သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Thursday, March 25, 2010

ပါတီမှတ်ပုံတင်လျှင် ၂၄ မြို့နယ် ကန့်ကွက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း ၃ တိုင်းမှ ၂၄ မြို့နယ်က ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းမှ အင်းစိန်၊ ပဲခူးတိုင်းမှ ၁၉ မြို့နယ်နှင့် မန္တလေးတိုင်းမှ ၄ မြို့နယ်တို့က မှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် “ရွှေဂုံတိုင် ကြေညာစာတမ်း” ကိုသာ ဆက်လက်၍ ဆုပ်ကိုင်သွားရန် တိုက်တွန်းကြောင်း မြို့နယ်စည်း တာဝန်ရှိသူများထံမှ သိရခြင်း ဖြစ်သည်။

“(ပဲခူး) တိုင်းအနေနဲ့ကတော့ ၁၈ ရက်နေ့က ကန့်ကွက်တယ်။ ကျန်တဲ့ တောင်ငူခရိုင်က ၄ မြို့နယ်၊ ပဲခူးခရိုင်က ၇ မြို့နယ်၊ သာယာဝတီခရိုင်က ၈ မြို့နယ်လည်း ပြီးပြီ။ အဲဒီသဘောထားပဲ။ မြို့နယ်တွေ ကျန်နေသေးတော့ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုကို တင်မယ်” ဟု NLD ပဲခူးမြို့နယ် ဥက္ကဋ္ဌ ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ပဲခူးတိုင်းစည်း ဆုံးဖြတ်ချက်၌ ရွှေဂုံတိုင်ကြေညာချက်ကို သွေဖီယိမ်းယိုင်၍ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအား NLD အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆိုထားသည်။

အလားတူ မန္တလေးတိုင်းရှိ ရမည်းသင်း၊ မိတ္တီလာ၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များကလည်း ပါတီ မှတ်ပုံတင်ခြင်းအား ကန့်ကွက်ကြောင်း ဆုံးဖြတ်ပြီးကြပြီဟု NLD မိတ္တီလာမြို့နယ် ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါတ်တာသိန်းလွင်က ပြောသည်။

ဒေါ်အောင်ဆန်းဆုကြည် သဘောတူညီမှု မပါဘဲ မှတ်ပုံတင်ခဲ့လျှင် မိမိတို့အနေနှင့် လုံးဝ လက်မခံကြောင်း ဆုံးဖြတ်ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်းသာ ခိုင်မာစွာ ရပ်တည်ကြပါရန် ဗဟိုအလုပ်မှုဆောင်အဖွဲ့အား တိုက်တွန်းကြောင်း ဆုံးဖြတ်ကြသည်ဟု သူက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် မပါရင် လက်မခံနိုင်ဘူးဆိုတာတော့ NLD ဟာ ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပဲလေ” ဟု ဒေါက်တာသိန်းလွင်က ဆက်ပြောသည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဆုံးဖြတ်ချက်ထဲတွင်မူ “ရွှေဂုံတိုင်ကြေညာစာတမ်း” ပါ “၂ဝဝ၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ပြင်ဆင်ရေး”၊ “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး”၊ “တွေ့ဆုံဆွေးနွေးရေး” စသည့် တောင်းဆိုချက်များအား လိုက်လျောခြင်း မရှိသည့်ပြင် ထွက်လာသည့် ရွေးကောက်ပွဲဥပဒေသည်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးမတည်သဖြင့် ကန့်ကွက်ရကြောင်း မြို့နယ်စည်းအဖွဲ့ဝင် ရှေ့နေဦးခင်မောင်ရှိန်က ပြောသည်။

မကွေးတိုင်း NLD အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေး ကလည်း မကွေးတိုင်းရှိ ကျေးလက်ဒေသများသို့ NLD ပါတီ မှတ်ပုံတင်/မတင်ကိစ္စ ကို လိုက်လံစာရင်း ကောက်ယူခဲ့ရာတွင် အားလုံးက ကန့်ကွက်ခဲ့ကြကြောင်း ပြောသည်။

“ကျမတို့ ရေနံချောင်း၊ ချောက်မြို့နယ်တွေက ကျေးလက်တွေမှာဆိုရင် NLD ကသာလျှင် လူထုအတွက် ရှေ့တန်းကနေ တိုက်ထားတဲ့အတွက်ကြောင့် NLD ကို အားကိုးနေတဲ့အခါမှာ NLD ကနေပြီးတော့ နအဖရဲ့ လက်အောက်ကို ဝင်သွားမှာကို ကန့်ကွက်တာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။

မကွေးတိုင်းစည်း အစည်းအဝေးကို လာမည့် ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဟုလည်း သိရသည်။ ရေနံချောင်း မြို့နယ်စည်း အစည်းအဝေးကိုမူ ယနေ့ပြုလုပ်မည်ဖြစ်ပြီး မှတ်ပုံတင်ရေးကို ထောက်ခံမည့် မြို့နယ်စည်းအချို့ ရှိနိုင်ကြောင်း ဒေါ်ခင်စောဋ္ဌေးက ပြောသည်။

မြို့နယ်စည်းနှင့် တိုင်းအစည်းအဝေးများမှ ထိုကန့်ကွက်စာများကို ယခုလ ၂၉ ရက်နေ့မတိုင်မီ ၂၇ ရက်နေ့အတွင်း ဗဟိုသို့ အရောက်ပို့ကြမည်ဟု ပြောဆိုကြသည်။

ယခုလ ၂၉ ရက်နေ့တွင် ပါတီဗဟိုအလုပ်ဆောင်ကော်မတီနှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ အဖွဲ့ဝင်များ ရန်ကုန် ဗဟိုရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်သွားမည်ဖြစ်သည်။

နေအိမ်တွင် အထိန်းသိမ်းခံထားရသည့် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ တရားမျှတမှုမရှိဘဲ၊ တဖက်သတ်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများအရ ပါတီမှတ်ပုံတင်မည်ကို လုံးဝ လက်မခံကြောင်း သူမ၏ ရှေ့နေများနှင့် ယမန်နေ့က တွေ့ဆုံစဉ် သဘောထားပေးခဲ့သည်။ (မဇ္ဈိမ)

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews