သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Thursday, April 22, 2010

မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှု အမေရိကန် ဆက်လုပ်မည်

မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ရုတ်တရက် ပြောင်းလဲဖို့ အလားအလာ မရှိသေးဘူးလို့ အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးရုံး ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ တနှစ်အတွင်းမှာ ဖြစ်ပေါ်လာတာ မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေကိုလည်း တနှစ်တည်းမှာပဲ ဖြေရှင်းလို့ မရဘူးလို့ ပြောခဲ့တာနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ အပတ်က လက်နက်တချို့ တင်ပို့ခဲ့တယ်ဆိုပြီး အစီရင်ခံစာတစောင် ပေါ်ထွက်လာပါတယ်။ အဲဒီကိစ္စကို သိပါသလားလို့ သတင်းထောက် တယောက်က မေးခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ခရော်လီကတော့ အဲဒီ အစီရင်ခံစာကို သေချာ မလေ့လာရသေးဘူးလို့ ဆိုပါတယ်။ အဲဒီအစီရင်ခံစာဆိုတာ ဘယ်ကထုတ်တဲ့ အစီရင်ခံစာလဲ၊ ဘာအစီရင်ခံစာလဲ ဆိုတာကိုတော့ မေးတဲ့ သတင်းထောက်ကလည်း မပြောသလို နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ခရော်လီကလည်း ပြောကြားခြင်း မရှိပါဘူး။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

သို့သော်လည်း မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ဟာ လက်နက်အရောင်းအ၀ယ် ရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်တယ်လို့တော့ မစ္စတာ ခရော်လီက အခုလို ပြောသွားခဲ့ပါတယ်။

“အဲဒီအစီရင်ခံစာကို ကျနော်တို့ ဆန်းစစ်လေ့လာခြင်း မရှိဘဲနဲ့တော့ ကျနော်တို့အနေနဲ့ ဒီအချက်ကို မှတ်သားထားရုံပဲ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သိကြတဲ့ အတိုင်းပါပဲ၊ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတွေ အားလုံးဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့အခါ အထူးသတိထားပြီး ပွင့်လင်း မြင်သာအောင် လုပ်ဆောင်ကြဖို့ တာဝန်ရှိပါတယ်။

“ပြီးတော့ မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံအကြား စစ်ရေး ဆက်နွယ်မှုတွေ ရှိနေတာကိုလည်း ကျနော်တို့ စိုးရိမ်မကင်း ဖြစ်နေတာ အတော်ကြာခဲ့ပါပြီ။ မြန်မာအပါအ၀င် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံးဟာ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၇၁၈ နဲ့ ၁၈၇၄ တို့ကို လိုက်နာ စောင့်ထိန်းကြဖို့လည်း မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ ဆိုတာတွေဟာ စစ်လက်နက် ပစ္စည်းနဲ့ လောင်စာတွေကို မြောက်ကိုရီးယားကို မတင်ပို့ရဘူး၊ မြောက်ကိုရီးယားနဲ့ အရောင်းအ၀ယ် မလုပ်ရဘူး၊ ဒီပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောတွေကို တက်ရောက်ပြီး ရှာဖွေစစ်ဆေးခွင့် ရှိတယ်ဆိုပြီး ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။

နောက်တခါ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှုတွေ မလုပ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် လက်ရှိကျင့်သုံးနေတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ဖို့ အထက်လွှတ်တော် အမတ်တွေက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို မေတ္တာရပ်ခံ နေကြပါတယ်။ ဒီမူဝါဒသစ်ဟာ အလုပ်မဖြစ်တဲ့အတွက် သုံးသပ်ရမယ့်အချိန် ရောက်ပြီလား ဆိုတာနဲ့ ပတ်သက်လို့လည်း မစ္စတာ ခရော်လီက အခုလို ဖြေကြားသွားပါတယ်။

“ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံ ပြဿနာက တနှစ်အတွင်း ဖန်တီးခဲ့တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဆိုတော့ တနှစ်တည်း ဖြေရှင်းလို့ ရနိုင်မှာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အနုလုံ ပဋိလုံ သုံးသပ်ပြီးမှ ထိတွေ့ဆက်ဆံရေး မူဝါဒကို ပြောင်းလဲ ကျင့်သုံးခဲ့တာပါ။ ဒီလို ပြောင်းလဲခဲ့ရတာဟာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒဏ်ခတ်အရေးယူမှု တခုတည်းနဲ့ ဘာရလဒ်မှ ပေါ်ထွက်မလာလို့ပါပဲ။

“ကျနော်တို့ဟာ မြန်မာအစိုးရနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ လုပ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းရေးနဲ့ စိုးရိမ်ပူပန်စရာတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရှည်ရှည်လျားလျား ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုတွေကို ဆက်လက် လုပ်ကြရဦးမှာပါ။ ဒါပေမဲ့ ကျနော်တို့ ပြောခဲ့သလိုပါပဲ၊ မြန်မာအစိုးရရဲ့ မကြခင်က လုပ်ရပ်တချို့ကြောင့် ကျနော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ခဲ့ရတာပါ။

“မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ ဒါတွေကို သူတို့ ပြည်တွင်းမှာ ဖြေရှင်းကြရပါလိမ့်မယ်။ မြန်မာ့လူ့အဖွဲ့အစည်း အစိတ်အပိုင်း အမျိုးမျိုးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြရပါလိမ့်မယ်။ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ခွင့် ရှိသူတွေ၊ ပါဝင်နိုင်သူတွေ ပိုများလာအောင် ဖွင့်ပေးရပါလိမ့်မယ်။”

အမေရိကန် အထက်လွှတ်တော်က ရီပတ်ဘလီကန်အမတ်တွေ ဖြစ်တဲ့ ဂျက်ဂရက်တို့၊ မစ်ခ်ျ မက်ကော်နယ်လ်တို့လို ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံ အပေါ်မှာ အမေရိကန် အစိုးရ လက်ရှိကျင့်သုံးနေတဲ့ မူဝါဒကို ပြန်လည်သုံးသပ်သင့်ပြီ ဆိုပြီး မကြာခဏ မေတ္တာရပ်ခံနေကြတာလည်း ဖြစ်ပါတယ်။ ( ဗွီအိုအေ )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews