သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Saturday, May 9, 2009

ဒေါ်အောင်ဆန်းစုကြည်ထံသို့ မိသားစုဆရာဝန်က ယနေ့ သွားရောက်ခွင့် ရသည်

အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မိသားစုဆရာဝန်က ယနေ့ သွားရောက်ခွင့် ရသည်ဟု အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်က ဘီဘီစီ သတင်းဌာနကို ပြောပြခဲ့သည်။

အာဏာပိုင်တို့က ဒေါ်စုကို ပြီးခဲ့သည့်နှစ်မှစတင်၍ လစဉ် ပထမဦးဆုံး ကြာသပတေးနေ့များတွင် ဆရာဝန်နှင့် ကျန်းမာရေး စစ်ဆေးခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ကျန်းမာရေး စစ်ဆေးရမည့်နေ့ ဖြစ်သော်လည်း ဆရာဝန် သွားရောက်ခွင့် မရခဲ့ပေ။ ဒေါ်စုအိမ်အတွင်း လူတဦး ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားသည့် နောက်ဆက်တွဲ အကြောင်းအရာများကြောင့် လုံခြုံရေး ပိုမို တင်းကြပ်ထားသည်ဟုလည်း ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။

ရန်ကုန်မြို့ နေအိမ်တွင် အထိန်းသိမ်းခံနေရသူ ဒေါ်စုထံ မိသားစု ဆရာဝန် တလတကြိမ် သွားရောက်ခွင့် ရခြင်းမှာ ထူးခြားမှု မဟုတ်သော်လည်း ယခုရက်ပိုင်းအတွင်း ဖြစ်ရပ်များကြောင့် ယနေ့ ဆရာဝန် သွားရောက်နိုင်မှုကို အများက စိတ်ဝင်စားနေကြသည်။

“တွေ့ဖြစ်တယ်၊ သေချာတယ်၊ နောက်ပြီးတော့ ကြာကြာတွေ့ဖြစ်တယ် ဆိုတာတော့ သေချာတယ်” ဟု ဦးဝင်းတင်က ဘီဘီစီ သတင်းဌာနကို ပြောပြခဲ့သည်။

သို့သော်လည်း ဒေါ်စု နှင့် အဖွဲ့ချုပ် ခေါင်းဆောင်များအကြား ထုံးစံအတိုင်း ဆက်သွယ်မှု လုံးဝမရှိဟု ဆိုသည်။

“ဘာတွေ ပြောလိုက်တယ် ဆိုတာတော့ မသိရသေးဘူး။ ကျနော်တို့ ဘာမှ message မရဘူးဗျ၊ ဘာဖြစ်လို့လည်းဆို ကျနော်တို့က ဒေါက်တာတင်မျိုးဝင်းနဲ့ သိပ် အဆက်အသွယ် မရှိဘူး၊ တွေ့နေကျကိစ္စ ထိခိုက်မှာ စိုးလို့” ဟု ဦးဝင်းတင်က ရှင်းပြသည်။

ဆရာဝန်နှင့် သူတို့ ဆက်သွယ်ပါက ဒေါ်စု၏ တလတကြိမ် ပုံမှန် ဆေးကုသခွင့် ရုပ်သိမ်းခံရမည်ကို အဖွဲ့ချုပ် ခေါင်းဆောင်များက စိုးရိမ်နေခြင်းဖြစ်သည်။

ဒေါ်စုသည် ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က ဒီပဲယင်းဒေသတွင် လုပ်ကြံခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း နောက်တနေ့တွင် ဖမ်းဆီးခံရပြီး ထိန်းသိမ်းခံရသည်မှာ ယနေ့အထိ ဖြစ်သည်။ လာမည့် ၃၁ ရက်နေ့တွင် ၆ နှစ်ပြည့်ပြီ ဖြစ်သည်။ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေဖြင့် ထိန်းသိမ်းသည်ဟု သိရသည်။

စစ်အစိုးရ ပြောကြားသည့် ထိုဥပဒေ၏ ပုဒ်မ ၁ဝ(ခ) အရ ထိန်းသိမ်းသည် ဆိုပါက ၅ နှစ်သာ ထိန်းသိမ်းခွင့် ရှိသည်ဟု နိုင်ငံရေးသမားများက ထောက်ပြကြသည်။ သို့သော်လည်း အစိုးရကမူ ၆ နှစ်အထိ ဖမ်းဆီးထားနိုင်ကြောင်း လေသံ ပစ်ထားသည်။

အစိုးရပြောသည့် ၆ နှစ်သည် ရက်ပိုင်းအတွင်း ပြည့်တော့မည် ဖြစ်သောကြောင့် ဒေါ်စုအား လွတ်လပ်ခွင့် ပေးရတော့မည်ဟု နိုင်ငံရေးသမားများက ပြောနေကြသည်။

ဒေါ်စု၏ ရှေ့နေများကမူ ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး အစိုးရကို အယူခံလွှာ တင်သွင်းခဲ့သည်။ ဥပဒေကြောင်းအရ လုပ်သင့် လုပ်ထိုက်သဖြင့် အယူခံတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါအယူခံကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗိုလ်ချုပ်ကြီးများက ပလပ် ပယ်ချလိုက်သည်။

ဗိုလ်ချုပ်ကြီးများ အကြောင်းပြန်သည့် စာထဲတွင် ပယ်ချရသည့် အကြောင်းရင်းမှာ ဥပဒေကြောင့် ဟု ဆိုသည်။

“စာထဲမှာ ဘာပါလာလဲဆိုတော့ အယူခံ စိစစ်ရေးအဖွဲ့ ဖွဲ့လိုက်တယ်တဲ့။ အဲဒီ အယူခံ စိစစ်ရေး အဖွဲ့က ဌာနပေါင်းစုံမှာ ရှိတဲ့ စာတွေ ဓာတ်ပုံတွေကို ကြည့်တယ် တဲ့။ အဲလို ကြည့်ပြုပြီးတော့မှ အကြံပြုတာက ဥပဒေနဲ့ အညီ ခိုင်လုံသော အထောက်အထားများ မတွေ့ရှိရတဲ့ အတွက် ပလပ်တယ် တဲ့။ အဲဒါတွေ ပါပါတယ်” ဟု ဒေါ်စု၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ခေတ်ပြိုင်ဂျာနယ်ကို ယနေ့ ပြောပြသည်။

ဒေါ်စုထံသို့ ရှားရှားပါးပါး သွားရောက်ခွင့် ရသူထဲတွင် အဆိုပါ ဦးကြည်ဝင်းလည်း တဦး အပါအဝင် ဖြစ်သည်။ ဒေါ်စုနှင့် တွေ့ဆုံခွင့် တောင်းထားသော်လည်း သူ၏ တင်ပြချက်မှာ ရန်ကုန်မြို့ရဲထောက်လှမ်းရေး၊ နေပြည်တော်မြို့တော် ရဲထောက်လှမ်းရေး၊ ပြည်ထဲရေးဝန်ကြီးဌာန စသဖြင့် အဆင့်ဆင့် ဖြတ်သန်းရမည် ဖြစ်သောကြောင့် “ကြာဦးမယ်ထင်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒေါ်စုနှင့် ပုံမှန် တွေ့ခွင့်ရသူ အခြား ၂ ဦး ရှိသေးသည်။ ၎င်းတို့မှာ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့မှ ဒေါ်ခင်ခင်ဝင်း နှင့် သမီးဖြစ်သူ မဝင်းပပတို့ ဖြစ်သည်။ အာဏာပိုင်တို့က သူတို့ ၂ ဦးကို ဒေါ်စုနှင့် အတူနေပြီး နေထိုင်စားသောက်ရေးများတွင် ဝိုင်းဝန်း ကူညီရန် ခွင့်ပြုထားသည်။

သူတို့ ၂ဦး၏ ရန်ကုန်မြို့တွင်း သွားလာမှုများကို ထောက်လှမ်းရေးတို့က အနီးကပ် လိုက်လံစောင့်ကြည့် မှတ်တမ်းတင်သည့် သတင်းများ ယမန်နှစ်က ထွက်ပေါ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုလုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ထို့ကြောင့် ၂ဝဝ၈ စက်တင်ဘာမှ စတင်ပြီး ထောက်လှမ်းရေးတို့က သူတို့ ၂ ဦးကို အနီးကပ် လိုက်လံ ထောက်လှမ်းခြင်း မရှိတော့ဟု သိရသည်။
( အာဇာနည် )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews