သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Sunday, October 4, 2009

ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများ ကျင်းပ

စစ်အစိုးရက သံဃာထုကို ၀န်ချတောင်းပန်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် သီတင်းကျွတ်လပြည့် နေ့ ယနေ့တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာမှ သံဃာတော်များ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ကျင်းပသည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် စစ်အစိုးရက သံဃာထုအား ၀န်ချတောင်းပန်ခြင်းပြုရန်နှင့် ထိုသို့မပြုပါက ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုး ရ အား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားခြင်းကြောင့် ပြည်ပရှိ သံဃာတော်များက ယခုကဲ့သို့ ကံဆောင်ကြခြင်းဖြစ်သည်။“စစ်အစိုးရကို ပတ္တနိက္ကုဇန ကံဆောင်ပြီး ဖမ်းဆီးထားတဲ့ ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ဦးပဉ္ဇင်း တို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဘာမှထူးခြားမှုမရှိလာဘူး။ ဆက်ပြီးတော့လည်း ရဟန်းသံဃာတွေ၊ ပြည်သူတွေကိုဖမ်းနေတယ်။ ဒါကြောင့် ဦးပဉ္ဇင်း တို့က ဒီကံကို ထပ်ပြီးဆောင်တာဖြစ် တယ်” ဟု ဘင်္ဂလားဒေ့ရှ်မှ သာသနာ့ဥသျှောင်အဖွဲ့ဝင် ဆရာတော်တပါး က ဧရာဝတီသို့မိန့်သည်။
[ ဆက်ဖတ်ရန် +/- ]

ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာစာသင်သား သံဃာတော်တို့က ကော့ဗဇား မြို့အနီးရှိ မဟားစိုးလ် မြစ်ကို ရေသိမ် အဖြစ်သတ်မှတ်၍ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ကြသကဲ့သို့ သိရီလင်္ကာရောက် ရဟန်းသံဃာများ ကလည်း သိမ်ဝင်သူ သံဃာတို့၏ ကံဆောင်မှုကို သဘောတူ သာဓုခေါ်၍ ကံဆောင်ကြသည်ဟု ဆိုသည်။

“ပတ္တနိက္ကုဇ္ဇနကံကို လှန်တဲ့ကံမပြုမချင်း ဒီတိုင်းပဲရှိနေမှာပဲ။ ကံဆောင်မယ်လို့ဆိုရင် ဦးပဉ္ဇင်းတို့က သဘော တူ သာဓုခေါ်လိုက်ရင် ကံမြောက်တာပဲ။ အားလုံးညှိနှိုင်းကြပြီး ကောင်းတဲ့အဖြေရှာဖို့ ဦးပဉ္ဇင်းတို့က တောင်း ဆို ချင်ပါတယ်”ဟု သီရိလင်္ကာမှ မြန်မာစာသင်သား သံဃာတော်တပါးက ဆိုသည်။

အိန္ဒိယရောက် မြန်မာသံဃာ တော်များကလည်း နယူးဒေလီမြို့အရှေ့ဘက်ရှိ ယမုံနာမြစ်ကို သိမ်သမုတ်ကာ ကံဆောင်ခဲ့ကြသည်။

“သံဃာတွေကို ထောင်သွင်းအကျဉ်းချ၊ နှိပ်စက်တာတွေ လုပ်နေတာဟာ သံဃာတွေနဲ့ သာသနာအတွက် အန္တရယ်ပဲ။ ဒါကို ကာကွယ်တဲ့အနေနဲ့ ဘုရားရှင် ညွှန်ကြားထားတဲ့အတိုင်း ရေရှည်ငြိမ်းချမ်းရေးအတွက် ဒီပ၀ါယနာပွဲမှာ ဒီကံကို ထပ်ဆောင်တာပဲ”ဟု သာသနာ့ဥသျှောင်အဖွဲ့ အိန္ဒိယ ဌာနခွဲ ဥက္ကဌ ဆရာတော် ဦးပညာဇောတ က မိန့်သည်။

ပြည်တွင်းရှိ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ ပခုက္ကူ စသည်မြို့များတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သံဃာ တော်များကို အရပ်ဝတ်နှင့် ရဲများက စောင့်ကျပ် ကြည့်ရှုခြင်းများရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ရန်ကုန်မြို့တွင်းတွင်လည်း စစ်ကားများ ရဲကားများလှည့်လည်နေပြီး ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားများ အနီးတွင် လုံခြုံရေးများ တင်းကျပ်စွာချထားသည်ဟု မြို့ခံများကဆိုသည်။

ရန်ကုန်မြို့ရှိ သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲမှ သံဃာတော်များက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေး တင်းကျပ်နေသည့်အတွက် သိမ်ဝင်၍ မပြုလုပ်ဖြစ်ကြောင်း အဖွဲ့ဝင်ဆရာတော် တပါးက မိန့်သည်။

“အခုဒီမှာက သူတို့တွေတအားရှုပ်နေတယ်။ စီစဉ်ထားတာ မလုပ်ဖြစ်ဘူး။ ဒါပေမယ့် တခြားသူတွေ ကံဆောင်တာကို သဘောတူပါတယ်ဆိုပြီး သာဓုခေါ်လိုက်ရင် ကံဆောင်တာအောင်မြင်တယ်လို့ ယူဆ မှတ်ယူလို့ရတယ်။ တခြား ပြည်တွင်းပြည်ပက သံဃာတွေ ကံဆောင်တာဟာ ကောင်းတာလုပ်တာ ဖြစ်တဲ့ အတွက် သဘောတူ သာဓုခေါ်ပါတယ်”ဟု ကံဆောင်သည့် ဆရာတော်တပါးက မိန့်ကြားသည်။

စစ်အစိုးရက ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် သံဃာတော်များ ခရီးသွားလာ သီတင်း သုံး နေထိုင်ရာတွင် အထူးတင်းကျပ်ခြင်း၊ ကျောင်းတိုက်များကို စောင့်ကျပ်ကြည့်ရှုခြင်းနှင့် စစ်ဆေး မေးမြန်း ဖမ်းဆီးခြင်းများကို ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားသည်။

ယင်းသံဃာအဖွဲ့က အကျဉ်းကျသံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့လမ်း လျှောက် ဆန္ဒပြခဲ့သော သံဃာတော်များအပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။ တောင်းဆိုချက် များကို အာဏာ ပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှား မှုများ ပြုလုပ် ပြီး ဆန္ဒပြ တောင်းဆိုသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။

ထိုသို့ ထုတ်ပြန်ကြေငြာချက် ထွက်လာသည့် သြဂုတ်လတွင်းမှ စတင်၍ ဘုန်းတော်ကြီးကျောင်းများတွင် လုံခြုံရေးများ ချထားခြင်း၊ သံဃာတော်များကို စောင့်ကျပ်ကြည့်ရှုခြင်းတို့အပြင် အနယ်နယ် အရပ်ရပ်ရှိ ဆရာတော် သံဃာတော်များအပါအ၀င် တက်ကြွသူ လူငယ်များကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၏ ဖော်ပြချက်အရ မြန်မာပြည် အနှံ့ အကျဉ်းများထောင်များရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ထဲတွင် သံဃာ ၂၃၇ ပါး ပါဝင်ကြောင်း သိရသည်။ ( ဧရာဝတီ )

ဒေါ်အောင်ဆန်းစုကြည်အား နအဖ ဆက်ဆံရေး ဝန်ကြီးတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ အောက်တိုဘာလ ၃ရက် နေ့လည်တနာရီခန့်က နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က စ်ီမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ခေါ်ယူတွေ့ဆုံဆွေးနွေးကြောင်း သတင်းရရှိပါသည်။ ဆွေးနွေးပွဲမှာ ၄၅မိနစ်ခန့် ကြာခဲ့ပြီး ၁နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်သို့ပြန်လည် ခေါ်ဆောင်သွားသည်ဟု သိရပါသည်။
ဆွေးနွေးချက်များကို ထုတ်ပြန်ကြေငြာမည် မကြေငြာမည်ကို မသိရသေးပါ။ နိုင်ငံရေး အသိုင်းအဝိုင်းမှ သုံးသပ် ပြောဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံပေးစာ နှင့် ပတ်သက်၍ တုံ့ပြန်ဆွေးနွေးမှူ တခုလဲဖြစ်နိုင်သလို အမေရိကန်၏ ပေါ်လစီ အပြောင်းအလဲ အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးညှိနှိုင်း နေသည်ဆိုသော အချက်ကို ပြလိုသည့် ပြယုတ်တခု လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေပါသည်။
ဆက်ဆံရေးဝန်ကြီးဆိုသော ရာထူးတခုကို ဖန်တည်း၍ ဦးအောင်ကြည်အား ဝန်ကြီးခန့်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်းမှုများကို ၂၀၀၇ ခုနှစ်နှစ်ကလည်း ပြုလုပ်ခဲ့ဘူးသော်လည်း ထူးခြားသော ဖြစ်ပေါ်ပြောင်းလဲမှု တစုံတရာ မရှိပဲ နအဖမှ တဖက်သတ်ရပ်ဆိုင်းခဲ့ပါသည်။
နောက်ပိုင်းတွင် ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်ခြံတွင်းသို့ ဝင်ရောက်သည့် ကိစ္စနှင့်ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တောင်ဒဏ်၃ နှစ် ချခဲ့ပြီးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန်ဖြင့် ထောင်ဒဏ် တနှစ်ခွဲ သို့ပြောင်းကာနေအိမ် အကျယ်ချုပ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ မနေ့ကပင် ထိုအမှုနှင့်ပါတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ရန်ကုန်တိုင်းတရား ရုံးက ပယ်ချခဲ့ပါသည်။
သုံးသပ်သူများက မည်သို့ပင် ဖြစ်စေကာမှု ဆွေးနွေးမှုသည် စိတ်စေတနာ မှန်ကန်ပါက ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သောကြောင့် ကြိုဆိုသင့်သည် ဟုပြောပြသွားပါသည်။ ( ရွှေဝါရောင်သတင်းလွှာ )

Thursday, October 1, 2009

၂၁ နှစ်ကြာ ကြံ့ကြံ့ခံနေကြသူများ


မိတ္ထီလာထောင်မှ လွတ်လွတ်ချင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ၂၁ နှစ်ပြည့် အခမ်းအနားကို ရောက်အောင် သွားမည်ဟု အားခဲထားခဲ့သော ဦးခင်မောင်ချစ်သည် ရန်ကုန်မြို့ ရှိ NLD ရုံးသို့ ရောက်လာသည်။

ခြောက်ခြောက် မွဲမွဲ အသားအရေ၊ ပိန်လှီလှသော ခန္ဓာကိုယ် နှင့် ဒူးတဘက်ကို ဆကာ ဆကာ တရွေ့ရွေ့ လျှောက်လာသော သူ့ကို အဖွဲ့ချုပ်ရုံး အနီးတွင် ရပ်နေသူ တချို့ မြင်တွေ့သောအခါ ၀မ်းသာ အားရနှင့် ကြိုဆို နှုတ်ဆက်ကြသည်။

NLD ရုံးရှေ့တွင် ခမောက် ဆောင်းပြီး၊ ခွပ်ဒေါင်းအလံပုံ ပါသည့် အင်္ကျီဖြူ ဆင်တူ ၀တ်ထားကြသော အဖွဲ့ဝင်များ၊ ပင်နီတိုက်ပုံနှင့် အမျိုးသားများကို တွေ့မြင်လိုက်ရသောအခါ ၀မ်းနည်း ၀မ်းသာစိတ်ဖြင့် မျက်ရည်ပင် ၀ိုင်းမိကြောင်း အသက် ၆၀ ခန့် ရှိပြီဖြစ်သည့် ဦးခင်မောင်ချစ်က ပြောသည်။
[ ဆက်ဖတ်ရန် +/- ]

သူက ဘိုကလေးမြို့နယ် NLD အတွင်းရေးမှူးဖြစ်သည်။ ဘိုကလေးမြို့အတွင်း လောင်စာဆီ ဈေးနှုန်း နှင့် ပတ်သက်ပြီး မြို့နယ်အာဏာပိုင်များသို့ စာရေးသား ပေးပို့သည့် အတွက် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံရပြီး၊ လွတ်ရက်စေ့ရန် လပိုင်း အလိုတွင် အာဏာပိုင်တို့၏ လွတ်ငြိမ်း သက်သာခွင့် အစီအစဉ်ဖြင့် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

“ရန်ကုန် တက်မယ် ဆိုတာနဲ့ မြို့က ထောက်လှမ်းရေးတွေက ခေါ်မေးတယ်၊ ရုံးချုပ် နှစ်ပတ်လည် သွားမှာကို ကြိုက်ပုံမရဘူး၊ ပြီးတော့ တလမ်းလုံး ဂိတ်တိုင်းမှာ အစစ်ခံရတယ်၊ ရန်ကုန် ရောက်တော့လည်း အောင်မင်္ဂလာ အဝေးပြေးဂိတ်ထဲမှာ စောင့်ပြီး ဘယ်အိမ်မှာ တည်းမှာလဲလို့ မေးတယ်” ဟု ဧရာဝတီတိုင်းမှ အရောက်လာခဲ့သူ ဦးခင်မောင်ချစ်က ပြောပြသည်။

ထောင်မှလွတ်လာပြီး NLD ရုံးသို့ ချက်ချင်းဆိုသလို ရောက်လာသူမှာ ဦးခင်မောင်ချစ် တဦးတည်း မဟုတ်ပေ။

လွတ်ရက်စေ့ရန် ၅ ရက်အလိုတွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သော ဦးမိုက်ကယ်ဝင်းကျော်ကလည်း ကလေးမြို့ အကျဉ်းထောင်မှ လွတ်လွတ်ချင်း NLD ၂၁ နှစ်ပြည့် အခမ်းအနားကို တက်မည်ဟု ဆုံးဖြတ်ခဲ့ပြီး အာဏာပိုင်တို့ စောင့်ကြည့်နေသည့်ကြားမှ အရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။ ထောင်မှအထွက်တွင် အာဏာပိုင်တို့က ခံဝန်ချက်လက်မှတ် ထိုးရန် ဖိအားပေးခဲ့သော်လည်း နိုင်ငံရေးသမားတချို့က လက်ခံခြင်းမပြုခဲ့ဟု သူက ပြောသည်။

“နိုင်ငံရေးသမား ထောင် မကြောက်ဘူး ပေါ့ဗျာ” ဟု ဦးမိုက်ကယ်ဝင်းကျော်က ဆိုသည်။

သူ့နည်းတူ ကလေးမြို့ အကျဉ်းထောင်မှ လွတ်လာသူ ဦးဘမင်း နှင့် ထောင်အသီးသီးမှ လွတ်မြောက်လာသူ အများအပြားက ဤအခမ်းအနားသို့ အရောက်လာရန် စိတ်ပိုင်းဖြတ်ထားသူများ ဖြစ်သည်။

ယခုလအတွင်း အာဏာပိုင်တို့က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော နိုင်ငံရေး အကျဉ်းသားများထဲတွင် လွတ်ရက်စေ့ရန် လပိုင်း၊ ရက်ပိုင်းသာ လိုတော့သူ အများအပြား ပါဝင်ကြောင်း ရန်ကုန်တိုင်းမှ NLD အဖွဲ့ဝင်တဦးက မကျေမနပ် ရှင်းပြသည်။

“လွတ်ရက်စေ့ဖို့ ၅ ရက်လောက် လိုတော့တဲ့သူ၊ ၆ ရက်လောက် လိုတော့တဲ့ သူတွေကို လွှတ်ပေးတယ်၊ လွတ်ရက်စေ့ဖို့ ရက်ကျော်နေတဲ့ ဗိုလ်ကြီး ၀င်းထိန်တို့၊ ဗိုလ်မှူးကြီးကျော်ဆန်းတို့ ထောင်ထဲမှာ ကျန်းမာရေး မကောင်းလို့ အသည်းအသန် ဖြစ်နေတဲ့ ဦးရွှေမောင်တို့ ဦးကြည်သန်းတို့ အဲလို လူတွေကိုတော့ လွှတ်မပေးဘူး” ဟု သူက ပြောသည်။

နိုင်ငံရေးသမားများ ထောင်ကျသွားသောအခါ မိသားစုက အခက်အခဲများစွာ တွေ့ရလေသည်။

ရှမ်းပြည်နယ်မှ ဦးသန်းဌေးက သူ နှင့် သူ့သား ၃ ယောက်စလုံးကို အာဏာပိုင်တို့က ထောင်ချခဲ့သဖြင့် မိသားစု စီးပွားရေးမှာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း၊ သူ၏သားများမှာလည်း စိတ်ဒဏ်ရာ ရကြကြောင်း ပြောပြသည်။

လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးသန်းညွန့်ကလည်း “အိမ်က ရှိတာတွေ ရောင်းစားရင်း သူတို့ စားဝတ်နေရေးကို ဖြေရှင်းရတာပေါ့၊ ကျနော် ရှာထားတဲ့ ပစ္စည်းတွေ ကုန်တော့မှ ကျနော်လည်း ပြန်လွတ်လာတယ်” ဟု ပြောသည်။

သူတို့သည် ထောင်ထဲမှ ရခဲ့သော ဒဏ်ရာဒဏ်ချက်များ၊ ၂၁ နှစ်လုံးလုံး စစ်အစိုးရ၏ နည်းလမ်းမျိုးစုံဖြင့် နှိမ်နင်းခြင်းများကို အံတုရင်ဆိုင်ရင်း ဆင်းရဲ နွမ်းပါးစွာဖြင့်ပင် NLD ၏ ၂၁ နှစ်ပြည့် အခမ်းအနားသို့ အရောက်လာခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ နိုင်ငံရေး လုပ်သက် ၂၁ နှစ်အတွင်း ထောင်ကျလိုက်၊ ပြန်လွတ်လာလိုက်ဖြင့် လုံးခြာလိုက်နေသည်။ ပြန်လွတ်လာသည်နှင့် NLD သို့ ရောက်လာကြပြန်သည်။ သူတို့၏ စုရပ်မှာ ယခုအချိန်တွင် ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံး တခုတည်းသာ ရှိနေသည်။ ပြည်နယ်၊ တိုင်း၊ မြို့နယ်ရုံးများ အပိတ်ခံထားရသည်မှာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက ဖြစ်သည်။ ကျန်ရှိသည့်ရုံးများမှာလည်း ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ချိတ်ပိတ်ခံရသည်။

၎င်းတို့၏ တခုတည်းသော စုရပ်ဖြစ်သည့် ရွှေဂုံတိုင်အရပ်ရှိ ဌာနချုပ်ရုံးတွင် ပြုလုပ်သည့် NLD ၂၁ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်သူပေါင်း ၇၀၀ ကျော်ခန့် ရှိကြောင်း ရန်ကုန်တိုင်း၊ ပြန်ကြားရေးဌာနမှ ဒေါက်တာ ၀င်းနိုင်က ပြောသည်။

အဖွဲ့ချုပ် နှစ်ပတ်လည် တေးသံက ရွှေဂုံတိုင်လမ်းမပေါ် အထိ ပျံ့လွှင့်လာသောကြောင့် ရုံးရှေ့နှင့်အနီးတ၀ိုက်မှ ရဲများ၊ လုံထိန်းများ ပြူးပြူးပြာပြာဖြစ်သွားသည်။

အာဏာပိုင်တို့က ရုံးနှင့် အနီးတ၀ိုက်တွင် လုံထိန်းတပ်ဖွဲ့ဝင် အများအပြား ချထားသည်။ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ရုံးရှေ့ တည့်တည့်တွင် ရဲကား ၁၀ စီးခန့် ရောက်လာသည်ဟု ဆိုသည်။ သို့သော်လည်း လုံခြုံရေးချထားမှုမှာ ယခင်ကထက် နည်းပါးပါသည်ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

အခမ်းအနားမှာ နေ့လယ် ၁၂ နာရီမှ စမည်ဖြစ်သော်လည်း နံနက် ၁၀ နာရီ ခန့်ကပင် ရုံးအောက်ထပ် ခန်းမက လူပြည့်သွားသည်။ သံတမန်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းထောက်များကိုလည်း တွေ့ရသည်။

“ကောင်းယံမှာ ဒေါင်းလံတွေ … ဒေါင်းအလံတွေမှာတော့ အကြောင်းအရံခါ … ကောင်းယံမှာ ဒေါင်းအလံဟာ တလူလူ လွှင့်လိုက်ပြန်တော့ လူထုက တခဲနက် ကြိုဆို … တွဲလက်ရယ် ပိုမို ခိုင်မြဲကာမှ မလွဲမသွေ ပန်းတိုင် ရောက်မှာမို့ …” ဟု အဖွဲ့ဝင် တဦးက စေးစေးပိုင်ပိုင် တေးရင့်ကျူးလိုက်သောအခါ ဓာတ်ပုံရိုက်သံများမှအပ ခန်းမတခုလုံး ငြိမ်သက်သွားသည်။ ထို့နောက် လက်ခုပ်သံ တဖြောင်းဖြောင်း ထွက်ပေါ်လာသည်။

အာဏာပိုင်တို့ မည်မျှပင် နှိပ်ကွပ်နေစေကာမူ အဖွဲ့ဝင်များ စုစည်းမှုရှိစေရန် ပြုလုပ်နေပုံကိုလည်း တွေ့ရသည်။ အခမ်းအနားတွင် ကာတွန်း၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲဆုများကိုကြေညာပြီး ဆုပေးကြသည်။

အခမ်းအနားတွင် တွေ့ရသည့် အဖွဲ့ဝင် အများအပြားက ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့် ရင်ထိုးများ တပ်ဆင်ထားကြသည်။ တချို့ကလည်း စုစုပေါင်း ၁၄ နှစ်ကြာ ထိန်းသိမ်းခံနေရသည့် ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင် လွတ်မြောက်လာတော့မည်ဟု မျှော်လင့်နေကြလေသည်။

ပရိသတ်၏ ရှေ့ဆုံးပိုင်းတွင် မကြာခင်က ထောင်မှ ထွက်လာသူ အမျိုးသမီး ၆ ဦး ရှိနေသည်။ တချို့က မျက်ရည်ဝိုင်းနေသည်။ တချို့က အံကို တင်းတင်းကြိတ်ပြီး သီချင်းလိုက်ဆိုနေသည်။ တချို့က အကျဉ်း ကျနေဆဲဖြစ်သော သူတို့၏ လုပ်ဖော်ကိုင်ဖက်များကို သတိရနေသည်။

“ကိုယ်နဲ့ အတူကျခဲ့တဲ့ သူတွေ အခု ထောင်တွေထဲမှာ ရှိနေသေးတာကို တွေးမိရင် ၀မ်းမသာနိုင်ဘူး၊ သူတို့အားလုံး လွတ်မြောက်မှသာ ကျမတို့ ၀မ်းသာနိုင်မယ်၊ ပျော်နိုင်မယ်” ဟု မကွေး အကျဉ်းထောင်မှ လွတ်မြောက်လာသူ မဌေးက ပြောသည်။

ပြီးခဲ့သည့် ၂၁ အတွင်း သူတို့က လစာနှင့် အခွင့်အရေး ဘာမျှမရှိသော်လည်း NLD တွင် ဆက်လက် လုပ်ကိုင်နေကြသည်။ တခါတရံ သူတို့ရရှိတတ်သည်က အာဏာပိုင်များထံမှ လာသည့် ခြိမ်းခြောက်မှုများ၊ ထောင်ဒဏ်များ ဖြစ်နေသည်။ ဤအခြေအနေများ ကြားမှပင် တခုတည်းသော NLD ရုံးရှိရာသို့ အရောက်လာနေကြခြင်း ဖြစ်သည်။ တာဝန်တွေ ဆက်ပြီး ယူရဦးမည်ဟု သူတို့က ပြောကြသည်။

“ထောင်ကထွက်တာ ၃ ရက်ပဲ ရှိသေးတယ်၊ အိမ်မှာ နားပါလို့ ကျနော့် အမျိုးသမီးက ပြောတာတောင် ကျနော်က မနားနိုင်သေးဘူး၊ ပါတီနှစ်ပတ်လည် သွားရမယ်၊ ပါတီ တာဝန်တွေ ဆက်ထမ်းဆောင်ရဦးမယ်လို့ ပြောပြီး ထွက်လာခဲ့တာပဲ” ဟု မိတ္ထီလာထောင်မှ ၁၉ ရက်နေ့တွင် လွတ်လာသူ ဦးခင်မောင်ချစ်က ပြောပြသည်။ ( ဧရာဝတီ )

Wednesday, September 30, 2009

ဒေါ်စုလွှတ်ရေး အာဆီယံ ပန်ကြားမယ့် အစီအစဉ် ဖျက်သိမ်း

အာဆီယံ အရှေ့တောင်အာရှ အသင်းကြီးက သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရထံကို မေတ္တာရပ်ခံစာ ပေးပို့မယ်ဆိုပြီး အစီအစဉ် ရှိခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်နေတာကို အကြောင်းပြုပြီး အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အခုလို ဖျက်သိမ်းလိုက်တာကို ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေကို တိုးတက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ အာဆီယံအသင်းကြီးရဲ့ ကြိုးပမ်းချက်ကို နောက်ပြန်ဆွဲစေတဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီရေး အားပေးတဲ့ အာဆီယံ လွှတ်တော်အမတ်တချို့က ရှုမြင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
[ ဆက်ဖတ်ရန် +/- ]

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရအပေါ် အာဆီယံအနေနဲ့ မေတ္တာရပ်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်တဲ့ ရပ်တည်ချက်တွေ ချဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့တာမျိုးလည်း မရှိဘူးလို့ ပြောဆိုပါတယ်။

AIPMC မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်ကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးရေး စဉ်းစားလာတာနဲ့ မြန်မာနိုင်ငံအတွင်း မတရား ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကို အာဆီယံက မတောင်းဆိုဘူးဆိုတာ သိပ်ကိုမှားယွင်းတယ်လို့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့ရော အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံ၊ နောက် အာဆီယံ တခုလုံးအနေနဲ့ ဒီကိစ္စက ရေတိုကိုပဲကြည့်တဲ့ ချဉ်းကပ်မှုတခုလို့ ကျနော်တို့က မြင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်း ဘယ်လို ညီညီညွတ်ညွတ် လုပ်ကိုင် ချဉ်းကပ်မလဲဆိုတာ မရှိဘူးဆိုတာကို ပြသနေတယ်” လို့လည်း AIPMC အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်က ပြောသွားတာပါ။

အာဆီယံဟာ နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်ပြီး အလေးပေး ပြောလာတဲ့ အချိန်အခါမျိုး၊ အစည်းအဝေးတွေ အခမ်းအနားတွေမှာသာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုတာမျိုးတွေ ရှိနေတာက စိုးရိမ်စရာတခုလို့ သူက မြင်ပါတယ်။

“နိုင်ငံတကာက ဖိအားပေးတဲ့အခါတွေမှာ အာဆီယံက သူတို့ကလည်း လိုက်ပြီးရွေ့တယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူတို့လည်း လုပ်နေပါတယ်ဆိုတာမျိုး ပြောဆိုချင်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့က သူတို့ပြောတဲ့ စကားတွေကို ပြန်ရုပ်သိမ်းပြီးတော့ နောက်ဆုတ်သွားတာပါပဲ။ ဒါမျိုးကို ကစားကွက်တခုအဖြစ် သုံးနေတာ စိုးရိမ်စရာပါပဲ။” လို့ AIPMC အဖွဲ့ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင် ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ဖမ်းဆီးထားတာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်ဆိုတဲ့ အမြင်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား လက်ခံထားမယ်ဆိုရင် နိုင်ငံတကာအလယ်မှာ သိက္ခာရှိရှိ ရပ်တည်နိုင်အောင် အားယူနေတဲ့ အာဆီယံရဲ့ ခြေလှမ်းတွေကို နောက်ပြန်ဆွဲသလို ဖြစ်သွားလိမ့်မယ်လို့ ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ NCGUB ပြည်ပရောက် အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက အခုလိုမြင်ပါတယ်။

“အပြစ်မရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ထောင်ချခံရခြင်းဟာ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်ခြင်းခံရတာ ဖြစ်ပါတယ်။ ထို့နည်းတူ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းတခုလုံး ချိုးဖောက်ခံရတဲ့အပေါ်မှာ ရပ်တည်ပြီးတော့၊ အာဆီယံရဲ့ ဂုဏ်သိက္ခာအပေါ်မှာ ရပ်တည်ပြီးတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို ဆက်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့က နအဖနဲ့ အဆင်ပြေအောင် ဆက်ဆံရင်းနဲ့ ဗမာပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆုတ်ယုတ်စေတယ်ဆိုတာကို အာဆီယံအနေနဲ့ သတိထားပေးဖို့လည်း လိုအပ်ပါတယ်။”

ဦးခွန်မြင့်ထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

AIPMC ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်ကတော့ အာဆီယံအဖွဲ့ကြီးကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ထောက်ပြနေတာက ဒေါ်အောင်ဆန်းစုကြည်က ဥပမာတခုသာ ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုဒေသတွေ၊ မကြာသေးခင်က ကိုးကန့်ဒေသနဲ့ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို တခြား လူ့အခွင့်အရေး အခြေအနေတွေကိုလည်း အာဆီယံအနေနဲ့ ကြည့်ဖို့လိုမယ့်အကြောင်း ဝေဖန်ပြောဆိုပါတယ်။ ( ဗွီအိုအေ )

Monday, September 28, 2009

အဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံ ပေးစာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ( ၂၁ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ( ကိုရီးယား )



2009년 9월 27일 일요일 오후 3시부터 5시 까지 NLD 한국지부는 경기도 부천시 원미구 심곡 2동 NLD 한국지부 사무실에 버마 내 NLD 설립 21주년 기념식을 했습니다.

NLD (LA) Korea Branch held 21 years anniversary of NLD Foundation Day in Burma NLD (LA) Korea Branch's office in Pucheon from 3:00 PM to 5:00 PM on September 27.

၂၀၀၉ ခုနစ် စက်တင်ဘာလ ၂၇ ရက် ညနေ ၃နာရီမှ ၅ နာရီအချိန်ထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြေနယ်မြေ) ကိုရီးယားဌာနခွဲ၏ ရုံးခန်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားကို ကျင်းပပါသည်။

၁။ အခမ်းအနား ဖွင့်လှစ်ခြင်း
၂။ အလံတော်အား အလေးပြုခြင်း
၃။ ကျဆုံးသွားသော သူရဲကောင်းများအား အလေးပြုခြင်း
၎။ ဦးအောင်မြင့်ဆွေ (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြေနယ်မြေ) ကိုရီးယားဌာနခွဲ)က အဖွင့်အမှာစကားပြောကြားခြင်း။
၅။ တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခြင်း
၆။ အခမ်းအနား ရုပ်သိမ်းခြင်း

အခမ်းအနားမှူးအဖြစ် ဦးသောင်းထွန်း (ရုံးအဖွဲ့မှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြေနယ်မြေ) ကိုရီးယားဌာနခွဲ)က ဆောင်ရွက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

ရွှေဝါရောင် တော်လှန်ရေးကြီး (၂) နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ ( ကိုရီးယား )



၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက် တနင်္ဂနွေဗန့ နံနက် ၁၁နာရီအချိန်မှ ၁၂ နာရီအချိန်ထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက ဦးစီး၍ နှစ်နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲံသို့ မြန်မာအရေးလှုပ်ရှားမှု (ကိုရီးယား)၊ ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)၊ ချင်းတိုင်းရင်းသား အဖွဲ့အစည်း(ကိုရီးယား)နှင့် မြန်မာနိုင်ငံသားများ ပူးပေါင်း ဆောင်ရွက်ကြပါသည်။

အခမ်းအနားမှူးအဖြစ် ဦးဇော်မိုေးအာင် (တွဲဘက်အတွင်းရေးမှူး ၂၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ) က ဆောင်ရွက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

Wednesday, September 23, 2009

သမီးဆန္ဒအတိုင်း အမျှ မဝေသေးဘူး


၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုကြီးကို မြန်မာ့ တပ်မတော်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြသူများ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသူ ရှိခဲ့သည်။

ထိုစဉ်က ဖြစ်ရပ်တချို့နှင့် ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများထဲတွင် အာဏာသိမ်းပြီး နောက်တနေ့ ဖြစ်သော စက်တင်ဘာ ၁၉ ရက်နေ့ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သူ ဆန္ဒပြကျောင်းသူ မ၀င်းမော်ဦး၏ ဓာတ်ပုံမှာ အထင်ရှားဆုံး ဓာတ်ပုံများထဲတွင် ပါဝင်သည်။
မ၀င်းမော်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းကြူအား ဧရာဝတီ သတင်းထောက် ဇာနည်မာန်က ဆက်သွယ်ပြီး သမီးဖြစ်သူ ဆန္ဒပြရာတွင် ပါဝင်ခဲ့ပုံ၊ သူနှင့် သူငယ်ချင်းတချို့ ဒဏ်ရာရ သေဆုံးခဲ့ပုံ၊ မိသားစု၏ ခံယူချက် စသည်တို့ကို မေးမြန်းထားပါသည်။
[ ဆက်ဖတ်ရန် +/- ]


မေး ။ ။ မ၀င်းမော်ဦးအတွက် နှစ်ပတ်လည် ဆွမ်းကပ်တယ်လို့ သိရပါတယ်။ အေးအေးချမ်းချမ်း လုပ်ခွင့် ရခဲ့ပါသလား။

ဖြေ ။ ။ ကောင်းကောင်းမွန်မွန်တော့ လုပ်ခွင့်ရပါတယ်။ သူတို့ အဖွဲ့အစည်း ဘာညာတော့ ဘေးပတ်ဝန်းကျင်မှာ ရှိတော့ရှိတာပေါ့။ ဒါပေမယ့်လို့ သူတို့ဘာသာ သူတို့ နေကြတာပါ။ နှောင့်ယှက်တာ ဘာညာတော့ မရှိဘူးပေါ့။ နှစ်တိုင်းနှစ်တိုင်း ကျနော်တို့ လုပ်ခဲ့တဲ့အခါမှာလည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မရှိဘူး ဆိုတာကလည်း ကိုယ့်ဆီလာတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း သမီးကို ဂုဏ်ပြုတဲ့ အနေနဲ့ လာလာပြီးတော့ ဒီလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြောကြ ဆိုကြတာလေ။

မေး ။ ။ နှစ်တိုင်း ဆွမ်းကပ်ပေမယ့် မ၀င်းမော်ဦး မှာခဲ့တဲ့ စကားတခွန်းကြောင့် ဦးတို့ အခုချိန်ထိ သူ့အတွက် အမျှမဝေဘူး ဆိုတာ သိရပါတယ်ရှင့်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီတုန်းက သမီးက ဗိုလ်ချုပ်ပုံလေး ကိုင်ပြီးတော့ ဒူးလေး ထောက်နေတော့ သူငယ်ချင်းတွေက ၀ပ်ခိုင်းတာမှာ သမီးက ပြောတယ် တဲ့၊ ငါ မ၀ပ်ဘူး၊ မ၀ပ်ဘူး။ ငါတို့ ဒီမိုကရေစီ မရမချင်း၊ ငါတို့ တခုခု ဖြစ်သွားသည့် တိုင်အောင်တောင်မှ ငါတို့ နာမည်ခေါ်ပြီး အမျှမဝေပါနဲ့ဦး ငါတို့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမယ် တဲ့၊ အဲဒီလို ပြောခဲ့တယ် တဲ့၊ အဲဒီလိုပဲ သူ့သူငယ်ချင်းတွေ ဆီကနေ ကျနော်တို့က ကြားခဲ့ရတယ်။ ကျနော်တို့ မိဘတွေ အနေနဲ့ သူတို့ တောင်းထားတဲ့ဟာ မရမချင်း၊ နောက် သူ့ဆန္ဒအရ ယနေ့အထိ ၂၁ နှစ် အထိတိုင်ကို သူ့နာမည် ခေါ်ပြီးတော့လည်း ကျနော် လုံးဝ သူ့အတွက် အမျှ မဝေဖူးသေးပါဘူး။ သူတို့ တောင့်တတဲ့ အနေအထား ရလာပြီ ဆိုမှသာလျှင် သူ့အတွက် သူ့နာမည်ကို အားရပါးရကြီး ခေါ်ပြီးတော့ ကျနော် အမျှဝေမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး ။ ။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဖြစ်အပျက်လေးကို ဦးမှတ်မိသလောက် ပြောပြပေးပါရှင်။

ဖြေ ။ ။ အဲဒါတွေက ဘယ်တော့မှ မမေ့ပါဘူး။ သူက မဟုတ်မခံစိတ် ရှိတယ်။ အဲဒီနေ့တုန်းက မနက်ပိုင်းက သူ့ကို ကျနော်တို့ မိဘတွေကလည်း တားတာပေါ့။ အဘိုးတွေ အဘွားတွေကလည်း တားတယ်။ သမီး ဒီနေ့က သိပ် အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ မသွားရင် ကောင်းမယ် ဆိုတော့ သူက ဘိုးဘိုးကြီး တဲ့ သမီးတို့က ကျောင်းမှာ ဆိုလို့ရှိရင် အမာခံတောင် မဟုတ်ဘူး တဲ့လေ၊ အသေခံပါ တဲ့။ အဲဒီတော့ သမီးတို့ မသွားလို့ မရဘူး၊ နောက်တော့လည်း သူက လူကြီးဖြစ်နေတဲ့ အတွက် မသွားလို့ မဖြစ်ဘူး။ သမီး သွားရမယ် တဲ့။ သွားရင်လည်း သမီး မျက်နှာပြရုံတင်ပါပဲ တဲ့။ ပြီးရင် သမီး ပြန်လာမယ် ဆိုပြီးတော့ ကျောင်းရောက်သွားတဲ့ အခါကျတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့တော့ ပြောကြ ဆိုကြရင်းနဲ့ သူလည်း စိတ်ဝင်စားပြီးတော့ ပါသွားတယ်ပေါ့။

ပါသွားတော့ အဲဒီအချိန်မှာ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတယ်။ အဲဒါနဲ့ သူပါသွားပြီး ချီတက်သွားကြတော့ အဲဒီက အပြန်၊ အပြန်မှာ မဟာဗန္ဓုလလမ်းအတိုင်း သူတို့ ၀င်တယ်။ ၀င်ပြီးတော့ ဘုရားလမ်းကျတော့ ပြန်ဆင်းတယ်။ ကုန်သည်လမ်းကနေ ပြန်ပတ်တဲ့အခါ အဲဒီ ထောင့်နားမှာ မီးပွိုင့်ရှိတယ်။ အဲဒီနားမှာ သူတို့ အပစ်ခံရတာ။

ပထမ သူတို့ စပစ်တဲ့ အချိန်တုန်းက အောက်ပိုင်းကို သူတို့ ပစ်တာပေါ့၊ ဒူးအောက်ပိုင်းကို သူတို့ ပစ်တာ။ အဲဒီမှာ သူက ဘယ်ခြေသလုံးကို အရင် ထိတယ်။ ပြီးတော့ နောက်တခါ ထပ်အပစ်မှာ ဘယ်ပေါင်ကိုပဲ ထပ်ထိတယ်။ ဒူးကိုထိတော့ သူက ဓာတ်ပုံနဲ့ ကိုင်ပြီးတော့ ခွေကျသွားတယ်။

သမီးနဲ့ အတူတူ ချီတက်တဲ့ ကလေးတွေက ပြောပြတယ်။ သူခွေကျသွားတော့ သူ့ဘေးနားက သူငယ်ချင်းက “ဟဲ့ ၀င်းမော်ဦး ၀ပ်၊ ၀င်းမော်ဦး ၀ပ်” ဆိုတော့ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတဲ့ အတွက် ငါ ၀ပ်လိုက်လို့ရှိရင် ဗိုလ်ချုပ်ပုံ ကျမယ်။ အဲဒီတော့ ဒို့အဖွဲ့ပါ ကျမယ် ဆိုပြီးတော့ သူက မ၀ပ်ဘဲနဲ့ နောက်တခါ ထပ်အပစ်မှာ ညာလက်မောင်းကို ၀င်ပြီးတော့ ဖောက်ပြီးတော့ ရင်ထဲကို ၀င်သွားတာ တဲ့။

နောက် ၁၂ နာရီ ခွဲလောက်တော့မှ လိုက်ကယ်တဲ့ ဆရာဝန်တွေက သူ့ကိုတွေ့တော့ “ဦး သမီးကို ကယ်ပါ” ဆိုပြီးတော့ သမီးက ပြောတယ်တဲ့။ ပြောတော့ အခု ဓာတ်ပုံထဲမှာ ပါလာတဲ့ မ နေတဲ့ ဆရာဝန်က ကျနော့်ဆီ ရောက်လာပြီးတော့ ပြောပြတာ။

သူ့ကို တွေ့တဲ့ အချိန်တုန်းက သူ အသက်ရှိသေးတယ်။ ဒီလိုဒီလိုပဲ ကျနော့်ကို ကယ်ပါ ဆိုပြီးတော့ ပြောတယ် ဆိုပြီးတော့ပေါ့။ အဲဒါနဲ့ ဆေးရုံရောက်တဲ့ အထိ သူတို့လည်း ပို့ပေးကြပါတယ်။ ဆေးရုံရောက်တော့လည်း ဆေးရုံက ကျနော့်ဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ဖုန်းနံပါတ်တွေ ဘာတွေကျတော့လည်း သူကိုယ်တိုင်ပဲ ပေးတာ တဲ့။ အဲဒီတော့ ကျနော့်ဆီ ဖုန်းရောက်တော့ နှစ်နာရီခွဲ၊ သုံးနာရီလောက်မှာ ကျနော်တို့လည်း ဘယ်လိုမှ သွားလို့ မရဘူး။ လမ်းတွေကလည်း အကုန်လုံး ပိတ်ကုန်တာ။ သံဆူးကြိုးတွေနဲ့ပိတ် ဘာညာနဲ့ အတားအဆီးတွေ ရှိနေတာ။

အဲဒါနဲ့ ကျနော်ရယ်၊ ကျနော့် ယောက်ဖရယ်၊ အကိုဝမ်းကွဲ တယောက်ရယ် ကျနော်တို့ သုံးယောက်က တယောက်က ဆိုင်ကယ်နဲ့ သွားတယ်။ ကျန်တဲ့ နှစ်ယောက်က စက်ဘီးနဲ့ သွားတယ်။ သံဆူးတွေ မ၊ တိုင်တွေဖယ်နဲ့ ဆေးရုံရောက်တော့ သုံးနာရီခွဲ၊ လေးနာရီ မတ်တင်းလောက် ရှိပြီ။ သူ့ကို လိုက်ရှာတော့ 3-4 ward မှာ တင်ထားတယ် ဆိုတော့ ကျနော်တို့က အဲဒီကို သွားရှာတာ မတွေ့ဘူး။ အဲဒီတော့ ဆေးရုံက ဒိပြင် ward တွေမှာ သွားရှာတော့ အဲဒီတွေမှာလည်း မရှိဘူး။ အဲဒီတော့ ဒါဆို အရေးပေါ်ဌာနကို ထပ်မေးဦးမယ် ဆိုပြီး သွားမေးတော့ သူ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်နဲ့ သွားတွေ့တယ်။ သူက အသည်းအသန်အခန်းထဲမှာ ရှိပါတယ်၊ ကျနော် ကိုယ်တိုင် တင်ခဲ့တာပါ ဆိုတော့မှ ကျနော်က 3-4 ward ကို ပြန်သွားပြီးတော့ အသည်းအသန်အခန်းထဲကို သွားကြည့်တော့မှ သမီးကို ကျနော်တို့ တွေ့ရတယ်။

ရောက်သွားတဲ့အချိန်မှာ သမီးကို မြင်လိုက်ရတော့ စိတ်ထဲ တမျိုးကြီး၊ ဇဝေဇ၀ါဖြစ်သွားတယ်။ ပါးစပ်မှာလည်း အောက်စီဂျင်တွေ ပေးထားတယ်။ ခွဲစိတ်ထားတော့ သူ သတိမရသေးဘူး။ အဲလိုနဲ့ပဲ အဲဒီ ညနေမှာပဲ သူဆုံးသွားတာ။ ကျနော်တို့နဲ့လည်း စကား မပြောလိုက်ရဘူး။ သူဆုံးတဲ့အထိကို ကျနော်တို့ မိဘတွေ ဘယ်သူတွေ ဘယ်ဝါတွေ လာတယ် ဆိုတာ မသိသွားလိုက်ရရှာဘူး။ သူက ၁၉၇၂ ခု အောက်တိုဘာ ၁၅ ရက်နေ့မှာ မွေးတာ။ သူဆုံးတုန်းက ၁၆ နှစ်ပေါ့။ သူသာ ရှိနေသေးရင် အခု ၃၇ နှစ်ပေါ့။ အိမ်ရောက်တော့ သူ့မအေ သူ့အဘွားတွေက ၀ိုင်းမေးကြတာ။ မပြောရက်ပေမယ့် မပြောလည်း မဖြစ်ဆိုတော့ အကျိုးအကြောင်း ပြောရတာပေါ့။ စိတ်မကောင်းတာက လွဲလို့ ဘာတတ်နိုင်မလဲနော်။

သူ့ကျောင်း အလက (၄) ကြည့်မြင်တိုင်ကျောင်းက ချီတက်တဲ့သူတွေထဲက ၁၇ ယောက် ထိတယ်။ အဲဒီထဲမှာ ၃ ယောက်က သေသွားတယ်။ ယောင်္ကျားလေး နှစ်ယောက်ရယ် သမီးရယ်ပေါ့။ ယောင်္ကျားလေး နှစ်ယောက်မှာ တယောက်ဆိုရင် ၁၅ နှစ်ပဲ ရှိသေးတယ်။ သူတို့နှစ်ယောက်ကတော့ နေရာမှာတင် သေသွားကြတာ။ အဲဒီတုန်းက ဆေးရုံမှာ ဒဏ်ရာရတဲ့သူတွေ ဆိုတာလည်း အများကြီး ဖြစ်နေတာပေါ့။ ကလေးတွေ နာလို့ အော်ကြဘာကြနဲ့ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် သမီးဇောက ရှိနေတော့ ကျန်တာတွေ ဘာမှ အလေးမထားမိတော့ဘူး။

မေး။ ။ ဒဏ်ရာရနေတဲ့ မ၀င်းမော်ဦးကို ဆရာဝန်နှစ်ယောက်က သယ်လာတဲ့ပုံကို မြင်လိုက်ရတော့ ဦး ဘယ်လိုခံစားရလဲဆိုတာလေး ပြောပြပေးပါလားရှင်။

ဖြေ။ ။ ဘယ်လိုပြောရမလဲ။ အဲဒီပုံလေးက … စိတ်မကောင်းဘူးဗျာ …။ သမီးကတော့ သူ့ကံကိုက ဒီလိုပဲ ပါလာတာ။ ဒီလောက်အသက်အရွယ်ပဲ နေရမယ်လို့ ဖြစ်လာတာပဲ ဆိုတော့လေ။ ကျနော်ကတော့ သမီးအတွက် ဂုဏ်ယူပါတယ်။ ကျနော့်အမေ၊ သမီးရဲ့အဘွား ဆိုရင်လည်း အခု ၈၆ နှစ်ရှိနေပြီ။ အမေက ဟိုးအရင်က ဖဆပလတို့ ပမညတ တို့မှာသူက လှုပ်ရှားခဲ့ဖူးပါတယ်။ သူ့ဘွားအေသွေး ပါလို့ပဲ ဒီလိုစိတ်ရှိလားတော့ မပြောတတ်ဘူး။ သူ့အဘွားကလေ ၂၀၀၇ တုန်းက သံဃာတွေနဲ့ လိုက်ပါသေးတယ်။ ကြည့်မြင်တိုင် ကမ်းနားဈေးကနေပြီးတော့ လမ်းလျှောက်လိုက်သွားတာ ကမ္ဘာအေး လမ်းဆုံအထိ လိုက်သွားသေးတာ။ အခုလည်း သမီးအတွက် သူပဲ ကမကထ လုပ်ပေးနေတာ။ ကျနော်တို့ကတော့ အခုအချိန်ထိ နိုင်ငံရေး ဘာညာလည်း နားလည်း မလည်ဘူး၊ ၀င်လည်း မပါခဲ့ဘူးပေါ့။

မေး။ ။ မ၀င်းမော်ဦးတို့ လက်ထက်ကတည်းက အခြေအနေတွေနဲ့ အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဘာများ ပြောချင်ပါသလဲရှင်။

ဖြေ။ ။ အခုလက်ရှိ မျိုးဆက်သစ်လေးတွေ ဆက်လက်ပြီးတော့လည်း သူတို့ တောင်းထားတဲ့၊ နောက်ပြီးတော့ ကျဆုံးသွားတဲ့သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါလို့ပဲ ကျနော်ပြောချင်ပါတယ်။ ( ဧရာဝတီ )

နအဖ စစ်သံရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်ပေးရေးအတွက် တဦးချင်း ဆန္ဒပြ တောင်းဆိုပွဲ



၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်ထိ ဆိုးလ် (ဆောအုလ်) နအဖ စစ်အစိုးရ လက်အောက်ခံ သံရုံးရှေ့၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက ဦးစီး၍ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်ပေးရေးအတွက် တဦးချင်း ဆန္ဒပြ တောင်းဆိုကြပါသည်။

ပူးပေါင်းဆန္ဒပြတောင်းဆိုကြသည့် အဖွဲ့အစည်းများမှာ
ချင်းတိုင်းရင်းသားအဖွဲ့အစည်း (ကိုရီးယား)
နာနုမုနွာ (ကိုရီးယားအဖွဲ့အစည်း)

NLD (LA) Korea Branch held solo demonstrated for immediately release Daw Aung San Suu Kyi in Burma, in front of Burma Junta's Embassy in Seoul from 10:00 AM to 12:00 AM on September 22, 2009.

This solo demonstrated jointly staged Chin National Community (Korea) and Nanum Munhwe (Korean Organization)

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့် ပေးဖို့ NLD တောင်းဆို

အထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ပေးဖို့ ပါတီ ဗဟိုအလုပ်အမှုဆောင် တချို့က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ခွင့်တောင်းလိုက်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပြင် ၂၀၁၀ ခုနှစ်မှာ မြန်မာစစ်အစိုးရက ကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးဖို့ တောင်းဆိုတာဖြစ်တယ် ဆိုပြီး NLD တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘန်ကောက်ကနေ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
NLD ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့အတွက် လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပါတီ ရှေ့ဆက်လုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ တွေ့ခွင့်ပြုပါလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီမှာ တင်ပြ တောင်းခံထားတဲ့အကြောင်း NLD သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင်က ဗွီအိုအေကို ပြောပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“ကျနော်တို့ ၁၆ ရက်နေ့က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်၊ အန်ကယ် ဦးတင်ဦး အပါအ၀င် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေ မျက်နှာစုံညီ တွေ့ဆုံဖို့၊ အဲဒီလိုတွေ့ဆုံတာကို ခွင့်ပြုဖို့ဆိုပြီး နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးပြီး တင်ပြတောင်းဆိုထားတာပါ။”

စက်တင်ဘာလ ၁၆ ရက်နေ့ကတည်းက စာပို့ခဲ့တာဖြစ်ပေမဲ့ ဒီနေ့ထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့လည်း ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ အခုအချိန်ကာလမှာ NLD ရဲ့ မူဝါဒတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ညှိနှိုင်းတိုင်ပင် ဆွေးနွေးဖို့ လိုအပ်နေပြီ ဖြစ်တဲ့အတွက် ပါတီခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခွင့်ပြုဖို့ ထပ်ပြီး အကြောင်းကြားတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေ ကိစ္စလည်း ပါတီခေါင်းဆောင်တွေ တွေ့ပြီး ဆွေးနွေးကြတဲ့အခါ ပါဝင်နိုင်ပါတယ်လို့ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

“လူကြီးတွေ တွေ့တဲ့အခါမှာတော့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်ဆိုတော့ ရွေးကောက်ပွဲကိစ္စတွေလည်း ပါကောင်းပါနိုင်တာပေါ့။ ဥပမာ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေးပေါ့၊ ကျနော်တို့ လက်ရှိချမှတ်ထားတဲ့ မူအရကတော့ ရွှေဂုံတိုင် ကြေညာစာတမ်း ရပ်တည်ချက် အတိုင်းပဲလေ။ သို့သော် လူကြီးတွေတွေ့ပြီး ဆွေးနွေးတဲ့အခါမှာ သူတို့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်။”

NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်ဘူး ဆိုတာကို ခုချိန်ထိတော့ တရားဝင် မကြေညာသေးပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းနဲ့ မကိုက်ညီတာတွေကို ပြန်ပြင်ဆင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ ပြီးခဲ့တဲ့မေလက ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ပြီး သဘောထား ပေးထားပါတယ်။ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေး ဆုံးဖြတ်ဖို့အတွက် အဲဒီအချက်တွေကို အာဏာပိုင်တွေဘက်က အရင်လုပ်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က ဒီအချက်တွေကို အကြောင်းပြန်ကြားတာမျိုး မရှိသလို လုပ်ဆောင်ပေးတာလည်း ခုချိန်ထိ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းသား ၇,၀၀၀ ကျော် လွှတ်ပေးတယ်ဆိုတဲ့ အထဲမှာလည်း ခုချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ပဲ ပါဝင်ပါသေးတယ်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ အချက်တွေကို တောင်းဆိုပေမဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကိုတော့ ပြောဆိုတာမျိုး မရှိပါဘူး။ ဒါ့အပြင် NLD အပါအ၀င် လက်ရှိ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ရေးကိစ္စ စဉ်းစားဖို့ တိုက်တွန်း ပြောဆိုတာတွေတောင်မှ ရှိပါတယ်။

တရားဝင် မှတ်ပုံမတင်ရသေးတဲ့ အဖွဲ့အစည်းတချို့က ဆိုင်းဘုတ်တင်တာတွေ၊ စုဝေးဆွေးနွေးတာတွေကို အာဏာပိုင်တွေက ခွင့်ပြုထားပြီး NLD လို တရားဝင်ပါတီတွေကိုကျ ရုံးခန်းတွေတောင် ဖွင့်ခွင့်မပေးတဲ့အတွက် တခြားအဖွဲ့အစည်းတွေလိုပဲ လှုပ်ရှားမှုတွေ လုပ်ခွင့်ပြုဖို့ မကြာသေးခင်ကဘဲ NLD ကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ စာရေးသား တောင်းဆိုခဲ့ပါသေးတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ခုချိန်ထိ အကြောင်းပြန်ကြားချက် မရသေးပါဘူး။ ( ဗွီအိုအေ )

Tuesday, September 22, 2009

အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများကို ဆေးကုသပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု လုပ်ငန်းအဖွဲ့က ပြန်လွတ်လာသော နိုင်ငံရေး အကျဉ်းသားများကို ကျန်းမာရေး စစ်ဆေးကုသမှု ပေးနေကြောင်း သိရသည်။

ယခုလ ၁၈ ရက်နေ့မှစ၍ အကျဉ်းထောင်များမှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်လာသည့် သံဃာ၊ အမျိုးသမီး၊ လွှတ်တော်အမတ်နှင့် ပါတီဝင်များအား ကျန်းမာရေး ကုသမှုပေးနေရာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ရုံးချုပ်သို့ ရောဂါသည် ၁၅ ဦး ထက်မနည်း လာရောက် ပြသခဲ့ပြီးဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောဆိုခြင်း ဖြစ်သည်။

“လာပြတဲ့သူတွေက ၁၅ ယောက်ကျော်မယ် ထင်တယ်။ ထုံနာကျင်နာတွေ တော်တော်များတယ်။ မဋ္ဌေးတို့ဆိုရင် ခြေတောက် တဖက်မသန်ဘူး၊ ထုံပြီး လမ်းကို မလျှောက်နိုင်ဘူး။ လိုင်းကားတွေလည်း မစီးနိုင်ဘူး။ တချို့ဆို ရုံးမှာ ကြာကြာမနေနိုင်ဘူး။ အသက်ရှူတွေ ဘာတွေ ကျပ်လာတဲ့ လူတွေ ရှိတယ်။ တချို့က ဝလာတယ်။ ဝတာက ပုံမှန် မဟုတ်ဘူး။ လူတော်တော်များများက မောနေကြတယ်။ အဲဒီအတွက် ဆေးခန်းကို လာပြတယ်” ဟု ပါတီလူငယ် အဖွဲ့ဝင် မဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။
[ ဆက်ဖတ်ရန် +/- ]

ပါတီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “ပြန်လွတ်လာတဲ့ သူတွေရဲ့ဘဝ ပြန်လည် ရပ်တည်ရေးအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေနဲ့ တတ်နိုင်သလောက် အကူအညီတွေ ပေးပါတယ်။ ထောင်က ပြန်လာတဲ့သူတွေကို ဆေးဝါး စစ်ဆေးပေးဖို့နဲ့ လိုအပ်တဲ့ ကျန်းမာရေး ကုသဖို့အတွက် ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။

ရုံးချုပ်တွင် ဆရာဝန်များက စစ်ဆေးပြီး၊ ရောဂါတွေ့လျှင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းထံ စေလွှတ်ကုသခြင်းနှင့် ဆေးဝါးလိုအပ်ပါက ငွေထောက်ပံ့ခြင်း ပြုလုပ်သည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ချင်း၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်ရှိ အန်အယ်ဒီ လူမှုထောက်ကူ အဖွဲ့များကလည်း ၎င်းတို့ဒေသရှိ ထောင်များမှ ပြန်လွတ်သည့် နိုင်ငံရေး အကျဉ်းသားများ လမ်းစရိတ် မလုံလောက်လျှင် ထောက်ပံ့ကာ၊ ကျန်းမာရေးအတွက် ဆေးဝါး ကူညီနေသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ယခုလ ၁၇ ရက်နေ့တွင် နိုင်ငံတဝှန်းရှိ ထောင်များမှ အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု စစ်အစိုးရပိုင် သတင်းစဉ်များတွင် ကြေညာခဲ့ပြီး နောက်ရက်မှ စတင်ကာ ပြန်လွှတ်ပေးနေရာ ယနေ့အထိဆိုလျှင် နိုင်ငံရေး အကျဉ်းသား ၁၂၆ ဦးသာ ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိနေကြောင်း ဆိုထားသည်။ (မဇ္ဈိမ)

မိသားစုဆရာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရ

နေအိမ်မှာအကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးအားနည်းတဲ့ ဝေဒနာ ခံစားနေရတယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တနင်္ဂနွေနေ့မှာ ဆရာဝန် သွားရောက်စစ်ဆေးပြီးတဲ့နောက် အခုလိုသိခဲ့ရတာပါ။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း က ဆက်သွယ်မေးမြန်းထားတယ်ဆိုတော့ ပြောပြပါဦးရှင်။

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်ကို လျှော့ပေါ့ ဆိုင်းငံ့ ပြီးတဲ့ နောက် နေအိမ်ကို ပြန်အပို့ခံရပြီးချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးအကြိမ်အဖြစ် ဆရာဝန်နဲ့ တွေ့ဆုံ စစ်ဆေးခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အရင်ကတည်းက စစ်ဆေးကုသလာခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ဆေးအဖွဲ့တို့ တနင်္ဂနွေနေ့က သွားရောက် စစ်ဆေးခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“မနေ့က နေ့ခင်းပေါ့။ ဆရာ တင်မျိုးဝင်းနဲ့ သူ့ရဲ့ ဆေးအဖွဲ့ပေါ့။ ၀င်ခွင့်ရပါတယ်။ ဆရာတင်မျိုးဝင်းနဲ့လည်း နောက်ပိုင်း ကျွန်တော်တွေ့တယ်။ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်တဲ့။ ဒါပေမဲ့ သေးပေါင်နည်းနည်း ကျနေတယ်တဲ့ အဲဒီလို ပြောပါတယ်။ ”

ဒီ့မတိုင်ခင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်တာ၊ သွေးအားနည်းတာနဲ့ ကြွက်တက်တဲ့ ဝေဒနာတွေ ကို ခံစားခဲ့ရဖူးပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တောက အိမ်ထဲကို ရေကူးဝင်ရောက်ရာ ကနေ ပေါ်ပေါက်ခဲ့ရတဲ့ အမှုအခင်းမတိုင်ခင် နေအိမ်အကျယ်ချုပ် ကျနေခဲ့တုန်းက ဒေါက်တာတင်မျိုးဝင်းအနေနဲ့ တလ တကြိမ် ကျန်းမာရေး စစ်ဆေးခွင့် ရထားခဲ့ပါတယ်။ မစ္စတာယက်တော ရေကူးဝင်ခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးစစ်ဆေးဖို့ ဒေါက်တာ တင်မျိုးဝင်း သွားစောင့်နေခဲ့တာမှာ တွေ့ခွင့်မရခဲ့ဘဲ အိမ်ပြန် လာပြီးတဲ့နောက် အာဏာပိုင်တွေက ခေါ်ယူ ထိန်းသိမ်းလိုက်ပါ တယ်။ နောက်ပိုင်းမှာ ဒေါက်တာတင်မျိုးဝင်းကို ပြန်လွှတ် ပေးခဲ့ပေမဲ့ အဲဒီအချိန်က ဘာ့ကြောင့် ထိန်းသိမ်းခဲ့တာလည်းဆိုတာ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ်သုံးနှစ်ချမှတ်ပြီးတဲ့နောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ညွှန်ကြားချက်နဲ့ ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ ကျန်တဲ့ ထောင်ဒဏ် ၁၈ လကိုလည်း ဆိုင်းငံ့ပြီး ကန့်သတ်ချက်တွေနဲ့အညီ နေအိမ်မှာ ပြန်နေစေဆိုပြီး အိမ်ပြန်ပို့ခဲ့တာပါ။ အဲဒီကန့်သတ်ချက်တွေထဲမှာ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေး စစ်ဆေးကုသခွင့်ဆိုတာ ပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေကနေ ဆရာဝန်တဦး စေလွှတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က လက်မခံခဲ့ပါဘူး။ သူ့ကိုတောက်လျှောက် စစ်ဆေး ကုသ လာခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးမှတ်တမ်း၊ ဆေးကုသမှုမှတ်တမ်းတွေကို သေသေချာချာသိထားတဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ပဲ ဆက်လက် ကုသချင်တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တလကျော်ကြာပြီးတော့မှသာ အခုလို ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့တာပါ။ ဒီလို ကျန်းမာရေး စစ်ဆေးခွင့်ကို ပုံမှန်ရက်အတိအကျနဲ့ ခွင့်ပြုမှာလားဆိုတာ တိတိကျကျ မသိရ သေးပေမဲ့ ဦးဥာဏ်ဝင်းက တော့ ရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“ပုံမှန်တွေ့ခွင့်ပေးလိမ့်မယ်လို့၊ ရလိမ့်မယ်လို့ ကျွန်တော်တော့ အဲဒီလိုပဲ ယုံကြည်ပါတယ်။”

သြဂုတ်လ ၁၁ ရက်နေ့မှာ ခရိုင်တရားရုံးက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်တရားရုံးမှာ အယူခံလွှာတင်သွင်းခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကပဲ နှစ်ဘက် အကျိုးဆောင်တွေ ရန်ကုန်တိုင်းတရားရုံးမှာ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ တရားရုံးက အောက်တိုဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ရုံးချိန်း ပြန်ပေးထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ချမှတ်ခံရသလို ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်ခြင်းမရှိတဲ့အတွက် တခြား ပယောဂ တွေမပါဘဲ ဥပဒေကြောင်းအတိုင်း စီရင်ခံရမယ်ဆိုရင် ပြစ်ဒဏ်ကနေ လွတ်မြောက်လာမယ်လို့ အကျိုးဆောင် ရှေ့နေတွေက အခိုင်အမာ ယုံကြည်ထားကြပါတယ်ခင်ဗျား။ ( ဗွီအိုအေ )

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု မှ ခေါင်းဆောင်များနှင့် ကိုရီးယားနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများ၏ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ



U Soe Aung (FDB) and U Thwin Linn Aung meet NLD (LA) Korea Branch and Burma Organizations NLD (LA) Korea Branch's office in Pucheon City from 1:30 PM to 5:00 PM on September 20.

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ ၃၀ မီနစ်အချိန်မှ ၅ နာရီအချိန်ထိ ပူချွန်းမြို့ရှိ အမျိုးသားးဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ၏ ရုံးခန်း၌ ဦးစိုးအောင်နှင့် ဦးသွင်လင်းအောင်တို့က အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကိုရီးယားနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးကြပါသည်။

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews