သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Wednesday, May 27, 2009

ကုလအတွင်းရေးမှူးချုပ်သို့ လက်မှတ်ပေါင်း ၆ သိန်းကျော် ပေးပို့မည်

မြန်မာ့အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေဖြင့် မြန်မာ့အရေးကို အထူးအာရုံစိုက် ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လက်မှတ်များကို နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကောက်ခံခဲ့ရာ ယခုအခါ လက်မှတ်ပေါင်း ၆ သိန်းကျော် ရရှိထားပြီဖြစ်သည်။

ဤသည်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်မှ အကျဉ်းထောင်အတွင်း ထားရှိကာ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ အန္တရာယ်မှ တားဆီးကာကွယ်သည့် ဥပဒေဖြင့် တရားစွဲဆိုနေစဉ်တွင် လက်မှတ်ရေးထိုး လှုပ်ရှားမှု၏ ရလဒ် ပေါ်ထွက်လာခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတကာကလည်း ကုလအတွင်းရေးမှူးချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အထူးအာရုံစိုက် ကြိုးပမ်းပေးရန် တောင်းဆိုမှုများ ရှိနေသည့်အပြင်၊ သူကိုယ်တိုင်လည်း မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားနိုင်ရန် ကြိုးစားမည်ဟုလည်း ဆိုထားသည်။

အဆိုပါ လက်မှတ်များကို မစ္စတာ ဘန်ကီမွန်းထံသို့ လွှဲပြောင်းပေးအပ်ရေးအတွက် အစီအစဉ်များ ရေးဆွဲနေပြီဖြစ်ကာ၊ ယင်းကိစ္စများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာရှင်းပွဲတရပ် ယနေ့ ပြုလုပ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု (FDB)၊ National Human Rights Commission of Thailand တို့မှ ကိုယ်စားလှယ်များနှင့် မြန်မာ့အရေးဆောင်ရွက်နေသည့် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများလည်း တက်ရောက်ခဲ့ကြသည်။

ထို့ကြောင့် လက်မှတ်စုဆောင်း ရရှိမှု အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအရေး၊ အကျဉ်းထောင် အခြေအနေများ သိနိုင်ရန် လက်မှတ်စုဆောင်းမှုတွင် ပါဝင်သူ အချို့ကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။[ ဆက်ဖတ်ရန် +/- ]

ဦးဘိုကြည်
(တွဲဘက်အတွင်းရေးမှူး - နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ)

ဘန်ကီမွန်းဆီပို့ဖို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ် ၈၈၈၈၈၈ ရဖို့ ဦးတည်စုဆောင်းတာ အခု ဘယ်လောက်ရပြီလဲဗျ။

အခုဟာက ခြောက်သိန်း ငါးသောင်းကျော်ပဲ ရသေးတယ်။

လက်မှတ်စုဆောင်းရေး လှုပ်ရှားမှုကာလ ကုန်သွားပြီ။ လိုချင်တဲ့ အတိုင်းအတာ မရတဲ့အခါကျတော့ ဘန်ကီမွန်းကို တောင်းဆိုဖို့ဆိုတဲ့ ကိစ္စကိုရော ထိခိုက်မှုဖြစ်နိုင်မလားခင်ဗျာ။

အဲဒါကတော့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ လုပ်တဲ့ကာလက အားလုံးပေါင်း ၁ဝ ပတ်ပေါ့နော်။ အခု သုတေသနအရဆိုရင် ၁ဝ စက္ကန့်ကို တယောက်လောက်တက်ပြီး လက်မှတ်ထိုးတာမျိုး ရှိတယ်။ ကျနော်တို့ အချိန်ကာလ တိုတာလည်း ပါတယ်။ ဆိုတော့ ကျနော်တို့ လိုချင်တဲ့ ၈၈၈၈၈၈ ဆိုတာတော့ မပြည့်သေးဘူးပေါ့နော်။ ဒါပေမယ့် ဒီ ၆ သိန်းခွဲဆိုတဲ့အား ဆိုတာလည်း နည်းတာ မဟုတ်ဘူး။ လက်မှတ်တက်ထိုးတဲ့ နိုင်ငံတွေက နိုင်ငံပေါင်း ၁၅ဝ ကျော်က နိုင်ငံသားတွေ ဖြစ်ကြတာကိုး။ အဲဒါကြောင့် ဒီဟာက ဘန်ကီမွန်းကိုလည်း ထိရောက်တဲ့ အားတခု ဖြစ်နိုင်ပါတယ်။

ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံကို အမြန်ဆုံး သွားနိုင်အောင် ကြိုးစားနေတယ်လို့ သိရတယ်။ တကယ်လို့ သူ သွားခွင့်ရတယ်ဆိုရင် နအဖ ထဲက ဘယ်သူနဲ့ တွေ့သင့်တယ်လို့ ယူဆပါသလဲဗျာ။

ဘန်ကီမွန်း အထဲကို သွားမယ်ဆိုရင် သန်းရွှေနဲ့ပဲ တွေ့သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သန်းရွှေကပဲ decision maker ဖြစ်နေတာကိုး။ အဲဒီတော့ decision maker နဲ့ မတွေ့ရဘူးဆိုရင် သူသွားတာ အလကားဖြစ်မှာပဲ။

ဘန်ကီမွန်းအနေနဲ့ ဘယ်လို အချက်တွေကို ဦးစားပေးအနေနဲ့ ဆွေးနွေးသင့်တယ်လို့ ယူဆပါသလဲဗျာ။

အထူးသဖြင့် သုံးပွင့်ဆိုင် ဒိုင်ယာလော့ ဖြစ်ရေးပေါ့။ သုံးပွင့်ဆိုင် ဒိုင်ယာလော့ဖြစ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း လွှတ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့ဆိုတာ တကယ့် တွေ့ဆုံဆွေးနွေးရမယ့် သူတွေထဲမှာ ပါရမယ့်သူတွေ ဖြစ်တာကိုး။ သူတို့တွေကို အဓိက လွှတ်ပေးဖို့ လိုတယ်။ ပြီးရင် တခြား နိုင်ငံရေးအကျဉ်းသားတွေကို အချိန်ကာလ အကန့်အသတ်၊ ဘယ်တော့လောက် ဘယ်လိုလွှတ်ပေးမယ် ဆိုတာမျိုးတွေ ဖြစ်သင့်တယ်။

ဆိုတော့ ပထမအဆင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လို dialogue partner တွေကို အရင် လွှတ်သင့်တယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို စနစ်တကျနဲ့ လွှတ်ဖို့ ဆက်ပြီးတော့ ဆွေးနွေးသင့်တယ်။

ဆိုလိုတာက နိုင်ငံရေးအကျဉ်းသား အားလုံးကို တပြိုင်နက်ထဲ လွှတ်ပေးဖို့ တောင်းဆိုတာ မဟုတ်ဘူးလား။

ဖြစ်နိုင်ရင်တော့ တပြိုင်နက်တည်း လွှတ်ပေးဖို့ တောင်းဆိုတာပေါ့။ နအဖ ဘက်က တပြိုင်နက်တည်း လွှတ်ပေးဖို့ဆိုတာ သူတို့ဆီက အခက်အခဲတွေလည်း ဖြစ်နိုင်တယ်။ ဈေးဆစ်တာတွေလည်း ရှိနိုင်တယ်။ ဆိုတော့ အနိမ့်ဆုံးအဆင့်က ပထမ အဆင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ လွတ်လာရေး။ တွေ့ဆုံဆွေးနွေးရေးရဲ့ partner တွေ ဖြစ်တာကိုး။ ပြီးတော့ ကျန်တဲ့လူတွေကို အသုတ်လိုက် အမြန်ဆုံး လွှတ်ပေးရေး။ ဒါက လက်တွေ့ကျတာကိုး။ အချိန်ကာလ တိတိကျကျ ရှိသင့်တယ်။ ပြီးတော့ ကျန်းမာရေး မကောင်းတဲ့ သူတွေကတော့ ချက်ချင်း လွှတ်သင့်တယ်။

အခု ရရှိ စုဆောင်းထားတဲ့ လက်မှတ်တွေနဲ့ ပတ်သက်ပြီး ရှေ့ကို ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲဗျာ။

ကျနော်တို့က အခု အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဆက်ပြီး စကားပြောနေတာတွေ ရှိတယ်။ ပြီးတော့ ဒီလက်မှတ်တွေကို သူ့ဆီကိုပို့ဖို့၊ နောက် နိုင်ငံရေးအကျဉ်းသား မိသားစုတွေရယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရယ်၊ campaign ကော်မတီ ရယ်၊ သူ (ဘန်ကီမွန်း) နဲ့ တွေ့ပြီးတော့ ဗမာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ စီစဉ်နေတာ ရှိပါတယ်။ ရက်ချိန်းရဖို့ စောင့်နေပါတယ်။ ရက်ချိန်းရပြီဆိုရင် လက်မှတ်တွေပို့မယ်။ ဒါပေမယ့် campaign ကိုလည်း လက်မှတ်ဆက်ထိုးနေလို့ ရပါတယ်။ သူ့ကို လွှဲတဲ့နေ့မှာ နောက်ဆုံး up date အထိ ကျနော်တို့ တင်လိုက်ပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ရင် နအဖအတွက် ဘယ်လိုမျိုး အတားဆီးတွေ ဖြစ်လာနိုင်မယ်လို့ ယူဆလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားလို့ရှိရင် တကယ်တမ်းကျတော့ သူတို့ အသုံးချတတ်မယ်၊ စိတ်ကောင်းစေတနာကောင်း ရှိမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အခက်အခဲမဟုတ်ဘူး။ သူတို့အတွက် တကယ့် မဟာမိတ်ပါ။ သူတို့အတွက် အဓိက မိတ်ဆွေတယောက်ပါ။ ဘာ့လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်မယ့် လူတယောက် မဟုတ်ဘူး။ တပ်မတော်ကို ပိုကောင်းအောင် လုပ်မယ့် လူတယောက်ပဲ ဖြစ်တယ်။ နောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်ကလည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေရဲ့ ယုံကြည်ခြင်း ခံရတဲ့သူ ဖြစ်တယ်။

---------------------------------------------------------------


ဦးဝင်းလှိုင်
(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မန္တလေးတိုင်း တပ်ကုန်းမြို့နယ် မဲဆန္ဒနယ် အမတ် (၂) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း)

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားတဲ့ကိစ္စက အန်အယ်ဒီရဲ့ ပါတီတွင်း/ပ စည်းရုံးရေး လုပ်ငန်းတွေကို ထိခိုက်မှု ဘယ်လောက်အတိုင်းအတာ ရှိတယ်လို့ မြင်ပါသလဲခင်ဗျာ။

ထိခိုက်ပါတယ်။ အန်အယ်ဒီရဲ့ စည်းရုံးရေးသာမက နိုင်ငံရေး ဦးဆောင်မှု ကိစ္စတွေ၊ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ဘက်ပေါင်းစုံကနေ ထိခိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို အဓိကမဏ္ဍိုင်ပြုပြီးတော့ အန်အယ်ဒီက ပေါ်ပေါက်ခဲ့ရတာ ဖြစ်တဲ့အခါကျတော့ အခုလို တဖက်သတ် နအဖ အနေနဲ့ ထိန်းသိမ်းထားတာ၊ တရားစွဲ နေတာဟာ အန်အယ်ဒီအနေနဲ့ အများကြီး ထိခိုက်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီ တခုသာမက ပြည်သူတရပ်လုံးအတွက် ထိခိုက်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

နအဖ က ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘဲ ထားမယ်ဆိုရင် အန်အယ်ဒီအနေနဲ့ ဘာမှ မလုပ်နိုင်တော့ဘူးလား။ ဒါမှမဟုတ် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ယူဆလဲခင်ဗျာ။

အန်အယ်ဒီက ဘာမှ မလုပ်နိုင်တော့ဘူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့လုပ်ရင် အန်အယ်ဒီသာမက ပြည်သူလူထုရဲ့ လှုပ်ရှားမှုဟာလည်း သည့်ထက်ပိုမိုပြီး အားမြင့်လာနိုင်တယ်။ သည့်ထက်ပိုမိုပြီး အရှိန်ရလာမယ်။ ပိုပြီး အားကောင်းလာမယ်ဆိုတာတော့ အမှန်ပဲပေါ့။ သို့သော်လည်း နအဖက ဒေါ်အောင်ဆန်းစုကြည်ကို လူထုရှေ့ကနေ ဖျောက်လိုက်လို့ ကျနော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ၊ လူထုရဲ့ ဒီမိုကရေစီ လိုလားမှုတွေ ပျောက်ပျက်သွားမှာတော့ မဟုတ်ပါဘူး။

အန်အယ်ဒီရဲ့ အဓိကတာဝန်ကတော့ ပြည်သူလူထုရဲ့ လိုလားချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား တန်းတူညီမျှရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံ တရပ်ဆီကို ရောက်အောင် တတ်နိုင်တဲ့ နည်းလမ်းတွေ အားလုံးကို ကိုင်စွဲပြီးတော့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအနေနဲ့ ထောင်ထဲမှာ ၁ဝ နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေးကို အကျဉ်းချုံး ပြောပြပေးပါလား ခင်ဗျာ။

သာမန်အားဖြင့် ကြည့်ရင်တော့ ထောင်ဆိုတာကတော့ အင်မတန်မှကို မကောင်းတဲ့နေရာပါ။ ဖိနှိပ်မှုတွေ၊ ညှဉ်းပမ်းမှုတွေနဲ့ အင်မတန် ဆိုးရွားတဲ့ လောက တခုပါပဲ။ တကယ်တမ်း တရားဥပဒေရဲ့ ရည်ရွယ်ချက်က အကျဉ်းသားတွေကို ပဲ့ပြင်ဆုံးမပြီးတော့ လူကောင်းသူကောင်း ဖြစ်လာအောင်၊ လူ့လောကအတွက် ပြန်ပြီး အကျိုးရှိလာအောင် ရည်ရွယ်ပြီးတော့ ဒီထောင်တွေက ရှိသင့်တာကိုး။ ဒါပေမယ့် လက်ရှိအစိုးရက သာမန်အကျဉ်းသားတွေကိုပင် ပဲ့ပြင်ဆုံးမတာ မဟုတ်ဘဲနဲ့ လူ့လောကကြီးထဲကနေ ဖယ်ရှားပြီးတော့ လူတယောက်ဆိုတဲ့ အသိအမှတ်ပြုမှုထက် အင်မတန် နိမ့်ကျတဲ့ ပြုမူမှုမျိုး ရှိတယ်။

နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း အသိအမှတ်မပြုတဲ့အတွက် ယေဘုယျကြည့်ရင် ကျန်းမာရေးအရ လျစ်လျူရှုတာကို ခံရတယ်။ ဆရာဝန် မရှိဘူး။ ဆေးမှူး မရှိဘူး။ အကျဉ်းသားထဲက ဆေးလေးဝါးလေး တတ်သလောက် မှတ်သလောက် နားလည်သူကို ပြန်ခန့်တယ်။ ထောင်ထဲမှာ ဘယ်လို လေ့လာမှုမျိုးကိုမှ ခွင့်မပြုဘူး။ လူတွေရဲ့ ဘဝတွေကို ဖျက်ပစ်လိုက်တာပါ။ အင်မတန် ညံ့ဖျင်းတဲ့ ထမင်း၊ အဲဒီထဲမှာ စပါးလုံးတွေ၊ သဲတွေနဲ့။ ကန်ဇွန်းရွက်လို ဟာမျိုးကို ရေလုံပြုတ်ပြီးတော့မှ တခါတလေ ပိုးဟပ်လို၊ တီကောင်လိုမျိုး ပါလာတတ်တယ်။

နောက် ထစ်ကနဲရှိရင် ရိုက်မယ်၊ နှက်မယ်၊ ပုံစံထိုင်းခိုင်းမယ်။ လက်အုပ်ချီခိုင်းမယ်။ လူတွေရဲ့ တန်ဖိုးတွေကို ရိုက်ချိုးနေတာပါ။ ရည်ရွယ်ချက်ရှိရှိနဲ့ ထောင်ဝါဒါတွေကို လေ့ကျင့်ပေးထားသလားလို့တောင် ယူဆရပါတယ်။ ဒါတွေဟာ အစိုးရရဲ့ ပေါ်လစီတွေကို ထင်ဟပ်နေတာပါ။ တကယ်ယဉ်ကျေးတဲ့ အစိုးရ၊ ဒီမိုကရက်တစ် အစိုးရဆိုရင် ထောင်ထဲမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခွင့်ပြုစရာ မရှိပါဘူး။

---------------------------------------------------------------


ဒေါ်ခင်ဥမ္မာ
(လက်မှတ်စုဆောင်းရေး လှုပ်ရှားမှု ပြောခွင့်ရှိသူ၊ FDB နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး)

မြန်မာနိုင်ငံအရေးကို ဘန်ကီမွန်းအနေနဲ့ personal priority (ပုဂ္ဂိုလ်ရေးအရ ဦးစားပေးမှု) အဖြစ် သဘောထားပြီး လုပ်ဆောင်ဖို့ တိုက်တွန်းတာက ဘယ်လို သဘောမျိုးလဲဗျာ။

ကျမတို့က အထွေထွေ အတွင်းရေးမှူးချုပ်ကို မြန်မာပြည်အရေးကို သူ့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုက သာမန်လုပ်ရိုးလုပ်စဉ်မျိုး မဟုတ်ဘဲ သူကိုယ်၌က အချိန်ပိုပေးပြီး စိုက်လိုက်မတ်တပ် ဦးဆောင်ဖြေရှင်းပေးရမယ်ပေါ့နော်။ နိုင်ငံရာကျော်ထဲက နိုင်ငံတခု ကိစ္စကို ဖြေရှင်းတယ်ဆိုတဲ့ သာမန်သဘောမျိုး မထားဘဲနဲ့ ထိထိရောက်ရောက် အစီစဉ်တကျ ဖြေရှင်းပေးဖို့ပေါ့။ ရွှေဝါရောင်တုန်းက ကြည့်မလား၊ နာဂစ်မှာ ကြည့်မလား၊ အခုတခါ ဒေါ်အောင်ဆန်းစုကြည်ကို မတရားထပ်ပြီးတော့ ဖမ်းဆီးချုပ်နှောင်ဖို့ လုပ်နေတဲ့ကိစ္စတွေ ဒါတွေကို ထပ်ပြီးတော့ သူတို့ မျက်ကွယ်ပြုမယ်ဆိုရင်တော့ ကုလသမဂ္ဂရဲ့ တည်ရှိမှု၊ ရပ်တည်မှုဟာ လမ်းမမှန်တော့ဘူးပေါ့။ ဒါကြောင့်မို့လို့ ဘန်ကီမွန်းဟာ ရှေ့ကနေဦးဆောင်ပြီး ဒါကို လုပ်ပေးရတော့မယ်လို့ ပြောတာပါ။

လုံခြုံရေးကောင်စီတို့၊ ညီလာခံတို့ မပါပဲ သူတဦးတည်း ဆုံးဖြတ်ပြီး လုပ်လို့ရမယ်လို့ရော ယူဆပါသလားဗျာ။

အထွေထွေ အတွင်းရေးမှူးချုပ် တယောက်အနေနဲ့ သူ စတင်ဦးဆောင်ပြီးတော့မှ တွေ့ဆုံဆွေးနွေးတာတို့ ဘာတို့ လုပ်လို့ရတာတွေ ရှိတယ်။ သူကိုယ်၌က အာရုံစူးစိုက်ပြီးတော့ ဦးဆောင်လုပ်ရမှာဖြစ်တယ်။ သူ ဦးဆောင်ပြီး လုပ်တယ်ဆိုရင် လုံခြုံရေး ကောင်စီထဲမှာ permanent ၅ နိုင်ငံထဲမှာကြည့်ရင် ၃ နိုင်ငံက မြန်မာနိုင်ငံအရေးကို ထောက်ခံတဲ့ နိုင်ငံတွေ ဖြစ်ပြီးသား၊ တရုတ်နဲ့ ရုရှကလွဲရင်။ မြန်မာပြည်အရေးကို ပြောချင်တဲ့လူက ပြော၊ နားထောင်ချင်တဲ့လူက နားထောင်၊ ပြီးရင် ထပြန်ဆိုတဲ့ အဆင့်ထက် ကျော်ရမယ်။ အာဆီယံက တမျိုးပြောလိုက်၊ အီးယူက တမျိုးပြောလိုက်၊ ယူအက်စ်က တခုလုပ်လိုက် ဒါမျိုး လုပ်နေလို့ မရတော့ဘူး။ ဒါမျိုးလုပ်ရင် နအဖ အကျိုးအတွက်ပဲ ဖြစ်သွားမယ်လေ။ ဒါတွေအားလုံးကို စုစည်းပေးနိုင်တာက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးပဲ။ သူ ဦးဆောင်ပြီး လုပ်မယ်ဆိုရင် ရတယ်ဆိုတာကို ပြောတာပေါ့။ ဒါပေမယ့် သူတယောက်တည်း ဆုံးဖြတ်ပြီး လုပ်လို့တော့ ဘယ်ရမလဲ။ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံအရေး အခု ကြိုးစားနေချက်ဟာ မလုံလောက်သေးဘူး။ မထိရောက်သေးဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို နအဖ စစ်ဗိုလ်ချုပ်တွေက အခုလို မတရားတဲ့ နည်းအမျိုးအမျိုးနဲ့ ဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ ပြောနေကြတော့ ဘာကြောင့် ဒီလို ကြိုးစားနေတာလဲ။ သူတို့ထက် သာနေတာတွေများ ရှိနေလို့လား ခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည်မှာ နအဖထက် သာတာတွေဟာ ရေတွက်လို့တောင် မရဘူး။ သူ့ရဲ့ ရိုးသားဖြူစင်မှု၊ မှန်ကန်မှု၊ ဖြောင့်မတ်မှု၊ ပြည်သူအတွက် အနစ်နာခံမှု၊ တိုင်းပြည်ကို မှန်ကန်တဲ့ ငြိမ်းချမ်းရေးရဖို့၊ ပြန်လည်သင့်မြတ်ရေးရဖို့။ တဆက်တည်းမှာ ပြည်သူက သူ့အပေါ် ယုံကြည်မှု၊ ၈၈ မှာ ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ရှေ့မှာ စရောက်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းသမီး ဆိုတဲ့ဟာမျိုး ရှိမှာပေါ့။ တကယ်တမ်းက အဲဒီအဆင့်ကို ဒေါ်အောင်ဆန်းစုကြည်က အများကြီး ကျော်ဖြတ်ပြီးသွားပြီ။ အဲဒါတွေက နအဖထက်သာတဲ့ အချက်တွေဖြစ်သွားပြီ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ အသေမုန်းတာပေါ့။ ( မဇ္ဈိမ )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews