သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Friday, April 30, 2010

စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ

နိုင်ငံနဲ့ လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်တွေကို ၀တ္တရား ကျေပြွန်အောင် မဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တရားစွဲဆိုလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ပြောပြပါတယ်။ ဘာအမှုနဲ့ တရားစွဲဆိုလိုက်သလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် စွဲခိုင်းတဲ့အမှုက တရားမ အထွေထွေ လျှောက်လွှာ။ အင်္ဂလိပ်လိုတော့ Civil Miscellaneous Application၊ အရေးယူတဲ့ ပုဒ်မက၊ စွဲတဲ့ပုဒ်မက သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နဲ့ ၅၄ တို့အရ စွဲဆိုတာ။ သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ ဆိုတာက အာဏာပိုင်ပဲဖြစ်ဖြစ်၊ ၀န်ထမ်းပဲဖြစ်ဖြစ် ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်အရ လုပ်ရမယ့် တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေရင် အဲဒီဟာကြောင့် နစ်နာသူတယောက်က တရားရုံးကိုသွားပြီး ကဲ ပုဒ်မ ၄၅ နဲ့ အဲဒီအာဏာပိုင်ကို သူ့မှာရှိတဲ့ တာဝန်ကို လုပ်ဆောင်စေဆိုတဲ့ ဒီဂရီအမိန့် ချပေးပါဆိုပြီး လျှောက်တယ်။ အဲဒါက သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၅။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“ပြန်ပြောရင် အာဏာပိုင် တရပ်ရပ် သို့မဟုတ် ၀န်ထမ်းတဦးဦးသည် ဥပဒေအရ လုပ်ရမယ်ဆိုတဲ့ တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေလို့ရှိရင် အဲဒီမှာ နစ်နာသူက နေပြည်တော် တရားရုံးကို သွားပြီးတော့ အဲဒီတာဝန်ကို လုပ်ဆောင်ပေးစေဆိုတဲ့ ဒီဂရီကို ချပေးပါ၊ အမိန့်ပေးပါဆိုပြီး လျှောက်တာ။”

ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲ ဥပဒေအရ စစ်အစိုးရ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုလည်း ပျက်ကွက်ခဲ့တာကြောင့် အရွေးကောက်ခံ လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ CEC အဖွဲ့ဝင် ဦးဉာဏ်ဝင်းအပါအ၀င် အရွေးကောက်ခံ လွှတ်တော်အမတ် ၂၆ ယောက် တို့က စစ်အစိုးရကို ပုဒ်မ ၄၂ နဲ့ တရားစွဲဆိုလိုက်တယ်လို့လည်း ဦးကြည်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“ဒီတခါကျတော့ ၄၂၊ မြွက်ဟ ကြေညာပေးဖို့ Declaratory Decree ပေါ့၊ အဲဒါကို စွဲတာ။ ဘာကို မြွက်ဟစေချင်တာလဲ ဆိုတော့ သူတို့သည် ၁၉၉၀ ပြည့်နှစ်က နအဖကပဲ၊ န၀တပေါ့ဗျာ အဲဒီအချိန်က၊ ဒါပေမဲ့ နအဖကပဲ ဆက်ခံတာ၊ အဲတော့ ဒီအစိုးရကပဲ ကျင်းပပြုလုပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပြည်သူတွေက သူ့မဲဆန္ဒနယ်နဲ့သူ ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များ၊ တနည်းအားဖြင့် ဒီကနေ့ထိအောင် တရားဝင် ကိုယ်စားလှယ်များ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို မြွက်ဟကြေညာပါ။ ဒါပဲ။

“မြွက်ဟကြေညာ ၄၂ အရ စွဲရင် သူက ဆက်ပြီးတော့ နောက်ဆက်တွဲ အကျိုးဆက် သက်သာခွင့်ကို တောင်းရမယ်။ နောက်ဆက်တွဲ အကျိုးဆက် သက်သာခွင့်က လွှတ်တော်ကို ခေါ်ပေးပါ၊ စောစောကပြောတဲ့ ပုဒ်မနဲ့ အဲဒီလို ပြန်ပြီး စွဲထားတယ်။”

ဒီနေ့ အခုလို တရားစွဲဆိုမှုကို ဗဟိုတရားရုံးမှာ တင်သွင်းခဲ့ပြီး ဒီအမှုကို လက်ခံ၊ မခံ ဆိုတာကိုတော့ မနက်ဖြန် သောကြာနေ့မှာ သိရမှာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ပြောပြခဲ့ပါတယ်။ ( ဗွီအိုအေ )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews