သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Tuesday, September 8, 2009

စက်တင်ဘာလ သံဃာအရေးအခင်းနှင့် ပတ်သက်သည့် နအဖ၏ အစီရင်ခံစာ

စက်တင်ဘာလ၂၇ရက် (၁ဝး၃ဝ) ချိန်ခန့် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အလယ်ပစ္စယံတွင် သံဃာ (၁ဝဝ) ပါး စုစည်းလျက်ရှိ။ ရဲတပ်ရင်းများ ကွပ်ကဲမှုညွှန်ကြားရေးမှူး ရဲမှူးချုပ်သန်းဟန်ဦးစီးပြီး လုံခြုံရေးတပ်ခွဲ(၁)ခွဲဖြင့် အဆိုပါ ဖြစ်စဉ်နေရာအား သွားရောက်ကြည့်ရှုခဲ့။ သံဃာများသည် လမ်းကြောင်းပိတ်၍ အုပ်စုဖွဲ့ နေလျက်ရှိရာ ရဲမှူးချုပ်သန်းဟန်မှ သံဃာများအား ယခုလုပ်ရပ်သည် ထုတ်ပြန်ပြီးဖြစ်သော သာသနာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မှု ဖြစ်သည့်အပြင် ပုဒ်မ၁၄၄ ထုတ်ပြန်ပြီး အခြေအနေကိုလည်း ကျူးလွန်လျက်ရှိကြောင်း၊ သို့ပါ၍ အေးချမ်းစွာ မိမိကျောင်းများသို့ ပြန်ကြစေရန်(၃) ကြိမ်ခန့် ပင့်ဆောင်ရာ သတ္တိရှိစွာ လိုက်နာမှု မရှိကြပါ ။

(၁၁း၁၅) ချိန်တွင် အလုံမြို့နယ် ဆင်မင်းရပ်ကွက် အလုံလမ်းရှိ ဇဗ္ဗူရတနာကျောင်းတိုက်မှ သံဃာ (၄၂) ပါးသည် အာဇာနည်လမ်းအတိုင်း တပ်မတော် ဓမ္မာရုံ၊ ပြန်ကြားရေး ဓမ္မာရုံကြား ရှိ ပိုက်လုံးလမ်းမှ ကြားတောရလမ်း ၊ ၄င်းမှ ကြေးသွန်းဘုရားရှေ့သို့ (၁၂းဝဝ) ချိန် ရောက်ရှိပြီး အလယ်ပစ္စယံမှ ဆင်းလာသော သံဃာများနှင့် ပူးပေါင်းသဖြင့် စုစုပေါင်း သံဃာ ၃ဝဝ၊ လူ ၃ဝဝခန့် ရှိလာခဲ့ ။
[ ဆက်ဖတ်ရန် +/- ]

(၁၂း၁ဝ) ချိန်မှစ၍ ရဲတပ်ဖွဲ့ဝင်များ၊ စွမ်းအားရှင်များ၊ ဂေါပကအဖွဲ့ဝင်များမှ လူစုခွဲရန်နှင့် အေးချမ်းစွာ သက်ဆိုင်ရာ ကျောင်းအသီးသီးသို့ ပြန်ကြရန် အကြိမ်ကြိမ်လျှောက်ထားသော်လည်း မရပါ။ (၁၂း၂ဝ) ချိန်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စတင်လုံးထွေးဖမ်းဆီးခဲ့ရာ ကပ်လျက်ရှိသော သံဃာများလည်း မဟာအောင်မြေဘုံကျောင်း အတွင်းသို့ ပြေးဝင်သွားခဲ့ ။

(၁၂း၃၅) ချိန်တွင် ကျောင်းအတွင်းသို့ ပြေးဝင်သွားသော လူပုဂ္ဂိုလ်များမှ အုတ်ခဲများ၊ ၊သားရေဂွများ ၊တုတ်များဖြင့် ပစ်ခတ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား အနီးကပ် အန္တရာယ်ပြု လက်နက်လုယူရန် ၂ ကြိမ်တိုင် အင်အားဖြင့် ချဉ်းကပ် ထိုးဖောက်မှုကြောင့် လူအုပ်စုအတွင်းသို့ မျက်ရည်ယိုဗုံး ( ၉ ) လုံး ပစ်ခတ်လူစုခွဲခဲ့ ။

(၁၂း၅ဝ) ချိန်ခန့်တွင် လူ (၃ဝဦး) နှင့် သံဃာ (၂ဝ) ခန့်သည် ကြားတောရလမ်းရှိ ကျောင်းအတွင်းသို့ ပြေးဝင်သွားပြီး ကျန်သံဃာများနှင့် လူများသည် ရွှေဂုံတိုင်လမ်းဆုံနှင့် ဓမ္မစေတီလမ်းဘက်သို့ လူစုခွဲ ထွက်ခွာသွားခဲ့ ။ ဖြစ်စဉ်တွင် အောက်ပါ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ ။
(က) ရတရ (၁) ရင်းမှူး ဒုရဲမှူးကြီး သက်လွင် ဝဲဘက် မျက်ခုံး တစ်လက်မခန့်ကွဲ ။
(ခ) ရတရ (၁) မှ လ/၂၁၄ဝ၇၄ တသ ကျော်ဇေယျထွန်း နဖူးအလယ်ရှပ်မှန်။
(ဂ) ရတရ (၁) မှ လ/၁၈၆ဝ၈၄ ရဲဒုတက မိုးကျော်ဦး ဘယ်ခြေထောက် ခဲမှန်ဖူးရောင်။
(ဃ) ရတရ ၈မှ လ/၁၄၄၂၈၈ ရဲဒုတက တင်သိန်း နဖူး ယာဘက် မျက်ခမ်းနှင့် ဝဲရင်ဘတ်တို့တွင် ခဲမှန်။

ရေတာရည်လမ်းဟောင်း ငွေရသဃာင်္န်းတိုက်ရှေ့တွင် ရပ်ထားသည့် ဗဟန်း မနရ ပိုင် အပြာရောင်ဒရင်း (ဖ်) အမျိုးအစားနှင့် အပြာရောင် ကန်ဘိုအမျိုးအစား ဆိုင်ကယ် ၂စီး မီးရှို့ခံရ။ (၁ဝး၃ဝ) ချိန်မှစ၍ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံတွင် လူများစုရုံးခဲ့ရာ (၁၁း၃ဝ) ချိန် အင်အား (၃ဝဝဝ) ခန့် ဖြစ်လာခဲ့၊ ထိုအချိန်တွင် လမ်းဆုံမီးပွိုင့် ညာခြမ်း၌ ရှေ့ဆုံးမှ သံဃာ ၃ပါးသည် ဖယောင်းတိုင် ၃ တိုင်နှင့် အမွှေးတိုင်များထွန်း၍ ရေသန့်ဘူးများထောင်ပြီး မေတ္တာပို့ရွတ်ဆိုနေစဉ် နောက်မှ လူ ၂ဝဝ ခန့်က လိုက်ပါရွတ်ဆိုခဲ့၊ အခြားတဖက်မှ ရပ်ကြည့် နေသူများမှာလည်း ”ဗိုလ်ချုပ်သင်ပေးသော စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ပြည်သူ့ဆန္ဒ ပြည့်ဝစေရမည်ဟု” အော်ဟစ်၍ လည်းကောင်း၊ နိုင်ငံတော် သီချင်းအားလည်းကောင်း သီဆိုနေခဲ့။

(၁၂း၃ဝ) ချိန်တွင် ကုန်သည်ကြီးများ ဟိုတယ်ဘက်မှ ဆူးလေဘုရားလမ်းအတိုင်း ခမရ (၇၁ဝ) မှ စစ်ကြောင်း ၁/၂ နှင့် ခွဲ (၄) ခွဲ ရောက်ရှိလာပြီး ဆူးလေမီးပွိုင့်တွင် ရှေ့နောက်နှစ်ဘက်ညှပ်ကာ မီးခိုးဗုံး (၈) လုံးနှင့် ရာဘာကျည် ၄တောင့် ပစ်ခတ်၍လည်းကောင်း ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့။

လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆန္ဒပြသူများအား ဖမ်းဆီးခဲ့ရာ ည (၁၂း၄၅) ချိန်ထိ ကျား (၁၂၂) ဦး။ မ (၂၅) ဦး ။ ပေါင်း (၁၄၇) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ခြောက်လှန့်ပစ်ခတ်မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံသား (NAGAKIMJI) အသက် ၅၅နှစ် ခန့်ရှိ ပစ်စ်ပို့ အမ်အက်စ် ဝဝ၂၂၂ဝဝဝ ဓါတ်ပုံသမား ကျား(၁) ဦးမှာ ယာဘက်ဝမ်းဗိုက်အောက် ထိမှန်သေဆုံးခဲ့ပါသည်။

အောက်ပါဒဏ်ရာရရှိ ဖမ်းဆီးရမိသူများအား ရန်ကုန်ဆေးရုံကြီးသို့ (၁၃း၃၅) ချိန် ပို့ဆောင်ပေးခဲ့။ (အားလုံးစိုးရိမ်ရ)
(က) ဦးရှယ်လစ် ၄၁ နှစ် (ဘ) ဦးလှသောင်း၊ အမှတ် ၁၃ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ဝဲခြေသလုံး ထိမှန်။
(ခ) သူရိန်လင်း ၁၉ နှစ် (ဘ) ဦးအောင်မြင့်၊ အမှတ် ၆၉ ၊ ဇေယျသိဒ္ဓိလမ်း၊ ကျောက်မြောင်းရပ်ကွက်။ တာမွေမြို့နယ်၊ (ဝဲရင်အောက်ထိမှန်)
(ဂ) မြသန်းထိုက် ၂၆ နှစ် (ဘ) ဦးမြသန်း၊ အမှတ် ၃၄၅ ဥက္ကလာပလမ်း၊ (ဇ/တောင်) ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်၊ (ဝဲပါးစပ်အနီးထိ)

(၁၄း၃ဝ) ချိန်တွင် အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ် လေးထောင့်ကန်လမ်းရှိ ဆူပါဝမ်းမားကက်ရှေ့၊ မြောက် / အရှေ့ မြင်းပြိုင်ကွင်းထောင့်တွင် လူအင်အား (၁ဝဝဝ) ခန့်စုရုံး နေသဖြင့် ရတ ခမရ ၁ဝ၆ စက ၁နှင့် ခွဲ ၁ ခွဲ ၊ရတခမရ ၃၁၃ စက ၁နှင့် ခွဲ၁ခွဲတို့အား လေးထောင့်ကန်လမ်းအတိုင်း စူပါဝမ်းမားကက်ဘက်မှ ထိုးဖောက် ရှင်းလင်းစေခဲ့။

(၁၅းဝဝ) ချိန်တွင် ရတခမရ၁ဝ၁ စက၁/၂နှင့် ခွဲ၎ခွဲသည် အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်း တောင်မှ မြောက်သို့ ထွက်ခွာလာစဉ် လူအင်အား (၁ဝ,ဝဝဝ) ခန့်မှ အဆာဟိမှန်ဆိုင်ရှေ့တွင် မှန်ကြီးများထည့်သည့် သစ်သားဘောင်များဖြင့် လမ်းအား ပိတ်ဆို့ တားဆီးထားသည်ကို တွေ့ရှိရ၍ ရပ်တန့်ပြီး အတူ လိုက်ပါလာသည့် ရန်ကုန်တိုင်းရဲမှူး အေးသန်းမှ လက်ကိုင်အသံချဲ့စက်ဖြင့် လူစုခွဲရန် ၃ ကြိမ် ပြောခဲ့သော်လည်း လူစုကွဲမသွားသောကြောင့် ပိတ်ဆို့ထားသည့် သစ်သားတန်းများအား ဖယ်ရှားပြီး လူစုကွဲရန် မီးခိုးဗုံး ၃လုံး ပစ်ခတ်ခဲ့သော်လည်း လူအုပ်စုကွဲသွားခြင်း မရှိသဖြင့် သေနတ်ဖြင့် ၈ချက်ခန့် မိုးပေါ်ထောင်ဖောက်ခဲ့ ။

သို့သော် လူအုပ်စုကွဲသွားခြင်း မရှိခြင်းကြောင့် ရာဘာကျည်ဖြင့် ပစ်ခတ်ရှင်းလင်းမှသာ ပိတ်ဆို့နေသော လူအုပ်စုသည် ထွက်ပြေးသွားခဲ့။ လိုက်လံဖမ်းဆီးရာ ရဟန်း ၂ပါး၊ ကိုရင် ၁ပါး၊ ကျား ၁၃ဝ ဦး ၊ မ ၄ဝဦး၊ ဖမ်းဆီး ရမိပြီး လမ်းဘေးရှိ အကျယ် ၁ပေခွဲ အနက် ၂ပေခွဲခန့် ရှိ ကွန်ကရစ် ရေမြောင်းအတွင်း အသက် ၂၁ နှစ်ခန့်ရှိ ကျား ၁ဦး နှင့် အသက် ၂ဝနှစ်ခန့်ရှိ မ ၁ဦးအား ၁၅ပေ ခန့် ကွာလျက်သေဆုံးနေသည်ကို တွေ့ရှိရ သေဆုံးသူ ၂ ဦးအား စိစစ်ရာ အမျိုးသမီးမှာ ရေမြောင်းထဲ ပြုတ်ကျကာ ရေမြောင်းဘောင်နှင့် နောက်စေ့ ရိုက်မိဒဏ်ရာဖြင့် သေဆုံးနေကြောင်းနှင့် အမျိုးသားမှာ ရေမြောင်းအတွင်း မှောက်လျက် ပြုတ်ကျဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သိရှိရ။

(၁၄း၃ဝ) ချိန် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းအတိုင်း ချီတက်လာသော လူထုအင်အား (၁,ဝဝဝ) ခန့်သည် နိုင်ငံတော်အလံ လွင့်ထူ၍ ခွပ်ဒေါင်းအလံ ၁ခု ကိုင်ဆောင်ပြီး ကျိုက္ကဆံလမ်းအတိုင်း ချီတက် လာခဲ့ရာ ကျောက်မြောင်းမီးပွိုင့် တာမွေလမ်း သျှင်ပါကူဆေးခန်းရှေ့၊ တာမွေငါးခွဆုံ မီးပွိုင့်တို့ကို ဖြတ်၍ အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်း ဆက်လက် ချီတက်လာရာမှ (၁၅းဝဝ) ချိန် အထက (၃) တာမွေ ရှေ့သို့ ရောက်ရှိခဲ့။

(၁၃း၎ဝ) ချိန် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမှတဆင့် စူပါဝမ်းကုန်တိုက် ဘက်မှ ချီတက် လာသောသံဃာ (၇ဝ)၊ လူ (၃ဝဝ) ခန့်တို့ အလယ်တွင် စစ်ကား ၃စီး၊ ရဲကား ၂စီး၊ စွမ်းအားရှင် ကား ၃စီး၊ ပေါင်း ၈ စီးတို့မှ ပိတ်မိနေခဲ့သဖြင့် (၁၅း၁၅) ချိန် သေနတ်တစ်ချက် မိုးပေါ်သို့ ပစ်ဖောက်၍ (၁၅း၂၅) ချိန် အတွဲလိုက် ပစ်ဖောက်ကာ (၁၅း၃၅) ချိန် ကား ၈ စီးလုံး လမ်းရှင်း ထွက်ခွာလာခဲ့ရာ အထက (၃) တာမွေရှေ့တွင် လူ(၂) ဦး သေဆုံးခဲ့ပြီး (၁၅း၄၅) ချိန် လေးထောင့်ကန်လမ်းအတိုင်း ထွက်ခွာ၍ (၁၆းဝဝ) ချိန် စူပါဝမ်းစင်တာရှေ့၌ ထပ်မံလူစုခွဲခဲ့။

(၁၆းဝဝ) ချိန် အင်အား၂၅ဝ ခန့်သည် တာမွေငါးခွဆုံ မီးပွိုင့်သို့ “ကမ္ဘာမကြေ” သီချင်း သီဆို၍ ထွက်ခွာ သွားခဲ့ပြီး ကျန် ၂ဝဝ ခန့်သည် (၁၆း၃ဝ) ချိန်တွင် အသီးသီး လူစုခွဲ ပြန်လည်ထွက်ခွာ သွားကြပါသည်။

(၁၅း၃ဝ) ချိန်တွင် ကမ်းနားလမ်းမှ ပန်းဆိုးတန်းလမ်းအတိုင်း အထက်ပန်းဆိုးတန်း ခုံးကျော်တံတား ပေါ်သို့ တက်လာသော ဆူပူဆန္ဒပြလှုပ်ရှားသူ လူထု ၅ဝဝဝ ခန့်အား ရတခမရ ၇ဝ၄ စက၁/၂ နှင့် ခွဲ၎ခွဲ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စွမ်းအားရှင်အဖွဲ့တို့မှ ပိတ်ဆို့တားဆီးခဲ့။ မယကဥက္ကဌ ဦးစီးအဖွဲ့တို့မှ အသံချဲ့ စက်ဖြင့် လူစုခွဲရန် အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သော်လည်း ဆန္ဒပြအဖွဲ့သည် လူစုခွဲခြင်းမရှိဘဲ မိမိလခရ တပ်ဖွဲ့ဝင်များအား ခဲ၊တုတ်၊လောက်လေးခွတို့ဖြင့် ပစ်ခတ်ပြီး ၅ ကိုက်အကွာ ရောက်သည်အထိ အတင်းဝင်ရောက် လုံးထွေးရန်ကြိုးစားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် အဓိကရုဏ်း နှိမ်နင်းရေး လောင်ချာဗုံးသီး မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲရာ (၁၆းဝဝ) ချိန်တွင် လူစုကွဲသွားခဲ့။

အနီးကပ် ဝင်ရောက်လုံးထွေးသော ဆန္ဒပြသူများအား ရာဘာဗုံးပစ်လောင်ချာဖြင့် ဖြိုခွင်းခဲ့ရသဖြင့် အမျိုးသား အမည်မသိ ၁ဦး ၂၇ နှစ်သည် ရာဘာဗုံးသီး ထိမှန် သေဆုံးသွားခဲ့။ (၁၆း၁၅) ချိန် တောင် ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းပေါ်တွင် ဆူပူဆန္ဒပြလှုပ်ရှားသူ လူထုအင်အား (၂ဝ,ဝဝဝ) ခန့်သည် ဝေဇယန္တာ ပရိယတ္တိစာသင်တိုက်သို့ သုမင်္ဂလာလမ်းမှ တစ်ဆင့် သစ္စာလမ်းအတိုင်း ချီတက် လာသဖြင့် ရတခမရ ၇ဝ၂ စက ၁ နှင့်ခွဲ၂ခွဲ ၊ မြောက်ပိုင်း ခရိုင် ခယက ဥက္ကဌဦးစီး စွမ်းအားရှင်အဖွဲ့တို့မှ ပိတ်ဆို့တားဆီးခဲ့။ လူစုခွဲရန် အကြိမ်ကြိမ်သတိပေး တားမြစ်သော်လည်း ရပ်တန့်မှုမရှိဘဲ ပိတ်ဆို့ ရှင်းလင်းရေး ဆောင်ရွက်နေသော လူထုအတွင်း ကျွံဝင်သွားသည့် မိမိတပ်ဖွဲ့ဝင် လုံခြုံရေး စစ်သည်များ၏ လက်နက်ငယ်များအား ဝိုင်းဝန်းလုယက်သည်အထိ တင်းမာလာခဲ့။

အဓိကရုဏ်း နှိမ်နင်းရေးလောင်ချာ ၃လက်ဖြင့် ရာဘာဗုံးသီး ၄၅ လုံး ပစ်ခတ်ပြီး ရှင်းလင်းဆောင်ရွက်ခဲ့စဉ် (၁၆း၂၅) ချိန်တွင် ဆန္ဒပြ ဆူပူလှုပ်ရှားသူများမှာ လူစုကွဲသွားခြင်း မရှိသည့်အတွက် ရတခမရ ၇ဝ၂ မှ လက်နက်ငယ် ၂ဝ ချက် မိုးပေါ်ထောင်၍ ပစ်ခတ်သော်လည်း လုံးဝရပ်တန့်မှု မရှိသည့်အပြင် အတင်းတိုးဝင် သဖြင့် ထပ်မံပစ်ခတ်ရာမှ အရပ်သား၃ဦး ထိမှန်သေဆုံးးခဲ့။

(၁၆း၁၅) ချိန် တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဝေဇယန္တာပရိယတ္တိ စာသင်တိုက်အနီး ဝေဇယန္တာနှင့် သစ္စာလမ်းဆုံရာတွင် ဆန္ဒပြဆူပူလှုပ်ရှားသူ လူထုအင်အား(၂ဝ,ဝဝဝ) ခန့်သည် ဆန္ဒပြနေစဉ် ရတခမရ ၇ဝ၂ စက ၁ နှင့် ခွဲ၂ခွဲ၊ မနရတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စွမ်းအားရှင်အဖွဲ့တို့မှ ပိတ်ဆို့ တားဆီးခဲ့။ မြောက်ပိုင်းခရိုင် ခယကဥက္ကဌ ဦးစီးအဖွဲ့မှ အသံချဲ့စက်ဖြင့် လူစုခွဲရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ဆန္ဒပြ အဖွဲ့သည် လူစုခွဲခြင်းမရှိပဲ မိမိလခရတပ်ဖွဲ့ဝင်များအား ခဲ၊တုတ်၊များဖြင့် ပစ်ခတ်ပြီး လူအင်အားဖြင့် ဝင်ရောက်လုံးထွေး ရန်ကြိုးပမ်းစဉ် စွမ်းအားရှင်များမှ ပြန်လည်ရိုက်နှက် လူစုခွဲ ထိန်းသိမ်းရာမှ ဆန္ဒပြသူ ၁ ဦး သေဆုံးသွားခဲ့။

ဆေးရုံသို့ ရောက်ရှိသည့် သေဆုံးထိခိုက်ဒဏ်ရာ ရရှိသူစာရင်း
(က) အမျိုးသား ၁ဦး (၃ဝ) နှစ်ခန့် (အမည်၊ အဘ၊ နေရပ် စိစစ်ဆဲ) ဆီးခုံ အထက်ဖောက်ဝင် ၁ချက်၊သေဆုံး။
(ခ) ဒေါ်ဖြူဖြူဝင်း (၄၅) နှစ် ၊ အဘ(စီစစ်ဆဲ) ၊အမှတ် ၁၉ ကျောင်းလမ်း၊ ရွှေပြည်သာ မြို့နယ် နေသူမှာ ဝဲလက်ဖျံစုတ်ပြဲ၊ ဝဲနို့အုံ စုတ်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိ။
(ဂ) ဝင်းထွန်း ၂၇ နှစ် ၊ (ဘ) ဦးထွန်းမြင့် အမှတ် (၂ဝ၁) အခန်း ၃၁ဝ ။ဘုရားလမ်း ကမာရွတ်မြို့နယ်၊ နေသူ မှာ ညာတင်ပဆုံ ပေါက်ပြဲဒဏ်ရာ၁ချက် ။ (မစိုးရိမ်ရ) ရရှိ။
(ဃ) ဟန်လင်းထွန်း ၊ ၂၅ နှစ် ၊ (ဘ) ဦးလှထွန်း၊အမှတ် ၃၅၉ ။ အနော်မာလမ်း ၉၃ ရပ်ကွက် ဒဂုံ ဆိပ်ကမ်းမြို့ နယ် နေသူမှာ ယာပေါင်ပေါက်ပြဲဒဏ်ရာ၂ချက်။ (မစိုးရိမ်ရ) ရရှိ။

စက်တင်ဘာ၂၉ရက် (၁၄းဝ) ချိန်တွင် လမ်းမတော်မြို့နယ်မှ စွမ်းအားရှင်များ တင်ဆောင်လာသော ယာဉ်အမှတ် ၆က /၉၆၆၂ (ဒိုင်နာဖြူငှား) ယာဉ်အား လသာမြို့နယ် အနော်ရထာလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းဆုံတွင် လူ၃ဝဦးခန့်တို့မှ ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ အောက်ဖော်ပြပါ အတိုင်း ထိခိုက်ဒဏ်ရာရ ရှိခဲ့။
(က) ဆွေအောင်၂ဝနှစ်။(ဘ)ဦးမောင်လှအမှတ်၄၄။၇လမ်း၊၃ရပ်ကွက် လမ်းမတော်မြို့ နယ်နေသူမှာ အပေါ် နုတ်ခမ်း ပေါက်ပြဲဒဏ်ရာရ
(ခ) နော်ထွန်း၂၁နှစ်၊(ဘ) ဦးကျော်မြင့်၊ အမှတ်(မရှိ) ရေစက်ဝင်း လမ်းသစ်ရိပ်သာ ၁၁ ရပ်ကွက် လမ်းမတော် မြို့နယ် နေသူမှာ ယာနားနောက် ဖူးရောင်နာကျင်ဒဏ်ရာရ။

၁။ ၂ဝဝ၇ စက်တင်ဘာ ၃ဝရက် (၁၅း၃၅) ချိန်တွင် အင်းစိန် GTC ထိန်းသိမ်းရေးစခန်း၌ အောင်ကျော်ဦး ၄၂နှစ် (ဘ) ဦးစိုးမြင့်၊ အမှတ်(၃၈၅) မြောင်းမြလမ်း (၁ဝ) ရပ်ကွက်၊ ရွေပြည်သာ နေသူသည် စိတ္တဇ ရောဂါနှင့် ဝက်ရူးပြန်ရောဂါတို့ဖြင့် ရုတ်တရက် သေဆုံးသွားခဲ့ပါသည် ။

၂ဝဝ၇ စက် ၃ဝဝ၆ဝဝချိန်တွင် သက်နိုင်ဦး ၃ဝနှစ် (ဘ) ဦးအုန်းမြင့် တိုက် ၄ အခန်း (ဝဝ၂) ယုဇနမြို့တော် (A-Block)တွင် နေထိုင်သူ စက်၂၉၁၂ဝဝချိန် အနော်ရထာလမ်းနှင့် ဆူးလေမီးပွိုင့်၌ ဖမ်းဆီးရမိသူသည် ကျိုက္ကဆံ ယာယီထိန်းသိမ်းရေး စခန်းတွင် အိပ်ရာထရန် နိုးစဉ် ပြင်ပဒဏ်ရာမရှိဘဲ သေဆုးုံလျက်ရှိ။ ၂ဝဝ၇ စက်တင်ဘာ ၃ဝရက် (၁၅း၃၅) ချိန်တွင် အင်းစိန် GTC ထိန်းသိမ်းရေးစခန်း၌ ဦးသန်းအောင် ၄၃နှစ်(ဘ) ဦးတင်မောင်အေး အမှတ်၉၂၈ အင်းဝလမ်း ၆ရပ်ကွက် တောင်ဥက္ကလာပမြို့နယ် နေသူသည် စိတ်ဝေဒနာ လက္ခဏာပြင်းထန်စွာ ဖြစ်ပေါ်နေသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် (ဝ၈းဝဝ) ချိန်တွင် လမ်း၌ သေဆုံးသွားခဲ့။

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews