သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Thursday, May 27, 2010

နအဖ စစ်သံရုံးရှေ့ တွင်ကျင်းပပြုလုပ်သည့် ဂလိုဘယ်အက်ရှင်နေ့ အခမ်းအနား ( ကိုရီးယား )



သတင်းဓါတ်ပုံ ရိုက်ကူးပေးသော ကိုမျိုးကြီး ( NLD-LA-KOREA BRANCH ) အား အထူးကျေးဇူးတင်ရှိပါသည်။

Tuesday, May 25, 2010

မုန်တိုင်းထဲက မျက်ဝန်းတစုံ


နာဂစ် ဆိုင်ကလုန်း တိုက်ခိုက် အပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွင်းရှိ ၀ရုန်းသုန်းကား အခြေအနေကို အမေရိကန် သတင်းထောက် တဦးက ပြန်ပြောင်း အမှတ်ရ ရေးသားထားသည့် စာအုပ် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဖြစ်အပျက်များ အားလုံးနီးပါးသည် စိတ်ကူးယဉ်သည်ထက်ပင် ပို၍ ဆန်းကြယ်လှပေသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဘန်ကောက်အခြေစိုက် အမေရိကန် အမျိုးသမီးသတင်းထောက် အီမာလာကင်သည် မြန်မာ့အရေးနှင့် ပတ်သက်၍ သိမြင်နှံ့စပ်သြူ ဖစ်သည်။ သူ၏ ဗွေဆော်ဦးစာအုပ်ဖြစ်သော “မြန်မာနိုင်ငံတွင် ဂျော့ခ်ျအိုဝယ်ကို ရှာဖွေခြင်း (Finding George Orwell in Burma)” စာအုပ်သည် ယနေ့ခေတ် မြန်မာ့နိုင်ငံရေးသမိုင်းကို ဂျော့ခ်ျအိုဝယ်၏ စိတ်ကူးယဉ် အာဏာရှင်စာအုပ်များနှင့် နှိုင်းယှဉ် ပြထား သည့် စာအုပ်ဖြစ်သည်။ မြန်မာနိုင်ငံကို အုပ်ချုပ်ထားသူများသည် ရက်စက်မှု၊ ဖိနှိပ်မှုနေရာတွင် ဂျော့ခ်ျအိုဝယ်၏ စိတ်ကူးယဉ် ဇာတ်ကောင် များထက်ပင် ပို၍ သာနေသည်။

သို့သော် ၂၀၀၈ ခုနှစ် မေလက နာဂစ်ဆိုင်ကလုန်းတိုက်ခတ်အပြီး မြန်မာစစ်အစိုးရ၏ ဖြစ်ကတတ်ဆန်း၊ ရက်ရက်စက်စက် အစောပိုင်းတုံ့ပြန် ဆောင်ရွက်ချက်များက ဂျော့ခ်ျအိုဝယ်၏ စိတ်ကူးတွင်ပင် မရှိနိုင်သော အရာများဖြစ်နေသည်။ မုန်တိုင်းသင့် ကျေးရွာသားများက အသက်ရှင်ဖို့ ရုန်းကန်နေရချိန်တွင် စစ်တပ်က နိုင်ငံခြား အထောက်အပံ့များကို ပိတ်ပင်တားမြစ်ခဲ့သည့်အပြင် အခြေခံ ဥပဒေ ဆန္ဒခံယူပွဲကိုပင် ကျင်းပခဲ့သေးသည်။

သူ၏ စာအုပ်အသစ်ဖြစ်သော “အရာအားလုံး ကျိုးပြတ်ကြေမွသွားခြင်း - မြန်မာ့ သဘာဝဘေးအန္တရာယ် ပုံပြင် (Everything is Broken: A Tale of Catastrophe in Burma)” တွင် မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရသည့် အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ကြီး အကြောင်းကို ပြန်ပြောင်းပြောပြထားသည်။ ထိုစာအုပ်အတွက် လာကင်သည် တွေ့ဆုံဆွေးနွေးမှုများ နှင့် ကွင်းဆင်း သုတေသနပြုချက်များကို အဓိက အားပြုထားသည်။

မုန်တိုင်းတိုက်အပြီး ရက်သတ္တပတ်များစွာ ကြာသည်အထိ ရန်ကုန်မြို့လယ်ခေါင် လက်ဖက်ရည်ဆိုင်များမှသည် နိုင်ငံတကာ အကူအညီ ပေးရေး အသိုင်းအ၀န်းများအကြားရှိ လုပ်ငန်းတူ အစုအဖွဲ့ အစည်းအဝေးပွဲများအထိ ဖြစ်ပေါ်နေသော တုန်လှုပ် ခြောက်ခြားမှုများ၊ စိတ်ရှုပ်ထွေးမှုများဖြင့် စာအုပ်ကို အစပြုထားသည်။ မကြာခဏဆိုသလိုပင် NGO ၀န်ထမ်းများသည် အခြေ အနေ တခုလုံးအပေါ် မည်သို့ လိုက်လံလုပ်ဆောင်ရမည်ကို လုံးဝမသိတော့သည့် အနေအထား ဖြစ်ခဲ့သည်။

အစည်းအဝေးတခုတွင် သဘာဝ စိုက်ပျိုးရေး ပညာရှင်များက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ လယ်သမားများ ဒုတိယ သီးနှံမစိုက်ပျိုးခင် ၎င်းတို့ မည်မျှ အချိန်ရမည့်ကိစ္စကို ဆွေးနွေးငြင်းခုံခဲ့ကြသည်။ မည်သူကမှ လယ်စိုက်ပျိုးသူ တောင်သူကြီးများကို ထိုအကြောင်းနှင့်ပတ်သက်၍ မေးမြန်းရန် စိတ်မ၀င်စားခဲ့ဟု လာကင်က အားမနာတမ်း ဝေဖန်ထားသည်။

လာကင်တွင် အနုစိတ်ကြည့်တတ်သော အံ့သြဖွယ်မျက်စိတစုံနှင့် မြင်သမျှကို ပြန်လည်ပုံဖော်ပြနိုင်သော ပါရမီ ရှိသည်။ ရုပ်ပုံကားချပ်တခုသည် စကားလုံးတထောင်မျှ တန်ဖိုးရှိနိုင်သည်။ သို့သော် မြန်မာနိုင်ငံနာဂစ်အလွန် ထောင့်စုံပါသည့် ရုပ်ပုံ ကားချပ်တခု ဖန်တီးရာတွင် လာကင်၏ စကားလုံးများက လက်ရာမြောက်လွန်းလှသည်။ မြန်မာလူမျိုးစီးပွားရေး လုပ်ငန်းရှင် တဦးက မြစ်ဝကျွန်းပေါ်ဒေသမှ သူ၏ဓာတ်ပုံများကို လာကင်အား ပြသသောအခါ လာကင်က စာဖတ်သူများကိုယ်တိုင် ထိုဓာတ်ပုံကို လာရောက်ကြည့်ရှုခွင့် ပြုထားလိုက်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အတွင်း ပုပ်ပွနေသော အလောင်းများနှင့် ကျိုးပြတ်နေသော သစ်ပင်များကို သူပုံဖော်ထားချက်က သဘာဝဘေးအန္တရာယ်၏ ကြောက်မက်ဖွယ် အတိုင်းအဆကို သိစေနိုင်သည်။

စစ်အစိုးရ နေပြည်တော်သို့ ပြောင်းရွှေ့ခြင်းမှသည် ရွှေဝါရောင်တော်လှန်ရေးအထိ လတ်တလော မြန်မာ့သမိုင်းကို စာအုပ်၏ ဒုတိယအပိုင်းတွင် အကျဉ်းချုပ်ဖော်ပြထားသည်။ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများအတွက် ထိုအခန်းကို ယေဘုယျသဘောမျှသာ ဖတ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။

လာကင်၏ ပါရမီ အစစ်အမှန်သည် စိတ်ထိခိုက်ဖွယ် ပြောပြချက်များကို ရှာဖွေခြင်း၊ ပြန်ပြောင်းပြောပြခြင်းများပင်ဖြစ်သည်။ တရားဝင် လူအသေအပျောက် စာရင်းမှာ ၁၃၈၀၀၀ ဦးရှိသည်ကို စာဖတ်သူများ သိကြပြီးဖြစ်သည်။ သို့သော် ကိန်းဂဏန်းများက ကံကြမ္မာဆိုးကြီး၏ အဖြစ်အပျက်အပြည့်အစုံကို မလွှမ်းခြုံနိုင်ပေ။ စာအုပ်၏ တတိယအပိုင်းတွင် လာကင်သည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွင်းရှိ အသက်ရှင်ကျန်ရစ်ခဲ့သူများနှင့် သူတွေ့ဆုံ မေးမြန်းခဲ့သည်များကို ပြန်ပြောင်းပြောပြထားသည်။ သူတွေ့ခဲ့သမျှ လူအားလုံးနီးပါးသည် မိသားစုတခုလုံး နှင့် နေစရာအိုးအိမ်များ မုန်တိုင်းအတွင်း ဆုံးရှုံးခဲ့ကြသူများ ဖြစ်ကြသည်။

“အရာအားလုံး ကျိုးပြတ်ကြေမွသွားခြင်း” စာအုပ်တွင် စိတ်အားတက်ဖွယ် အဖြစ်အပျက်အကြောင်း ပြောဆိုချက်တချို့လည်း ပါဝင်သည်။ ကလေးတဦး ရေစီးထဲတွင် သစ်လုံးတလုံးကို ဖက်တွယ်ထားကာ တညလုံး ရေစီးထဲမျောပါခဲ့သည့် အခန်းကတော့ မိမိ အနှစ်သက်ဆုံး အခန်းဖြစ်သည်။

နေ့တနေ့၏ မနက်တွင် သူ နိုးလာသောအခါ သောင်စပ်ပေါ်သို့ ချောချောမွေ့မွေ့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူ သတိထားလိုက်မိသည်မှာ ထိုသစ်သားလုံးတွင် ခြေထောက်လေးဖက်ရှိပြီး လမ်းလျှောက် နေခြင်းဖြစ်သည်။ ထိုအခါကျမှ အဆိုပါ သစ်တုံးမှာ မိကျောင်းတကောင်ဖြစ်နေမှန်း သတိထား လိုက်မိသည်။ စပါးကြီးမြွေ နှင့် ဘဲငန်းများက အသက်ကယ်လိုက်သော တခြား အသက်ရှင် ကျန်ရစ်သူများလည်း ရှိသေးသည်။

လာကင်၏ ပေါ့ပေါ့ပါးပါးရေးဟန်ကြောင့် ထိုစာအုပ်သည် လက်မှမချတမ်း ဖတ်၍ကောင်းသော စာအုပ် တအုပ်ဖြစ်သည်။ ထိုစာအုပ် မဖတ်ခင်က မိမိအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ ပိုမို အတွင်းကျသော အမြင်များ ဖတ်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ “မြန်မာနိုင်ငံတွင် ဂျော့ခ်ျအိုဝယ်ကိုရှာဖွေခြင်း” စာအုပ်၏ အကောင်းဆုံးသော အရာများအနက် တခုမှာ တခြား တင်ပြမှုများနှင့်မတူ တမူထူးခြားဟန်ဖြစ်သည်။ ထိုစာအုပ်က မိမိတို့ မြန်မာ့သမိုင်းကို မြင်တွေ့သော ပုံစံကို ပြောင်းလဲ ခဲ့သည် (၀ါ) စိန်ခေါ်ခဲ့သည်။ ထိုစာအုပ်ဖတ်ပြီးသည့်နောက်ပိုင်းတွင် မိမိသည် မြန်မာနိုင်ငံ၏ ကိုလိုနီ၊ ဆိုရှယ်လစ် နှင့် စစ်အစိုးရ အကြောင်း ရေးသားထားသည့် ဂျော့ခ်ျအိုဝယ်၏ “မြန်မာ့နေ့ရက်များ (Burmese Days)” “ခြေလေးချောင်းတော်လှန်ရေး (Animal Farm)” “၁၉၈၄ (1984)” တို့နှင့် အမြဲတစေ ချိတ်ဆက်ကြည့်ဖြစ်သည်။

“အရာအားလုံး ကျိုးပြတ်ကြေမွသွားခြင်း” စာအုပ်တွင်ကား စိတ်ဝင်စားဖွယ် ပြန်ပြောင်း ပြောဆိုချက် ဒါဇင်ပေါင်းများစွာ ပါဝင်သည်။ သို့သော် အဓိက ဖော်ထုတ်ချက် မရှိပေ။ မိမိတဦးတည်းအတွက်မူ စစ်အစိုးရအတွင်းငြင်းခုံမှုများနှင့် ပတ်သက်၍ ပို၍လေ့လာရန် အထူးစိတ်ဝင်စားသည်။ သာဓကအားဖြင့် မည်သည့်အစိုးရ ၀န်ကြီးများက နိုင်ငံခြားအကူအညီများကို လက်ခံရန် ပြင်းပြင်း ထန်ထန်ပြောဆိုခဲ့ သနည်း။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူမုန်းများသော လုပ်ရပ်က မြန်မာ့တပ်မတော်အတွင်း သူ၏ တရားဝင်မှု အပေါ် သက်ရောက်မှု ရှိခဲ့ပါသလား စသည်ဖြင့် သိလိုသည်။ သို့သော် စာအုပ်တွင် ယင်းကိစ္စရပ်များကို သာမန်မျှသာ ဆွေးနွေး ထားသည်။

လွန်ခဲ့သော ၂ နှစ်အတွင်း နာဂစ်ဆိုင်ကလုန်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို စုံစမ်းလေ့လာထားသော အစီရင်ခံစာများ၊ သတင်းဆောင်းပါးများ ဒါဇင်နှင့်ချီ၍ ထွက်လာသည်။ သို့သော် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ပျံ့နှံ့ဖြစ်ပေါ်ခဲ့သော စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်မှု နှင့် ရုပ်ပိုင်းဆိုင်ရာ အတိဒုက္ခရောက်မှုများကို ပြန်လည် သရုပ်ဖော်ရာတွင် “အရာအားလုံး ကျိုးပြတ်ကြေမွသွားခြင်း” စာအုပ်ထက် မည်သည့်အရာကမှ ပီပြင်သော ကားချပ်တချပ်အဖြစ် ရုပ်လုံးမဖော်နိုင်သေးပေ။ မုန်တိုင်းပြီးခါစတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေခဲ့သည့် မိမိတို့အတွက် လာကင်၏ ရေးဟန်ကို ဖတ်ရှုကြည့်ခြင်းဖြင့် စိတ်ထိခိုက် ကြေကွဲဖွယ် အမှတ်ရဖွယ်များကို ပြန်ပြောင်းသတိရစေပါသည်။

Dominic J. Nardi, Jr သည် ဝါရှင်တန်ဒီစီ အခြေစိုက် ဥပဒေရေးရာအဖွဲ့ (Governance Institute in Washington DC) တွင် ဧည့်သုတေသီဖြစ်သည်။ ဂျွန်ဟော့ကင်း တက္ကသိုလ်မှ အရှေ့တောင်အာရှလေ့လာရေးဘာသာရပ်ဖြင့် မဟာဘွဲ့ရထားသူလည်း ဖြစ်သည်။( ဧရာဝတီ )

Saturday, May 22, 2010

ဆည်မြောင်း နိုင်ငံတော်ကြီး


မြန်မာ စစ်အစိုးရနှင့် တရုတ် အစိုးရတို့က ကချင်ပြည်နယ် ထဲတွင် ရေအားလျှပ်စစ် ထုတ်ယူရန် အတွက် ရေကာတာ ဆည်ကြီး ပေါင်း ၇ ခု တည်ဆောက်ရန် ပြင်ဆင် နေကြသည်။ သို့သော် ထိုဆည်ကြီးများ ဆောက်လုပ်ခြင်းသည် ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်နှင့် လုံခြုံရေးကို အာမခံချက်ပေးနိုင်မည် မဟုတ်သည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား ကိုလည်း ပြည်သူများ သုံးစွဲခွင့် ရလိမ့်မည်မဟုတ်ပေ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ကြီးမားသော ဆည်ကြီးများ တည်ဆောက်၍ ရေအားလျှပ်စစ် ထုတ်ယူ ခြင်းသည် ဒေသခံ လူ့အဖွဲ့ အစည်းနှင့် သဘာဝ ပတ်ဝန်းကျင်ကို အကြီး အကျယ် ထိခိုက် ပျက်စီး စေသောကြောင့် နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချ နေသည်မှာ ကာလ အတန်ကြာပြီ ဖြစ်သည်။ သို့သော် ထိုအဆိုကို လက်မခံ သူများလည်း ရှိနေပါ သေးသည်။ တခြားသူများ မဟုတ်။ ဆည်ကြီးများ တည်ဆောက်ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်း နေသူများ ဖြစ်သည်။ လက်တွေ့ ကျကျ စဉ်းစား သူများက ဆည်ကြီးများမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားသည် သေချာပေါက် အားကိုးအားထား ပြုနိုင်ပြီး လျှပ်စစ်ဓာတ်အား မရှိသော နိုင်ငံတခုသည် ခေတ်သစ်ကမ္ဘာကြီး ထဲတွင် ရှင်သန်ရန် မဖြစ်နိုင်ဟု ဆိုကြသည်။

သို့သော် ထိုအဆိုပြုချက်သည် မြန်မာနိုင်ငံတွင် ပြောင်းပြန်ဖြစ်နေသည်။ ဆည်ကြီးများ တည်ဆောက်ခြင်းအကျိုးဆက်ကြောင့် လူအများအပြား သေဆုံးခြင်း၊ ကျေးရွာများ ဖျက်ဆီးခံရကာ သစ်တောများ အပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းခြင်း ကိုလည်း ရင်ဆိုင်နေရသည်။ ထို့အပြင် ဆည်တည်ဆောက်ခြင်းကြောင့် လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး ကစဥ့် ကလျား ဖြစ်သွားသော အကူအညီမဲ့ ဒေသခံများအကြား ငှက်ဖျား အပါအဝင် ရောဂါဘယများ ပိုမိုဖြစ်ပွားလာသည်။

မြန်မာပြည်သူလူထု အကျိုးအတွက် စစ်အစိုးရက ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ဆိုသည်မှာ နောက်ဆုံးတွင် ရှားပါး ပစ္စည်း တမျိုးသာ ဖြစ်နေမလားဟု မေးရန်သာ ရှိတော့သည်။

မြန်မာ နိုင်ငံသား ၅၅ သန်းသည် ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အား လိုလားတောင့်တ နေသူများထဲတွင် ပါဝင်သည်။ ရန်ကုန် မြို့ရှိ အိမ်ထောင်စုများ၊ ရုံးများနှင့် လုပ်ငန်းဌာနများတွင် ရရှိသော လျှပ်စစ်ဓာတ်အားသည် တရက်လျှင် သုံးနာရီ၊ လေးနာရီထက် မပိုပါ။ မကြာခဏ မီးဖြတ်ခံရသည်။ မီးမမှန်၍ အလုပ်မတွင်ခြင်းကလည်း ကြီးမားသော ပြဿနာ ဖြစ်သည်။ အိမ်နီးချင်း များ စုပေါင်း၍ မီးစက်ဝယ်ကာ လျှပ်စစ်ပြဿနာကို ဖြေရှင်းရသည်။ အိမ်ထောင်စု အများအပြားမှာ ဖယောင်းတိုင်နှင့် မီးခွက် ကို အားကိုး၍သာ ညစာစားခြင်း၊ စာဖတ်ခြင်းတို့ကို ပြုလုပ်ကြရသည်။

မီးမလာသောကြောင့် လူထုအတွင်း ဖြစ်တောင့်ဖြစ်ခဲ ဆူဆူပူပူဖြစ်သည်ကိုပင် မကြာသေးခင်က တွေ့ရသည်။ ပြီးခဲ့သည့် မတ် လ အတွင်းက မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး မြို့တော်ဖြစ်သော မော်လမြိုင်တွင် စာမေးပွဲကာလအတွင်း မီးမှန်မှန် မလာ သောကြောင့် ကျောင်းသားများ လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။ ထိုကျောင်းသားများသည် ယခင်မျိုးဆက်ဟောင်း ကျောင်းသားများကဲ့သို့ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို တောင်းဆိုခြင်းမဟုတ်ဘဲ ကျောင်းစာ လေ့လာနိုင်ရန်အတွက် လျှပ်စစ်မီး မှန်မှန် ရရေးကိုသာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများကို စွမ်းအင်အရင်းအမြစ်များ ရောင်းချနေသည့် မြန်မာနိုင်ငံ၌ မန္တလေးကဲ့သို့သော ဒုတိယအကြီးဆုံး မြို့တော်တွင် မီးမှန်မှန်မလာခြင်းသည် အသေးအဖွဲ ကိစ္စဟု ပြော၍မရပါ။ ပြီးခဲ့သည့် ဇူလိုင်လက မန္တလေးတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံများ စွမ်းအင် ညီလာခံ ကျင်းပနေစဉ် မီးမှန်မှန် လာစေရန် စစ်အစိုးရက တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ရွှေလီမှ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၃၀ဝ ဝယ်ယူခဲ့ပြီး တမြို့လုံး မီးလင်းအောင် ဆောင်ရွက်ခဲ့ရသည်။

နိုင်ငံတကာ စွမ်းအင်ဆိုင်ရာ အေဂျင်စီမှ မကြာသေးမီက ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀ဝ၆ တွင် မြန်မာနိုင်ငံ၏ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ၈၄ ကီလိုဝပ်သာရှိကြောင်း သိရသည်။ တရုတ်နှင့် ထိုင်းတွင် သုံးစွဲသော ပျမ်းမျှ လျှပ်စစ်ဓာတ်အားနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းသာရှိ၍ အိန္ဒိယနိုင်ငံနှင့်ဆိုလျှင် ၁၆ ရာခိုင်နှုန်းသာ ရှိသည်။
ထိုသို့ လျှပ်စစ်သုံးစွဲမှု နိမ့်ကျနေရခြင်းမှာ မြန်မာနိုင်ငံအတွင်း ယိုယွင်းနေသော စီးပွားရေးကြောင့်ဖြစ်ပြီး စီးပွားရေး နာလန်မထူ နိုင်ခြင်းမှာလည်း စစ်အစိုးရ၏ ဆယ်စုနှစ် နှင့် ချီ၍ မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် ဖြစ်သည်။ ယင်းကြောင့် စွမ်းအင် လို အပ်နေသော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ရင်းမြစ်များအပေါ် အမြတ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရကို နှစ်ပေါင်း နှစ်ဆယ်နီးပါး ကျောထောက်နောက်ခံ ပြုပေးခဲ့သော အဓိကနိုင်ငံမှာ တရုတ်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံမှ ထွက်ရှိသော ပေါများလှသည့် စွမ်းအင်အရင်းအမြစ်အများစုကို အခြားသောနိုင်ငံများထက် ရရှိခံစားနေသော နိုင်ငံမှာလည်း တရုတ် သာ ဖြစ်သည်။

၂၀ဝ၈ ခုနှစ် စက်တင်ဘာလတွင် Earth Rights Internationalအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ် ကုမ္ပဏီကြီး ၇၀ နီးပါးသည် ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ သတ္ထု တူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းပေါင်း ၉၀ တွင် ပါဝင်ဆောင်ရွက် နေသည်ဟု ဆိုထားသည်။

“မြန်မာနိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေကို ဆက်လက်ရရှိဖို့အတွက် တရုတ်ဟာ စစ်အစိုးရကို နိုင်ငံရေးအရ ထောက်ခံမှု ပေးခြင်း၊ လက်နက်ရောင်းချပေးခြင်း၊ အတိုးမဲ့ ချေးငွေထောက်ပံ့ခြင်း စတာတွေနဲ့ ပံ့ပိုးကူညီနေပါတယ်”ဟု ဝါရှင်တန် အခြေ စိုက် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ကချင်ပြည်နယ်တွင် အကြီးစားဆည် ၇ ခု တည်ဆောက်ရန် မြန်မာ့ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် တရုတ် စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(China Power Investment Corporation - CPI)တို့ အကြား ၂၀ဝ၆ ကတည်း က သဘောတူညီချက် ရခဲ့သည်။ သို့သော် ထိုအကြောင်းကို စစ်အစိုးရပိုင် မီဒီယာက ၂၀ဝ၉ ခုနှစ် ဇွန်လ ၁၆ ရက်ကျမှ မြန်မာ နှင့် တရုတ်အကြား အဆိုပါကိစ္စများ ဆောင်ရွက်ရန် နှစ်ဘက် သဘောတူညီချက် ရသည်ဟု ဖော်ပြခဲ့သည်။

ဧရာဝတီမှ ရရှိထားသော သတင်း အချက်အလက်များအရ CPI ကုမ္ပဏီသည် ၂၀ဝ၇ ခုနှစ် မတ်လ ၇ ရက်ကတည်းက ယူနန် စွမ်းအင်ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။ တရုတ် ကုမ္ပဏီနှစ်ခု၏ ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံရှိ ဆည်များမှ တင်ပို့သော လျှပ်စစ်ဓာတ်အားကို ယူနန်ပြည်နယ် လျှပ်စစ် ကွန်ရက်မှ တဆင့် ဖြတ်သန်း၍ တရုတ် ပြည် အတွင်းသို့ တင်ပို့မည်ဟူသော သဘောတူညီချက် ပါဝင်သည်။

CPI ကုမ္ပဏီသည် အခြားသော တရုတ် ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း၍ ဆည်တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများ အတွက် ဘဏ္ဍာရေးအရ အကူအညီပေးနေပြီး တချိန်တည်းတွင် ယူနန် စွမ်းအင်ကုမ္ပဏီကလည်း လျှပ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးမည့် လိုင်းကြိုးများကို တည်ဆောက်နေသည်။ ထိုလိုင်းကြိုးများသည် တရုတ်ပြည် အနောက်တောင်ဘက်ပိုင်းသို့ ဓာတ်အား ပို့လွှတ်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ကျောက်မီးသွေးကို စွမ်းအင်အဖြစ် ယခုအထိ အဓိကထား သုံးစွဲ နေရသော စက်မှုလုပ်ငန်းများရှိရာ တရုတ်ပြည် အရှေ့ဘက်ခြမ်းအတွက် ပစ်မှတ်ထားသည့် တရုတ်၏“အနောက်မှ အရှေ့သို့ စွမ်းအင် ဖြန့်ဖြူးရေး မူဝါဒ”အရ ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်ရှိ ဆည်များမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ် အားသည် မြန်မာနိုင်ငံအတွင်း လိုအပ်နေသော နေရာများ၌ သုံးစွဲခွင့် ရမရ ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်ဝေသော တရုတ်အစိုးရပိုင် “တရုတ် ရင်းနှီးမြှုပ်နှံမှု” မဂ္ဂဇင်း၌ တရုတ်ပြည် နိုင်ငံတကာ အင်ဂျင်နီယာ အကြံပေးလုပ်ငန်း ကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူး Zhou Jiachong က ဧရာဝတီမြစ်ရိုး တလျှောက်၌ ဆည်ကြီးများ တည်ဆောက်ရန် အစိုးရနှစ်ခု အကြား သဘောတူညီချက်များ၂၀ဝ၉ ကတည်းကရထားပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ သည်။ ဆည်ကြီးများမှ ထွက်ရှိလာမည့် စုစုပေါင်း လျှပ်စစ်ဓာတ်အားသည် မီဂါဝပ် ၁၆၀ဝ၀ ရှိမည် ဖြစ်ပြီး ထိုင်းတနိုင်ငံလုံးတွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား၏ သုံးပုံနှစ်ပုံ ရှိမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာပြည်တွင် လက်ရှိသုံးစွဲနေသော လျှပ်စစ် ဓာတ်အား ထက် ဆယ်ဆ များပြားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အကြံပေး ကော်ပိုရေးရှင်းသည် တရုတ်၏ နိုင်ငံပိုင် လုပ်ငန်းတခု ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဆည်ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ကျွမ်းကျင်သူ ပညာရှင်များ အဆိုအရ ဆည်ကြီးများ အပြည့်အစုံ တည်ဆောက် ပြီးစီးသွားပါက မြန်မာနိုင်ငံသည် တနှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၀ဝ၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။ သို့သော် လျှပ်စစ်ဓာတ်အားကို စစ်အစိုးရက အိမ်နီးချင်း နိုင်ငံများသို့ ထုတ်ရောင်းနေသမျှ ကာလပတ်လုံး မြန်မာပြည်သူများအနေဖြင့် ဆည်ကြီးများကြောင့် ရရှိလာသည့် လျှပ်စစ် ဓာတ်အားကို သုံးစွဲရသည်ထက် လူမှုဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ကိုသာ ခံစားရလိမ့်မည်ဟု ဆိုသည်။ စစ် အစိုးရ အနေဖြင့် အာဏာ ဆက်လက်တည်မြဲရေးအတွက် လျှပ်စစ်ဓာတ်အားကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချရန် သေချာသလောက် ရှိနေပေသည်။

တရုတ်ခေါင်းဆောင်ပိုင်း အနေဖြင့်လည်း မြန်မာပြည်တွင် ဖြစ်နေသော နိုင်ငံရေး ပြဿနာများကြောင့် ရင်းနှီးမြုပ်နှံထားသော ငွေကြေးများ မဆုံးရှုံးဘဲ တတ်နိုင်သရွေ့များများပြန်ရရန် ရေရာသေချာသည့် လုပ်ဟန်ကိုသာ ဆက်လက် ကျင့်သုံးပေလိမ့် မည်။

“မြန်မာနိုင်ငံဟာ တရုတ်ပြည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နိုင်ငံသေးသလို လူလည်း နည်းပါတယ်၊ ထွက်လာသမျှ လျှပ်စစ်ဓာတ် အားလုံးကို ပြည်တွင်းမှာ ကုန်အောင်မသုံးစွဲနိုင်ပါဘူး၊ ဒါကြောင့် တရုတ် ကုမ္ပဏီများအနေနဲ့ မြန်မာပြည်မှာ ဆည် တည်ဆောက် မှုတွေ ပြီးသွားရင် လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံထဲ တင်သွင်းဖို့ စဉ်းစားရပါတယ်”ဟု Zhou Jiachong က “တရုတ် ရင်းနှီးမြှုပ်နှံမှု” မဂ္ဂဇင်းသို့ ပြောသည်။

မြန်မာပြည် ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိလာမည့် အကျိုးအမြတ်များအတွက် တရုတ်ကုမ္ပဏီများက အစွမ်းကုန်ကြိုးစား နေကြသည်။ လိုအပ်သည့် အတိုင်းအတာ တွက်ချက်မှုများ ပြီးဆုံးပြီဖြစ်၍ ကချင်ပြည်နယ် မြစ်ဆုံဒေသ၌ ဆည်တည်ဆောက် ရေး လုပ်ငန်းများ စတင်ရန်အသင့် ဖြစ်နေကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ကချင်ပြည်နယ်တွင် တည်ဆောက်မည့် ဆည်ကြီး ၇ ခုအနက် မြစ်ဆုံသည် ပထမဆုံး ဆည်ကြီးဖြစ်ပြီး တရုတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။ ဆည် အပြီးတွင် ရေလွှမ်းမည့် ဧရိယာအကျယ်သည် စင်္ကာပူနိုင်ငံ၏ အကျယ်အဝန်းနှင့် ညီမျှမည်ဖြစ်သည်။

ယခုအခါ ထိုစီမံကိန်းသည် ဆက်လက်အကောင်အထည် ဖော်ရန် အသင့်ဖြစ်နေသည်။ စစ်အစိုးရက ယင်းဆည်ကြီး တည် ဆောက်ခြင်းအားဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရလိမ့်မည်ဟု ရည်မှန်းထားဟန်လည်း ရှိသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံး၌ မဝေးတော့သည့် အနာဂတ်တွင် နိုင်ငံတော်သည် လျှပ် စစ် ဓာတ်အားကို တနိုင်ငံလုံး ဖူလုံရုံမက ပိုလျှံသည်အထိ ထုတ်လုပ်နိုင်တော့မည်ဟု ခေါင်းကြီးတပ်ကာ ရေးသားဖော်ပြခဲ့ သည်။ အမှတ် (၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ရေအားလျှပ်စစ် စီမံကိန်း ၃၀ ကျော်မှ ထုတ်လုပ်နိုင်မည့် စွမ်းအင်ကို အသေးစိတ် ရေးသား ဖော်ပြထားပြီး အနာဂတ်၌ လျှပ်စစ်စွမ်းအင်ကို သုံးစွဲ နိုင်တော့မည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ အနေဖြင့်လည်း လျှပ်စစ် ဓာတ်အားကို ပေါပေါများများ သုံးစွဲနိုင်တော့မည်ဖြစ်၍ သတင်းကောင်းပါးလိုက်ကြောင်း ရေးသား ဖော်ပြထားသည်။

ဆည်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားသည် နိုင်ငံတွင်း အိမ်သုံးနှင့် စက်မှုလုပ်ငန်းများ၌ အလုံအလောက် သုံးစွဲနိုင် သည် ဟူသော တွက်ချက်မှုသည် ဖြစ်နိုင်စရာ ရှိပါသည်။ ရှမ်းပြည် မြောက်ပိုင်း၌ တည်ရှိသော ရွှေလီ (၁) ဆည်သည် တရုတ်-မြန်မာ စီမံကိန်းတခု ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ သတ္ထုတွင်းလုပ်ငန်းနှင့် သတ္ထုအရည်ကြို လုပ်ငန်းများကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးထားသည်။ ထို့အပြင် ယူနန်ပြည်နယ် အတွင်းသို့လည်း လျှပ်စစ်ဓာတ်အားများ ပို့ပေးနေသေးသည်။ သို့သော် ဆည်အသစ်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ မျှဝေသုံးစွဲမည်ဆိုသည့် ကိစ္စမှာ ဖြစ်နိုင် သည်ဟု မထင်ပေ။

သြစတြေးလျနိုင်ငံ၊ မက်ကွာရေး တက္ကသိုလ်(Macquarie University) မှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ရှောင် တာနဲလ် (Sean Turnell)က “အရင်တုန်းက မြန်မာနိုင်ငံကနေ ရေအားလျှပ်စစ် တင်ပို့ခဲ့တာတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ခဲ့တာတွေ ကို နှိုင်းယှဉ် ပြောရရင် မြန်မာနိုင်ငံသားတွေအဖို့ ကချင်ပြည်နယ်မှာ တည်ဆောက်တဲ့ ဆည်တွေကနေ ထုတ်လုပ်မယ့် လျှပ်စစ် ဓာတ်အားကို လုံလုံလောက်လောက် သုံးစွဲရမယ်လို့ မထင်ပါဘူး”ဟုပြောကြားခဲ့သည်။

“ကချင်ပြည်နယ် လူထုအနေနဲ့ စစ်အစိုးရနဲ့ တရုတ် ဆောက်လုပ်ရေး အဖွဲ့တွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”ဟု ရှောင် တာနဲလ်က ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့အပြင် ဆည် ၇ ခုမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့သာ တိုက်ရိုက်တင်ပို့မည်ဟု ထောက်ပြသွားခဲ့သည်။

“တခုလုံး ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရဟာ ရေတိုအကျိုးကိုပဲ အလွန်အကြူးကြည့်ပြီး အလုပ်လုပ်နေတာ တွေ့ရပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ စွမ်းအင်နဲ့ နောင်အတွက် အရံထားရမယ့် စွမ်းအင်တွေ အားလုံးကို ငွေမြန်မြန်ပေါ်လိုတာနဲ့ ထုတ်ရောင်းနေတဲ့ သဘောမျိုးဖြစ်နေပါတယ်”ဟုလည်း ရှောင် တာနဲလ်က ပြောသည်။

ကချင်ပြည်နယ် အတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများက သူတို့အသံကို နိုင်ငံတကာ၊ အထူးသဖြင့် တရုတ်နိုင်ငံက ကြားရန် ကြိုးစားအားထုတ်နေသည်။

ကချင် ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် အဖွဲ့မှ ထုတ်ဝေခဲ့သော“ရေကြီးမှုကို ခုခံတွန်းလှန်ခြင်း”ဆိုသည့် အစီရင်ခံစာတွင် CPI ကုမ္ပဏီ အား မြစ်ဆုံနှင့် ကချင်ဒေသအတွင်း ဆည်များ တည်ဆောက်နေခြင်းကို အမြန်ဆုံး ရပ်ဆိုင်းပါရန် တောင်းဆိုထား သည်။ ထို့အတူ ဆည်တည်ဆောက်ခြင်းကြောင့် ပေါ်ပေါက်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် မဖြစ် ပွားရန်လည်း တောင်းဆိုထားသည်။

သာမန်အားဖြင့် တရုတ်အစိုးရသည် ထိုကဲ့သို့ ဖိအားပေးတောင်းဆိုမှုများကို အဖက်လုပ်လေ့ မရှိပါ။ သို့သော် ၂၀ဝ၄ ဧပြီလ အတွင်းက တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တရုတ်ပြည်ထဲရှိ “နုမြစ်” ခေါ် သံလွင်မြစ် အတွင်း တည်ဆောက်မည့် ဆည် ၁၃ ခုကို သဘာဝပတ်ဝန်းကျင် ပြဿနာအား စိုးရိမ်သောကြောင့် စီမံကိန်းများ ခေတ္တရပ်ဆိုင်း လိုက်သည်ဟု ကြေညာသော အခါ ပတ်ဝန်းကျင် ထိန်းသိမ်းသူများ အနေဖြင့် ရှားရှားပါးပါး အောင်ပွဲ ရခဲ့ဖူးသည်။ ထို့နောက် ဆည် ၁၃ ခု အစား ၄ ခုသာ တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ ပြီးခဲ့သည့် မေလကမူ ဆည် ၃ ခုသာ တည်ဆောက်တော့မည်ဟု ထပ်မံကြေညာခဲ့ သည်။ Liuku ဆိုသည့် ဆည်ကို တည်ဆောက်အပြီး ထွက်ရှိလာသော လေ့လာ ဆန်းစစ်ချက်များအရ တရုတ်အစိုးရက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ အပြုသဘောဆောင်သည့် အချက်များ ရှိနေသော်လည်း တရုတ်အစိုးရက ဆည်တည်ဆောက်မှုများကို မည်သို့ဆုံးဖြတ် ချက်ချမည် ဆိုသည်မှာ ခန့်မှန်းရ ခက်နေဆဲ ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်သာ အဓိက အာရုံထားသော တရုတ် အစိုးရသည် တခြားသော စိုးရိမ်ဖွယ်ကိစ္စများကို ထည့်သွင်းတွက်ချက်လေ့ မရှိပေ။

နိုင်ငံတကာ မြစ်ကြောင်းများ ကွန်ရက် အဖွဲ့မှ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ပီတာ ဘော့စ်ဟတ်က“တရုတ်အစိုးရ တွက်ချက် တဲ့ ပြည်တွင်းဈေးကွက်ရဲ့ အကျိုးအမြတ်ဆိုတာ တကယ်တော့ ပါးပါးလေးပါ။ အနာဂတ်မှာ တိုးတက်လာမယ့် စီးပွားရေး ကြီးထွားမှု အလားအလာဟာ အကန့်အသတ် ရှိပါတယ်။ ရေအားလျှပ်စစ် လုပ်ငန်းကနေ လိုအပ်တဲ့ အကျိုးအမြတ် နောက်ထပ် မရတော့ဘူးဆိုရင် ကုမ္ပဏီတွေဟာ နိုင်ငံရပ်ခြားက ဈေးကွက်တွေမှာ၊ အကျိုးအမြတ်ပိုရတဲ့ လုပ်ငန်းတွေမှာ ဆက်ပြီး ပြိုင်ဆိုင် ကြ ဦးမှာပဲ”ဟု ဆိုသည်။

မြန်မာပြည်တွင် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဘဝင်မကျသူများချည်းသာ ရှိသည်မဟုတ်။ ဘ၀င်ကျသူများလည်း ရှိနေသည်။ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ယင်းတို့၏ စီးပွားဖက်များ အနေဖြင့် အိတ်ထဲမှ ငွေစိုက်စရာ မလိုဘဲ ရရှိလာမည့် အကျိုးအမြတ်များကို ထုထည်ကြီးကြီး ခွဲဝေ ယူကြပါဦးမည်။ ကချင် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့၏ တွက်ချက်မှုအရ မြစ်ဆုံဆည် တခုတည်းမှ လျှပ်စစ်ဓာတ်အား ရောင်းချခြင်းဖြင့် ရရှိနိုင်သည့် ငွေကြေး ပမာဏမှာ တနှစ်လျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၅၈ သန်း ခန့် ဖြစ်သည်။

စစ်အစိုးရအတွင်း ခြစားမှုများနှင့် စီးပွားရေး စီမံခန့်ခွဲမှုများ လွဲမှားနေခြင်းသည် ဆည်တည်ဆောက်ခြင်းကို ဆန့်ကျင် ကန့် ကွက် သူများအတွက် မျှော်လင့်ချက်ကောင်း ဖြစ်လာနိုင်သည်။ ရေရှည်အတွက် ထိုစီမံကိန်းများကို မြန်မာစစ်အစိုးရနှင့် ပူးတွဲ လုပ်ရန် တရုတ်တို့ဘက်မှ အယုံအကြည် ကင်းမဲ့လာနိုင်ဖွယ်ရှိသည်။ သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်များနှင့် ယင်းတို့၏ စီးပွားဖက်များသည် ယခုအချိန်တွင် ပုဂ္ဂလိကပိုင် ပြုခြင်းဆိုသည့် ရုပ်ဖျက်ထားသော ခေါင်းစဉ်အောက်တွင် နိုင်ငံ၏ အရင်း အမြစ်များကို အကျိုးစီးပွားအတွက် လောဘတကြီး ခွဲဝေယူကာ အလုပ်ရှုပ်နေကြသည်။ ကချင်ပြည်နယ်အတွင်းရှိ လူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသူများထံမှ ရရှိလာမည့် ငွေဆိုသည်မှာ အိပ်မက်ပမာသာ ဖြစ်သည်။ အကျိုးဆက် အနေဖြင့် လူထုသည် ယခင်က မွဲနေသည်ထက် ပိုမို မွဲပြာကျလာမည်ကိုသာ မြင်ရပေတော့မည်။

Dam Nation By David Paquette ဆောင်းပါးကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။ ( ဧရာဝတီ )

ဒေါ်စု အိမ်အမှု နှစ်ဖက်ရှေ့နေများကို တရားရုံး ဆင့်ခေါ်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ရန်ကုန်တိုင်း တရားရုံးချုပ်သို့ အယူခံ တင်သွင်းရာမှ တရားရုံးက နှစ်ဖက်ရှေ့နေများ လျှောက်လဲရန် ယခုလ ၂၈ ရက်နေ့သို့ ဆင့်ခေါ်လိုက်ပြီ ဖြစ်သည်။

ဦးအောင်ဆန်းဦးက နေအိမ်ပြင်ဆင်နေမှုကို ဝရမ်းထုတ်၍ တားဆီးပေးရန် လျှောက်ထားမှုကို တိုင်းတရားရုံးက ပြီးခဲ့သည့်လ ၆ ရက်နေ့က ပယ်ချခဲ့သဖြင့် တရားရုံးချုပ်သို့ ယခုလ ၁၃ ရက်နေ့တွင် အယူခံတင်သွင်းရာမှ ယခုလို ဆင့်ခေါ်စာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

တရားရုံးချုပ်က လက်ခံခဲ့သည့် ဦးအောင်ဆန်းဦး၏ အယူခံတင်သွင်းလွှာတွင် တားဝရမ်းထုတ်နိုင်သည့် ဥပဒေအထောက်အထားများ ပါဝင်ခြင်း မရှိသည်ကို အဓိကလျှောက်လဲသွားရန် ရည်ရွယ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

“တိုင်းတရားရုံးမှာ လျှောက်လဲခဲ့ကြတုန်းကလည်း ဒီအချက်ကို အဓိကထား လျှောက်လဲခဲ့ပါတယ်။ အခုလည်း အဲဒီအချက်ကိုပဲ ထောက်ပြပြီး ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဆင့်ခေါ်စာ ပေးပို့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်အား အသိပေးရန်နှင့် တားဝရမ်းအမှုအတွက် ဆွေးနွေးရန် ရှေ့နေများက ယခုလ ၂၂ ရက်နေ့တွင် သူမနှင့် တွေ့ဆုံခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တောင်းခံထားသည်။

ရန်ကုန်မြို့ရှိ တရားရုံးချုပ်တွင် ဦးအောင်ဆန်းဦး တင်သွင်းသည့် အယူခံရှုံးနိမ့်ခဲ့ပါက အယူခံ ထပ်မံတင်သွင်းရန် မရှိတော့ဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ရှုံးနိမ့်ခဲ့ပါက နေအိမ်ပြင်ဆင်ခြင်းကို ရပ်ဆိုင်းပေးရမည်ဖြစ်သည်။

ဥပဒေအမိန့် ၃၉ ၊ နည်းဥပဒေ (၁) အရ အငြင်းပွားနေသည့် ပစ္စည်းအား ပျက်စီးရန်၊ ဆုံးရှုံးရန်နှင့် တမင်ပြုန်းတီးစေခြင်း မဟုတ်ပါက တားဝရမ်းထုတ်ခွင့် မရှိကြောင်း သိရသည်။

တားဝရမ်းထုတ်ရန်အတွက် နှစ်ဖက်ရှေ့နေများ လျှောက်လဲရန်အတွက် ယခုလို ရက်သတ်မှတ်လိုက်သော်လည်း လက်ရှိ နေအိမ်ပြင်ဆင်နေမှုကို ရပ်တန့်ရန် တရားရုံးချုပ်က အမိန့်တစုံတရာ ထုတ်ပြန်တားဆီးခြင်း မရှိကြောင်းနှင့် ဆက်လက်ပြင်ဆင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။
ယခုလက်ရှိတွင် နေအိမ်အနောက်ခြမ်း အင်းလျားကန်ဘက်တွင် ဝါးကပ်များကာရံခြင်း၊ အိမ်အမိုး အုတ်ကြွပ်အဟောင်းများအား သန့်စင်ကာ ပြန်လည်တပ်ဆင်ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/ ၅၆ နေအိမ်သည် ၂ဝဝ၈ ခုနှစ် မေလဆန်းအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ပျက်စီးခဲ့သဖြင့် ရန်ကုန်စည်ပင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှ ယခုနှစ် ဧပြီလအတွင်း အပြီးသတ် ပြုပြင်ရန် ခွင့်ပြုခဲ့သည်။

သို့သော် ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှု ခေတ္တရပ်နားခဲ့ရသော်လည်း ယခုနှစ် ဧပြီလဆန်းပိုင်းက ဦးအောင်ဆန်းဦး၏ တားဝရမ်းလျှောက်ထားမှု ပယ်ချခံရသဖြင့် လကုန်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခွင့် ရရှိခဲ့သည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း ဒေါ်ခင်ကြည်တို့မှ အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် အောင်ဆန်းစုကြည်အမည်ရှိ သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ သားလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။

၁၉၆ဝ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ကို မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်၌ တည်ဆောက်ခဲ့သည့် အင်လျားကန်စောင်းရှိ ယင်းနေအိမ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။ အင်းလျားကန်မှ နေအိမ်အတွင်း ရေကူးဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် သူမသည် နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရသည်။ နယူးဒေလီ (မဇ္ဈိမ)

ကျောင်းသားခေါင်းဆောင် ကျော်ကိုကို ထောင်တိုးချခံရ

ဗီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် သုံးနှစ်ကျခံနေရတဲ့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ခေါင်းဆောင် ကိုကျော်ကိုကိုဟာ မကြာခင်မှာ လွတ်ရက်စေ့တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ထောင်ဒဏ်သုံးနှစ်ကနေ ပြန်လွှတ်ခါနီးအချိန်ကျမှ အာဏာပိုင်တွေက သူ့ကို အသင်းပင်းဖွဲ့စည်းမှု ပုဒ်မ ၆ နဲ့ ထောင်ဒဏ် သုံးနှစ်၊ နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါး နှောက်ယှက်မှု ပုဒ်မ ၅၀၅(ခ) နဲ့ နှစ်နှစ်ဆိုပြီး နောက်ထပ် ထောင်ဒဏ် ငါးနှစ်ကို ဒီကနေ့ပဲ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

စက်တင်ဘာသံဃာ့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများ အဖွဲ့ချုပ်က ခေါင်းဆောင်
ကိုကျော်ကိုကိုဟာ ဗွီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ကျလို့ ပြန်လွတ်ခါနီးအချိန်ကျမှ သင်းဖွဲ့ ဖွဲစည်းမူ ပုဒ်မ ၆ နဲ့ ၃ နှစ်
နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ၂ နှစ် ကို ဒီနေ့မှာပဲ ထပ် အမိန့်ချ လိုက်ပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်အဖြစ်ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုကျော်ကိုကို ကို အာဏာပိုင်တွေက
၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်တရားရုံးမှာ
ဗွီဒီယို အက်ဥပဒေနဲ့ ၃ နှစ် ချခဲ့ပါတယ်။ ဒီနောက် တောင်ကြီးထောင်ကို ပို့ခဲ့ပါတယ်။

ထောင်ချပြီကာမှ ၂၀၁၀၊ မတ်လ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကို ပြန်ပို့ပြီး ထပ်မံ တရားစွဲခဲ့တာဖြစ်ပါတယ်။ သူ့ကို ဒီနေ့မှာတော့ ကျောက်တံတား တရားရုံးမှာ ပုဒ်မ ၂ ခုနဲ့ ထောင် ၅ နှစ် ချလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက အခုလို ပြောပါတယ်။

“ကျော်ကိုကို ကို ကျောက်တံတားမြို့နယ် တရားရုံးကပေါ့နော်။ ၂ နာရီလောက်မှာ အမိန့်ချတယ်။ သင်းဖွဲ့ပုဒ်မ ၆ နဲ့ ၃ နှစ်၊ ၅၀၅(ခ) နဲ့ ၂ နှစ် ပေါ့။ တရုံးစီ ခွဲချတယ်။”

အခုလိုမျိုး လွတ်ရက်စေ့ခါနီးမှ ထပ်မံတရားစွဲဆိုတဲ့ ပုဒ်မတွေဟာ ဥပဒေအကြောင်းခြင်းရာနဲ့ ညီညွတ်မှုရှိမရှိကိုလည်း မေးမြန်းကြည့်တဲ့ အခါမှာတော့ -

“အသင်းအဖွဲ့အနေနဲ့ ဖွဲ့ထားတဲ့ ပုံသဏ္ဍန်မျိုးနဲ့ ပြစ်ဒဏ်ပေးတဲ့ ကိစ္စမှာ တရားခံဘက်ကနေပြီးတော့ ဒါဟာ အသင်းအဖွဲ့ ဖွဲ့ ထားတာ မဟုတ်ပါဘူးလို့ ခုခံချေပရမယ်ဆိုတဲ့ အနေအထားမျိုးတော့ တရားခံဘက်ကို ပုခုံးပြောင်းပြီးတော့ ရှင်းလင်းစေတဲ့ အချက်ဟာဖြင့် ဒါ ဥပဒေနဲ့ မညီဘူးပေါ့နော်။ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းခြင်းရာကို ဘယ်လိုပုံသဏ္ဍန်နဲ့ ဖွဲ့ စည်းတယ်၊ ဘယ်သူတွေနဲ့ ဖွဲ့စည်းတယ်၊ ဘယ်မှာဖွဲ့စည်းတယ်ဆိုတဲ့ အချက်အလက်တွေဟာ ဖော်ပြဖို့လိုတယ်။ အဲဒီလိုပဲ ဒီ နိုင်ငံတော် လုံခြုံရေးဆိုင်ရာကို ထိပါးစေတဲ့ ပုဒ်မ ၅၀၅(ခ) ဆိုတာဟာလည်း ဒီ ၂၀၀၇ ခုနှစ်မှာ ဒီလိုပဲ ရဟန်းသံဃာတွေရဲ့ မေတ္တာသုတ်ရွတ်ပွဲမှာ သူတို့လည်း ပါဝင်ပြီးတော့ လိုက်ခဲ့တယ်။ ကျော်ကိုကိုက အဲဒီမှာ ဟောပြောတယ်။ အဲဒီ ဟောပြောတာဟာ လှုံ့ဆော်တယ်လို့ ပြောလို့ ရမလား၊ မရဘူးလား။ အဲလို ဟောပြော လိုက်တဲ့ အတွက် ဘယ်လိုပြဿနာ တွေ ပေါ်ပေါက်လာနိုင်သလဲ၊ ပေါ်ပေါက်လာသလဲပေါ့နော်၊ အဲဒီလို အချက်အလက်တွေကိုလည်း တရားစွဲ အဖွဲ့အစည်း အနေနဲ့ ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ခြင်းမရှိဘူး။”

ကိုကျော်ကိုကိုလိုပဲ ဖမ်းဆီးခံခဲ့ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းကတော့ သင်းဖွဲ့ပုဒ်မ ၆ အပါအ၀င် ပုဒ်မ ၄ ခု လောက်နဲ့ ထောင် ၁၅ နှစ်ခွဲ ကျခံနေရပါတယ်။ ကိုဒီငြိမ်းလင်းကတော့ ဝေးလံခေါင်သီတဲ့ ခန္တီးထောင်မှာ မျက်စေ့သိပ်မမြင်တော့ဘဲ မျက်စေ့ကိုက်တဲ့ဝေဒနာ ပြင်းထန်စွာ ခံစားနေရတာကြောင့် ဆေးကုသခွင့်တောင်းထားပေမဲ့ အခုထိ မရသေးဘူးလို့ မိသားစုက ပြောပါတယ်။ ( ဗွီအိုအေ )

Friday, May 21, 2010

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများအား စစ်သံရုံးမှ စာပို့

100520_bty_bur_korea[1]

ရွေးကောက်ပွဲဥပဒေ ရုပ်သိမ်းပေးဖို့ ဥရောပပါလီမန် တောင်းဆို

မြန်မာနိုင်ငံရဲ့  ရွေးကောက်ပွဲမတိုင်မီကာလ နိုင်ငံရေး ပတ်ဝန်းကျင်အနေအထားနဲ့ ပတ်သက်ပြီး ကျေနပ်ဖွယ်မရှိကြောင်း ဥရောပ ပါလီမန် က မနေ့က ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေအရဆိုရင်လည်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်လာနိုင်မှာမဟုတ်တာကြောင့် ဒီဥပဒေကို ရုပ်သိမ်းပေးဖို့  တောင်းဆိုထားပါတယ်။ ဥရောပပါလီမန်ရဲ့ သဘောထားဟာ ဥရောပသမဂ္ဂတခုလုံးရဲ့  သဘောထားကို ဘယ်လောက်အထိ ထင်ဟပ် တယ် လို့ ပြောလို့ ရသလဲဆိုတာ နော်ရှိုးက တင်ဆက် ထား ပါတယ်။

ပြင်သစ်နိုင်ငံ Strasbough မြို့ မှာကျင်းပခဲ့တဲ့ ဥရောပပါလီမန်အမတ်များ လစဉ်အစည်းအဝေးကနေ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ရာမှာ ဒီမိုကရေစီနဲ့ လုံးဝမကိုက်ညီတဲ့အခြေအနေတွေနဲ့  မြန်မာစစ်အစိုးရကရွေးကောက်ပွဲကျင်းပဖို့  ကြိုးစားနေတဲ့အပေါ် ရှုတ်ချကြောင်း အတိအလင်း ရေးသားထားပါတယ်။ စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေအရဆိုရင်

[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မလာနိုင်တာကြောင့် ဒီဥပဒေကို ရုတ်သိမ်းပေးဖို့ ကိုလည်း ဥရောပလွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆို ထားပါတယ်။ ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်စွာစုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့ စည်းပိုင်ခွင့်၊ ထုတ်ဖော်ပြောကြားပြီး လှုပ်ရှားပိုင်ခွင့် ပေးဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။ ခုလိုဥရောပပါလီမန်ရဲ့  ထုတ်ပြန်ချက်ဟာ EU တခုလုံးရဲ့  ဘုံရပ်တည်ချက်ကို ဘယ်လောက် အထိထင်ဟတ်စေတယ်လို့ ပြောလို့ ရပါမလဲ။ ဒီဥရောပ ပါလီမန် အစည်းအဝေးကို တက်ရောက်ပြီး မြန်မာ့အရေးကိုကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့တဲ့ ဗြိတိန်အစိုးရ ဦးဆောင် ကွန်ဆာဗေးတစ်ပါတီ လွတ်တော်အမတ် ဒေါက်တာ Charles Tannock ကို မေးကြည့်ပါတယ်။


အရှင်းဆုံးဖြေရရင်တော့ ဥရောပပါလီမန်ရဲ့  ကြေညာချက်ဟာ အီးယူ ဥရောပသမဂ္ဂရဲ့  ဘုံရပ်တည်ချက်ပဲလို့ ပြောလို့ မရ ပါဘူး။ ဥရောပသမဂ္ဂရဲ့  နိုင်ငံခြားရေးမူနဲ့ ပတ်သက်ရင် ကျနော်တို့  ဥရောပပါလီမန်က အကြံပေး ဆွေးနွေးတိုင်ပင်တဲ့ အခန်းကဏ္ဍကနေဘဲ ပါဝင်တာဖြစ်ပါတယ်။ ဥရောပသမဂ္ဂ ဘုံရပ်တည်ချက်တရပ်ဖြစ်လာဖို့  အီးယူနိုင်ငံအားလုံး ထောက်ခံမှု လိုအပ်ပါတယ်။

ဆက်လက်ပြီး ဒေါက်တာ Charles Tannock က ခုလက်ရှိအနေအထားနဲ့ ဆိုရင် မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲကို ဥရောပပါလီမန် အနေနဲ့ လက်ခံနိုင်ဖွယ်မရှိဘူးလို့ လည်းပြောပါတယ်။


ကျနော်တို့ အနေနဲ့  ဒီရွေးကောက်ပွဲကို အလေးအနက်မထားပါဘူး။ စစ်အစိုးရက ဟန်ပြသက်သက်နဲ့  သူတို့  အာဏာ တည်မြဲရေးအတွက် အချိန်ဆွဲ နေတာလို့ ဘဲ ကျနော်တို့  ဥရောပပါလီမန်အမတ်အားလုံးက မြင်ကြပါတယ်။

ဥရောပ ပါလီမန်ဆိုတာ အီးယူဥရောပသမဂ္ဂနိုင်ငံပေါင်း ၂၇ နိုင်ငံက ပြည်သူတွေတိုက်ရိုက်ရွေးချယ်တင်မြောက်ထားတဲ့ ပါလီမန် အမတ်ပေါင်း ၇၃၆ ယောက် နဲ့ ဖွဲ့ စည်းထားတဲ့ အီးယူဥပဒေပြုလွှတ်တော်ဖြစ်ပါတယ်။ နောက် ဥရောပပါလီမန်ဟာ ဥရောပသမဂ္ဂရဲ့  နိုင်ငံခြားရေးမူကိုချမှတ်တဲ့ အလုပ်ကိုမလုပ်ပေမယ့် သူတို့ ရဲ့  အကြံပြုချက်သဘောထားတွေကို နိုင်ငံခြား ရေးမူချမှတ်တဲ့ ဥရောပ သမဂ္ဂကောင်စီက အလေးအနက်ထားတယ်လို့ ဒေါက်တာ Tannock က ပြောပါတယ်။


ကျနော်တို့ ရဲ့  ကြေညာချက်တွေကို ဥရောပသမဂ္ဂကောင်စီက အရေးတယူနဲ့ ဖတ်တယ်ဆိုတာကိုတော့ တပ်အပ် ပြောနိုင် ပါတယ်။ ကျနော်တို့ ရဲ့  အကြံပြုတိုက်တွန်းချက်တွေကို သူတို အတတ်နိုင်ဆုံး စဉ်းစားပြီး အားလုံးမဟုတ်တောင် အနည်းဆုံး တ၀က်လောက်ကို လိုက်လျောလေ့ရှိပါတယ်။ နောက်ပြီး ကျနော်တို့ ဟာ ဥရောပ ပြည်သူသန်း ၅၀၀ ကျော်က တိုက်ရိုက်ရွေးကောက်တင်မြောက်ထားတဲ့ ပါလီမန်ဖြစ်တာကြောင့် ကျနော်တို့ ရဲ့  သဘောထားဟာ အီးယူ ခေါင်းဆောင် တွေအပေါ်မှာ အများကြီး ဩဇာရှိပါတယ်။

ဥရောပ ပါလီမန်ဟာ ပြီးခဲ့တဲ့ ၁ နှစ်အတွင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ခုနောက်ဆုံးတခု အပါအ၀င်ကြေညာချက် ၃ ခုထုတ်ပြန်ခဲ့တာပါ။ အရင်ကြေညာချက်တွေ ထဲမှာဆိုရင် မြန်မာစစ်အစိုးရရဲ့  လူ့ အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် လူနည်းစုတိုင်းရင်းသားဒေသတွေကညှင်းပန်နှိပ်စက်မှုတွေဟာ စစ်ရာဇ၀တ်မှု ကျူးလွန်ရာရောက်သလားဆိုတာကို စုံစမ်းစစ်ဆေးဖို့  ကုလသမဂ္ဂကိုတိုက်တွန်းခဲ့တယ်လို့ လည်း ဒေါက်တာ Tannock က ပြောပါတယ်။


အီးယူအဖွဲ့ ဝင်နိုင်ငံတွေအနေနဲ့  မြန်မာ့အရေးအတွက် လုပ်သင့်သလောက်မလုပ်ဘူးဆိုပြီး စိုးရိမ်မှုတွေရှိနေပါတယ်။ နိုင်ငံတကာအနေနဲ့  အထူးသဖြင့် ကုလသမဂ္ဂအဆင့်ကနေပြီး မြန်မာစစ်အစိုးရကကျူးလွန်တဲ့လူ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုကျူးလွန်သလားဆိုတာကို စုံစမ်း စစ်ဆေးမှုလုပ်ဖို့  အရေးတကြီးလိုအပ်ပါတယ်။

အီးယူတခုလုံးအနေနဲ့  မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ပေါ်လာရေးအတွက် လက်တွေ့ မှာ ဘယ်လိုဖိအားတွေဆက်ပေးလို့ ရသေးလဲဆိုတဲ့မေးခွန်းကိုတော့ ဒေါက်တာ Tannock က ခုလိုဖြေကြားခဲ့ပါတယ်။


အီးယူအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လက်တွေ့ ကျကျ ဘယ်လို့  ဆက်ပြီးတိုက်ရိုက်ဖိအားပေးနိုင်သလဲဆိုရင်တော့ သိပ်လုပ်ဖို့ မကျန်တော့ပါဘူး။ အီးယူနဲ့ မြန်မာနိုင်ငံကြားကုန်သွယ်မှုကလည်း များများစားစားမရှိဘူးလေ။ ခုလော လောဆယ် အီးယူအနေနဲ့  မြန်မာနိုင်ငံကိုလက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ထားပြီးဖြစ်တယ်။ နှစ်ဘက်ကြား ကုန်သွယ်မှု တွေရှိနေတယ်ဆိုရင် ဒါတွေကို ဖြတ်တောက်လိုက်လို့ ရတယ်။ ခုကသိပ်မှမရှိတာ။ ကျနော်တို့ က ဒီလိုကြေညာချက်တွေ ထုတ်ပြန်ခြင်းအားဖြင့် ပိုမိုအကျိုးသက်ရောက်စေနိုင်တာတခုက အာရှဒေသတွင်းအင်းအားကြီးနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့  အနေနဲ့  မြန်မာနိုင်ငံမှာအပြောင်းအလဲတွေ သူတို့ ရဲ့ ဩဇအရှိန်အ၀ါကိုသုံးဖို့  တိုက်တွန်းတာ ဖြစ်ပါတယ်။

ဗြိတိန်ပါလီမန်အမတ် ဒေါက်တာ Charles Tannock ပြောသွားတာပါ။ ခုနောက်ဆုံး ဥရောပါလီမန်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ထဲမှာ မြန်မာစစ်အစိုးရကို ပိတ်ဆို့ ဒဏ်ခတ်ထားတာ သက်တမ်းတနှစ်တိုးဖို့  ဥရောပသမဂ္ဂကောင်စီက ဆုံးဖြတ်ခဲ့တာကို ကြိုဆိုထား ပါတယ်။ ဒါပေမယ့် ဥရောပကော်မရှင်က ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်တွေအတွက် အကူအညီပေးတာကို လျှော့ချလိုက်တဲ့ အပေါ်မှာ တော့ ဥရောပပါလီမန်က ရှုတ်ချထားပါတယ်ရှင်။ ( ဗွီအိုအေ )

NLD ရပ်တည်ချက် ချက်သမ္မတနိုင်ငံ ထောက်ခံ

ချက်သမ္မတနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ နိုင်ငံရေးနဲ့ လူမှုရေးအရ ရပ်တည် လုပ်ဆောင်ချက်တွေကို ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ပြောပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံတဲ့အချိန်မှာ ချက်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ငါးယောက်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ချက် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ ဂျီရီ စိုက်တလာ ဖြစ်ပါတယ်။ ချက်သမ္မတနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ရဲ့ ရပ်တည်ချက်တွေကို ဆက်လက် ထောက်ခံ အားပေးသွားမယ့်အကြောင်း ဒီကနေ့ မစ္စတာ ဂျီရီ စက်တလာနဲ့ တွေ့ဆုံခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“ဘာဘဲပြောပြော သူတို့ NLD ကိုဆက်ပြီးတော့ နိုင်ငံရေးအဖွဲ့အစည်းတခုအနေနဲ့ သူတို့ ဆက်လက်ပြီးတော့ အားပေး ထောက်ခံသွားမယ် ဆိုတဲ့အချက်ကို ပြောပါတယ်။ မစ္စတာ Vaclav Havel တို့ ရှိတဲ့အချိန်တုန်းက သဘောထားအတိုင်းပဲ သူတို့ လိုလား ထောက်ခံပါတယ် ဆိုတာကို ပြောသွားပါတယ်။ ဒါက တခုပေါ့။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့လည်း သူတို့ ဆက်လက်ပြီးတော့ ဟိုတုန်းက ကတည်းက ထောက်ခံခဲ့တဲ့အတိုင်းပဲ ဆက်လက်ပြီးတော့ ထောက်ခံသွားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းရည်တွေကိုလည်း ဂုဏ်သတ္တိတွေကိုလည်း သူတို့ လေးစားပါတယ်၊ ဒါကြောင့် သူတို့ ချီးကျူးလေးစားတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ခေါင်းဆောင်မှုကိုလည်း ဆက်လက် ရှင်သန်သွားဖို့အတွက် သူတို့ ထောက်ခံသွားပါ့မယ် ဆိုတဲ့ဟာကိုလည်း ပြောပါတယ်။”

NLD အနေနဲ့ ရွေးကောက်ပွဲဝင်ရေး မှတ်ပုံမတင်ခဲ့ပေမယ့် နိုင်ငံရေးပါတီအဖြစ် တည်ရှိနေခြင်းက ပျက်ပျယ်သွားတာမဟုတ်ဘူး၊ လူမှုရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း နိုင်ငံရေးအစုအဖွဲ့တခုအဖြစ်နဲ့ ဆက်လက် တည်ရှိနေသေးတယ် ဆိုတာ ချက်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ပြန်လည်ရှင်းပြခဲ့တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

တခြား အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေနည်းတူ ချက်သမ္မတနိုင်ငံအနေနဲ့လည်း မြန်မာပြည် တိုးတက်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးကိစ္စတွေကို ဆက်လက် ထောက်ခံ အားပေးသွားမယ့်အကြောင်း မစ္စတာ ဂျီရီ စက်တလာက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်အစိုးရက အခုနှစ်အတွင်း ကျင်းပပေးဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးခဲ့ကြတာတွေကိုလည်း ဦးဝင်းတင်က အခုလို ဆက်ပြောပြပါတယ်။

“အဲဒီအထဲမှာ သူတို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောတာတခုကတော့ - ဒီဟာက မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ Political space ဟာ ကျယ်လာမယ်လို့ ကျနော်တို့အနေနဲ့ ထင်သလားလို့ သူတို့က မေးတယ်။ ကျနော်တို့ကတော့ မထင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ အခု ကြံ့ခိုင်ရေးတို့ ဘာတို့ကနေပြီးတော့ ဒီ ပါတီတို့ဘာတို့ဖွဲ့ပြီးတော့ လှုပ်ရှားလာတယ်။ တခါ သူတို့ကိုယ်တိုင် ကျန်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း သိပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တဲ့ပုံ မပေါ်ဘူးဆိုတာ အနေအထားအရကတော့ ကျနော်ထင်တယ် Political space တို့ ဘာတို့ဆိုတာ ကျယ်ဝန်းလာမယ်၊ ကျယ်ပြောလာမယ်ဆိုတာာတော့ ကျနော်တို့ မယုံဘူး။ နောက်တချက်က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်ကတော့ အကောင်းကြီး သိပ်ပြီးတော့ ထင်မြင်တာတွေ သိပ်မရှိဘူး။ မရှိဘူးဆိုတာက ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ကိုယ်တိုင်ကလည်း ပြည်မမှာ ပါတီကြီးတခုအနေနဲ့၊ အတိုက်အခံ အင်အားစု ပါတီကြီးတခုအနေနဲ့ရှိနေတဲ့
NLD ကလည်း ရွေးကောက်ပွဲ မ၀င်ဘူး၊ အလားတူပဲ ပြည်နယ်တွေမှာရှိတဲ့ ပါတီတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ SNLD လို ပါတီကလည်း ရွေးကောက်ပွဲ မ၀င်ဘူးဆိုတဲ့အခါကျတော့ ကျနော်ထင်တယ် ဗမာပြည်ရဲ့ ဒီရွေးကောက်ပွဲကနေပြီးတော့ ပေါ်ထွက်လာမယ့် နိုင်ငံရေး အခြေအနေ ကျယ်ပြောလာမယ့် သဘောတော့ မရှိဘူးလို့ ကျနော်တို့က ယူဆတယ်လို့ အဲဒီလိုပဲ ပြန်ပြောလိုက်ပါတယ်။”

ချက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂျီရီ စက်တလာဟာ NLD ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မတွေ့ဆုံခင် နေပြည်တော်ကိုသွားပြီး စစ်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ချက်သမ္မနိုင်ငံအနေနဲ့ မြန်မာပြည်အတွင်းမှာ တရားဝင်သံရုံး ဖွင့်ထားခြင်းမရှိပဲ ဘန်ကောက်မှာရှိတဲ့ သံရုံးကနေ မြန်မာအတွက် ပူးတွဲလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ သူအခု မြန်မာပြည်ကိုလာတာကတော့ ပုံမှန် လုပ်ထုံးလုပ်နည်းအရ လာရောက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း NLD ခေါင်းဆောင်တွေနဲ့တွေ့ဖို့ နေရာ
အခက်အခဲ ရှိနေတာကြောင့် တခြား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ဗြိတိသျှသံရုံးရဲ့ စီစဉ်ပေးမှုနဲ့ ဗြိတိသျှသံရုံး ၀င်းအတွင်းမှာပဲ ဒီကနေ့ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

၁၉၈၉ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ ဆိုဗီယက် ကွန်မြူနစ်လက်အောက်က လွှတ်မြောက်လာပြီးနောက်ပြီး နောက်ပိုင်း ကတ္တီပါ တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး ပထမဆုံး သမ္မတဖြစ်ခဲ့တဲ့ Vaclav Havel ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြင့်ဖို့ အဆိုပြုခဲ့သူလည်း ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Thursday, May 20, 2010

နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုး ထောင်ဝင်စာတွေ့တုန်း သေဆုံး

မြန်မာနိုင်ငံ၊ မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦး မေလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ပူပြင်းလွန်းတဲ့ ရာသီဥတုဒဏ်ကြောင့်ရော၊ နဂို ကတည်းက နာမကျန်းဖြစ်နေတာကြောင့်ပါ အခုလို ဆုံးပါးသွားခဲ့ရတာဖြစ်တယ်လို့ မိသားစု ၀င်တွေက ပြောကြပါတယ်။ မအေးသန္တာကျော်က တင်ပြထားပါတယ်။

ဗုဒ္ဓဟူးမနက်ပိုင်းမှာပဲ ဆုံးပါးသွားတဲ့ ကိုကျော်စိုးဟာ အရင်လတွေကတည်းက နေမကောင်း ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့လည်း အခုလို မြန်မြန်ဆန်ဆန် ဆုံးသွားလိမ့်မယ်လို့တော့ မျှော်လင့်မထား ဘူးလို့ ဇနီးဖြစ်သူကပြောပါတယ်။ ထောင်ဝင်စာသွားတွေ့နေစဉ် မျက်စိရှေ့မှာပဲ ခင်ပွန်းသည် အသက်ထွက်သွားတာကို မြင်လိုက်ရတဲ့ ဇနီးဖြစ်သူ မမေဟန်အိက
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“အပူချိန်ကြီးတယ်။ နောက်ပြီး ဆီးချုပ်သဘောမျိုးလည်း ဖြစ်နေတယ်ရှင့်။ ကျမနဲ့ တွေ့နေတဲ့ အချိန်မှာ ကျမအမျိုးသားက မေးတောင် ခိုင်နေပြီ၊ စကားတောင် မပြောနိုင်တော့ဘူး။ ကျန်းမာရေးနောက်ခံက ဘာမှ ဆိုးဆိုးဝါးဝါး မရှိဘူးရှင့်။ကျမ သူ့ကို သွားတွေ့တဲ့အချိန်မှာ နေမကောင်းဘူး။ အရမ်း အဖျားကြီးလို့ဆိုပြီး ကျမ သူ့ကို သွားတွေ့တယ်။ ဧပြီလ တရက်နေ့က သွားတွေ့ပါတယ်။ မနက်ဖြန် မြင်းခြံ ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ဘုရားရှိခိုးပြီး မြေချမှာပါ။ ဆေးကုသခွင့် လုံလောက်စွာ မရရှိဘူးဆိုတာ ကျမ သိနေပါတယ်။”

ကြားခဲ့ရသလို ဆေးကုသခွင့် လုံလောက်စွာ မရရှိဘူးလို့ ပြောသွားတဲ့ ဇနီးဖြစ်သူက ခင်ပွန်း သည်ဟာ အသက်ရှူကျပ်တဲ့ဝေဒနာ၊ အစာအိမ်ရောဂါတို့ကို ခံစားနေခဲ့ရပြီးတော့ တော်တော် နာမကျန်းဖြစ်နေလို့ ဆေးဝါးဝယ်ပေးပါမယ်၊ သူ့ ခင်ပွန်းကို ဆေးကုသပေးပါလို့ ပထမတခေါက် ထောင်ဝင်စာတွေ့ချိန်က ထောင်အာဏာပိုင်တွေဆီကို ပန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ထောင်အာဏာပိုင် တွေက ဒါကို ငြင်းဆိုခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ကိုတိတ်နိုင်ကတော့ နိုင်ငံရေးအကျဉ်းသား ၁၄၄ ယောက်မြောက် ထောင်ထဲမှာ ဆုံးပါးခဲ့ရတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“အဲလိုတောင်းဆိုပေမယ့်လည်း ဒီ အာဏာပိုင်တွေကနေပြီးတော့ သူတို့တွေမှာလည်း ဆေးဝါး တွေ ရှိပါတယ်။ သူတို့ သေချာ ဂရုစိုက် ပေးနေပါတယ်ဆိုပြီးတော့ အဲလိုပြောခဲ့တဲ့အတွက် မိသားစုက ဆေးဝါးကုသခွင့်မပေးခဲ့ရဘူး၊ ဆေးဝါး မသွင်းခဲ့ရဘူး။ အဲဒါနဲ့ ပြန်လာရတဲ့ အခြေအနေမျိုးပါ။ အခု အဲဒါ အချိန် တပတ်လောက်အတွင်းမှာပဲ အဲလိုမျိုးဖြစ်သွားတယ် ဆိုတော့ ဒါဟာ သက်သက်ကို ဆေးဝါးကုသခွင့် မလုံလောက်ဘူးဆိုတာ အရမ်းထင်ရှားနေပြီး တော့ သူတို့ ဆေးဝါး သေသေချာချာ ကုသပေးနေတယ်ဆိုတာလည်း မဟုတ်ဘူးဆိုတာက ထင်ရှားစေပါတယ်။ အဓိကက နေမကောင်းတဲ့ အချိန်မှာ ကျန်းမာရေးကုသမှုက သေသေ ချာချာ မရှိခဲ့လို့၊ ဂရုတစိုက်မရှိခဲ့လို့ ပေါ့လျော့ ခဲ့လို့လို့ ပြောလို့ရပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် ပြောသွားတာဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်က စပြီးတော့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း အကျဉ်းထောင်တွေကို ၀င်ခွင့်မရတော့တဲ့ နောက်ပိုင်းမှာ ကူညီ ထောက်ပံ့မှုတွေ အများကြီးလျော့သွားပြီးတော့ မြန်မာ အာဏာပိုင်တွေဘက်ကလည်း ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မပေးနိုင်တဲ့ အတွက် နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် မြန်မာနိုင်ငံက အကျဉ်းသားတွေအားလုံး အသက် ဆုံးရှုံးတဲ့အထိ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်ကပဲ ပြောပါတယ်။

အခုသေဆုံးသွားရတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနဲ့ မြှင့်တင်သူများကွန်ယက် (HRDP) က ကိုကျော်စိုးဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ တောင်ကြီးမြို့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာတော့ တရားမ၀င် အဖွဲ့အစည်းမှာ ပါဝင် ပတ်သက်မှုအပါအ၀င် ပြစ်မှုသုံးခုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချခံခဲ့ရတာပါ။

မြင်းခြံထောင်မှာ ဆုံးပါးသွားတဲ့ ကိုကျော်စိုးရဲ့ ရုပ်အလောင်းကို မနက်ဖြန် မေလ ၂၀ ရက်၊ ကြာသပတေးနေ့မှာ မြင်းခြံ၊ ကက်သလစ် ဘုရားရရှိခိုးကျောင်းမှာ ဆုတောင်းပွဲလုပ်ပြီးတဲ့နောက် သဂြိင်္ိုဟ်မှာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ကိုကျော်စိုးဟာ အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ မမေဟန်အိနဲ့ ခုနစ်နှစ်အရွယ် သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။ ( ဗွီအိုအေ )

Saturday, May 15, 2010

သမ္မတအိုဘားမား စစ်အစိုးရအပေါ်ဒဏ်ခတ်မှု သက်တမ်းတိုး


မြန်မာစစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ထားတာကို နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား (Barack Obama) လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း မေလ ၁၄ရက်နေ့စွဲနဲ့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မြန်မာစစ်အစိုးရရဲ့လုပ်ရပ်တွေ၊ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ထူးထူးကဲကဲ ဆက်လက်အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့် ၁၉၉၇ ခုနှစ် မေလ ၂၀ရက်နေ့ က အမေရိကန်ပြည်ထောင်စု အမျိုးသားအရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကို ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က သမ္မတရဲ့ အုပ်ချုပ်မှုအာဏာအရ အမိန့်ပြန်တမ်းအမှတ် ၁၃၃၁၀၊ ၂၀၀၇ ခုနှစ် အောက်တိုဘာ လ ၁၈ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၄၈၊ ၂၀၀၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၆၄ တို့နဲ့ အသီးသီးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၀ ပြည့်နှစ် မေလ ၂၀ ရက်နေ့ကစပြီး ဆက်လက်အကျိုးသက် ရောက်မှုရှိအောင် နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား ကိုယ်တိုင် ၂၀၁၀ပြည့်နှစ် မေလ ၁၃ ရက်နေ့ နေ့စွဲနဲ့ လက်မှတ်ထိုးလိုက်တဲ့အကြောင်း အိမ်ဖြူတော်က သောကြာနေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရက ဒီမိုကရေစီရေး အတိုက်အခံတွေကို အကြီးအကျယ်ဖိနှိပ်၊ နှိပ်ကွပ်နေတာကြောင့် ၁၉၉၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြုပ်နှံမှု အသစ်တွေမလုပ်ဖို့ တားမြစ် ပိတ်ပင်တဲ့ ဥပဒေကို ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ပြီး ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ က သမ္မတအမိန့်ပြန်တမ်းနဲ့ ပြဌာန်းခဲ့ ပါတယ်။ အမေရိကန်သမ္မတရဲ့ နိုင်ငံတကာ စီးပွားရေးရာ အရေးပေါ် လုပ်ပိုင်ခွင့် အာဏာအရ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့် ဒီအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ( ဗွီအိုအေ )

Thursday, May 13, 2010

ကာ့တ် ကမ်းဘဲလ် ပြောကြားချက် ဆင်ဆာဖြတ်ခံရ


အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၏ မြန်မာ့နိုင်ငံရေး ဆိုင်ရာ ပြောကြားချက်များကို စာနယ်ဇင်းများတွင် ဖော်ပြခြင်း မပြုရန် အာဏာပိုင်တို့က ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ရန်ကုန်မှ မထွက်ခွာမီ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ကမ်းဘဲလ်က မြန်မာ့နိုင်ငံရေး ဆိုင်ရာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်၏ မေလ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အကြောင်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားချက်များကိုသာ ကိုးကား ရေးသားခွင့် ရှိသည်ဟု ရန်ကုန် အခြေစိုက် သတင်း ဂျာနယ် အသိုင်းအ၀န်းက ပြောသည်။

“ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် NLD ပါတီကို ထောက်ခံသွားမယ် ဆိုပြီး ပြောသွားတဲ့ ကာ့တ် ကမ်းဘဲလ် စကားကို ဂျာနယ်တွေ က သတင်းအဖြစ် ဖော်ပြဖို့ ကြိုးစားကြပေမယ့် ခွင့်မပြုဘူး”ဟု ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

အာဏာပိုင်တို့၏ လတ်တလော ပိတ်ပင်မှုများတွင် ကာ့တ် ကမ်းဘဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာ တွင် တွေ့ဆုံနေသည့် သတင်းဓာတ်ပုံများလည်း ပါဝင်သည်ဟု ဆိုသည်။

ထိုသို့ ပိတ်ပင်မှုကြောင့် သတင်းသမား အများစု မကျေမနပ် ဖြစ်နေကြပြီး ရွေးကောက်ပွဲ ကာလ သတင်းလွတ်လပ်ခွင့် လုံးဝ မရ နိုင်သည်မှာ ထင်ရှားသွားပြီ ဖြစ်ကြောင်း သုံးသပ် ပြောဆိုနေကြသည်။

“ပြည်တွင်း မီဒီယာသမားတွေ အနေနဲ့ ရွေးကောက်ပွဲ နီးလာလေလေ စိစစ်ရေးက တင်းကျပ် လာလေလေ ဆိုတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီ”ဟု သတင်းထောက် တဦးက ပြောသည်။

ရန်ကုန်မြို့၊ အမေရိကန် စင်တာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ကမ်းဘဲလ်က ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မပြုရန် နိုင်ငံရေး ပါတီတချို့၏ ဆုံးဖြတ်ချက်ကိုလည်း လေးစားကြောင်း၊ NLD အပါအ၀င် မြန်မာ ပြည်သူများကို အမေရိကန်က ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း၊ အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းမည် မဟုတ်ဘဲ ထိတွေ့ ဆက်ဆံသည့် မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် မြန်မာ့ နိုင်ငံရေးတွင် အဘက်ဘက်က အရေးပါသူများ အားလုံး ပါဝင်ခွင့်ရှိပြီး ဂုဏ်သိက္ခာ ရှိရှိ တွေ့ဆုံ ဆွေးနွေးရန်၊ မြောက်ကိုရီးယား အစိုးရနှင့် ဆက်ဆံရေးတွင် သတိထားရန် အာဏာပိုင်တို့ကို တိုက်တွန်း ပြောဆိုခဲ့သည်။

ထို တိုက်တွန်းချက်များကိုလည်း မြန်မာစာနယ်ဇင်းများက ဖော်ပြခွင့် မရပေ။

မစ္စတာ ကမ်းဘဲလ်နှင့် အဖွဲ့သည် မေလ ၉ ရက်နေ့ တရက်တည်းတွင် စစ်အစိုးရ တာဝန်ရှိသူများဖြစ်သော ဦးကျော်ဆန်း၊ ဦးဉာဏ်ဝင်း၊ ဦးသောင်းနှင့် ဦးသိန်းစိုး တို့ကို သီးခြားစီ တွေ့ဆုံခဲ့သည်။

မေလ ၁၀ ရက်နေ့တွင် မစ္စတာ ကမ်းဘဲလ်သည် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များ၊ မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ယခုခရီးစဉ်သည် မစ္စတာ ကမ်းဘဲလ်၏ မြန်မာနိုင်ငံသို့ ဒုတိယ ခရီးစဉ်ဖြစ်ပြီး၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင်လည်း အမေရိကန် အစိုးရ ကိုယ်စားလှယ် တဖွဲ့ကို ဦးဆောင်၍ လာရောက်ခဲ့ဖူးသည်။

ဤအတောအတွင်း အာဏာပိုင်တို့က NLD လှုပ်ရှားမှုနှင့် ပတ်သက်သော သတင်းများကို ပိတ်ပင်လိုက်သည်ဟု သိရှိရသည်။

“NLD ဆိုတာ မရှိတော့ဘူး။ ဒါကြောင့် ဒီအဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းတွေ လုံးဝ ခွင့်မပြုတော့ဖို့ အထက်က ညွှန်ကြားချက် ရှိတယ်လို့ စာပေစိစစ်ရေးက ပြောတယ်”ဟု သတင်း ဂျာနယ် အမှုဆောင် အယ်ဒီတာတဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သော၊ ဝေဖန်သော အရေးအသားများကို တင်းတင်း ကျပ်ကျပ် စိစစ် ဖြတ်တောက်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ညွှန်ကြားထားကြောင်း စာပေ စိစစ်ရေးဌာန အရာရှိ တဦးက ပြောဆိုသည်။

“အခု စိစစ်ရေးလုပ်ငန်းတွေက နေပြည်တော်ရဲ့လမ်းညွှန်ချက်တွေနဲ့အညီ လုပ်နေရတာပါ”ဟု စိစစ်ရေးမှူးတဦးက ပြောသည်။

ပြီးခဲ့သည့် တပတ်ကလည်း အာဏာပိုင်တို့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း နှင့် ပါတီတို့ အပေါ် ဝေဖန်ချက်များ ပါဝင်သည့် သတင်း အများအပြား ဆင်ဆာ ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ( ဧရာဝတီ )

မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ အကဲခတ် ပုဂ္ဂိုလ်တွေ လက်ခံဖို့ ကုလ တိုက်တွန်း

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အာဆီယံ အပါအ၀င် နိုင်ငံတကာက လာရောက်စစ်ဆေးဖို့ မလိုအပ်ဘူးလို့ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်ခဲ့တဲ့ အမေရိကန် အဆင့်မြင့်ပုဂ္ဂိုလ်ကို မြန်မာစစ်အစိုးရက ပြောဆိုခဲ့တာကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို ဖိတ်ကြားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မေလ ၉ ရက်နေ့က အမေရိကန်နိုင်ငံ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ၊ အထူးသဖြင့် အာဆီယံအဖွဲ့တွေ လာရောက်ခွင့် ပြုမပြု မေးမြန်းတဲ့အခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အတွေ့အကြုံ များစွာရှိပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေ သေသေချာချာ ပြဋ္ဌာန်း ဆောင်ရွက်နေတာမို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ ထင်ရှားတဲ့အတွက် နိုင်ငံတကာ အဖွဲ့တွေ လာရောက်ဖို့ မလိုကြောင်း ပြန်ကြားခဲ့ပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အခုလို မြန်မာစစ်အစိုးရဘက်က လက်မခံပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကို ဖိတ်ကြားဖို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ မစ္စတာ မာတင် နာဆက်ကီက…

“မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲမဆို နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုကို ရရှိလိုရင် ရှင်းလင်းရမယ်၊ ခြုံငုံ ပြည့်စုံပြီး အုပ်စုအားလုံးတို့ ပါဝင်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ရပါမယ်။ ဒါကို ကုလသမဂ္ဂက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သလို ဒီနေ့လည်း ထပ်ပြီး တိုက်တွန်းလိုတာက မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒေသန္တရ အပါအ၀င် ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ပုဂ္ဂိုလ်တွေကို လက်ခံပါ။ ဒါမှလည်း ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှု ရရှိမှာပါ။ ဒီအချက်က ရှင်းပါတယ်။”

ရွေးကောက်ပွဲတခု တရားမျှတမှု ရှိမရှိ နိုင်ငံတကာ အဖွဲ့တွေကို ဖိတ်ကြား စစ်ဆေးစေတာဟာ စစ်အေးခေတ် နောက်ပိုင်းမှာ ထုံးစံတခုလို ဖြစ်လာနေပြီး အခုလို မြန်မာစစ်အစိုးရဘက်က ငြင်းဆန်နေတာဟာ လာမယ့် ရွေးကောက်ပွဲအတွက် ဘယ်သူ့ အသိအမှတ် ပြုမှုကိုမှ ရမှာမဟုတ်ဘူးလို့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ အဖွဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“နိုင်ငံတခု အနေနဲ့ ဒီနိုင်ငံရဲ့ ပြည်သူကို ကိုယ်စားပြုပြီးတော့ အချုပ်အခြာ အာဏာကို ကျင့်သုံးတဲ့အခါမှာ ပြည်သူလူထုကို စစ်စစ်မှန်မှန် ကိုယ်စားပြုတဲ့ အစိုးရတရပ် ဖြစ်တယ်၊ ဒါကို ခိုင်မာစေချင်လို့ နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတရပ် အနေနဲ့ ၀င်ဆန့်ချင်လို့ ဒီလိုမျိုး ဖိတ်ခေါ်ကြတာပါ။

“ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေ ဘင်္ဂလားဒေ့ရှ်မှာ ၂၀၀၈ ဒီဇင်ဘာလောက်မှာ လုပ်သွားတဲ့ ရွေးကောက်ပွဲ၊ အင်ဒိုနီးရှားမှာ မနှစ်က လုပ်သွားတဲ့ ရွေးကောက်ပွဲ၊ ဖိလစ်ပိုင်မှာ ယနေ့ မကြာခင်မှာ လုပ်မယ့် သမ္မတ ရွေးကောက်ပွဲ၊ ဒီရွေးကောက်ပွဲ အားလုံးလိုလိုမှာ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကော်မရှင်တွေကို ဖိတ်ခေါ်သွားတာ တွေ့ရပါတယ်။

“ရွေးကောက်ပွဲတခုကို ကျင်းပပြီးတော့ ကိုယ့်ဘာသာကိုယ်ပဲ ငါတို့လုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါတယ် ပြောရုံနဲ့တော့ ဘယ်သူ့ အသိအမှတ်ပြုမှုမှ ရမှာမဟုတ်ပါဘူး။”

အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဖို့ ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး ကျဉ်းမြောင်းတဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ ကြည့်တယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မဝေဖန်ပေမဲ့ မြန်မာစစ်အစိုးရ ကတိပေးထားသလို လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လိုအပ်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထုထံက အချုပ်အခြာအာဏာ သက်ဆင်းရမယ်ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတဲ့အပြင် တရားမျှတမှု မရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံမတင်ခဲ့တဲ့ အပြင် အရင်ဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တာလို့ ဒေါက်တာ သောင်းထွန်းက မြင်ပါတယ်။

“ရွေးကောက်ပွဲတခုမှာ အပိုင်း ၃ ပိုင်း ရှိပါတယ်။ စစ်မှန်တယ်၊ လွတ်လပ်တယ်၊ တရားမျှတတယ်၊ ဒီ ၃ ခုပေါ့။ စစ်မှန်တယ် ဆိုတာက ရွေးကောက်ပွဲ မကျင်းပခင် ကတည်းကိုက လုပ်ထုံးလုပ်နည်းတွေ၊ လုပ်နည်းလုပ်ဟန်တွေက ရွေးကောက်ပွဲ တခုကို သွားနေတဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ တကယ့် ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုမယ့် ဖြစ်စဉ် ဖြစ်ရမယ်။ နအဖလုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတာကို ခဏထားလိုက်ဦး၊ အစကတည်းက မစစ်မှန်ဘူး။

“မစစ်မှန်တာ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မြန်မာနိုင်ငံရဲ့ အမြင့်မားဆုံး ဥပဒေ ဖြစ်လာမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲတဲ့ အခါမှာ ပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချုပ်ချယ် ကန့်သတ်တဲ့ ပြဋ္ဌာန်းချက်တွေ ပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို ကန့်သတ် ချုပ်ချယ်တဲ့ ပြဋ္ဌာန်းချက်တွေ ပါတယ်။ နောက်တခုက အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံက ဆင်းသက်ရမယ်ဆိုတဲ့ အခြေခံမူနဲ့ ဆန့်ကျင်တဲ့ဟာတွေ ပါတယ်။

“အခုလို စစ်တပ်က ၂၅% ယူကတည်းက ပြည်သူလူထုထံက အချုပ်အခြာအာဏာ ဆင်းသက်ရမယ် ဆိုတာနဲ့ ဆန့်ကျင်နေတယ်။ ဒါကြောင့် အစကတည်းက မစစ်မှန်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်ရေး ဥပဒေကို ဆန့်ကျင်တဲ့ အနေနဲ့ မှတ်ပုံမတင်ခြင်းလည်း ဖြစ်တယ်၊ ရွေးကောက်ပွဲ မ၀င်ခြင်းလည်း ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ဆိုတာကတော့ တော်တော်ကို ဝေးပါသေးတယ်။”

NCGUB အဖွဲ့ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်း ပြောသွားတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Wednesday, May 12, 2010

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု အထူးအယူခံတင်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချတဲ့အမှုနဲ့ ပတ်သက်လို့ ရှေ့နေဖြစ်သူတွေက ဗဟိုတရားရုံးချုပ်ကို အထူးအယူခံတရပ် မနေ့က တင်သွင်းလိုက်ပါတယ်။ ဗဟိုတရားရုံးချုပ်က လက်ခံမယ် ဆိုရင်တော့ ဒါကို နေပြည်တော်မှာ ကြားနာစစ်ဆေးဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တနှစ်ခွဲနဲ့ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံထားရမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အထူးအယူခံ တင်ပြ လျှောက်ထားခဲ့ကြတာပါ။ ဒီမတိုင်ခင် အတွင်းကတော့ ရှေ့နေဖြစ်သူတွေနဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကိစ္စ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ လက်ရှိအမှုမှာ နဂို မူလကတည်းက ဥပဒေအတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ ပြောပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“ကျနော်တို့ Admission ပြောဖို့၊ Argument ပေးဖို့ ရက်ချိန်း စောင့်နေပါတယ်။”

အဲဒါက ဘယ်ကိုတင်တာလဲခင်ဗျ။

“တရားရုံးချုပ်မှာပါ။”

အရင် ပထမ အယူခံတင်တာက…။

“ပထမတုန်းက အယူခံမဟုတ်ဘူး၊ ပြင်ဆင်မှု။ ဒါက Special Appeal တဲ့၊ အထူးအယူခံလို့ ခေါ်ပါတယ်။”

ပထမအယူခံ တခုကို ပယ်ထားပြီးပြီးနော်၊ အဲဒါ ဘယ်ကလဲ မသိဘူးခင်ဗျ။

“အဲဒါ တရားရုံးချုပ်ကပဲ။”

ဒီအဆင့်ကရော ဘယ်လို ထူးခြားမှု ရှိပါသလဲခင်ဗျ။

“ဒါကတော့ ၃ ပါးထိုင် အရှေ့မှာ Admission ပြောရမယ်။ ပြီးရင် နေပြည်တော်မှာ သွားပြောရမယ်။”

အခု အခြေအနေ အလားအလာကရော ဘယ်လိုရှိလဲခင်ဗျ။

“တရားဥပဒေအရတော့ အစကတည်းက အပြစ်မှ မရှိဘဲ။ ကြံဖန်ပြီး အပြစ်ပေးတာ။ ဒီဟာတွေကိုပဲ ကျနော်တို့ ထောက်ပြရမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကာလအတွင်း တရားမ၀င် နေအိမ်ခိုးဝင်လာသူ အမေရိကန် နိုင်ငံသားတဦးကို လက်ခံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်အရ ဆိုပြီး ပြစ်ဒဏ်တ၀က်ကိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ကျခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရှေ့နေတွေကတော့ ဒီဥပဒေဟာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေပါ ဖော်ညွှန်းချက် ဖြစ်တာမို့ ၁၉၇၄ ဖွဲ့စည်းပုံဟာ အသက်မ၀င်တော့ဘူး၊ တရားမ၀င်တော့ဘူး ဆိုပြီးတော့ ထောက်ပြထားကြပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း တရားရုံးရော ဗဟိုတရားရုံးချုပ်ရော အဆင့်ဆင့် အယူခံတွေ ပယ်ချခံခဲ့ရပြီး အခုနောက်ဆုံး ရှေ့နေတွေက အထူးအယူခံ တင်ပြလျှောက်ထားခြင်း ဖြစ်ပါတယ်။ ( ဗွီအိုအေ )

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကမ်းဘဲလ် ထီးမိုး ဆွေးနွေးကြသလဲ


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်း ဘဲလ်တို့ ယမန်နေ့က အဆောက်အဦး ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းသည် စစ်အစိုးရက အသံဖမ်းယူမည်ကို စိုးရိမ်သော ကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဒေါ်အောင်ဆန်း စုကြည်နှင့် မစ္စတာ ကမ်းဘဲလ်တို့ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ရာတွင် အစိုးရက စီစဉ်ပေးသည့် ဧည့်ဂေဟာ ဧည့်ခန်း အတွင်း၌ ၁၅ မိနစ်ခန့်သာ စကားစမြည် ပြောဆို ပြီးနောက် အဓိကကျသော ဆွေးနွေးမှုများကို အပြင်ဘက်တွင် ထီးမိုး၍ ဆက်လက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

ယင်းဆွေးနွေး မှုများတွင် မြန်မာ့ နိုင်ငံရေးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အခန်းဏ္ဍကို အဓိကထား ဆွေးနွေး ခဲ့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

၂၀၀၃ ခုနှစ်က ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာပီညဲရိုး အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံ စဉ် အာဏာပိုင်များက အသံဖမ်းစက်ဖြင့် ခိုးယူ နားထောင်ခဲ့ဖူးသည်။

ယခုခရီးစဉ်နှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်အစိုးရက အတိုက်အခံ ခေါင်းဆောင်များ၊ နိုင်ငံရေး အဖွဲ့ အစည်းများနှင့် ညှိနှိုင်းမှုမရှိဘဲ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းကို မစ္စတာ ကမ်းဘဲလ်က စိတ်ပျက် မိကြောင်း ပြစ်တင် ဝေဖန်သွားခဲ့သည်။

မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်သော မစ္စတာ ကမ်းဘဲလ်၏ ကြေညာချက်တွင် မြန်မာ့ နိုင်ငံ ရေးတွင် အဘက်ဘက်က အရေးပါသူများအားလုံး ပါဝင်ခွင့်ရှိပြီး ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်၊ နျူကလီးယား နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ် ချက် အမှတ် ၁၈၇၄ ကိုလိုက်နာဆောင်ရွက်ရန် ရေးသားထားသည်။

သို့သော် စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅နှစ် အတွင်း အနုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ၊ မော်တော်ယာဉ်ပေါ်တွင် တင်၍ ရွှေ့ပြောင်းပစ်ခတ် နိုင်သည့် ဒုံးကျည် ပစ်စင်များကို စစ်အစိုးရက ဘာတာစနစ်ဖြင့် ကောက်ပဲသီးနှံများနှင့် လဲလှယ်ခဲ့သည်ဟု ပြီးခဲ့သည့် မတ်လထုတ် Australian Journal of International Affairs ဂျာနယ်တွင်လည်း ဆောင်းပါးရှင် အင်ဒရူး ဆတ်သ် က ရေးသားခဲ့သည်။

ထို့အပြင် စစ်အစိုးရ အဖွဲ့ဝင် တဦးဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သည်။

ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ပြီခဲ့သည် ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံ အီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့မြောက်ကိုရီးယား သံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မစ္စတာ ကမ်းဘဲလ်၏ ကြေညာချက်တွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ချင်းမပြုသည့် နိုင်ငံရေးပါတီများ၏ ဆုံးဖြတ်ချက် ကိုလည်း လေးစားကြောင်း၊ NLDပါတီအနေဖြင့် အနာဂတ်တွင် မည်သည့်ပုံစံမျိုးဖြင့် ရပ်တည်သည်ဖြစ်စေ NLDအပါအ၀င် မြန်မာပြည်သူများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ အရေးယူပိတ်ဆို့မှု များကို ရုပ်သိမ်းသွားမည် မဟုတ်ဘဲ ထိတွေ့ဆက်ဆံသည့် မူဝါဒ ကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ကျင်းပမည့် ရွေးကောက်ပွဲသည် ယုံကြည်နိုင်စရာ မရှိသည့် အကြောင်းအချက်များကို တွေ့မြင်ရသည့်အတွက် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှုကို ရရှိမည် မဟုတ်ကြောင်း၊ ကျန်ရှိနေသည့်အချိန်အတွင်း အားလုံးပါဝင်နိုင်သည့် လမ်းစဉ်ချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းထားသည်။

မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့က မြန်မာပြည်သို့ ဒုတိယအကြိမ် လာရောက်ပြီးနောက် ပြန်ကြားရေး ၀န်ကြီး ဦးကျာ်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းအပြင် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ( ဧရာဝတီ )

Thursday, May 6, 2010

စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးဖို့ Republican အထက်လွှတ်တော် ခေါင်းဆောင် တောင်းဆို


အမေရိကန် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (Mitch Mcconnell) က အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတာကို သက်တမ်းတိုးရေးအတွက် အမေရိကန် လွှတ်တော်မှာ မနေ့က အဆိုတင်သွင်း ပြောကြားခဲ့ပါတယ်။ မြန်မာစစ်အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လုံးဝ ဆန္ဒမရှိတဲ့အပြင် အတုအယောင် ရွေးကောက်ပွဲနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရဖို့ ကြိုးစားနေတာကို အမေရိကန်အစိုးရ အနေနဲ့ လုံးဝ လက်မခံသင့်ဘူးလို့ ပြောသွားခဲ့တာပါ။ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် အဆိုပြု တင်သွင်းချက် အသေးစိတ်ကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု သက်တမ်းတိုးရေးအတွက် အထက်လွှတ်တော် တရပ်လုံး အနေနဲ့ တညီတညွတ်တည်း ထောက်ခံကြဖို့ အမေရိကန် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် ကိုယ်တိုင် မနေ့က အထက်လွှတ်တော်မှာ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ခုချိန်ဟာ မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ ထားတာကို သက်တမ်းတိုးဖို့ အရေးကြီးဆုံးနဲ့ အသင့်တော်ဆုံးအချိန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မြန်မာစစ်အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆန္ဒမရှိဘူးဆိုတာ ထင်ရှားခဲ့ပါတယ်။ သူတို့ဟာ အတုအယောင် အခြေခံဥပဒေသစ်ကို ရေးဆွဲပြီး အတုအယောင် ရွေးကောက်ပွဲနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို လက်ခံရယူဖို့ ကြိုးစားနေတာပါ။ ကျနော့်အမြင်မှာတော့ အမေရိကန်အစိုးရ အနေနဲ့ စစ်အစိုးရ လိုချင်တဲ့ အသိအမှတ်ပြုမှုကို လုံးဝ မပေးသင့်ပါဘူး။”

နှစ် ၅၀ လောက် စစ်အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲအတွက် ကြိုးပမ်းခဲ့မှု မှန်သမျှဟာ အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်၊ ၁၉၉၀ ခုနှစ်နောက်ပိုင်း စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ မလုပ်ခင် အမေရိကန် အစိုးရရော၊ ကုလသမဂ္ဂကပါ သံတမန်လမ်းကြောင်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ခဲ့ပေမဲ့လည်း ဘာမှ အရာအထင်ခဲ့တာကို မစ္စတာ မက်ကောနဲလ်က ပြန်လည် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

“သမ္မတဟောင်း ကလင်တန် လက်ထက်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး သောမတ်စ် ဟပ်ဘ်ဘာ့ဒ် (Thomas Hubbard) ဦးဆောင်တဲ့ အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့တယ်၊ နောက် မစ်စ် မက်ဒလင်း အောလ်ဘရိုက် (Ms. Madeleine Albright) ကိုလည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အမှုထမ်းနေတုန်း စေလွှတ်ခဲ့တယ်၊ နောက် အောက်လွှတ်တော် အမတ်ဟောင်း ဘီလ် ရစ်ချတ်စန် (Bill Richardson) ကို ၂ ခေါက် စေလွှတ်ခဲ့တယ်၊ ၂၀၀၆ ခုနှစ်ကလည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ခရစ်စ်တိုဖာ ဟေးလ် (Christopher Hill)၊ ၂၀၀၇ ခုနှစ်မှာလည်း တရုတ်နိုင်ငံမှာ စစ်ခေါင်းဆောင် တချို့ကို တွေ့ဆုံခဲ့တယ်။

“ကုလသမဂ္ဂဘက်က ကြည့်မယ်ဆိုရင်လည်း ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံကို ၁၅ ကြိမ် စေလွှတ်ခဲ့သလို အတွင်းရေးမှူးချုပ် အထူးအကြံပေးတွေကို ၂၆ ကြိမ်၊ နောက်ဆုံး ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် ၂ ကြိမ် သွားရောက်ခဲ့ပေမဲ့ ရလဒ်အားဖြင့် ပြုပြင်ပြောင်းလဲမှု တခုမှ မတွေ့ခဲ့ရပါဘူး။”

အခုလို သံတမန်နည်းလမ်းနဲ့ စစ်အစိုးရကို ချဉ်းကပ်ခဲ့သလို အမေရိကန် အစိုးရက ၁၉၉၇ ခုနှစ်ကစပြီး မြန်မာစစ်အစိုးရကို ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ဖိအားပေးခဲ့ပေမဲ့လည်း သိသာထင်ရှားတဲ့ နိုင်ငံရေး ပြောင်းလဲမှု တခုမှ မတွေ့ရဘူးလို့ ဆိုပါတယ်။ သမ္မတသစ် ဘရက်ခ် အိုဘားမား (Barack Obama) လက်ထက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးမူကို ပြန်လည် သုံးသပ်ပြီးနောက် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံခဲ့တယ်၊ နောက်ဆုံး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်လို့ မက်လုံးပေးခဲ့ပေးမဲ့ ဒါကို စစ်အစိုးရက လျစ်လျူရှုခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း နောက်ထပ် ၁ နှစ်ခွဲတောင် တိုးလိုက်သေးတယ်လို့ မစ္စတာ မက်ကောနဲလ်က ဆိုပါတယ်။

စစ်အစိုးရ ရေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒဟာ ဒီမိုကရေစီ နည်းလမ်းတကျ ရေးဆွဲထားတာ မဟုတ်မှန်း အများက သိနေကြပေမဲ့ ရွေးကောက်ပွဲ ဥပဒေ ထွက်လာရင်များ ဒီမိုကရေစီ ဖော်ဆောင်ရေးဘက်ကို ဦးတည်သွားလေမလားလို့ မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ တကယ်တမ်း ရွေးကောက်ပွဲ ဥပဒေ ထွက်လာတော့ အဲဒီ မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ကတော့ မြန်မာစစ်အစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံ ဆွေးနွေးရေးကို လိုလားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေအရ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာက အသိအမှတ် ပြုတာကို တကယ်ပဲ လိုချင်တယ်ဆိုရင် သိသာထင်ရှားတဲ့ တိုးတက် ပြောင်းလဲမှုတွေကို လက်တွေ့မှာ ဆောင်ရွက်ပြဖို့ လိုလိမ့်မယ်လို့လည်း မစ္စတာ မက်ကောနဲလ်က ပြောသွားခဲ့ပါတယ်။

“စစ်အစိုးရ အနေနဲ့ Legitimacy နိုင်ငံတကာရဲ့ အသိအမှတ်ပြု ယုံကြည်မှုကို အတင်း အဓမ္မ ရယူလို့ မရပါဘူး။ တကယ်ပဲ နိုင်ငံတကာရဲ့ ယုံကြည်စိတ်ချမှုကို ရယူလိုတယ်ဆိုရင် ပထမခြေလှမ်း အနေနဲ့ ရွေးကောက်ပွဲတွေကို အများလက်ခံ ယုံကြည်အောင် ကျင်းပပေးရပါလိမ့်မယ်။ အခုလက်ရှိ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေနဲ့ လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေးရေချိန်နဲ့ ဆိုရင်တော့ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်နည်းနဲ့မှ ယုံကြည် လက်ခံနိုင်ဖွယ် ရှိမှာ မဟုတ်ပါဘူး။”

ပြီးခဲ့တဲ့ အပတ်ကလည်း ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ၂၀၁၁ ခုနှစ်အထိ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

နောက်အပတ်ကျရင်လည်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ အရှေ့တောင်အာရှတွေကို သွားမယ့် ခရီးစဉ်မှာ မြန်မာနိုင်ငံကိုလည်း ဒုတိယအကြိမ်အဖြစ် သွားမယ်လို့ မျှော်လင့်ရပါတယ်။ ( ဗွီအိုအေ )

Wednesday, May 5, 2010

တိုင်းမဂ္ဂဇင်းကြီးရဲ့ ၂၀၁၀ လူ ၁၀၀ စာရင်း - သူရဲကောင်းများတွင် မြန်မာဘလော့ဂါ နေဘုန်းလတ် ပါဝင်

ဂုဏ်ယူပါတယ် နေဘုန်းလတ်


၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း လွတ်လပ်စွာဖြင့် ရေးသားထုတ်ဖော်သူ၊ စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နှင်းမှုများကို မြန်မာပြည်တွင်းရှိ ဘလော့ဂါများက ကမ္ဘာသို့ သတင်းပို့နိုင်ခဲ့ရာတွင် ရှေ့တန်းက စွန့်စားဆောင်ရွက်ခဲ့သူ၊ စစ်အစိုးရ၏ မတရားဖမ်းဆီးခံနေရသော အပြစ်မဲ့သည့် လူငယ်တဦးကို ယခုနှစ် တိုင်းမဂ္ဂဇင်းကြီး၏ လူ ၁၀၀ စာရင်းတွင် “သူရဲကောင်း” ကဏ္ဍမှာ ဂုဏ်ပြုဖော်ပြထားသည်။ (ဓာတ်ပုံ - တိုင်းအင်တာနက်မှ ကူးယူဖော်ပြသည်) ( မိုးမခ )

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် သွားဖွယ်ရှိ


အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) ဟာ မြန်မာ အပါအ၀င် အာဆီယံ နိုင်ငံတွေကို ရှေ့သီတင်းပတ် အတွင်း သွားရောက်မယ်လို့ ဆိုပါတယ်။ မစ္စတာ ကမ်းဘဲလ် မြန်မာပြည်ကို ရောက်လို့ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရရင် ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကိစ္စ တိုက်တွန်း ပြောဆိုလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြည်တွင်းက မြန်မာ့အရေး လုပ်ဆောင်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာပြည်ကို ရှေ့သီတင်းပတ်အတွင်း သွားရောက်ဖို့ ရှိတဲ့အကြောင်း ၀ါရှင်တန် အခြေစိုက် Center for Strategic & International Studies မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ဒါဟာ အခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း သတ်မှတ်ချက်တွေကို စစ်အစိုးရက ထုတ်ပြန်အပြီးမှာ အဆင့်မြင့် အမေရိကန် အရာရှိတယောက် မြန်မာပြည်ကို ပထမဆုံးအကြိမ် သွားရောက်မှာ ဖြစ်ပါတယ်။ မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာပြည်ကိုရောက်လို့ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ အမေရိကန် အစိုးရက အစဉ်တစိုက် တောင်းဆိုလာသလို သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရေး ကိစ္စတွေကို တိုက်တွန်း ပြောဆိုလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကျနော်တို့က အကောင်းပဲ မျှော်လင့်ပါတယ်။ အခု မြန်မာပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက အားလုံး ၀ိုင်းပြီး ဖိအားပေးကြတာကိုး။ အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေး ဖြစ်ဖို့အတွက် ကြိုးပမ်းနေတယ်လေ။ အဲဒါကလည်း အဓိက တောင်းဆိုနေတဲ့ အချက်က ရွေးကောက်ပွဲမှာ all inclusive ဖြစ်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့ပဲ။ အဲဒီလို တိုက်တွန်းနေတာဆိုတော့ အခုလို မစ္စတာ ကမ်းဘဲလ် ဒီလိုအချိန်မျိုးမှာ လာတာဟာ ထူးခြားတယ်လို့ ကျနော်တို့လည်း မျှော်လင့်ပါတယ်။

“နှစ်ဘက် လက်ခံနိုင်တဲ့ အခြေအနေတခု ဖြစ်လာရင်တော့ တိုင်းပြည်အတွက် အလွန်ကောင်းတဲ့ အလားအလာတွေ ပေါ်လာမှာလို့ ကျနော်ကတော့ အဲဒီလို မြင်ပါတယ်။ အဲဒါက တဘက်နဲ့ တဘက် ဆွေးနွေးဖို့ ကြားဝင်ပြီး ဆောင်ရွက်ပေးတာမျိုး ဆိုရင်တော့ အကောင်းဆုံးအဖြေ ထွက်လာမယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။”

ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ တဘက်မှာ လုပ်ဆောင်နေသလို တဘက်မှာလည်း စစ်အစိုးရကို တိုးတိုးတိတ်တိတ် တိုက်တွန်းရအောင် လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“အမေရိကန် အနေနဲ့ တဘက်က စီးပွားရေး ကန့်သတ်ချုပ်ချယ်ထားသလို တဘက်ကလည်း ဆက်ဆံရေးကို ပျက်မသွားအောင် လုပ်နေတယ်။ ဒီထဲကနေပြီးတော့ တိုးတိုးတိတ်တိတ် ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းနေတယ်လို့ ဒီလိုပဲ နားလည်တယ်။ လာတာကလည်း သူတို့ တိုက်တွန်းဖို့ လာတယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ ရွေးကောက်ပွဲ ၀င်ခွင့်ပေးဖို့၊ ပါဖို့၊ ဒါမျိုးတွေ တိုက်တွန်းမယ် ထင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်မပေးတဲ့ သဘောမျိုး လုပ်ထားတာဆိုတော့ ဒါက အမေရိကန် အစိုးရပဲဖြစ်ဖြစ်၊ ဒီ့ပြင်နိုင်ငံ အင်္ဂလိပ်ပဲဖြစ်ဖြစ်၊ ဥရောပ နိုင်ငံတွေကပဲဖြစ်ဖြစ် ဒါ လက်ခံနိုင်စရာအကြောင်း မရှိဘူးဆိုပြီး ပြောနေကြတော့ ဒီဟာနဲ့ ပတ်သက်ပြီး ဆွေးနွေးလိမ့်မယ်လို့ ထင်ပါတယ်။”

မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာပြည် ရောက်တဲ့အခါ နိုင်ငံရေးပါတီ ဖွဲ့စည်းတဲ့ ကိစ္စတွေပါ လေ့လာကောင်း လေ့လာနိုင်တယ်လို့ သခင်ချန်ထွန်းက ဆက်သုံးသပ်ပါတယ်။

“ဒီကျရင်တော့ သူက နိုင်ငံရေးပါတီ ဖွဲ့တာတို့ ဘာတို့ပါ လေ့လာမှာပေါ့လေ။ ဒီကလူတွေက လေ့လာထားတာရှိတော့ သူကလည်း တိုက်ရိုက် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်တွေ့ပြီး၊ တကယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရရင် ဒီဘက်က တွေ့ခွင့်ရတဲ့ ပုဂ္ဂိုလ်တွေကို မေးမြန်းသွားဖို့ အစီအစဉ် ရှိမှာပေါ့။”

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ဖော်ဆောင်မှုတွေကို စစ်အစိုးရဘက်က လုပ်ဆောင်ခြင်း မရှိတဲ့အတွက် စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးမူကို ပြန်လည် သုံးသပ်ကောင်း သုံးသပ်ရလိမ့်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့မှာပဲ မစ္စတာ ကာ့တ် ကမ်းဘဲလ်က မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်၊ မလေးရှား ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါသေးတယ်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့် အရာရှိတယောက် အနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ကို သွားရောက်ပြီး စစ်အစိုးရ အရာရှိတွေနဲ့ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ မစ္စတာ ကမ်းဘဲလ်ဟာ ဒီကြားထဲ မြန်မာပြည်ကို သွားရောက်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အခုမှ သွားခွင့်ရမယ်ဆိုတဲ့ သတင်း ထွက်လာတာပါ။

ဥရောပသမဂ္ဂကလည်း သူတို့ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန် မစ္စတာ ပီယာရို ဖက်ဆီနို (Piero Fassino) ကို မြန်မာပြည်ကို လွှတ်နိုင်ဖို့ စီစဉ်နေပါတယ်။

စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေဟာ တရားမျှတခြင်း မရှိတာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဒီရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ကန့်သတ်ချုပ်ချယ် ထားတာနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြုပြင်ရမယ့် အချက်တွေကို ပြင်ဆင် ပြုပြင်ပေးဆိုတဲ့ တောင်းဆိုချက်တွေကို လိုက်လျောခြင်း မရှိတဲ့အတွက် ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ NLD ပါတီက မှတ်ပုံမတင်ဖို့ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews