သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Thursday, October 22, 2009

အန်အယ်လ်ဒီမှ ခေါင်းဆောင်အချို့နှင့် အမေရိကန်အရာရှိ (၃) ဦးတွေ့ဆုံ

ရန်ကုန် အမေရိကန်သံရုံးမှ သံရုံးတာဝန်ခံအပါအ၀င် အမေရိကန်အရာရှိ (၃) ဦးသည် ယမန်နေ့က အန်အယ်လ်ဒီရုံးချုပ်သို့ သွားရောက်ကာ အန်အယ်လ်ဒီမှ ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။

ယင်းသို့ အမေရိကန်သံအရာရှိများ လာရောက်တွေ့ဆုံရခြင်းမှာ မြန်မာနိုင်ငံသို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ် လာရောက်ရန်ရှိသည့်အတွက် အန်အယ်လ်ဒီ၏ သဘောထားကို ကြိုတင်သိရှိနိုင်ရန် တွေ့ဆုံမေးမြန်းခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “မြန်မာနိုင်ငံကို အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ် လာမယ်လို့သိရတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ ကြိုတင်အချက်အလက် လာယူတဲ့အနေအထားလို့ ယူဆပါတယ်။ သူတို့ကတော့ ကျနော်တို့အပါအ၀င် အခြားအဖွဲ့အစည်းတွေအားလုံးကို တွေ့သွားပြီး မြန်မာ့နိုင်ငံရေးအနေအထားကို စုံစမ်းလေ့လာဖို့ဖြစ်တယ်လို့ ဆိုပါတယ်” ဟု ပြောသည်။
[ ဆက်ဖတ်ရန် +/- ]

အန်အယ်လ်ဒီရုံးချုပ်သို့ လာရောက်ကြသူများမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ခံ မစ္စတာ လယ်ရီ ဒင်ဂါနှင့် သံရုံးမှ အရာရှိတဦး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူ့အခွင့်အရေးဆိုင်ရာ အရာရှိတဦးတို့ဖြစ်ကြပြီး ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီခွဲမှ (၃) နာရီခွဲကျော်ခန့်ထိ အန်အယ်လ်ဒီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ အစရှိသူများပါဝင်ကြပြီး အဓိကအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် အရေးယူပိတ်ဆို့မှု (sanction) ကိစ္စနှင့်ပတ်သက်၍ သဘောထားများကို မေးမြန်းခဲ့သည်ဟု သိရသည်။

“ရွေးကောက်ပွဲကိစ္စကတော့ ကျနော်တို့က အပြတ်ပြောလို့မရပါဘူး။ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ပါတဲ့အတိုင်းပဲ ရပ်တည်ထားတယ်လို့ သူတို့ကို ရှင်းပြလိုက်ပါတယ်။ သူတို့လည်း ဒါကို သဘောပေါက်ပါတယ်။
ဒီကိစ္စတွေဟာ ကျနော်တို့ စီအီးစီနဲ့တင် ဆုံးဖြတ်လို့မပြီးသေးပါဘူးလို့ ပြောလိုက်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဆန်ရှင်ကိစ္စနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာမူဝါဒသစ်ကို ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအတိုင်း ကြိုဆိုပါကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံအစိုးရအပါအ၀င် တိုင်းရင်းသားများ၊ အဖွဲ့အစည်းများ အားလုံးနှင့်တွေ့ဆုံရန်၊ ထို့အပြင် တိုက်ရိုက်တွေ့ဆုံမှု တခုတည်းမဟုတ်ဘဲ ဖြစ်နိုင်ချေအားလုံးကို လုပ်ကိုင်နိုင်ရန် ကြားထဲက ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း ဦးခင်မောင်ဆွေက ဆက်လက်ပြောကြားသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြောကြားခဲ့သည်။

အန်အယ်လ်ဒီရုံးချုပ်သို့ အမေရိကန်သံအရာရှိများ လာရောက်တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက “သူတို့ဘက်ကတော့ မြန်မာနိုင်ငံကို ကမ္ဘာ့မိသားစုထဲကို အဆင်ပြေပြေနဲ့ရောက်ရှိသွားအောင် တချက်ပေါ့၊ နောက်ပြီးတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြင့်ပြီးတော့ ဖြစ်ပေါ်လာအောင် တကြောင်းပေါ့လေ။ နောက်တခုက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမြန်မာ့မိတ်ဆွေများက ပြောထားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကျဉ်းသားအားလုံး လွတ်မြောက်ပြီးတော့ကာ နိုင်ငံရေးဖြစ်စဉ်ထဲမှာ တပါတည်းပါဝင်နိုင်ဖို့အတွက် အာရုံစိုက်လုပ်ဆောင်ပေးဖို့ အကောင်းတွေဖြစ်လာအောင် ကြိုးပမ်းချင်တဲ့အတွက်ကြောင့် ထိတွေ့ဆက်ဆံပြီးတော့ အစိုးရအပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တွေ့ဆုံလာတာဖြစ်ပါတယ်” ဟု ပြောသည်။

တွေ့ဆုံမှုများဖြစ်ပေါ်လာခြင်းသည် plan တခုကို အတိအကျချပြီး သွားနေသည့် အနေအထားမျိုးမဟုတ်သော်လည်း informal process ဖြစ်လာသည့်အတွက် နိုင်ငံတကာနှင့် ပိုမိုထိတွေ့မှု ရှိလာနိုင်သည်ဟု ဦးခင်မောင်ဆွေက သုံးသပ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ကြိုဆိုသော်လည်း အစိုးရနှင့်အတိုက်အခံနှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည်။ ( ခေတ်ပြိုင် )




No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews