အိန္ဒိယ နိုင်ငံ အရှေ့မြောက်ဘက် မယ်ဂါလာရာ (Meghalaya) ပြည်နယ်ထဲက ခွဲထွက်ရေး သူပုန်တွေဟာ ဒီပြည်နယ်ရဲ့ မြို့တော် ရှီလုံး (Shillong) မှာ မြန်မာ နိုင်ငံကနေ လက်နက် ၀ယ်ယူရာ ကြားစခန်းအဖြစ် လျှို့ဝှက် လုပ်ဆောင်နေကြတယ်လို့ မြို့တော် ရှိကောင်းရဲ့ ရဲတပ်ဖွဲ့မှူး Claudia Lyngwa က အိန္ဒိယ သတင်းဌာန Press Trust of India ကို ပြောကြားခဲ့ပါတယ်။
သူပုန်တွေဟာ သူတို့ လက်နက်တွေရဲ့ ၈၀ ရာခိုင်နှုန်းကို မြန်မာ နိုင်ငံကနေ ၀ယ်ယူတာ ဖြစ်ပြီး စနေနေ့က မြန်မာ နိုင်ငံက လက်နက်တွေ ရောက်အလာကို ရူပီငွေ ၁ သိန်းကျော်နဲ့ စောင့်ဆိုင်းနေကြတဲ့ ခွဲထွက်ရေး သူပုန် ၂ ယောက်ကို မြို့တော် ရှီလုံးမှာ ဖမ်းဆီး ရမိခဲ့ပါတယ်။ သူပုန် ၂ယောက်ဟာ Black Widow လို့အမည်ရတဲ့ ခွဲထွက်ရေး သူပုန် အဖွဲ့အတွက် မကြာခဏ လက်နက်တွေ ဒီမြို့မှာ ၀ယ်ယူနေပုံ ရတယ်လို့ မြို့တော် ရဲတပ်ဖွဲ့မှူး ကလိုဒီယာ (Claudia) က ဆိုပါတယ်။
ဘလက် ၀ိဒိုး ခွဲထွက်ရေး သူပုန်တွေဟာ မကြာသေးခင်က အာသန်ပြည်နယ်မှာ ရထားတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ အိန္ဒိယ အစိုးရ က ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ လ ကလည်း လက်နက်ရောင်းဝယ်သူ ၄ဦးကို မယ်ဂါလာရာနဲ့ အာသန် ပြည်နယ် နယ်စပ်အကြားမှာ ရူပီငွေ ၂သိန်းနဲ့ အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ( ဗွီအိုအေ )
Monday, May 4, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment