သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Wednesday, March 10, 2010

ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော

စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

“ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရမယ်။ အဲဒီရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြု ဆောင်ရွက်ပေးရမယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး တောင်းဆိုချက်ကတော့ ဒီအတိုင်းပဲလို့ ပြောလို့ရမယ်” ဟု သူက ပြောသည်။

အဓိက အတိုက်အခံပါတီ အန်အယ်ဒီက နေအိမ်ချုပ်ကျခံနေရသော ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက တစုံတရာ အသိအမှတ်ပြုရန်၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဟူသော တောင်းဆိုချက်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းဟူ၍ အမည်ပေးထားသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

တောင်းဆိုချက်အပေါ် စိတ်ဝင်စားဟန်မပြသော စစ်အစိုးရက ယနေ့တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသေးစိတ်ကို ဖော်ပြပြီး နောက်ရက်များတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ဖော်ပြသွားမှာဖြစ်သည်။

ယခုထုတ်ပြန်သော ကော်မရှင်ဥပဒေက ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်သည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ တွင် အမတ်နေရာ ၄၈၅ နေရာအနက်မှ ၃၉၂ နေရာ အနိုင်ရရှိပြီး တနိုင်ငံလုံး မဲပေးခွင့် ရှိသူ၏ ၆ဝ ရာခိုင်နှုန်းကျော် ထောက်ခံမှုရသော အန်အယ်ဒီ၏ ရလဒ်မှာ ပျက်ပြယ်သွားခြင်း မရှိဟု ဦးဝင်းတင်က ပြောသည်။

အာဏာလွှဲပေးခြင်း မခံရသော အန်အယ်ဒီပါတီ၏ အမာခံခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးကြောင့် ထောင်ထဲတွင် ၁၉ နှစ် နေခဲ့ရသူ ဦးဝင်းတင်က ယခင်ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုရေး စစ်အစိုးရ၏ တုံ့ပြန်မှုကို မူတည်ရေး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်သွားမည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁ဝဝ ကျော်အနက် အန်အယ်ဒီပါတီဝင် ဦးရေမှာ ၄၃ဝ ကျော်ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက ကြိုတင်လက်ခံရရှိထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ စကားရပ်ကမူ အကျဉ်းကျနေသူသည် ပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ ထောင်တွင်းမှ ပါတီဝင်များအတွက်လည်း ညိစွန်းနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအတွင် ဥပဒေထွက်ရှိချိန်မှ ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလျှင် ပါတီဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေက အန်အယ်ဒီ၏ ၉ဝ ခုနှစ် ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်သည်ဟု ပြောလိုက်သူကတော့ ယခုနှစ်အတွင်း ပြုလုပ်မည်ဟု စစ်အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်တိုးတက်သောပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ ဖြစ်သည်။

“၁/၈၈ မှာ နဝတ ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ဥပေဒေကို ဒီဥပဒေသစ်နဲ့ ချေဖျက်လိုက်ပြီပေါ့။ အန်အယ်ဒီ တောင်းဆိုနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်နေတာပေါ့” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သော မွန်ဒီမိုကရေစီပါတီမှ ပြောခွင့်ရှိသူ နိုင်တင်အောင်ကမူ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ထွက်လာပြီမှန်သော်လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံဥပဒေကိုလည်း ပြန်သုံးသပ်ပြင်ဆင်ရန် လိုနေသေးကြောင်း တောင်းဆိုလိုက်သည်။

“လိုအပ်တဲ့ ပြင်ဆင်မှု လုပ်ပြီးမှသာလျှင် ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လေ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခြေခံဥပဒေကို ဒီမိုကရေစီ စံညွှန်းနဲ့အညီ မပြင်ဆင်ဘဲနဲ့ ဆက်သွားလို့ မဖြစ်ဘူး။ အများက လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် ဟန်ပြဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုခဲ့သော အခြေခံဥပဒေအပေါ် ပြည်တွင်းပြည်ပ အတိုက်အခံများက စစ်အုပ်စု၏ အုပ်ချုပ်မှုကို တရားဝင်မှုပြုရန်သာ ဖြစ်သည်ဟု ပြက်ရယ်ပြုကြသည်။ (မဇ္ဈိမ)

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews