သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Tuesday, October 13, 2009

ပါတီညီလာခံခေါ်ယူရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အလေးထားစဉ်းစား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အဖွဲ့များက တင်ပြထားသည့် ပါတီညီလာခံခေါ်ယူရေးကိစ္စရပ်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လက်ခံရရှိထားပြီး အလေးအနက် စဉ်းစားနေပြီဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းတင်က ပြောသည်။

“စီအီးစီအဖွဲ့အနေနဲ့ ဒီကိစ္စကို အလေးအနက်ထား စဉ်းစားနေပါတယ်။ သို့သော် မြို့နယ်တချို့က တောင်းဆိုထားသလို တလအတွင်း ကျင်းပပေးဖို့ဆိုတာ ဖြစ်နိုင်မဖြစ်နိုင်ကတော့ ချင့်ချိန်နေပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲသည့်လပိုင်းအတွင်းက မိတ္ထီလာမြို့နယ်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်တို့မှ ပါတီဝင်များက ပါတီညီလာခံခေါ်ယူရေး၊ ပါတီဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းရေးတို့ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ တင်ပြထားကြသည်။

ထိုကဲ့သို့ တင်ပြတောင်းဆိုမှုများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ပဲခူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။
[ ဆက်ဖတ်ရန် +/- ]

“ဒီတောင်းဆိုမှုကို ကျနော်တို့ ထောက်ခံတယ်။ သဘောတူတယ်။ ပြီးခဲ့တဲ့ ဧပြီလက တိုင်းနှင့်ပြည်နယ် အစည်းအဝေး တုန်းကလည်း ကျနော်တို့က အဖွဲ့အတွင်းမှာ ဒီမိုကရေစီနည်းကျ ကျင့်သုံးပြီး ဦးဆောင်မှုပေးနိုင်သူတွေကို ထပ်တင်ဖို့ တင်ပြထားတာပဲလေ။ အခုတောင်းဆိုချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လိုက်လျောမယ်ဆိုရင် ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနှင့်ပြည်နယ်အစည်းအဝေးကို ၂၀၀၉ ခုနှစ် ဧပြီလ (၂၈) ရက်တွင် ကျင်းပခဲ့စဉ်က ပါတီဝင် (၃၆) ဦး စုပေါင်းလက်မှတ်ရေးထိုးကာ ဦးအောင်ရွှေနှင့် ဦးလွင်တို့အနေဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ဖူးသည်။

“အခုချိန်မှာ ဘယ်သူနုတ်ထွက်ပါ ဘာညာပြောနေတာမျိုးထက် ကျနော့်သဘောကတော့ ထပ်တိုးချဲ့ဖွဲ့စည်းဖို့ကိုပဲ စဉ်းစားစေချင်တယ်။ ကျနော်အပါအ၀င် ဦးအောင်ရွှေ၊ ဦးလွင် စတဲ့ပုဂ္ဂိုလ်တွေဟာ အသက်အားဖြင့် (၈၀) ကျော်၊ (၉၀) ကျော်တွေ ဖြစ်နေကြပြီဆိုတော့ လူငယ်လူလတ်ပိုင်းထဲက အများလက်ခံတဲ့ ဦးဆောင်မှုပေးနိုင်တဲ့ လူတွေနဲ့ တိုးချဲ့ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ မူဝါဒနဲ့ပတ်သက်လာရင်လည်း ပြောင်းခြင်း ပြင်ခြင်းကို မလိုလားဘူး။ အားဖြည့်တာမျိုးကို လိုလားတယ်။ အလားတူပဲ လူနဲ့ ပတ်သက်လာရင်လည်း တိုးဖြည့်တာကိုပဲ လိုလားတယ်” ဟု ဦးဝင်းတင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီသက်တမ်း အနှစ် (၂၀) ကျော်အတွင်း ၁၉၉၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ အောက်ခြေပါတီအဖွဲ့ဝင်များ ပါဝင်သော အစည်းအဝေးကြီးတခုနှင့် ယခုနှစ် ဧပြီလအတွင်းကျင်းပခဲ့သော တိုင်းနှင့်ပြည်နယ် စုံညီအစည်းအဝေးကြီးတခု၊ စုစုပေါင်းအစည်းအဝေးကြီး (၂) ခုကိုသာ ကျင်းပနိုင်ခဲ့သည်။

ယခုအခါ မြို့နယ်ပါတီခွဲများက ပါတီညီလာခံ ထပ်မံကျင်းပရေး တင်ပြလာကြခြင်းဖြစ်သည်။

အစည်းအဝေး ထပ်မံကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဦးဝင်းတင်က “မကြာခင်မှာ ပါတီမှတ်ပုံတင်ရေးကိစ္စတွေလည်း လာတော့မယ်။ ပါတီမှတ်ပုံတင်ဖို့ဆိုတာ ရွေးကောက်ပွဲ ၀င်တာ မ၀င်တာနဲ့မဆိုင်ဘူး။ ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ ကြုံတွေ့ရတော့မယ့်ကိစ္စ။ ဆိုတော့ အောက်ခြေပါတီဝင်တွေရဲ့ အမြင်သဘောထား၊ သူတို့ရဲ့ဆန္ဒတွေကို သိဖို့လိုလာပြီ။ ညီလာခံဆိုတာကတော့ အောက်ခြေမြို့နယ် အဆင့်ဆင့်မှာပါ ကျင်းပဖို့လိုတယ်ဆိုတော့ ဖြစ်နိုင်မဖြစ်နိုင် မသိနိုင်သေးဘူး။ သို့သော်ငြားလည်း အနည်းဆုံးအားဖြင့် အောက်ခြေအဆင့်ပါတီဝင်တွေနဲ့ တွေ့ဆုံနိုင်မယ့် အစည်းဝေးတရပ်တော့ ခေါ်သင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ယခင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (စီအီးစီ) အပြင် ပါတီဗဟိုကော်မတီတရပ် (စီစီ) ရှိခဲ့သော်လည်း စီစီအဖွဲ့ဝင်များ ထောင်ကျခြင်း၊ ကွယ်လွန်ခြင်းများရှိခဲ့၍ နောက်ပိုင်းတွင် စီစီအဖွဲ့ ပြိုပျက်ခဲ့ရာ ပြန်လည်ဖွဲ့စည်းနိုင်ရေးကို မြို့နယ်အဖွဲ့ခွဲများက တောင်းဆိုထားကြသည်။

“ဒီလိုတောင်းဆိုမှုတွေကို အန်တီတို့ မကွေးအမျိုးသမီးအဖွဲ့အနေနဲ့ ထောက်ခံတယ်။ ဒီလိုမှမလုပ်ရင်လည်း ပါတီက ဗဟိုဦးစီးစနစ်နဲ့ သွားနေသလိုဖြစ်နေမယ်။ ပါတီအနေနဲ့ နှစ်ပေါင်း (၂၀) အတွင်း အားနည်းတာတွေ ရှိခဲ့လို့ အစက ပြန်ပြန်စနေရတယ်။ တချို့ပါတီသစ်တွေက ပါတီစည်းရုံးရေးတွေ လုပ်ဆောင်နေကြပြီ။ ရွေးကောက်ပွဲဝင်တာ မ၀င်တာနောက်ထား၊ တရားဝင်ပါတီဖြစ်တဲ့ အန်တီတို့က အခုမှ လူငယ်အဖွဲ့တွေ၊ စည်းရုံးရေးအဖွဲ့တွေ ပြန်ဖွဲ့နေရတယ်။ သူများတွေ သိဒ္ဓတ္ထမင်းသား တောထွက်ခန်းရောက်နေမှ ကိုယ့်အဖွဲ့က ဖွားတော်မူခန်းကနေ မတက်နိုင်ရင်တော့ မဖြစ်သေးဘူး။ ဒါကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ဒီကိစ္စအပေါ် မြန်မြန်စဉ်းစား ဆုံးဖြတ်ပေးစေချင်တယ်” ဟု ရေနံချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။ ( ခေတ်ပြိုင် )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews