သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Wednesday, September 30, 2009

ဒေါ်စုလွှတ်ရေး အာဆီယံ ပန်ကြားမယ့် အစီအစဉ် ဖျက်သိမ်း

အာဆီယံ အရှေ့တောင်အာရှ အသင်းကြီးက သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရထံကို မေတ္တာရပ်ခံစာ ပေးပို့မယ်ဆိုပြီး အစီအစဉ် ရှိခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်နေတာကို အကြောင်းပြုပြီး အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အခုလို ဖျက်သိမ်းလိုက်တာကို ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေကို တိုးတက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ အာဆီယံအသင်းကြီးရဲ့ ကြိုးပမ်းချက်ကို နောက်ပြန်ဆွဲစေတဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီရေး အားပေးတဲ့ အာဆီယံ လွှတ်တော်အမတ်တချို့က ရှုမြင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
[ ဆက်ဖတ်ရန် +/- ]

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရအပေါ် အာဆီယံအနေနဲ့ မေတ္တာရပ်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်တဲ့ ရပ်တည်ချက်တွေ ချဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့တာမျိုးလည်း မရှိဘူးလို့ ပြောဆိုပါတယ်။

AIPMC မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်ကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးရေး စဉ်းစားလာတာနဲ့ မြန်မာနိုင်ငံအတွင်း မတရား ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကို အာဆီယံက မတောင်းဆိုဘူးဆိုတာ သိပ်ကိုမှားယွင်းတယ်လို့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့ရော အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံ၊ နောက် အာဆီယံ တခုလုံးအနေနဲ့ ဒီကိစ္စက ရေတိုကိုပဲကြည့်တဲ့ ချဉ်းကပ်မှုတခုလို့ ကျနော်တို့က မြင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်း ဘယ်လို ညီညီညွတ်ညွတ် လုပ်ကိုင် ချဉ်းကပ်မလဲဆိုတာ မရှိဘူးဆိုတာကို ပြသနေတယ်” လို့လည်း AIPMC အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်က ပြောသွားတာပါ။

အာဆီယံဟာ နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်ပြီး အလေးပေး ပြောလာတဲ့ အချိန်အခါမျိုး၊ အစည်းအဝေးတွေ အခမ်းအနားတွေမှာသာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုတာမျိုးတွေ ရှိနေတာက စိုးရိမ်စရာတခုလို့ သူက မြင်ပါတယ်။

“နိုင်ငံတကာက ဖိအားပေးတဲ့အခါတွေမှာ အာဆီယံက သူတို့ကလည်း လိုက်ပြီးရွေ့တယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူတို့လည်း လုပ်နေပါတယ်ဆိုတာမျိုး ပြောဆိုချင်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့က သူတို့ပြောတဲ့ စကားတွေကို ပြန်ရုပ်သိမ်းပြီးတော့ နောက်ဆုတ်သွားတာပါပဲ။ ဒါမျိုးကို ကစားကွက်တခုအဖြစ် သုံးနေတာ စိုးရိမ်စရာပါပဲ။” လို့ AIPMC အဖွဲ့ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင် ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ဖမ်းဆီးထားတာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်ဆိုတဲ့ အမြင်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား လက်ခံထားမယ်ဆိုရင် နိုင်ငံတကာအလယ်မှာ သိက္ခာရှိရှိ ရပ်တည်နိုင်အောင် အားယူနေတဲ့ အာဆီယံရဲ့ ခြေလှမ်းတွေကို နောက်ပြန်ဆွဲသလို ဖြစ်သွားလိမ့်မယ်လို့ ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ NCGUB ပြည်ပရောက် အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက အခုလိုမြင်ပါတယ်။

“အပြစ်မရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ထောင်ချခံရခြင်းဟာ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်ခြင်းခံရတာ ဖြစ်ပါတယ်။ ထို့နည်းတူ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းတခုလုံး ချိုးဖောက်ခံရတဲ့အပေါ်မှာ ရပ်တည်ပြီးတော့၊ အာဆီယံရဲ့ ဂုဏ်သိက္ခာအပေါ်မှာ ရပ်တည်ပြီးတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို ဆက်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့က နအဖနဲ့ အဆင်ပြေအောင် ဆက်ဆံရင်းနဲ့ ဗမာပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆုတ်ယုတ်စေတယ်ဆိုတာကို အာဆီယံအနေနဲ့ သတိထားပေးဖို့လည်း လိုအပ်ပါတယ်။”

ဦးခွန်မြင့်ထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

AIPMC ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်ကတော့ အာဆီယံအဖွဲ့ကြီးကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ထောက်ပြနေတာက ဒေါ်အောင်ဆန်းစုကြည်က ဥပမာတခုသာ ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုဒေသတွေ၊ မကြာသေးခင်က ကိုးကန့်ဒေသနဲ့ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို တခြား လူ့အခွင့်အရေး အခြေအနေတွေကိုလည်း အာဆီယံအနေနဲ့ ကြည့်ဖို့လိုမယ့်အကြောင်း ဝေဖန်ပြောဆိုပါတယ်။ ( ဗွီအိုအေ )

Monday, September 28, 2009

အဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံ ပေးစာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ( ၂၁ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ( ကိုရီးယား )



2009년 9월 27일 일요일 오후 3시부터 5시 까지 NLD 한국지부는 경기도 부천시 원미구 심곡 2동 NLD 한국지부 사무실에 버마 내 NLD 설립 21주년 기념식을 했습니다.

NLD (LA) Korea Branch held 21 years anniversary of NLD Foundation Day in Burma NLD (LA) Korea Branch's office in Pucheon from 3:00 PM to 5:00 PM on September 27.

၂၀၀၉ ခုနစ် စက်တင်ဘာလ ၂၇ ရက် ညနေ ၃နာရီမှ ၅ နာရီအချိန်ထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြေနယ်မြေ) ကိုရီးယားဌာနခွဲ၏ ရုံးခန်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားကို ကျင်းပပါသည်။

၁။ အခမ်းအနား ဖွင့်လှစ်ခြင်း
၂။ အလံတော်အား အလေးပြုခြင်း
၃။ ကျဆုံးသွားသော သူရဲကောင်းများအား အလေးပြုခြင်း
၎။ ဦးအောင်မြင့်ဆွေ (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြေနယ်မြေ) ကိုရီးယားဌာနခွဲ)က အဖွင့်အမှာစကားပြောကြားခြင်း။
၅။ တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခြင်း
၆။ အခမ်းအနား ရုပ်သိမ်းခြင်း

အခမ်းအနားမှူးအဖြစ် ဦးသောင်းထွန်း (ရုံးအဖွဲ့မှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြေနယ်မြေ) ကိုရီးယားဌာနခွဲ)က ဆောင်ရွက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

ရွှေဝါရောင် တော်လှန်ရေးကြီး (၂) နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ ( ကိုရီးယား )



၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက် တနင်္ဂနွေဗန့ နံနက် ၁၁နာရီအချိန်မှ ၁၂ နာရီအချိန်ထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက ဦးစီး၍ နှစ်နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲံသို့ မြန်မာအရေးလှုပ်ရှားမှု (ကိုရီးယား)၊ ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)၊ ချင်းတိုင်းရင်းသား အဖွဲ့အစည်း(ကိုရီးယား)နှင့် မြန်မာနိုင်ငံသားများ ပူးပေါင်း ဆောင်ရွက်ကြပါသည်။

အခမ်းအနားမှူးအဖြစ် ဦးဇော်မိုေးအာင် (တွဲဘက်အတွင်းရေးမှူး ၂၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ) က ဆောင်ရွက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

Wednesday, September 23, 2009

သမီးဆန္ဒအတိုင်း အမျှ မဝေသေးဘူး


၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုကြီးကို မြန်မာ့ တပ်မတော်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြသူများ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသူ ရှိခဲ့သည်။

ထိုစဉ်က ဖြစ်ရပ်တချို့နှင့် ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများထဲတွင် အာဏာသိမ်းပြီး နောက်တနေ့ ဖြစ်သော စက်တင်ဘာ ၁၉ ရက်နေ့ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သူ ဆန္ဒပြကျောင်းသူ မ၀င်းမော်ဦး၏ ဓာတ်ပုံမှာ အထင်ရှားဆုံး ဓာတ်ပုံများထဲတွင် ပါဝင်သည်။
မ၀င်းမော်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းကြူအား ဧရာဝတီ သတင်းထောက် ဇာနည်မာန်က ဆက်သွယ်ပြီး သမီးဖြစ်သူ ဆန္ဒပြရာတွင် ပါဝင်ခဲ့ပုံ၊ သူနှင့် သူငယ်ချင်းတချို့ ဒဏ်ရာရ သေဆုံးခဲ့ပုံ၊ မိသားစု၏ ခံယူချက် စသည်တို့ကို မေးမြန်းထားပါသည်။
[ ဆက်ဖတ်ရန် +/- ]


မေး ။ ။ မ၀င်းမော်ဦးအတွက် နှစ်ပတ်လည် ဆွမ်းကပ်တယ်လို့ သိရပါတယ်။ အေးအေးချမ်းချမ်း လုပ်ခွင့် ရခဲ့ပါသလား။

ဖြေ ။ ။ ကောင်းကောင်းမွန်မွန်တော့ လုပ်ခွင့်ရပါတယ်။ သူတို့ အဖွဲ့အစည်း ဘာညာတော့ ဘေးပတ်ဝန်းကျင်မှာ ရှိတော့ရှိတာပေါ့။ ဒါပေမယ့်လို့ သူတို့ဘာသာ သူတို့ နေကြတာပါ။ နှောင့်ယှက်တာ ဘာညာတော့ မရှိဘူးပေါ့။ နှစ်တိုင်းနှစ်တိုင်း ကျနော်တို့ လုပ်ခဲ့တဲ့အခါမှာလည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မရှိဘူး ဆိုတာကလည်း ကိုယ့်ဆီလာတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း သမီးကို ဂုဏ်ပြုတဲ့ အနေနဲ့ လာလာပြီးတော့ ဒီလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြောကြ ဆိုကြတာလေ။

မေး ။ ။ နှစ်တိုင်း ဆွမ်းကပ်ပေမယ့် မ၀င်းမော်ဦး မှာခဲ့တဲ့ စကားတခွန်းကြောင့် ဦးတို့ အခုချိန်ထိ သူ့အတွက် အမျှမဝေဘူး ဆိုတာ သိရပါတယ်ရှင့်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီတုန်းက သမီးက ဗိုလ်ချုပ်ပုံလေး ကိုင်ပြီးတော့ ဒူးလေး ထောက်နေတော့ သူငယ်ချင်းတွေက ၀ပ်ခိုင်းတာမှာ သမီးက ပြောတယ် တဲ့၊ ငါ မ၀ပ်ဘူး၊ မ၀ပ်ဘူး။ ငါတို့ ဒီမိုကရေစီ မရမချင်း၊ ငါတို့ တခုခု ဖြစ်သွားသည့် တိုင်အောင်တောင်မှ ငါတို့ နာမည်ခေါ်ပြီး အမျှမဝေပါနဲ့ဦး ငါတို့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမယ် တဲ့၊ အဲဒီလို ပြောခဲ့တယ် တဲ့၊ အဲဒီလိုပဲ သူ့သူငယ်ချင်းတွေ ဆီကနေ ကျနော်တို့က ကြားခဲ့ရတယ်။ ကျနော်တို့ မိဘတွေ အနေနဲ့ သူတို့ တောင်းထားတဲ့ဟာ မရမချင်း၊ နောက် သူ့ဆန္ဒအရ ယနေ့အထိ ၂၁ နှစ် အထိတိုင်ကို သူ့နာမည် ခေါ်ပြီးတော့လည်း ကျနော် လုံးဝ သူ့အတွက် အမျှ မဝေဖူးသေးပါဘူး။ သူတို့ တောင့်တတဲ့ အနေအထား ရလာပြီ ဆိုမှသာလျှင် သူ့အတွက် သူ့နာမည်ကို အားရပါးရကြီး ခေါ်ပြီးတော့ ကျနော် အမျှဝေမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး ။ ။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဖြစ်အပျက်လေးကို ဦးမှတ်မိသလောက် ပြောပြပေးပါရှင်။

ဖြေ ။ ။ အဲဒါတွေက ဘယ်တော့မှ မမေ့ပါဘူး။ သူက မဟုတ်မခံစိတ် ရှိတယ်။ အဲဒီနေ့တုန်းက မနက်ပိုင်းက သူ့ကို ကျနော်တို့ မိဘတွေကလည်း တားတာပေါ့။ အဘိုးတွေ အဘွားတွေကလည်း တားတယ်။ သမီး ဒီနေ့က သိပ် အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ မသွားရင် ကောင်းမယ် ဆိုတော့ သူက ဘိုးဘိုးကြီး တဲ့ သမီးတို့က ကျောင်းမှာ ဆိုလို့ရှိရင် အမာခံတောင် မဟုတ်ဘူး တဲ့လေ၊ အသေခံပါ တဲ့။ အဲဒီတော့ သမီးတို့ မသွားလို့ မရဘူး၊ နောက်တော့လည်း သူက လူကြီးဖြစ်နေတဲ့ အတွက် မသွားလို့ မဖြစ်ဘူး။ သမီး သွားရမယ် တဲ့။ သွားရင်လည်း သမီး မျက်နှာပြရုံတင်ပါပဲ တဲ့။ ပြီးရင် သမီး ပြန်လာမယ် ဆိုပြီးတော့ ကျောင်းရောက်သွားတဲ့ အခါကျတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့တော့ ပြောကြ ဆိုကြရင်းနဲ့ သူလည်း စိတ်ဝင်စားပြီးတော့ ပါသွားတယ်ပေါ့။

ပါသွားတော့ အဲဒီအချိန်မှာ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတယ်။ အဲဒါနဲ့ သူပါသွားပြီး ချီတက်သွားကြတော့ အဲဒီက အပြန်၊ အပြန်မှာ မဟာဗန္ဓုလလမ်းအတိုင်း သူတို့ ၀င်တယ်။ ၀င်ပြီးတော့ ဘုရားလမ်းကျတော့ ပြန်ဆင်းတယ်။ ကုန်သည်လမ်းကနေ ပြန်ပတ်တဲ့အခါ အဲဒီ ထောင့်နားမှာ မီးပွိုင့်ရှိတယ်။ အဲဒီနားမှာ သူတို့ အပစ်ခံရတာ။

ပထမ သူတို့ စပစ်တဲ့ အချိန်တုန်းက အောက်ပိုင်းကို သူတို့ ပစ်တာပေါ့၊ ဒူးအောက်ပိုင်းကို သူတို့ ပစ်တာ။ အဲဒီမှာ သူက ဘယ်ခြေသလုံးကို အရင် ထိတယ်။ ပြီးတော့ နောက်တခါ ထပ်အပစ်မှာ ဘယ်ပေါင်ကိုပဲ ထပ်ထိတယ်။ ဒူးကိုထိတော့ သူက ဓာတ်ပုံနဲ့ ကိုင်ပြီးတော့ ခွေကျသွားတယ်။

သမီးနဲ့ အတူတူ ချီတက်တဲ့ ကလေးတွေက ပြောပြတယ်။ သူခွေကျသွားတော့ သူ့ဘေးနားက သူငယ်ချင်းက “ဟဲ့ ၀င်းမော်ဦး ၀ပ်၊ ၀င်းမော်ဦး ၀ပ်” ဆိုတော့ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတဲ့ အတွက် ငါ ၀ပ်လိုက်လို့ရှိရင် ဗိုလ်ချုပ်ပုံ ကျမယ်။ အဲဒီတော့ ဒို့အဖွဲ့ပါ ကျမယ် ဆိုပြီးတော့ သူက မ၀ပ်ဘဲနဲ့ နောက်တခါ ထပ်အပစ်မှာ ညာလက်မောင်းကို ၀င်ပြီးတော့ ဖောက်ပြီးတော့ ရင်ထဲကို ၀င်သွားတာ တဲ့။

နောက် ၁၂ နာရီ ခွဲလောက်တော့မှ လိုက်ကယ်တဲ့ ဆရာဝန်တွေက သူ့ကိုတွေ့တော့ “ဦး သမီးကို ကယ်ပါ” ဆိုပြီးတော့ သမီးက ပြောတယ်တဲ့။ ပြောတော့ အခု ဓာတ်ပုံထဲမှာ ပါလာတဲ့ မ နေတဲ့ ဆရာဝန်က ကျနော့်ဆီ ရောက်လာပြီးတော့ ပြောပြတာ။

သူ့ကို တွေ့တဲ့ အချိန်တုန်းက သူ အသက်ရှိသေးတယ်။ ဒီလိုဒီလိုပဲ ကျနော့်ကို ကယ်ပါ ဆိုပြီးတော့ ပြောတယ် ဆိုပြီးတော့ပေါ့။ အဲဒါနဲ့ ဆေးရုံရောက်တဲ့ အထိ သူတို့လည်း ပို့ပေးကြပါတယ်။ ဆေးရုံရောက်တော့လည်း ဆေးရုံက ကျနော့်ဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ဖုန်းနံပါတ်တွေ ဘာတွေကျတော့လည်း သူကိုယ်တိုင်ပဲ ပေးတာ တဲ့။ အဲဒီတော့ ကျနော့်ဆီ ဖုန်းရောက်တော့ နှစ်နာရီခွဲ၊ သုံးနာရီလောက်မှာ ကျနော်တို့လည်း ဘယ်လိုမှ သွားလို့ မရဘူး။ လမ်းတွေကလည်း အကုန်လုံး ပိတ်ကုန်တာ။ သံဆူးကြိုးတွေနဲ့ပိတ် ဘာညာနဲ့ အတားအဆီးတွေ ရှိနေတာ။

အဲဒါနဲ့ ကျနော်ရယ်၊ ကျနော့် ယောက်ဖရယ်၊ အကိုဝမ်းကွဲ တယောက်ရယ် ကျနော်တို့ သုံးယောက်က တယောက်က ဆိုင်ကယ်နဲ့ သွားတယ်။ ကျန်တဲ့ နှစ်ယောက်က စက်ဘီးနဲ့ သွားတယ်။ သံဆူးတွေ မ၊ တိုင်တွေဖယ်နဲ့ ဆေးရုံရောက်တော့ သုံးနာရီခွဲ၊ လေးနာရီ မတ်တင်းလောက် ရှိပြီ။ သူ့ကို လိုက်ရှာတော့ 3-4 ward မှာ တင်ထားတယ် ဆိုတော့ ကျနော်တို့က အဲဒီကို သွားရှာတာ မတွေ့ဘူး။ အဲဒီတော့ ဆေးရုံက ဒိပြင် ward တွေမှာ သွားရှာတော့ အဲဒီတွေမှာလည်း မရှိဘူး။ အဲဒီတော့ ဒါဆို အရေးပေါ်ဌာနကို ထပ်မေးဦးမယ် ဆိုပြီး သွားမေးတော့ သူ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်နဲ့ သွားတွေ့တယ်။ သူက အသည်းအသန်အခန်းထဲမှာ ရှိပါတယ်၊ ကျနော် ကိုယ်တိုင် တင်ခဲ့တာပါ ဆိုတော့မှ ကျနော်က 3-4 ward ကို ပြန်သွားပြီးတော့ အသည်းအသန်အခန်းထဲကို သွားကြည့်တော့မှ သမီးကို ကျနော်တို့ တွေ့ရတယ်။

ရောက်သွားတဲ့အချိန်မှာ သမီးကို မြင်လိုက်ရတော့ စိတ်ထဲ တမျိုးကြီး၊ ဇဝေဇ၀ါဖြစ်သွားတယ်။ ပါးစပ်မှာလည်း အောက်စီဂျင်တွေ ပေးထားတယ်။ ခွဲစိတ်ထားတော့ သူ သတိမရသေးဘူး။ အဲလိုနဲ့ပဲ အဲဒီ ညနေမှာပဲ သူဆုံးသွားတာ။ ကျနော်တို့နဲ့လည်း စကား မပြောလိုက်ရဘူး။ သူဆုံးတဲ့အထိကို ကျနော်တို့ မိဘတွေ ဘယ်သူတွေ ဘယ်ဝါတွေ လာတယ် ဆိုတာ မသိသွားလိုက်ရရှာဘူး။ သူက ၁၉၇၂ ခု အောက်တိုဘာ ၁၅ ရက်နေ့မှာ မွေးတာ။ သူဆုံးတုန်းက ၁၆ နှစ်ပေါ့။ သူသာ ရှိနေသေးရင် အခု ၃၇ နှစ်ပေါ့။ အိမ်ရောက်တော့ သူ့မအေ သူ့အဘွားတွေက ၀ိုင်းမေးကြတာ။ မပြောရက်ပေမယ့် မပြောလည်း မဖြစ်ဆိုတော့ အကျိုးအကြောင်း ပြောရတာပေါ့။ စိတ်မကောင်းတာက လွဲလို့ ဘာတတ်နိုင်မလဲနော်။

သူ့ကျောင်း အလက (၄) ကြည့်မြင်တိုင်ကျောင်းက ချီတက်တဲ့သူတွေထဲက ၁၇ ယောက် ထိတယ်။ အဲဒီထဲမှာ ၃ ယောက်က သေသွားတယ်။ ယောင်္ကျားလေး နှစ်ယောက်ရယ် သမီးရယ်ပေါ့။ ယောင်္ကျားလေး နှစ်ယောက်မှာ တယောက်ဆိုရင် ၁၅ နှစ်ပဲ ရှိသေးတယ်။ သူတို့နှစ်ယောက်ကတော့ နေရာမှာတင် သေသွားကြတာ။ အဲဒီတုန်းက ဆေးရုံမှာ ဒဏ်ရာရတဲ့သူတွေ ဆိုတာလည်း အများကြီး ဖြစ်နေတာပေါ့။ ကလေးတွေ နာလို့ အော်ကြဘာကြနဲ့ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် သမီးဇောက ရှိနေတော့ ကျန်တာတွေ ဘာမှ အလေးမထားမိတော့ဘူး။

မေး။ ။ ဒဏ်ရာရနေတဲ့ မ၀င်းမော်ဦးကို ဆရာဝန်နှစ်ယောက်က သယ်လာတဲ့ပုံကို မြင်လိုက်ရတော့ ဦး ဘယ်လိုခံစားရလဲဆိုတာလေး ပြောပြပေးပါလားရှင်။

ဖြေ။ ။ ဘယ်လိုပြောရမလဲ။ အဲဒီပုံလေးက … စိတ်မကောင်းဘူးဗျာ …။ သမီးကတော့ သူ့ကံကိုက ဒီလိုပဲ ပါလာတာ။ ဒီလောက်အသက်အရွယ်ပဲ နေရမယ်လို့ ဖြစ်လာတာပဲ ဆိုတော့လေ။ ကျနော်ကတော့ သမီးအတွက် ဂုဏ်ယူပါတယ်။ ကျနော့်အမေ၊ သမီးရဲ့အဘွား ဆိုရင်လည်း အခု ၈၆ နှစ်ရှိနေပြီ။ အမေက ဟိုးအရင်က ဖဆပလတို့ ပမညတ တို့မှာသူက လှုပ်ရှားခဲ့ဖူးပါတယ်။ သူ့ဘွားအေသွေး ပါလို့ပဲ ဒီလိုစိတ်ရှိလားတော့ မပြောတတ်ဘူး။ သူ့အဘွားကလေ ၂၀၀၇ တုန်းက သံဃာတွေနဲ့ လိုက်ပါသေးတယ်။ ကြည့်မြင်တိုင် ကမ်းနားဈေးကနေပြီးတော့ လမ်းလျှောက်လိုက်သွားတာ ကမ္ဘာအေး လမ်းဆုံအထိ လိုက်သွားသေးတာ။ အခုလည်း သမီးအတွက် သူပဲ ကမကထ လုပ်ပေးနေတာ။ ကျနော်တို့ကတော့ အခုအချိန်ထိ နိုင်ငံရေး ဘာညာလည်း နားလည်း မလည်ဘူး၊ ၀င်လည်း မပါခဲ့ဘူးပေါ့။

မေး။ ။ မ၀င်းမော်ဦးတို့ လက်ထက်ကတည်းက အခြေအနေတွေနဲ့ အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဘာများ ပြောချင်ပါသလဲရှင်။

ဖြေ။ ။ အခုလက်ရှိ မျိုးဆက်သစ်လေးတွေ ဆက်လက်ပြီးတော့လည်း သူတို့ တောင်းထားတဲ့၊ နောက်ပြီးတော့ ကျဆုံးသွားတဲ့သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါလို့ပဲ ကျနော်ပြောချင်ပါတယ်။ ( ဧရာဝတီ )

နအဖ စစ်သံရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်ပေးရေးအတွက် တဦးချင်း ဆန္ဒပြ တောင်းဆိုပွဲ



၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်ထိ ဆိုးလ် (ဆောအုလ်) နအဖ စစ်အစိုးရ လက်အောက်ခံ သံရုံးရှေ့၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက ဦးစီး၍ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်ပေးရေးအတွက် တဦးချင်း ဆန္ဒပြ တောင်းဆိုကြပါသည်။

ပူးပေါင်းဆန္ဒပြတောင်းဆိုကြသည့် အဖွဲ့အစည်းများမှာ
ချင်းတိုင်းရင်းသားအဖွဲ့အစည်း (ကိုရီးယား)
နာနုမုနွာ (ကိုရီးယားအဖွဲ့အစည်း)

NLD (LA) Korea Branch held solo demonstrated for immediately release Daw Aung San Suu Kyi in Burma, in front of Burma Junta's Embassy in Seoul from 10:00 AM to 12:00 AM on September 22, 2009.

This solo demonstrated jointly staged Chin National Community (Korea) and Nanum Munhwe (Korean Organization)

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့် ပေးဖို့ NLD တောင်းဆို

အထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ပေးဖို့ ပါတီ ဗဟိုအလုပ်အမှုဆောင် တချို့က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ခွင့်တောင်းလိုက်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပြင် ၂၀၁၀ ခုနှစ်မှာ မြန်မာစစ်အစိုးရက ကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးဖို့ တောင်းဆိုတာဖြစ်တယ် ဆိုပြီး NLD တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘန်ကောက်ကနေ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
NLD ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့အတွက် လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပါတီ ရှေ့ဆက်လုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ တွေ့ခွင့်ပြုပါလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီမှာ တင်ပြ တောင်းခံထားတဲ့အကြောင်း NLD သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင်က ဗွီအိုအေကို ပြောပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“ကျနော်တို့ ၁၆ ရက်နေ့က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်၊ အန်ကယ် ဦးတင်ဦး အပါအ၀င် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေ မျက်နှာစုံညီ တွေ့ဆုံဖို့၊ အဲဒီလိုတွေ့ဆုံတာကို ခွင့်ပြုဖို့ဆိုပြီး နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးပြီး တင်ပြတောင်းဆိုထားတာပါ။”

စက်တင်ဘာလ ၁၆ ရက်နေ့ကတည်းက စာပို့ခဲ့တာဖြစ်ပေမဲ့ ဒီနေ့ထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့လည်း ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ အခုအချိန်ကာလမှာ NLD ရဲ့ မူဝါဒတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ညှိနှိုင်းတိုင်ပင် ဆွေးနွေးဖို့ လိုအပ်နေပြီ ဖြစ်တဲ့အတွက် ပါတီခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခွင့်ပြုဖို့ ထပ်ပြီး အကြောင်းကြားတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေ ကိစ္စလည်း ပါတီခေါင်းဆောင်တွေ တွေ့ပြီး ဆွေးနွေးကြတဲ့အခါ ပါဝင်နိုင်ပါတယ်လို့ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

“လူကြီးတွေ တွေ့တဲ့အခါမှာတော့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်ဆိုတော့ ရွေးကောက်ပွဲကိစ္စတွေလည်း ပါကောင်းပါနိုင်တာပေါ့။ ဥပမာ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေးပေါ့၊ ကျနော်တို့ လက်ရှိချမှတ်ထားတဲ့ မူအရကတော့ ရွှေဂုံတိုင် ကြေညာစာတမ်း ရပ်တည်ချက် အတိုင်းပဲလေ။ သို့သော် လူကြီးတွေတွေ့ပြီး ဆွေးနွေးတဲ့အခါမှာ သူတို့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်။”

NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်ဘူး ဆိုတာကို ခုချိန်ထိတော့ တရားဝင် မကြေညာသေးပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းနဲ့ မကိုက်ညီတာတွေကို ပြန်ပြင်ဆင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ ပြီးခဲ့တဲ့မေလက ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ပြီး သဘောထား ပေးထားပါတယ်။ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေး ဆုံးဖြတ်ဖို့အတွက် အဲဒီအချက်တွေကို အာဏာပိုင်တွေဘက်က အရင်လုပ်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က ဒီအချက်တွေကို အကြောင်းပြန်ကြားတာမျိုး မရှိသလို လုပ်ဆောင်ပေးတာလည်း ခုချိန်ထိ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းသား ၇,၀၀၀ ကျော် လွှတ်ပေးတယ်ဆိုတဲ့ အထဲမှာလည်း ခုချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ပဲ ပါဝင်ပါသေးတယ်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ အချက်တွေကို တောင်းဆိုပေမဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကိုတော့ ပြောဆိုတာမျိုး မရှိပါဘူး။ ဒါ့အပြင် NLD အပါအ၀င် လက်ရှိ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ရေးကိစ္စ စဉ်းစားဖို့ တိုက်တွန်း ပြောဆိုတာတွေတောင်မှ ရှိပါတယ်။

တရားဝင် မှတ်ပုံမတင်ရသေးတဲ့ အဖွဲ့အစည်းတချို့က ဆိုင်းဘုတ်တင်တာတွေ၊ စုဝေးဆွေးနွေးတာတွေကို အာဏာပိုင်တွေက ခွင့်ပြုထားပြီး NLD လို တရားဝင်ပါတီတွေကိုကျ ရုံးခန်းတွေတောင် ဖွင့်ခွင့်မပေးတဲ့အတွက် တခြားအဖွဲ့အစည်းတွေလိုပဲ လှုပ်ရှားမှုတွေ လုပ်ခွင့်ပြုဖို့ မကြာသေးခင်ကဘဲ NLD ကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ စာရေးသား တောင်းဆိုခဲ့ပါသေးတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ခုချိန်ထိ အကြောင်းပြန်ကြားချက် မရသေးပါဘူး။ ( ဗွီအိုအေ )

Tuesday, September 22, 2009

အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများကို ဆေးကုသပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု လုပ်ငန်းအဖွဲ့က ပြန်လွတ်လာသော နိုင်ငံရေး အကျဉ်းသားများကို ကျန်းမာရေး စစ်ဆေးကုသမှု ပေးနေကြောင်း သိရသည်။

ယခုလ ၁၈ ရက်နေ့မှစ၍ အကျဉ်းထောင်များမှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်လာသည့် သံဃာ၊ အမျိုးသမီး၊ လွှတ်တော်အမတ်နှင့် ပါတီဝင်များအား ကျန်းမာရေး ကုသမှုပေးနေရာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ရုံးချုပ်သို့ ရောဂါသည် ၁၅ ဦး ထက်မနည်း လာရောက် ပြသခဲ့ပြီးဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောဆိုခြင်း ဖြစ်သည်။

“လာပြတဲ့သူတွေက ၁၅ ယောက်ကျော်မယ် ထင်တယ်။ ထုံနာကျင်နာတွေ တော်တော်များတယ်။ မဋ္ဌေးတို့ဆိုရင် ခြေတောက် တဖက်မသန်ဘူး၊ ထုံပြီး လမ်းကို မလျှောက်နိုင်ဘူး။ လိုင်းကားတွေလည်း မစီးနိုင်ဘူး။ တချို့ဆို ရုံးမှာ ကြာကြာမနေနိုင်ဘူး။ အသက်ရှူတွေ ဘာတွေ ကျပ်လာတဲ့ လူတွေ ရှိတယ်။ တချို့က ဝလာတယ်။ ဝတာက ပုံမှန် မဟုတ်ဘူး။ လူတော်တော်များများက မောနေကြတယ်။ အဲဒီအတွက် ဆေးခန်းကို လာပြတယ်” ဟု ပါတီလူငယ် အဖွဲ့ဝင် မဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။
[ ဆက်ဖတ်ရန် +/- ]

ပါတီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “ပြန်လွတ်လာတဲ့ သူတွေရဲ့ဘဝ ပြန်လည် ရပ်တည်ရေးအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေနဲ့ တတ်နိုင်သလောက် အကူအညီတွေ ပေးပါတယ်။ ထောင်က ပြန်လာတဲ့သူတွေကို ဆေးဝါး စစ်ဆေးပေးဖို့နဲ့ လိုအပ်တဲ့ ကျန်းမာရေး ကုသဖို့အတွက် ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။

ရုံးချုပ်တွင် ဆရာဝန်များက စစ်ဆေးပြီး၊ ရောဂါတွေ့လျှင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းထံ စေလွှတ်ကုသခြင်းနှင့် ဆေးဝါးလိုအပ်ပါက ငွေထောက်ပံ့ခြင်း ပြုလုပ်သည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ချင်း၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်ရှိ အန်အယ်ဒီ လူမှုထောက်ကူ အဖွဲ့များကလည်း ၎င်းတို့ဒေသရှိ ထောင်များမှ ပြန်လွတ်သည့် နိုင်ငံရေး အကျဉ်းသားများ လမ်းစရိတ် မလုံလောက်လျှင် ထောက်ပံ့ကာ၊ ကျန်းမာရေးအတွက် ဆေးဝါး ကူညီနေသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ယခုလ ၁၇ ရက်နေ့တွင် နိုင်ငံတဝှန်းရှိ ထောင်များမှ အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု စစ်အစိုးရပိုင် သတင်းစဉ်များတွင် ကြေညာခဲ့ပြီး နောက်ရက်မှ စတင်ကာ ပြန်လွှတ်ပေးနေရာ ယနေ့အထိဆိုလျှင် နိုင်ငံရေး အကျဉ်းသား ၁၂၆ ဦးသာ ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိနေကြောင်း ဆိုထားသည်။ (မဇ္ဈိမ)

မိသားစုဆရာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရ

နေအိမ်မှာအကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးအားနည်းတဲ့ ဝေဒနာ ခံစားနေရတယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တနင်္ဂနွေနေ့မှာ ဆရာဝန် သွားရောက်စစ်ဆေးပြီးတဲ့နောက် အခုလိုသိခဲ့ရတာပါ။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း က ဆက်သွယ်မေးမြန်းထားတယ်ဆိုတော့ ပြောပြပါဦးရှင်။

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်ကို လျှော့ပေါ့ ဆိုင်းငံ့ ပြီးတဲ့ နောက် နေအိမ်ကို ပြန်အပို့ခံရပြီးချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးအကြိမ်အဖြစ် ဆရာဝန်နဲ့ တွေ့ဆုံ စစ်ဆေးခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အရင်ကတည်းက စစ်ဆေးကုသလာခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ဆေးအဖွဲ့တို့ တနင်္ဂနွေနေ့က သွားရောက် စစ်ဆေးခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“မနေ့က နေ့ခင်းပေါ့။ ဆရာ တင်မျိုးဝင်းနဲ့ သူ့ရဲ့ ဆေးအဖွဲ့ပေါ့။ ၀င်ခွင့်ရပါတယ်။ ဆရာတင်မျိုးဝင်းနဲ့လည်း နောက်ပိုင်း ကျွန်တော်တွေ့တယ်။ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်တဲ့။ ဒါပေမဲ့ သေးပေါင်နည်းနည်း ကျနေတယ်တဲ့ အဲဒီလို ပြောပါတယ်။ ”

ဒီ့မတိုင်ခင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်တာ၊ သွေးအားနည်းတာနဲ့ ကြွက်တက်တဲ့ ဝေဒနာတွေ ကို ခံစားခဲ့ရဖူးပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တောက အိမ်ထဲကို ရေကူးဝင်ရောက်ရာ ကနေ ပေါ်ပေါက်ခဲ့ရတဲ့ အမှုအခင်းမတိုင်ခင် နေအိမ်အကျယ်ချုပ် ကျနေခဲ့တုန်းက ဒေါက်တာတင်မျိုးဝင်းအနေနဲ့ တလ တကြိမ် ကျန်းမာရေး စစ်ဆေးခွင့် ရထားခဲ့ပါတယ်။ မစ္စတာယက်တော ရေကူးဝင်ခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးစစ်ဆေးဖို့ ဒေါက်တာ တင်မျိုးဝင်း သွားစောင့်နေခဲ့တာမှာ တွေ့ခွင့်မရခဲ့ဘဲ အိမ်ပြန် လာပြီးတဲ့နောက် အာဏာပိုင်တွေက ခေါ်ယူ ထိန်းသိမ်းလိုက်ပါ တယ်။ နောက်ပိုင်းမှာ ဒေါက်တာတင်မျိုးဝင်းကို ပြန်လွှတ် ပေးခဲ့ပေမဲ့ အဲဒီအချိန်က ဘာ့ကြောင့် ထိန်းသိမ်းခဲ့တာလည်းဆိုတာ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ်သုံးနှစ်ချမှတ်ပြီးတဲ့နောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ညွှန်ကြားချက်နဲ့ ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ ကျန်တဲ့ ထောင်ဒဏ် ၁၈ လကိုလည်း ဆိုင်းငံ့ပြီး ကန့်သတ်ချက်တွေနဲ့အညီ နေအိမ်မှာ ပြန်နေစေဆိုပြီး အိမ်ပြန်ပို့ခဲ့တာပါ။ အဲဒီကန့်သတ်ချက်တွေထဲမှာ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေး စစ်ဆေးကုသခွင့်ဆိုတာ ပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေကနေ ဆရာဝန်တဦး စေလွှတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က လက်မခံခဲ့ပါဘူး။ သူ့ကိုတောက်လျှောက် စစ်ဆေး ကုသ လာခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးမှတ်တမ်း၊ ဆေးကုသမှုမှတ်တမ်းတွေကို သေသေချာချာသိထားတဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ပဲ ဆက်လက် ကုသချင်တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တလကျော်ကြာပြီးတော့မှသာ အခုလို ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့တာပါ။ ဒီလို ကျန်းမာရေး စစ်ဆေးခွင့်ကို ပုံမှန်ရက်အတိအကျနဲ့ ခွင့်ပြုမှာလားဆိုတာ တိတိကျကျ မသိရ သေးပေမဲ့ ဦးဥာဏ်ဝင်းက တော့ ရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“ပုံမှန်တွေ့ခွင့်ပေးလိမ့်မယ်လို့၊ ရလိမ့်မယ်လို့ ကျွန်တော်တော့ အဲဒီလိုပဲ ယုံကြည်ပါတယ်။”

သြဂုတ်လ ၁၁ ရက်နေ့မှာ ခရိုင်တရားရုံးက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်တရားရုံးမှာ အယူခံလွှာတင်သွင်းခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကပဲ နှစ်ဘက် အကျိုးဆောင်တွေ ရန်ကုန်တိုင်းတရားရုံးမှာ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ တရားရုံးက အောက်တိုဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ရုံးချိန်း ပြန်ပေးထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ချမှတ်ခံရသလို ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်ခြင်းမရှိတဲ့အတွက် တခြား ပယောဂ တွေမပါဘဲ ဥပဒေကြောင်းအတိုင်း စီရင်ခံရမယ်ဆိုရင် ပြစ်ဒဏ်ကနေ လွတ်မြောက်လာမယ်လို့ အကျိုးဆောင် ရှေ့နေတွေက အခိုင်အမာ ယုံကြည်ထားကြပါတယ်ခင်ဗျား။ ( ဗွီအိုအေ )

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု မှ ခေါင်းဆောင်များနှင့် ကိုရီးယားနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများ၏ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ



U Soe Aung (FDB) and U Thwin Linn Aung meet NLD (LA) Korea Branch and Burma Organizations NLD (LA) Korea Branch's office in Pucheon City from 1:30 PM to 5:00 PM on September 20.

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ ၃၀ မီနစ်အချိန်မှ ၅ နာရီအချိန်ထိ ပူချွန်းမြို့ရှိ အမျိုးသားးဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ၏ ရုံးခန်း၌ ဦးစိုးအောင်နှင့် ဦးသွင်လင်းအောင်တို့က အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကိုရီးယားနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးကြပါသည်။

Saturday, September 19, 2009

လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

Invitation to All Burmese in Korea[1]

နိုင်ငံရေး အကျဉ်းသားတဦးကို သရက်ထောင်ထဲ ပြန်ထည့်


မကွေးတိုင်း၊ သရက်မြို့ အကျဉ်းထောင်ရှိ နိုင်ငံရေးသမားတဦးကို ယမန်နေ့က ပြန်လွှတ်ရန် အာဏာပိုင်တို့က စီစဉ်ခဲ့သော်လည်း အဆိုပါ နိုင်ငံရေးသမားက ခံဝန်ချက် လက်မှတ်ထိုးခြင်း မပြုသဖြင့် ပြန်လည် အကျဉ်းချလိုက် သည်ဟု သိရသည်။

ထိုသို့ ပြန်လည် အကျဉ်းကျသွားသူမှာ နှစ်ရှည် အကျဉ်းသား ဦးဘမျိုးသိန်း ဖြစ်သည်ဟု သိရသည်။

“၄၀၁ မထိုးလို့ ပြန်ထည့်လိုက်တယ်” ဟု သရက်မြို့ အကျဉ်းထောင်သတင်းများကို စောင့်ကြည့်နေသူတဦးက မိုးမခကို ပြောသည်။

၄၀၁ ဟူသည်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ကို အတိုကောက် ခေါ်ဆိုကြခြင်းဖြစ်သည်။

ကျန်ရှိနေသည့် ထောင်ကျနှစ်များကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သော်လည်း အနာဂတ်တွင် ပြန်လည် အကျဉ်းကျပါက ယခင် ထောင်ကျနှစ်များကိုလည်း ပူးတွဲ ခံစားရမည်ကို သဘောတူပါကြောင်း လက်မှတ်ရေးထိုးရခြင်း ဖြစ်သည်။ ပုဒ်မ ၄၀၁ အရ လက်မှတ်ထိုးခြင်းဟု ခေါ်ကြသည်။

လက်မှတ်ထိုးရန် သဘောမတူသည့် ဦးဘမျိုးသိန်းသည် လွတ်ရက်စေ့ရန် ၂ လသာ လိုတော့သည်ဟု သိရသည်။

အင်းစိန်ထောင်တွင်ရှိစဉ်က ကုလသမဂ္ဂသို့ စာရေးသားပေးပို့သဖြင့် စစ်အစိုးရက သူ့ကို ထောင်ဒဏ် ၁၂ နှစ် ထပ်မံ တိုးမြှင့်လိုက်သည်။ ဦးဘမျိုးသိန်း အကျဉ်းချခံနေရသည့် နှစ်ပေါင်း ၁၉ နှစ် ရှိပြီ ဟု သိရသည်။ ( မိုးမခ )

စစ်တပ် အာဏာသိမ်းသည့် ၂၁ နှစ်မြောက် နအဖ စစ်အစိုးရအား ကန့်ကွက်သည့် ဆန္ဒပြသပွဲ ( ကိုရီးယား )


2009년 9월 18일 금요일 낮 12시부터 1시 까지 NLD 한국지부 당원들은 국가 평화 개발 위원회 군부의 대사관 앞에 군사독재 쿠데타 21주년 반독재 일인 시위를 하였습니다.

NLD (LA) Korea Branch held solo demonstrated 21 years anniversary of Military Junta's Coup Day in Burma in front of SPDC's Embassy in Seoul from 12:00 AM to 1:00 PM on September 18.

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက် သောကြာနေ့ နေ့လည် ၁၂ နာရီမှ ၁ နာရီအချိန်ထိ စစ်တပ် အာဏာသိမ်းသည့် ၂၁ နှစ်မြောက် နအဖ စစ်အစိုးရအား ကန့်ကွက်သည့် အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက အဖွဲ့ဝင်များသည် နအဖ စစ်အစိုးရ လက်အောက်ခံ သံရုံးရှေ့၌ တဦးချင်း ဆန္ဒပြ တောင်းဆိုကြသည်။

ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ဖို့ မြန်မာစစ်အစိုးရကို ဘန်ကီမွန်း တိုက်တွန်း

မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေထဲက ထောင်ဂဏန်းနဲ့ချီပြီး ပြန်လွှတ် ပေးမယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပေမဲ့၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့လိုတယ် လို့လည်း ထပ်ပြီး သတိပေးလိုက်ပါတယ်။ အစိုးရက ထောင်ဂဏန်းချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေးနေပေမယ့်လည်း ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကတော့ မဆိုသလောက်သာ ပါဝင်နေတာမို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒါဟာ မလုံလောက်ဘူးလို့ ဆိုနေကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက အကျဉ်းသား ၇,၀၀၀ ကျော် လွှတ်ပေးမယ်လို့ ကြေညာလိုက်ပြီး နောက်တနေ့ မနေ့ကတော့ မြန်မာနိုင်ငံ တ၀န်း အကျဉ်းထောင်တွေက အကျဉ်းသားတွေကို လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင် လာတာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်တာပါ။ ဒါပေမယ့်လို့ စစ်အစိုးရအာဏာပိုင်တွေအပေါ် သူ အစော ပိုင်းက တိုက်တွန်းထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့လိုတယ် လို့လည်း ထပ်ပြီး သတိပေး ခဲ့တဲ့အကြောင်း နယူးယောက်ခ် ကုလသမဂ္ဂရုံးချုပ်မှာ မနေ့တုန်းက ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မီရှဲလ် မွန်းတပ်စ် (Michele Montas) က ပြောဆိုလိုက်တာပါ။
[ ဆက်ဖတ်ရန် +/- ]

"မနေ့က ကြာသပတေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ကြေညာခဲ့တဲ့ တစိတ်တပိုင်းအဖြစ်နဲ့ နိုင်ငံရေးအကျဉ်းသား တချို့ လွတ်မြောက်လာတဲ့အတွက် အတွင်းရေးမှူးချုပ်က ကြိုဆိုပါတယ်။ မြန်မာနိုင်ငံကို သွားခဲ့တဲ့ ဇူလိုင်လနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အပါအ၀င် မြန်မာစစ်အစိုးရအနေနဲ့ ယုံကြည်ကိုးစားလောက်တဲ့ ခြေလှမ်းတွေကိုလှမ်းပြီး တုန့်ပြန်သွားဖို့ အတွက်ကိုလည်း မြန်မာအာဏာပိုင်တွေကို အတွင်းရေးမှူးချုပ်က တောင်းဆိုထား တာပါ။"

စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာတဲ့ နိုင်ငံသား အကျဉ်းသား အကျဉ်းသူပေါင်း ၇,၁၁၄ ယောက်ကို တိုင်းပြည် အကျိုးပြုဖို့ ရည်ရွယ်တဲ့အနေနဲ့ရော၊ အကျဉ်းကျနေသူတွေရဲ့ မိသားစုတွေကို ထောက်ထားငဲ့ညှာတဲ့ အနေနဲ့ရော လူသားချင်း စာနာထောက်ထားပြီး ကျန်နေတဲ့ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း မြန်မာ စစ်အစိုးရက ကြာသပတေးနေ့က ကြေညာခဲ့ပြီ နောက်တနေ့မှာတော့ ပထမအသုတ် အနေနဲ့ မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသား ရာဂဏန်းလောက် ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီဝင်တွေ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ သံဃာတော်တွေ၊ စာနယ်ဇင်းသမား တချို့နဲ့အတူ နိုင်ငံရေး အကျဉ်းသား ၅၀ လောက် ပါဝင်ခဲ့တာပါ။ ဒါပေမဲ့လို့ အခုအချိန်အထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပြန်လွှတ်ပေးဖို့ မျှော်လင့်ချက်နဲ့ တောင်းဆိုနေတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးမလား ဆိုတာကတော့ မသေချာလှပါဘူး။ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာ တွေကို ပြေလည်စေရေး အတွက်ဆိုရင်တော့ ဒီလို ဖမ်းဆီးထိန်းသိမ်း ထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ လိုတယ် ဆိုပြီးတော့လည်း အတွင်းရေးမှူးချုပ်က ထပ်ပြီး တိုက်တွန်းခဲ့တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

"အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဦးတည်တဲ့ ခြေလှမ်းတွေလှမ်းတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးနိုင်မဲ့ နောက်ထပ် လုပ်စရာရှိတာတွေ ဆက်လုပ်သွားဖို့အတွက်ကိုလည်း ထပ်လောင်း တောင်းဆိုထားတယ်လို့ ပြောခဲ့ပါတယ်။"

အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မီရှဲလ် မွန်းတပ်စ် ဖြစ်ပါတယ်။ ဒီလိုပဲ မြန်မာစစ်အစိုးရက အကျဉ်းသားတွေ မကြာခဏ ဆိုသလို လွှတ်ပေးတာမျိုးတွေ ရှိပေမဲ့ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကတော့ မဆိုသလောက်သာ ပါဝင်ခဲ့တာမို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူတွေက ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာတုန်းက အကျဉ်းသား ၉,၀၀၀ ကျော်၊ ဒီနှစ် ဖေဖော်ဝါရီလထဲမှာ တုန်းကတော့ ၆,၀၀၀ ကျော် လွှတ်ပေးခဲ့ပေမယ့် ဒီအထဲမှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ၀ါရင့်သတင်းစာဆရာ ဦးဝင်းတင်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းလောက်သာ ပါဝင်ခဲ့တာပါ။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး ဖြစ်တဲ့ (Amnesty International) က မြန်မာနိုင်ငံဆိုင်ရာ သုတေသန အရာရှိ တဦးဖြစ်တဲ့ ဘင်န်ဂျမင် ဇ၀က်ကီး (Benjamin Zawacki) ကတော့ နိုင်ငံရေးပြဿနာတွေ ပြေလည်စေရေးအတွက် ဆိုရင် တော့ ဒီနှုန်းအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးနေလို့ မရဘူးလို့ ဆိုလိုက်ပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ထက် နည်းနည်းမှ မလျော့ရဘူး ဆိုရင်တော့ မသင့်တော်ပါဘူး။ ၂,၂၀၀ စလုံးကို တကြိမ်တည်းနဲ့ အစိုးရက အကုန်ပြန်လွှတ်ဖို့ ဆိုတာကလည်း ကျနော်တို့ မျှော်လင့်ထားတဲ့ကိစ္စ မဟုတ် ပါဘူး။ ဒါပေမဲ့လို့ လွှတ်ပေးနေတဲ့ ပုံစံကို ကြည့်မယ်ဆိုရင်တော့၊ ၆ လကနေ ၁ နှစ်လောက်အတွင်း တကြိမ်စီ၊ ဆိုပါတော့ နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကနေ ၂၅ ယောက်လောက်အထိပဲ လွှတ်ပေးနေတာကတော့ သိပ်ကို နည်းလွန်းပါ တယ်။"

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ ဘင်ဂျမင် ဇ၀က်ကီး ပါ။ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ စစ်အစိုးရရဲ့ ကြေညာချက်ဟာဆိုရင် ကုလသမဂ္ဂ ဌာနချုပ်ရှိရာ နယူးယောက်မြို့မှာ ကျင်းပဖို့ရှိနေပြီး၊ မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက်လို့ ပြောကြဆိုကြဖို့ရှိနေတဲ့ အထွေထွေ ညီလာခံ စတင်မယ့် အချိန်နဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတာပါ။ ကုလသမဂ္ဂမှာ ဒီရက်ပိုင်းတွေအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောကြဆိုကြမယ့် အထဲမှာတော့ လာမယ့် ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြဖို့ အစီအစဉ်လည်း တခုအပါအ၀င် ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ အာရုံစိုက်ပြောဆိုဖို့ ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လည်း ဒီဆွေးနွေးမှုမှာ ပါဝင်ဖို့ရှိနေတာပါ။ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ကတော့ ဖိတ်ကြားချက်ကို ငြင်းဆန် ထားတယ်လို့ ကုလသမဂ္ဂနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပေမယ့်၊ အတွင်းရေးမှူးချုပ်ရုံးကတော့ နိုင်ငံပေါင်း ၁၅ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေ ပါဝင် တက်ရောက်ဖို့ ရှိနေတဲ့ ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးမယ့်သူ တွေ ရဲ့ နောက်ဆုံးစာရင်းကို အတည်မပြုရသေးဘူးလို့သာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

ဒီမိုကရေစီလှုပ်ရှားသူအချို့၏ သမိုင်း

Burma's Forgotten Prisoners

မြင်းခြံတွင် သံဃာတော်များ ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် သံဃာ့နာယကအဖွဲ့ဝင်များ ပါဝင်သည့် အာဏာပိုင်အဖွဲ့များက သံဃာ ၄ ပါးကို မနေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ အဖမ်းခံရသည့် သံဃာ ၄ ပါးအနက် ၂ ပါး၏ ဘွဲ့အမည်ကို သိရှိရပြီး ကျန် ၂ ပါးမှာ မည်သည့်ကျောင်းတိုက်က ဖြစ်သည်ကို မသိရှိရသေးကြောင်း မြို့ခံက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရသည့် သံဃာများမှာ စွန်းလွန်းဂူကျောင်းမှ အရှင်နန္ဒဝံသ၊ သဲပင်တိုက်ကျောင်းမှ အရှင်စာဂရ တို့ဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးသွားကြောင်း အတိကျမသိရသေးကြောင်း မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံမြို့တွင် သံဃာတော်များကို ဆက်တိုက် ဖမ်းဆီးနေလျှက်ရှိပြီး တမြို့လုံးအနှံ့ လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ၎င်းက ဆက်ပြောသည်။

“တမြို့လုံး လုံခြုံရေးတွေ ချထားတာ၊ အင်းအားပြတဲ့ သဘောနဲ့ပါ၊ သူတို့တွေ အဲလိုလုပ်တော့ အခမဲ့ ဆေးကုတာ၊ ပညာသင်ကြားရေးလုပ်ငန်းတွေ ရပ်ဆိုင်းကုန်တော့ မြို့ခံလူထုတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

စက်တင်ဘာသံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးလာချိန်တွင် အာဏာပိုင်များဘက်မှ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေပြီး ထပ်မံဖမ်းဆီးမည့် သတင်းများလည်း မြင်းခြံမြို့တွင် ထွက်ပေါ်နေလျှက်ရှိသည်ဟု ပြောသည်။

ထို့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်းက မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများတွင် သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် သံဃာများနှင့် အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေလျက်ရှိသည်။

အာဏာပိုင်များဘက်မှ သံဃာတော်များကို ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို လာမည့် သတင်းကျွတ်လပြည့်နေ့တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ( ရိုးမ-၃ )

ဖောက်ခွဲရေးသမားပါလို့ စွပ်စွဲခံရသူ

ဗုံးဖောက်ခွဲရေးအမှုတွင် ပါဝင်ပတ်သက် ခဲ့သည်ဟုဆိုကာ ထောင်ချခံခဲ့ရသော အသက် ၇၄ နှစ်အရွယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သင်္ဃန်းကျွန်းမြို့နယ် ဥက္ကဌ ဦးတင်မြသည် ယနေ့ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက် လာသည်။

ထောင်ဒဏ် ငါးနှစ်ချခံရပြီးနောက် တနှစ်ခွဲနေခဲ့ရသည်။ အန်အယ်ဒီ ပါတီရှိနေသရွေ့ နိုင်ငံရေးဆက်လုပ်မည် ဆိုသော ဦးတင်မြကို ဆက်သွယ် မေးမြန်းထားသည်။

အန်ကယ်က ဘယ်လို ပုံစံနဲ့ လွှတ်လာတာလဲ။ ခံဝန်လက်မှတ် ထိုးခဲ့ရသေးလား။

လက်မှတ် မထိုးခဲ့ရဘူး။ ကျနော်လွတ်လာတဲ့ပုံက အပိုင်းနှစ်ပိုင်း ရှိတယ်။ တစ်က နိုင်ငံရေးသမား လွှတ်ပေးတယ်လို့ ပြောလို့ရတယ်။ နောက်တခုက အသက်ကြီးလို့ဘဲ။

အန်ကယ်ကို ဘယ်အချိန်တုန်းက ဘယ်လိုပုဒ်မနဲ့ ထောင်ဒဏ် ဘယ်လောက် ချမှတ်ခဲ့တာလဲရှင်။

အန်ကယ်ကို ဖောက်ခွဲမှု၊ ထိန်ချန်မှုတို့နဲ့ ၅ နှစ်ချလိုက်တယ်။ မနှစ်က ဧပြီလ ၁ ရက်နေ့ ညမှာ ဖမ်းခံရတာ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကို ကျနော့်မြို့နယ်က လူငယ်တယောက်က ထိုင်းကနေ ပြန်လာတာ ဖောက်ခွဲပစ္စည်း ပါလာတယ်။ အဲဒါကို ကျနော်တို့က မသိဘူး။ ဖောက်ခွဲပစ္စည်း ပါလာတာ မပါလာတာ မသိဘူး။ သူတို့ဖမ်းမိမှ ကျနော်သိတာ။ ကျနော်မပါမှန်း သိလည်း ဒီကိစ္စမှာ ပါနိုင်တယ် ဆိုပြီး ဖမ်းလိုက်တာပဲ။[ ဆက်ဖတ်ရန် +/- ]

အခုလို လွတ်မယ်ဆိုတဲ့ အကြောင်း ဘယ်အချိန်လောက်မှ သိရတာလဲရှင်။

ညဘက် ကြေငြာသွားတာကတော့ လွှတ်ပေးမယ် ဆိုတာတော့ သိလိုက်တယ်။ ဒါပေမဲ့ တိုက်ထဲ လာခေါ်မှ အန်ကယ် လွတ်တယ် ဆိုတာက ၁၀ နာရီလောက်မှ သိတယ်။ သူတို့ ပြောတယ်။ မနက်ဖြန်လဲ ဆက်လွှတ်ဦးမယ်လို့ ပြောတယ်။ အခု အန်ကယ်ကြားတာက ၁၈ ယောက်ကြားတယ်။

အန်ကယ် ရှေ့ဆက်ပြီးတော့ရော ဘာတွေ ဆက်လုပ်ဖို့ ဆုံးဖြတ်ထားလဲရှင်။

ပါတီကြီးရှိနေသရွေ့ ကာလပတ်လုံးကတော့ နိုင်ငံရေး ဆက်လုပ်အုန်းမှာဘဲ။ အခုလဲ ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံ လုပ်ကြတာ။ အကုန်သိကြတာဘဲလေ။ ဒေါ်အောင်ဆန်းစုကြည်လည်း လက်လျှော့မှာ မဟုတ်ဘူး။ အန်ကယ်လဲ လက်လျှော့မှာ မဟုတ်ဘူး။ ဆက်လုပ် ရအုန်းမှာဘဲ။ သူတို့မေးတယ် အပြင်ရောက်ရင် နိုင်ငံရေး လုပ်မလား မေးတယ်။ အန်ကယ်က လုပ်မယ်လို့ ပြောလိုက်တယ် လေ။

အခုလို လွတ်မြောက်လာတဲ့အပေါ် ဘယ်လောက်ထိ ဝမ်းသာလဲရှင်။

ကိုယ့်မိသားစုနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ ကျန်တာက အဲဒီလောက် မဟုတ်ပါဘူး။ လုပ်နေကျ ဇတ်လမ်းထဲမှာ ဝင်ကလိုက်တာပဲ။ ဒီလိုဇတ်လမ်းတွေ ပေါ်လာမယ်ဆိုတာ ကြိုသိပါတယ်။ အခုလွတ်တာက မထူးဆန်းပါဘူး။ မထူးခြားဘူး။ အပြင်မှာလဲ ဘာမှမခံစား ရဘူး။ သူတို့လက်ထက်မှာ သူတို့ ဒီလိုလုပ်မယ်ဆိုတာ သိနေတယ်။ အထဲမှာ နေတာလဲ မထူးဆန်းဘူး။ အပြင်ရောက်လာလဲ မထူးဆန်းဘူး။ ကိုယ်လုပ်ချင်တာ ကိုယ်ဆက်လုပ်မယ် အဲဒီသဘောပဲ ရှိတယ်။ (မဇ္ဈိမ)

Friday, September 18, 2009

အကျဉ်းသား လွှတ်ပေးမှု (Live Update)


(၁) မအိမ့်ခိုင်ဦး (အီကိုဗီးရှင်း သတင်းထောက်)
(၂) ကိုကျော်ကျော်သန့် (သတင်းစာဆရာ)
(၃) ဦးနိုင်းနိုင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၄)ဘိုးတော်သန်းလှ ( ယခင်ဝန်ကြီးချုပ်နှင့် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် အကြံပေး)
(၅) ဒေါ်သန်းသန်းဌေး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၆) ကိုညီညီမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- တောင်ဒဂုံ)
(၇) မုံရွာအောင်ရှင် (ကဗျာဆရာ)
(၈) မတင်တင်မြင့်
(၉) မသန်းသန်းဆင့်
(၁ဝ) မတင်မင်းစိုး
(၁၁) မကြည်ကြည်မင်း
(၁၂) ကိုဇော်ထွဋ်အောင်
(၁၃) ဦးတင်မျိုးထွဋ် (ခေါ်) ဦးကျော်ဦး
(၁၄) ဦးဝင်းမြင့်
(၁၅) ဦးကျော်မောင်
(၁၆) ဦးနေဝင်း
(၁၇) ဦးကြည်လင်း
(၁၈) ဦးစိုးဝေ (ခေါ်) ဦးသန်းဇော်
(၁၉) အရှင် စန္ဒောဘာသ
(၂၀) ဦးဘမင်း
(၂၁) ဦးညိုမြ
(၂၂) ဦးမိုက်ကယ်ဝင်းကျော်

မှတ်ချက် ။ ။ ၂၀ -၂၂ အထိမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်ပြီး ကလေး အကျဉ်းထောင်မှ လွတ်မြောက်ခြင်း ဖြစ်သည်။( မဇျ္စိမ )

ဒေါ်အောင်ဆန်းစုကြည် အယူခံ အောက်တိုဘာ ၂ ရက် အမိန့်ချမည်

ဒေါ်အောင်ဆန်းဆုကြည်၏ အမှု အယူခံကို ရန်ကုန်တိုင်း တရားရုံး၌ နှစ်ဖက်လျှောက်လဲချက် ပေးရာ ယနေ့ ပြီးဆုံးပြီ ဖြစ်သဖြင့် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် အမိန့်ချမည်ဟူ၍ ရုံးတော်က ချိန်းဆို လိုက်သည်။

“ကျနော်တို့ဒီနေ့ နှစ်ဖက်လျှောက်လဲချက်တွေ အားလုံးပြီးသွားပါပြီ။ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီမှာ အမိန့်ချဖို့ ချိန်းပါတယ်” ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ယနေ့တရားခွင်တွင် အယူခံ အကြောင်းပြချက် ၁၁ ချက်စလုံး လျှောက်လဲခဲ့ပြီး ပြစ်ဒဏ်စီရင်ချက်ချခဲ့သည့် ၇၄ အခြေခံ ဥပဒေမှာ မတည်ရှိတော့ကြောင်း အတိုက်အခံ ပါတီဝင် ရှေ့နေများက အဓိက လျှောက်လဲခဲ့သည်။

“ဒီဥပဒေထဲက ပုဒ်မတွေယူသုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တာလေ။ အဲတော့ ဒီဥပဒေမရှိဘူးဆိုရင် ကန့်သတ်ထားတဲ့ အမိန့်တွေက ပျက်တာပေါ့။ ဒါတွေပျက်လို့ရှိရင် ဒီပြစ်မှုလည်း မရှိတော့ဘူးပေါ့” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူက ဆက်ပြောသည်။
[ ဆက်ဖတ်ရန် +/- ]

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ ၄ ဦးစလုံး တိုင်းတရားရုံး သို့ တက်ရောက်ကြပြီး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲခန့်အထိ တရားခွင် ကျင်းပခဲ့သည်။

နံနက်ပိုင်းတရားခွင်သို့ အန်အယ်ဒီ ပါတီဝင်များနှင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အား ထောက်ခံအားပေးသူ စုစုပေါင်း ဦးရေ ၁၀၀ ကျော် တက်ရောက်ခွင့် ရရှိခဲ့ပြီး၊ နေ့လည်ပိုင်း ခေတ္တရပ်နားပြီးနောက် လုံခြုံရေးအကြောင်းပြချက်ဖြင့် တခါးပိတ်ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အယူခံခွင့်ရရေးအတွက် ယခုလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားခဲ့ရာ တိုင်းတရားရုံးက လက်ခံရာမှ ယခုလို နှစ်ဖက်ရှေ့နေများ လျှောက်လဲခဲ့ကြခြင်း ဖြစ်သည်။

သူမ၏ အယူခံကြားနာရာ တရားခွင်သို့ တက်ရောက်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၁ ရက်နေ့က ရန်ကုန်တိုင်း အထူးရဲသတင်းတပ်ဖွဲ့ထံ စာရေး တောင်းဆို ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို အခြေခံ၍ စစ်အစိုးရက နေအိမ် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို မြောက်ပိုင်းခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သည်။

သို့သော် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြားဖြတ် ညွှန်ကြားချက်ဖြင့် ထောင်ဒဏ်ကို ထက်ဝက်လျှော့ကာ နေအိမ်၌ ဆိုင်းငံ့ပြစ်ဒဏ် ကျခံရန် ဆုံးဖြတ်ခဲ့သည်။

မစ္စတာယက်တောကိုမူ လူသားချင်း စာနာထောက်ထားမှုဖြင့် သြဂုတ်လ ၁၆ ရက်နေ့ကတည်းက ပြန်လွှတ်ပေးလိုက်ရာ အမေရိကန်သို့ ပြန်သွားပြီဖြစ်သည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ ၌ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခု အခြေခံဥပဒေ ရပ်ဆိုင်းခဲ့ကြောင်း ရေးသားထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ပျက်ပြယ်ပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ခရိုင်တရားရုံးတွင် ချေပခဲ့ သော်လည်း ပြစ်ဒဏ်ချခံခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ်တွင် နိုင်ငံတည်ဆောက် ပြုပြင်ရာတွင် ပါဝင်နိုင်ရန်ဆိုကာ အကျဉ်းသား ၇၁၁၄ ယောက်ကို စစ်အစိုးရက နိုင်ငံတဝှမ်း အကျဉ်းထောင် များထဲမှ ပြန်လွှတ်ပေးလိုက်သည်။

သို့သော် နိုင်ငံရေး အကျဉ်းသား ၂၅၀ ကျော်သာ ပါရှိမည်ဟု အတိုက်အခံ သတင်းရပ်ကွက်နှင့် ရန်ကုန်ရှိ အကဲခတ်များက ပြောသည်။

နာဂစ်မုန်တိုင်းသင့် သူများကို ကူညီပေးခဲ့သူ သတင်းထောက် မအိမ့်ခိုင်ဦး၊ ပြည်သူ့လွှတ်အမတ် ဦးနိုင်းနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော် အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွှတ်ပေးသည့် အကျဉ်းသား ငါးရာကျော်တွင် ပါရှိသည်။

လွတ်ပေးသည့် အခမ်းအနားအပြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဝင်းက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိဟု ပါရှိသည်။ ( မဇ္ဈိမ )

NLD လူငယ်တချို့ အဖမ်းခံရ

အာဏာပိုင်တွေဘက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ တဘက်မှာ တိုင်းသိပြည်သိ တရားဝင် ကြေညာချက်တွေ ထုတ်ပြန်နေပေမယ့်လည်း တဘက်မှာတော့ ဖမ်းဆီးထိန်းသိမ်းမှုတွေက ဆက်လက် ပြုလုပ်နေပါတယ်။ ရန်ကုန်တိုင်း မြို့နယ်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ၄ ဦးကို မနေ့ညပိုင်းမှာ အာဏာပိုင်တွေက လာရောက် ခေါ်ဆောင်သွားခဲ့ပါတယ်။ တဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်ပေမဲ့ ကျန်တဲ့ ၃ ဦးက ဘယ်ရောက်နေမှန်း မသိဘူးလို့ NLD ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေအတွက် လက်ရှိမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တခြား အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတဲ့ အချိန်အတွင်းမှာပဲ NLD အဖွဲ့ဝင်တွေနဲ့ တခြား တက်ကြွ လှုပ်ရှားသူတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေကလည်း ဆက်တိုက်လို ကြားနေရပါတယ်။

အခုနောက်ဆုံး ဖြစ်ရပ်ကတော့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က NLD လူငယ်အဖွဲ့ဝင်တွေ အဖမ်းခံကြရတာပါ။
[ ဆက်ဖတ်ရန် +/- ]

“ကျနော်တို့ဆီက လူငယ် ၄ ယောက် မနေ့က အဖမ်းခံရတယ်။ ရန်ကုန် မရမ်းကုန်းမြို့နယ်ကပါ။ ကိုမင်းမင်းအောင်၊ ကိုသီဟဇော်၊ ကိုကျော်ဝင်းနိုင်နဲ့ မမြင့်မြင့်အေး၊ အဲဒီ ၄ ယောက်ကို မနေ့က ညနေပိုင်းက ဖမ်းပါတယ်။ မမြင့်မြင့်အေး ကတော့ မနေ့ည ၁၀ နာရီလောက်မှာ သူ့ကို ပြန်လွှတ်လိုက်တယ်။ အဲဒီ ၃ ယောက်တော့ အခုထိ ကျန်သေးတယ်။ ဘာ့ကြောင့်ဖမ်းလဲဆိုတဲ့ သူတို့ဘက်က စွပ်စွဲချက်ကိုတော့ ကျနော်တို့ မသိပါဘူး။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က NLD ပါတီဝင် မဟုတ်တဲ့ သီးခြား နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၅ ဦးထက်မနည်းကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီ စက်တင်ဘာလဟာ ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့ သံဃာတော်တွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည်ကာလ ဖြစ်တာမို့ သံဃာတော်တွေ ဖမ်းဆီးခံရတာတွေ လည်း ရှိထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ ညကလည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်က အဆောင်တခုမှာ နေထိုင်တဲ့ တက်ကြွ လှုပ်ရှားသူ လူငယ် ကိုတိုးအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းလို့မရဘူးလို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။ ကိုတိုးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုခဲ့တဲ့ အချိန်ကာလ တုန်းက ဘုရားပေါ်တက် ဆုတောင်းပွဲတွေမှာ ပါဝင်ခဲ့ဖူးတာကြောင့် အထိန်းသိမ်း ခံခဲ့ရဖူးပါတယ်။ အခုတကြိမ်ကတော့ ဘာ့ကြောင့် ဖမ်းဆီးတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုအဖမ်းခံရတဲ့ NLD လူငယ်တွေဟာ ပါတီရဲ့ မြို့နယ်လူငယ်အဖွဲ့ခွဲ ဖွဲ့စည်းရေးမှာ တာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ ဦးဉာဏ်ဝင်းကပြောပြီး ဘာ့ကြောင့် ဖမ်းဆီးသွားတာလဲဆိုတဲ့ အကြောင်းရင်းကို မသိသေးတာကြောင့် စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။

“ကျနော်တို့ နားလည်နေတာ ဒီ လူငယ် သုံးလေးယောက်က မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးမှာ ဆောင်ရွက်ကြမယ့် လူငယ်တွေပေါ့။ ပါဝင်ပတ်သက်ရမယ့် လူငယ်တွေ။ အဲတော့ ဒီအတွက်များ ဖြစ်သလားလို့ ကျနော်တို့ ဒီလိုတော့ ခန့်မှန်းပါတယ်။ စုံစမ်းနေပါတယ်၊ ကျနော်တို့ ဘယ်မှာရှိနေလဲ၊ ဘာကြောင့်လဲဆိုတာ သိအောင်တော့ ကြိုးစားနေတယ်။ အခြေအနေကတော့ သူတို့စွပ်စွဲချက်ကို ကျနော်တို့ မသိပါဘူး။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်းဟာ NLD အပါအ၀င် ၁၁ ခုပဲရှိပြီး ဒီပါတီတွေဟာ လည်း စည်းရုံးလှုပ်ရှားခွင့်၊ ဖွဲ့စည်းခွင့်တွေ မရှိကြပါဘူး။ NLD ပါတီဆိုရင် ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ လုပ်ငန်းတွေ လုပ်နေနိုင်တာကလွဲလို့ ကျန်တဲ့ ပြည်နယ် တိုင်း မြို့နယ်ရုံးခွဲတွေ အားလုံးကို အပိတ်ခံထားရပါတယ်။

ဒါပေမဲ့လည်း တရားဝင် မှတ်ပုံမတင်ထားတဲ့ အဖွဲ့အစည်းတွေကို ဆိုင်းဘုတ်တင်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်တွေ ပြုထားတာ ကြောင့် NLD လို တရားဝင် ပါတီတွေကိုလည်း အလားတူ လုပ်ဆောင်ခွင့်ပြုဖို့ သိပ်မကြာသေးခင်ကပဲ NLD ပါတီကနေ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးသား တောင်းခံခဲ့ပါသေးတယ်။ ဒီစာနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က ခုချိန်ထိ အကြောင်းပြန်ကြားတာ မရှိသေးဘဲ စည်းရုံးလှုပ်ရှားတဲ့ NLD အဖွဲ့ဝင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာတွေကိုပဲ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )


Thursday, September 17, 2009

ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား

ရန်ကုန်မြို့တွင် အချိန် (၂) နာရီခန့်အတွင်း ဗုံးပေါက်ကွဲမှု (၆) ခု ဆက်တိုက်ဖြစ်ပွားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာများမှာ လှိုင်သာယာမြို့နယ်နှင့် ရွှေပေါက်ကံမြို့နယ်တို့ရှိ စက်မှုဇုန်များတွင်ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင်တဦးက ပြောသည်။

ဖြစ်ပွားမှုနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတဦးက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ပေါက်ကွဲမှုတွေ ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ချိန်ကိုက်အသေးစားဗုံးလေးတွေပါပဲ။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး” ဟု အဆိုပါရဲအရာရှိက ပြောသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃) ရှိ ပုဂ္ဂလိက ကားဝင်းနှင့် ကားနှင့်ဆက်စပ်ပစ္စည်းများ သိုလှေင်ရာဝင်းတို့တွင် စက်တင်ဘာ (၁၆) ရက်နေ့ (၁၁) နာရီ (၅၀) မိနစ်ခန့်နှင့် ည (၁၂) နာရီခန့်တို့တွင် ဆက်တိုက်ပေါက်ကွဲကြောင်း၊ ယင်းအချိန်၌ပင် ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာအထည်ချုပ်စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း လှိုင်သာယာ ရဲစခန်းနှင့် ရွှေပေါက်ကံ ရဲစခန်းမှတ်တမ်းများအရ သိရသည်။

“ပေါက်ကွဲမှုကြောင့် ကျနော်တို့စက်ရုံက ဘယ်သူမှ ထိခိုက်မှုဖြစ်တာ မရှိဘူး။ ကျနော်တို့ထင်တာက ထရန်စဖော်မာ ပေါက်တာထင်လို့ လျှပ်စစ်ကို အကြောင်းကြားတာ။ သူတို့တွေလာမှ ဗုံးပေါက်မှန်း သိရတာပါ။ ပေါက်ကွဲတဲ့နေရာအနီးမှာတော့ စက်ရုံနံရံကို ထိသွားတယ်၊ ပြိုကျသွားတယ်” ဟု ရွှေပေါက်ကံ စက်မှုဇုန် ဂျိုနာအထည်စက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် လှိုင်သာယာ စက်မှုဇုန်ရှိ ပုဂ္ဂလိက သစ်အချောထည်စက်ရုံ ဘေးလမ်းနှင့် အမှတ် (၅) ရဲကင်းဘေးလမ်းတို့တွင်လည်း ပေါက်ကွဲမှု တချိန်တည်းဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးပေါက်ကွဲသောဗုံးမှာ စက်တင်ဘာ (၁၇) ရက် (ယနေ့) နံနက် (၁) နာရီခွဲ၌ အိုင်အန်ဂျီအိုတခု၏ ရုံးခန်းဘေးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန်၏ တာဝန်ရှိသူက အဆိုပါ ဗုံးပေါက်ကွဲမှုများအပေါ် အစိုးရက သံသယဖြစ်ဖွယ်လူများကို လိုက်လံ စစ်ဆေးနေပြီဖြစ်ကြောင်း ပြောသည်။

“ဘယ်သူ့ လက်ချက်လဲဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ စက်မှုဇုန်တွေကိုမှ ဘာလို့ အဲဒီလိုလုပ်တယ်ဆိုတာကို ကျနော်တို့လည်း စဉ်းစားနေတယ်” ဟု စက်မှုဇုန်၊ စီမံခန့်ခွဲရေးလုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်သူ အကြီးအကဲတဦးက ပြောသည်။
( ခေတ်ပြိုင် )

အမေ့ခံ နိုင်ငံရေး အကျဉ်းသားများအရေး ဆွေးနွေး


မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ ၀ါရှင်တန်မြို့တော်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆောင်ရွက်ခဲ့ကြပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) အဖွဲ့ကြီးက မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၂၀၀ ကျော်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ရင်း အမေရိကန် အထက်လွှတ်တော်မှာ မနေ့တုန်းကပဲ ဒီလိုဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို လွှတ်တော်မှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

Burma Forgotten Prisoners မြန်မာနိုင်ငံက အမေ့ခံ နိုင်ငံရေး အကျဉ်းသားများဆိုတဲ့ အစီရင်ခံစာက ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေအကြောင်းကို ဖော်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် အပါအ၀င် မျှမျှတတ တရားစီရင်ခြင်းမရှိဘဲ နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရတို့ အပါအ၀င် မြန်မာနိုင်ငံမှာ ဖမ်းဆီး ထောင်ချခံထားရတဲ့ နယ်ပယ်စုံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကြောင်းကို မီးမောင်းထိုးပြထားပါတယ်။
[ ဆက်ဖတ်ရန် +/- ]

မြန်မာစစ်အစိုးရဟာ ဖိနှိပ်တဲ့အစိုးရ ဖြစ်ပေမယ့် ဒီအစိုးရကို တွန်းလှန်တဲ့ သတ္တိရှင်တွေလည်း မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်လို့ Human Rights Watch အဖွဲ့ရဲ့ ၀ါရှင်တန်မြို့က ဒါရိုက်တာ တွမ် မာလင်နောစကီးက ပြောပါတယ်။ ဒီလူတွေရဲ့ သတ္တိကို နိုင်ငံတကာက မမေ့သင့်ကြောင်းနဲ့ ပြည်သူတွေကို သေနတ်ချိန်ပြီး အုပ်ချုပ်တဲ့ စစ်အစိုးရရဲ့ သေနတ်တွေကို နိုင်ငံတကာက ၀ိုင်းပြီး ဖယ်ရှားပေးဖို့ လိုတယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီ အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမှာ လွတ်လွတ်လပ်လပ် နေထိုင်ချင်ကြတဲ့ မြန်မာပြည်သူတွေဟာ သူတို့လိုချင်တဲ့ အစိုးရ ပေါ်ပေါက်လာဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ သေနတ်မိုး အုပ်ချုပ်တဲ့ စစ်အစိုးရကြောင့် သူတို့ရဲ့ကြိုးပမ်းမှု မအောင်မြင်သေးတာ ဖြစ်ပါတယ်။ အန္တရာယ်ကြားက မြန်မာပြည်သူတွေဟာ သူတို့လိုလားချက်အတိုင်း ဖြစ်လာဖို့ လုပ်နေချိန်မှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ သူတို့လုပ်နိုင်သမျှ နည်းသုံးပြီး မြန်မာပြည်သူတွေ လွတ်လပ်ဖို့ လုပ်ပေးရပါမယ်။”

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နဲ့ အချိန်ကိုက်ပြီး ပြုလုပ်ခဲ့တဲ့ပွဲ ဖြစ်တာမို့ မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုရဲ့ ပြည်ပတာဝန်ခံ ဦးပညာဇောတကလည်း မိန့်ခွန်း ပြောကြားခဲ့ရာမှာ အမေရိကန် အစိုးရအနေနဲ့ မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တယောက် ထားပြီးတော့ ဒီကိုယ်စားလှယ်ကပဲ မြန်မာနိုင်ငံအပေါ် မူတွေချမှတ်ရေး ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ဒီတော့ ဘယ်လိုကိုယ်စားလှယ်မျိုးကို ရည်ညွှန်းပါသလဲလို့ ဦးပညာဇောတကို မေးကြည့်ပါတယ်။

“မြန်မာနိုင်ငံအတွက် သီးခြား အထူးကိုယ်စားလှယ်ပေါ့။ အဲဒီ အထူးကိုယ်စားလှယ်ဟာ ရိုးရိုးကိုယ်စားလှယ်မျိုး မဟုတ်ဘဲ မူဝါဒရေးရာမှာ ချမှတ်ဆောင်ရွက်နိုင်တဲ့ အထူးကိုယ်စားလှယ်မျိုး ထားဖို့ လိုအပ်တယ်။ အဲဒီလို မူဝါဒရေးရာ ချမှတ်နိုင်တဲ့ အထူးကိုယ်စားလှယ် ထားခြင်းအားဖြင့် ဒီကိုယ်စားလှယ်က အမေရိကန် အစိုးရကို သူတွေ့ရှိချက်တွေ တင်ပြမယ်။ အမေရိကန် အစိုးရကနေ တဆင့် ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးတွေ၊ အီးယူ အဖွဲ့အစည်းမျိုးတွေ၊ အာဆီယံ အဖွဲ့အစည်းမျိုးတွေ၊ ဒီလို အဖွဲ့အစည်းမျိုးတွေကို အမေရိကန် အစိုးရကနေပြီးတော့ ပူးပေါင်းပြီး ပါဝင်လာနိုင်အောင် လုပ်ပေးနိုင်တဲ့ အထူးကိုယ်စားလှယ်မျိုး ထားရှိဖို့ လိုအပ်တယ်။”

Human Rights Watch က အမေ့ခံ နိုင်ငံရေး အကျဉ်းသားများ အစီရင်ခံစာ ထုတ်ပြန်တာနဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ၂၀၁၀ မတိုင်ခင် ၂,၁၀၀ ဆိုပြီးတော့ ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုပ်ရှားမှုကိုလည်း စတင်ပါတယ်။ သဘောကတော့ အကျဉ်းသား ၂,၁၀၀ ကို ၂၀၁၀ မတိုင်ခင် ပြန်လွှတ်ပေးပါလို့ တောင်းဆိုတဲ့သဘော ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အနာဂတ် နိုင်ငံရေးအတွက် အရေးပါကြသူတွေ ဖြစ်လို့ သူတို့ကို မေ့မထားသင့်ဘူး ဆိုတာကိုလည်း အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒု-လက်ထောက် ၀န်ကြီးလည်းဖြစ်၊ အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီးလည်းဖြစ်တဲ့ စကော့ မာဆီယယ်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်အစိုးရ မူဝါဒ ပြန်လည်သုံးသပ်မှုကလည်း မကြာခင်မှာ ပြီးဆုံးတော့မှာမို့ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာရေး ကိစ္စကိုလည်း အလေးထား ထည့်သွင်းမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အမေရိကန် အစိုးရဟာ မြန်မာပြည်သူတွေကို ထောက်ခံလာခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ မြန်မာနိုင်ငံမှာ ပြည်သူတွေအားလုံး စည်းလုံးပျော်ရွှင်ပြီး လွတ်လပ်အေးချမ်းစွာ နေနိုင်ဖို့ကိုလည်း အမေရိကန် ပြည်ထောင်စုက အမြဲကြိုးစားနေပါတယ်။ ဒီလို နေထိုင်ခွင့် ရလာစေရေးကလည်း အမေရိကန်ရဲ့ ရည်မှန်းချက်တခု ဖြစ်ပါတယ်။”

အမေရိကန် အထက်လွှတ်တော်မှာလုပ်တဲ့ ပွဲမှာ နောက်ထပ် မိန့်ခွန်းပြောခဲ့သူကတော့ နိုင်ငံတကာ အဖွဲ့အစည်းများ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ကမ္ဘာ့အမျိုးသမီးရေးရာ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဘာဘရာ ဘော့က်ဆာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ သူတွေကို မမေ့ဘူးဆိုတာကို ပြသရမယ်။ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံတကာက ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားဖို့ လိုတယ်။ မြန်မာနိုင်ငံက လက်ခံနိုင်စရာမရှိတဲ့ အခြေအနေတွေ အတွက်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ အမေရိကန် အစိုးရက တတ်နိုင်သလောက် လုပ်သွားမှာပါ” လို့ မြန်မာနိုင်ငံက အမေ့ခံ နိုင်ငံရေး အကျဉ်းသားများဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲနဲ့ ၂၀၁၀ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ လွှတ်ပေးရေး တောင်းဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု စတင်တဲ့ပွဲမှာ မစ္စဘော့က်ဆာက ပြောသွားပါတယ်။ ( ဗွီအိုအေ )

Wednesday, September 16, 2009

ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ လူ့အခွင့်အရေး မဟာမင်းကြီး တောင်းဆို


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ခွဲခြားဆက်ဆံမှုဆိုတဲ့ ဉာဉ်ဆိုးကြီးကြောင့် ကမ္ဘာတ၀န်းမှာ လူသန်းပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေရတယ်လို့ ၁၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အင်္ဂါနေ့က ပြောကြားသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးရှိရာမှာ လွတ်လပ်မှုကို ငြိမ်းချမ်းစွာ ရှေ့ရှုဆောင်ရွက်နေကြတဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေကြရတဲ့ မတရားမှုတွေ အကြောင်းကိုလည်း မစ္စ နာဗီ ပီလေးက မီးမောင်းထိုး ပြောသွားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
[ ဆက်ဖတ်ရန် +/- ]

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေးက သူ ရာထူးလက်ခံပြီး တနှစ်ပြည့်တဲ့အချိန်မှာ အခုလို အဖွဲ့ဝင် ၄၇ နိုင်ငံပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၂ ကြိမ်မြောက် ညီလာခံမှာ ကမ္ဘာတ၀န်းမှာ ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတဲ့အကြောင်း သူ့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုများကို လျာထား ဖော်ပြသွားတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးတို့နဲ့ ပတ်သက်လို့ သူက တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ၊ လူမျိုးခြားတွေအပေါ် ခွဲခြားဆက်ဆံမှုဆိုတဲ့ ဉာဉ်ဆိုးအကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အရပ်သားတွေအပေါ် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့အကြောင်း၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကြောင့် လူတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးနေရတဲ့ အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် သွားရောက်တဲ့ ပြောင်းရွှေ့အလုပ်သမားတွေ၊ ဒုက္ခသည်တွေ လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရတဲ့ အကြောင်းအပြင် လွတ်လပ်မှုကို ငြိမ်းချမ်းစွာ ရှေးရှု ဆောင်ရွက်ကြသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ကြသူတွေ၊ အာဏာရှင်တွေကို ဝေဖန်ထောက်ပြကြသူတွေ အနေနဲ့ ဖမ်းဆီး အကျဉ်းချခြင်း၊ ပြန်ပေးဆွဲခံရခြင်း၊ နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထောင်ဒဏ်ကျခံရခြင်း၊ သတ်ဖြတ်ခံရခြင်း စသည်တို့ကို ရင်ဆိုင်နေရတယ်ဆိုပြီး သူက ပြောကြားသွားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောကြားကြသူတွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ အပိုင်းနဲ့ ပတ်သက်လို့တော့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရရဲ့ တရားနည်းလမ်းမကျ အရေးယူ အပြစ်ပေးမှုတွေ အကြောင်းကို သူ့ရဲ့မိန့်ခွန်းထဲမှာ မစ္စပီလေးက အခုလို မီးမောင်းထိုးပြသွားပါတယ်။

“မြန်မာအာဏာပိုင်တွေက နိုင်ငံရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးမီက ထောင်ဒဏ် စီရင်ချက်ချပြီး ဆိုင်းငံ့အမိန့်နဲ့ နေအိမ်အကျယ်ချုပ် နောက်ထပ်ဆက်ချထားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကျမတို့တွေအားလုံး အံ့အားသင့် တုန်လှုပ်မိကြပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်တို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး ချုပ်နှောင်ထားတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို ဖော်ဆောင်နေပါတယ်လို့ ဆိုတဲ့ မြန်မာစစ်အစိုးရက ပေးထားတဲ့ကတိကို ကိုယ်တိုင် ပြက်ရယ်ပြုရာ ရောက်စေပါတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။” လို့ မစ္စပီလေးက ပြောသွားပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံစဉ် တားမြစ်မိန့် ချိုးဖောက်တယ်ဆိုပြီး မေလက အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) အင်းလျားကန်ကတဆင့် ရေကူးပြီး နေအိမ်ဆီကို လာရောက်ခဲ့ရာမှာ ကျန်းမာရေးချို့တဲ့မှု အကြောင်းပြချက်ကြောင့် လူသားချင်း စာနာမှုအရ မစ္စတာယက်တောကို နေခွင့်ပြုမိတဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အနေနဲ့ ထောင်ဒဏ် ၃ နှစ် ပြီးခဲ့တဲ့လက စီရင်ခြင်း ခံခဲ့ရပြီး ဆိုင်းငံ့အမိန့်နဲ့ နေအိမ်အကျယ်ချုပ် ၁၈ လ ပြောင်းလဲ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ထိုစဉ်ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မစ္စပီလေးက အခုလို ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက တရားနည်းလမ်းမကျ ဖမ်းဆီးပြီး သူမကိုယ်တိုင် ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ ဖြစ်ရပ်တွေအပေါ် အခြေခံပြီး စွဲချင်တင်ခံရတာ ဖြစ်တဲ့အတွက်ကြောင့်လည်း မစ္စပီလေးအနေနဲ့ သိပ်ကို စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းနဲ့ အတွင်းရေးမှူးချုပ်ထံကို သူတို့ရဲ့ သဘောထား အမြင်တွေကို စာရေးသား ပေးပို့ခဲ့လို့ နှစ်ရှည်ထောင်ဒဏ် စီရင်ခြင်း ခံခဲ့ရတဲ့ NLD လွှတ်တော်အမတ် ၂ ဦး အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်နိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို ပြန်လွှတ်ပေးဖို့ မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) နဲ့အတူ ထပ်လောင်း တောင်းဆိုတဲ့အကြောင်းလည်း မစ္စပီလေးက ထိုစဉ်က သူ့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

၁၂ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ သူပြောကြားတဲ့ မိန့်ခွန်းမှာတော့ မစ္စပီလေးက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် အစိုးရတွေမှာ တာဝန်ရှိတဲ့အကြောင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှာ ပါဝင်နိုင်ခွင့်နဲ့ နိုင်ငံရေး လှုပ်ရှားခွင့်တို့ဟာ အခြေခံ လူ့အခွင့်အရေးတွေ ဖြစ်တဲ့အကြောင်းနဲ့ လူ့အခွင့်အရေးကောင်စီ အနေနဲ့ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ် စောင့်ရှောက်ပေးရမယ့်တာဝန် ရှိတဲ့အကြောင်းလည်း ပြောကြားသွားပါတယ်။

“လူ့အခွင့်အရေးကောင်စီ အနေနဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်ကိုးစားမှုကို ဆက်ပြီး ထိန်းသိမ်းသွားနိုင်ဖို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဖြစ်ပွားနေတာကို တွေ့ရင် အရေးယူ ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီအကဲစမ်းမှုကို လူ့အခွင့်အရေးကောင်စီက ရင်မဆိုင်နိုင်ဘူး၊ တာဝန်မယူရဲဘူးဆိုရင် ကုလသမဂ္ဂ အပေါ်မှာနဲ့ အထူးသဖြင့် လူ့အခွင့်အရေးကောင်စီ အပေါ်မှာ အားကိုးအားထားပြုကြတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ အားလုံးအပေါ် တာဝန်မဲ့ရာ ရောက်ပါလိမ့်မယ်။” လို့ မစ္စပီလေးက ပြောကြားသွားပါတယ်။ ( ဗွီအိုအေ )

Tuesday, September 15, 2009

မနှင်းမေအောင်(ခေါ်)နိုဘယ်အေး တိုက်ပိတ်ခံရခြင်း။

မနှင်းမေအောင်(ခေါ်)နိုဘယ်အေး တိုက်ပိတ်ခံရခြင်း။ ( ဒီမိုဝေယံ )

နိုင်ငံသားတယောက်၏ အမြင်

A view

ဒေါ်စုအမှု အယူခံ ကြားနာပွဲ ကိုယ်တိုင်တက်ရောက်ခွင့် ငြင်းပယ်ခံရ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် အယူခံဝင်ထားတာမှာ လာမယ့် ၁၈ ရက်နေ့ ရန်ကုန်တိုင်းတရားရုံး ကြားနာပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နားထောင်ဖို့ တင်ပြခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ ကိုယ့်အမှု ကြားနာတာကို နားထောင်ခွင့် ဆိုတာဟာ အခြေခံအခွင့်အရေး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လိုပြစ်မှုမျိုးကိုမှ မကျူးလွန်တဲ့အတွက် အပြစ်မရှိတဲ့အကြောင်း တိုင်းတရားရုံးမှာ အယူခံတင် လျှောက်ထားခဲ့တာပါ။ ဒီလျှောက်ထားချက်ကို တိုင်းတရားရုံးက လက်ခံခဲ့ပြီးတဲ့နောက် ကြားနာစစ်ဆေးဖို့အတွက် စက်တင်ဘာလ ၁၈ ရက်နေ့ကို ရုံးချိန်းပေးထားပါတယ်။ ဒီကြားနာပွဲကို သူကိုယ်တိုင် တက်ရောက်နားထောင်ခွင့် ဒေါ်အောင်ဆန်းစုကြည်က တောင်းခံခဲ့တာကို အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“ကျနော်တို့ နောက်ဆုံးတွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်စရာကိစ္စတွေ ကျနော့်ကို လမ်းညွှန်တယ်။ အဲဒီလမ်းညွှန်နဲ့အညီ ကျနော် ဆောင်ရွက်နေပါတယ်။ အခု ပထမဆုံး ဆောင်ရွက်ချက်ကတော့ ၁၈ ရက်နေ့၊ ၁၀ နာရီ၊ အမှုကြားနာမယ့် တိုင်းတရားရုံးကို ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် တက်ရောက်ကြားနာချင်တယ်။ အဲဒါကို ဆောင်ရွက်ပေးပါလို့ ကျနော့်ကို ညွှန်ကြားတယ်ပေါ့။ အဲဒါကို ကျနော် အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းသိမ်းထားမှုမှာ တာဝန်ရှိတယ်လို့ မြင်တဲ့ သတင်းတပ်ဖွဲ့ကို ကျနော် စာတင်ပါတယ်။ စာတင်တဲ့နေ့ကတော့ ပြီးခဲ့တဲ့ သောကြာနေ့ကပါ။”

သောကြာနေ့မှာ တင်ပြခဲ့ပြီးတဲ့နောက် စနေနေ့ညနေ ၃ နာရီမှာ ရဲအထူးသတင်းတပ်ဖွဲ့က ဦးဉာဏ်ဝင်းကို ခေါ်ယူတွေ့ဆုံပြီး ဒီကိစ္စဟာ သူတို့နဲ့မဆိုင်ဘဲ တရားရုံးနဲ့သာ ဆိုင်တဲ့အတွက် တရားရုံးမှာ လျှောက်ထားဖို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ ကာလမှာ တာဝန်ရှိသူတွေကသာ ဒါကို ခွင့်ပြုရမှာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ပြန်လည် မဖြေကြားတဲ့အတွက် တောင်းဆိုချက်ကို ငြင်းပယ်လိုက်တာလို့ ဦးဉာဏ်ဝင်းတို့က ယူဆပါတယ်။ အခုလို ရဲအထူးသတင်းတပ်ဖွဲ့က ငြင်းပယ်လိုက်ပြီးတဲ့နောက် နောက်ထပ် ဆက်တင်ပြဖို့ရာ အချိန်နည်းပါးနေသလို ရုံးရှေ့ကို ရောက်ဖို့အတွက် တရားရုံးက ကန့်သတ်ထားတာ မရှိဘဲ ငြင်းပယ်လိုက်တာလို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

ကိုယ်နဲ့ပတ်သက်ပြီး တရားရုံးမှာ စစ်ဆေးကြားနာတာကို နားထောင်ခွင့်ဆိုတာဟာ အခြေခံအခွင့်အရေး ဖြစ်ပါတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဥပဒေကြောင်းအရတော့ ရိုးရိုးလေးပဲဗျ။ သူက ဒါဟာ ဘယ်သူမဆို မိမိရဲ့အမှုကို မိမိ စိတ်ဝင်စားစွာ ကြားနာခွင့်၊ ဒီဥစ္စာက အခြေခံ အခွင့်အရေးပဲလေ။ ကျနော် အဲလိုမြင်ပါတယ်။ ဒီအကြောင်းလည်း ကျနော်တို့ ပြောခဲ့ပါတယ်။”

ဦးဉာဏ်ဝင်းကို ရဲအထူးသတင်းတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံပြီး အကြောင်းပြန်တဲ့နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဒီတပ်ဖွဲ့ကပဲ ခေါ်ယူမေးမြန်းတဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါပေမယ့် ကိစ္စရပ်နှစ်ခု အဆက်အစပ် မရှိပါဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တော (John William Yettaw) က သူ့သဘောနဲ့သူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲ ရေကူးဝင်လာပြီးတဲ့နောက် နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ မစ္စတာယက်တောကိုတော့ လူသားချင်း စာနာထောက်ထားမှု အခြေခံနဲ့ဆိုပြီး အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဥပဒေကြောင်းအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ်မရှိတဲ့အတွက် ဥပဒေအတိုင်း ဆုံးဖြတ်ရင် လုံးဝ လွတ်မြောက်မယ်လို့ ရှေ့နေတွေက ယုံကြည်ထားကြပါတယ်။

“ကျနော်တို့က ရှေ့နေတွေအဖြစ်နဲ့ ဥပဒေရှုထောင့်က အမြင်ကတော့ လုံးဝ လွတ်မြောက်ရေး ရရှိလိမ့်မယ်လို့ ကျနော် ဒီလိုမျှော်လင့်တယ်။ ကျန်တဲ့အစိတ်အပိုင်း၊ နိုင်ငံရေး ဘာညာ ဒါကတော့ ရှိမယ်။ အဲဒါကို ခြုံငုံပြီးတော့ ကျနော် မပြောနိုင်ဘူး။ ကျနော်ပြောနိုင်တာက ရှေ့နေတယောက်အနေနဲ့ ဥပဒေရှုထောင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့အတွက် လွတ်မြောက်လိမ့်မယ်လို့ ကျနော် ဒီလိုမျှော်လင့်ထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလက်ရှိ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေမှာ ဆရာဝန်တွေ့ခွင့်နဲ့ ဧည့်သည်တွေ့ခွင့်လို တချို့ အချက်တွေဟာ ရှင်းရှင်းလင်းလင်း မရှိတဲ့အတွက် ဒါတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက် တောင်းခံဖို့ ပြင်ဆင်နေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တင်ပြသွားမယ်လို့လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသွားပါတယ်။ ( ဗွီအိုအေ )

Monday, September 14, 2009

၈၈ မျိုးဆက်ကျောင်းသားများ နှင့် ဗကသ ၏ ရွှေဝါရောင်တော်လှန်ရေး ၂နှစ်ပြည့်ထောက်ခံ ကြေငြာချက်။(မြန်မာ)

ရွှေဝါရောင်တော်လှန်ရေး ၂နှစ်ပြည့်ထောက်ခံ ကြေငြာချက်။(မြန်မာ)

အမှိုက်ပုံထဲက မြန်မာများရဲ့ဘ၀တွေ



အရှင်သောပါကသည် ထိုင်းနိုင်ငံနယ်စပ်တွင်ရောက်ရှိနေသာ မြန်မာများရဲ့အမှိုက်ပုံထဲကဘ၀တွေကို စာနာသနားကာ သွားရောက်ကူညီအားပေးနေကြောင်းသိရသည်။ အမှိုက်ပုံတွေထဲတွင် ယင်ကောင်တွေ၊ ရောဂါပိုးပေါင်းစုံရှိသည့်ကြားမှ ကိုယ့်မိသားစုဝမ်းရေးအတွက် recycle ပစ္စည်းများကို စုဆောင်းကာ ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေဝမ်းကြောင်းပြုနေရပါသည်။ အဲဒီကြားထဲကမှ မကြာခဏဆိုသလို ရဲအဖွဲ့က ဝင်ရောက်ဖမ်းဆီးတက်သေးကြောင်း ထိုနယ်စပ်တွင်နေထိုင်နေသူ တစ်ဦးမှပြောပါသည်။ အထူးသဖြင့် ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး နှင့် ၄င်းတို့ရဲ့အနာဂတ်သည် အထူးစိုးရိမ်စရာကောင်းလှပါသည်။ စာဖတ်ပရိတ်သတ်များ ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပါက ထိုမြန်မာလူမျိုးများအား သွားရောက်ကူညီပေးလိမ့်မည်ဟု စာရေးသူယုံကြည်မိသည်။ ( ဖြိုးဝေ mmp )

Saturday, September 12, 2009

မြန်မာနိုင်ငံတွင် တရုတ်တို့၏ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်သည့် စာမျက်နှာ ၃၆ မျက်နှာ ပါသည့် အစီရင်ခံစာ။

Http___www.burmese.shwe.Org_releases_publications_Blocking Freedom - Arakan Oil Watch - Burmese

ဦးဝင်းတင် ပြန်လွတ်လာပြီ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ညနေ ၄ နာရီတွင်ပင် သတင်းရဲတပ်ဖွဲ့က ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

မနက်က လာရောက်ဖမ်းဆီးသွားခဲ့သော ရန်ကင်းမြို့နယ် ကျောက်ကုန်းရပ်ကွက် တပင်ရွှေထီလမ်းရှိ နေအိမ်သို့ပင် ရဲက ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က နံနက် ၁၀ နာရီခန့်တွင် အသက် ၈၀ အရွယ် သြဇာတိက္ကမရှိ အန်အယ်ဒီ ခေါင်းဆောင် လက်ရှိနေထိုင်ရာ ငယ်သူငယ်ချင်း ဦးအုန်းထွန်း၏ နေအိမ်သို့ လာရောက်၍ ”အနည်းငယ် မေးမြန်းစရာ ရှိသည်” ဆိုကာ အောင်သပြေ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လာရောက် ခေါ်ဆောင်သည့်အချိန်တွင် ဦးဝင်းတင်၊ အိမ်ရှင် ဦးအုန်းထွန်းနှင့် အခြား မိတ်ဆွေ တဦးတို့ ရှိနေကြသည်။

နှလုံးခုန်စက် ထဲ့ထားရသူ သတင်းစာ ဆရာဟောင်းကြီးသည် ဝါရှင်တန်ပို့စ် သတင်းစာတွင် စက်တင်ဘာလ ၉ ရက်နေ့က An 'Election' Burma's People Don't Need မြန်မာလူထုတို့ မလိုသည့် ရွေးကောက်ပွဲ ဟူသော ခေါင်းစဉ်ဖြင့် စစ်အစိုးရက ကျင်းပမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆောင်းပါး တပုဒ်ကို ရေးသားခဲ့သည်။

စစ်အစိုးရက အငြင်းပွားဖွယ်ရာ အခြေခံဥပဒေကို လူ ၁ သိန်း ၃ သောင်းကျော် သေကြေခဲ့သော နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် အတည်ပြုပြီး ဆက်လက်၍ ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် စစ်အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရန် ဦးဝင်းတင်က တောက်လျောက် တောင်းဆိုထားသည်။

သူ၏ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခု နိုဝင်ဘာလကမှ လွတ်မြောက်ခဲ့သူလည်း ဖြစ်သည်။

အနစ်နာခံ စွှန့်လွှတ်ဝံသူဟု လူငယ်များအကြားနှင့် စစ်အစိုးရ အရာရှိအချို့ကပင် အသိအမှတ်ပြုခံရသူ ဦးဝင်းတင် ထောင်မှ လွတ်မြောက်လာသော အခါတွင် အိမ်ငှား၍ မရရန် အာဏာပိုင်များက နှောက်ယှက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ကြုံခဲ့ရသည်

တကိုယ်ရေသမားဖြစ်သူ ဦးဝင်းတင်က ငှားလို၍ စုံစမ်းသော အိမ်များ၏ အိမ်ရှင်များကို အာဏာပိုင်များက သတိပေးမှု ပြုလုပ်သဖြင့် ငှားလိုသူများ လက်တွန့်သွားကြသည်။ (မဇ္ဈိမ)

Friday, September 11, 2009

ဒေါ်စုအိမ် လုံခြုံရေး ယဉ်ကျေးမှုနဲ့ မညီ

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှု ပြင်းထန်လွန်း တဲ့အတွက် သွားလာနေထိုင်မှုမှာ ကျဉ်းကျပ်လွန်းလို့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ သူ့ရဲ့ တရားရုံးအယူခံ လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဆက်သွယ် မေးမြန်းထားတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးတဲ့နောက် လျှော့ပေါ့ ဆိုင်းငံ့ထောင်ဒဏ် တနှစ်ခွဲကို နေအိမ်မှာ အကျယ်ချုပ်ဘ၀နဲ့ ဆက်ပြီး ကျခံနေရတာပါ။ အရင်တုန်းကလည်း နှစ်အတော်ကြာ အကျယ်ချုပ် ကျခံခဲ့ရပေမဲ့ အခုတကြိမ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေဟာ အရင့်အရင် အကြိမ်တွေကထက် ပိုပြီး ပြင်းထန် တင်းကျပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောထားဖူးပါတယ်။ အခုလည်း လုံခြုံရေး အစီအမံတချို့အပေါ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။
[ ဆက်ဖတ်ရန် +/- ]

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက ဒီခြံဝင်းကြီးမှာ ဒီအိမ်တလုံးမှာပဲ လူနေတယ်။ နေတဲ့လူကလည်း အမျိုးသမီး ၃ယောက်၊ ဒေါ်အောင်ဆန်းစုကြည်ရော ဒေါ်ခင်ခင်ဝင်းရော၊ သူတို့တွေက ၆၀ ကျော်၊ မိန်းကလေးတယောက် မ၀င်းမမ ရှိတယ်၊ ဒါပဲရှိတယ်။ အဲတော့ ခြံဝင်းထဲမှာ လုံခြုံရေး မချပေမဲ့ ခြံပတ်ပတ်လည် အပြင်မှာ လုံခြုံရေးချတယ်။ အဲဒီ လုံခြုံရေး တွေကလည်း ခြံထဲကို မြင်နိုင်တဲ့ အနေအထားနဲ့ ချတယ်။ အဲတော့ အိမ်ရဲ့အပြင်ကို ထွက်တိုင်း ထွက်တိုင်း ခြံပြင်ကနေ ကြည့်တယ်။ ဒါ လုံခြုံရေးအရ လိုအပ်ချက်လည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အိမ်အပြင်ကို ထွက်ခဲတယ်လို့ ကျနော် အဲဒီလို နားလည်တယ်။ ဟိုအမျိုးသမီး အငယ်ကတော့ လိုအပ်တဲ့အချိန် သူ လုပ်စရာ၊ ပြုစရာ ထွက်တာ။ ထွက်တိုင်း ထွက်တိုင်း အပြင်ကနေ ကြည့်တယ်၊ စာရွက်နဲ့မှတ်တယ်။ ဒီဥစ္စာ ဒေါ်အောင်ဆန်းစုကြည် ပြောတာက ယဉ်ကျေးမှုအရတောင် မကောင်းဘူးလို့ အဲဒီလို ပြောလိုက်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တော (John William Yettaw) က သူ့သဘောနဲ့သူ တိတ်တဆိတ် ရေကူးဝင်လာ ခဲ့ပြီးတဲ့နောက် အကျယ်ချုပ် တားမြစ်မိန့်ကို ဒေါ်အောင်ဆန်းစုကြည်က ဖောက်ဖျက်တယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ စစ် ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြခဲ့ပြီးတဲ့နောက် မစ္စတာယက်တောကို လူသားချင်း စာနာ ထောက်ထားမှု အခြေခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမ တို့ကတော့ ခရိုင်တရားရုံးရဲ့ အပြစ်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့အတွက် တိုင်းတရားရုံးကို လျှောက်ထားခဲ့တာမှာ ကြားနာဖို့ လက်ခံခဲ့ပြီးဖြစ်တာကြောင့် လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရှေ့နေတွေ လျှောက်လဲချက် ပေးကြရပါမယ်။ ဒီကနေ့ အဲဒီလျှောက်လဲချက် ပေးဖို့ကိစ္စ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင်ရှေ့နေ ၄ ဦးတို့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။

“၁၈ ရက်နေ့မှာ ပေးရမယ့် လျှောက်လဲချက်ပေါ့၊ ပေးရမယ့် လျှောက်လဲချက်ဆိုတာ ကျနော်တို့က အယူခံ အကြောင်းပြချက် ၁၁ ချက် ရေးထားတယ်။ ဒီ ၁၁ ချက်လုံးကိုလည်း ဒေါ်စုက သိပြီးသား။ ကျနော်တို့ အစတုန်းက ဆွေးနွေးတော့။ ဒါပေမဲ့ အခု ဒီနေ့ ဆွေးနွေးတော့ ဒီ ၁၁ ချက်ထဲမှာ လျှောက်လဲချက်ကြရင် ပေါင်းစည်းပေးရမယ့် ဥပဒေရဲ့ သဘောတွေပေါ့၊ ပြီးတော့ အကြောင်းချင်းရာ သဘောတွေ၊ အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြတယ်။ ဒီနေ့အနေနဲ့တော့ ၁၁ ချက်စလုံးကို ကျနော်တို့ ပြီးစီးအောင် ဆွေးနွေးနိုင်တဲ့ သဘောတော့ ရှိပါတယ်။”

အထူးတရားရုံးမှာ အမှုရင်ဆိုင်နေစဉ် ကာလအတွင်း အင်းစိန်ထောင်ဝင်းတွင်းမှာ ချုပ်နှောင်ခံထားခဲ့ရပြီးတော့ ထောင်ဒဏ် ချမှတ်ပြီးတဲ့နောက် နေအိမ်ကို ပြန်ပို့တဲ့အခါ စည်းကမ်းသတ်မှတ်ချက်တွေ ချထားတဲ့အထဲ ဆရာဝန်တွေ့ခွင့်ကိစ္စလည်း ပါဝင်ပါတယ်။

အာဏာပိုင်တွေက ဆရာဝန်တဦး လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ကျန်းမာရေး နောက်ကြောင်း သမိုင်းကို သိပြီး တောက်လျှောက် စစ်ဆေးကုသလာခဲ့တဲ့ ဆရာဝန်နဲ့ပဲ ဆက်ပြီး ပြသဖို့ တောင်းခံထားပေမဲ့ အာဏာပိုင် တွေဘက်က ခုထိ တရားဝင် ဘာမှ အကြောင်းမကြားသေးသလို အရင်လွှတ်ခဲ့တဲ့ ဆရာဝန်နဲ့ ပြသနေတာမျိုးလည်း မရှိဘူး လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် ဧည့်သည်တွေ့ခွင့်လို ကိစ္စရပ်တွေကလည်း ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အတွက် တင်ပြဖို့ ပြင်ဆင်ပြီးသွားပြီလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အရင်တခေါက်က ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ချက်တွေ ပေးတယ်။ ဒီအပေါ်မှာ ကျနော်တို့ ရေးသားပြီးတော့ ထားတာပေါ့ အကြမ်း။ အဲဒီ အကြမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ဒီနေ့ ထပ်ဆွေးနွေးတယ်။ ထပ်ဆွေးနွေး ပြီး အဲဒီဟာကို ကျနော်တို့ ပြုစုပြီးတော့ မကြာခင် တင်ပါ့မယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်တာကြောင့်ရယ်၊ တဦးပေါ်တဦး အာဃာတ မရှိစေဖို့ရယ်၊ ဒီမိုကရေစီလမ်းကြောင်း အနှောင့်အယှက် မဖြစ်စေဖို့ရယ် စတာတွေကို ရည်စူးပြီး စာနာထောက်ထား ညှာတာလိုတဲ့အတွက် ဆိုပြီးတော့ နေအိမ် အကျယ်ချုပ် ပြန်ချခဲ့ပါတယ်။

အခုလက်ရှိ နေအိမ်အကျယ်ချုပ် ၁၈ လဆိုတဲ့ ကာလအတွင်း မြန်မာအာဏာပိုင်တွေက ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးသွားဖွယ် ရှိတာကြောင့် မြန်မာစစ်အစိုးရဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ ဝေဖန်ပြောဆိုကြပါတယ်။ ( ဗွီအိုအေ )

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီ အမြန်ထုတ်ပြန်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒ ပြန်လည်သုံးသပ်နေတာနဲ့ပတ်သက်ပြီး နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဆီကို စက်တင်ဘာ ၉ ရက်နေ့ နေ့စွဲနဲ့ စာတစ်စောင် ရေးသားပေးပို့ပြီး အခုလိုသာ ပြန်လည်သုံးသပ်နေတဲ့ကိစ္စဟာ နှောင့်နှေးနေရင် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် ပြည်ထောင်စုရဲ့ ကတိက၀တ်တွေဟာ အားပျော့နေပြီလို့ မြန်မာစစ်ခေါင်းဆောင်တွေ အထင်ရောက်အောင် တွန်းပို့နေသလို ဖြစ်လိမ့်မယ်လို့ အဲဒီစာထဲမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ပစ်မှတ်ထားပိတ်ဆို့တာ မဟုတ်ဘဲ အကျယ်အပြန့် အထွေထွေ အရေးယူ ပိတ်ဆို့ဒဏ်ခတ်အရေးယူတာက မထိရောက်ဘူးလို့လည်း HRW အဖွဲ့က ဆိုပါတယ်။ စစ်အစိုးရရဲ့ အဓိကခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူ တွေကို ရွေးချယ်ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့တာနဲ့ အထွေထွေအရေးယူ ပိတ်ဆို့တာကို လဲလှယ်အစားထိုးသင့်တယ်လို့ HRW အဖွဲ့က ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အကြီးအကျယ် ပေးဖို့ကိုလည်း HRW အဖွဲ့က ထပ်မံတောင်းဆိုထားပါတယ်။ ( ဗွီအိုအေ )

ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကိုညီညီအောင်နှင့် ဆက်သွယ်ခွင့်ရဖို့ အမေရိကန်သံရုံးကြိုးပမ်း

၈၈ မျိုးဆက်ကျောင်းသား နိုင်ငံရေးတက်ကြွသူ အမေရိကန် နိုင်ငံသားတဦးဟာ မကြာသေးခင်က မြန်မာနိုင်ငံကို အသွား အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရလို့ အမေရိကန်သံရုံး တာဝန်ရှိသူတွေက တွေ့ဆုံခွင့်ရဖို့ တောင်းခံထားပါတယ်။ ဖမ်းဆီးချိန် က စလို့ သူ့မိသားစုတွေကတော့ သူ့အခြေအနေကို တိတိကျကျ မသိနိုင်ဘဲ ဖြစ်နေရလို့ စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း သိထားသမျှ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ နေထိုင်သူ မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ဟာ ဒီလ ၃ ရက်နေ့ကပဲ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံကိုအသွား ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း မိသားစု နဲ့ နီးစပ်သူတွေက ပြောကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုအခါမှာ အမေရိကန်နိုင်ငံ ကလည်း သိရှိထားပြီး ဖြစ်သလို ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ဆက်သွယ် စုံစမ်းမှုတွေ လုပ်ဆောင်နေပြီလို့ ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ အီရန် ကယ်လီ (Ian Kelley) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
[ ဆက်ဖတ်ရန် +/- ]

"ဒီသတင်းကျနော်တို့ ရရချင်းဆိုသလိုပါပဲ၊ ကျနော်တို့ အစိုးရဆီသွားပြီး သတင်းအချက်အလက် ရယူဖို့ တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့လည်း လူပုဂ္ဂိုလ်တဦးချင်းရဲ့ အခွင့်အရေး အကာအကွယ်ပေးတဲ့ ဥပဒေအရ ကျနော်တို့ ဒါတွေနဲ့ ပတ်သက်လို့ အသေးစိတ်တော့ ထုတ်ပြောခွင့်မရှိပါဘူး။ ကောင်စစ်ဝင်ရုံး တာဝန်ရှိသူတွေက တွေ့ဆုံခွင့်တွေ ရဖို့လည်း ကျနော်တို့ တောင်းခံထားပါတယ်။"

အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူ ကိုညီညီအောင် ရဲ့ မိသားစုဝင်တွေကတော့ ဖမ်းဆီးခံရတဲ့သတင်း ကြားသိသိ ချင်းဆိုသလို ဆက်သွယ်စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ အခုအချိန်အထိ အခြေအနေကို ရေရေရာရာ မသိရလို့ စိုးရိမ် မကင်း ဖြစ်နေရတာပါ။ အမေရိကန်နိုင်ငံမှာရှိတဲ့ မိသားစုမိတ်ဆွေတဦးဖြစ်တဲ့ ကိုဇော်ဇော် ကတော့ သူ့ကို ဖမ်းသွားချိန်က စလို့ အကျိုးအကြောင်း မသိရတဲ့ အခြေအနေမို့ စိတ်ပူနေကြတာလို့ ပြောပါတယ်။

"ကျနော်တို့သိတာကတော့ ဘန်ကောက်မှာရှိတဲ့ သူ့အစ်ကိုကနေတဆင့် ကျနော်တို့ သိတာပေါ့လေ။ သူ ရန်ကုန် လေဆိပ် ရောက်တော့ သူ့ကို ဖမ်းသွားတယ်ဆိုတဲ့ သဘောမျိုး သိလိုက်ရတယ်ပေါ့နော်။ ဒါပေမဲ့ အသေးစိတ် ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းသွားတယ်ဆိုတာတော့ ကျနော်တို့ အသေးစိတ် မသိရသေးဘူး။ အခုလောလောဆယ်က သူ ဘယ်မှာ ရောက်နေမှန်း မသိတော့ ကျနော်တို့အားလုံး သူငယ်ချင်းတွေ အကုန်လုံးက စိတ်ပူတယ်။ ဘယ်ရောက်လို့ရောက်မှန်းမသိ၊ ဘာမှလည်း သတင်းမကြားတဲ့အခါကျတော့ ကျနော်တို့ အားလုံးကတော့ အဓိက သူ့ရဲ့ လုံခြုံရေးကို စိတ်ပူတယ်ပေါ့။ ဘာများဖြစ်လဲပေါ့။ တခုခု ခေါ်သွားပြီး ပျောက်သွားတာမျိုး အရင်တုန်းကလည်း ရှိခဲ့တာမျိုးရှိတော့ ကျနော်တို့က အတော်လေး စိုးရိမ်ပါတယ်။"

အခု အာဏာပိုင်တွေ ဖမ်းဆီးတာ ခံလိုက်ရတယ်ဆိုတဲ့ ကိုညီညီအောင် ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆို အုံကြွမှု တွေမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပါတယ်။ ဒီလိုပဲ သူ့ရဲ့ မိခင်ဖြစ်သူ အသက် ၆၀ အရွယ်ရှိ ဒေါ်စန်းစန်းတင် ဟာ ဆိုရင်လည်း ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ ဦးဆောင်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ကိုညီညီအောင် ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်ဟာ ဘာလဲဆိုတာ အခုအချိန်မှာ သဲသဲကွဲကွဲ မသိရသေး ပေမဲ့ မိသားစုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ဆိုင်လိမ့်မယ်လို့လည်း မိတ်ဆွေဖြစ်တဲ့ ကိုဇော်ဇော် က ပြောပါတယ်။

"ညီညီ ရဲ့ အမေ အန်တီ စန်း က ထောင်ထဲမှာပေါ့လေ။ ပြီးခဲ့တဲ့ ရွှေဝါရောင် သံဃာတော်တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တော့ ညီညီရဲ့ အမေကို ဖမ်းသွားတယ်။ ညီညီရဲ့ ၀မ်းကွဲ ညီမနှစ်ယောက်ကိုပါ ဖမ်းသွားတာပေါ့။ ညီညီရဲ့ အမေကလည်း ထောင်ထဲမှာ အခြေအနေ ကျန်းမာရေး တော်တော်လေး ဆိုးတယ်။ ကျန်းမာရေး သိပ်မကောင်းဘူး ဆိုတဲ့အခါကျတော့ ညီညီ အနေနဲ့ စိတ်ပူပင်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါကတော့ ကျနော်တို့ ဖြစ်နိုင်ချေရှိတဲ့ဟာကို ပြောတာပေါ့လေ။ သူ့ရဲ့ အဓိက သွားရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့လည်း သေချာအတိအကျ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေ ရှိတာ ကတော့ သူ့အမေအတွက် စိတ်ပူတယ်။ သူ့မောင်နှမသားချင်းတွေ အတွက် စိတ်ပူပြီးတော့ သူ့အနေနဲ့ တခုခု လုပ်နိုင်လိမ့် မယ်လို့ ယူဆပြီးတော့သွားတယ်လို့ ကျနော် ထင်တယ်ပေါ့လေ။"

အာဏာပိုင်တွေ ဖမ်းဆီးတာခံနေရတဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ရဲ့ မိသားစု မိတ်ဆွေ တဦးဖြစ်သူ ကိုဇော်ဇော် ပါ။ ဒီလို သူဖမ်းဆီးခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆက်လက်ပြီး လိုက်လံကူညီ ဆောင်ရွက်နိုင်ဖို့ အတွက်ကိုတော့ မိသားစုနဲ့ မိတ်ဆွေတွေက သူနေထိုင်ရာ မဲဆန္ဒနယ်မြေမှာရှိတဲ့ လွှတ်တော် တာဝန်ရှိတွေထံ အကြောင်းကြား အကူအညီ တောင်းခံ ထားတယ်လို့လည်း သူက ပြောပါတယ်။ ( ဗွီအိုအေ )

Thursday, September 10, 2009

သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ နအဖ သို့ အသိပေးအကြောင်းကြားခြင်း

to SPDC

အရပ်သားအမြင်နဲ့ စစ်သားအထင်

ဦးအောင်ခင်
၉ စက်တင်ဘာ ၂၀၀၉

မြန်မာပြည်မှာ ဒီမိုကရေစီစနစ်တည်ဆောက်ချင်တဲ့ အရပ်သားအဖွဲ့အစည်းတွေနဲ့ စစ်အစိုးရတို့ စေ့စပ်ဆွေးနွေးတဲ့အဆင့်ကို မရောက်နိုင်သေးဘဲ လိပ်ခဲတည်းလည်းဖြစ်နေရတဲ့ အခြေခံအကြောင်းတခုက အရပ်သားရဲ့ သမိုင်းအမြင်နဲ့ စစ်သားရဲ့ သမိုင်းအမြင် ကွဲပြားခြားနားနေလို့ပါပဲ။ စစ်တပ်တိုင်းမှာ သီးခြားအသွင်လက္ခဏာရှိတယ်။ အရပ်သားနဲ့စစ်သားဟာ သမိုင်းအမြင်ချင်း မတူတာများပါတယ်။ စစ်ဗိုလ်ရဲ့ အတွေးအခေါ်ဟာ စစ်တပ်ရဲ့သမိုင်းအမြင်က လွှမ်းမိုးလေ့ရှိတယ်။
အရပ်သားဟာ သူတွေ့ရှိတဲ့ အချက်အလက်ပေါ်မှာမူတည်ပြီး သမိုင်းရေးတယ်။ မိမိတွေ့ရှိတဲ့ အချက်အလက်ကိုလိုက်ပြီး သုံးသပ်မှုနဲ့ အဓိပ္ပာယ်ဖော်မှုလည်း ပြောင်းသွားရပါတယ်။ ကိုယ်ဖြစ်ချင်တာကို ရေးလို့မရဘူး။ ကိုယ်ထင်တာကိုမရေးဘဲ တွေ့တဲ့အတိုင်းရေးတာကို သတ္တိရှိတယ်လို့ ပြောတာပါပဲ။ ဗမာစစ်တပ်က သမိုင်းရေးသလို လိုချင်တာတွေထည့်ပြီး မလိုချင်တာ ကို ဖယ်ထုတ်လို့မရပါဘူး။ လူသတ်တာကို ကယ်တင်တာလို့ ရေးလို့မရပါဘူး။ အနောက်တိုင်းမှာ နာမည်ကြီးတဲ့ စစ်သမိုင်းဆရာတွေဟာ အရပ်သားတွေပါ။ ဗမာပြည်မှာတော့ စစ်ဗိုလ်ကသာ စစ်သမိုင်းကို ရေးခွင့်ရှိသလို ဖြစ်နေတယ်။
စစ်တပ်ကိုအယုံတင်သွင်းရာမှာ သမိုင်းကို ၀ါဒဖြန့်ပစ္စည်းအဖြစ် အသုံးပြုပြီး ပုံကြီးချဲ့လေ့ရှိတယ်။ ဒီလိုပြောပါများလာတော့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဂျပိုးကိုလိပ်လို့ ယုံကြည်လာတာပါပဲ။ ဒါကို စိတ်ပညာမှာ auto-suggestion လို့ခေါ်တယ်။ ၂၀ ရာစုအစောပိုင်းမှာ ပြင်သစ်စိတ်ပညာရှင်တဦး Emile Coue 1857-1926 တွေ့တဲ့နည်းပါ။ မိမိကိုယ်မိမိ ကယ်တင်ရှင်လို့ အနှစ် (၅၀) နီးပါး ၀ါဒဖြန့်လာတဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ဝါဒဖြန့်တာကို သူတို့ကိုယ်တိုင် ပြန်ယုံနေတဲ့အတွက် နေရာတကာ စစ်ဗိုလ်က ဦးဆောင်ခွင့်ရှိကြောင်း ဥပဒေပြုတာဖြစ်တယ်။
[ ဆက်ဖတ်ရန် +/- ]

ဥပမာ အမေရိကန်နဲ့ အင်္ဂလိပ် စစ်အင်အားကြီးမားလို့ ဂျပန်စစ်ရှုံးရတာ တကမ္ဘာလုံး သိတယ်။ ဂျပန့်လက်အောက်ခံ ဗမာစစ်တပ်က ဂျပန်ကိုတော်လှန်ပြီး အင်္ဂလိပ်နဲ့ အမေရိကန်ဘက်က ကူတိုက်ပေးတယ်။ ဗမာစစ်တပ် မကူလည်း အင်္ဂလိပ်/အမေရိကန်က နိုင်မှာပါပဲ။ ဗမာစစ်တပ်က တော်လှန်လို့ ဂျပန်စစ်ရှုံးတာမဟုတ်ဘူး။ ဂျပန်ကို တော်လှန်တဲ့အတွက် ဗမာစစ်တပ်သာ အမြတ်ထွက်သွားတယ်။ ဂျပန်နဲ့လက်တွဲပြီး အင်္ဂလိပ်၊ အမေရိကန်တပ်ကို သွားတိုက်မယ်ဆိုရင် ဗမာစစ်တပ်ဟာ အိန္ဒိယလွတ်လပ်ရေးတပ်ဖွဲ့လို အင်္ဂလိပ်စစ်တပ်ရဲ့ ကူလီဘ၀ကို ရောက်သွားမှာ သေချာတယ်။
ဒီအဖြစ်အမှန်ကိုမထုတ်ဖော်ဘဲ တပ်မတော်ကတော်လှန်လို့သာ ဂျပန်စစ်ရှုံးသလိုလို တပြည်လုံးကို ၀ါဒဖြန့်ထားတာ စစ်တပ်ရဲ့ သမိုင်းအမြင်ပါပဲ။ ဗမာစစ်တပ်တိုက်ယူလို့ လွတ်လပ်ရေးရတာလို့ စစ်ဗိုလ်တွေယူဆထားတာဟာ မှားယွင်းတဲ့သမိုင်းအမြင်ပါ။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ ဖက်ဆစ်တော်လှန်ရေးဟာ အခန်းကဏ္ဍလေး တခုသာဖြစ်တယ်။ စစ်ပြီးခေတ် လွတ်လပ်ရေးကြိုးပမ်းမှုဟာ နှလုံးရည်တိုက်ပွဲသာဖြစ်တယ်။ အဲဒီအချိန်မှာ ဗမာစစ်တပ်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ လက်အောက်ခံ ဖြစ်နေလို့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ တိုက်ရိုက်မပါဝင်နိုင်ခဲ့ဘူး။
ခေတ်ပညာတတ် စစ်ဗိုလ်ဆရာဝန် စာရေးဆရာ ဒေါက်တာမောင်မောင်ညို လိုဟာမျိုးကတောင် ဂျပန်တော်လှန်ရေးကို အကြီးအကျယ် အောက်မေ့နေတယ်။ ၁၉၇၃ ခုနှစ်က တိုကျိုမှာ ကျနော် သမိုင်းသုတေသနလုပ်နေတုန်း ဒေါက်တာမောင်မောင်ညိုနဲ့ ခဏဆုံမိတော့ ဂျပန်တော်လှန်ရေးအကြောင်း ဘာတွေရေးထားသလဲလို့ သူကမေးတယ်။ ဂျပန်တော်လှန်ရေးကို အလေးအနက်ထားသူ သိပ်မရှိကြောင်း ပြောပြတော့ ဒေါက်တာမောင်မောင်ညို အတော်မကျေမနပ် ဖြစ်သွားတယ်။ ဂျပန်တော်လှန်ရေးကို မှေးမှိန်သေးသိမ်အောင် ကျနော်က တမင်ပြောတဲ့ပုံစံနဲ့ သူ့ခရီးသွားမှတ်တမ်းမှာ ၁၉၇၇ က ရေးထားတယ်။ စစ်ဗိုလ်ဆရာဝန် ဒေါက်တာမောင်မောင်ညိုလည်း စစ်တပ်ဝါဒဖြန့်တာကို ယုံကြည်သူပါပဲ။
အခုတော့ ဂျပန်ကို ဗမာစစ်တပ်က တွန်းလှန်လိုက်တယ်ဆိုတဲ့ စိတ်ကူးယဉ်ချက်ကို အများယုံကြည်လာအောင် ပုံကြီးချဲ့ဝါဒဖြန့်ပြီး နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ်ထားတယ်။ ဂျပန်ကို တိုက်ထုတ်သူဟာ ဗမာစစ်တပ်ဖြစ်ကြောင်း ပုံကြီးချဲ့တာကိုနားထောင်ပြီး လူငယ်တွေ ကြီးပြင်းလာရတယ်။ ဗမာစစ်တပ်ရဲ့ ပုံကြီးချဲ့ဇာတ်လမ်းအရ အင်္ဂလိပ်စစ်တပ်၊ အမေရိကန်စစ်တပ်၊ တရုတ်၊ ကရင်၊ ကချင်၊ ချင်း၊ နာဂနဲ့ မြန်မာအရပ်သားတွေကတော့ ဂျပန်တော်လှန်ရေးမှာ မပါသလို ဖြစ်နေတယ်။
တကယ်တော့ ဂျပန်တော်လှန်ရေးကို ပထမဆုံး စတင်ဆင်နွှဲသူဟာ ကရင်နဲ့ ချင်းအမျိုးသားတွေပါ။ ကရင်တိုင်းရင်းသားတွေနဲ့ အတူ ပထမဆုံးသော ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲ ဦးဆောင်ဆင်နွှဲခဲ့သူ ဗြိတိသျှဗိုလ်မှူး Hugh Paul Seagrim ဖြစ်တယ်။ ကရင်ပြောက်ကျားအဖွဲ့က ဂျပန်စစ်တပ်ကို ပထမဆုံးတော်လှန်တာဖြစ်တယ်။
၁၉၄၂ ခုနှစ် ဆောင်းဦးရာသီမှာ ကလေးမြို့ကို ဂျပန်သိမ်းပိုက်ထားတုန်း ကင်းလှည့်တဲ့ ဂျပန်စစ်သားကို ဇိုပြည်သူ့စစ်က ဖြောင်ပစ်တဲ့အတွက် အဲဒီအချိန်ကတည်းက ချင်းတော်လှန်ရေးစတယ်လို့ ဆိုနိုင်ပါတယ်။ ကလေးမြို့အနီးမှာ ဂျပန်တပ်ဖွဲ့တဖွဲ့ အနားယူနေစဉ် ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၂၃) ရက်နေ့မှာ ဇိုပြည်သူ့စစ်က လျှပ်တပြက်ဝင်တိုက်လို့ ဂျပန် (၁၂) ဦး ကျသွားတယ်။ ဒီတိုက်ပွဲသတင်းကို ဒီဇင်ဘာ (၂၆) ရက်နေ့မှာ ဘီဘီစီအင်္ဂလိပ်ပိုင်းက ကြေညာတယ်။ ဒါဟာ အရပ်သားရေးတဲ့ သမိုင်းပါ။ စစ်တပ်ကို ကယ်တင်ရှင်လို့ ပြည်သူလူထုက မယူဆပါဘူး။
စစ်ခေါင်းဆောင်ကို သစ္စာရှိတဲ့စစ်တပ်ဟာ အဲဒီစစ်ခေါင်းဆောင်အလွဲသုံးစားလုပ်တာကို ခံရတယ်။ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဟာ သာဓကတွေပဲ။ ဒီကနေ့ စစ်ဗိုလ်တွေလက်ခံတဲ့ နိုင်ငံရေးအယူအဆကို နောက်တနေ့မှာ စစ်ဗိုလ်တွေ မေ့သွားနိုင်တယ်။ ၁၉၆၂ ကစပြီး ဗမာစစ်တပ်တခုလုံးက ယုံကြည်ပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ဆိုရှယ်လစ်ဝါဒကို ၁၉၈၈ ရောက်တော့ ယုံကြည်တဲ့စစ်ဗိုလ် တယောက်မှမရှိတော့ဘူး။ ဒါဟာ ဗမာစစ်ဗိုလ်တွေရဲ့ ခံယူချက်လား။
အပြင်လူက မြန်မာပြည်ကို နားလည်ဖို့လိုအပ်သလို မြန်မာတွေကလည်း မိမိကိုယ်မိမိ အကဲဖြတ်ဖို့လိုအပ်ကြောင်း အမေရိကန်သမိုင်းဆရာကြီး ဂွန်ကေဒီ ၁၉၅၇ ခုနှစ်က ပြောဖူးတယ်။ ဗမာစစ်အစိုးရက အနှစ် (၅၀) နီးပါး ကိုယ်ရည်သွေး ၀ါဒဖြန့်ခဲ့တာကြောင့် မြန်မာ့သမိုင်းဖြစ်ရပ်မှန်ကို သိနိုင်ဖို့ မလွယ်ပါဘူး။ အဖြစ်မှန်ကိုမသိရင် တဘက်နဲ့တဘက် နားလည်ဖို့နဲ့ ပြဿဖြေရှင်းဖို့ ခက်ခဲနိုင်တယ်။
ဥပမာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ဟာ တိုင်းရင်းသားလူမျိုးတွေကို စိတ်ဝမ်းကွဲပြားအောင်လုပ်ပြီး မြန်မာပြည်ကို သွေးစုပ်ခြယ်လှယ် တယ်ဆိုတာနဲ့ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲလို့ လွတ်လပ်ရေးရတာဆိုတဲ့ ၀ါဒဖြန့်ချက်တွေကို ယုံကြည်လေလေ တိုင်းရင်းသားပြဿနာ ဖြေရှင်းရတာ ခက်လေလေပါပဲ။ မြန်မာ့ပြဿနာဟာ တိုင်းရင်းသားအရေးမှာ အခြေခံတယ်လို့ဆိုတယ်။ ဗမာလူမျိုး ရောက်မလာမီကတည်းက မြန်မာပြည်မှာ တိုင်းရင်းသားအမျိုးမျိုးရှိနေတယ်။ တိုင်းရင်းသားတွေဟာ ဗမာမင်းကို သစ္စာခံလိုက်၊ တရုတ်လက်အောက်ရောက်သွားလိုက်၊ ထိုင်းကိုသစ္စာခံလိုက်နဲ့ နောက်ဆုံး အင်္ဂလိပ်လက်ထက်ရောက်တော့မှ သူတို့ဘ၀ဟာ လုံခြုံသွားတဲ့သဘောပါပဲ။ ရှေးကတည်းက ဗမာမင်းနဲ့ တိုင်းရင်းသားတွေ အကွဲကွဲ အပြဲပြဲဖြစ်လာတာကို အင်္ဂလိပ်က လိုသလို အသုံးချသွားတာပါပဲ။
ဖက်ဆစ်ဂျပန်စစ်ဗိုလ်ကလည်း သူ့ကိုယ်သူကိုယ် ကယ်တင်ရှင်လို့ ယူဆတာပဲ၊ ၁၉၄၅ မှာ ဂျပန်လက်နက်ချပြီး စစ်တပ်တခုလုံး ဖျက်သိမ်းလိုက်တော့မှ ကယ်တင်ရှင်ဝါဒ နိဂုံးချုပ်သွားတယ်။ စစ်ပြီးခေတ်ဂျပန်မှာ နှစ်ပေါင်းအတော်ကြာ စစ်တပ်မရှိဘူး။ အမေရိကန်စစ်တပ်နဲ့ ဂျပန်အရပ်သားအစိုးရက ပူးတွဲအုပ်ချုပ်ပါတယ်။ စစ်ဗိုလ်တွေကြောင့် တိုင်းပြည်ပျက်စီးခဲ့ရတဲ့အဖြစ်ကို နာကြည်းခဲ့တဲ့ ဂျပန်နိုင်ငံမှာ စစ်မှုထမ်းအလုပ်ကို ဂုဏ်ယူစရာလို့ မယူဆကြတော့ဘူး။ စစ်ရှုံးလို့ရရှိလိုက်တဲ့ အကျိုးအမြတ်ကတော့ ဂျပန်ပြည်မှာ စစ်ဝါဒကွယ်ပျောက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားလာတာပါပဲ။


သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews