သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Tuesday, March 16, 2010

ပါတီမှတ်ပုံတင်မတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ ဆွေးနွေးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီမှတ်ပုံပြန်တင်သင့်၊ မတင်သင့်ကို ဆွေးနွေးရန် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင် လူငယ်ခေါင်းဆောင်များကို ယခုလ ၂၆ ရက်နေ့၌ ရန်ကုန် ပါတီဌာနချုပ်သို့ ခေါ်ယူထားကြောင်း သိရသည်။

“တိုင်းနှင့်ပြည်နယ် လူငယ်အာလုံးကို ဖိတ်ထားပြီ။ ဆွေးနွေးမှာက (ဗဟိုဦးစီအဖွဲ့) CC ကိစ္စတွေ၊ ပါတီမှတ်ပုံတင် ကိစ္စတွေ ပါမယ်” ဟု ရန်ကုန်တိုင်း NLD ဗဟိုလူငယ်တာဝန်ခံ ၃ ကိုအေးထွန်းက မဇ္ဈိမကို ပြောသည်။

ပြည်နယ်နှင့် တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့များမှ ကိုယ်စားလှယ် ၅ဝ ဦးခန့် တက်ရောက်နိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဆုံးဖြတ်ချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC သို့ တင်ပြကြမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မတ်လမှ စတင်၍ NLD လူငယ်များ တိုးချဲ့ဖွဲ့စည်းရာတွင် တနိုင်ငံလုံးရှိ ၃၂၅ မြို့နယ်တွင် မြို့နယ် ၈ဝ ၌ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ပြီဟု ကိုအေးထွန်းက ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

NLD တိုင်းနှင့် ပြည်နယ်များမှ CC နှင့် CEC အဖွဲ့ဝင်များသည်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်။

ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ခေါင်းဆောင်ကောင်းများ ပေါ်လာစေရန်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ချက်အတိုင်း လူငယ်များ ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း လူငယ်အကြံပေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“ဒေါ်စုက လူငယ်တွေကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်က အင်အားပြဖို့ မဟုတ်ဘူး။ ခေါင်းဆောင်ပျိုးခင်းအဖြစ်နဲ့ ပျိုးထောင်ထားတာတဲ့။ ဘက်စုံတော်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာအောင် စနစ်တကျ ပျိုးထောင်ထားတာပါ” ဟု သူက ပြောသည်။

ပါတီလူငယ်များသည် လူငယ်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းကော်မတီကို ကူညီခြင်းနှင့် HIV/AIDS ဝေဒနာသည်များ ဆေးကုသခွင့်ရရေး၊ HIV/AIDS ပညာပေးခြင်းတို့ ဆောင်ရွက်နေသည်ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်ဖော်ဆောင်ရေး အဖွဲ့ဝင်များကို ရန်ကုန် ဗဟိုရုံးချုပ်သို့ခေါ်၍ ဥပဒေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး၊ ကွန်ပြူတာနှင့် အင်္ဂလိပ်စာ စသည့် ပညာရပ်များကိုလည်း အခါအားလျော်စွာ ပို့ချပေးနေကြောင်း သိရသည်။

နှစ်ပေါင်း ၂ဝ ကျော်ကြာ အာဏာရှင်စနစ်ကို အာခံတိုက်ပွဲဝင်နေသော်လည်း မအောင်မြင်သေးသည့် NLD သည် တရားဝင် ပါတီအဖြစ် ဆက်လက်ရပ်တည်လိုပါက ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားရမည်ဟု ယခုလ ၈ ရက်နေ့ထုတ် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ပုဒ်မ ၂၅ ၌ ဖော်ပြထားသည်။ (ကိုဝိုင်း တည်းဖြတ်သည်။) (မဇ္ဈိမ)

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews