သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Monday, March 22, 2010

ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း


(၁၆-၁၂-၉၁) ညဘက် ရေဒီယို သတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ပြီး ဆိုတာ ရွေးကောက်ပွဲ ကော်မရှင်ကို NLDက အကြောင်းကြားတယ် ဆိုတဲ့ သတင်း ပါလာတယ်။ NLD CEC ရဲ့ ခြေလှမ်းကို ထင်ထင် ရှားရှား မြင်လိုက် ရပါပြီ ။

ဘာလုပ်ကြမလဲ။ ကျနော်တို့ မြို့နယ် အဖွဲ့တွေ ဘယ်လို ရပ်တည်ကြမလဲ။ ကျနော်ကတော့ လုံးဝ လက်မခံနိုင်ပါ၊ ဒေါ်စုကို ဘယ်သူတွေက ထုတ်ကြသလဲ။ ဘယ်လို အစည်းအဝေးမျိုး လုပ်သေးသလဲ။ မဲခွဲ သေးလား၊ မဲ ဘယ်လောက် ကွာခြားချက်နဲ့ ထုတ်သလဲ။ ဒီ NLD ကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက ဦးအောင်ကြီးကို ထုတ်တုန်းက ဗဟိုဦးစီး အဖွဲ့မှာ မဲခွဲတော့ ၂၈ မဲ - ၁၃မဲ။ အခုရော ဗဟိုဦးစီးမှာ မဲခွဲကြသေးသလား။ ဒေါ်စုကို ဘယ်လို ပြစ်ချက်နဲ့ ထုတ်ပယ်ဖို့ စွဲချက် တင်ကြသလဲ။ ဒါတွေသိဖို့ တရက် နှစ်ရက် စောင့်ပီး ရန်ကုန်ဆင်းမယ်၊ ဘယ်သူလိုက်ကြဦးမလဲ၊ လိုက်ရင် အဆင်သင့် ပြင်ထား။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဒီအတွင်း မှာပဲ မြို့နယ် မ၀တ က ကျနော်တို့ ကိုယ်စားလှယ် နှစ်ဦးကို ပဲခူးတိုင်း တ၀တ က (၁၈.၁၂.၉၁) မှာ လုပ်မယ့် အစည်းအဝေးကို တက်ဖို့ အကြောင်း ကြားပါတယ်။ ပဲခူးကို ရောက်တော့ ပဲခူး ဦးမြတ်လှအိမ်မှာ ပဲခူးတိုင်း ကိုယ်စားလှယ် တော်တော် များများကို တွေ့ရပါတယ်။ အဲဒီမှာ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးကြတယ်။ အဓိက ကတော့ ဒေါ်စုကို NLD က ထုတ်ပယ်တာ ဘယ်လို သဘောထားကြသလဲပေါ့၊

ကျနော်က NLD်ရုံးမှာ လွန်ခဲ့တဲ့ ၄ - ၅ လ လောက် ကတည်းက CEC ဦးမြတ်လေးက တဆင့် ဒေါ်စုနဲ့ ပတ်သက်ပြီး `ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ´ ဆိုတဲ့ သဘောထားမျိုး ရှိနေပုံ၊ အထွေထွေအတွင်းရေးမှူး နေရာကို ဒေါ်စု အစား ဒေါ်မြင့်မြင့်ခင်ကို ကြိတ်ပေးဖို့ ကြိုးစားပုံ၊ ဒေါ်မြင့်မြင့်ခင်က လက်မခံလို့ ဦးလွင်က ယာယီ အတွင်းရေးမှူး အမည်ခံပြီး ဗဟို အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင် ဖွဲ့စည်းတဲ့အခါ ဦးတင်ဦးနဲ့ ဒေါ်စုကို ချန်ထားခဲ့ပုံ၊ ဒါတွေကို သိခဲ့ရလို့ ဒေါ်စုကို ဖယ်တော့မယ်လို့ သံသယရှိလို့ ဗဟိုကို တတ်နိုင်သမျှ ပြောခဲ့ ဆိုခဲ့ ဝေဖန်ခဲ့လို့ ဗဟိုရဲ့ ပြင်းထန်စွာ သတိပေးခြင်းခံရပုံ၊ နောက်ဆုံးတော့ ဒီ ဒုံရင်းပဲ ဆိုက်လာပုံတွေကို သုံးသပ် တင်ပြပါတယ်။

သူတို့က ဒေါ်စုကို NLD က ထုတ်ပယ်ပြီး သူတို့ပဲ NLDဆိုင်းဘုတ်ကို ဖက်ထားရင် ဒီဆိုင်းဘုတ်ပဲ ရမယ်၊ လူထု ထောက်ခံမှုတော့ ရမှာမဟုတ်ဘူး။ ပြည်သူက ရွေးကောက်ပွဲမှာ ကတည်းက ဒေါ်စုကိုသာ မဲပေးလိုက်တာ ထင်ရှားတယ်။ အခုဆို ကမ္ဘာကတောင် အသိအမှတ် ပြုပီး နိုဘယ်လ်ဆုတောင် ပေးပြီ၊ ကျနော် တယောက်တည်း သဘောကတော့ ဒေါ်စုကိုပဲ ထောက်ခံ နိုင်မယ်၊ ဒေါ်စုကို ထုတ်ပစ်တဲ့ သူတွေကိုတော့ ဆောရီးပဲ၊ ကျနော့်မြို့နယ် အနေအထားကလည်း ချက်ချင်း အစည်းအဝေး မခေါ်နိုင်ခဲ့လို့ အပြတ် မပြောနိုင်ပေမဲ့ ဒီအတိုင်းပဲ ဖြစ်ဖို့ များပါတယ် လို့ ဆွေးနွေး ပါတယ်။

တခြား ကိုယ်စားလှယ်များကလည်း ဒီ သဘောထားမျိုးပဲ ဆွေးနွေးကြတယ်။ ရေတာရှည်က ခပ်ငယ်ငယ် ကိုယ်စားလှယ် တယောက်ကဆို လူငယ်ပီပီ ဒီ သဘောထားကို ထောက်ခံတဲ့အပြင် ဒေါ်စုကို အဖွဲ့ကထုတ်ပယ်သူတွေဟာ သစ္စာဖောက်တွေပဲ လို့တောင် ပြောသွားပါတယ်။

“ခေါင်းဆောင်ဘယ်သူလဲ”

ပဲခူး တ၀တးရုံး ရောက်တော့ အတွင်းရေးမှူး ဆိုတဲ့ ဗိုလ်မှူးတယောက် ၀င်လာပြီး စာရွက်တွေ ဝေပါတယ်။ အဲဒီ စာရွက်တွေမှာ အချက်အလက်တွေ ဖြည့်ခိုင်းပါတယ်။ အခုဖြေတဲ့ အဖြေကိုပဲ အတည် ယူမယ်။ အရင်က မြို့နယ်တွေမှာ ဖြေခ့ တာတွေ ရှိပေမဲ့ ခုဟာကသာ နောက်ဆုံး အတည်ပြုချက်လို့ ပြောပါတယ်။ ဒီတော့မှ ဖတ်ကြည့်တော့ အဓိက ကတော့ ခေါင်းဆောင်ဘယ်သူလဲ ဆိုတာပါပဲ။

ကျနော့် အနားက ကိုယ်စားလှယ်တယောက်က သူ့ဘေးက ကိုယ်စားလှယ် တယောက် `ဦးအောင်ရွှေ´ ဆိုပြီး ရေးနေလို့ လာပြောပါဦးလို့ ဆိုလာပါတယ်။ ကျနော်က ပြန်ပြောလိုက်ပါတယ် “ဒါ သူ့ ယုံကြည်ချက်ပဲ။ ဒါမျိုးတော့ ကျနော် ၀င်မစွက်ချင်ဘူးဗျာ။ ဒီမှာ ကျနော့ဝါဒ သဘောတရား ဆိုတဲ့ နေရာမှာတောင် လစ်ဘရယ်ဝါဒ (liberalism) လို့ ရေးထားတယ်ဗျာ” လို့ ပြောလိုက်ပါတယ်။

ပဲခူးတိုင်း တ.၀.တ ကိစ္စ ပြီးတော့ ရန်ကုန်ကို ပြန်ပါတယ်။ ရန်ကုန်က လွှတ်တော် ကိုယ်စားလှယ် မိတ်ဆွေ တယောက်နဲ့ တွေ့တော့ ပဲခူးမှာ ဘာတွေ ပြောသလဲ မေးပါတယ်။ ကျနော်တို့ မေးခွန်း ပုံစံတွေ ဖြည့်ရကြောင်း ပြောတော့ ရန်ကုန်မှာလည်း ဒီ မေးခွန်းတွေ မေးပြီးပြီလို့ ပြောပါတယ်။ သူ့ဆီက ကြားရတဲ့ သတင်းတခုကတော့ အဓိက ခေါင်းဆောင် ဘယ်သူလဲ မေးခွန်းနဲ့တင် မနေသေးဘူး၊ NLD ရုံးတွေမှာ ဒေါ်စု ဓာတ်ပုံတွေ မချိတ်ရ ဆိုတာအထိ လာဦးမယ်၊ NLD ဗဟိုကလည်း ဒါကို အလျှော့ပေးပြီး အောက်ခြေကို ဆက် ညွှန်ကြားဦးမှာပဲလို့ ပြောပါတယ်။ ကြားရ ကြားရ၊ နားဝ မချမ်းသာ ဆိုသလို ဖြစ်နေပါလား။ ရွှေဂုံတိုင်ရုံးကို သွားခဲ့ပေမဲ့ ဗဟို အလုပ်အမှုဆောင်က ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပါ။ ဒေါ်စုကို ထုတ်ပယ်တဲ့ ကိစ္စကို လူတွေ့ပြီး တာဝန်ခံ ရှင်းလင်းမဲ့ သူများ မရှိပါ။ ဒီလိုနဲ့ စိတ်မကောင်းစွာနဲ့ ရန်ကုန်က ပြန်ခဲ့ ရပါတယ်။

“ မြို့နယ် စည်းရုံးရေး ကော်မတီရဲ့ ဆုံးဖြတ်ချက် (သို့) ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပါတီ”

မြို့ကို ပြန်ရောက်တော့ စည်းကော်မတီ အစည်းအဝေး လုပ်ပြီး ဒေါ်စုကို ထုတ်ပယ်တဲ့ ကိစ္စကို ဆွေးနွေးကြပါတယ်။ NLDက ထုတ်ပယ်တဲ့ အကြောင်း ကြေညာတဲ့ ကြေညာချက် (၃/၉၁) ကိုလည်း ရပြီမို့လို့ ဒီစာကိုပါ ထည့်သွင်း ဆွေးနွေးပါတယ်။ ဒေါ်စုကို ထုတ်ပယ်ကြောင်း ရှင်းလင်းတဲ့ ကြေညာချက်မှာ ရွေးကောက်ပွဲ ကော်မရှင်က ဦးအောင်ရွှေနဲ့ ဦးလွင်ကို လူကိုယ်တိုင် ခေါ်ပြီး ပြောတယ်လို့ ဆိုပါတယ်။

သူတို့ ပြောရာမှာ န.၀.တ အတွင်းရေးမှူးက သတင်းစာ ရှင်းလင်းပွဲများတွင် ကြေညာချက်များအရ ဒေါ်စုဟာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ခဲ့တာ၊ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းသူများနဲ့ အဆက် အသွယ် ရှိတာတွေကြောင့် အရေးယူ အပြစ်ပေးနိုင်ကြောင်း ဒေါ်စုကို အပြစ်ပေးရင် NLD ဖျက်သိမ်းပစ်နိုင်ကြောင်း NLD ဆက်လက် တည်ရှိချင်ရင် ဒေါ်စုကို အဖွဲ့မှ ထုတ်ပယ်ရမည်ဟု ခေါ်ယူ သတိပေးကြောင်း၊ ဒါကြောင့် (၁၁. ၁၂. ၉၁)မှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ဆွေးနွေး စဉ်းစားကာ ဒေါ်စုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ (၁၂. ၁၂. ၉၁ ) နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားခဲ့တယ်လို့ ပါရှိပါတယ်။

ကျနော် ရန်ကုန်က ကြားခဲ့တာကတော့ ဗဟို အလုပ်အမှုဆောင်ဟာ ဒေါ်စုကို ထုတ်ပယ်ကြောင်း ကော်မရှင်ကို အကြောင်းကြားခဲ့ပေမဲ့ ဘယ်သူ့မှ မပြောဘဲ ကြိတ်နေခဲ့တယ်။ ဗဟိုဦးစီးအဖွဲ့ဝင် (C.C)တွေကိုတောင် တစုံတရာ မသိစေရဘူး၊ တရားဝင် အသိပေးဖို့တော့ ဝေးရော တဲ့။ ကော်မရှင်က ၁၆.၁၂ . ၉၁ မှာ ကြေညာလိုက်မှဘဲ အကုန်သိပြီး ဆူပွက်ကုန်တာ တဲ့။

တကယ်တော့ C.C က ဗဟိုဦးစီးကို ချပြရမယ်၊ ဦးအောင်ကြီး ကိစ္စတုန်းကလည်း C.C အဆင့် မဲခွဲပြီးမှ ဆုံးဖြတ်တယ်။ အခုတော့ C.C တောင် ချမပြပဲ CEC ကပဲ ဆုံးဖြတ်လိုက်တယ် ဆိုတာ လွန်လွန်းတယ်။ စီအီးစီဟာ တာဝန်မဲ့ လွန်းတယ်လို့ အားလုံးက ယူဆကြတယ်။ C.Cကို ချပြရင် ကန့်ကွက်ချက်တွေနဲ့ တွေ့ပြီး မဲခွဲနေရရင် အဆုံးအဖြတ် မကျမှာကို စိုးရိမ်ပုံရတယ်။ ဒီလို ဆိုတော့ ဒေါ်စုကို ထုတ်ပယ်ဖို့ နှောင့်နှေးမှု ရှိနေမှာကို CEC တွေ စိုးရိမ်နေပုံရတယ်။ ဒါဟာ ရုတ်တရက် ကော်မရှင်က ခေါ်ပြောမှ ဖြစ်လာတဲ့ ပြဿနာ မဟုတ်ဘူး။ အောက်ခြေ မြို့နယ်တွေက အမျိုးမျိုး ကန့်ကွက်နေတဲ့ ကြားက CEC မှာ အချိန် တော်တော်ကြာ ကတည်းက ရှိနေတဲ့ ဒေါ်စု ပြစ်ပယ်ရေး လမ်းစဉ်ပဲ။

ဒါကြောင့် ဒီ ဆုံးဖြတ်ချက်ကို ကျနော်တို့ မြို့နယ်က လက်မခံနိုင်ဘူးလို့ အားလုံး သဘောတူကြတယ်။ ဒါပေမဲ့ ကျနော်တို့မြို့နယ်က CEC ဆုံးဖြတ်ချက်ကို လက်မခံဘူး ဆိုတာ ဗဟိုကို ပြန် မတင်ပြတော့ဘူး။ ဒီလို တင်ပြလောက်အောင် CEC ဟာ မထိုက်တန်တော့ဘူး၊ စိတ်လည်း မချရတော့ဘူး၊ ဒီလို တင်ပြရင် ဗဟို ဆန့်ကျင်တဲ့ မြို့နယ်အဖြစ် အာဏာပိုင်တွေကို အကြောင်းကြားပြီး အရေးယူ ခိုင်းတာမျိုးတောင် လုပ်ချင် လုပ်တော့မှာ။ ဒီကိစ္စကို တပြည်လုံး အတိုင်းအတာ အနေနဲ့ ဘယ်လို တုံ့ပြန် ကြဦးမယ် မသိသေးတော့ တခြားမြို့နယ်တွေနဲ့ အဆက်အသွယ်ရအောင် မြို့နယ်NLD ရုံးကိုတော့ ဆက်ဖွင့်ထားမယ်။ ဒေါ်စုရဲ့ NLD အနေနဲ့ပဲ ဆက်ဖွင့်ဖို့ ဆုံးဖြတ်ကြပါတယ်။ ဦးအောင်ရွှေ ဦးဆောင်တဲ့ NLD မဟုတ်ဘူးလို့ အားလုံး သဘောတူ ဆုံးဖြတ်ကြပါတယ်။ ဒီလို ဆုံးဖြတ်ရပေမဲ့ စိတ်တော့ မကောင်းကြပါ။ ရွေးကောက်ပွဲကြီး အနိုင်ရအောင် စည်းစည်း ရုံးရုံးနဲ့ သည်းခံပြီး လုပ်ခဲ့ကြလို့ ပြည်သူ လူထု တခဲတနက် ထောက်ခံထားတဲ့ အဖွဲ့ကြီးကို လူတသိုက်ကြောင့် နောက်ခိုင်းလိုက် ကြရမှာကို မလိုလားကြပါ။

“မြို့ နယ် စည်းကော်မတီ ဖျက်သိမ်းခြင်းနှင့်အတူ”

ဒီရက်ပိုင်းအတွင်းမှာ ဖိအားတွေ များလာပါတယ်။ ကျနော်တို့ NLDရုံး ဖွင့်ထားတဲ့ အိမ်ပိုင်ရှင်ကို မြို့နယ် မ၀တ ရုံးက ဆင့်ခေါ်ပြီး ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းပါတယ်။ မိမိ အိမ်ငှားထားသော ပါတီ အနေဖြင့် နိုင်ငံတော်အား ဆန့်ကျင်သောကြောင့် လည်းကောင်း၊ မြေပေါ် မြေအောက် ဆက်သွယ်ခြင်း ဥပဒေ စည်းကမ်း ညွှန်ကြားချက်များနှင့် ငြိစွန်းသောကြောင့် လည်းကောင်း ထိုပါတီ အရေးယူ ခံရလျှင် အိမ်နှင့် အိမ်ပိုင်ရှင်ကိုလည်း အရေးယူခံရမည်ဖြစ်ကြောင်း သိရှိပါသည် ဆိုတဲ့ ခံဝန်ချက်ပါ။ ဒါဟာ န.၀.တ ရဲ့ တဖြေးဖြေး ပို အောက်တန်းကျလာတဲ့ ခြိမ်းခြောက်မှု တခုပါဘဲ။ ဒါပေမဲ့ အိမ်ရှင် လင်မယား ၂ ဦး စလုံးက “သူတို့မကြောက်ပါဘူး လက်မှတ်ထိုးဆိုလဲ ထိုးခဲ့တာပေါ့လို့” ခပ်အေးအေးပဲ ပြောပါတယ်။

နောက် တရက် နှစ်ရက် ကြာတော့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က စာတစောင် ၀င်လာပါတယ်။ ဒီစာထဲမှာ NLD က ဒေါ်စုကို အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်ပြီး ဖြစ်လို့ မြို့နယ် စည်းကော်မတီရုံးတွေမှာ ဒေါ်စုနဲ့ ပတ်သက်မှု မရှိစေရန်နှင့် ဒေါ်စု၏ ဓာတ်ပုံ၊ သတင်း ဓာတ်ပုံ၊ ဒေါ်စု၏ မိန့်ခွန်း ကောက်နှုတ်ချက်များ ချိတ်ဆွဲထားခြင်း မပြုရန်၊ လက်ရှိတွင် ထိုသို့ ရှိနေပါက ဖယ်ရှားပြစ်ပါမည်ဟု မြို့နယ် စည်းကော်မတီများ အားလုံးက မြို့ယ်ကော်မရှင်ရုံးတွင် နောက်တနေ့ နေ့လယ် ၁ နာရီမှာ လာရောက် လက်မှတ် ရေးထိုးရမည် လို့ ညွှန်ကြား ထားပါတယ်။

နောက်တနေ့ မနက် ၉ နာရီမှာ မြို့နယ် စည်းကော်မတီ အစည်းအဝေး ကျင်းပကြရပြန်ပါပြီ၊။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက် ကပဲ ကျနော်တို့ မြို့နယ်ရုံးဟာ ဒေါ်စုရဲ့ ဦးဆောင်မှုကိုပဲ ခံယူဖို့ ဆုံးဖြတ်ထားတဲ့ အတွက် ဒေါ်စုနဲ့ပတ်သက်တာတွေ မဖယ်ရှားနိုင်ဘူး ဆိုတာ ကြိုတင် ဆွေးနွေးခဲ့ပြီးသားပါ။ ဒီလိုမဖယ်ရှားရင် ရုံးကို အရေးယူတာထက် အိမ်ရှင်တွေကို ဖိအားပေး အရေးယူလာနိုင်တယ်။ ကျနော်တို့ စည်းကော်မတီဝင်တွေ အနေနဲ့ ဗဟိုကို အာခံတဲ့အတွက် အရေးယူခံရနိုင်တယ်။ အခုဟာက ဗဟို အလုပ်အမှုဆောင်ဟာ န၀တနဲ့ နီးစပ်သွားတဲ့သဘော ရှိနေတယ်။ သူတို့ကို ဆန့်ကျင်တဲ့ မြို့နယ် တွေကို သူတို့ ခလုပ်နှိပ်လိုက်ရင် အရေးယူ ခံရနိုင်တဲ့ အနေအထား။ စည်းကော်မတီဝင်တွေ အနေနဲ့ အရေးယူခံရမှာကို မမှုကြပါဘူး။ ဒါပေမဲ့ အိမ်ရှင်ဖက်ကိုတော့ ထည့်စဉ်းစားဖို့ လိုမယ်လို့ ဆွေးနွေး ကြပါတယ်။

တချို့လဲ ဒီလောက် ဖောက်ပြန်တဲ့ CEC တွေနဲ့ မဆက်ဆံချင်တော့ဘူး အဖွဲ့က ထွက်မယ် ဒီလို ထွက်ရင်လဲ ကြောက်လို့ ရှောင်တာလို့ ထင်ကြမယ်၊ တချို့ကလည်း စည်းကော်မတီကို ဖျက်မယ် တချို့ကလဲ စည်းကော်မတီ မဖျက်ဘဲ ရုံးကိုပဲ ပိတ်ထားရင်ကော၊ အမျိုးမျိုး ဆွေးနွေး ကြတယ်။ ဆွေးနွေးရင်း မထိန်းနိုင်ကြပဲ မျက်ရည်ကျသူတွေ ရှိသလို ကြမ်းကြမ်း တမ်းတမ်း ရေရွတ် ဆဲဆိုသူတွေ ရှိလာတယ်။

နေ့စဉ် ဆက်ဆံလာတာ ၂နှစ်လောက် ရှိနေပြီး တက်တက် ကြွကြွ လုပ်နေကြတဲ့ လူငယ်တွေ ဒီလို ၀မ်းပမ်းတနည်း ဖြစ်နေတာ ကြားတော့ တဖက်ခန်းက အိမ်ရှင်က ကူးလာပြီး “ ကျနော်တို့ အတွက်တော့ မငဲ့ပါနဲ့ ဖြစ်ချင်တာဖြစ် အတူတူပေါ့” လို့ ပြောပါတယ်။

အမျိုးမျိုး ဆွေးနွေးကြရင်း ကော်မရှင်မှာ လက်မှတ် သွားထိုးရမယ့် အချိန်ကလည်း နီးကပ်လာပါပြီ။ ဖုတ်ပူမီးတိုက် လက်မှတ်ထိုးရမယ့်အတွက် လူငယ်တွေက ဗြုန်းခနဲ မခံချင် ဖြစ်လာပုံရပါတယ်။ လက်မှတ် မထိုးဘူး၊ လက်မှတ်မထိုးဘူးလို့ အော်ကြပြန်တယ်။ သွေးဆူပြီး ဒေါသတွေ ဖြစ်လာကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း သွေးဆူလာပါတယ်။ ကော်မရှင်ကို တဖွဲ့လုံး လက်မှတ် သွားထိုးရမယ့် ကိစ္စကြီးဟာ အလွန် ရှက်စရာ ကောင်းပါတယ်။ ဘယ်လို ရှောင်မလဲ။ လက်မှတ် မထိုးဘဲ ဘယ်လို နေမလဲ။ ဒေါ်စု ဖွဲ့ခဲ့တဲ့ NLDကတော့ မထွက်နိုင်ဘူး၊ မထွက်ချင်ဘူး ဒေါ်စုကိုလည်း ဘယ်သူမှ ထုတ်ပိုင်ခွင့် မရှိဘူး၊ ထုတ်ပြန်တော့လည်း အများ ဆန္ဒ မခံယူဘဲ လုပ်တဲ့ CEC ကိုသာ ဆန့်ကျင်တာမို့ ကျန်တဲ့ CC တွေက ရှေ့ ဘယ်လို ခြေလှမ်း လှမ်းကြဦးမယ် ဆိုတာ မသိရသေးတော့ မြို့နယ် ကော်မရှင်မှာ လက်မှတ် မထိုးရအောင်သာ ဘယ်လို ရှောင်တိမ်းရမယ် ဆိုတာ စဉ်းစားတယ်။ နောက်ဆုံးတော့ မြို့နယ်စည်းကော်မတီရုံးကို ဖျက်သိမ်းလိုက်ဖို့ အများ သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။

မြို့နယ် စည်းကော်မတီကို ဖျက်သိမ်းကြောင်းစာကို မြို့နယ် ကော်မရှင်ရုံးကို ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ကိုယ်တိုင် သွားပို့ပါတယ်။ ကော်မရှင်က သူ့အဖွဲ့ဝင်တွေကို လူစုံ ဖိတ်ပြီး ကျနော်တို့အဖွဲ့ လက်မှတ်လာအထိုးကို စောင့်နေပါတယ်။ ကျနော်တို့က စည်းကော်မတီ ဖျက်သိမ်းကြောင်း စာကို ပေးလိုက်တော့ “လက်မှတ် ထိုးသွားပါဦး” လို့ ပြောသေးတယ်။ “လက်မှတ် ထိုးစရာ မလိုတော့ဘူး၊ အဲဒီလို အညံ့ခံ လက်မှတ်ထိုးတာ မလုပ်ချင်လို့” ဆိုပြီး ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘ၀တူ ဖြစ်ပြီ”

ကျနော်တို့ မြို့နယ် စည်းကော်မတီ ဖျက်သိမ်းတဲ့ စာကို NLD ကို မိတ္တူ ပေးထားပါတယ်။ (၁၄. ၂. ၉၂ ) နေ့မှာတော့ ကျနော်တို့ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ၂ဦးကို NLD အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်လိုက်ပြီး NLD လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှပါ ပယ်ဖျက် လိုက်ကြောင်း ထုတ်ပြန် လိုက်ပါတယ်။ အဲဒီနေ့ နေ့စွဲနဲ့ပဲ ကျနော်တို့ မြို့နယ် အလုပ် အမှုဆောင် အဖွဲ့ကို မိမိဖာသာ ဖျက်သိမ်းပြီး ဗဟို အလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြခြင်း မရှိဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူ တင်ပြခြင်းကြောင့် NLD စည်းကမ်းနှင့် အညီ ဆောင်ရွက်ခြင်း မရှိဟု ဆိုကာ ထိုနေ့ အစည်းအဝေး တက်ရောက်သည့် အမှုဆောင် (၁၅) ဦးကိုပါ အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ် လိုက်ပါတယ် တဲ့။

ဒီစာထဲက အကြောင်းပြချက် တခုကို ဖတ်ပြီး ကျနော်တို့ ရယ်ကြပါသေးတယ်။ မြို့နယ် စည်းကော်မတီသည် မိမိ ဖာသာ ဖျက်သိမ်းပြီး ဗဟိုသို့ တင်ပြခြင်း မရှိဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူ တပ်ခြင်းကြောင့် NLD စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိ ဆိုတဲ့ စာသားကြောင့်ပါ။

ဗဟို အလုပ်အမှုဆောင် ကကော ဒေါ်စုကို ထုတ်ပယ်တုန်းက မိမိအဖွဲ့အတွင်း အရင် မကြေညာဘဲ ဗဟို ရွေးကောက်ပွဲ ကော်မရှင်ကို အရင်အကြောင်းကြားခဲ့တာ မဟုတ်လား။ အဲဒါကကော စည်းကမ်းနဲ့ ညီညွတ် ပါသလား။

ကြေညာချက် (၃/၉၁)မှာ ပြန်ကြည့်ပါ။ (၁၁.၁၂.၉၁) မှာ ဒေါ်စုကို ထုတ်ပစ်တဲ့ CEC အစည်းအဝေး ဆုံးဖြတ်ချက်ကို (၁၂.၁၂. ၉၁) မှာ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြီးမှ (၁၆. ၁၂. ၉၁) မှာမှ အောက်ခြေကို ရှင်းလင်းချက် ထုတ်ခဲ့တာ မဟုတ်လား။ ဒါတောင် ကော်မရှင်က တယ်လီဗေးရှင်း ကနေ (၁၆.၁၂.၉၁) က ကြေညာလိုက်လို့ မဖုံးနိုင် မဖိနိုင် လုပ်ခဲ့ကြတဲ့ သူတို့ကများ ဖက်စိမ်းကတော့ ပြောင်းပြန် လှန်လို့၊ ပုဆိုး မရှိတဲ့သူကများ သူများကို လုံအောင် ထိုင်ဖို့ ပြောနေသေးတော့၊ ရယ်တော့ ရယ်ရသား၊ ရယ်စရာမဟုတ်လို့သာ။

ကျနော် တို့ကို NLDက ထုတ်ပစ်လိုက်တော့ ကျနော်တို့ နည်းနည်းမှ စိတ်မထိ ခိုက်တော့ပါ။ တို့ခေါင်းဆောင် ဒေါ်စုနဲ့ ခုမှ ဘ၀တူ ဖြစ်သွားတယ်လို့ ရင်ကော့ ထားလိုက်ချင်ပါသေးတယ်။ ဒီအချိန်မှာ ကျနော်တို့ ထိုင်ဦးချသင့်တဲ့သူတဦးရဲ့ သတင်းကို ကြားရပါတယ်။

ဟိုတုံးက တရားဝန်ကြီးချုပ် ဦးသိန်းမောင် (ဖိနပ်ချွတ် ဦးသိန်းမောင်) ရဲ့ညီ ဦးကျော်ကဲ ဆိုသူပါ။ အသက် ၉၀ ကျော် ဦးကျော်ကဲ က သူ့သားရဲ့ သူငယ်ချင်းဖြစ်တဲ့ ၀န်ကြီးဟောင်း ဦးစံဝင်း (NLD ရဲ့ သာယာဝတီ - ၁ လွှတ်တော် ကိုယ်စားလှယ် မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ဝင်) ကို တယ်လီဖုန်း ဆက်ပြီး ခေါ်ခိုင်း ပါသတဲ့။ ရောက်လာတော့ ဦးကျော်ကဲက မေးပါသတဲ့။ “မင်းတို့က အောင်ဆန်းစုကြည်ကို အဖွဲ့က ထုတ်ရအောင် ဒီအဖွဲ့က သူဖွဲ့တဲ့ အဖွဲ့လား မင်းတို့ ဖွဲ့တဲ့ အဖွဲ့လား တဲ့။ ဦးစံဝင်း ခမျာ ဘာမှ မပြောနိုင်ဘဲ ပြန်သွားရပါသတဲ့။ ကြားရတဲ့ သတင်း မှန်မမှန်၊ တကယ် မေး- မမေးတော့ မသိပါ။

ဒီလို မေးချင်တဲ့ လူကတော့ များမှာ သေချာပါတယ်၊ ဒါဟာ အများရဲ့  ဆန္ဒပါ။ ။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး ( မိုးမခ )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews