သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Thursday, April 30, 2009

အန်အယ်လ်ဒီသတင်း

NLD News NLD News arzarni

အန်အယ်လ်ဒီ အစည်းအဝေးမှ ဆုံးဖြတ်ချက်များ


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့များနှင့် အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီပါတီ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီအစည်းအဝေးအပြီး ထွက်ပေါ်လာသည့် အန်အယ်ဒီ၏ ရွှေဂုံတိုင်လမ်း အမည်ရှိ ကြေညာစာတမ်းကို တင်ပြလိုက်ပါသည်။

စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင်ရေးဆွဲ တင်သွင်းသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်းအဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမသတင်းထောက် ကိုဝိုင်းကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့ စုံညီအစည်းအဝေးအပြီးတွင် တက်ရောက်သူအားလုံးမှ အများဆန္ဒနှင့်အညီ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ဖော်ပြထားသော - ရွှေဂုံတိုင်ကြေငြာစာတမ်း -

ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူလူထုအပေါင်း မျှော်မှန်းထားသည့်အတိုင်း ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျတ်အတည်းများ အားလုံးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်လျက် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ဝင်များ၊ ယနေ့ထက်တိုင် အဖွဲ့ချုပ်နှင့်အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်တင်ပြခြင်း၊ အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးညှနှိုင်းခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည်သွားစေရေး အကောင်းဆုံးနည်းလမ်းဖြစ်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသဘောတူညီကြသည့်အလျောက် ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာလိုက်သည်။
[ ဆက်ဖတ်ရန် +/- ]

အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်းများဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေးတန်းတူညီမျှမှုကို အခြေခံသည့် စစ်မှန်သော ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည် လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများဖြစ်သည်ဟု ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး။

ဒီမိုကရေစီနိုင်ငံတော်အသစ်တရပ် တည်ဆောက်ရန် ဒီမိုကရေစီမူများအပေါ် အခြေခံသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အာဏာတည်ခြင်းမရှိသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) တွင် ဒီမိုကရေစီအခြေခံမူဝါဒများနှင့် မကိုက်ညီသည့်အချက်များ ပါဝင်နေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် ပြည်သူအပေါင်း (…..) ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရန် အထူးလိုအပ်သည်။

(ဂ) စည်းရုံးရေး။

တိုင်းရင်းသားလူမျိုးများတစ်စုတစ်ဝေးတည်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံး အခွင့်အရေး တန်းတူညီမျှမှု၊ တဦးပေါ်တဦး ဖြူစင်သောစေတနာ ထားနိုင်မှုတို့ကို အခြေခံသော ညီညွတ်မှု တည်ဆောက်ရမည်။ (…..) ရေခံမြေခံကောင်းတွင်သာ စစ်မှန်သော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ပေမည်။ ထို့ကြောင့် နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရှိရမည်။ သို့ဖြစ်ရာ ၂ဝဝ၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ကာ ယာယီဟုဆိုပြီး ချိတ်ပိတ်ထားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ ရုံးများ၊ မြို့နယ်စည်းရုံးရေး အဖွဲ့ရုံးများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ (ရုံး) များကို အမြန်ဆုံးဖွင့်ပေးရန် လိုအပ်သည်။

(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။

ယနေ့ကာလတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်။ သို့မှသာ ဒီမိုကရေစီ၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းရာ ရောက်ပေမည်။ သို့မဟုတ်ပါက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အနေဖြင့် မိမိပြဋ္ဌာန်းထားသော ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်ရှိနေပေလိမ့်မည်။

(င) တွေ့ဆုံဆွေးနွေးရေး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို (၁၉၈၈) ခု ကတည်းကစ၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးလိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် သဘောထားဖြင့် ဆောင်ရွက်နိုင်စွမ်းရှိသည်ဆိုသော အချက်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့ပြီးဖြစ်သည်။

“မြန်မာပြည်သူလူထုအတွက် အကျိုးပြုမယ့် ရလဒ်ကောင်းရဖို့ဆိုရင် ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်သာ ပြောင်းသာစွာနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မကြာခဏ ပြောထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို တွေ့ဆုံဆွေးနွေးတာဟာ အဖွဲ့ချုပ်ကောင်းစားဖို့ ဦးတည်ဆွေးနွေးမှုမျိုး မဖြစ်သင့်သလို အာဏာပိုင်များကောင်းစားဖို့ ဦးတည်ဆွေးနွေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ မြန်မာပြည်သူလူထု ကောင်းစားရေးအတွက် ဦးတည်ရလိမ့်မယ်” ဟု ပြောထားပြီးဖြစ်သည်။

သို့ဖြစ်ရာ လက်ငင်းကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရေး စီစဉ်ဆောင်ရွက်ပါရန် အဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ စိတ်ကောင်းစေတနာဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။

အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကြိုတင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန်လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပရန်

(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေးများရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ပြန်လည်သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများအရေး၊ လက်ရှိပြည်သူလူထု ဘဝအခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရာရောက်အောင် စီစဉ်ရမည်။

(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတိုင်း သက်ဆိုင်သူများအားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက်ဖော်ဆောင်သွားရန် တို့ ဖြစ်သည်။

(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။

အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည်တည်တံ့မည့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာမမူဘဲလျက် နောင်လာမည့် ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည်ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည်ဖြစ်သည်။

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသားတည်း ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက -

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။ ( မဇ္ဈိမ )

ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ရွေးကောက်ပွဲ ၀င်ဖို့ စဉ်စားမည်

NLDရဲ့ ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ရွှေဂုံတိုင် ကြေညာချက်ထဲမှာ စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ မဆန်တဲ့အချက်တွေကို ပြုပြင်ပေးရမယ်လို့ တောင်းဆို ထားတာတွေ့ရပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာက ဦးဝင်းတင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးဝင်းတင်။ ။ ဒီမိုကရေစီ မဆန်တဲ့အချက်တွေ ဆိုတာက အရပ်တွေး တွေး၊ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အကုန်လုံးဆိုပါတော့။ ထားပါတော့။ တပ်မတော်သည် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ ပါဝင်သည်ဆိုပြီးတော့ ပြည်သူတွေက ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်မှာ သူတို့က ထိပ်ဆုံးကနေ စီးပြီးတော့ လုပ်တဲ့ ပုံသဏ္ဍန်မျိုး။ အဲဒါမျိုးတွေပေါ့။ တပ်မတော် သမ္မတတို့၊ ဒုတိယ သမ္မတတို့ရဲ့ အရည်အချင်းတို့မှာ စစ်ရေး အတွေ့အကြုံတွေ ပါရမယ်ဆိုတာမျိုးတွေ၊ အဲဒီကနေမှ ၀န်ကြီးတွေ ခန့်တဲ့ ကိစ္စ၊ တပ်မတော်က ၀န်ကြီးတွေ ခန့်တာတွေ၊ ဟိုးအောက်ခြေ ခရိုင်တွေအထိပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ တပ်မတော်သားတွေက စည်းရုံးနေတာမျိုးတွေ၊ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ၇၅%ရမှသာ ပြင်ခွင့်ရမယ်ဆိုတာမျိုးတွေ၊ နောက်ဆုံးပိတ် ကုန်ကုန်ပြောရရင် စစ်တပ်ကနေပြီး အချိန်မရွေး အာဏာသိမ်းနိုင်ခွင့် ရှိတဲ့ သဘောမျိုးတွေ ပေးထားတဲ့ ကိစ္စမျိုးတွေက ဒီမိုကရေစီမဆန်သော အချက်များပေါ့။
ဦးကျော်ဇံသာ။ ။အချက် ၃ချက်ရှိပါတယ်။ ပထမအချက်က တပ်မတော်ဟာ အမြဲတမ်း နိုင်ငံရေး ဦးဆောင်မှုမှာ ပါဝင်ရမယ်ဆိုတဲ့ အချက်အပါအ၀င် စစ်တပ်က ရာထူးတွေ အများကြီး ယူထားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒီဟာတွေကို ဘယ်လို ပုံစံမျိုး ပြင်ရင် ဆရာတို့ဘက်က လက်ခံနိုင်မယ့် အဆင့်ရှိတယ်ဆိုတာကို အကြမ်းဖျင်း ပြောပါခင်ဗျ။
[ ဆက်ဖတ်ရန် +/- ]

ဦးဝင်းတင်။ ။အဲဒါတွေကို ပြောရရင် ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးဆိုတာကို တင်ထားပါတယ်။ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြပါ။ ကျွန်တော် ဘယ်လောက်အထိတောင် ပြောသလဲဆိုရင် အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်များ၊ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို ပုဂ္ဂိုလ်မျိုးတွေ၊ ဒီလို ပုဂ္ဂိုလ်မျိုးတွေနဲ့ ရှင်းရမှာပေါ့။ တထိုင်းတည်းနဲ့ ပြောလို့ မရဘူးဗျာ။ တခုတည်း ကောက်ကာငင်ကာ ပြောလို့မရဘူး။ ဒါဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ ရှင်းရမှာပဲ။ ကျွန်တော်ပြောချင်တာက ဒီတွေ့ဆုံဆွေးရေးကို နှစ်ဘက်စလုံး စေတနာမှန်နဲ့ လုပ်ကြမယ်ဆိုရင် အကုန်လုံး ချောချောမွေ့မွေ့ ဖြစ်နိုင်တဲ့ အလားအလာရှိတယ်လို့ အဖွဲ့ချုပ်က သဘောရတယ်။ ဒီလို လိုက်လျောချက်တွေကို ပြောတာပဲ။ ပြင်ရင်ပြင် မပြင်ရင် မ၀င်ဘူးဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ ကြားထဲမှာ NLDပါတီက ရွေ့လာပြီးတော့ ပြင်ပါ။ ဒါတွေပြင်လာပြီးရင် ၀င်ဖို့အတွက် ရည်ရွယ်တယ်ဆိုတာကို ထုတ်ပြောလာတယ်။ ဒါဟာ အလွန်ကို လိုက်လျောချက်ပေါ့ဗျာ။

ဦးကျော်ဇံသာ။ ။ လိုက်လျောချက်တွေထဲမှာ အရင်တုန်းက တောင်းဆိုချက်တွေထက် လျော့သွားတာကို မတွေ့ရသေးဘူး။ ပြင်ရင် ၀င်ဖို့ စဉ်းစားမယ်ဆိုတာ ဆရာတို့ဘက်က ပိုပြီး လိုက်လျောလာတာ တွေ့ရပါတယ်။ ဟုတ်ပါသလားခင်ဗျ။

ဦးဝင်းတင်။ ။ ဟုတ်ပါတယ်ခင်ဗျ။ အရင်ဟာတွေနဲ့ ကွဲတယ် မကွဲဘူးဆိုတဲ့ အခြေခံက ကျွန်တော်တို့ရဲ့ မူလ မူဝါဒတွေပါ။ ဒါတွေကို လက်လွှတ်စပယ်တော့ မစွန့်လွှတ်နိုင်ဘူး။ ဒါတွေအကုန်လုံးဟာလဲ ခုနပြောတဲ့ တွေ့ဆုံဆွေးနွေးပွဲကိုပဲ ပြန်ရောက်မှာပဲ။ တွေ့ဆုံဆွေးနွေးကြလို့ရှိရင် ကျွန်တော်တို့တွေ မူဝါဒတွေနဲ့ ပတ်သက်လို့ အလျော့အတင်းတွေ ရှိမယ်။ ပြုပြင်ပြောင်းလဲမှုတွေ ရှိနိုင်မယ်။ ဒါတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထားတွေ အပျော့အပြောင်းတွေ ဖြစ်လာနိုင်တယ်။ အတိုချုပ်လိုက်ရင် ကျွန်တော်တို့က လိုက်လိုက်လျောလျော လုပ်မယ့် စေတနာရှိတယ်။ ပြဿနာကို ဖြေရှင်းချင်ကြတယ်။ လိပ်ခဲတည်းလည်း နှစ်ပေါင်း ၂၀လောက် ဖြစ်လာတဲ့ ပြဿနာကြီးကို ရှင်းချင်တဲ့ စေတနာ ရှိတယ်။ အဲဒါကြောင့် လိုက်လိုက်လျောလျောလုပ်တယ်။ ပြဿနာတွေကို ဟိုပြဿနာ ပြောစရာတွေ အများကြီးရှိတယ်။ ပြင်စရာတွေ အများကြီး ရှိမယ်။ အဲဒီ ကိစ္စတွေ အားလုံးအတွက်က တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ်မှာ ရှင်းကြမယ်။ ဒါပဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ ဆရာတို့ဘက်က အစကတည်းက ဒီသဘောထားပဲလို့ ထင်ပါတယ်။ စစ်အစိုးရဘက်ကရော NLDဘက်ကရော ပိုပျော့ပြောင်းလာတယ်လို့ ယူဆနိုင်တဲ့ အချက်တော့ အထွေအထူး ဘာမှ မပါဘူးပေါ့ ဆရာ။

ဦးဝင်းတင်။ ။ အချက်အနေနဲ့ကတော့ မပြောနိုင်ဘူး။ သဘောထားက အရေးကြီးတာကိုး။ ကျွန်တော်တို့ရဲ့ စိတ်ထားပေါ့။ ကျွန်တော်တို့ရဲ့ ATTITUTE က ရွေ့လာပြီခင်ဗျ။ ပြေပြေလည်လည်ဖြစ်ချင်တယ်။ လိုက်လိုက်လျောလျောလုပ်ချင်တဲ့ စိတ်ထားက အရေးကြီးပါတယ်။ အချက်တွေကတော့ ဘယ်ဟာ မပြောင်းသေးဘူး။ ဘယ်ဟာက ပြောင်းတယ်ဆိုတာတွေက ပညာရှင်များလည်း ဥပဒေပညာရှင်များနဲ့ ဆွေးနွေးလည်း ရပါတယ်။ ဒါတွေက ရှင်းလို့ ရပါတယ်။

ဦးကျော်ဇံသာ။ ။ ဆရာတို့က ဟိုဘက်က ဘယ်လို တုန့်ပြန်မယ်လို့ မျှော်လင့်ချက် ထားပါသလဲခင်ဗျ။

ဦးဝင်တင်။ ။ ဒါကတော့ ကျွန်တော့် စကားဆိုတာထက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ပြောသွားတဲ့ စကားကို ကိုးကားပြီးတော့ ပြောချင်ပါတယ်။ သူက မျှော်လင့်ချက်ရှိလို့ ကျွန်တော်တို့ ဒီလို လုပ်တာပေါ့။ ကျွန်တော်တို့မှာ ဘာမှာ မျှော်လင့်ထားတာ မရှိဘူးဆိုရင် ဒီလို ဘယ်ပြောပါ့မလဲလို့ ဆိုပါတယ်။ ကျွန်တော် ဒီစကားကိုပဲ ပဲ့တင်ထပ် ထပ်ဆင့်စကား ပြောချင်ပါတယ်။ ( ဗွီအိုအေ )

Wednesday, April 29, 2009

ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမင်းကိုနိုင်

2009 Gwangju HR Prize[1] 2009 Gwangju HR Prize[1] flyingpeacock

သစ္စာမဏ္ဏိုင် မင်းကိုနိုင်


ကိုမင်းကိုနိုင် ဂွမ်ဂျူး လူ့အခွင့်အရေးဆု အတွက်
ရန်နိုင်ထွန်း ( လွတ်မြောက်နယ်မြေ ) ကိုရီးယား
စပ်ဆိုဂုဏ်ပြုပါသည်။

၁၉၇၄ ခုနှစ် မေ ဇွန် အလုပ်သမားအရေးအခင်း

1974 May Workers Strike 1974 May Workers Strike niknayman 1974 May Workers Strike

လုံခြုံရေး တင်းကျပ်တဲ့ကြားက အန်န်အယ်လ်ဒီ တိုင်းနဲ့ပြည်နယ် စည်းဝေး



လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေကြားကပဲ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီရဲ့ တိုင်းနဲ့ပြည်နယ် အစည်းအဝေးပွဲကို ရန်ကုန်ဌာနချုပ်ရုံးမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။ မြန်မာစစ်အစိုးရက ရှေ့နှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြောထားတာမို့ အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အန်န်အယ်လ်ဒီပါတီအနေနဲ့ အခုအစည်း
အဝေးပွဲက ဒါနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာ လိမ့်မယ်လို့လည်း တွက်ဆမှုတွေရှိနေတဲ့ ပါတီညီလာခံက ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။[ ဆက်ဖတ်ရန် +/- ]

မြန်မာနိုင်ငံတ၀န်းက တိုင်းနဲ့ပြည်နယ် အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်လာပြီး အန်န်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေ အတွက် ဆွေးနွေးကြမယ့် ၂ ရက်ကြာ စုံညီအစည်းအဝေးပွဲတွေကို လုံခြုံရေး အာဏာပိုင်တွေရဲ့ စောင့်ကြပ် ကြည့်ရှုမှု အောက်မှာပဲ ကျင်းပလိုက်တာပါ။ အထူးသဖြင့်ကတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကြား စစ်အစိုးရက ကျင်းပပေးဖို့ ပြောထားတဲ့ ရှေ့နှစ်ထဲကျင်းပမယ့် ရွေးကောက်ပွဲကိစ္စတွေ ပါဝင်တယ် လို့ အန်န်အယ်လ်ဒီက ပြောပါတယ်။ ပါတီညီလာခံအစနေ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးသိန်းညွန့်ကို ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပြပါတယ်။

“ဒီနေ့ အစည်းအဝေးပွဲ မနက် ၁၂ နာရီမှာ စပါတယ်။ အဖွဲ့ချုပ်ဘက်က အစီရင်ခံစာ ၃ ခု တင်ပါတယ်။ အဲဒီ ၃ ခုက နိုင်ငံရေးအစီရင်ခံစာ၊ နိုင်ငံရေးအစီရင်ခံစာကို ဒေါက်တာသန်းငြိမ်းက တင်ပါတယ်။ နောက် စည်းရုံးရေးအစီရင်ခံစာကို ဦးအုန်းကြိုင်က တင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို ကော့ကရိတ် မောင်သိန်းညွန့်က တင်ပါတယ်။

“အဲဒါတွေတင်ပြီး ဒုတိယပိုင်းကြတော့ ပြည်နယ်တိုင်းအသီးသီးက တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းစည်းကော်မတီ ကိုယ်စားလှယ်များက အက္ခရာစဉ်အလိုက် ကချင်ကစပြီး ကချင်၊ ကရင်၊ ချင်းပေါ့၊ အဲဒီလို ဆွေးနွေးကြ ပါတယ်။ ဒီနေ့ဆွေးနွေးတာတွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များက မေးမြန်းတဲ့ အချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပါတယ်။ အဲဒီဟာကို ဒီနေ့ တနင်္သာရီတိုင်းအထိ ဆွေးနွေးပြီးသွားပါပြီ။ မနက်ဖြန် ၁၂ နာရီ ကျရင် ပဲခူးတိုင်းကစပြီး ကျန်တဲ့ ပြည်နယ်တိုင်းတွေက ဆက်ပြီး ဆွေးနွေးကြပါမယ်။”

ဒီနေ့ဆွေးနွေးတဲ့အထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေရော ဆွေးနွေးဖြစ်ပါသေးလား။

“ဟုတ်ကဲ့၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာကတော့ ဒီဘက်က အစီရင်ခံစာကို တိုင်းနဲ့ပြည်နယ်တွေက ဆွေးနွေးချက်တွေက မစုံသေးဘူး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ကျနော်တို့ဘက်ကလည်း အကြမ်းဖျင်း တင်ပြထားတယ်။ ပါတီဝင်ထုနဲ့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို ပြန်လည်ဆွေးနွေး တင်ပြကြတယ်။”

အဲဒီမှာ သဘောထားတွေက ဘယ်လိုရှိပါသလဲ။ ကျနော်တို့နားလည်သလောက်ဆိုရင် တချို့က ရွေးကောက်ပွဲကို ညှိနှိုင်းပြီး ၀င်သင့်တယ်။ တချို့ကလည်း မ၀င်သင့်ဘူးဆိုပြီး ပြောတယ်။ ဘယ်လိုအမြင်တွေများ ရှိပါသလဲ။

“အဲဒါကတော့ ဒီနေ့ ပြောလို့မဖြစ်သေးပါဘူး။ ဒီနေ့က သိပ်လည်း မစုံသေးဘူး။ မနက်ဖြန်မှ အားလုံးပေါင်းပြီး ဒီကိစ္စကို ပြောမှာပါ။ အားလုံးဆွေးနွေးချက်တွေရော ကျနော်တို့ဘက်က ဆုံးဖြတ်ချက်တွေရော မနက်ဖြန်ညနေ ပြီးရင်တော့ ဒီကိစ္စ တွေ ပြောပါမယ်။ အခုဟာ ဒီနေ့ကတော့ ဆွေးနွေးတယ်ပေါ့ဗျာ။ မပြီးမှ မပြီးသေးဘဲ။ သိပ်အများကြီးလည်း မဆွေးနွေးရ သေးဘူး။ ဒီနေ့က ပြည်နယ်တိုင်း သုံးလေးခုလောက်ပဲ ပြီးသွားတာကိုး။”

နောက်တခုက ကျနော်တို့ကြားတာ လုံခြုံရေးက ရုံးအပြင်မှာ တော်တော်လေး တင်းတင်းကျပ်ကျပ် ချထားတယ်ပြောတယ်။

“ချထားပါတယ်။ လုံခြုံရေးက ပုံမှန်ထက်တော့ အင်အား နည်းနည်းများတာပေါ့။ ဒါပေမဲ့ အရင် လွတ်လပ်ရေးနေ့တို့၊ ပြည်ထောင်စုနေ့တို့၊ တပ်မတော်နေ့တို့ အခမ်းအနားတွေ လုပ်တဲ့အခါတွေမှာလို အရပ်ဝတ်တွေနဲ့ ကားတွေနဲ့ လေးငါးဆယ် စီး လာပြီးတော့ လမ်းဟိုဘက်မှာ လာထိုးထားတာတော့ မရှိဘူး။ လုံခြုံရေးကတော့ ရဲပါပဲ၊ အရပ်ဝတ်တွေနဲ့ များပါတယ်။”

အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းညွန့် ပြောပြသွားတာ ဖြစ်ပါတယ်။

လုံခြုံရေးအာဏာပိုင်တွေက အနီးကပ် စောင့်ကြပ်ကြည့်ရှုတာတွေ ရှိပေမယ့် အခုအချိန်အထိတော့ တက်ရောက်လာသူ ကိုယ်စားလှယ်တွေကို နှောင့်ယှက်ဟန့်တားတာ၊ ကန့်သတ်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ( ဗွီအိုအေ )

Tuesday, April 28, 2009

၂၀၀၉ ခုနှစ် ဂွာန်ဂျူးလူ့အခွင့်အရေးဆု ကိုမင်းကိုနိုင်ရရှိကြောင်း ကိုရီးယားနိုင်ငံအတွင်းရှိ သတင်းစာများမှ ဖော်ပြချက်

Min_Ko_Naing_24.4.2009_Gwanju Min_Ko_Naing_24.4.2009_Gwanju flyingpeacock
သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး၌ မနက်ဖြန် ကျင်းပမည့် တိုင်းနဲ့ ပြည်နယ် စုံညီအစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်းပွဲတရပ်ကို ယနေ့ ကျင်းပရာ အာဏာပိုင်များက ရုံးပတ်ဝန်းကျင်တွင် လုံခြုံရေးများ ချထားခဲ့သည်။

စုံညီအစည်းအဝေးအတွက် ရန်ကုန်တွင် ရောက်ရှိနေပြီဖြစ်သည့် ပြည်နယ်နှင့် တိုင်းများမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူငယ်နှင့် အမျိုးသမီး ခေါင်းဆောင်များ စုစုပေါင်း ၁၄၈ ဦးဖြင့် ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အကြိုညှိနှိုင်းပွဲ ကျင်းပရာ ရုံးအနီးတဝိုက်တွင် လုံခြုံရေးများ ချထားခဲ့ခြင်း ဖြစ်သည်။

“ရုံးရှေ့က ကျောက်ဆည် ဓမ္မာရုံထဲမှာတော့ အရပ်ဝတ် လုံခြုံရေးတွေ အများကြီး ရှိပါတယ်။ အရင်တုန်းက တွေ့တတ်တဲ့ စွမ်းအားရှင်တို့၊ ကြံဖွတ်တို့ကိုတော့ မတွေ့ရဘူး။ ကျနော်တို့ ပတ်ဝန်းကျင်မှာတော့ မရှိဘူး။ လုံခြုံရေးကတော့ ၃ဝ နီးပါးလောက် ရှိတယ်။ ကျနော် မမြင်နိုင်တဲ့ နေရာမှာ ရှိ၊ မရှိတော့ ကျနော် မပြောနိုင်ဘူး” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

လုံထိန်းများနှင့် ယာဉ်ထိန်းရဲများသည် ဆိုင်ကယ်နှင့် ကားများဖြင့် လာရောက်ကြပြီး ပါတီဝင်များကို ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ လုပ်ခဲ့သည်။

အစည်းအဝေး တက်ရောက်သူ ပါတီလူငယ်တဦးက “ရုံးနောက်က လင့်လမ်းထဲမှာရှိတဲ့ စာသင်ကျောင်း ထဲမှာလည်း လုံခြုံရေး အများကြီး ရှိတယ်။ ကျနော်တို့ ရုံးရှေ့မှာရှိတဲ့ ကား ၄၊ ၅ စီးနဲ့ ဆိုင်ကယ် အစီး ၂ဝ လောက် ရှိတယ်။ ဆိုင်ကယ်သမားတွေက ဗီဒီယို ရိုက်တယ်။ သတင်းယူတယ် မှတ်တမ်းယူတယ်။ အုတ်လမ်း ဓမ္မာရုံထဲမှာ အများကြီး ချထားတယ်။ နေရာတိုင်းမှာ ၂ဝဝ နီးပါးလောက် ရှိတယ်။ သူတို့လည်း သူတို့ လုပ်ငန်း လုပ်၊ ကျနော်တို့လည်း လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်'' ဟု ပြောသည်။

ဗဟန်းမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် တာမွေမြို့နယ်ဘက်တွင်လည်း လုံခြုံရေးများ ချထားခဲ့ကြောင်း သိရသည်။

“တာမွေ ဗလီ ကားမှတ်တိုင်ထိပ်က တော်တော်ကို စည်ကားတဲ့နေရာ ဖြစ်နေတယ်။ ကားတွေက ဗလီထိပ်မှာ အများစုလာတဲ့ နေရာဖြစ်တယ်။ လုံခြုံရေး အင်အားက ကျနော့် ခန့်မှန်းခြေအရ အရပ်ဝတ်နဲ့ ယူနီဖောင်းနဲ့ဆိုရင် ၁၅ ယောက်လောက် ရှိတယ်။ ကြက်လျှာစွန်းနဲ့ ဗလီထိပ်ကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြတယ်” ဟု ပြောသည်။

“တော်တော်များများ အဖွဲ့ချုပ်ဝင်တွေက တာမွေကနေ သွားနေရတယ်။ အဲဒါကြောင့် အဲဒီမှာ ကားဂိတ်မှာ လုံခြုံရေးတွေ ချထားတာ ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံရေးနှင့် စည်းရုံးရေး အခြေအနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာများ ဆွေးနွေးခဲ့သည်။

ဦးဉာဏ်ဝင်းက “နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရယ် ဒီ ခေါင်းစဉ် ၃ ခု အပေါ်မှာ အဖွဲ့ချုပ်ပေါ်က ချပေးတဲ့ စာတမ်းအပေါ်မှာ ကျနော်တို့ ဝေဖန်တယ်၊ သုံးသပ်တယ်။ ဒီဟာတွေပေါ်မှာပဲ ညှိနှိုင်းကြတာ။ မနက်ဖြန်ကျမှ ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

“တိုင်းနဲ့ ပြည်နယ်က အစည်းအဝေး တက်ရောက်သူ ၁ဝဝ ကျော် ရောက်ရှိနေပါတယ်။ တချို့လည်း အစည်းအဝေးစမယ့် အချိန်ကျမှ ရောက်မယ့်သူတွေလည်း ရှိတယ်။ ဒါက အနည်းစုပါ၊ အများစုကတော့ ရောက်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

မနက်ဖြန်တွင် ရုံးချုပ်၌ ကျင်းပမည့် အစည်းအဝေးသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီ၏ စတုတ္ထအကြိမ်မြောက် ပြည်နယ်နှင့် တိုင်းပေါင်းစုံ စုံညီ အစည်းအဝေးကြီး ဖြစ်သည်။ ( မဇ္စျိမ )

စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု အီးယူ တနှစ်သက်တမ်းတိုး

အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဒီကနေ့ အစည်းအဝေးကနေ
မြန်မာနိုင်ငံအပေါ် အီးယူရဲ့ အရေးယူဒဏ်ခတ်မှုကို နောက်တနှစ် သက်တမ်းတိုးဖို့
ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် တဖက်မှာ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး
အတွက် လမ်းဖွင့်ထားပြီး အီးယူက သတ်မှတ်ထားတဲ့ တိုးတက်ဖြစ်ထွန်းမှုအပေါ်မှာ
မူတည်ပြီး ဒီအရေးယူဒဏ်ခတ်မှုတွေကို ပြန်လည်သုံးသပ် ပြင်ဆင်မယ်လို့လည်း
အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ အကြောင်းစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီကနေ့ လူဇင်ဘတ်မှာ ကျင်းပတဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး
ကနေ မြန်မာ့အရေးကိစ္စ ဆွေးနွေးခဲ့ကြတာပါ။ အရင် အီးယူက ဆုံးဖြတ်ထားတဲ့
မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို တနှစ်တိုးလိုက်ပေမယ့် တဖက်
မှာတော့ အီးယူအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူအခွင့်အရေး အခြေအနေ
တိုးတက်မှုတွေအတွက် မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးသွားလိုတယ် ဆိုတာကို
လည်း ဖော်ပြလိုက်ပါတယ်။ အီးယူ ပြင်ပဆက်ဆံရေးဆိုင်ရာ ပြောခွင့်ရသူ ခရစ္စတင်း
ဟို့မန်း (Christiane Hohmann)
က ဒီကနေ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့
အရေး ဆုံးဖြတ်ချက်ကို အခုလိုပြောပါတယ်။

မြန်မာစစ်အစိုးရအပေါ် ကန့်သတ်တားမြစ်ထားချက်တွေကို နောက်ထပ်တနှစ်
ထပ်တိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သတ်မှတ်ပြီးသား တိုးတက်မှု အခြေအနေတွေအပေါ်
မူတည်ပြီးတော့ ဒီတားမြစ်ချက်တွေကို ပြန်ပြီး သုံးသပ်ပြင်ဆင်တာ၊ ထပ်တိုးမြှင့်တာ
တွေ လုပ်သွားဖို့ရှိပါတယ်။ တဖက်မှာတော့ လာမယ့် မေလ ၂၀၀၉ ခုနှစ် ဟနွိုင်းမှာ
လုပ်မယ့် အာဆမ် နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာ မြန်မာဘက်က
တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောဆိုသွားလိုပါတယ်။”

မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အများက ယုံကြည်
လက်ခံမှု ရှိလာစေဖို့ အားလုံးပါဝင်နိုင်ရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ရှိစေရေး၊
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို
လည်း အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုခဲ့ကြပါတယ်။

ဘရပ်ဆဲလ်အခြေစိုက် ဥရောပ မြန်မာရုံး ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေကတော့
အခုဆုံးဖြတ်ချက်ထဲမှာ မြန်မာစစ်အစိုးရအပေါ် အရေးယူတာမျိုးသက်သက် မဟုတ်
တော့ပေမယ့် တဖက်မှာ တိုက်ရိုက်ဆွေးနွေး ညှိနှိုင်းလိုတဲ့သဘော ပါတယ်လို့ ရှုမြင်ခဲ့
ပါတယ်။

“သူတို့ကတော့ ပြဿနာတွေ ထောက်ပြပြီး အဲဒီမှာ သူတို့က နအဖနဲ့လည်း တွေ့ဖို့
ကြိုးစားမယ်ဆိုတာ ပါတယ်။ အဲဒါ ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။”

ဒါပေမယ့် တကယ်တမ်း အဲဒါ လွယ်ပါ့မလား။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်အစိုးရ
က ပြောနေတာကတော့ သူတို့ကို ပိတ်ဆို့အရေးယူထားတာတွေ အရင်ဆုံး ရုပ်သိမ်း
ပေးရမယ့်သဘော ပြောနေတဲ့အတွက် အစိုးရအာဏာပိုင်တွေနဲ့ အီးယူအနေနဲ့
တကယ်တမ်း ဆွေးနွေးလာနိုင်မယ့် အလားအလာ ဖြစ်လာနိုင်ပါ့မလား။

“ဥရောပသမဂ္ဂဘက်ကတော့ ကမ်းလှမ်းလာတယ်လို့ ပြောလို့ရတယ်။ နအဖက သူတို့
မပြောင်းမချင်း ဘယ်လိုမှ မပြောဘူးဆိုရင်တော့ တံခါးပြန်ပိတ်သွားမှာပဲ။ တကယ်
ကတော့ ဥရောပသမဂ္ဂအနေနဲ့ ထောက်ပြနေတာက ပိတ်ဆို့ချက်တွေကိုလည်း သူတို့
ပြောင်းချင်တယ်၊ ရုပ်သိမ်းချင်တယ်။ ဒါ ရှင်းရှင်း သူတို့ပြောထားတာပဲ။ အခက်အခဲ
ကတော့ ဘုံဆုံးဖြတ်ချက်မှာ အကန့်အသတ် တော်တော်ချထားတာ ပါတယ်။
ဘုံဆုံးဖြတ်ချက်ကို ပြောင်းမယ်၊ ဒါမှမဟုတ် ရုပ်သိမ်းမယ်ဆိုရင် ၂၇ နိုင်ငံစလုံးက
သဘောတူညီမှ လုပ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့က အရင်သွားဆွေးနွေး
ချင်တာ ဖြစ်ပါတယ်။”

ဆိုလိုတာက အီးယူကိုယ်၌က သူ့ရဲ့ ဘုံဆုံးဖြတ်ချက်ကို ပြန်ဖယ်ရှားဖို့၊ မြန်မာနိုင်ငံ
အပေါ် ထားထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်ဖယ်ရှားဖို့ အီးယူထဲမှာ စဉ်းစားမှု
တွေ ရှိနေတယ်ဆိုတဲ့ သဘောလားခင်ဗျ။

“ရှင်းရှင်းပြောမယ်ဆိုရင် အခြေအနေက တော်တော်ဆိုးတယ်။ ဒီ့ထက် ကူညီသင့်တယ်
ဆိုတဲ့အပေါ်မှာ သူတို့ စဉ်းစားတာ ဖြစ်ပါတယ်။ ဒီပိတ်ဆို့မှုတွေနဲ့ ၁၅ နှစ်လောက်ရှိတဲ့
နေရာမှာ နအဖနဲ့လည်း သူတို့ စကားမပြောခဲ့တော့ ဘာမှမထူးခြားဘူးဆိုတဲ့ဟာ သူတို့
မြင်ပါတယ်။ ဆိုတော့ သူတို့က ထူးခြားလာအောင် ဘာလုပ်နိုင်မလဲ၊ နအဖနဲ့ စကား
ပြောကြည့်ရင် ဖြစ်မလားဆိုတဲ့သဘောပဲ။ ဒီဟာက ဘုံဆုံးဖြတ်ချက် လျှော့တယ်လို့
ပြောနိုင်တယ်။ အရင်တုန်းကဆိုရင် ခေါင်းဆောင်အဆင့်က နအဖနဲ့တွေ့ဖို့ တွေ့လို့
မရဘူး။”

ဦးဟန်ညောင်ဝေ ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပိုပြီး ပူးပေါင်းလက်တွဲသွားဖို့
လည်း အီးယူက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို သုံးသပ်ထားတဲ့
နေရာမှာလည်း နိုင်ငံရေးအကျပ်အတည်းတင် မဟုတ်ဘဲ ဆင်းရဲမွဲတေမှုနဲ့ အခြား
စီးပွားရေးအခက်အခဲ ကြုံနေရတာတွေကိုပါ ပါဝင်ထည့်သွင်းထားပါတယ်။ အခု
မြန်မာစစ်အစိုးရကို တနှစ်သက်တမ်းတိုး ဒဏ်ခတ်လိုက်တဲ့ အရေးယူမှုတွေမှာတော့
အစိုးရထိပ်ပိုင်းအရာရှိတွေ အီးယူနိုင်ငံတွင်း ၀င်ရောက်တာကို ဗီဇာပိတ်ပင်တာ၊
သူတို့ရဲ့ ဥရောပအတွင်း ငွေကြေးတွေကို ထိန်းချုပ်တာနဲ့ စစ်အစိုးရနဲ့ ပတ်သက်နေတဲ့
စီးပွားရေးလုပ်ငန်းတွေ ဥရောပနဲ့ ဆက်ဆံလို့မရအောင် ပိတ်ပင်တာမျိုးတွေ ပါဝင်
ပါတယ်။ ( ဗွီအိုအေ )

Monday, April 27, 2009

ပျောက်ဆုံးနေသော အန်အယ်ဒီ အဖွဲ့ဝင် ၃ ဦး အင်းစိန်ထောင်တွင် ရောက်ရှိ

ဖမ်းဆီးခံရပြီး တလကျော် ပျောက်ဆုံးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၄ ဦးမှ ၃ ဦးသည် ယခုလအတွင်း အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်း အဖမ်းခံရသူ အန်အယ်ဒီ အဖွဲ့ဝင် ဦးစိန်လှိုင် (စမ်းချောင်း)၊ ဦးရွှေဂျိုး (လှိုင်)၊ မချို ခေါ် ဒေါ်မြင့်မြင့်စန်း (အလုံ) နှင့် ဦးကြည်လွင် (တောင်ဒဂုံ) တို့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရဘဲ ပျောက်နေရာ ယခုလ ၂ဝ ရက်နေ့ကမှ အင်းစိန်ထောင် သီးသန့်ဆောင်သို့ ရောက်ခဲ့ကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားတွေ့သူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက သိခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၄ ဦးထဲမှ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ အန်အယ်ဒီ စည်းရုံးရေး အဖွဲ့ဝင်ဟောင်း ဦးကြည်လွင်မှာ ယခုလ ၈ ရက်နေ့က တောင်ငူစစ်ကြောရေးမှ ပြန်လွတ်ခဲ့သူ ဖြစ်သည်။

သူမှအပ ကျန် ၃ ယောက်ကို ယခု အင်းစိန်ထောင်တွင် ပြန်တွေ့ရခြင်းဖြစ်သည်။

“ုအင်းစိန်ထောင် သီးသန့်ဆောင်မှာ ရောက်နေတယ်လို့ ပြောတယ်။ ၄ ရက်ရှိသွားပြီခင်ဗျ။ တနင်္လာနေ့ (ဧပြီ ၂၀ ရက်နေ့) က ညဘက်ရွှေ့လာတယ်လို့ ပြောတယ်။ သူတို့ ၃ ယောက်လုံးပဲ။ ကျနော်တို့ အင်းစိန်ထောင်မှာ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကနေပြီးတော့ ထောင်ဝင်စာ သွားတွေ့ရင်း တွေ့ခဲ့တာ။ ဒီနေ့ပဲ သိရတာပါ” ဟု ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ယမန်နေ့က မဇ္ဈိမကို ပြောသည်။

အန်အယ်ဒီ ဗဟို လူမှုအထောက်အကူပြု အဖွဲ့ဝင်ဖြစ်သည့် အလုံမြို့နယ်မှ မချို ခေါ် ဒေါ်မြင့်မြင့်စန်းအား ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် အာဏာပိုင်များက အန်အယ်ဒီရုံးချုပ်မှအပြန် လမ်းတွင် ဖမ်းဆီးခဲ့သည်။

စမ်းချောင်းမြို့နယ် စည်းအဖွဲ့ဝင် ဦးစိန်လှိုင်နှင့် လှိုင်မြို့နယ်မှ ဦးရွှေဂျိုးတို့ကို မတ်လ ၆ ရက်နှင့် ၈ ရက်နေ့တို့တွင် နေအိမ်များမှာ ဖမ်းဆီးခဲ့သည်။

လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရသည့် မိသားစုများနှင့် အန်အယ်ဒီ အဖွဲ့ဝင် တချို့က အင်းစိန်ထောင်သို့ သွားရောက်၍ စုံစမ်းမေးမြန်းရန် စီစဉ်နေသည်ဟု ပါတီအဖွဲ့ဝင်တဦးက ပြောသည်။

သူက “လောလောဆယ်တော့ သူတို့ အထဲမှာ ရောက်နေတယ်ဆိုတာ သိရပြီ။ ဒါပေမဲ့ သူတို့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ မသိသေးတော့ မိသားစုဝင်တွေနဲ့ အရင်တွေ့ပြီးမှ သိရမယ်” ဟု ပြောသည်။

သို့သော် ဦးစိန်လှိုင် အင်းစိန်ထောင်တွင် ရောက်ရှိနေကြောင်း သိရသော်လည်း အမဖြစ်သူ နှစ်ဦးမှာ နာမကျန်းဖြစ်နေပါသဖြင့် သွားရောက်တွေ့ဖြစ်မည် မဟုတ်ကြောင်း အမ ဒေါ်ခင်ဝင်းက ပြောသည်။

“အန်တီတို့ကတော့ ဘယ်မှာ ရှိတယ်ဆိုတာ အခုထိ မသိဘူး။ အင်းစိန်မှာ ရောက်နေတယ် ဆိုရင်လည်း အမ တယောက်က သူ ဖမ်းခံရတဲ့ နောက်နေ့မှာပဲ လေဖြတ်သွားတယ်။ လက်တဖက် ကပ်သွားတာ။ တပိုင်းသေ ဖြစ်သွားတယ်။ အန်တီလည်း နေမကောင်းဘူးလေ” ဟု ပြောသည်။

ဆက်လက်ပျောက်ဆုံးနေသူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်မှာမူ လေဖြတ်ထားသဖြင့် လွန်ခဲ့သည့် တနှစ်ခွဲခန့်ကတည်းက မြို့နယ်စည်း အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသူ ဖြစ်သော်လည်း ရဲ သတင်းအထူးတပ်ဖွဲ့ (SB)၊ ရပ်ကွက်ကောင်စီဝင်များနှင့် စွမ်းအားရှင် စုစုပေါင်း ဦးရေ ၃ဝ ခန့်က မေးမြန်းရန်ဟုဆိုကာ နေအိမ်မှ ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ( မဇ္ဈိမ )

မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ

လူထုအတွက်စတေးခံ မြေသြဇာအဖွဲ့ဝင်တဦးဖြစ်တဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ကိုတင်ထွဋ်ပိုင် ကို ဧပြီ ၁၀ ရက် နေ့ညမှာ နေအိမ်ကနေ သက်ဆိုင်ရာက ဖမ်းဆီးသွားခဲ့ပါတယ်။ ကိုတင်ထွဋ်ပိုင် အဖမ်းခံရပုံကို မြေသြဇာအဖွဲ့ဝင်တဦးက RFA ကို ပြောပြပါတယ်။

မြေသြဇာအဖွဲ့ဝင်တဦး။ ။“မြောက်ဥက္ကလာရဲစခန်းက ရဲတွေပါတယ်။ နောက် အရပ်ဝတ်နဲ့ ထောက်လှမ်းရေးလိုလူ နှစ်ယောက် သုံးယောက်ပါတယ်။ နောက် ရပ်ကွက်ထဲက ရယက လူကြီးတွေ၊ မီးသတ်တွေ ပါတယ်။ ည ရှစ်နာရီခွဲ ကိုးနာရီလောက်မှာ အိမ်မှာပဲ ဝင်ဖမ်းသွားတာဗျ။ စာရွက်တွေ အရွက်နှစ်ဆယ်လောက် တွေ့သွားတယ် ပြောတယ်။ နောက်တခါ ကင်မရာတလုံးလည်း တွေ့သွားတယ် ပြောတယ်။ အဲဒီစာရွက်တွေက ကျနော်တို့ မြေသြဇာ အဖွဲ့က သင်္ကြန်တွင်းမှာ နအဖ စစ်အာဏာရှင်ကို အလိုမရှိတဲ့ဟာတွေကို ထပ်ပြမယ်ဆိုတဲ့ ထုတ်ပြန် ကြေညာချက်ရှိတယ်။ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ လူထုကိုနှိုးဆော်တဲ့ စာတွေ ပါတယ်”

စောစောပိုင်းမှာ ကိုတင်ထွဋ်ပိုင်ကို မြောက်ဥက္ကလာရဲစခန်းမှာ ဖမ်းဆီးထားပြီး အခု ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းလို့ မရဘူးလို့လည်း ဆက်ပြောပါတယ်။

မြေသြဇာအဖွဲ့ဝင်။ ။“ကျနော်တို့က ကျနော်တို့ရင်ထဲမှာရှိတဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို တောင်းဆိုတာ ဖြစ်တယ်။ နောက်တခါ ကျနော်တို့ကို သူတို့ပြောသလို ပြည်တွင်းပြည်ပက မြှောက်ထိုးပင့်ကော် လုပ်ပေးနေတာ မဟုတ်ဘူး။ မြေသြဇာအဖွဲ့ကလည်း ပြည်တွင်းပြည်ပက အကူအညီ အထောက်အပံ့နဲ့ လှုပ်ရှား ဆောင်ရွက် နေတာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ မုန့်ဖိုးတွေ လုပ်အားခတွေနဲ့၊ ဒါကိုတော့လုပ်သင့်တယ် ဒါကိုတော့ ဖြစ်သင့်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့လုပ်ဆောင်နေတဲ့အတွက် အခုလိုမျိုး မတရား ဖမ်းဆီးတယ်လို့ ကျနော်တို့ မြင်တယ်။ အဖမ်းခံရတဲ့လူငယ်တွေကို အရမ်းစိုးရိမ်တယ်။ သူတို့ရဲ့ အသက်အန္တရာယ်ရော၊ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင် ဆိုင်ရာရော ချို့ယွင်းသွားမှာကို အရမ်းစိုးရိမ်တယ်ဗျ”

မြောက်ဥက္ကလာရဲစခန်းကို RFA က ဆက်သွယ်ပြီး ကိုတင်ထွဋ်ပိုင် ကို ဘယ်မှာချုပ်ထားသလဲလို့ မေးကြည့်တဲ့ အခါမှာ မြောက်ဥက္ကလာရဲစခန်းမှာ ကိုတင်ထွဋ်ပိုင်မရှိတဲ့အကြောင်း တာဝန်မှူးတဦးက ဖြေကြားခဲ့ပါတယ်။

တာဝန်မှူးတဦး။ ။“အော် အဲဒါ ကျနော်တို့ဆီကမဟုတ်ဘူး။ သူတို့ သတင်းတပ်ဖွဲ့က ယူသွားတာ။ အဲဒါတော့ ကျနော်တို့မသိဘူး။ အော် မရှိပါဘူးခင်ဗျ”

မြေသြဇာ အဖွဲ့ဝင်တွေ အဖမ်းခံရတာဟာ ကိုတင်ထွဋ်ပိုင် အပါအဝင်ဆိုရင် အားလုံး ၁၉ ယောက် ရှိသွားပြီလို့ အဖွဲ့ဝင်တွေက ပြောပါတယ်။ ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ်ဟာလည်း မြောက်ဥက္ကလာ အန်အယ်လ်ဒီ ပါတီဝင် ဖြစ်ပြီး ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု မတိုင်ခင်ကတည်းက အင်းစိန်ထောင်မှာ ထောင် ၇ နှစ် ချမှတ် ခံထားရတယ်လို့ သိရပါတယ်။ ( အာအက်ဖ်အေ )

ဆာမူထော မူလတန်းကျောင်းအတွက် ရန်ပုံငွေ



ဇေယျကျော်
ကျောင်းသားရေးရာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

လက်ရှိမြန်မာနိုင်ငံရေး နှင့် ၂၀၁၀ ရွေးကောက်ပွဲ

How_do_we_pass_to_2010.
How_do_we_pass_to_2010. flyingpeacock

Saturday, April 25, 2009

မြန်မာ ဒုက္ခသည်များ "ပြည့်တန်ဆာလုပ်ငန်းတွင် ရောင်းစားခံရ"

မြန်မာ ဒုက္ခသည်များ ပြည့်တန်ဆာလုပ်ငန်းသို့ ရောင်းစားခံရသည့် ကိစ္စတွင် မလေးရှား အစိုးရ အရာရှိများ ပါဝင်နေသည်ဟု အမေရိကန် လွှတ်တော်အမတ် တဦးက စွပ်စွဲလိုက်သည်။

ထိုင်း မလေးရှား နယ်စပ်ဒေသတွင် လူကုန်ကူးသူများ၏ လက်အတွင်းသို့ လွဲပြောင်းခံရသည့် မြန်မာ ဒုက္ခသည်များနှင့် ပတ်သက်ပြီး တနှစ်ကြာ အချိန်ယူ စုံစမ်း ရေးသားထားသော အ စီရင်ခံစာကို
နိုင်ငံခြားဆက်ဆံရေးကော်မတီတွင် တာဝန်ရှိသော လွှတ်တော် အမတ် Richard Lugarက မလေးရှား အစိုးရကို အင်္ဂါနေ့က ပေးအပ်လိုက်သည်။

အစီရင်ခံစာတွင် တတိယနိုင်ငံတခုကို သွားရောက်ရေးအတွက် မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂရုံးသို့ ဆက်သွယ်ရန် ကြိုးစားသော မြန်မာပြည်သားများအကြောင်းကို ဖော်ပြထားသည်။

စုံစမ်းမှုများအရ မလေး အရာရှိများက ထိုမြန်မာပြည်သားများကို ဖမ်းဆီးပြီး နယ်စပ်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း၊ ပြန်ပို့ခံရသူများထဲတွင် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံထားရသူများလည်း ပါဝင်ကြောင်း၊ ထိုအချိန်တွင် ငွေမပေးနိုင်သူများမှာ လူကုန်ကူးသူများထံသို့ လွဲပြောင်းခံရကြောင်း ရေးထားသည်။

"ငွေမပေးနိုင်သူများသည် ထိုင်းနိုင်ငံရှိ လူကုန်ကူးသူများ လက်သို့ ရောက်သွားသည်၊ ငါးဖမ်းလှေ၊ ပြည့်တန်ဆာအိမ် စသည့် လုပ်ငန်းမျိုးစုံသို့ ရောက်သွားရသည်" ဟု အစီရင်ခံစာက ဆိုသည်။

လူကုန်ကူးသူများ၏ စော်ကားခြင်း ခံရသည့် အမျိုးသမီးများအကြောင်းကိုလည် ဖော်ပြထားသည်။ တချို့မှာ ၎င်းတို့၏ ခင်ပွန်းသည်များရှေ့တွင်ပင် စော်ကားခံရသည်ဟု ဆိုသည်။ "ဘယ်သူမှ ၀င်ပြီး မပြောရဲဘူး၊ ပြောရင် သေနတ်နဲ့ အပစ်ခံရမယ်၊ ဒါမှမဟုတ် ဓားနဲ့ အခုတ်ခံရမယ်" ဟူသော အကူအညီပေးရေး အဖွဲ့တခုမှ ၀န်ထမ်းတဦး၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။

ဒုက္ခသည်တဦးကလည်း "(အမျိုးသမီးတွေက) ကြည့်ပျော်ရှုပျော် ရှိတယ် ဆိုရင် ပြည့်တန်ဆာလုပ်ငန်းကို အရောင်းခံရတယ်။ ရုပ်မချောတဲ့သူတွေဆိုရင်တော့ သူတို့က (လူကုန်ကူးသူတွေက) စားသောက်ဆိုင်တခုမှာ ရောင်းလိုက်နိုင်တယ်" ဟု ပြောသည်။

အဆိုပါ စွပ်စွဲချက်များကို မလေးရှား ရဲတပ်ဖွဲ့က စုံစမ်းမည် ဟူသော ဆုံးဖြတ်ချက်ကို လွှတ်တော် အမတ် Richard Lugarက ကြိုဆိုလိုက်သည်။

ဤကိစ္စများနှင့် ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောဆိုရန် ဆက်သွယ်သည့်အခါ မလေးရှား ၀န်ကြီးချုပ်ရုံးက အကြောင်းပြန်ခြင်း မရှိပေ။ ( မိုးမခ )

Friday, April 24, 2009

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြသွားရန် လျာထား

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု အယူခံကြားနာပေးရန် ၀န်ကြီးချုပ်ထံ ထပ်မံ မေတ္တာရပ်ခံ ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြသွားရန် စဉ်းစားထားကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

“အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၁၉) အရကိုက အရေးယူခံရသောသူသည် အရေးယူခံ ထားရသော ကာလအတွင်း အယူခံပိုင်ခွင့်ရှိတယ်ဆိုပြီး ပိုင်ခွင့်တရပ်အနေနဲ့ကို ပေးထားတာဗျ။ ဒါကိုအစိုးရအဖွဲ့က မကိုင်သေးဘူးဆိုတာ ချိုးဖောက်ရာရောက်မှာလေ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီကို ကျနော်တို့ဆက်တင်ပြမယ်လို့ စဉ်းစားထားတယ်” ဟု ၎င်းက ပြောသည်။

“ကျနော်တို့ကတော့ ဥပဒေစိုးမိုးရေးအတွက် အထောက်အကူပေးတဲ့သဘောအနေနဲ့ တင်ပြသင့်တာကို တင်ပြမယ်။ ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကိုယ်စားလှယ်ပါဝါ ပေးအပ်ထားတော့ ကျနော်တို့ တာဝန်ကျေ အောင်လုပ်မယ်။ ရေဆုံးရေဖျားလိုက်မယ်” ဟု ရှေ့နေကြီးဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

အဆိုပါတင်ပြမှုအတွက် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွဲဖက် ရှေ့နေဦးလှမျိုးမြင့်တို့ ဆွေးနွေးမှုများပြုပြီး လကုန်ပိုင်းတွင် တင်ပြသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
[ ဆက်ဖတ်ရန် +/- ]

တည်ဆဲဥပဒေတရပ်ဖြစ်သည့် နိုင်ငံသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ (ဥပဒေအမှတ်-၂/၇၅)၊ ပုဒ်မ (၁၃) တွင် ဗဟိုအာဏာပိုင်မပါသော အဖွဲ့အစည်းတရပ်ရပ်က လုပ်သင့်လုပ်ထိုက်သည့် အလုပ် မလုပ်ဘဲ နိုင်ငံသားတယောက်၏ အခွင့်အရေးကို ကာကွယ်မပေးပါက နိုင်ငံတော်ကောင်စီကို တင်ပြ၊ တိုင်ကြားနိုင် ကြောင်း ဖွင့်ဆိုထားသည်ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

“ဆိုတော့ကာ ကျနော်တို့ဆီမှာ ၀န်ကြီးချုပ်ရုံးပါဝင်တဲ့ အစိုးရအဖွဲ့အထက်မှာ နအဖဆိုတာ ရှိသေးတယ်။ ဒီတော့ ကျနော်တို့ နအဖအကြီးအကဲဖြစ်တဲ့ တပ်ချုပ်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ့ဗျာ။ သူ့ဆီကို ဥပဒေကြောင်း အရ ဆက်တင်မယ်။ တင်လိုက်ရင် ဗိုလ်ချုပ်မှူးကြီးလည်း ဒါကို နားလည်မယ်ထင်ပါတယ်။ တင်ပြဖို့တာဝန်ကတော့ ကျနော်တို့တာဝန်ပဲလေ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်း ဖြစ်ပွားပြီးနောက် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရဆိုကာ နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်ချထားမှုကို အစိုးရအဖွဲ့က (၅) နှစ်ထက်ကျော်လွန်၍ (၁) နှစ်ထပ်တိုးခွင့် ရှိသည်ဆိုကာ တနှစ်ထပ်တိုးလိုက်ပြီးနောက် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိသဖြင့် ရှေ့နေကြီး ဦးကြည်ဝင်းက ၂၀၀၈ ခု အောက်တိုဘာ (၉) ရက်တွင် အယူခံလွှာတင်သွင်းခဲ့သည်။

သို့ရာတွင် နအဖစစ်အစိုးရအဖွဲ့က အယူခံကို ကိုင်တွယ်ကြားနာခြင်းမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက အစိုးရအဖွဲ့ အကြီးအကဲ ၀န်ကြီးချုပ်ထံ အမှုကိုင်တွယ်ကြားနာပေးရန် မေတ္တာရပ်ခံစာ များ လေးကြိမ်ထက်မနည်း ပေးပို့ခဲ့သော်လည်း တစုံတရာအကြောင်း ပြန်ကြားခဲ့ခြင်း မရှိပေ။

“ဒီလ (၁၀) ရက်နေ့က အယူခံအမှုအတွက် ၀န်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာပေါ့ဗျာ။ အဲလိုပဲသုံးရမှာပေါ့ဗျာ။ တိုက်တွန်းတယ်လို့တော့ မသုံးတော့ပါဘူး။ အဲဒီစာတင်ပြီးနောက် ၀န်ကြီးချုပ်ဘက်က ဘာမှအကြောင်း မပြန်သေးဘူးဗျ။ သို့သော် ကျနော်တို့က ရှေ့နေတွေဖြစ်လေတော့ ကိုယ့်အမှုသည်အတွက် ကိုယ်ဉာဏ်မီ သလောက်၊ ကိုယ်တတ်စွမ်းနိုင်သလောက် စောစောကပြောသလို လုပ်စရာရှိတာတွေ ဆက်သွားမှာပေါ့ဗျာ။ ကြိုးစားမှာပေါ့” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

နအဖဘက်က နေအိမ်အကျယ်ချုပ်အယူခံအမှုကို ယခုအချိန်ထိ ကိုင်တွယ်ကြားနာမှုမပြုသော်လည်း အကျယ်ချုပ် အချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ လာမည့် မေ (၂၇) တွင် နေအိမ်အကျယ်ချုပ်သက်တမ်း (၆) နှစ် ပြည့်တော့မည် ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းကလည်း ကုလသမဂ္ဂက နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားခြင်းသည် ကိုယ့်ဥပဒေကိုယ် ချိုးဖောက်ရာရောက်သည်ဟု ပြောဆိုခဲ့သည်။ ( ခေတ်ပြိုင် )

အမေရိကန်ဒေါ်လာသန်း ၈ဝဝ တန် သတ္တုတွင်း စီမံကိန်း တရုတ် ရရှိ

တရုတ် သတ္တုတူးဖော်ရေး အုပ်စုကြီးတစုက မြန်မာပြည်အထက်ပိုင်း မန္တလေးမြို့မြောက်ပိုင်း တကောင်းတောင် သတ္တုတွင်း စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ဖြင့် တူးဖော်ခွင့် ရရှိသွားပြီဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဇူလိုင်လ ကတည်းက စတင်ဆွေးနွေးထားသော ယင်းစီမံကိန်းမှာ ယခုလအတွင်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ တရုတ်နိုင်ငံတွင် ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ ခရီးစဉ်တွင် အကောင်အထည်ပေါ် ခဲ့ခြင်းဖြစ်သည်။

China Non-Ferrous Metal Group (CNMC) သည် မြန်မာစစ်အစိုးရနှင့် သဘောတူပြီးပြီဟု တရုတ်ဘာသာဖြင့် ရေးသားသည့် ယခုလ ၂၂ ရက်နေ့ထုတ် တရုတ်သတင်းစာကို ကိုးကား၍ Alibaba.com ၌ ဖော်ပြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် အကြီးမားဆုံး သတ္ထုတွင်း စီမံကိန်းဖြစ်ကြောင်း CNMC ၏ အထွေထွေ မန်နေဂျာ Luo Tao က ပြောဆိုသည်။

ဤသတ္ထုတွင်းမှ ကန်ဒေါ်လာ သန်း ၈ဝဝ တန် ဖာရိုနီကယ် - Ferro nickel (သန့်စင်စတီးလ် ပြုလုပ်ရာ၌ အသုံးပြုသည့် ဓာတ်သတ္ထုတမျိုး) စီမံကိန်းမှာ တန်ချိန် ၈ သောင်း သတ္ထုသိုက်ဖြစ်ပြီး၊ အကောင်အထည် ပေါ်ပါက မြန်မာနိုင်ငံ တမျိုးသားလုံး အသားတင် ထုတ်လုပ်မှု (GDP) မှာ ၂ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု CNMC က ဆိုထားသည်။

CNMC၏ ဝက်ဘ်ဆိုက်တွင် မူလက ထုတ်ပြန်ချက်အရ တကောင်းတောင်မှာ သတ္ထုတူးဖော်ရေး လုပ်ကိုင်နိုင်ရန် လပေါင်း ၃ဝ ကြာ တည်ဆောက်ပြင်ဆင်ရမည်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် အစောပိုင်းတွင် သတ္ထုတူးလုပ်ငန်း စမည်ဖြစ်ကာ၊ တနှစ်လျှင် သန့်စင်ပြီး နီကယ် တန်ချိန် ၂၂,ဝဝဝ ထုတ်လုပ်နိုင်မည်ဟု ဆိုထားသည်။

မြန်မာ ဝန်ကြီးချုပ်က စီမံကိန်းအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးမည့်အကြောင်း ကတိပေးခဲ့သလို၊ CNMC ၏ အလုပ်အမှုဆောင် တဦးက အချိန်စောနိုင်သမျှ စောပြီး လုပ်ငန်းရန် လုပ်ကိုင်သွားမည်ဟု ပြောဆိုခဲ့သည်။

အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ခံထားရသည့် မြန်မာနိုင်ငံတွင် CNMC သည် စီးပွားရေးအရ အရေးပါသည့် လုပ်ငန်း စီမံကိန်းများကို တရုတ် ခေါင်းဆောင်များ၏ အထောက်အပံ့ဖြင့် ဝင်ရောက်လုပ်ကိုင်နေသော သတ္ထုတူးဖော်သည့် အုပ်စုကြီး ဖြစ်သည်။

ယခုလ ၂၁ ရက်နေ့ထုတ် မြန်မာစစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင်မူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် တရုတ်နိုင်ငံတွင် ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲသို့ တက်ရောက်ရင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ Ritz Carlton ဟိုတယ်၌ ယခုလ ၁၇ ရက်နေ့က ChinaNon Ferous Metal Mining Group of Co., Ltd. မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်းသာ ဖော်ပြ ခဲ့ပြီး အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပါ။

ဝန်ကြီးချုပ်က စီမံကိန်းအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးမည့်အကြောင်း ကတိပေးခဲ့သလို၊ CNMC ၏ အလုပ်အမှုဆောင် တဦးက အချိန်စောနိုင်သမျှ စောပြီး လုပ်ကိုင်သွားမည်ဟု ပြောဆိုခဲ့သည်။

သို့သော် CNMC ၏ နောက်ဆုံး အစီရင်ခံစာထဲတွင် မြန်မာစစ်အစိုးရသည် ယင်းသတ္ထုတူးဖော်ရေး လုပ်ငန်းမှာ အစုရှယ်ယာ ရာခိုင်နှုန်း မည်ရွှေ့မည်မျှ ပါဝင်မည်ကို ပြောဆိုထားခြင်း မရှိပါ။

တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ထိုးခဲ့သည့် ယခုသတ္ထုမိုင်း တူးဖော်ရေး လုပ်ငန်းကို အကောင်အထည် ပေါ်လာရန် အထူးဂရုပြု လုပ်ဆောင်ခဲ့သည်ဟု တရုတ်သတင်းက ဆိုသည်။

မန္တလေးတိုင်း တကောင်းမြို့နယ်အတွင်းရှိ တကောင်းတောင်သည် သတ္ထု ပေါကြွယ်ဝရာ ဒေသဖြစ်ပြီး၊ မန္တလေးမြို့ မြောက်ဘက် မိုင် ၂ဝဝ အကွာတွင် တည်ရှိသည်။ ( မဇ္ဈိမ )

မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိုက်တွန်း

မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒအပေါ် အမေရိကန်ပြည်ထောင်စုက ပြည်လည်
သုံးသပ်နေတာနဲ့ ပတ်သက်ပြီး ထောက်ခံကြိုဆိုပေမယ့်လည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်
နေတဲ့ စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာတွေဟာ အမေရိကန် အပါအ၀င်
နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာကြောင့် မဟုတ်ဘဲ မြန်မာစစ်အစိုးရ
ရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ဧပြီလ ၂၃ ရက်က ကျင်းပခဲ့တဲ့ ၀ါရှင်တန်
ဒီစီမြို့တော် အမေရိကန် အောက်လွှတ်တော်မှာ လူ့အခွင့်အရေးကော်မရှင် လူထု
ကြားနာပွဲတခုမှာ စီးပွားရေးကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်အစိုးရ
အနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် အပြည့်အ၀ တာဝန်ခံရမှာဖြစ်တယ်လို့လည်း
ထောက်ပြခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဧပြီလ ၂၃ ရက်က အမေရိကန် အောက်လွှတ်တော် လူ့အခွင့်အရေးအဖွဲ့က ကြီးမှူး
ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူထုကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို
အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မခွာရီ (Macquarie)
တက္ကသိုလ်က စီးပွားရေးပါမောက္ခ ဒေါက်တာ ရှောင် တာနယ်လ် (Dr. Sean Turnell)
က မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေဟာ အင်မတန် စိုးရိမ်ဖွယ်
ကောင်းနေပါတယ်၊ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်တဲ့ အစိုးရအပေါ်မှာ
အများကြီး တာဝန်ရှိနေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတွေမှု၊ စီးပွားရေးခက်ခဲမှုတွေဟာ နိုင်ငံ
တကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာကြောင့် မဟုတ်ဘဲ အုပ်ချုပ်သူတို့ရဲ့
လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထား
တာတွေကို ဖျက်သိမ်းဖို့ အချိန်မတန်သေးပါဘူး။”

ဒေါက်တာ တာနယ်လ်က စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ထားတာကို ရုပ်သိမ်းသင့်
တယ်လို့ ကြွေးကြော်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့
လွဲမှားတဲ့ ယူဆချက်တွေ ရှိနေတယ်လို့ ခုလိုသုံးသပ်ပါတယ်။

“တချို့ကပြောတယ်။ စီးပွားရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးခြင်းအားဖြင့် ပုဂ္ဂိုလ်လိက
စီးပွားရေးကဏ္ဍတွေ အားကောင်းလာမယ်၊ အဲဒီကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ
ဖြစ်ပေါ်လာမယ်လို့ ဆိုတယ်။ ကျနော့်အမြင်မှာကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊
စီးပွားရေး ချွတ်ခြုံကျမှုတွေဟာ နိုင်ငံရေးပြဿနာပေါ်မှာ အခြေခံနေတာကြောင့်
နိုင်ငံရေးနယ်ပယ်မှာ ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ စီးပွားရေးဟာ ဘယ်လိုနည်းနဲ့မှ
တိုးတက်မှုရှိနိုင်မှာ မဟုတ်ပါဘူး။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွေကို ကြည့်မယ်ဆိုရင်လည်း အစစအရာရာကို
စစ်အစိုးရနဲ့ သူတို့နဲ့နီးစပ်သူတွေက လက်ဝါးကြီးအုပ်ထားတာ ဖြစ်နေပါတယ်။ မြန်မာ
စစ်အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့
ဘယ်အကြောင်းအရာတွေကမှ ဟန့်တားနေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်
တဲ့နိုင်ငံတွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ တွင်းထွက်သယံဇာတ တူးဖော်တာကလွဲရင်
တခြားကဏ္ဍတွေမှာ တက်တက်ကြွကြွ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်တာကလည်း
စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကြောင့် မဟုတ်ပါဘူး။”

မြန်မာစစ်အစိုးရဟာ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ ၁.၄% ကိုသာ
ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ
ကမ္ဘာမှာ အာဖရိကက ဆီရီလီယွန်းနိုင်ငံပြီးရင် ဒုတိယအဆိုးရွားဆုံးဖြစ်တယ်၊ အာရှ
ဒေသမှာ စစ်အသုံးစားရိတ်ဟာ ကျန်းမာရေး၊ ပညာရေး အသုံးစားရိတ်ထက် ပိုတဲ့နိုင်ငံ
ဟာ မြန်မာတနိုင်ငံတည်း ရှိတယ်လို့လည်း ဒေါက်တာ တာနယ်လ်က ထောက်ပြပါ
တယ်။ တခြားဒေသတွင်းက တရုတ်၊ ဗီယက်နမ် စတဲ့ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေ
မှာတောင် အစိုးရတွေက အနည်းဆုံး သူတို့တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို
ရှေးရှုကြတာကို တွေ့ရပါတယ်။

ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ US Campaign for Burma က
အမှုဆောင်ဒါရိုက်တာ ဦးအောင်ဒင်ကလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားမူနဲ့
ပတ်သက်ပြီး အမေရိကန်အစိုးရက ပြန်လည်သုံးသပ်နေတယ် ဆိုတဲ့အပေါ်မှာ ခုလို
ကောက်ချက်ချခဲ့ပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်နေတဲ့အချိန်မှာ Sanction အပါအ၀င်
ဖိအားပေးမှုတွေကို အပြောင်းအလဲမရှိဘဲ ရုပ်သိမ်းပေးရမယ်ဆိုတာ မှားယွင်းတယ်
ဆိုတာ ထောက်ပြဖို့အတွက် ဒီကြားနာပွဲတွေက အင်မတန်မှ အကျိုးရှိပါတယ်။”

တဆက်တည်းမှာပဲ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ကရင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တလွှား
က အိမ်ထောင်မိသားစုပေါင်း ၂,၉၀၀ အကြား အမျိုးသမီးနဲ့ လူထုကျန်းမာရေး အခြေ
အနေတွေကို လေ့လာစစ်တမ်းကောက်ယူခဲ့တဲ့ ဂျွန်ဟော့ပ်ကင်းစ် (Johns Hopkins)
တက္ကသိုလ်က လူထုကျန်းမာရေးဆိုင်ရာ ပါမောက္ခ ဒေါက်တာ ခရစ္စ ဘိုင်ရာ
(Dr. Chris Beyrer) ကလည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ ယိုယွင်းမှုတွေနဲ့
ပတ်သက်ပြီး ခုလို ကောက်ချက်ချပါတယ်။

“မြန်မာနိုင်ငံက ကျန်းမာရေးပြဿနာတွေဟာ လူက ကျူးလွန်ဖန်တီးလို့ ဖြစ်လာတဲ့
ပြဿနာတွေပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ကျန်းမာရေးနဲ့
ပတ်သက်ပြီး အစိုးရက သုံးစွဲတဲ့ ငွေတွေဟာ အင်မတန်မှ နည်းလွန်းလှတာကြောင့်
ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက HIV ရောဂါ တိုက်ဖျက်ရေးအတွက် NGO အဖွဲ့တွေကပဲ ဆောင်ရွက်နေ
တာဟာ မလုံလောက်ပါဘူး။ အစိုးရဘက်ကလည်း အင်တိုက်အားတိုက် ပါဝင်ဖို့ လိုအပ်
တယ်လို့ ဒေါက်တာဘိုင်ရာက ထောက်ပြပါတယ်။

အောက်လွှတ်တော် ကြားနာပွဲမှာ နောက်ထပ် သက်သေထွက်ဆိုခဲ့သူကတော့ ကရင်
တိုင်းရင်းသူ မိုင်းရာ ဒါဂေဖော (Myra Dargaypaw) ဖြစ်ပါတယ်။ သူဟာ မြန်မာပြည်
တွင်း အဓမ္မရွှေ့ပြောင်းနေရသူအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသူလည်း ဖြစ်ပါ
တယ်။ မြန်မာပြည်တွင်းက လူနည်းစု တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ
ရွာသူရွာသားတွေရဲ့ အသက်အိုးအိမ် လယ်ယာတွေဟာ နေ့စဉ်နဲ့အမျှ ဖျက်ဆီး
ထိန်းသိမ်းခံနေရတယ်လို့ သူက သက်သေထွက်ဆိုခဲ့ပါတယ်။

“မြန်မာစစ်အစိုးရဟာ သူတို့ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေအတွက် တာဝန် အပြည့်
အ၀ခံရမှာ ဖြစ်ပါတယ်။”

အားလုံးခြုံပြောရရင်တော့ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ
မလုပ်ဘူးဆိုရင် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပေးမယ်ဆိုရင်
တောင် မြန်မာပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေဟာ ပြေလည်သွားမှာ
မဟုတ်ဘူးဆိုတာကို အောက်လွှတ်တော်မှာ သက်သေထွက်ဆိုခဲ့တဲ့ မြန်မာ့စီးပွားရေး
နဲ့ ကျန်းမာရေးကျွမ်းကျင်သူ တက္ကသိုလ်ပါမောက္ခတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ
က တင်ပြသွားကြတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

တောင်ကိုရီးယားနိုင်ငံ၏ အမြင့်မားဆုံး လူ့အခွင့်အရေးဆု ကိုမင်းကိုနိုင်ရရှိ

2009 Winner of the Gwangju Prize for Human Rights From Korea[1]
2009 Winner of the Gwangju Prize for Human Rights From Korea[1] flyingpeacock

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

Thursday, April 23, 2009

ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင့် ကျန်းမာရေးဆိုးဝါး

ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာသည် ယခုလ (၁၆) ရက်၊ ည (၈) နာရီတွင် မြစ်ကြီးနား ထောင်ထဲ၌ သတိလစ်သွားပြီး ည (၁၁) နာရီခန့်မှ သတိပြန်လည်လာကာ ယခုအခါ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြောင်း ၎င်း၏မိသားစုနှင့် အထူးရင်းနှီးသော ခိုင်မာသည့်သတင်းရပ်ကွက်မှ သိရသည်။

ထိုသို့ သတိလစ်ပြီး (၂) ရက်အကြာတွင် ထောင်တွင်း၌ပင် ပြည်နယ်ဆရာဝန်ကြီးနှင့် ပြသခွင့်ရရှိပြီး အသည်းရောင် အသားဝါ ရောဂါဖြစ်နေသည်ကို သိရှိရကြောင်း ဇာဂနာအား သွားရောက်တွေ့ဆုံခဲ့သည့် ၎င်း၏မိသားစုဝင်တဦး၏ ပြောပြချက်ကို ကိုးကား၍ အဆိုပါသတင်းရပ်ကွက်မှ သိရှိရသည်။

“အခုအခြေအနေကတော့ နေလို့သိပ်မကောင်းဘူး။ ဒီလ (၂၂) ရက်က သူ့မိသားစုဝင်တဦး သွားတွေ့ခွင့်ရ တယ်လေ။ သွားတော့ ကိုဇာဂနာရဲ့ ဗိုက်ကပူနေတယ်တဲ့။ အရင်က အသည်းရောင်အသားဝါဖြစ်တယ်လို့ မကြားရ ပါဘူး။ အခုတော့ အဲလိုဖြစ်နေတယ်။ အခုတော့ သူ့မိသားစုက ဆေးကုခွင့်တင်ထားတယ်။ ခွင့်ပြုမပြုတော့ မသိရသေးဘူး” ဟု ဇာဂနာမိသားစု၏ အတွင်းရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောသည်။

ယခုလ (၂) ရက်က မြစ်ကြီးနားထောင်သို့ ဇာဂနာအား မိသားစုဝင်တဦးက ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ သော်လည်း ထောင်တွေ့ရက်မစေ့သဖြင့် တွေ့ဆုံခွင့်မရခဲ့ပေ။

ထိုသို့ ထောင်တွင်း၌ ဇာဂနာ သတိလစ်သွားခဲ့သည်ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက မိသားစုထံ တရားဝင် အကြောင်းကြားခြင်းမရှိဘဲ ထောင်နှင့် နီးစပ်သူများထံမှ သိရခြင်းဖြစ်သည်။

မိသားစုဝင်များအား အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဇာဂနာ၏ ကျန်းမာရေးအရေးကြီးသည့်အချိန် ဖြစ်နေသောကြောင့် ထောင်ဝင်စာအပိတ်ခံရမည်ကို စိုးရိမ်ရသဖြင့် မိသားစုဝင်များက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

ဇာဂနာသည် စာပေ၊ အနုပညာရှင်အချို့နှင့်အတူ သပိတ်မှောက်ကံဆောင်နေသည့် သံဃာတော်များအား ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ နှစ်ရက်ဆက်တိုက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဇာဂနာအား စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခု စက်တင်ဘာ (၂၅) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၅၉) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကာ (၃၅) နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။ ( အာဇာနည် )

အဖွဲ့ချုပ်က ပြည်သူများအတွက် ကိုယ်စားပြုရပ်တည်ဆဲ

လာမည့်အပတ်တွင် မြန်မာနိုင်ငံ၏အဓိက နိုင်ငံရေးပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုင်ငံလုံး ဆိုင်ရာ အထူးအစည်းအဝေး တရပ်ကို ခေါ်ယူထားသည်။
NLD ပါတီက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တခဲနက်အနိုင်ရရှိထားသည့် ပါတီဖြစ်ပြီး ဤအချက်ကြောင့်ပင်မြန်မာ ပြည်သူများကို တရားဝင်ကိုယ်စားပြု ရပ်တည်ပေးနေသည့် ပါတီလည်းဖြစ်သည်။ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားကြရသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားအဆင့် ပါတီခေါင်းဆောင်များနှင့် တနိုင်ငံလုံးမှ အမျိုးသမီးနှင့် လူငယ်ဌာနခွဲများ၏ ကိုယ်စားလှယ်များလည်း တက်ရောက်ကြရန် ဖိတ်ကြားထားသည်။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲပြီးချိန်မှစ၍ လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း NLD ပါတီက ကျယ်ကျယ် ပြန့်ပြန့် ကျင်းပသည့်အစည်းအဝေးကြီးဆို၍ ၂ ခုသာခေါ်ယူနိုင်ခဲ့သည်။ တနိုင်ငံလုံးရွေးကောက်ပွဲတွင်မဲပေးခဲ့ကြသည့် အချိန်က တကြိမ်၊ ၁၉၉၇ ခုနှစ်တွင် ဒုတိယအကြိမ် အဖြစ်နှစ်ကြိမ်သာခေါ်ယူနိုင်ခဲ့သည်။

၁၉၉၈ခုနှစ်၊ သြဂုတ်လတွင် ၁၉၉၀ပြည့်နှစ် ရွေးချယ်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစည်းအဝေး ခေါ်ယူ နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အစည်းအဝေးတက်ရောက်မည့်သူအများအပြားကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ သောကြောင့် အစည်းအဝေး အထမမြောက်နိုင်ဘဲရှိခဲ့ရသည်။ ထိုမျှမက ပါတီအဖွဲ့ဝင်များ၏ ခရီးသွားလာရေးကိစ္စများကို လည်း အာဏာ ပိုင်များက ကန့်သတ်ချုပ်ချယ်ထားခဲ့သေးသည်။
[ ဆက်ဖတ်ရန် +/- ]

၁၉၉၈ခုနှစ် သြဂုတ်လက ပိတ်ပင်ချုပ်ချယ်မှုပြုထားဖူးသည်နှင့်အညီ NLD ပါတီ အဖွဲ့ဝင်များနှင့်ပြည်တွင်းပြည်ပရှိလေ့လာ စောင့်ကြည့်နေသူများကလည်း ယခုတကြိမ်အစည်းအဝေးခေါ်ဆိုထားမှုကို အာဏာပိုင်များကမည်သို့ တုံ့ပြန်ဆောင်ရွက် မည်ကို ရင်မောစွာစောင့်ကြည့်နေကြသည်။

ယခုလအစောပိုင်းက အသက် ၉၁ နှစ်ရှိပြီဖြစ်သူ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုး၍ အထူးအစည်း အဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သောဖိတ်စာအရ ပါတီအလုပ်အမှုဆောင်ကော်မတီက အစည်းအဝေးတက်ရောက်လာသူများ ထံသို့ စာတမ်းများ တင်သွင်းရန်ရှိသည်ဟု သိရသည်။

စာတမ်းပါ အကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ယခုပါတီလက်ရှိရင်ဆိုင်နေရသော ပြဿနာများ၊ အခက်အခဲများပါဝင်မည်ဟု ယူဆရပြီး၊ အထူးသဖြင့်၂၀၁၀ခုနှစ်တွင်ကျင်းပမည့်ရွေးကောက်ပွဲကိစ္စလည်း ပါဝင်မည်ဟုမျှော်လင့်ရသည်။
အကယ်၍ စစ်အစိုးရကအနာဂတ်နိုင်ငံရေး၌ စစ်တပ်ကလွှမ်းမိုးချယ်လှယ်နိုင်မည့်အနေအထားကိုယူထားသော လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရန် သဘောတူညီမည်ဆိုပါက စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်း အပေးအယူပြုရန် အသင့် ရှိကြောင်း၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD ပါတီက ၎င်း၏လက်ရှိရပ်တည်ချက်အဖြစ်ဖော်ပြထားခဲ့သည်။

ထို့အပြင် ထောင်သွင်းအကျဉ်းချထားသော ပါတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များပြန်လည်လွှတ်ပေးရေး အတွက်လည်း တောင်းဆိုနေသည်။

သို့သော်လည်း မတ်လ၂၇ရက်နေ့၊ တပ်မတော်နေ့ကျင်းပရာ၌ ပြောခဲ့သောမိန့်ခွန်း၌မူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကNLD ပါတီ ၏ တောင်းဆိုချက်များ အားလုံးကိုပယ်ချခဲ့သည်။

"ဒီမိုကရေစီလမ်းပြမြေပုံ"ဟုခေါ်ဆိုထားသည့် စစ်တပ်ကလျှောက်လှမ်းလိုသော လမ်းကြောင်း၌ အပေးအယူပြုရန် ကိစ္စမရှိ ကြောင်းပြောဆိုခဲ့သည်။ စစ်အစိုးရ၏ ဒုတိယအကြီးအကဲဖြစ်သူ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးကလည်း မကြာသေးမီ က စစ်တပ်အရာရှိများကို၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် တာဝန်ရှိကြောင်းဖော်ပြပြောဆိုခဲ့သေးသည်။

၁၉၉၀ပြည့်နှစ်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေအရဆိုလျှင် မဲဆန္ဒနယ်မြေ အနည်းဆုံး ၃ နေရာတွင် ရွေးချယ် ခံရန် တင်သွင်းနိုင်ခြင်းမရှိသည့် နိုင်ငံရေးပါတီတရပ်အနေနှင့် ဖျက်သိမ်းခံရလိမ့်မည်ဖြစ်သည်။

အကယ်၍၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ပြီဆိုပါစို့။ ဤအချက်သည် NLD ရပ်တည်ရေး အတွက် များစွာစိုးရိမ်ဖွယ်ကောင်းသောခြိမ်းခြောက်မှုဖြစ်နေသည်။ စစ်အစိုးရကဤထောင်ချောက်ဖြင့် အတိုက်အခံ အဖွဲ့ အစည်းများ သူ့ဘာသာနိဂုံးချုပ်သွားသည်ကိုမြင်လိုနေသည်။ နောက်ပိုင်းတွင် နိုင်ငံတကာက မည်သို့သဘောထားပြီး အရေးယူဆောင်ရွက် သွားဖွယ် ရှိသည်ဖြစ်ပါစေ စစ်အစိုးရက ပါတီကိုဖိနှိပ်ဖြိုခွဲရန် အတွက် လက်တွန့်နေတော့မည် မဟုတ်ပါ။

အကယ်၍ NLD ပါတီက၂၀၁၀ရွေးကောက်ပွဲကို ၀င်မည်ဆိုပါကလည်း စိတ်တိုင်းကျဆောင်ရွက်နိုင်ဖွယ်မမြင်ချေ။ အချို့ လေ့လာသုံးသပ်သူများ၏ အဆိုအရ NLD ပါတီမှလွဲလျှင်အခြားသောနိုင်ငံရေးပါတီများက တခဲနက်လူထုထောက်ခံ အား ပေး၍ အနိုင်ရဖွယ်မမြင်ဟု ဆိုကြသည်။

NLD ပါတီကအနိုင်မရနိုင်အောင် စစ်အစိုးရက ပုံမှန်သုံးနေကျနည်းနာများကို ဆက်၍သုံးစွဲဆောင်ရွက်လိမ့်ဦးမည်ပင် ဖြစ်သည်။ အတိုက်အခံနိုင်ငံရေးပါတီနှင့် ထောက်ခံသူများကို ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက် နှောင့်ယှက်ခြင်းများ ပြုလိမ့်ဦးမည်ပင်ဖြစ်သည်။ မဲခိုးမဲလိမ်ညစ်ပတ်မှုများလည်း မလွဲမသွေရှိလာလိမ့်ဦးမည်ဖြစ်သည်။

နှစ်၂၀ကျော်ရပ်တည်လာခဲ့ရသည့်ခရီးတွင် NLD ပါတီအနေနှင့် စစ်အစိုးရက အကြိမ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရ သည်။ အချို့သောရွေးချယ်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှာ သေဆုံးသည်အထိဖြစ်ခဲ့ရပြီး အချို့မှာလည်းပြည်ပ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ကဲ့သို့သော ပါတီခေါင်းဆောင်များသည်ပင် အထိန်းသိမ်းခံနေရ၊ အကျဉ်းချခံနေကြရ သည်။ နိုင်ငံတ၀န်းရှိ ပါတီရုံးခွဲများလည်း ပိတ်ပင်ခံခဲ့ကြရပြီး ၎င်းတို့ပါတီအဖွဲ့ဝင် အများအပြားမှာဖိနှိပ်နှောင့်ယှက် ခံရခြင်း၊ ပါတီ မှနှုတ်ထွက်စေရန် အတင်းအကျပ် ဖိအားပေးခြင်းများကြုံတွေ့ခဲ့ကြရသည်။

မြန်မာနိုင်ငံ၏ အဓိကဦးဆောင်၊သြဇာအကြီးဆုံး နိုင်ငံရေးပါတီကြီးတခုအနေနှင့် မြန်မာနိုင်ငံ၏စီးပွားရေး၊ နိုင်ငံရေး ပြဿနာများဖြေရှင်းနိုင်ရန် မပြီးဆုံးသေးသည့်တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်ကျန်ရှိနေသေးကြောင်း NLD ပါတီကကောင်းစွာ သဘောပေါက်ထားပါသည်။

ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော စစ်အစိုးရကို ဆန့်ကျင်အံတုနေရသည်မှာ ခက်ခဲလှသော၊ မလွယ်ကူလွန်းလှ သော တိုက်ပွဲဖြစ်ကြောင်းလည်း ၎င်းတို့ကသဘောပေါက်နားလည်ထားကြပါသည်။

သို့သော်လည်း NLD ပါတီကသဘောပေါက်ထားသင့်သည်မှာ ၎င်းသည် ယခုတိုင်လက်နက်ကြီးငယ်များ တပ်ဆင်ထားကြ သည့်စစ်အစိုးရကိုခြိမ်းခြောက်နိုင်ဆဲဖြစ်သော၊ စစ်အစိုးရ၏ အသည်းနှလုံးထဲစိမ့်နေအောင် ကြောက်ရွံ့နေရဆဲဖြစ်သော အဖွဲ့ဖြစ်သည်ဟူသော ၎င်း၏အားကောင်းချက်ကိုမေ့လျော့မထားသင့်ပါ။

၂၀၁၀ခုနှစ် ရွေးကောက်ပွဲဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်မြန်မာနိုင်ငံရှိပြည်သူတို့၏ စိတ်ဓာတ်ရေးရာခွန်အားကိုကိုယ်စားပြုထားပေးသည့် အဖွဲ့ပင်ဖြစ်ကြောင်း လူအများက ကောင်းကောင်း အမှတ်ရနေကြမည်သာ ဖြစ်ပါသည်။ ( ဧရာဝတီ )

Wednesday, April 22, 2009

ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း

ဂူးဂဲလ်တော့ခ် (google talk) ခေါ် ဂျီတော့ခ် (gtalk) သုံးစွဲသူတွေ မြန်မာပြည်မှာ အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့အပတ်က မိုးမခ နဲ့ တခြားဘလော့တွေမှာ ဖတ်ရတော့ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ အင်တာနက် စောင့်ကြည့်ရေး အောက်မှာ အရဲစွန့် သုံးစွဲနေသူများကို အထူး စိုးရိမ်နေခဲ့တာ အမှန်ပါ။ ညီငယ်တဦး ဖြစ်သူလည်း မကြာသေးခင်က တက်ကြွလူငယ်တစုနဲ့ အတူ နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက် အသရေဖျက်မှုနဲ့ ထောင်ဒဏ် ကျခံနေရကာ နောက်ဆက်အမှုတွဲအဖြစ် သူရဲ့ အင်တာနက်ဆိုင် ဝင်ထွက် သွားခဲ့တဲ့ မှတ်တမ်း အချက် အလက်ကြောင့် အင်တာနက်က တဆင့် သတင်းဖြန့်ဝေမှု ဘာ ညာ လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်များနဲ့ အင်တာနက် ဆက်သွယ်ရေး နည်းဥပဒေ ၃၄ (ဃ) ဖြင့် ပြစ်ဒဏ် ပိုမိုချနိုင်ဖို့ တရားစွဲဆိုမှု ခံနေကြောင်း မိဘများက ပြောပြတယ်။

အများသိတဲ့အတိုင်း ယနေ့ မြန်မာပြည်မှာ အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး တက်ကြွသူတွေကိုလည်း စစ်အစိုးရက အင်တာနက်ဆိုင်သွား၊ အင်တာနက်သုံးတာ ရှိရင် ဒီ အင်တာနက်ဆိုင်ရာ မတရားဥပဒေနဲ့ ထောင်ချဖို့ ပြင်ဆင်ထားပါတယ်။ ဒီတော့ အခုရက်အတွင်း ဂျီတော့ခ် သုံးစွဲတာကို အစိုးရက ကြားဖြတ် ဝင်ရောက်ပြီး အချက်အလက်တွေ ရယူနိုင်တာကြောင့်လို့ သတင်းတွေမှာ မတင်မကျ ရေးထားတာကြောင့် အင်တာနက်သုံးစွဲသူတွေမှာ ဂျီမေးလ် (gmail) ဂျီတော့ခ် သုံးစွဲတာ လုံခြုံမှုမရှိ သူတို့ ပြောဆိုရေးတာတွေကို အစိုးရက အချိန်မရွေး ကြားဖြတ် ဝင်ရောက်နိုင်တယ်လို့ ထင်ရောင်ထင်မှား ဖြစ်ကြကုန်ပါတယ်။ ဒီလို အစိုးရသတင်း အချက်အလက် ရယူနိုင်တာ ဂျီမေးလ် လုံခြုံမှု မရှိလို့ မဟုတ်ဘဲ သုံးစွဲသူများ အခြေခံ ရှောင်သင့် ဆောင်သင့်တာ မလုပ်နိုင်တာက တကြောင်း နဲ့ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှုများကြောင့် ဖြစ်ပါတယ်။ ဒီအတွက် အနည်းဆုံး အင်တာနက် သုံးစွဲနေသူများ အနေနဲ့ သိသင့် ရှောင်သင့် ဆောင်ရန် အချက်များကို မျှဝေလိုက်ပါတယ်။
[ ဆက်ဖတ်ရန် +/- ]

အင်တာနက်လောကကို ဦးဆောင်နေတဲ့ ဂူးဂဲလ် (google) အုပ်စုထုတ် ဂျီတော့ခ်၊ ဂျီမေးလ် တို့ကို အလွယ် ဝင်ရောက်ကာ သုံးစွဲသူရဲ့ သတင်း အချက် အလက် ယူလို့မရနိုင်ပါ။ အများအားဖြင့် ဒီလို မိမိတို့ သတင်း အချက်အလက်တွေကို တပါးသူ ရယူနိုင်တာ၊ ဖျက်ဆီး နှောက်ယှက်ခံရတာ အင်တာနက် သုံးစွဲသူများ ကိုယ်တိုင် အင်တာနက် သုံးစွဲရာမှာ သိသင့်တဲ့ အခြေခံ ရှောင်ရန် ဆောင်ရန်များကို အလေးမထား မလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါတယ်။

ယနေ့ မြန်မာပြည် အင်တာနက် သုံးစွဲနေမှုကို အကြမ်း လေ့လာကြည့်ရင် အင်တာနက်သုံးစွဲသူ အရေအတွက် အလွန်နည်းပါးလျက်ရှိပြီး သုံးစွဲသူများ စာရင်း အရေအတွက်ကိုလည်း စစ်အစိုးရက အလွယ် ရရှိနိုင်ပါတယ်။ အများစုမှာ အင်တာနက်ဆိုင်များမှာ သုံးစွဲနေရပြီး အများစုမှာ အင်တာနက် နည်းပညာကို စလုံးရေးစ မသိသေးသူများသာ ဖြစ်ကြပါတယ်။ စိတ်ဝင်စားစရာ တချက်က အခမဲ့ ရယူနိုင်တဲ့ ဟော့မေးလ် (hotmail) နဲ့ ယာဟူး (yahoo) တို့ကို ယနေ့အထိ ပိတ်ပင်ထားပြီး ဂျီမေးလ် ကိုသာ ရယူနိုင်ပါတယ်။ ထူးခြား ထူးဆန်းတာက အီးမေးလ် အသစ် ဖွင့်လိုသူများမှာ အင်တာနက်ဆိုင်ကိုသွားပြီး ဂျီမေးလ် ဖွင့်ပေးဖို့ ငွေပေး လုပ်ကိုင်ရကြောင်း၊ ဖွင့်ပေးတဲ့ အီးမေးလ်ရဲ့ သုံးစွဲသူ အမည် (username) နဲ့ စကားဝှက် (password) တို့ကို အင်တာနက်ဆိုင်က မှတ်ယူ သိမ်းထားပြီး အီးမေးလ် လာသုံးတဲ့အခါ ဆိုင်က ဖွင့်ပေးကြောင်း ညီငယ်တဦးက ပြောပြပါတယ်။

စစ်အစိုးရအနေနဲ့ တဖက်မှာလည်း ဘယ်သူတွေ ဘယ်အချိန်ကာလမှာ အင်တာနက် သုံးစွဲတယ် ဆိုတာကို အင်တာနက် ဆိုင်များရဲ့သုံးစွဲသူမှတ်တမ်း (အဝင်-အထွက်၊ သုံးစွဲတဲ့ အချိန်ကာလ) ကို ယူကြည့်ခြင်းဖြင့် အလွယ်ရယူနိုင်တယ်။

အခုနောက်ပိုင်း တချို့ အင်တာနက်ဆိုင်များမှာလည်း ကွန်ပြူတာ (အင်တာနက်) သုံး ဝါရင့်လာသူများ ရှောင်ရှားမှုကို ထောက်လှမ်းနိုင်ဖို့ အာဏာပိုင်များက keylogger ခေါ် ကွန်ပြူတာသုံးစွဲသူ အသုံးပြုပုံ စာရိုက်ချက်တွေကို မှတ်ယူနိုင်တဲ့ စနစ်ကို ကွန်ပြူတာများမှာ ထည့်သွင်းပြီး သုံးစွဲသူများရဲ့အကြောင်းအရာများကို ထောက်လှမ်း ရယူနေတယ်လို့ သိရှိရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဒေသမှာ နေနေ အများသုံး ကွန်ပြူတာကို သုံးပြီး အင်တာနက် ကြည့်သူ သုံးသူများအတွက် လုံခြုံမှုမှာ ကိုယ်ပိုင် ကွန်ပြူတာနဲ့ ကိုယ့်အိမ်မှာ သုံးတာထက် အထူး နည်းပါးပြီး မိမိရဲ့သုံးစွဲမှု အချက်အလက်များကို တခြားလူများက အလွယ်တကူ ဖော်ထုတ် ရယူနိုင်ပါတယ် (စကားချပ် - ဒီဖက် အမေရိကန်နိုင်ငံ နဲ့ တိုးတက်နေတဲ့ နိုင်ငံတွေမှာလည်း နိုင်ငံတော် လုံခြုံရေး အကြမ်းဖက် လှုပ်ရှားမှုများ နဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်များရဲ့ ကာမဆိုင်ရာ ပုံများ ဖလှယ်မှု၊ အသက် မပြည့်သူများနဲ့ ကာမဆိုင်ရာ ဆက်သွယ် လုပ်ကိုင်မှုများကို စောင့်ကြည့် ကြားဖြတ် လုပ်ကိုင်နေပါတယ်)။

အင်တာနက်ပေါ်မှာ နိုင်ငံရေး ဆိုင်ရာ အကြောင်း အရာ အချက် အလက်များ ရေးသား ပြောဆိုတာတွေကို အထူး တင်းကြပ် စောင့်ကြည့်နေတဲ့ မြန်မာပြည်မှာ အင်တာနက် သုံးစွဲနေသူများ အနေနဲ့ တက်နိုင်သမျှ အင်တာနက်ဆိုင်များ လူမြင်ကွင်းမှာ လျှိုဝှက်သင့်တဲ့ အကြောင်းအရာ အချက်အလက်များကို ဂျီတော့ခ်၊ အီးမေးလ် တို့မှတဆင့် ရေးသားပို့ဆောင်၊ ဖလှယ်ခြင်းများကို အထူးဂရုစိုက် လုပ်ကိုင်ဖို့ လိုပါတယ်။ တဖက်မှာလည်း အင်တာနက်သုံးစွဲသူအနေနဲ့ အခြေခံ မဖြစ်မနေ လုပ်သင့်တာများကို ပြင်ဆင်လုပ်ကိုင်ဖို့ လိုပါတယ်။



(၁) အင်တာနက်ဆိုင်က မိမိ အီးမေးလ် (ဂျီမေးလ်)၊ ဂျီတော့ခ် များကို ဖွင့်ပေးထားပါက စကားဝှက်အသစ်ကို မိမိကိုယ်တိုင် ရွေးချယ် ပြောင်းလဲပါ။ အတက်နိုင်ဆုံး မိမိ စကားဝှက်ကို သူငယ်ချင်း မိတ်ဆွေ၊ မောင်နှမ ဆွေမျိုး သားချင်း မည်သူကိုမှ ပေးမသိဖို့၊ အလွယ် ရေးမှတ်ထားခြင်း မလုပ်ဖို့ နဲ့ အနည်းဆုံး သုံးလတကြိမ် စကားဝှက် အသစ် ပြောင်းလဲပါ။ ဂျီတော့ခ်၊ ဂျီမေးလ်ကို အများသုံး ကွန်ပြူတာမှာ သုံးစွဲတဲ့အတွက် အီးမေးလ်ကို ဖွင့်တဲ့အခါ သုံးစွဲသူအမည်၊ စကားဝှက် တို့ကို ဖြည့်ပြီးတဲ့အခါ အောက်ဖက်ရှိ Remember me on this computer ချက်ဘောက် ကို check မလုပ်ပါနဲ့။ အင်တာနက် သုံးပြီးတဲ့ အခါလည်း အီးမေးလ်ကို logout လုပ်ပြီး အင်တာနက် ဘရော့စာ တခုလုံးကို exit လုပ် ပိတ်ပစ်ပါ။ ဂျီတော့ခ် ဝင်ဒိုးကိုလည်း exit လုပ် ပိတ်ပစ်ပါ။



(၂) ဂျီတော့ခ်၊ ဂူးဂဲလ်တော့ခ် သုံးသူများအနေနဲ့ မိမိ သိတဲ့သူ ရင်းနှီးသူများကိုပဲ မိမိတို့ စကားဝိုင်းထဲကို ဖိတ်ခေါ် ထည့်သွင်းဆက်သွယ် ပြောဆိုပါ။ မိမိ မသိသူ တဦး တယောက်က ချိတ်ဆက်လာ၊ ဖိတ်ခေါ်တဲ့အခါ ဘယ်သူဘယ်ဝါ ဆိုတာကို သိအောင် စီစစ်ပြီးမှ မိမိ စကားပြော အုပ်စု စာရင်းထဲ ထည့်သွင်းပါ။ မသိသူ ဖိတ်ခေါ်မှုကို အလွယ်လက်ခံခြင်း၊ မိမိ အုပ်စုထဲ ထည့်သွင်းခြင်း မလုပ်သင့်ပါ။ ထောက်လှမ်းသူများအနေနဲ့ မိမိ သူငယ်ချင်း မိတ်ဆွေပုံစံမျိုးနဲ့ စကားပြောအုပ်စုထဲ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာမို့ ဂျီတော့ခ် နဲ့ စကားပြောမယ်ဆိုရင် ကြိုတင် (ဖုန်း) အချိတ်အဆက် လုပ်ပြီး ဘယ်အချိန်မှာ ဘယ်သူဘယ်ဝါနဲ့ ဆက်သွယ် ပြောမယ် ဆိုတာမျိုး လုပ်ကိုင်သင့်ပါတယ်။ မိမိအနေနဲ့ တဦး တယောက်ကို မိမိတို့ စကားပြော အုပ်စုစာရင်း ထည့်သွင်း လက်ခံပြီးရင် စာရင်းထဲရှိသူများက ဂျီမေးလ်၊ ဂျီတော့ခ်ကို ဆက်သွယ်ဖွင့်တိုင်း သူတို့အနေနဲ့ မိမိ အင်တာနက် ချိတ်ဆက် သုံးနေတာကို သိနိုင်ပါတယ်။ မိမိ မလိုလားတဲ့သူ မသိတဲ့လူ ဆက်သွယ်ရေး စာရင်းထဲမှာ ရှိနေရင် ဖယ်ရှားလိုတဲ့ အမည်ရဲ့ ရွေးပြီး မောက်စ် ညာဘက် ကို နှိပ်ပြီး remove လုပ်နိုင်သလို၊ Block လုပ်ပြီး တားမြစ်နိုင်ပါတယ်။



(၃) ဂျီတော့ခ် သုံးစွဲမှုမှ ဗိုင်းရပ်စ် ရနိုင်သလားလို့ မေးတာကို ဖြေရရင် ဂျီတော့ခ် ဖွင့်သုံးခြင်းမှ မရနိုင်ပါ။ သို့ပေမယ့် မိမိနဲ့ ချိတ်ဆက် စကားပြောနေသူ (စကားပြောအုပ်စုထဲမှ တဦးတယောက်)က အီးမေးလ်မှ တဆင့် ပို့လာတဲ့ ဗိုင်းရပ်စ် (virus) စပိုင်ဝဲယား (spyware)၊ စပမ် (spam) စတဲ့ ဒုက္ခပေးနိုင်တဲ့ အင်တာနက် စာမျက်နာလင့်ခ် များကို ဖွင့်ကြည့်ရာမှ ဗိုင်းရပ်စ်တို့၊ စပိုင်ဝဲယား တို့ကို ရနိုင်ပါတယ်။ ဒါကြောင့် မသိတဲ့ လင့်ခ်များ၊ ပူးတွဲစာ၊ ပုံ (attachment file) များကို အလွယ်ဖွင့်ကြည့်ခြင်း၊ ဒေါင်းလုတ် ရယူခြင်းများကို ရှောင်ရှားပါက ဗိုင်းရပ်စ်ရန်မှ ကင်းနိုင်ပါတယ်။



(၄) တခါတလေ ဂူးဂဲလ် က ဆက်သွယ်လာတဲ့ ပုံစံမျိုးနဲ့ အီးမေးလ်စာ (သို့) ဂျီတော့ခ် က တဆင့် မိမိရဲ့အမည်၊ စကားဝှက် တို့ကို တောင်းယူတဲ့အခါ ထင်ယောင် ထင်မှားဖြစ်ပြီး မပေးပါနဲ့။ ဂူးဂဲလ် အနေနဲ့ သုံးစွဲသူများရဲ့ အချက်အလက်ကို တောင်းစရာမလိုဘဲ လိုအပ်ပါက သုံးစွဲသူများရဲ့ အချက်အလက်များကို အလိုအလျောက် ဝင်ရောက် ပြင်ဆင်နိုင်ပါတယ်။ သဘောတူညီချက်အရ ဘယ်တော့အခါမှ သုံးစွဲသူရဲ့ အမည်၊ စကားဝှက်များကို ဂူးဂဲလ် အနေနဲ့ တောင်းဆိုခြင်း၊ တခြား တယောက်ကို ပေးခြင်း မရှိပါ။ ဝင်ရောက် ပြင်ဆင် လုပ်ကိုင်ခြင်းမျိုးလည်း မရှိပါ။ တခါတလေ အောက်ဖော်ပြပါ ဂူးဂဲလ်တော့ခ် ပုံစံမျိုးနဲ့ သုံးစွဲသူ အမည်၊ စကားဝှက်တို့ကို တောင်းခံရယူပြီး မိမိ အချက်အလက်များကို ရယူတက်ပါတယ်။ သတိထား ရှောင်ရှားဖို့ လိုပါတယ်။

ဂူးဂဲလ်အနေနဲ့ သုံးစွဲသူအီးမေးလ်ကို သူတို့သတ်မှတ်ထားတဲ့ သုံးစွဲသူ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်တဲ့အခါမှ ဖျက်သိမ်း ပိတ်ပစ်တာမျိုး ရှိပါတယ်။



ဂျီတော့ခ် မှာ လုပ်သင့်တဲ့ အချက်များ

ဂျီတော့ခ် (ဂျီမေးလ်တော့ခ်) မှာ မိမိပြောဆို ရေးခဲ့သမျှကို သိမ်းဆည်းထားနိုင်ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ပိုင် သုံးစွဲသူအမည်၊ စကားဝှက်တို့နဲ့ ဖွင့်မှ အီးမေးလ်စာများ နဲ့ သိမ်းထားတဲ့ စကားပြောမှတ်တမ်း (Your browser may not support display of this image. Chat) ကို ဖွင့်ကြည့်နိုင်ပါတယ် (ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အာဏာပိုင်များက မိမိ အင်တာနက် ဂျီတော့ခ် သုံးစွဲမှုကို စုံစမ်း စစ်ဆေးလို့ပါက အကြပ်ကိုင် အတင်း အဓမ္မ အမိန့်အာဏာနဲ့ ဖွင့်ယူကြည့်ခြင်းဖြင့် မိမိ ရေးပြောခဲ့တာများကို ဖော်ထုတ်နိုင်ပါတယ်)။ သိမ်းဆည်းထားတဲ့ စကားပြော မှတ်တမ်းကိုလည်း အီးမေးလ် စာဖိုင်များလိုပဲ တခြားတဦး တယောက်ဆီကို ပို့ပေးနိုင်သလို၊ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။



အရေးပါ လျှိုဝှက်သင့်တဲ့ အချက်အလက်များကို စကားပြောမှတ်တမ်း (chat history) မှာ သိမ်းဆည်းထားခြင်း မလုပ်သင့်ပါ။ ဒီအတွက် အာဏာပိုင်များ မိမိပြောဆိုခဲ့တာကို ပြန်လည်ဖော်ထုတ် မကြည့်နိုင်ဖို့ စကားပြောမှတ်တမ်းကို အောက်ပါအတိုင်း ပြင်ဆင်သင့်ပါတယ်



ဂျီမေးလ် (ခ) ဂူးဂဲလ်မေးလ်

(၁) ဂျီမေးလ် အီးမေးလ် ကို ဖွင့်ပါ။

(၂) အပေါ်ဖက်ပိုင်းရှိ settings ကို ဖွင့်ပြီး Chat ကို နှိပ်လိုက်ပါ။

(၃) Chat စာမျက်နှာမှာ Select 'Don't save chat history in my Gmail account' ကို ရွေးပြီး Save လုပ်ခြင်းဖြင့် မိမိပြောဆိုခဲ့တာတွေကို ဂျီးမေးလ်ထဲမှာ သိမ်းဆည်းထားခြင်း မရှိတော့ပါ။ အကယ်လို့ သိမ်းဆည်းလို့ပါက အထက်ပါအဆင့်အတိုင်း ပြန်သွားပြီး 'Save chat history in my Gmail account' ကို နှိပ်ပြီး Save လုပ်လိုက်ခြင်းဖြင့် မိမိ ပြောဆိုခဲ့တာတွေကို စကားပြောမှတ်တမ်း မှာ သိမ်းထားလိမ့်ပါမယ်။



ဂျီတော့ခ် (ခ) ဂူးဂဲလ်တော့ခ်

(၁) ဂျီတော့ခ်ကို ဖွင့်ပါ။

(၂) မိတ်ဆွေသူငယ်ချင်းစာရင်း အထက်ပိုင်းရှိ Settings ကို နှိပ် Chat မှာ 'Don't save chat history in my Gmail account' ရွေးလိုက်ခြင်းဖြင့် မှတ်တမ်းသိမ်းဆည်းမှုကို ပိတ်ထားနိုင်ပါတယ်။ သိမ်းထားလိုပါက အထက်ပါ အဆင့်အတိုင်း လုပ်ပြီး 'Save chat history in my Gmail account' ရွေးလိုက်ပါ။ ပြီးနောက် OK လုပ်ပါ။



မှတ်ချက်။ ။ မိမိဖက်က စကားပြော မှတ်တမ်းကို သိမ်းဖို့ မလုပ်ထားပေမယ့် တဖက် စကားပြောသူများက သိမ်းထားရင်လည်း မိမိတို့ စကားပြော မှတ်တမ်း အကြောင်းအရာ အချက်အလက်များကို သူတို့ မှတ်တမ်းမှ ရယူနိုင်ပါတယ်။ သူတို့ဆီမှာ မိမိ ပြောဆိုချက်များကို မတင်ကျန် မသိမ်းဆည်းလိုပါက မိမိအနေနဲ့ off the record ကို ရွေးချယ် သုံးသင့်ပါတယ်။

Off the record လုပ်ထားခြင်းဖြင့် မိမိ စကားပြောမှတ်တမ်း နဲ့ ဆက်သွယ် ပြောဆိုသူများရဲ့ မှတ်တမ်းများမှာ မိမိတို့ ပြောဆိုချက်များ မတင်ကျန် သိမ်းဆည်းထားခြင်း မရှိတော့ပါ။ Off the record လုပ်ထားတာကို မိမိ နဲ့ ဆက်သွယ် စကားပြောသူများ သိနိုင်ပြီး မိမိ ဂျီတော့ခ်မှာ Off the record ဖြစ်နေတာကို အသိပေးတာကို တွေ့ရပါမယ်။



Off the record လုပ်နည်း

ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်း ညာဖက်ရှိ အောက်ဖက်ညွန်းမျှား (down arrow) ကို နှိပ်လိုက်ပြီး Go off the record ကို ရွေးချယ်လိုက်ပါ၊ ဂျီမေးလ်ချက်မှာတော့ ချက်ဘောက် (chat box) ရှိ Video & more မြားကလေးကိုနှိပ်ဖွင့်ပြီး အထက်ဖက်ရှိ Off the record ရွေးချယ်လိုက်ရင် မိမိနဲ့ ဆက်သွယ်သူများရဲ့ ပြောဆိုချက်များကို သိမ်းဆည်းထားမည် မဟုတ်ကြောင်း သတိပေးချက်ကို ရရှိပါလိမ့်မယ်။ အကယ်၍ မိမိအနေနဲ့ ပြောဆိုချက်များကို သိမ်းဆည်းထားလိုပါက ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်းရှိ cancel (သို့) Options အောက်ရှိ stop chatting off the record ရွေးချယ် ပြောင်းလိုက်ပါ။

အထက်ဖော်ပြပါ အကျဉ်းချုပ် ရှောင်ရန်ဆောင်ရန် သတိပြုစရာများကို လုပ်ဆောင်ခြင်းဖြင့် အင်တာနက် သုံးစွဲခြင်းကို အနေအထားတခု အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ ပျော်ရွှင်ချမ်းမြေ့စွာ လွတ်လပ်စွာ အင်တာနက်သုံးစွဲနိုင်ကြပါစေ။ ( မိုးမခ )

နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် လက်မှတ်ပေါင်း (၃) သိန်းခန့် ရရှိနေပြီ

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ လက်မှတ်ပေါင်း (၃) သိန်းခန့် ရရှိနေပြီဟု အဆိုပါအဖွဲ့တွင် ဦးဆောင်လှုပ်ရှားနေသူတဦးဖြစ်သည့် ကိုတိတ်နိုင်က ပြောသည်။

ယခင်လ (၁၃) ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွတ်မြောက်ရေး အတွက် ရည်ရွယ်ကာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကင်ပိန်း (campaign) ကို စတင်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ)နဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) တို့ကနေ ကမကထပြုလုပ်ခဲ့တာဖြစ်တယ်။ ဒီလိုလုပ်ရာမှာ နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်း အားလုံးနီးပါးဝင်တယ်။ ဒါ့အပြင် နိုင်ငံတကာမှာရှိတဲ့ နိုင်ငံပေါင်း (၃၂) နိုင်ငံက အဖွဲ့အစည်းပေါင်း (၂၃၀) ကျော် ကနေ လုပ်ဆောင်ခဲ့တဲ့ ကင်ပိန်း (campaign) ဖြစ်တယ်။ (၇၃) ရက် ကြာမှာဖြစ်ပြီးတော့ လာမယ့် မေ (၂၄) မှာ အဆုံးသတ်မှာဖြစ်တယ်။ အဲ့ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရတာ (၆) နှစ်ပြည့်မြောက်တဲ့ နေ့လည်း ဖြစ်တယ်” ဟု အေအေပီပီ-ဘီ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကော်မတီသည် လက်မှတ်ကောက်ယူမှုကို နိုင်ငံအရပ်ရပ်တွင် ပြုလုပ်လျက် ရှိပြီး လက်မှတ်ပေါင်း (၈၈၈,၈၈၈) ခုထိ ရရှိရန် ရည်ရွယ်ထားကာ ရရှိသည့်လက်မှတ်များကို ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံပေးပို့ပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာရှိ အဖွဲ့အစည်းများထံမှ အကြံဉာဏ်များ ရယူသွားမည်ဟု သိရသည်။

ကိုတိတ်နိုင်က “ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေဟာ ရာဇ၀တ်သားတွေမဟုတ်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလုပ်ရင်းနဲ့ လက်ရှိစစ်အစိုးရနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့လူတွေပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးကို တိုးတက်စေချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်ပြီးတဲ့အခါမှာလည်း ဒီမိုကရေစီ ပြောင်းလဲတိုးတက်ဖို့ ဖြစ်စဉ်တွေမှာ သူတို့ပါဝင်မှုတွေလိုပါတယ်” ဟု ပြောသည်။

ယမန်နှစ်ကလည်း ကမ္ဘာအရပ်ရပ်တွင်ရှိသည့် သမ္မတဟောင်း၊ ၀န်ကြီးချုပ်ဟောင်း (၁၁၂) ဦးသည် ကမ္ဘာနှင့် မြန်မာတွင်ရှိသည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးပေးပို့ခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းသားများကို ၂၀၀၈ ခု ဒီဇင်ဘာ (၃၁) မတိုင်မီ ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အရှေ့တောင်အာရှမှ နိုင်ငံ့ခေါင်းဆောင် (၂၄၀) ကျော်ကလည်း လက်မှတ်ထိုး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီတွင် ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ကို မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ၂၀၀၀ ပြည့်နှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ ( ခေတ်ပြိုင် )

ဥရောပသမဂ္ဂအကူအညီ တိုးပေးရေး စစ်အစိုးရနဲ့ တရားဝင်ဆွေးနွေးဖို့ မဖြစ်နိုင်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဆောင်သေးသရွေ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို အကူအညီပေးဖို့ တရားဝင်ဆွေးနွေးပွဲတွေ ဖြစ်နိုင်မယ့်အလားအလာ မရှိဘူးလို့ ဥရောပသမဂ္ဂရဲ့ အကူအညီပေးရေးဆိုင်ရာ ရုံး အကြီးအကဲက ပြောလိုက်ပါတယ်။

ဥရောပနိုင်ငံတွေက မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာ အစိုးရဟာ ကျန်တဲ့ကမ္ဘာနဲ့ ခပ်ကင်းကင်းနေဖို့ ရည်ရွယ်ခဲ့တယ်လို့ ဥရောပ ကော်မရှင် ရဲ့ ဥရောပ အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ ညွှန်ကြားရေးမှူး ကူးစ် ရစ်ချဲလ် (Koos Richelle) က ပြောလိုက်တာပါ။

ဥရောပကော်မရှင်က အကူအညီတွေ ပိုပေးဖို့ အဆင်သင့်ဖြစ်နေပေမဲ့ လိုအပ်တဲ့ ဖွံ့ဖြိုး
တိုးတက်ရေး အကူအညီတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဟာ အလှူရှင်နိုင်ငံတွေနဲ့
ဆွေးနွေးပြောဆိုရမယ်လို့ သူကပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ နှစ်ရက်ကြာ ကျင်းပတဲ့ အာရှ-ဥရောပ ASEM အစည်း
အဝေး အဆုံးနေ့မှာ ကူးစ် ရစ်ချဲလ်က အဲဒီလိုပြောတာပါ။ မိမိတို့က မြန်မာအစိုးရကို
ဖိအားပေးနေတာ မဟုတ်ကြောင်း၊ မိမိတို့က ပုံမှန်ဆက်သွယ်ရေးလို့ သတ်မှတ်တာကို မြန်မာအစိုးရက ဖွင့်မပေးတာသာ ဖြစ်ကြောင်း သူက ဆိုပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို မိမိတို့က စပြီးပေးဖို့ မဖြစ်နိုင်တဲ့အကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ မိမိတို့ဟာ ငွေထုပ်ကို ခြံစည်းရိုးပေါ်ကကျော်ပြီး ပစ်ချပေးလို့ ရတဲ့ ငွေထုတ်စက် မဟုတ်တဲ့အကြောင်း သူက ပြောခဲ့ပါသေးတယ်။ ( ဗွီအိုအေ )

အန်အယ်လ်ဒီ အထူးအစည်းအဝေးတွင် စာတမ်းသုံးစောင် တင်သွင်းမည်။

လာမည့် (၂၈-၂၉) ရက်တို့တွင် ကျင်းပမည့် အန်အယ်လ်ဒီ အထူးအစည်းအဝေးတွင် စာတမ်းသုံးစောင် တင်သွင်း သွားမည်ဖြစ်ကာ အဆိုပါ စာတမ်းသုံးစောင်နှင့် အစည်းအဝေးကျင်းပမည့်အကြောင်းများကို အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော် မတီ (စီအာပီပီ) အပါအ၀င် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် အကြို ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်း စီအာပီပီ အထွေထွေ အတွင်း ရေးမှူး ဦးအေးသာအောင်က ပြောသည်။

“စာတမ်းသုံးစောင်တင်သွင်း ဆွေးနွေးသွားကြမယ်လို့ သိရတယ်။ အဲဒီစာတမ်းသုံးစောင်က (၁) ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ အကြောင်း၊ နံပါတ် (၂) က ပါတီရဲ့ လက်ရှိနိုင်ငံရေးပြဿနာနဲ့ စည်းရုံးရေး၊ (၃) ကတော့ ပါတီရဲ့ အနာဂတ်ရပ်တည်ရေး၊ အဲဒါတွေကို တင်ပြဆွေးနွေးသွားကြမယ်ဆိုတာကို ပြောပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

အန်အယ်လ်ဒီပါတီ၊ စီအာပီပီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အကြိုညှိနှိုင်းဆွေးနွေးမှုကို ယခုလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ကျန်းမာရေးကြောင့် အနားယူထားရသည့် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အချို့မှလွဲ၍ အားလုံး စုံစုံညီညီ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးအေးသာအောင်က “အန်ကယ်လ်တို့ စီအာပီပီနဲ့ တိုင်းရင်းသားပါတီတွေဘက်က ပြန်ဆွေးနွေးဖြစ်ခဲ့တာက အခုလို ခေါ်ပြီး စည်းဝေး တာကောင်းတယ်။ အရင့်အရင်ကတည်းကလည်း စုံညီအစည်းအဝေးတွေ လုပ်သင့်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပါတီမှာ စည်းရုံးရေး၊ ညီညွတ်ရေး အားကောင်းလာမယ့်အကြောင်း၊ ရှေ့မှာဆို ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ရင်ဆိုင်ရမယ့် အခြေအနေ တွေရှိ လာပြီလေ။ အဲလိုကာလမျိုးမှာ အားလုံးဆွေးနွေးပြီးတော့ ရင်ဆိုင်တာ ကောင်းတဲ့အကြောင်း အကြံပြုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက် လို့ကတော့ အရင်အတိုင်းပဲ လက်မခံနိုင်တဲ့အကြောင်း ပြောခဲ့ကြတယ်” ဟု ဆိုသည်။

မွန်တိုင်းရင်းသား နိုင်ငွေသိမ်းကလည်း တိုင်းရင်းသားပါတီများမှ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များကို ပြတ်ပြတ် သားသားတင်ပြထား တာ ရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးစု အခွင့်အရေးများ လျော့နည်းနေသဖြင့် လက်မခံနိုင်ကြောင်း နှင့် ရွေးကောက်ပွဲဝင်မည်မဟုတ်ကြောင်းတို့ကို ထုတ်ပြန်ထားပြီးဖြစ် ကြောင်း၊ အန်အယ်လ်ဒီဘက်က စီအာပီပီ၊ တိုင်းရင်းသားပါတီများနှင့် အကြိုညှိနှိုင်းမှုများ ရှိခဲ့သော်လည်း အထူးအစည်းအဝေးအတွက်မူ တိုင်းရင်းသားပါတီကိုယ်စားလှယ်များကို ဖိတ်ကြားထားခြင်း မရှိ ကြောင်း ပြောသည်။

မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ် ပါတီဝင်တဦးကမူ “အစည်းအဝေးတက်ရောက်ဖို့ စာမှာရေးထားတဲ့ လူငယ် ဖော်ဆောင်ရေးဆို တာ က တိုင်းမှာမရှိဘူး။ တိုင်းမှာက လူငယ်အကူအညီပေးရေးပဲရှိတယ်။ ဗဟိုအဖွဲ့ချုပ်ရုံးမှာပဲ လူငယ်ဖော်ဆောင်ရေး အဖွဲ့ရှိတယ်။ ဒီကနေ လူငယ်ဖော်ဆောင်ရေးအဖွဲ့ထဲမှာ ပါထားတဲ့သူတွေတော့ သွားမယ်။ ဘယ်သူတွေသွားမယ်၊ ဘာတွေဆွေးနွေးဖြစ်မယ်ဆိုတာတော့ မပြော နိုင်သေးဘူး” ဟု ပြောသည်။

အဆိုပါ အထူးအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အန်အယ်လ်ဒီ ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၊ လူငယ် ဖော်ဆောင်ရေးတာဝန်ခံများ ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ရာ ပါတီသက်တမ်း အနှစ်နှစ်ဆယ် ကျော်အတွင်း တတိယအကြိမ်မြောက် အကျယ်ပြန့်ဆုံး အစည်းအဝေးဖြစ်မည်ဟု မျှော်လင့်ကြသည်။

၁၉၉၀ ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများ၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်များ စည်းဝေးနိုင်ခဲ့ ခြင်း၊ ၁၉၉၇ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ်များမှ ခေါင်းဆောင်အဆင့်ဆင့်တို့ ပါဝင်သော အစည်းအဝေး ပြုလုပ်နိုင် ခြင်းတို့ နောက်တွင် အန်အယ်လ်ဒီ ပါတီ အနေဖြင့် အထူးအစည်းအဝေးများ ပြုလုပ်နိုင်ခြင်းမရှိပေ။

၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း နောက်ပိုင်းတွင်လည်း အန်အယ်လ်ဒီပါတီ နယ်ရုံးခွဲများကို နအဖစစ်အစိုးရက အကြောင်းပြချက် မရှိ ဘဲ ပိတ်ခိုင်းခဲ့ရာ ယခုအချိန်ထိဖြစ်သည်။ ( အာဇာနည် )

Tuesday, April 21, 2009

ကိုကျော်သူ ရတဲ့ ဆု


မစ္စတာခရီရိတ်တာရဲ့ အိမ်မှာ ခေတ္တ ဂုဏ်ပြူထားပါတယ်။

တွံတေး NLD အဖွဲ့ဝင် ၂ ဦးကို ရာအိမ်မှူးနှင့်အဖွဲ့က ရန်မူတိုက်ခိုက်

တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လူငယ်အဖွဲ့ရေးရာ ဒုတာဝန်မှူးနှင့် အဖွဲ့ဝင် အမျိုးသမီးတဦးကို ယခုလ ၁၈ ရက်နေ့က ရပ်ကွက် ရာအိမ်မှူးနှင့် အဖွဲ့က ဝိုင်းဝန်း၍ ကိုယ်ထိလက်ရောက် ရန်မူခဲ့ကြောင်း သိရသည်။

လူငယ်အဖွဲ့ရေးရာ ဒုတာဝန်မှူး ကိုဘိုဘို (ကုန်စိမ်းရောင်းချသူ) နှင့် ဇနီးသည်ဖြစ်သူ ပါတီအဖွဲ့ဝင် မအိသဲမွန်ကို တရပ်ကွက်ထဲတွင် နေထိုင်သူ ကွမ်းခြံရပ်ကွက် ရာအိမ်မှူး ကိုပေါက်နှင့် ကိုမျိုးကို အပါအဝင် အခြား ၂ ဦးက ပြုမူခဲ့ခြင်းဖြစ်သည်။

၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က ဇနီးမောင်နှံ နှစ်ဦးသည် နေအိမ်သို့အပြန် ဘုရားသုံးဆူ ဘုန်းကြီးကျောင်း အနီးတွင် ရာအိမ်မှူးနှင့် အဖွဲ့ က စတင်၍ ဆဲဆိုကြရာ၊ ဆဲရေးတိုင်းထွာမှု မလုပ်ရန် တားမြစ်သည့် ကိုဘိုဘို ကို ဝိုင်းဝန်း၍ ရင်ဘတ်ကို ဆောင့်တွန်းခဲ့ပြီး၊ အတူပါလာသူ မအိသဲမွန်က တားမြစ်သော်လည်း သူ့ကို လက်ဆွဲပြီး ဆောင့်တွန်းခဲ့ကြောင်း တွံတေးမြို့နယ် NLD ဥက္ကဋ္ဌက ပြောသည်။

အခင်းဖြစ်ပွားသည့် နေ့ကပင် တွံတေးရဲစခန်းသို့ ချက်ချင်း တိုင်ချက်ဖွင့်သည်ကို စခန်းမှူး ဦးမြင့်ကျော်က အမှုဖွင့်ပေးသော်လည်းဒုရဲအုပ် သိန်းဇော်ဦးက ပြစ်မှုကျူးလွန်သူများကို မြို့နယ်ကောင်စီ မယက ဥက္ကဋ္ဌ၏ ခွင့်ပြုချက် မရ၍ ဖမ်းဆီးခြင်း မပြုနိုင်ကြောင်း ပြောခဲ့သည်။

“သူတို့ကလည်း မဖမ်းပေးမချင်း ရဲစခန်းမှာပဲ နေနေတယ်။ ရဲတာဝန်မှူးက ဒီကိစ္စက မယက ဥက္ကဋ္ဌက ဖမ်းခွင့် မပေးလို့ မဖမ်းပေးဘူးလို့ ပြောလိုက်တယ်လေ။ ပြန်လာတော့ ၁၂ နာရီ။ ၁ ချက်လောက်မှ ပြန်လာကြတယ်” ဟု သွားရောက် တိုင်ကြားရာတွင် ပါဝင်ခဲ့သူတဦးက မဇ္ဈိမကို ပြန်ပြောပြသည်။

နောက်တရက်ဖြစ်သည့် ယမန်နေ့ နံနက်ပိုင်းတွင်မူ ကျူးလွန်သူ ၄ ဦးကို ရဲစခန်းက ဖမ်းဆီးခဲ့သော်လည်း၊ ညနေ ၄ နာရီခန့်တွင် အာမခံ နှင့် ပြန်လွှတ်ပေးခဲ့သည်။

မည်သည့် အကြောင်းကြောင့် ရာအိမ်မှူးနှင့် အဖွဲ့က ကိုယ်ထိလက်ရောက် ရန်မူခဲ့သည်ကို မသိရသေးကြောင်းတွံတေးမြို့နယ် ပါတီဥက္ကဋ္ဌ က ပြောသည်။ ( မဇ္စျိမ )

နိုင်ငံရေးသမားများ အရိုက်ခံရပြန်ပြီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထူး ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးသိန်းညွန့်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သူ၏ နေအိမ်ခြံဝင်း အတွင်း တိုက်ခိုက် ရိုက်နှက်ခံရ သဖြင့် ဒဏ်ရာရရှိသွားသည်။

ဦးသိန်းညွန့်၏ မိသားစုဝင်များ ရောက်ရှိလာသဖြင့် မည်သူမည်ဝါမှန်း မသိရသော တိုက်ခိုက်သူက ခြံစည်းကျော်ပြီး ထွက်ပြေးသွား သည်ဟု သိရသည်။

“ခေါင်းက ဖူးယောင်သွားပြီးတော့ ပွန်းပဲ့သွားတယ်။ ခေါင်းကတော့ မူးနေတုန်းပဲ” ဟု မိသားစုဝင် တဦးက ပြောပြသည်။
ဦးသိန်းညွန့်သည် အသက် ၆၅ နှစ် ရှိပြီဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် ၁ မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသည့် ပြည်သူ့ ကိုယ်စား လှယ် တဦးလည်း ဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွင်း ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ အဖွဲ့ချုပ် လူငယ်တချို့ ရိုက်နှက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်မှ လာ သော သတင်းများက ဆိုသည်။
နိုင်ငံရေးသမားတို့ ရိုက်နှက်ခံရမှုများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း တရားခံကို ရှာဖွေ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည် ဟူသော သတင်း များ ထွက်ပေါ်လာခြင်း မရှိသေးပေ။

၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်အတွင်း တိုက်ခိုက်ခံရသည့် နိုင်ငံရေးသမား အများစုသည် ၎င်းတို့ကိုယ်တိုင် ဖမ်းဆီးခံခဲ့ရပြီး ကြီးမားသည့် ထောင် ဒဏ်များ အပေးခံခဲ့ရသည်။
ရိုက်နှက်မှု ကျူးလွန်သူများမှာ အာဏာပိုင်တို့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း၊ စွမ်းအားရှင် အသင်း တို့တွင် အသင်းဝင်များဖြစ်သည်ဟူသော ယူဆချက်များလည်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသည်။ အာဏာပိုင်တို့က ထိုသတင်း များနှင့် ပတ်သက်ပြီး ဖြေရှင်းခြင်း မရှိသေးပေ။

ထိုတိုက်ခိုက်မှုများမှာ ဒေသတချို့တွင်သာ ဖြစ်ပွားနေခြင်း ဖြစ်သောကြောင့် တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သူမည်ဝါ ရှိနေသည်ကို ခန့်မှန်းရခက်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ နိုင်ငံခြားရေးဌာနမှ ကိုမိုးဇော်ဦးက ပြောသည်။

“အထက်က ခိုင်းတာမျိုး မဟုတ်ဘဲနဲ့ အောက်ခြေက သူတို့ သဘောနဲ့ သူတို့ လုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မူဝါဒ တခု လို ချမှတ်ပြီးတော့ တမင်တကာ လုပ်တာမျိုး ဟုတ်ချင်မှလည်း ဟုတ်မယ်” ဟု ကိုမိုးဇော်ဦးက ဆိုသည်။

အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၁၉၉၆ တွင် တကြိမ်၊ ၂၀၀၃ ခုနှစ်တွင်တကြိမ် လူအုပ်စုဖြင့် ၀ိုင်းဝန်း တိုက် ခိုက် ခြင်းကို ခံခဲ့ရဖူးသည်။ ( အာဇာနည် )

Monday, April 20, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ဆန်းတရက်နေ့ အလှူတော်မင်္ဂလာ


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

Sunday, April 19, 2009

ကိုရီးယားကသင်္ကြန်ပွဲ


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

မြန်မာအနောက်ပိုင်း မုန်တိုင်းကြောင့်ရေကြီးနိုင် NASA သတိပေး

ဘီဂျလီ လေပြင်းမုန်တိုင်းဟာ စနေနေ့ မနက်ပိုင်းစောစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နားက ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်ထဲကို ၀င်ရောက်နေပြီဖြစ်ပါတယ်။ ချင်းပြည်နယ်ကနေ ဒီမုန်တိုင်းဟာ တဖြည်းဖြည်း အားပျော့လာနိုင်ဖွယ်ရှိပြီး စစ်ကိုင်းတိုင်းကို ဖြတ်ပြီး တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံထဲကို ၀င်ရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ မုန်တိုင်းသွားရာ လမ်းကြောင်းတလျောက်မှာ ရေကြီးမယ့်အန္တရာယ်ကို သတိထားကြဖို့ အမေရိကန် အာကာသလေ့လာရေး နာဆာအဖွဲ့ရဲ့ မုန်တိုင်းလေ့လာစောင့်ကြည့်နေသူက ပြောပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဆိုင်ကလုန်း ဘီဂျလီ ဟာ စနေနေ့မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနားကနေ ဖြတ်ကျော်ပြီး အရှေ့မြောက်အရပ်ကို ဦးတည်ရွေ့လျား သွားနေရာကနေ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းကိုအ၀င်မှာ အရှိန်အနည်းငယ် လျော့ပါးသွားမယ်လို့ အင်တာနက် ကမ္ဘာ့ရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့ Iccuweather က ပြောပါတယ်။ ဒီမုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းတလျှောက်မှာ မိုးရေချိန် လက်မ ၁၀ လက်မအထက်မှာ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း နဲ့ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ပင်လယ်ပြင်မှာ လှိုင်းလုံးတွေဟာ အမြင့်ပေ ၃ ပေကနေ ၆ ပေအထိ စနေနေ့တွေမှာ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွက်ကျား လေဆင်နှာမောင်း တိုက်ခတ်မှုတွေလည်း ဖြစ်ပွားနိုင်ပါတယ်လို့ ပြောပါတယ်။

မြန်မာစံတော်ချိန် စနေနေ့မနက် ၃ နာရီအချိန်က ထုတ်ပြန်တဲ့ ဟာဝိုင်အီ ကျွန်းက Pearl Harbor မှာရှိတဲ့ အမေရိကန်ရေတပ် ပူးတွဲ မုန်တိုင်းသတိပေးရေး ဗဟိုဌာနရဲ့ မုန်တိုင်းသတိပေးချက်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုန်တွင်းပိုင်းထဲ ၀င်ရောက် သွားတဲ့ မုန်တိုင်း ဘီဂျလီ ဟာ အတော်ကို အားပျော့သွားမယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ကနေ အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲ ၀င်ရောက်ချိန်မှာ သတိပေးရမယ့် ပြင်းအားအဆင့် ၃၅ နော့ခ်ျ မှာ မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီသတိပေးချက်ဟာ နောက်ဆုံးသတိပေးချက်လို့လည်း ဖော်ပြထားပါတယ်။ အမေရိကန် အာကာသလေ့လာရေး နာဆာ ရဲ့ ဂေါဒက် (Goddard) မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ရောဘတ် ဂူထရို (Robert Gutro) ကတော့ မုန်တိုင်းရဲ့ပြင်းအား လျော့ပါးသွားပေမယ့် မိုးရွာသွန်းမှု အခြေအနေဟာ ပြင်းထန်တာမို့ ရေကြီးမယ့်အန္တရာယ်ကို သတိထားသင့်တယ်လို့ ပြောပါတယ်။

“နာဆာ နဲ့ ဂျပန် အာကာသ အေဂျင်စီတို့ရဲ့ TRMM ဂြိုလ်တု တိုင်းတာရေးအရဆိုရင် အပူပိုင်းဆိုင်ကလုန်း ဘီဂျလီ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေမှာ မိုးကြီးစေနိုင်ပါတယ်။ အခုလောလောဆယ် တနာရီကို ၂ လက်မနှုန်းနဲ့ ရွာနေတဲ့အပြင် ပင်လယ်ပြင်မှာလည်း လှိုင်းကြီးတာမိုလို့ ကမ်းရိုးတန်းဒေသမှာ နေသူတွေအတွက် ရေကြီးမယ့် အန္တရာယ်ကို သတိထားသင့်ပါတယ်။ တောင်တန်းဒေသတွေမှာတော့ မိုးကြီးလို့ မြေပြိုမယ့် အန္တရာယ် ရှိနေပြီး မုန်တိုင်းဖြတ်သန်းတဲ့အချိန်တွေမှာ ခရီးမသွားသင့်ပါတယ်။”

နာဆာ အာကာသ သိပ္ပံယာဉ် အပူပိုင်းဒေသ မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ရောဘတ် ဂူထရို က ပြောသွားတာဖြစ်ပါတယ်။

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews