သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Friday, March 19, 2010

ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု စတင်


စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်သည်။

ရွေးကောက်ပွဲ ဥပဒေတွင် ဒေါ်အောင်ဆန်း စုကြည်၊ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အစရှိသော အဓိကပါဝင် ရမည့် သူများကို ပါဝင်ခွင့် မရရန် ကန့်သတ် ထားသည့် အတွက် ယင်း ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ် သောကြောင့် ဆန့်ကျင် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ယခုသတင်းစာ ရှင်းလင်းပွဲ ကျင်းပသည့် Global Campaign on Burma’s 2010 Military Elections အဖွဲ့ က ရှင်းလင်းသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အဆိုပါ အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးသိန်းဦးက “နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေကို ပြည်တွင်း ပြည်ပရှိ အဖွဲ့ အစည်းတွေရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ဆန့်ကျင်ရမယ်။ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ်မပြုသင့်ဘူး။ မြန်မာ့နိုင်ငံရေးအတွက် သော့ချက် ကျတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ထုတ်ပြီးကျင်းပမယ့် ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှုရှိမှာမဟုတ်လို့ ဆန့်ကျင်ကြဖို့ ကျနော်တို့ ဒီလှုပ်ရှားမှုကို လုပ်တာ ပါ”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသိန်းဦးသည် ပြည်သူ့ လွှတ်တော် အမတ်များ သမဂ္ဂ (M.P.U) ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

Global Campaign on Burma’s 2010 Military Elections အဖွဲ့သည် ပြည်သူ့လွှတ်တော် အမတ်များ သမဂ္ဂ(MPU)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် Forum for Democracy in Burma ကဲ့သို့ သော ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသောအဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့များ အပါအ၀င် အဖွဲ့ပေါင်း ၁၅၀ ခန့် ပါဝင် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

KNU အထွေထွေ အတွင်းရေးမှူး နော်စီရာဖိုးစိန်ကလည်း စစ်အစိုးရ၏၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ ပြည်သူ တရပ်လုံးကို စစ်ကျွန်ဘ၀ သွတ်သွင်းမည့် အကြံအစည်ဖြစ်သကဲ့သို့ တိုင်းရင်းသားများ၏ ဘ၀ကို လည်း ပိုမို၍ ဒုက္ခပင်လယ်ဝေစေသောကြောင့် တိုင်းရင်းသားများ အဖွဲ့ အစည်းများအနေဖြင့်၂၀၁၀ ရွေးကောက်ပွဲ ကို မ၀င်ဘဲ ဆန့်ကျင်ကြရန် ပြောသည်။

“၂၀၀၈ အခြေခံ ဥပဒေမှာ ကျမတို့တိုင်းရင်းသားတွေအတွက် ဘာမှလည်း အာမခံချက်ပေးထားတာမပါဘူး၊ စစ်တပ်ကပဲ ဆက်လက်ပြီး အုပ်ချုပ်မယ့် ဥပဒေဖြစ်နေတာကြောင့် ကျမတို့ တိုင်းရင်းသားတွေအနေနဲ့ မပါ ၀င်ကြဖို့ တိုက်တွန်းချင်ပါတယ်၊ ကျမတို့ အတွက် ဘာအကျိုးမှ မရှိနိုင်ဘူး”ဟု နော်စီရာဖိုးစိန်က ဆိုသည်။

စစ်အစိုးရ အခြခံ ဥပဒေတွင် အကျဉ်းကျခံနေရသူများ ရွေးကောက်ပွဲ ၀င်ခွင့်မရှိဟု ဖော်ပြထားသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများမှာ ကန့်သတ်ခံထားရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ သည် မည်သည့်ရာဇ၀တ်မှုကိုမျှ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ ဖြစ်ကြောင်း၊ ယင်း ရွေးကောက်ပွဲဥပဒေကို နိုင်ငံတကာ ဥပဒေအရကြည့်မည်ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများမှာ ရွေးကောက်ပွဲ ၀င်ခွင့်ရှိပြီး နအဖ စစ်ဗိုလ်ချုပ်များသာလျှင် ရွေး ကောက်ပွဲဝင်ခွင့်မရှိကြောင်း Forum for Democracy in Burma ၏ နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး မခင်ဥမ္မာက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှု လှုံ့ဆော်ပွဲများကို ဂျပန်၊ အိန္ဒိယ၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံ များ တွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

စစ်အစိုးရက ၂၀၁၀ အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟုကြေညာခဲ့ပြီး ယခုလအတွင်း၌ပင် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန် ထားသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ ( ဧရာဝတီ )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews