ကိုရီးယားနိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာတို့အတွက် ကိုရီးယား ချူးဆောက်ပွဲတော် ပိတ်ရက် ကာလအတွင်း အထူးဂီတပွဲတော်ကို ကျင်းပသွားပါသည် ၊ ပွဲတော်ကျင်းပမည့်နေရာမှာ မြန်မာအများစုစည်းနေထိုင်ကြရာ မြို့တစ်မြို့ဖြစ်သည့် ဘူချောန်မြို့တော်၏ ပြည့်သူ့ခမ်းမ (Citizen Hall) တွင်ဖြစ်ပါသည် ။
အဆိုပါ အထူးဂီတပွဲတော်သည် စက်ရုံအလုပ်ရုံများတွင် မနေမနား အလုပ်ကြိုးစား လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားတို့ အလုပ်ခွင်မွမ်းကြပ်မှုများနှင့် ဘဝအမောများကိုဖြေလျှော့ကြရင်း ဒါနရေး သာသနာရေးများ တွင်လည်း ပါဝင် ကောင်းမှုပြုနိုင်မည့် အခွင့်အရေး တစ်ခုဖြစ်မည်ဟု ဂီတပွဲတော်ကျင်းပသူများက ဆိုပါသည် ။ အကြောင်းမှာ ပွဲတော်မှ ရရှိမည့် အကျိုးအမြတ်များကို ကိုရီးယားနိုင်ငံထေရဝါဒ ဗုဒ္ဓဘာသာပြန့်ပွါးရေးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဖြစ်သည် ။
အဆိုပါပွဲတော်ကို ဓမ္မဒူတ(ကိုရီးယား)၏ အကျိုးတော်ဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်မောင်ညွန့်ဝင်း (စကားဝါ) ၊ ဦးမြင့်နိုင် (မြန်မာသူကြီး)နှင့် ကိုဘိုဘို (အမေ့အိမ်)တို့က ငွေရေးကြေးရေး စိုက်ထုတ် မတည်စီစဉ်ခဲ့ကြပြီး ၊ ဘူချောန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Bucheon Migrant Workers’ House) နှင့် ဘူချောန်းမြို့တော်ဝန် တို့က အထူးကူညီ ပံ့ပိုးပေးထားကြသည်ဟုဆိုသည် ။
လာရောက်ဖြေဖျော်တင်ဆက်သည့် တီးဝိုင်းမှာ လေဇီးကလာပ်တီးဝိုင်း (Lazy Club Band) ဖြစ်ပြီး ။ လေဇီးကလာပ်တီးဝိုင်း (Lazy Club Band) နှင့်အတူအဆိုတော် ခင်မောင်တိုး ၊ အယ်လ်လွန်းဝါ ၊ ဟဲလေး ၊ ချစ်သူ့ဝေ ၊ သဇင် ၊ ဂျင်နီ နှင့် ဧည့်အဆိုတော် အဖြစ် ချစ်ဆုဝေ တို့က ပါဝင်သီဆို ဖျော်ဖြေခဲ့ ကြပါသည် ။
ဓါတ်ပုံများကြည့်ရန်--http://picasaweb.google.com/105263134550370377517/LazyClub#ကိုနှိပ်ပါ။
Tuesday, September 21, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment