သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Thursday, December 3, 2009

ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ကမ္ဘာ့ခေါင်းဆောင်များနှင့် ဥာဏ်ကြီးရှင် အဖွဲ့များ၏ ဆောင်းပါးများ ထည့်သွင်း ဖော်ပြလေ့ရှိသည့် ကမ္ဘာတဝှန်းတွင် သြဇာကြီးမားသော အမေရိကန်အခြေစိုက် ‘Foreign Policy’ မဂ္ဂဇင်းကြီးက ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို `အမှောင်တိုက်ထဲမှ သက်ရှိထင်ရှား မျှော်လင့်ချက် သင်္ကေတ´ အဖြစ် ယခုလထုတ် မဂ္ဂဇင်းတွင် Foreign Policy က `ကမ္ဘာ့ထိပ်တန်း တွေးခေါ်ရှင် ၁၀၀´ စာရင်း၌ ထည့်သွင်း ရွေးချယ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ယင်းသည် ဤမဂ္ဂဇင်း၏ ပထမဆုံး နှစ်စဉ် ထုတ်ပြန်သော စာရင်းဖြစ်သည်။

`မိုဟန်ဒတ်စ်ဂန္ဒီနှင့် ဗုဒ္ဓဘာသာတို့မှ အကြမ်းမဖက်ရေး သဘောတရားများကို ဈာန်ဝင်စားပြီး စစ်အစိုးရကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှု တရပ်ကို ဒေါ်အောင်ဆန်းစုကြည် ထူထောင်ခဲ့သည်´ ဟု Foreign Policy မဂ္ဂဇင်းကြီးက ရေးသားထားသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဤစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်က အဆင့် ၂၆ တွင်ရှိပြီး၊ အခြား အရှေ့တောင်အာရှ ခေါင်းဆောင်များဖြစ်သည့် မလေးရှားမှ အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်က အဆင့် ၃၂၊ အင်ဒိုနီးရှား နိုင်ငံရေး လေ့လာသုံးသပ်သူ ရီဇာဆုက်ကမား (Rizal Sukma) က အဆင့် ၉၂ အသီးသီး သတ်မှတ်ဖော်ပြခံရသည်။

ဤစာရင်းတွင် အခြား ထင်ရှားသြဇာရှိသော ကမ္ဘာ့ခေါင်းဆောင်များလည်း ပါဝင်ပြီး သမတ အိုဘားမားက အဆင့် ၂၊ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက အဆင့် ၇၄၊ ဘီလ်နှင့် ဟီလာရီ ရော့ဒမ် ကလင်တန်က အဆင့် ၆ အသီးသီး ရရှိကြသည်။

`သူမ၏ ထင်ရှားသော ၁၉၉၀ ခုနှစ် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကြောက်ရွံ့ခြင်းသည် နေ့စဉ်ဘဝအတွင်း တည်ရှိနေသော အရာဖြစ်သည်၊ နိုင်ငံရေး ခေါင်းဆောင်များသည် မလွှဲမရှောင်သာဘဲ ခြစားမှုကို ခေါင်းငုံ့ အရှုံးပေးလိုက်ကြသည်ဟု ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် စိတ်ဓာတ်တော်လှန်ရေးတရပ် ဆင်နွှဲရန်လည်း သူမက တိုက်တွန်းလှုံ့ဆော်ခဲ့သည်´ ဟု အဆိုပါ မဂ္ဂဇင်းကြီးက ရေးသားထားသည်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သော သူမသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်ကြာမျှ ပုံစံတမျိုးမဟုတ် တမျိုးဖြင့် အထိန်းသိမ်းခံခဲ့ရသည်။

အမေရိကန် နိုင်ငံသားတဦး သူမ၏ အိမ်ထဲသို့ ရေကူးဝင်ရောက်လာပြီး သူမနှင့် တွေ့ဆုံခဲ့သည့် အလွန် အူကြောင်ကြောင်နိုင်သော ဖြစ်ရပ်ဖြစ်ပွားအပြီး သူမကို နေအိမ်အကျယ်ချုပ် စည်းကမ်း ချိုးဖောက်သည်ဟုဆိုကာ ယခုနှစ် သြဂုတ်လအတွင်းက နောက်ထပ် အကျယ်ချုပ် သက်တမ်း ၁၈ လ ထပ်မံ တိုးမြှင့်ခဲ့သည်။

သူမသည် မြန်မာနိုင်ငံသို့ ၁၉၈၈ ခုနှစ်တွင် ပြန်လည် ရောက်ရှိပြီးကတည်းက အတိုက်အခံ ခေါင်းဆောင်အဖြစ် တည်ရှိနေပြီး စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ရန် အနောက်နိုင်ငံများကို ဆော်သြခဲ့သည်။

ဤသို့ ဆက်တိုက် ထိန်းသိမ်းခံနေခဲ့ရသော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် သူမ၏ ကြိုးပမ်းမှုများမှာ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုကို ရရှိခဲ့ပြီး နိုင်ငံတကာမှ ချီးမြှင့်သော ဆုပေါင်း ၈၀ ကျော်ကို ရရှိထားပြီး ဖြစ်သည်။ အဆိုပါ ဆုများထဲတွင် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် အိန္ဒိယနိုင်ငံ၏ ဂုဏ်သိက္ခာကြီးမားလှသော ၁၉၉၃ ခုနှစ်အတွက် နိုင်ငံတကာ နားလည်မှု ဂျဝါဟာလာနေရူးဆုတို့လည်း ပါဝင်သည်။

တိုင်းမဂ္ဂဇင်းကလည်း ၂၀၀၈ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ်က ထည့်သွင်း ဖော်ပြခဲ့သည်။ (မဇ္ဈိမ)

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews