သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Sunday, April 18, 2010

မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ


ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ်အချို့ ပျက်ဆီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင်ပြည်နယ်တွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ်အတွင်း မြန်မာပြည်မှာ ဒုတိယအကြိမ်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံးအဆောက်အဦမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

"ကျိန်ခရမ် လုံဂါဆိုတဲ့နေရာမှာပဲ။ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်နေရာမှာ တန်ဖဲ အောက်ဖက်မှာ၊ ၆ မိုင်အကွာမှာ ရှိတဲ့နေရာမှာ ဖြစ်တယ်။ Asia World ရုံးရှေ့မှာဖြစ်တယ်။ Asia World ကနေ တာဝန်ယူပြီး မြစ်ဆုံရေကာတာ တည်ဆောက်နေတဲ့နေရာ ဖြစ်တယ်။ Asia World ရုံးက နှစ်ထပ်ရှိတဲ့ဟာလည်း ပျက်ဆီးနေပြီ။ အထိအခိုက်တော့ ၁ ယောက်ကနေ ၄ ယောက်အထိ သေတယ်လို့ ကြားနေရတယ်။ ဒဏ်ရာရတာ ၂၀ ကျော်လို့ ကြားနေရပါတယ်။ ဗုံးကတော့ ၃ လုံး အထက်လို့ ပြောနေတယ်။"

မြစ်ကြီးနားဒေသခံ တယောက်ကတော့ ဗုံး ၈ လုံးလောက်ထိ ကွဲတယ်လို့ ကြားသိရပေမဲ့ အသေအပျောက် ရှိတယ်ဆိုတာ မကြားရဘူးလို့ ပြောပါတယ်။

"၈ လုံးလောက်တော့ လို့တော့ကြားတယ်။ ၄ နေရာမှာ ၈ လုံးလောက်တော့ ကြားတယ်။ အထိအခိုက်တော့ မရှိဘူးလို့ ပြောတယ်ရှင့်။ အထိအခိုက်တော့မရှိဘူး။ တရုတ်ကား ၄ စီးနဲ့ Asia World က ကား ၄ စီးပေါ့နော်၊ အဲလိုမျိုး ပျက်ဆီးသွားတယ်ကြားတယ်။"

မြစ်ကြီးနားမြို့က ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျရဲအရာရှိက တစုံတရာ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့က လုံခြုံရေးအရ ပြောခွင့်မရှိလို့ပါခင်ဗျ။"

ဒေသခံတွေကတော့ အခုချိန်ထိ ဗုံးခွဲတဲ့တရားခံကို ဖမ်းဆီးရမိတာမရှိသေးသလို ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာလည်း အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတာကို မကြားသိရသေးဘူးလို့ ပြောပါတယ်။


နောက်ဆုံး ရရှိတဲ့သတင်းအရဆိုရင် မွန်းလွဲပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း ကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးကြည့်ရှုနေပြီး သူသွားရာ လမ်းတလျောက်နဲ့ မြစ်ဆုံဒေသမှာ လုံခြုံရေး အများအပြား ချထားတယ်။ ဒါ့အပြင် ရေကာတည်ဆောက်ရေးမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တရုတ် နိုင်ငံသား အများအပြားလည်း မြစ်ကြီးနားမြို့ဘက်ကို ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို Asia World ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က ပူးပေါင်းတည်ဆောက်နေပြီး ရရှိတဲ့ လျှပ်စစ်ဓါတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ ကချင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့ကတော့ ဒီရေကာတာစီမံကိန်းကြောင့် အနည်းဆုံး ကျေးရွာ ၆၀ ကျော် နဲ့ လူ ၃ သောင်းလောက် ပြောင်းရွှေ့ရနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒေသခံ ကချင်ပြည်သူတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက မြစ်ဆုံရေကာတာ တည်ဆောက်မယ်ဆိုရင် သူတို့နေထိုင်ရာ ကျေးရွာတွေ၊ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေ ရေလွှမ်းမိုးမှာဖြစ်သလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေလည်း ပျက်ဆီးရမှာမို့ ရေကာတာ မတည်ဆောက်ဖို့အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီကို စာရေးသားပေးပို့ခဲ့ပါတယ်။ ရေကာတာ မဖြစ်မြောက်ရေးအတွက်လည်း ဆုတောင်းပွဲတွေ ဆုတောင်းပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံကချင်လူထုတွေက ရေကာတာမတည်ဆောက်ဖို့ ကန့်ကွက်ခဲ့တာကြောင့် အခုလို ဗုံးပေါက်ကွဲချိန်မှာ အာဏာပိုင်တွေက သူတို့အပေါ် ဖိအားပေးလာမှာကိုလည်း စိုးရိမ်နေတယ်လို့ ကိုအောင်ဝါက ပြောပါတယ်။

လွန်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့တုန်းကလည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ်မှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးပြီး ၁၇၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ထုတ် ကြေးမှုံသတင်းစာမှာတော့ ဒဏ်ရာရလို့ ဆေးရုံတက်နေသူ လူ ၁၇၀ အနက်က ၅၅ ဦးဟာ သက်သာပြီဖြစ်တာကြောင့် ဆေးရုံကဆင်းသွားကြောင်း ဖော်ပြပေမဲ့ တရားခံကို ဖော်ထုတ်ရမိတယ် ဆိုတဲ့သတင်းတော့ မတွေ့ရသေးပါဘူး။ ( ဗွီအိုအေ )

1 comment:

Dr. Myo Chit said...

ဗုံးတွေပေါက်လို့ အရေးရယ်အကြောင်းရယ်ဆိုရင် ရဲတွေ၊ မီးသတ်တွေ၊ ကြက်ခြေနီနဲ့ တခြား

ဝန်ထမ်းတွေပဲ အားကိုးရတာ။ သူများတွေပျော်နေချိန်မှာ ပျော်ဖို့၊ ကဲဖို့နေနေသာသာ

ယူနီဖောင်းတောင် မချွတ်ရဘူး တာဝန်ထမ်းဆောင်ရတာ လေးစားဖို့ကောင်းတယ်။

အားအားယားယား ကိုယ်တိုင်လည်း ဘာမှမလုပ်နိုင် လုပ်နေတဲ့လူတွေကိုလည်း

မိန်းမတွေလို မကောင်းထိုင်ပြောနေတာတော့ ဒီမိုကရေစီ သူရဲကောင်း ဘလော့ဂါတွေပဲ

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews