုံး ပြောင်းသွားရင်တောင်မှ မြန်မာ့အရေးကို ထောက်ခံနေတဲ့ မူဝါဒကတော့ လုံးဝ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ပြောင်းလဲနိုင်စရာ အကြောင်းကတော့ ဗြိတိသျှ အစိုးရက မြန်မာ့အရေးကို ဒီ့ထက်ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်လာတာပဲ ဖြစ်ပါလိမ့်မယ်။”

ဒါ့အပြင် ဗြိတိသျှအစိုးရ အနေနဲ့ မြန်မာ့အရေးကို ကုလသမဂ္ဂမှာ ဖိဖိစီးစီး တင်ပြဆွေးနွေးတာကို သူ့အနေနဲ့ မြင်တွေ့လိုတယ်လို့လည်း လွှတ်တော်အမတ် ကားမိုက်ကယ်က ပြောပါတယ်။

“ဗြိတိသျှအစိုးရက နယူးယောက်ခ်မှာရှိတဲ့ ကုလသမဂ္ဂမှာ မြန်မာ့အရေးကို အခုထက်ပိုပြီး တက်တက်ကြွကြွ ဦးဆောင် လုပ်ကိုင်တာကို ကျနော် မြင်ချင်တယ်။ အဲဒီလို ဖြစ်လာအောင်လည်း ကျနော် ဖိအားပေး လုပ်ဆောင်သွားမယ်။ ဒါပေမဲ့ တခြား ဥရောပတိုက်ထဲက နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မြန်မာ့အရေးကို ကျနော်တို့ ဗြိတိသျှအစိုးရက ပိုပြီး လုပ်နေတယ် ဆိုတာကိုတော့ ကျနော် သဘောတူပါတယ်။”

ဇန်န၀ါရီလ ၅ ရက်နေ့ အင်္ဂါနေ့တုန်းကလည်း မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေကို သွားရောက် လေ့လာခဲ့ကြတဲ့ ဗြိတိသျှ အခြေစိုက် လူသားချင်း စာနာတဲ့ အဖွဲ့အစည်းတွေကလည်း မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေကြတဲ့ ဗြိတိသျှ လွှတ်တော်အမတ်များ အဖွဲ့ထံမှာ သူတို့ရရှိခဲ့တဲ့ အချက်အလက်တွေကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

ဒါဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ဗြိတိသျှအစိုးရ အနေနဲ့ ဆက်လက် ထောက်ခံအားပေးသွားမယ့် အကြောင်းနဲ့ နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံမှုနဲ့ သတ္တိ ပြောင်မြောက်မှုတွေကို ချီးကျူးထောက်ခံထားတဲ့စာ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်အပြီး အခုလို တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Wednesday, January 6, 2010

စစ်အစိုးရ ရွေးကောက်ပွဲ အမေရိကန် မယုံကြည်

မြန်မာအာဏာပိုင်တွေက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ အများယုံကြည် လက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခြေအနေတွေကိုတော့ စောင့်ကြည့် အကဲဖြတ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အထက်လွှတ်တော်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) ရဲ့ ကြေညာချက်မှာတော့ မြန်မာစစ်အစိုးရက ၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ အပေါ်မှာ ကျေနပ်အားရမိတယ်လို့ သုံးနှုံးထားပါတယ်။ ဒီကွဲလွဲချက်အပေါ်မှာ ဘယ်သဘောထားက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် မူဝါဒကို ထပ်ဟပ်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ပုံမှန်အားဖြင့်ဆိုရင်တော့ အစိုးရပိုင်း နိုင်ငံခြားရေးဌာနတွေ ဆိုတာက မူဝါဒပိုင်းတွေကို လက်တွေ့ အကောင်အထည်ဖော်ရတဲ့ အပိုင်းမှာရှိပြီး လွှတ်တော်ကတော့ မူဝါဒတွေအတွက် ငြင်းခုံဆွေးနွေးကြတဲ့ နေရာပါ။ အဆုံးအဖြတ် ပေးရာမှာလည်း အခရာကျပါတယ်။ ဒါကြောင့်လည်းပဲ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ (Ian Kelly) ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘယ်လိုတိုင်းတာ စောင့်ကြည့်မလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲဥပဒေ မထွက်သေးတာနဲ့ ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမလဲဆိုတဲ့ ရက်အတိအကျ မထုတ်ပြန်သေးတာကိုလည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ထောက်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှသာ အများက လက်ခံယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်လို့ မြန်မာအာဏာပိုင်တွေက ကြေညာတာကို ကျေနပ်အားရမိကြောင်း ဖော်ပြပြီး ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် နိုင်ငံတကာက အထောက်အပံ့ အကူအညီတွေ ပေးနိုင်ဖို့ကို ပြောထားပါတယ်။

ဒီတော့ ဒီနှစ်ခုမှာ ဘယ်ထုတ်ပြန်ချက်က အမေရိကန် မူဝါဒကို တကယ်ပဲ ထင်ဟပ်မလဲ၊ အမေရိကန် မူဝါဒလို့ ပြောနိုင်မလဲ၊ USCB အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်ကို မေးကြည့်ပါတယ်။

“တကယ်တမ်း အမေရိကန် အစိုးရရဲ့ မူဝါဒကို ထင်ဟပ်တာကတော့ နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ ပြောကြားခဲ့တဲ့ ကြေညာချက်ပါပဲ။ အမေရိကန် အစိုးရ အနေနဲ့ကတော့ မြန်မာစစ်အစိုးရ အပေါ်မှာ ကြိမ်ဖန်များစွာ သတိပေးခဲ့တာပါ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းမှု ရှိရမယ်၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရမယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်လောက်အောင် ဖန်တီးပေးရမယ်၊ အာလုံး ပါဝင်နိုင်လောက်တဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးရမယ်။ အဲဒီမှာ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်တို့၊ လွတ်လပ်စွာ ဟောပြောခွင့်တို့၊ ဖွဲ့စည်းခွင့်တို့၊ သတင်းလွတ်လပ်ခွင့်တို့ စတာတွေ ပါတာပေါ့ဗျာ။

“ဒီအချက်အလက်တွေ မပြည့်စုံဘဲနဲ့ လုပ်မယ့် ရွေးကောက်ပွဲကို သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတာ အမေရိကန် အစိုးရက ထပ်ခါထပ်ခါ ပြောခဲ့ပြီးသားပါ။ အခုလည်း အဲဒါကိုပဲ ထပ်ပြီး ပြောလိုက်တာပါပဲ။ သူတို့က စောင့်ကြည့်မယ်တော့ မဟုတ်ဘူးဗျ။ အဲလိုပြောရင်းနဲ့ပဲ နအဖအစိုးရဘက်က အပြောင်းအလဲတွေ မလွဲမသွေလုပ်ဖို့ အမေရိကန် အစိုးရက လိုအပ်တဲ့ ဖိအားပေးမှုတွေကိုလည်း ဆက်ပြီး လုပ်နေမှာပါ။

“ဆီနိတ်တာ ဂျင်မ်ဝက်ဘ်ရဲ့ စတိတ်မင့် (Statement) ကတော့ တမျိုးပေါ့။ သူကတော့ မြန်မာစစ်အစိုးရ အပေါ်မှာ ယုံကြည်မှုတွေ၊ အားကိုးမှုတွေ ရှိနေတဲ့ အတိုင်းအတာမျိုးပေါ့။”

ဒါပေမဲ့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကလည်း တကယ်တမ်း သူ့ရဲ့ Constituency နဲ့ ထောက်ခံမှုနဲ့ အထက်လွှတ်တော်ထဲမှာ ရှိလာတယ်။ နောက်တခုက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌတဦးအနေနဲ့ ဆိုတော့ တစုံတရာတော့ သြဇာမလွှမ်းနိုင်ဘူးလား၊ သူ့အမြင်က။

“အဲဒီလို မဟုတ်ဘူးဗျ။ အမှန်တော့ ခင်ဗျားပြောတာ မှန်တယ်။ ဆပ်ကော်မတီတခုရဲ့ ဥက္ကဋ္ဌဆိုတာ သြဇာအာဏာကြီးတဲ့ နေရာတွေပေါ့ဗျာ။ ဒါပေမဲ့ သူ့ရဲ့ အတွေးအခေါ်တွေက တခြား သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် လွှတ်တော်အမတ်တွေကြားမှာ သင်းကွဲဖြစ်နေတယ်။ မြန်မာနိုင်ငံကိစ္စ တခုတည်းတင် မဟုတ်ဘူး၊ တခြားတခြားသော နိုင်ငံခြားရေးရာ ကိစ္စတွေမှာပါ သူ့ရဲ့ ၀င်ရောက်စွက်ဖက်မှုတွေကို ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် လွှတ်တော်အမတ်တွေက မကျေနပ် သဘောမတူကြသလိုဘဲ အမေရိကန် နိုင်ငံခြားရေး ဌာနကလည်း လက်မခံတာတွေ ရှိတယ်။ ကျနော်တို့မြင်တာတော့ သူက သင်းကွဲပုဂ္ဂိုလ် တယောက်ပါပဲ၊ အခုအချိန်မှာတော့။”

အမေရိကန် အခြေစိုက် မြန်မာအရေး လှုပ်ရှားမှုအဖွဲ့က ဦးအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။

လွှတ်တော်ထဲမှာပဲ မစ္စတာဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သီးခြားသဘောထား ဖြစ်နေတယ်ဆိုတော့ လွှတ်တော်တရပ်လုံးကရော မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထား ရှိနိုင်မလဲ ဆိုတာကိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်မူဝါဒ ပုံဖော်ရေးမှာ သြဇာညောင်းတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘတ် (David Steinberg) က အခုလို ပြောပါတယ်။

“နိုင်ငံရေးအားဖြင့်တော့ ဘယ် အမေရိကန် အစိုးရကမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုချက်ကို လျှော့ပေးမယ်လို့ မထင်ဘူး။ အမေရိကန် ကွန်ဂရက် သမိုင်းကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြန်ကြည့်ရင် ဒလိုင်းလားမားနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကလွဲလို့ ပြည်ပရေးရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုံးဖြတ်ချက်က အများဆုံးဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမေရိကန် အစိုးရတိုင်းအတွက် ဒါဟာ မလုပ်မနေရ လုပ်ရမယ့်အချက် ဖြစ်နေပါတယ်။”

ပါမောက္ခ ဒေးဗစ် စတိုင်းဘတ် ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အီယန် ကယ်လီရဲ့ ကြေညာချက်ထဲမှာတော့ အတိုက်အခံ ခေါင်းဆောင်တွေ အကျဉ်းထောင်ထဲမှာ ရှိနေသေးတာ၊ သတင်းလွတ်လပ်ခွင့် ကင်းမဲ့တာ၊ အတိုက်အခံ အမြင်တွေကို ခွင့်မပြုတာတွေကို ပြန်ထောက်ပြပြီး ဒီအခြေအနေတွေအရ ဆိုရင်တော့ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ စစ်အစိုးရဘက်က အဓိပ္ပာယ်ရှိရှိ လုပ်တာကိုင်တာ လက်တွေ့ မတွေ့ရသေးဘူးလို့ ပြောထားပါတယ်။ ( ဗွီအိုအေ )

သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် ၂၀ နှစ်တိုး

သတင်းလိုက်ရင်း ဖမ်းဆီးခံရသော အမျိုးသမီး သတင်းထောက် တဦးကို ပခုက္ကူခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်တိုး ချမှတ်လိုက်ကြောင်း တရားရေးသတင်း ရပ်ကွက်တခုက ပြောသည်။

ပခုက္ကူထောင်တွင်း ထိန်းသိမ်းခံနေရသည့် ပြည်ပအခြေစိုက် သတင်းဌာနတခုအတွက် သတင်းပေးပို့ခဲ့သည်ဟု ယုံကြည်ရသော မလှလှဝင်းနှင့် သူ၏ အမှုတွဲဖြစ်သူ ကိုမြင့်နိုင်တို့အား ဒီဇင်ဘာ ၃၁ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ နှင့် ၂၅ နှစ် အသီးသီး ထပ်ဆောင်းလိုက်ခြင်း ဖြစ်သည်။

အီလက်ထရောနစ် ဥပဒေနှင့် အခြား နိုင်ငံရေး ပုဒ်မတခုဖြင့် စွဲချက်တင် ထောင်ဒဏ် တိုးချခဲ့ခြင်းဟု သိရှိရသော်လည်း အသေးစိတ်ကို မသိရနိုင်သေးဘဲ ရှိနေသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မလှလှဝင်းသည် မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) မှ သံဃာတော်များကို တွေ့ဆုံ မေးမြန်းခဲ့ပြီး အပြန်လမ်းတွင် သူတည်းခိုသည့် အိမ်ရှင် ကိုမြင့်နိုင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

တရားမဝင် ဆိုင်ကယ်စီးသည်ဟုဆို၍ ၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် သွင်းကုန် ထွက်ကုန် အက်ဥပဒေ ပုဒ်မ ၅၁ ဖြင့် ပခုက္ကူမြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

နိုင်ငံရေးနှင့် ပတ်သက်သည့် အမှုများကို လိုက်ပါဆောင်ရွက်လျှင် အာဏာပိုင်များ၏ ဖိနှိပ်ငြိုငြင်ခြင်း၊ ဖမ်းဆီး ခြိမ်းခြောက်ခြင်းနှင့် အဖိုးအခ ရနိုင်ရန် အခွင့်အလမ်း နည်းမှုတို့ကြောင့် ပခုက္ကူရှိ ရှေ့နေများက တရားဆိုင်ဘက်သို့ အကျိုးဆောင်လိုက်ပါပေးရန် မဝံ့မရဲ ဖြစ်နေကြသည်ဟု ရန်ကုန်မြို့နေ ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ပြောသည်။

ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်လိုက်သည့်အပေါ် ပြင်းထန်စွာ ရှုတ်ချသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA ဒုဥက္ကဋ္ဌ ဦးဇင်လင်းက မဇ္ဈိမကို ပြောသည်။

“လူထု သိသင့်တဲ့ သတင်းအချက်အလက်တွေ ရရှိဖို့အတွက်၊ လူထုကို တင်ပြနိုင်ဖို့အတွက် ဖမ်းဆီးခံရတာ ဖြစ်တယ်။ ခုလို သတင်းထောက် တယောက်ကို မတရားတဲ့ စွဲချက်တွေနဲ့ နှစ်များစွာ ချမှတ်တဲ့အပေါ်မှာ ပြင်းထန်စွာ ရှုတ်ချတယ်၊ ကန့်ကွက်တယ်” ဟု ဦးဇင်လင်းက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှစ၍ ၂၀၀၉ ခုနှစ်အတွင်း စာနယ်ဇင်းသမားများ စုစုပေါင်း ၁၄ ဦးခန့် ရှိသည်ဟု BMA က ပြောသည်။ (မဇ္ဈိမ)

Tuesday, January 5, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာမခံချက်ကို အတိုက်အခံတို့ သံသယရှိ

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲများ စနစ်တကျ ကျင်းပရန် စီစဉ်နေ သည်ဟု ပြောကြားမှုအပေါ် နိုင်ငံရေးသမားများနှင့် လေ့လာသူများက သံသယရှိနေကြသည်။

ယမန်နေ့က ကျရောက်သည့် ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးက“ယခုနှစ်တွင် ရွေးကောက်ပွဲ များကို စနစ်တကျ ကျင်းပရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ပြည်သူတရပ်လုံးက မှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်”ဟု ပြောကြားကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး၏ ထိုသို့ ကတိပေးပြောကြားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယုံကြည်မှု မရှိကြောင်း တုံ့ပြန်ပြောဆိုလိုက်သည်။

“ကျနော်ကတော့ သိပ်မယုံဘူး၊ သိပ်မထင်ဘူး၊ သူတို့ ဘယ်လောက်ပဲ ပြောပြော၊ ဒါဟာ အခြေအနေတခု အပေါ်မှာ တည်ပြီး ပြောတယ်လို့ပဲ ယူဆတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မြန်မာနိုင်ငံ၏ စီးပွားရေး၊နိုင်ငံရေး၊ စစ်တပ်တွင်းနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများသည် ကျပ်တည်းသည့် အခြေ အနေသို့ ရောက်ရှိနေသည့်အတွက် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် အလားအလာမရှိနိုင်ကြောင်း၊ ရွေ့လျားဖွယ်ရှိသည်ဟု ထင်မြင်ကြောင်းလည်း ဦးဝင်းတင် က ဆိုသည်။

“ကျနော့် အထင်ကတော့ ဒီရွေးကောက်ပွဲဟာ ရွေ့ရမယ်လို့ ထင်တယ်၊ ကျနော်ကတော့ သံသယအများကြီးရှိတယ်၊ တချို့က ရွေ့သွားရင် ဒီစစ်အစိုးရ ပိုသက်ဆိုးရှည်နေမှာပေါ့လို့ ပြောတဲ့ လူတွေရှိတယ်၊ တနှစ်လောက် သက်ဆိုးရှည်တဲ့အတွက်တော့ ဘာမှအရေးမကြီးဘူး၊ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့၊ တောင်းဆိုဖို့၊ လှုပ်ရှားဖို့ ဆိုတဲ့ အခြေအနေသစ်တွေ ပေါ်လာနိုင်တယ်၊ ရွေးကောက် ပွဲ မတိုင်ခင် အပြောင်းအလဲတွေ မလုပ်နိုင်ရင်သာ နှစ်ပေါင်း ၂၀ ၊ ၃၀ သက်ဆိုးရှည်သွားနိုင်တယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

အလားတူ အမေရိကန်နိုင်ငံကလည်း ဗိုလ်ချုပ်မှူးကြီး၏ ယင်းသို့ ပြောကြားချက်နှင့်ပတ်သက်ပြီး ယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်ပေါ်လာမည်ဟု မထင်မြင်ကြောင်း ထုတ်ဖော်ပြောကြားသည်။

“ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ပေါ်ရေးအတွက် မြန်မာစစ်အစိုးရရဲ့ လုပ်ဆောင်ချက်ခြေလှမ်းတွေကို ကျနော် တို့ မြင်ရဖို့ ဝေးနေပါသေးတယ်”ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီရန် ကယ်လီက ယမန်နေ့က ပင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန် ကယ်လီက ဆက်လက်ပြီး“မြန်မာအစိုးရက ရွေးကောက်ပွဲလုပ်မယ်လို့သာ ပြောနေတာ၊ ရွေးကောက်ပွဲ လုပ်မယ့် ရက် သတ်မှတ်တာတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ကိုတော့ မထုတ်ပြန်သေးပါဘူး”ဟုလည်း ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အတိုက်အခံအင်အားစုများ အပါအ၀င် တိုင်းရင်းသားအဖွဲ့များလည်း ပါဝင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ၎င်းတို့အနေနှင့် စစ်အစိုးရကို ဆက်လက်တိုက်တွန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အီရန် ကယ်လီက ပြောဆိုသည်။

“မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲ ပါဝင်ခွင့်မရတဲ့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးနေတဲ့ နိုင်ငံရေး အကျဉ်းသားများစွာ ရှိနေပါသေးတယ်၊ သူတို့တွေအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်ခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ကျနော်တို့ စစ်အစိုးရကို ဆက်လက်ပြီး တိုက်တွန်း သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ပြောကြားချက်များသည် လက်တွေ့ဖြစ်မလာသေးသည့်အတွက် မျှော်လင့်ချက်ပေးသကဲ့သို့ ဖြစ်နေသည်ဟု ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုဝေကလည်း ပြောဆိုသည်။

“ပြောတဲ့အတိုင်း လုပ်တယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် အခုထက်ထိတောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင် မယ့် လူတွေ ဘာမှ မလုပ်နိုင်သေးဘူး၊ ရွေးကောက်ပွဲ ဥပဒေလည်း မထွက်သေးဘူး၊ ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေလည်း မထွက် သေးဘူးဆိုတော့ တရားဝင် ဘာမှ မလုပ်နိုင်သေးတဲ့ အခါကျတော့ မျှော်လင့်တာပဲ ရှိတာပေါ့၊ ဖြစ်ဖို့ ကောင်းတာ ကတော့ ဥပဒေကို အချိန်မီ ထုတ်ဖို့ကောင်းတာပေါ့၊ အချိန်မမီရင် ကျနော်တို့ နိုင်ငံရေးပါတီတွေ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

စစ်အစိုးရအနေနှင့် အာဏာခွဲဝေရေးတွင် ၎င်းတို့ လူများအတွက် နေရာချထားရန် အဆင်သင့် ဖြစ်သည့် အချိန်တွင် ရွေးကောက်ပွဲကို ကျင်းပနိုင်သည်ဟု ထင်မြင်ကြောင်း ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကိုအောင်မိုးဇော် ကလည်း ဆိုသည်။

“သူတို့ အခုစဉ်းစားနေတာက ၀န်ကြီးကို ဘယ်သူတွေ၊ သမ္မတ ကို ဘယ်သူတွေလုပ်မယ်ဆိုတာ စဉ်းစားနေတာ၊ အဲဒီ သူတို့ တပ်ထဲမှာ နေရာ ချထားဖို့ ကိစ္စတွေ ပြီးသွားရင် ပြည့်သွားရင် ရွေးကောက်ပွဲကို လုပ်လိမ့်မယ်လို့ ကျနော် ထင်တယ်၊ လူတွေ မဲပေးတာ မပေးတာက အဓိက မကျဘူး၊ အဓိက ကျတာက ဘယ်သူတွေ နိုင်မယ်ဆိုတာ တခါတည်း ဆုံးဖြတ် ပြီးသား ဖြစ်နေ လိမ့်မယ်၊ ဒါပေမယ့် အဲဒီ ကိစ္စက တကယ်တမ်း ကျနော်တို့ တိုင်းပြည်အတွက်က အဖြေမဟုတ်ဘူး၊ ဒီရွေးကောက်ပွဲလုပ်လို့ လည်း တိုင်းပြည် ဘာမှအပြောင်းအလဲ ဖြစ်မှာမဟုတ်ဘူး”ဟု ပြောဆိုသည်။

ဦးဝင်းတင်ကလည်း ယခု ၂၀၁၀ ရွေးကောက်ပွဲသည် လက်ရှိကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်း၏ အဖြေမှန် မဟုတ်ကြောင်း၊ ထွက်ပေါက် တခု မဟုတ်ကြောင်း ပြောဆိုသည်။

စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ မှ စတင်ပြီး ထုတ်ပြန်ကြေညာခဲ့သည်။ ( ဧရာဝတီ )

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews