သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Friday, May 8, 2009

သာလာယံရုံးခန်းစနစ် မြန်မာလို ရနိုင်ပြီ

ဝက်မာစတာ သာဂိ

အိုပင်းအော့ဖစ်လို့ ခေါ်တဲ့ အခမဲ့ ရုံးသုံးထောက်ကူ ကွန်ပျူတာစနစ် အသစ်တခု ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာ အဖိုးအခပေး ၀ယ်သုံးရတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ အော့ဖစ်ဆော့ဝဲကို ပုခုံးချင်းယှဉ်ပြီး ပရိသတ်ကို ဆွဲဆောင်နေတဲ့ အခမဲ့အော့ဖစ်ဆော့ဝဲပေါ့ခင်ဗျား။ အခု သူ့စနစ်အဆင့်က သုံး ဒဿမ တစ် လို့ ကြေငြာချက်ထဲမှာ ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ကွန်ပျူတာနည်းပညာနယ်ပယ်မှာ နေရာတကာ အဖိုးအခပေးမှ အလုပ်ဖြစ်တဲ့နေရာဆိုတော့ အခုလို အလကား အသုံးချစနစ်တွေ ပေါ်လာတော့ သုံးစွဲမယ့်သူတွေက သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ အလကားသုံးရတာ တန်ပ့ါမလားပေါ့လေ။ အဲပြီးတော့ အဲဒီက မြန်မာစာဘာသာစကားစနစ်ကလည်း တခါတည်းပူးတွဲပါလာပြီဆိုတော့ မျက်လုံးတွေတောင် ကျွတ်ကုန်မယ် ထင်တယ်။

အဲသလိုပေးနေတာတော့ ကြာပါပြီ။ လုပ်ကြည့် စမ်းကြည့်တဲ့သူတွေလည်း ဒုနဲ့ ဒေးပါပဲ။ မတွင်ကျယ်သေးတာပါ။ စမ်းကြည့်ကြပါ။ အားနာစရာတော့ လိုမယ် မထင်။ အလကားပေးတဲ့ဟာ မကြိုက်မှတော့ ပိုက်ဆံပြန်အမ်းခိုင်းစရာမှ မလိုတာပဲလေ။

သူတို့ထုတ်ပြန်တဲ့ မြန်မာလိုကို ပိတောက်၊ သို့မဟုတ် ပုရပိုဒ် သို့မဟုတ် မြန်မာသရီးတို့နဲ့ ဖတ်ကြည့်လို ရပါတယ်။ အဲ … ဇော်ဂျီနဲ့ ဘီအိုင်တီတို့တော့ မပါပေဘူး။ သူတို့ရဲ့ အဆင့်မြင့်တဲ့ ယူနီကုတ် ၅ ဒဿမ တစ် တွေနဲ့ ဆိုရင်တော့ အိုကေပဲတဲ့။

အောက်က အိုးပင်းအော့ဖစ် ၃.၁ ထုတ်ပြန်တဲ့ သတင်းကြေငြာချက်ကို ကူးထည့်ပေးလိုက်တယ်။ သူတို့က ပိတောက်နဲ့ ထုတ်ထားတာဆိုတော့ ကနောင်သုံးပြီး ဇော်ဂျီပြန်ပြောင်းလို့ မိုးမခဒေါ့ကွန်မှာ မိတ္တူပွားလိုက်ရတာပေါ့နော။

အင်း … မိုးမခ၀က်ခြံကလည်း ယူနီကုတ် နောက်အစစ်တမျိုးဆိုတဲ့ ပိတောက်တို့၊ ပုရပိုဒ်တို့နဲ့ ဖတ်လို့ရအောင် ဆောင်ရွက်နေသော်ငြားလည်း သိတော်မူကြတဲ့အတိုင်း အခမဲ့ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြတာဆိုတော့ စေတနာ့ဝန်ထမ်းတွေရဲ့ မျက်နှာကြည့်နေရတဲ့ အလုပ်ကိုးလေ …။ ပိုက်ဆံရတဲ့အလုပ်မှာ အလုပ်ရှင်က မျက်နှာအလွန်ကြီးပါတယ်။ ပိုက်ဆံမရတဲ့အလုပ်ကတော့ (စေတနာ့) ၀န်ထမ်းတွေက အရှင်သခင်တွေပါ။ သူတို့တွေနဲ့ ဖြေးဖြေးချင်း စမ်းသပ်ပါဦးမယ်။

မောင်ရစ် တယောက်ကတော့ ကွန်ပြူတာတွေ အင်တာနက်တွေ မလုပ်ချင်တော့ဘူးတဲ့။ ဒီခေတ်ကြီးမှာ ရေမကူးတတ်တာ မျက်နှာအလွန်ငယ်ဆိုပြီး ရေကူးသင်တန်းသွားတက်မယ်လို့ ပြောတာပဲ။

အောက်မှာ ဆက်ဖတ်ပေတော့ - အိုပင်းအော့ဖစ် အာဘော်။ စာလုံးပေါင်းသတ်ပုံ သည်းခံပါ။
[ ဆက်ဖတ်ရန် +/- ]

၂၀၀၉ ခုမေလ ၇ ရက် -- The OpenOffice.org Community ဟာ OpenOffice.org 3.1 ကိုအများပြည်သူတို့ ရယူသုံးစွဲနိုင်ကြပြီဖြစ်ကြောင်း ဒီနေ့ ကျညောလိုက်ရာ၊ လွတ်လပ် စွာသုံးလို့ရနိုင်ကာ ရုံးသုံးစရာအစုံအလင်ပါတဲ့ ကမ်ဘာ့နာမည်ကြီး ပရိုဂရမ်ကို သိသိသါသါ မြှင့်တင် ပေးလိုက်မှု ဘဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလမှာ OpenOffice.org 3.0 ထုတ်ပြန်ခဲ့တဲ့နောက်ပိုင်း OpenOffice.org ဝက်ဘ်ဆိုက်တခုတည်းမှာကိုဘဲ အကြိမ်ပေါင်း သန်း ၅၀ ကျော် ကူးချယူခဲ့ ကြကြောင်း မှတ်တမ်းရှိပါတယ်။ ဘာသာစကား ၉၀ ကျော်ဖြင့်ထုတ်ဝေထားကာ အဓိကရ ကွန်ပျူတာ ပလက်ဖောင်းများ မှာသုံးနိုင်တဲ့ OpenOffice.org 3.1 ကို အခမဲ့ ကူးချယူမှုဟာ အဲဒီစံချိန်ကို ချိုးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။





The OpenOffice.org Community ဟာ မိမိရဲ့ သုံးစွဲကြသူများကို နားထောင်ပါတယ်။ အရင်တုံးက OpenOffice.org မူကွဲဟောင်းတွကေို သုံးစွဲခဲ့ကြသူတို့အား သူတို့ ‘အလိုချင်ဆုံး’ အချက်အသစ်တွကေို မေးမြန်းခဲ့ရာ အဲဒီဆန်ဒပြုချက်စာရင်းဟာ မူအသစ်ကို ပုံသွင်းရာမှာ ကူခဲ့ပါတယ်။ အခုမူအသစ်ထဲမှာပါ ထင်မြင် ချက်များပြန်ပို့ပေးရေးစနစ်ပါရာ သုံးစွဲကြသူတို့ဟာ OpenOffice.org သုံးစွဲမှု ဆိုင်ရာ မိမိအမြင်များကို တီထွင် ရေးဆွဲပေးခဲ့ကြသူတို့ထံကို လွယ်ကူစွာပို့ပေးနိုင်ကြပါတယ်။



OpenOffice.org အတွက် တခုတည်းသော အကြီးကျယ်ဆုံး အပြောင်းအလဲ (ကို့ဒ်လိုင်းပေါင်း သန်းဝက်) နှင့် အထင်ရှားဆုံး လုံးဝပုံစံတမျိုးဖြစ်သွားတာက ဖန်သားပြင်ဇယားပုံများဘဲ ဖြစ်ကြပါတယ်။ ကျွမ်းကျင်ပါရဂူတို့က အဲဒါကို anti-aliasing လို့ခေါ်ကြပေမယ့် သုံးစွဲကြသူတို့ကတော့ ဖန်သားပြင်ဇယားပုံတွေ အရောင်ပိုပြီး ကြွတက်လာတာကို သဘောကျကြပါတယ်။ အဲဒီလို တိုးတက်လာတဲ့ ပုံသဏ်ဍန်ကြောင့် ပုံတွကေိုဆွဲယူသွား ရာတွင်၊ ရွေးလိုက်တဲ့စာသားကို အထူးဖေါ်ပြပေးရာတွင်၊ ပြီးတော့ စာသားကိုမျဉ်းသားပေးနိုင်စရာအချက် စသဖြင့် တခြား မသိမသာအပြောင်းအလဲလေးတွပေါ ရှိပါတယ်။



အခြေခံအကျဆုံး အချက်အလက်အသစ်များဟာ ဒီလိုရှိကြပါတယ် -

စာရေးခြင်း (စာလုံးများစီစဉ်ခြင်း)

* မှတ်ချက်ရေးရာတွင် ပိုကောင်းလာခြင်း - ဖြေကြားရာတွင် အခု့ ‘အျပန္အလွန္ဆြေးနြေးမွု’ လုပ္လာနိုင္ပါျပီ

* သဒ္ဒါစိစစ္မွု ပိုပြီးပြည့်စုံလာခြင်း

* ရှုပ်ထွေးကြတဲ့ စာတမ်းများအတွက် စာပိုဒ်ခွဲမှုအဆင့်ပိုများလာခြင်း

တွက်ချက်ရေး (စာရင်းလွှာ)

* အသုံးများတဲ့ ဖေါ်မြူလာညွှန်းချက်များ၊ ဖေါ်မြူလာများအတွက် ပိုကောင်းတဲ့နည်းအသစ်ပါပါတယ်။

* ရွေးထုတ်မှု ပိုကောင်းလာခြင်း

* လုပ်ကိုင်ရာတွင် ရှိခဲ့ကြတဲ့ ပြဿနာများကို ဖယ်ရှားပစ်နိုင်ခြင်း

* အခြေပြဘားတန်းမှာ ချုံ့ /ချဲ့ ရွှတေ့န်း ထည့်ပေးထားခြင်း



* နှစ်ခါနှိပ်ခလုတ်ဖြင့် စာရင်းလွှာများကို နာမည်​ပြောင်းနိုင်ခြင်း

ကားချပ် (ပုံထုတ်အင်ဂျင်)

* သိပ်ပံနှင့် ပညာရေးအသုံးချမှုများအတွက် ဝင်ရိုး နေရာကို လွယ်ကူစွာသတ်မှတ်ပေးနိုင်ခြင်း

* ‘‘ပျောက်နေကြတဲ့’’ ဒေတာများကို လွယ်ကူစွာ ကိုင်တွယ်နိုင်ခြင်း



တင်ပြမှု (တင်ဆက်ပြသမှု)

* ဖောင့်အရွယ် ခလုတ်များ



အျေခခံ (ေဒတာအျေခခံ)

* SQL ဘာသာစကားစည်းမျဉ်းဆိုင်ရာကို အထူးဖေါ်ပြလာနိုင်ခြင်း

* မက်ခရို (macro) အသုံးချစရာများကို အလွယ်တကူ နေရာချပေးလာနိုင်ခြင်း



နိုင်ငံတကာပုံသွင်းခြင်း နှင့် ဒေသန်တရမူသွင်းခြင်း

* ဦးတည်ချက်နှစ်မျိုးနှစ်ခွ စာမူများအတွက် ပံ့ပိုးမှု ပိုကောင်းလာခြင်း

* ဒေသန်တရမူ ပံ့ပိုးမှု အသစ်ပါလာခြင်း



ဒါတွအေပြင် OpenOffice.org မှာ ပိုကောင်းတဲ့ ဖိုင်သော့ခတ်စနစ် အခုရှိလာပြီဖြစ်ရာ သုံးစွဲကြသူတို့ဟာ သုံးသူတွနေဲ့ပလက်ဖောင်းများတဲ့ ဝန်းကျင်မှာကို ဖိုင်တွကေို လုံခြုံစွာ မျှသုံးနိုင်ကြပါပြီ။



‘‘ကျနော်တို့ဟာ ကျနော်တို့ရဲ့ သုံးစွဲကြသူတို့ကို နားထောင်အလေးထားကြတာကို OpenOffice.org 3.1 ကပြသနေပါတယ်၊ ပြီးတော့ ကမကထပြုကူပေးကြသူတို့ရဲ့ ကျနော်တို့အား ရေရှည်အားပေးမှုကျေးဇူးကြောင့် ဒီဆော့ဝဲယာကို သိသိသာသာ ပြောင်းလဲပစ်နိုင်အောင် မိမိတို့ဟာ အချိန်နဲ့ အားအင်တွကေို စိုက်ထုတ်နိုင်ခဲ့ ကြပါတယ်’’လို့ OpenOffice.org Marketing Project ခေါင်းဆောင် John McCreesh က ပြောပါတယ်။ ‘‘OpenOffice.org ထဲမှာ အခုတော့ သုံးစွဲကြသူတို့ လိုချင်ကြတဲ့ အချက်တွေ အားလုံးပါနေပြီဖြစ်ကာ သုံးရတာလွယ်ပြီး အခမဲ့ဖြစ်ပါတယ်၊ ၎င်းင်းကို ကူးချူယူလျက် စမ်းကြည့်ကြပါရန် မိမိတို့ဟာ လူတိုင်းကို တိုက်တွန်းလိုပါတယ်’’



ဒါတွအေပြင် OpenOffice.org 3.1 အခမဲ့ ကူးယူရန် နေရာမှာ

http://download.openoffice.org

အချက်အလက်အသစ်များအတွက် လမ်းညွှန်ချက်များ

http://www.openoffice.org/dev_docs/features/3.1/index.html



အဆက်အသွယ်များ

Cindy Akus (UTC -04h00)

Crossroads Publicျြelations

cakus @ crossroadspr.com

+1 (919-414-6082)

John McCreesh (UTC +01h00)

OpenOffice.org Marketing Project ခေါင်းဆောင်

jpmcc @ openoffice.org

+44 (0)7 810 278 540

Florian Effenberger (UTC +02h00)

OpenOffice.org Marketing Project တွဲဖက်ခေါင်းဆောင်

floeff @ openoffice.org

+49 151 14424108

Louis Suarez-Potts (UTC -04h00)

OpenOffice.org Community မန်နေဂျာ

Chair, Community Council

louis @ openoffice.org

+1 (416) 625 3843



နိုင်ငံတကာ ဈေးကွက် အဆက်အသွယ်များ

http://marketing.openoffice.org/contacts.html



OpenOffice.org အကြောင်း

The OpenOffice.org Community ဟာ OpenOffice.org® ခေါ်နာမည်အကြီးဆုံး လူတိုင်းသုံးနိုင်တဲ့ ရုံးသုံးပရိုဂရမ်ကို တီထွင်ပြုစုရန်၊ ဘာသာပြန်ပေးရန် နှင့်မြှင့်တင်ပေးရန် အားထုတ်နေကြတဲ့ စေတနာ့ဝန်ထမ်း သူများနှင့် ထောက်ပံ့ကြေးရကြသူများရဲ့ အဖွဲ့ဖြစ်ပါတယ်။ တီထွင်ရေးဆွဲကြသူများ စနစ်များပေါင်းစည်း ပေးလိုကြသူများ စသူတို့ဟာ OpenOffice.org ရဲ့ နောက်ဆုံးတီထွင်မှု ဆော့ဝဲယာ နည်းပညာ (UNO) ကိုရယူလျက် OpenOffice.org ရဲ့ချဲ့ထွင်မှုများထဲမှာ သို့မဟုတ် မိမိတို့ရဲ့ အသုံးချအစီအစဉ်များထဲမှာ အသုံးပြု နိုင်ကြပါတယ်။

OpenOffice.org ဟာ ဟာ OpenDocument Format OASIS Standard (ISO/IEC 26300) ကို၎င်းင်း Microsoft Office လို ရုံးသုံးပုံစံများကို၎င်းင်း အသုံးပြုနေကာ အဓီကအကျဆုံး ကွန်ပျူတာ ပလက်ဖောင်းများမှာ ဘာသာ စကား ၉၀ ကျော်တို့ဖြင့် အသုံးပြုနိုင်ပါတယ်။ OpenOffice.org ဆော့ဝဲယာကို GNU Lesser General Public Licence (LGPL) နဲ့အညီ ဖြန့်ဝေနေရာ ကိုယ်ရေး သို့မဟုတ် စီးပွါးဖြစ် ရည်ရွယ်ချက်များအတွက် အခမဲ့ အသုံးချလို့ရပါတယ်။

The OpenOffice.org Community ဟာ ကမကထပြုကူနေသူနဲ့ အခြေခံအကျဆုံး အားပေးခဲ့သူဖြစ်တဲ့ Sun Microsystems အပါအဝင် ရက်ရက်ရောရော ကူညီပေးခဲ့ကြတဲ့ ကုမ်ပဏီတသီကြီးတို့ကိုပါ ကျေးဇူးတင်လို ကြောင်း ထုတ်ဖေါ်ကျညောလိုပါတယ်။

(The OpenOffice.org အတွက် အင်ဂလိပ်သတင်း မူရင်းကို ဦးမျိုးအောင် vermakl@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it ;

http://www.proz.com/profile/851179; http://www.translatorscafe.com/cafe/member92350.htm

မြန်မာဘာသာသို့ ကူညီဘာသာပြန်ပေးပါသည်။) ( မိုးမခ )


No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews