သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Friday, April 3, 2009

မြန်မာ့အရေး ၆ ပွင့်ဆိုင် ဆွေးနွေးရန် အမေရိကန် အဆိုပြု

မြန်မာ့အရေး ကြားဝင် ဖြေရှင်းရာတွင် မြောက်ကိုရီးယား နျူကလီးယား အရေးတွင် နိုင်ငံတကာ၏ ခြောက်ပွင့်ဆိုင် ညှိနှိုင်း ဆွေးနွေးသည့် နည်းလမ်းကို အသုံးပြုရန် စဉ်းစားနေသည် ဟု အမေရိကန် ပြည်ထောင်စုက ယမန်နေ့က ပြောကြားလိုက်သည်။

မြန်မာပြည် ပြဿနာ ဖြေရှင်းရာတွင် “အပြု သဘော ဆောင်ပြီး၊ ပူးပေါင်း ဆောင်ရွက်”သည့် ချဉ်းကပ်မှုမျိုးကို လိုလားသည်ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဂျင်စတိုင်းဘတ်က ဝါရှင်တန်မြို့ အမျိုးသား အာရှ ရေးရာ သုတေသန ဌာနတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတခု၌ ပြောလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်လို နာမည်ပျက်နေတဲ့ အစိုးရ နဲ့ ဆက်ဆံတဲ့အခါ ၂ဘက်စလုံး အတွက် သုညပဲ အဖြေထွက်မယ် ဆိုရင် ဒီဆက်ဆံရေးမျိုးက ဘယ်နိုင်ငံကိုမှ အကျိုးရှိမှာမဟုတ်ပါဘူး” ဟု ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။မြန်မာပြည်သားတို့၏ ဘဝ အခြေအနေများ ဖွံ့ဖြိုးရေး၊ ဒေသတွင်း တည်ငြိမ်မှု တိုးတက်စေရန် ဆောင်ရွက်ရေးတို့ အတွက် ဘုံ သဘောတူညီမှု တခု ရရှိရန် အရှေ့တောင်အာရှနိုင်ငံများအသင်း၊ တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့် နိုင်ငံတို့နှင့် ဆွေးနွေး အဖြေရှာလိုသည်ဟုလည်း ပြောကြားလိုက်သည်။ [ ဆက်ဖတ်ရန် +/- ]



သို့သော်လည်း အမေရိကန် ပြည်ထောင်စုက အဆိုပြုသည့် ၆ ပွင့်ဆိုင် ဆွေးနွေးရေး နည်းလမ်းကို အကဲခတ်များက သံသယ ရှိနေကြသည်။ မြောက်ကိုရီးယား နျူကလီးယား အရေး အတွက် ၆ ပွင့်ဆိုင် ဆွေးနွေးဖြေရှင်းရန် ကြိုးပမ်းနေကြသော်လည်း အဆုံးသတ် အောင်မြင်မှု မရသေးကြောင်း ၎င်းတို့က ထောက်ပြကြသည်။ အဆိုပါ ဆွေးနွေးမှုတွင် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် အစီအစဉ်နှင့် တိုက်ရိုက် ပတ်သက်မှု ရှိသော အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ဂျပန်၊ ရုရှ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့် ၆ နိုင်ငံ ပါဝင်သည်။

“မြန်မာပြည် အရေးအတွက် ၆ ပွင့်ဆိုင် ဆွေးနွေးဖြေရှင်းမယ့် နည်းလမ်းက အလားအလာ ကောင်းမယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် ကမ္ဘာက အာရုံ စူးစိုက်လာဖို့အတွက်တော့ ဒီနည်းလမ်းက အင်မတန် အသုံးဝင်မှာ ဖြစ်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စု၊ Temple တက္ကသိုလ်၊ အာရှလေ့လာရေးဌာနမှ ပါမောက္ခ ဂျက်ဖ်ကင်စတန်က ဆိုသည်။

အမေရိကန် ပြည်ထောင်စုတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး မူဝါဒကို ပြန်လည် သုံးသပ်မည်ဟု ကြေညာခဲ့သည်။

ပြီးခဲ့သည့်အပတ်က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဌာန အရှေ့တောင် အာရှ ရေးရာ ညွှန်ကြား ရေးမှူး မစ္စတာ စတီဖင် ဘလိတ်သည် စစ်အစိုးရ ရုံးစိုက်ရာ မြို့တော် ဖြစ်သည့် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

မစ္စတာ စတီဖင် ဘလိတ်သည် စစ်အစိုးရက နေပြည်တော်သို့ ၂ဝဝ၆ ခုနှစ်တွင် ပြောင်းရွှေ့အခြေစိုက်ပြီး နောက်ပိုင်း သွားရောက်ခဲ့သည့် အဆင့်အမြင့်ဆုံးသော အမေရိကန်အစိုးရအရာရှိ ဖြစ်သည်။

မြန်မာ သတင်းဌာနများက ၎င်း၏ ခရီးစဉ်ကို ဖော်ပြ ရေးသားပြီးနောက်မှ အမေရိကန် သတင်းဌာနများက သိရှိခဲ့ကြခြင်း ဖြစ်သည်။ ၎င်း၏ ခရီးစဉ်သည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်း အထုတ်ခံရဆုံး အကြောင်းအရာ ဖြစ်ခဲ့သည်။

သို့သော်လည်း အမေရိကန် အစိုးရ၏ မြန်မာ့အရေး မူဝါဒများ ပြောင်းလဲခြင်း မရှိသေးကြောင်း၊ မစ္စတာ စတီဖင် ဘလိတ်သည် မြန်မာစစ်အစိုးရနှင့် တွေ့ဆုံခဲ့သည့် သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ပြီးခဲ့သည့်လ ၂၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အရာရှိတဦး ဖြစ်သူ မစ္စတာ Gordon Duguid က ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုက အဆိုပြုလိုသည့် ၆ ပွင့်ဆိုင် ညှိနှိုင်း ဆွေးနွေးသည့် နည်းလမ်းမှာ ယခုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။

၂ဝဝ၃ ခုနှစ်တွင် Bangkok process ဟု ထင်ရှားသည့် ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံက စီစဉ်ပြုလုပ်ခဲ့ဖူးသည်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား နှင့် ဥရောပနိုင်ငံများမှ သံတမန်များက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရန် ဆောင်ရွက်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။

၂ဝဝ၆ ခုနှစ်က အမေရိကန် အစိုးရ၏ အာရှရေးရာဌာန ညွှန်ကြားရေးမှူး မစ္စတာ Michael Green ကလည်း ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးကို အဆိုပြုခဲ့ဖူးသည်။

၎င်း အဆိုပြုသည့် မြန်မာ့အရေး ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ အိန္ဒိယ၊ သြစတေးလျနိုင်ငံတို့ ပါဝင်သည်။ ( ဧရာဝတီ )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews