သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Saturday, February 28, 2009

ဒဂုံတက္ကသိုလ်ကျောင်းသားများ စော်ဘွားကြီးကုန်းတွင် ရိုက်နှက်ခံရ

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။

စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။

ထို့နောက် အခြားကျောင်းသားများ ဖြစ်သော ကိုပြည့်နိုင်ဖြိုး၊ ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့လည်း ရိုက်နှက်ခံရသည်။

ကိုဝေဖြိုးကျော်က ထွက်ပြေးလွတ်မြောက်သွားပြီး စော်ဘွားကြီးကုန်း ပွဲရုံတန်း ရယကရုံးသို့ သွားရောက် တိုင်ကြားပြီး အကူအညီ တောင်းခဲ့သည်။ ရယက ရုံးရှိ ဆယ်အိမ်ခေါင်း ကိုနီတွတ်က ကိုဝေဖြိုးကျော်အား ၄ ချက်ခန့် ပါးရိုက်ပြီး “ဘာ ကျောင်းသားလဲ” ဟု အော်ဟစ်လိုက်သည်ဟု ဆိုသည်။ ရယက ရုံးတွင် ရောက်နေသော ရဲတပ်ဖွဲ့ဝင်တဦးက ကိုဝေဖြိုးကျော်ကို လက်ထိပ်ခတ်လိုက်ပြီး ထပ်မံရိုက်နှက်ကြသည်ဟု ဆိုသည်။

ကျောင်းသား ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့ကို အင်းစိန်မြို့ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသပေးထားသည်ဟု သိရသည်။

နည်းပြဆရာသည်လည်း ချွန်ထက်သည့် သတ္ထုချောင်းတခုဖြင့် ထိုးနှက်ခံရသည်ဟု ဆိုသည်။

၃ ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးမျိုးသိန်းကြီး၊ စီမံဌာနမှူး ဦးခင်မောင်သန်း၊ မော်ကွန်းထိန်း ဦးဘဖေတို့က ရိုက်နှက်ခံခဲ့ရသူများကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထို့နောက် နောင်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမပြုရန် အတင်းအကျပ် ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းသည်ဟု ဆိုသည်။

ရိုက်နှက်ခံရသူများကို ကြာသပတေးနေ့တွင်လည်း ထပ်မံ ခေါ်ယူပြီး စစ်ဆေးခဲ့သည်။

ရိုက်နှက်မှု ကျူးလွန်သူများမှာ အရေးယူခံရခြင်းမရှိသေးကြောင်း သိရသည်။

ထိုဖြစ်ရပ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားများအကြားတွင် မကြေနပ်မှုများ ဖြစ်ပွားနေသည်။ ကျောင်းသားများအား ကာကွယ်ပေးခြင်းမရှိသော ကျောင်းအာဏာပိုင်များကို ဒေါသထွက်နေကြသည်။

အဆိုပါအမှုကို အင်းစိန်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်။ အမှုလိုက် အရာရှိမှာ ဒုရဲအုပ် တင်ညွန့်ဖြစ်သည်။ သို့သော် ယမန်နေ့က စုံစမ်းသိရှိရသည်မှာ အမှုကို ပိတ်သိမ်းလိုက်ပြီဟု ဆိုသည်။

၁၉၈၈ ခုနှစ် အုံကြွမှု အစောပိုင်းကာလ ကျောင်းသား ကိုဖုန်းမော် သေဆုံးမှုနောက်ဆက်တွဲ ကျောင်းသားဆန္ဒပြမှုကဲ့သို့သော လှုပ်ရှားမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အမှုပိတ်ခြင်း၊ သတင်းပိတ်ခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ပါမောက္ခချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။ ( မိုးမခ )

ရခိုင်အမျိုးသားသတင်းစာ

The Arakan National Newspaper Vol;3[1]. No.2 Feb,09

ရန်ကုန်မှာတော့ ရင်နာစရာတွေဖြစ်ကုန်ပြီ

ရင်နာစရာပဲ
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကျဆုံးခဲ့ရာနေရာဖြစ်သည်
့ဝန်ကြီးများရုံး ကို တရုတ် ကိုရောင်းလိုက် ပြီ လို့  ရန်ကုန်မြို့ တွင်
သတင်းများထွက်ပေါ်နေပြီး ရန်ကုန်မြို့ နေ လူထု အကြားမကျေနပ် များဖြစ်ပေါ်နေ
ပါသည် ။ အလားတူပဲ ရန်ကုန်မြို့  အရှေ့ မြင်းပြိုင်ကွင်းလမ်းရှိ
အမျိုးသားစာကြည့် တိုက် အဆောက် အအုံ နှင့်  မြေနေအား နိုင်ငံခြား ကုပ္ပဏီ
တခု သို့ပြီးခဲ့သည် နှစ် က ရောင်းချ ခဲ့ ပြီး ဖြစ် သည် ..။ စစ်အစိုးရ သည်
ဘဏ္ဍာရေး အခက် အခဲ များကို ဖြေရှင်းရာတွင် ရန်ကုန်မြို့  တွင်းရှိ
သမိုင်းဝင်အဆောက် အအုံ များ အချက်အချာကြသော ပြည်သူပိုင်မြေနေရာများအား
နိုင်ငံခြားကုပ္ပဏီ များသို့  ရောင်း ချ ပြီး လိုငွေများကို ကို သုံးစွဲ
နေသည် မှာ ပိုမိုဆိုးဝါးလာလျှက်ရှိနေကြောင်း တင်ပြလိုက်ပါသည် ။

Friday, February 27, 2009

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမ အပေါင်းတို့ ကူညီလှူဒါန်းနိုင်ပါသည်

လေးစားအပ်ရပါသော ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမ အပေါင်းတို့ခင်ဗျား
Social Aid Group (Burma) ခေါ် လူမှု့ရေး နှင့် နာရေးကူညီမှု့အသင်းကြီးကို ၂၀၀၇ ခုနှစ် ဧပြီလ ၁-ရက်နေ့တွင် ထိုင်းမြန်မာ နယ်ဆက် မဲဆောက်မြို့တွင် ရဟန်းတော်များ ၊ လူမှု့ရေးတွင်ပါဝင် ကူညီလီုစိတ် ရှိသူများဖြင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
ထိုအသင်းကြီးသည် မြန်မာပြည်၏ နှစ်ပေါင်းများစွာ ကြပ်တည်းနေသော စီးပွားရေး အခြေနေများကြောင့် စားဝတ်နေရေး အခက်ခဲများကို ဖြေရှင်းရန် အမိမြေကို စွန့်ခွာ၍ နယ်ဆက်ကို ကျော်ဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ကာ တရားမဝင် အလုပ်လုပ်ကိုင်နေကြသော တိုင်းရင်းသားပေါင်းစုံ မြန်မာနိုင်ငံသားများ၏ လူမှု့ရေး ၊ နာရေး ဒုက္ခ အခက်အခဲများကို အကူအညီပေးရန် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုင်းမြန်မာ နယ်စပ်အနီး ထိုင်းနိုင်ငံ အတွင်းရှိ မဲဆောက်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာ နိုင်ငံသားများမှာ ၂၀၀,၀၀၀ (နှစ်သိန်း) ခန့်ရှိပါသည် ၊ တလ ၀င်ငွေမှာလည်း အသက်ရှင် ရပ်တည်နိုင်ရန်အတွက် သာသာလောက်သာဖြစ်ပြီး (၆၀~၇၀ ဒေါ်လာ) ခန့်သာဖြစ်ပါသည်။ ထို့အပြင် အိမ်ရှင်နိုင်ငံသား(ထိုင်းလူမျိုး) အလုပ်ရှင်တို့၏ မတရား ဖိနှိပ်မှုများကိုလည်း ခံရပြီး တခါတရံ လုပ်အားခ မရရှိခြင်း ၊ အသတ်ခံရခြင်း ၊ မြန်မာ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း စသော ဒုက္ခများကို ရင်ဆိုင်နေရပါသည် ။ ထို့အပြင် လူမှုရေး ဒုက္ခ အခက်ခဲများကို ကူညီဖြေရှင်းပေးကြသော အဖွဲ့စည်းများမှာလည်း ရှားပါးကြပါသည်။ အထူးသဖြင့် နာရေး ကိစ္စ များအား အဆင်ပြေစွာဖြင့် ကူညီနိုင်ရန်အတွက် SAGB အသင်းအား ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး စေတနာရှင် တချို့၏ လှူဒါန်းသော ငွေဖြင့် လုပ်ကိုင်နေခဲ့ ကြပါသည်။ အခြားမည့်သည့် NGOs အဖွဲ့စည်းများမှ အကူညီရရှိခြင်း မရှိပါသောကြောင့် ငွေကြေးအခက်အခဲ များဖြင့်ရင်ဆိုင်နေရပြီး လူမှု့ရေး ၊ နာရေးကိစ္စ များကိုပင် လုံလောက်စွာ မကူညီနိုင်သည့် အခြေအနေ များဖြင့်ကြုံတွေ့နေရပါသည်။
နာရေးကိစ္စများဟု ဆိုရာတွင် ထိုင်းမြန်မာ နယ်ဆက်တွင် (၂၀၀,၀၀၀) နှစ်သိန်းခန့် ရှိသော မြန်မာအလုပ်သမားများနှင့် ၄င်းတို့၏ မိသားစုဝင်များ ထဲမှ နေ့စဉ်နှင့် အမျှ ၂ ဦးမှ ၅ အဦးအထိ သေဆုံးနေကြပါသည်။ ထိုနာရေးကိစ္စများအား ဆိုင်ရာ ဘာသာရေးအလိုက် စီစဉ်ကူညီပေးခြင်း၊ ရုပ်ကလာပ်အား သဂြိုလ်ရန်အတွက် နိဗ္ဗာန်ယာဉ်အား ငှားရန်းကူညီပေးခြင်း၊ လိုက်ပါပို့ဆောင်ပေးကြသူများ အတွက် ဧည့်ခံစားရိတ်များကိုလည်း ကူညီဆောင်ရွက်ပေးခြင်းအပြင် ကျန်ရစ်သူ မိသားစုများကိုလည်း လိုအပ်သလို စီစဉ်ဆောင်ရွက် ကူညီပေးနေပါသည်။
အကူညီကုန်ကျစရိပ်ထဲတွင် နိဗ္ဗာန်ယာဉ် ငှားရမ်းရသော စားရိတ်သည် အလွန်ကြီးမားသောကြောင့် ကိုရီးယားမှ ညီအကို မောင်နှမများ အနေဖြင့် နိဗ္ဗာန်ယာဉ် တစ်စီးအား ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း အကူညီတောင်းခံလာပါသည်။ ထို့ကြောင့် ကိုရီးယားနိုင်ငံရှိမြန်မာ့ အဖွဲ့အစည်းများ စုပေါင်းညှိနှိုင်း တိုင်ပင်ဆွေးနွေး၍ မိမိတို့ အဖွဲ့အစည်းအလိုက် အလှုငွေ ကောက်ခံခြင်းနှင့် တသီးပုဂ္ဂလ အလှုရှင်များထံမှ အလှုငွေ ကောက်ခံလှူတန်းရန် သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။ ထို ကြောင့် ကျွန်ုပ်တို့ ကိုရီးရောက် မြန်မာညီအကိုမောင်နှမတို့၏ အလှူငွေဖြင့် ဒေါ်လာ ၆၀၀၀(ခြောက်ထောင်) ခန့်တန်ဘိုးရှိသော နိဗ္ဗာန်ယာဉ်တစ်စီးကို “ကိုရီးယားရောက်မြန်မာနိုင်ငံသားများမှလှူတန်းပါသည်”ဟု အမည်ဖြင့် ပေးပို့ လှူဒါန်းမည်ဖြစ်ပြီး စေတနာသဒ္ဒါထက်သန်စွာ ဖြင့်ဝိုင်းဝန်း လှူဒါန်းကြပါရန် မေတ္တာရပ်ခံနှိုးဆော်လိုက်ရပါသည်။
မှတ်ချက် ။ ။ ယ္ခု အချိန်ထိ ကောက်ခံရရှိငွေမှာ ဒေါ်လာ ၂၀၀၀ (နှစ်ထောင်)ခန့် သာရရှိသေးပါသည်။

အလှုငွေများကိုအောက်ပါပုဂ္ဂိုလ်များထံဆက်သွယ်လှူတန်းနှိုင်ပါသည်။
၁။ ကိုကျော်စွာလင်း (SAGB - ကိုရီးယားတာဝန်ခံ ဝ၁ဝ. ၄၇၉၉. ၀၇၁၈ )
၂။ ကိုစံဖဲ (ခ) ကိုဇော်ထက် (SAGB - ကိုရီးယားတာဝန်ခံ ၀၁၀. ၂၃၀၃.၅၃၃၀)
၃။ ကိုခင်မောင်ရင်( ဝ၁၁ . ၉၈၃၆ . ၇၁၅၃) ၈။ ဦးသောင်းထွန်း (ဝ၁၁ . ၉၇၄၄ . ၈၇ဝ၅) ၊
၎။ ကိုသူရ (ဝ၁ဝ . ၆၇၄ဝ . .၅၂၁၈) ၉။ ကိုအောင်နိုင်ဝင်း (၀၁၉ . ၆၃၀ . ၉၈၉၉)
၅။ ဦးတင်ယဉ် ( ၀၁၆ . ၂၄၈ . ၃၃၃၈ ) ၁၀။ ကိုမင်းသူ (၀၁၀ . ၅၈၁၀ . ၁၁၄၉)
၆။ ကိုဘိုဘို (၀၁၀ . ၇၅၄၅ . ၀၃၃၉ ) ၁၁။ ကိုနေထွန်းနိုင် (၀၁၀.၈၉၆၂.၃၄၁၅)
၇။ ကိုဝိုင်း ( ၀၁၀ . ၂၃၃၁ . ၂၄၅၇ ) ၁၂။ ဆလိုင်းကျော်ကျော် (၀၁၀.၂၄၃၄၂၉၅၈)

ပြတ်ပြတ်သားသားရပ်ကြ

မြန်မာ့နိုင်ငံရေးအရှုပ်ထွေးဆုံးအချိန်ရောက်နေပြီ။စစ်အုပ်စုကလည်း အာဏာလက်မလွတ်ရေး၊ဒီမိုအေ၇စီတိုက်ပွဲဝင်သူတွေကလည်း ပြည်သူ့အစိုးရပေါ်ပေါက်ရေး ထိပ်တိုက်တွေ့ကြပြီ။သင်ဘယ်ဘက်က ရပ်မည်နည်း။ဓမ္မနဲ့ အဓမ္မ တိုက်တဲ့ပွဲမှာ ကြားနေမလိုဘူး။ကြိုက်တဲ့ဘက်ကရပ်နိုင်တယ်။စစ်အုပ်စုဘက်ရပ်မယ့်သူတွေကလည်း ၂၀၁၀ ရွေးကောက်ပွဲဟာ တခုတည်းသောဒီမိုကရေစီဖော်ဆောင်ရေးလမ်းဖြစ်တယ်လို့အခိုင်အမာ ဝါဒဖြန့်နေပါတယ်။လမ်းပြမြေပုံ လမ်းဆုံးရေးဟာ စစ်အုပ်စုရဲ့ပန်းတိုင်ပဲ။မရောက်ရောက်အောင်သွားမယ်တဲ့။အတိုက်အခံ ဒီမိုကေ၇စီအင်အားစုနဲ့ အပစ်ရပ်ထဲမှာမပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက လည်း ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ၊နာဂစ်ဖွဲ့စည်းပုံကို မထောက်ခံကြောင်းအတိအလင်းကြေညာနေပြီ။စစ်အုပ်စုဘက်က အဓိက ဦးဆောင်သူက ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ဒီမိုကရေစီ အင်အားစုဘက်ကတော့ အားလုံးအသိအမှတ်ပြုထားတဲ့ လူထုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပေါ့။စစ်တပ်ဘက်မှာ အင်အားကတော့ လက်နက်အလုံအလောက်ရှိတယ်၊တရားမဝင်ရယူထားတဲ့ငွေကြေး အမြောက်အများရှိတယ်။လာဒ်ပေးစည်းရုံးထားတဲ့ ကြံ့ဖွတ်၊စွမ်းအားရှင်၊လုံထိန်း၊ရဲ၊စစ်သည်(အားလုံးကိုမဆိုလို)တွေရှိတယ်။
နိုင်ငံတကာအနေအထားကကြည့်ရင် အကျိုးစီးပွားဖြစ်နေတဲ့၊ စီးပွားရေးအရ အချောင်ရလို့ ဆက်ဆံနေတဲ့နိုင်ငံတွေရှိတယ်။
ဒီမိုကရေစီအင်အားစုဘက်မှာ ဆင်းရဲနွမ်းပါလှတဲ့ ပြည်သူလူထုကြီးရှိတယ်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ၇တဲ့သူတွေရှိတယ်။အရွေးချယ်ခံထားရပြီး ဘာမှလုပ်ပိုင်ခွင့်မရသေးတဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်တွေရှိတယ်။တိုင်းရင်းသားလက်နက်ကိုင်(အပစ်မရပ်)အင်အားစုတွေရှိတယ်။နိုင်ငံတကာေ၇ာက် မြန်မာတိုင်းရင်းသားတွေရှိတယ်(စစ်အခွန်ရုံးနဲ့အားပေးသူတချို့မပါ)။ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့စည်းတွေရှိတယ်။ဒီမိုကရေစီနိုင်ငံတွေရှိတယ်။
စစ်အုပ်စုက လက်ရှိအာဏာကို ပြည်သူဆီက လက်နက်အားကိုးနဲ့ မတရားရယူထားတယ်။ကျေးဇူးရှင်ပြည်သူကိုပဲ ကျေးကျွန်သဖွယ်ဆက်ဆံတယ်။ပြည်သူသာအမိ၊ပြည်သူသာအဖဆိုတဲ့ဆောင်ပုဒ်ကို တပ်မတော်သာအမိ၊တပ်မတော်သာအဖလို့ ပြောင်းသုံးလာတယ်။ပြည်သူအင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုတဲ့ ဆောင်ပုဒ်ကို တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုပြီး ပြည်သူကိုမျက်ကွယ်ပြု စော်ကားတဲ့အပြုအမူတွေကို ပြောင်ပြောင်တင်းတင်းလုပ်လာတယ်။တပ်ထဲမှာစည်းရုံးတော့လည်း ခင်းဗျားတို့ သခင်ဖြစ်ချင်းသလား၊ကျွန်ဖြစ်ချင်သလားတဲ့။သခင်ဖြစ်ချင်ရင် စစ်တပ်ကျောထောက်နောက်ခံအဖွဲ့ကို မဲပေးတဲ့။ကိုယ့်ပြည်သူကို ကျွန်လိုသဘောထားပြီး စစ်အုပ်စုသာသခင်ဖြစ်ရမယ်ဆိုတဲ့သဘောက ထင်ရှားပါတယ်။လက်ရှိအနေအထားမှာလည်း တိုင်းပြည်က ရောင်းလို့ရသမျှ ကိုယ်အတွက်ကိုယ်သုံး၊လက်နက်ဝယ်၊လူစု၊ပြည်သူကိုဒါးပြတိုက်၊ရွာတွေကိုမီးရှို့၊(လိုအပ်ရင် မြို့ပေါ်မှာပါရှို့တယ်)ကိုယ့်တိုင်းရင်းသူတွေကို မုဒိမ်းကျင့်၊စော်ကား၊မတရားသဖြင့်ပေါ်တာဆွဲ၊အလုပ်ကြမ်းစေခိုင်း၊ငွေကို နည်းမျိုးစုံနဲ့ညှစ်ယူကောက်ခံခိုင်း၊မရရင်ထောင်သွင်းအကျဉ်းထား၊အမှန်တရားဖော်ထုတ်သူမှန်သမျှ မတရားဖမ်းဆီး၊နှစ်ရှည်ထောင်ဒဏ်တွေချ၊ဝေးလံခေါင်သီတဲ့ထောင်တွေကိုပို့၊ထောင်ဝင်စာကို ကန့်သတ်၊ဆေးဝါးကုသခွင့်ကို ဖြတ်တောက်၊နည်းမျိုးစုံနဲ့ လူညွှန်တုံးအောင်လုပ်၊ဒါးမိုးပြီး အုပ်ဆိုးနေတာအားလုံးသိပြီးသားပါ။ဒီအုပ်စုဘက်ရပ်တဲ့သူတွေ အာဏာလက်လွတ်တဲ့အခါ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ပြည်သူတွေအသိဆုံးပါ။အာဏာရှင်တွေ သမိုင်းမှာ ဘယ်လိုဇတ်သိမ်းတယ်ဆိုတာ အထွေအထူးရှင်းပြဖို့မလိုတော့ပါဘူး။သွားလေသူ ဗိုလ်နေဝင်းနဲ့ လက်မရွံ့အာဏာသားများက ထင်ရှားတဲ့ နမူနာပါ။နိုင်ငံတကာမှာလည်းစစ်ခုံရုံးက အသင့်စောင့်နေတာပါ။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆင်းရဲသားပြည်သူတွေဘက်မှာတော့ လောလောဆယ် ကုန်းကောက်စရာမရှိအောင် ဆင်းရဲတွင်းနက်နေတယ်။စီးပွားရေးပျက်ဆီးမှုဒဏ်ကို အလူးအလဲ ခံနေရတယ်။ယုံကြည်ချက်ကြောင့်၊အမှန်တရားကို ဖော်ထုတ်တဲ့အတွက်ကြောင့် မတရားနှစ်ရှည်ထောင်ဒဏ်တွေနဲ့ အဖမ်းအဆီးခံနေကြရတယ်။အမျိုးမျိုးသော တားဆီးပိတ်ပင်မှုတွေကို ခါးစီးခံနေရတယ်။လူထုခေါင်ဆောင်ကိုယ်တိုင် နေအိမ်မှာ အထိန်းသိမ်းခံထားရတယ်။ဒါပေမယ့် မဟုတ်တာမလုပ်။မမှန်တာမပြော။ပြည်သူနဲ့တန်းတူရပ်တည်၊ပြည်သူ့အကျိုးကိုရှေ့ရှု၊
ပြည်သူတရပ်လုံးလွတ်မြောက်ဖို့အတွက်ကြိုးပမ်းဆောင်ရွက်နေပါတယ်။
အောင်ပွဲခံရင်လည်း ပြည်သူနဲ့အတူအောင်ပွဲခံမှာပါ။အမှန်တရားဘက်က၊ဓမ္မဘက်က ရပ်တည်သူအတွက် လားရာဟာ ကောင်းမှုတွေပဲရှိပါတယ်။
ကဲ.....မိတ်ဆွေတို့။ သင်တို့ကြိုက်တဲ့ဘက်က ရပ်နိုင်ပါတယ်။ရပ်ပြီဆိုရင်လည်း ပြတ်ပြတ်သားသားရပ်ကြပါ။ ( ကိုလွင် )

တကယ်တွေ့ဆုံဆွေးနွေးဖြစ်ဖို့ဆိုလျှင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေဟာ နဝတ၊နအဖနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် တောင်းဆိုလာတာ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြီးကတည်းကပါ။နဝတ၊နအဖ ဘက်ကလည်း နည်းလမ်းပေါင်းစုံနဲ့ ရှောင်ဖယ်လာတာ ယနေ့အထိပါ။အမှန်တကယ်တွေ့ဆုံဆွေးနွေး နိုင်ရေးလမ်းစဟာ ယနေ့အထိ မှုံဝါးနေဆဲပါ။ကဲ... ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး အမှန်တကယ် ဖြစ်နိုင်၊မဖြစ်နိုင် စဉ်းစားကြည့်ရအောင်။
ပထမဦးဆုံး နှစ်ဘက်စလုံးရဲ့ ဖြတ်သန်းလာမှုကို လေ့လာကြည့်ရအောင်။၁၉၉၀ ရွေးကောက်ပွဲကြီးကို စစ်အစိုးရက ကျင်းပပေးခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၈၂%ကျော်နဲ့ အောင်ပွဲရခဲ့တာ အားလုံးအသိပါ။ဒါပေမယ့် ရက်ပေါင်း ၆၀ ကြာလာတဲ့အထိ စစ်အစိုးရက တရားဝင်အာဏာလွှဲပြောင်းပေးမယ့် အရိပ်လက္ခဏာမမြင်ရတဲ့အခါ ဂန္ဒီခန်းမကြေညာစာတမ်းထုတ်ပြန်ပြီး အနိုင်ရပါတီက လွှတ်တော်ခေါ်ပေးဖို့ ချေလှမ်းတချက်တက်ခဲ့ပါတယ်။စစ်အစိုးရကလည်း ၁/၉၀ ထုတ်ပြန်ချက် နဲ့တုန့်ပြန်ခဲ့ပါတယ်။အကျိုးရလာဒ်ကတော့ အန်အယ်ဒီကို အငြိုးတကြီးနဲ့ စစ်အုပ်စုနဲ့ သူရဲ့ဒေါက်တိုင်တွေက စတင်အကျပ်ကိုင်လာခဲ့တာပါပဲ။လွှတ်တော်ကိုယ်စားလှယ်တွေလည်း အဖမ်းခံသူခံရ၊ပြည်ပရောက်အောင် ထွက်ပြေးသူပြေးရနဲ့ အတော်ဒုက္ခရောက်ခဲ့ရပါတယ်။ရွေးကောက်ပွဲအပြီး အနိုင်ရတဲ့ပါတီကို တရားဝင် အာဏာလွှဲမပေးချင်တဲ့ စစ်အစိုးရကလည်း အဲဒီတုန်းက စစ်တပ်က အာဏာလွှဲပေးပြီးရင် စစ်တန်းလျားပြန်မယ်လို့ ကတိပေးခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးစောမောင်ကို အရူးလုပ်ပြစ်ပြီး ၁၉၉၂ မှာ နဝတ ဆီကနေ နအဖက အာဏာလုယူလိုက်ပါတယ်။အရူးထက် တမူးသာသူ ပေါတာကြီးသန်းရွှေကလည်း လက်ဝါးစောင်းထက်ပါတယ်။အခြေအနေအားလုံးကို လေ့လာသုံးသပ်ပြီး စစ်တပ်တခုလုံး သူခြေဖဝါးအောက်ရောက်အောင်တဖြည်းဖြည်းလုပ်လာလိုက်တာ အခုဆို ဗိုလ်နေဝင်းနဲ့ လက်မရွံ့အာဏာသားများလည်း ပြာပုံဘဝရောက်သူရောက်၊အကျဉ်းစံသူစံနဲ့ ပေါတာကြီးရဲ့ ရိုက်ချက်တွေက အ လွန်ပြင်းပါတယ်။ဗိုလ်ခင်ညွှန့်(တွင်း-၁)လိုလည်တဲ့သူကိုတောင် ခိုင်းလို့ရသလောက်ခိုင်းပြီး၊ပိုင်လောက်ပြီဆိုမှ အသာလေးဖမ်းထိန်းထားလိုက်တာ အခု ရူးသလိုတောင်ဖြစ်နေဆိုပဲ။ တွင်း-၂ ဗိုလ်တင်ဦးနဲ့ ငမိုက်သားတစုကို ရှင်းပစ်တာကလည်း ပညာပါတယ်။အလောင်းတောင် မနည်းရှာယူရတဲ့အဖြစ်ပါ။ပေါတာကြီးက မိုက်တီးထက်ရိုက်ချက်ပြင်းတော့ ကျန်တဲ့အကောင်တွေ အမြှီးကုတ်နေကြပြီလေ။ဒါကတော့ သူတို့ ချင်း ဇတ်တူသားစားကြတဲ့ကိစ္စပေါ့။
နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံ မဟာမိတ်အုပ်စု အနေအထားကို ကြည့်ကြရအောင်။
ဒေါ်အောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲမဝင်မီကာလကတည်းက အမျိုးမျိုးအပုပ်ချပြီး ကန့်သတ်ချုပ်ချယ်
လာတာယနေ့အထိပါပဲ။အဆိုးဆုံးကတော့ Black Friday လို့ခေါ်တဲ့ မေ ၃၀ ဒီပဲယင်းအကြမ်းဖက်မှုကြီးပါ။၂၀၀၃ ခုနှစ် မေလ ၃၀ရက် သောကြာနေ့ လကွယ်ညမှာ အထက်မြန်မာပြည် စည်းရုံးရေးခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စည်းရုံးရေးအဖွဲ့ဝင်တွေကို ဒီပဲယင်းအနီး ကြည်ရွာအရောက်မှာ အာဏာရူးကြီးသန်းရွှေရဲ့ လက်မရွံ့အာဏာသားများက အသေလုပ်ကြံတိုက်ခိုက်တာပါ။သူရဲဘောကြောင်စွာ လက်နက်မဲ့သူကို လက်နက်ရှိတဲ့ သူတွေက ခြုံခိုတိုက်ခိုက်တာပါ။ကံကောင်းလို့ ဒေါ်စုနဲ့ အဘဦးတင်ဦးတို့ အသက်မသေတာပါ။တော်တော်များများကတော့ အစတေးခံလိုက်ရပါတယ်။ယနေ့ထိ တရားခံမပေါ်ဘဲ ခံလိုက်ရတဲ့သူတွေသာ ဒုက္ခရောက်သူရောက်၊သေသူသေ၊ကြေသူကြေ၊တိုင်းတပါးပြေးသူပြေး၊အဖမ်းခံသူခံရနဲ့ အတော် အခြေအနေ ဆိုးရွားခဲ့ပါတယ်။ဒီလောက်အခြေနေဆိုးကြီးကို ရင်ဆိုင်ခဲ့ရတာတောင် အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ တွေ့ဆုံဆွေးနွေးရေး ပျက်မှာစိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ရေငုံနုတ်ပိတ် ကြိတ်ခံခဲ့ပါတယ်။ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးဟာယနေ့အထိ ဖြစ်ပေါ်လာနိုင်တဲ့ လမ်းစမတွေ့သေးပါဘူး။ခံလိုက်ရတာသာအဖတ်တင်ခဲ့ပါတယ်။အခုလည်းလာပြန်ပါပြီ။ဒေါ်အောင်ဆန်းစုကြည်၊
ဦးတင်ဦး၊ဦးခွန်ထွန်းဦး၊ကျောင်းသားခေါင်းဆောင်တွေ၊ရဟန်းသံဃာနဲ့ ပြည်သူတွေ ကိုမရားဖမ်းထားရာကနေ လွှတ်ပေးဖို့ တောင်းဆိုလက်မှတ်ထိုးတဲ့ကိစ္စကို စတင်လို့မှ မကြာသေးဘူး တွေ့ဆုံဆွေးနွေးရေးထိခိုက်မှာမလိုလားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကင်ပိန်းလုပ်နေတဲ့ လူငယ်တွေကို တားမြစ်ပြန်ပြီ။ပြည်သူတွေမှာ နားတွေ၊မျက်စိတွေရှိပါတယ်။ထောက်ခံသင့်တယ်ထင်လို့ လက်မှတ်ထိုးထောက်ခံကြတာကို ကိုယ့်ဘက်က ဘာမှမသေချာမရေရာတဲ့ အကြောင်းပြချက်နဲ့ ရပ်တံ့စေတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ယဉ်ကျေးတဲ့လူ့အဖွဲ့စည်းတခုလုံးကို ဂရုမစိုက်တဲ့ စစ်အစိုးရကို ချော့လို့လည်းမရ၊ချောက်လို့လည်း မကြောက် ဖြစ်နေတာ သဘောပေါက်သင့်ပါပြီ။သူတို့တကယ်ကြောက်တာက ပြည်သူတွေ အန်အယ်ဒီနဲ့ တသားတည်းဖြစ်သွားမှာကို ကြောက်တာပါ။ဒါ့ကြောင့် အန်အယ်ဒီရုံးတွေကိုမတရားချိပ်ပိတ်၊
ကန့်သတ်မှုတွေတိုးလုပ်၊ဒေါ်စုကိုနေအိမ်မှာ ဆက်လက်ချုပ်ထားပြီး ဘာမှလှုပ်ရှားဆောင်ရွက်လို့မရအောင် လုပ်ထားတာပါ။သေချာတာကတော့ စစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ရွေးကော်ပွဲပြီးလို့
လွှတ်တော်ခေါ်ပြီးရင်တော့ တွေ့ဆုံချင်တွေ့ဆုံပါလိမ့်မယ်။ဒါတောင်မသေချာပါ။
အပေးအယူသဘော၊အလျော့အတင်းသဘောနဲ့ နိုင်ငံရေးအကျဉ်းသားမဖြစ်စလောက်အလွှတ်ပြတာကို ကြိုဆိုရမှာလား၊နှစ်ပြည့်လို့ကျော်တောင်နေတဲ့သူတွေကို လွှတ်ပေးတာဝမ်းမြောက်စရာလား။ကာယကံရှင်တွေ
ကိုလေးစားပါတယ်။သူတို့ရဲ့စွန့်လွှတ်အနင့်နာခံမှုကိုလည်း ဂုဏ်ပြုဦးညွှတ်ပါတယ်။ဒါပေမယ့် ကျနော်တို့က သိတ်သဘောကောင်းလွန်းနေတယ်။ဥပဒေမဲ့မတရားလုပ်နေတာကို သိသိကြီးနဲ့ ပြောင်ခံနေရတယ်။အခုလည်း ကိုယ်က မကျူးလွန်ရပါပဲ အလုံးစုံပျက်သုဉ်းရေးတွေ၊စီးပွားရေးပိတ်ဆို့ရေးတွေ၊ထိပ်တိုက်ရင်ဆိုင်ရေးတွေ ဒါတွေ အကုန်ရပ်ပေး။ရပ်မပေးရင် စကားမပြောဘူးမှတ်ဆိုတဲ့ လုံးဝမတွေ့ချင်တဲ့ အချိုးမျိုး ချိုးထားတာပါ။သိတ်တရားလွန်နေပြီ။ဒါကိုလည်း လေသံပျော့ပျော့ စာတတန်ပေတတန်နဲ့ ထုတ်ပြန်ကြေညာချက်ထုတ်ပြီးတောင်းဆိုယုံ လုပ်နေရင် တွေဆုံတော့တွေ့ဆုံပါလိမ့်မယ်၊စစ်အစိုးရက တရားလိုအဖြစ်နဲ့ အန်အယ်ဒီခေါင်းဆောင်တွေကို ထောင်ဝင်စာလာတွေ့တဲ့သဘောမျိုးပေါ့။
ဒါကြောင့်ကျောချခံရလို့မှ ဒါးပြမှန်းမသိရင်တော့ ခံရတဲ့သူအပြစ်လို့ဆိုရမှာပါ။အဲဒီဓါးပြစစ်အုပ်စုက လျှော့မတွက်နဲ့ နေ့ခင်းကြောင်တောင်မြို့လည်ခေါင်မှာ ပစ္စည်းတင်ယူတာမဟုတ်ဘူး၊လူပါပစ်သတ်တာ။လက်သည်မပေါ်တဲ့အမှု တွေတနေ့တခြားတိုးလာတာကြည့်။
ကျနော်တို့ကိုယ်တိုင်အဖွဲ့ချုပ်ဘက်က မခံနိုင်လွန်းလို့ပြောနေတာပါ။အချိန်မီ လူထုနဲ့ တသားတည်းကြမယ့် ကိစ္စတွေကို အဖွဲ့ချုပ်အနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်။လက်မှတ်ထိုးတောင်းဆိုမှုနဲ့အတူ တခြားလုပ်လို့ရတာ အကုန်လုပ်ပါလို့ တိုက်တွန်းပါရစေ။လူထုနဲ့တသားတည်းဖြစ်တာနဲ့ တဖက်က အလိုလိုတွေ့ပါရစေဆိုပြီးဖြစ်လာမှာအသေအချာပါ။ပြည်သူလူထုဆီကလုယူထားတဲ့အာဏာကို ပြည်သူထံပြန်အပ်ဖို့ဆိုထာ စစ်အုပ်ဘက်က အရေးနိမ့်မှ လုပ်မှာပါ။လောလောဆယ် စစ်ဓါးပြအုပ်စုက မာန်တက်နေတယ်။ခိုးဆိုး လုယက်ထားတာတွေက သုံးမကုန်အောင်ဖြစ်နေတော့ ဆက်လက်ဖိနှိပ်မှာပါ။လုပ်လို့ရလို့လုပ်နေတာပါ။လူထုကမခံနိုင်လို့တကယ်တန်ပြန်လာရင် သူတို့ခံရမယ်ဆိုတာသိလို့ လက်နက်အားကိုးပြီးဖြဲချောက်နေတာပါ။
အန်အယ်ဒီကသာပြတ်ပြတ်သားသားဦးဆောင်ပြီးလူထုနဲ့တိုက်ပွဲဝင်ရင် ပြည်သူတွေကလည်း အန်အယ်ဒီနဲ့လက်တွဲပြီးစစ်အုပ်စုကိုလက်တွေ့ဝိုင်းတိုက်ဖို့ အသင့်ပါ။တကမ္ဘာလုံးကလည်း ကိုယ့်ဘက်မှာရှိပါတယ်။မဟုတ် တရုပ်နဲ့၊ကလေး ကုလား(အိန္ဒိယ)က လွဲရင်ပေါ့။သူတို့ကလည်းအတိုက်အခံဘက်ကအခြေအနေကောင်းလာရင် သဘောထားပြောင်းလာမှာပါ။သူတို့အကျိုးစီးပွားအပျက်မခံပါဘူး။အန်အယ်ဒီအောင်နိုင်တုန်းက အရင်ဦးဆုံးလာဂုဏ်ပြုတာ တရုတ်သံအဖွဲ့ပါ။အဖွဲ့ချုပ်ခေါင်းဆောင်များကို တိုင်းပြည်နဲ့ ပြည်သူမျက်နှာကြည့်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ပါလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောထားပြီးသားပါ။
တကယ်တွေ့ဆုံဆွေးနွေးနိုင်တဲ့ အနေထားကို ရောက်ချင်ရင်တော့ တကယ်လက်တွေ့စတင်တိုက်ပွဲဝင်ပါလို့ပဲဆိုပါရစေ။
အဓမ္မနဲ့ဓမ္မ တိုက်ပွဲဟာ ရေရှည်မှာ ဓမ္မကသာ အောင်ပွဲခံမှာ မလွဲပါ။

ဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းအပေါင်းကို အစဉ်ဦးညွှတ်လျှက်.....။ ( ကိုလွင် )

Thursday, February 26, 2009

PASSWORD ကို HACK သည့် မေးလ် ကိုသတိထားကြပါ

အောက်ပါပုံအတိုင်း မေးလ် ရောက်လာပါ က Click မလုပ်ဘဲ ဒီလက် လုပ်ပစ်ပါ ခင်ဗျာ PASSWORD ကို HACK သည့် မေးလ်ဖြစ်ပါသည်။

စစ်အစိုးရကို အာစီယံ က ဖိအားပိုပေးဖို့ အမေရိကန် တိုက်တွန်း

မြန်မာနိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲ တိုးတက်ရေးအတွက် စစ်အစိုးရကို ထိုင်းနိုင်ငံမှာ စည်းဝေးတဲ့အခါ ဖိအားပေးကြပါလို့ အာစီယံအသင်းကို အမေရိကန် က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထားရှိတဲ့ အဆက်အသွယ်များကို အသုံးချပြီး မြန်မာနိုင်ငံကို ပိုမို ပွင့်လင်းမှု ရှိတဲ့ နိုင်ငံရေး တိုးတက်မှု ရရှိရေးအတွက် အတွေးအခေါ်သစ်နဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ စစ်အစိုးရကို အားပေးကြပါလို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး စကော့ မာဆီးယား က ဗီယက်နမ် နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က သတင်းထောက်များနဲ့ တွေ့ဆုံရင်း အာစီယံ အသင်းဝင်နိုင်ငံများအား တိုက်တွန်းပြောကြားသွားပါတယ်။ မြန်မာနိုင်ငံပါဝင်တဲ့ အာစီယံ အသင်းဝင် ၁၀နိုင်ငံ ထိပ်သီးစည်းဝေးပွဲ သောကြာနေ့ ထိုင်းနိုင်ငံမှာ စတင် ကျင်းပမှာပါ။ မကြာသေးခင်က အတည်ပြုလိုက်တဲ့ အာစီယံ ပဋိဥာဏ် စာတမ်းမှာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ မူများ ပါဝင်ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတရပ် ထူထောင်ရေးလည်း ပါဝင်ပေမဲ့ အာစီယံအသင်းရဲ့ အတွင်းရေးမှူးချုပ် စူရင် ပတ်ဆူဝန်ကတော့ နိုင်ငံအားလုံး သဘောတူမှသာ လုပ်ဆောင်လို့ ရတယ်လို့ ပြောဆိုပါတယ်။ အဲဒါကြောင့် အာစီယံ အသင်းဝင် နိုင်ငံ တနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွတ်စွဲခံရရင် မြန်မာနိုင်ငံက ဒါမှမဟုတ် တခြား တနိုင်ငံက ဗီတိုသုံး ပယ်ချခွင့် ရှိပါတယ်။

အမေရိကန်နဲ့ အနောက်တိုင်း က စစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်အရေးယူထားပြီး တချို့နိုင်ငံတွေ ကတော့ ပြည်တွင်းရေးမှာ ၀င်မစွက်ရေး ဆက်ဆက်ဆံဆံ လုပ်ရေး ၀ါဒ ကျင့်သုံးကြပါတယ်။ အဲဒီ ၂နည်းစလုံး အရာမရောက် အလုပ်မဖြစ်လို့ နည်းလမ်းသစ်နဲ့ ချည်းကပ်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒအသစ် ပြန်လည် စဉ်းစားသုံးသပ်နေပြီလို့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မကြာသေးခင်က ပြောကြားခဲ့ပါတယ်။ ( ဗွီအိုအေ )

တကယ်တွေ့ဆုံဆွေးနွေးဖြစ်မှာလား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ နအဖနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် တောင်းဆိုလာတာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းကပါပဲ။နအဖ ဘက်ကလည်း နည်းလမ်းပေါင်းစုံနဲ့ ရှောင်ဖယ်လာတာ ယနေ့အထိပါပဲ။အမှန်တကယ်တွေ့ဆုံနိုင်ရေးလမ်းစဟာ မှုံဝါးနေဆဲပါ။ကဲ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး အမှန်တကယ် ဖြစ်နိုင်၊မဖြစ်နိုင် ကျနော်တို့ စဉ်းစားကြည့်ရအောင်။
ပထမဦးဆုံး နှစ်ဘက်စလုံးရဲ့ သဘောထားကို လေ့လာကြည့်ရအောင်။၁၉၉၀ ရွေးကောက်ပွဲကြီးကို စစ်အစိုးရက ကျင်းပပေးခဲ့ပြီးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ၈၂%ကျော်နဲ့ အောင်ပွဲရခဲ့တာ အားလုံးအသိပါ။ဒါပေမယ့် ရက်ပေါင်း ၆၀ ကြာလာတဲ့အထိ စစ်အစိုးရက တရားဝင်အာဏာလွှဲပြောင်းပေးမယ့် အရိပ်လက္ခဏာမမြင်ရတဲ့အခါ ဂန္ဒီခန်းမကြေညာစာတမ်းထုတ်ပြန်ပြီး အနိုင်ရပါတီကချေလှမ်းတချက်တက်ခဲ့ပါတယ်။စစ်အစိုးရကလည်း ၁/၉၀ နဲ့တုန့်ပြန်ခဲ့ပါတယ်။အကျိုးရလာဒ်ကတော့ အန်အယ်ဒီကို အငြိုးတကြီးနဲ့ စစ်အုပ်စုက စတင်အကျပ်ကိုင်လာခဲ့တာပါပဲ။လွှတ်တော်ကိုယ်စားလှယ်တွေလည်း အဖမ်းခံသူခံရ၊ပြည်ပရောက်အောင် ထွက်ပြေးသူပြေးရနဲ့ အတော်တပ်ပျက်ခဲ့ရပါတယ်။ရွေးကောက်ပွဲအပြီး အာဏာလွှဲမပေးချင်တဲ့ စစ်အစိုးရကလည်း အဲဒီတုန်းက ကတိပေးခဲ့တဲ့စောမောင်ကို အရူးလုပ်ပြစ်ပြီး ၁၉၉၂ မှာ နဝတ ကနေ နအဖကို အာဏာလွှဲပေးလိုက်ပါတယ်။အရူးထက် တမူးသာသူ ပေါတာကြီးသန်းရွှေကလည်း လက်ဝါးစောင်းထက်ပါတယ်။အခြေအနေအားလုံးကို သူခြေဖဝါးအောက်ရောက်အောင်တဖြည်းဖြည်းလုပ်လာလိုက်တာ အခုဆို ဗိုလ်နေဝင်းနဲ့ လက်မရွံ့အာဏာသားများလည်း ပြာပုံဘဝေ၇ာက်သူရောက်၊အကျဉ်းစံသူစံနဲ့ ပေါတာကြီးရဲ့ ရိုက်ချက်တွေက အ လွန်ပြင်းပါတယ်။ခင်ညွှန့်လိုကောင်ကိုတောင် ခိုင်းလို့ရသလောက်ခိုင်းပြီး ခိုင်လောက်ပြီဆိုမှ အသားလေးထိန်းထားလိုက်တာ ရူးသလိုတောင်ဖြစ်နေဆိုပဲ။တင်ဦးနဲ့ ငမိုက်သားတစုကို ရှင်းပစ်တာကလည်း ပညာပါတယ်။အလောင်းတောင် မနည်းရှာယူရတဲ့အဖြစ်ပါ။ပေါတာကြီးက မိုက်တီးထက်ရိုက်ချက်ပြင်းတော့ ကျန်တဲ့အကောင်တွေ အမြှီးကုတ်နေကြပြီလေ။ဒါကတော့ သူတို့ဇတ်တူသားစားကြတဲ့ကိစ္စပေါ့။
နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံ မဟာမိတ်အုပ်စု အနေအထားကို ကြည့်ကြရအောင်။
ဒေါ်အောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲမဝင်မီကာလကတည်းက ကန့်သတ်လာတာယနေ့ကာလထိအောင်ပါပဲ။အဆိုးဆုံးကတော့ Black Friday လို့ခေါ်တဲ့ မေ ၃၀ ဒီပဲယင်းအကြမ်းဖက်မှုကြီးပါ။၂၀၀၃ ခုနှစ် မေလ ၃၀ရက် သောကြာနေ့ လကွယ်ညမှာ အထက်မြန်မာပြည် စည်းရုံးရေးခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စည်းရုံးရေးအဖွဲ့ဝင်တွေကို ဒီပဲယင်းအနီး ကြည်ရွာအရောက်မှာ သန်းရွှေရဲ့ လက်မရွံ့အာဏာသားများက အသေလုပ်ကြံတိုက်ခိုက်တာပါ။သူရဲဘောကြောင်စွာ လက်နက်မဲ့သူကို လက်နက်ရှိတဲ့ သူတွေက ခြုံခိုတိုက်ခိုက်တာပါ။ကံကောင်းလို့ ဒေါ်စုနဲ့ အဘဦးတင်ဦးတို့ အသက်မသေတာပါ။တော်တော်များများကတော့ အစတေးခံလိုက်ရပါတယ်။ယနေ့ထိ လက်သယ်မပေါ်ဘဲ ခံလိုက်ရတဲ့သူတွေသာ ဒုက္ခရောက်သူရောက်၊သေသူသေ၊ကြေသူကြေ၊တိုင်းတပါးပြေးသူပြေး၊အဖမ်းခံသူခံရနဲ့ အတော် အခြေအနေ ဆိုးရွားခဲ့ပါတယ်။ဒီလောက်အခြေနေဆိုးကြီးကို ရင်ဆိုင်ခဲ့ရတာတောင် တွေ့ဆုံဆွေးနွေးရေး ပျက်မှာစိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ရေငုံနုတ်ပိတ် ကြိတ်ခံခဲ့ပါတယ်။ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးဟာယနေ့အထိ လမ်းစမတွေ့သေးပါဘူး။ခံလိုက်ရတာသာအဖတ်တင်ခဲ့ပါတယ်။အခုလည်းလာပြန်ပါပြီ။ဒေါ်အောင်ဆန်းစုကြည်၊
ဦးတင်ဦး၊ဦးခွန်ထွန်းဦး၊ကျောင်းသားခေါင်းဆောင်တွေ၊ရဟန်းသံဃာနဲ့ ပြည်သူတွေ ကိုမရားဖမ်းထားရာကနေ လွှတ်ပေးဖို့ တောင်းဆိုလက်မှတ်ထိုးတဲ့ကိစ္စကို စတင်လို့မှ မကြာသေးဘူး တွေ့ဆုံဆွေးနွေးရေးထိခိုက်မှာမလိုလားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်တပ်ကို ကိုယ်သတ်ပြန်ပြီ။ပြည်သူတွေမှာ နားတွေ၊မျက်စိတွေရှိပါတယ်။ထောက်ခံသင့်တယ်ထင်လို့ လက်မှတ်ထိုးထောက်ခံကြတာကို ကိုယ့်ဘက်က ဘာမှမသေချာမရေရာတဲ့ အကြောင်းပြချက်နဲ့ ရပ်တံ့စေတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ယဉ်ကျေးတဲ့လူ့အဖွဲ့စည်းတခုလုံးကို ဂရုမစိုက်တဲ့ စစ်အစိုးရကို ချော့လို့လည်းမရ၊ချောက်လို့လည်း မကြောက် ဖြစ်နေတာ သဘောပေါက်သင့်ပါပြီ။သူတို့တကယ်ကြောက်တာက ပြည်သူတွေ အန်အယ်ဒီနဲ့ တသားတည်းဖြစ်သွားမှာကို ကြောက်တာပါ။ဒါ့ကြောင့် ရုံးတွေကိုမတရားချိပ်ပိတ်၊ကန့်သတ်မှုတွေတိုးလုပ်၊ဒေါ်စုကို ဆက်လက်ချုပ်ထား၊ဘာမှလှုပ်ရှားဆောင်ရွက်လို့မရအောင် လုပ်ထားတာပါ။သေချာတာကတော့ စစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ရွေးကော်ပွဲပြီးလို့ သူတို့လွှတ်တော်ခေါ်ပြီးရင် တော့တွေ့ဆုံချင်တွေ့ဆုံပါလိမ့်မယ်။
အပေးအယူသဘော၊အလျော့အတင်းသဘောနဲ့ နိုင်ငံရေးအကျဉ်းသားမဖြစ်စလောက်အလွှတ်ပြတာကို ကြိုဆိုရမှာလား၊နှစ်ပြည့်လို့ကျော်တောင်နေတဲ့သူတွေကို လွှတ်ပေးတာဝမ်းမြောက်စရာလား။ကာယကံရှင်တွေ
ကိုလေးစားပါတယ်။ဒါပေမယ့် ကျနော်တို့က သိတ်သဘောကောင်းလွန်းနေတယ်။ဥပဒေမဲ့မတရားလုပ်နေတာကို သိသိကြီးနဲ့ ပြောင်ခံနေရတယ်။အခုလည်း ကိုယ်က မကျူးလွန်ရပါပဲ အလုံးစုံပျက်သုဉ်းေ၇းတွေ၊စီးပွားရေးပိတ်ဆို့ရေးတွေ၊ထိပ်တိုက်ရင်ဆိုင်ရေးတွေ ဒါတွေ အကုန်ရပ်ပေး။ရပ်မပေး၇င် စကားမပြောဘူးမှတ်ဆိုတဲ့ အချိုး ချိုးထားတာပါ။သိတ်တရားလွန်နေပြီ။ဒါကိုလည်း လေသံပျော့ပျော့ စာတတန်ပေတတန်လုပ်နေရင် တွေဆုံတော့တွေ့ဆုံပါလိမ့်မယ်၊စစ်အစိုးရက တရားလိုအဖြစ်နဲ့ အန်အယ်ဒီခေါင်းဆောင်တွေကို ထောင်ဝင်စာတွေ့တဲ့သဘောမျိုးပေါ့။ဒါကြောင့်ကျောချခံရလို့မှ ဒါးပြမှန်းမသိရင်တော့ ခံရတဲ့သူအပြစ်လို့ဆိုရမှာ ပါ။အချိန်မီ လူထုနဲ့ တသားတည်းကြမယ့် ကိစ္စတွေကို အဖွဲ့ချုပ်အနေနဲ့ ဆောင်ရွက်နိုင်ပါစေ။လက်မှတ်ထိုးတောင်းဆိုမှုနဲ့အတူ တခြားလုပ်လို့ရတာ အကုန်လုပ်ပါလို့ တိုက်တွန်းပါရစေ။လူထုကလည်း လက်တွေ့ဝိုင်းရံဖို့စောင့်ကြိုနေပါပြီ။တကမ္ဘာလုံးကလည်း ကိုယ့်ဘက်မှာရှိပါတယ်။မဟုတ် တရုပ်နဲ့၊ကလေး ကုလား(အိန္ဒိယ)က လွဲရင်ပေါ့။အဖွဲ့ချုပ်ခေါင်းဆောင်များကို တိုင်းပြည်နဲ့ ပြည်သူမျက်နှာကြည့်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ပါလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်ချက်နဲ့ပဲ တခန်းရပ်ပါရစေ။ ( ကိုလွင် )

Wednesday, February 25, 2009

မြန်မာ့အရေး တွေ့ဆုံဆွေးနွေး အဖြေရှာရန် အီးယူ တိုက်တွန်း

မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်မှုတွေ ဖြစ်လာစေဖို့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုသံတွေ ထွက်ပေါ်နေတဲ့အထဲမှာ အခုနောက်ဆုံးကတော့ အီးယူ (ဥရောပ သမဂ္ဂ) ကလည်း အလားတူ တိုက်တွန်းလိုက်ပါတယ်။ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်ပြီး နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းလိုက်တာပါ။ ဒါနဲ့ ပတ်သက်လို့ အီးယူ (ဥရောပ သမဂ္ဂ) နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှုတွေ ပေါ်ပေါက်စေဖို့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးပြီးတော့ သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ က တိုက်တွန်းထားသလို လုပ်ပါဆိုပြီး အီးယူ ကလည်း တိုက်တွန်းလိုက်တာပါ။ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ဇန်န၀ါရီလထဲမှာ သွားခဲ့ပြီး သူ့ရဲ့ခရီးနဲ့ ပတ်သက်လို့ သောကြာနေ့တုန်းကပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစီရင်ခံခဲ့တဲ့ နေရာမှာ နိုင်ငံရေးအခြေအနေတွေ တိုးတက်မှု မရှိဆဲပဲ ဖြစ်နေတယ်ဆိုပြီး ပြောဆိုလိုက်တဲ့နောက် အခုလို နောက်ဆက်တွဲ တိုက်တွန်းတောင်းဆိုသံတွေလည်း ထွက်ပေါ်လာတာပါ။ မနေ့တုန်းကပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများလို့ အမည်ပေးထားတဲ့ အဖွဲ့ရဲ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အီးယူ အလှည့်ကျ ဥက္ကဋ္ဌ ချက်သမ္မတ နိုင်ငံခြားရေးဝန်ကြီး ကာရဲလ် ရွှာဇင်ဘက်ခ် (Karel Schwarzenberg) ကလည်း အလားတူ တိုက်တွန်းလိုက်တာလို့ ချက်သမ္မတနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဆူဇန်နာ အိုပလာတလိုဗာ (Zuzana Opletalova) က ပြောပါတယ်။

“နိုင်ငံတကာအသိုင်းအ၀န်းက စိုးရိမ်မကင်းဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံက တစိုက်မတ်မတ် လုပ်ဆောင်ပါတယ် ဆိုတာကို ပြသဖို့ အချိန်တန်နေပါပြီလို့ မစ္စတာ ဂမ်ဘာရီက ပြောဆိုလိုက်တဲ့အပေါ်မှာ အီးယူ ဥက္ကဋ္ဌကလည်း တသဘောတည်း ရှိပါတယ်။”

အီးယူ ဥက္ကဋ္ဌက မြန်မာနိုင်ငံက နိုင်ငံရေး လုပ်ငန်းစဉ်ဟာ ထင်သာမြင်သာမရှိဘူး၊ လွတ်လပ်မျှတမှု မရှိဘူး၊ အခြေခံဥပဒေမူကြမ်း ရေးဆွဲတဲ့ နေရာမှာလည်း အတိုက်အခံတွေပါဝင်ခွင့် မရဘဲရေးဆွဲခဲ့တယ် ဆိုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးတော့လည်း ထောက်ပြပြောဆိုခဲ့တာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ဖို့ တိုက်တွန်းခဲ့တာတွေလည်း ရှိခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ ထိန်းသိမ်းထားသူတွေ အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေး ပါတီတွေအပေါ် ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့နဲ့ တိုင်းရင်းသားလူမျိုးစုတွေ အပါအ၀င် ဒီမိုကရေစီအင်အားစုတွေနဲ့ အာဏာပိုင်တွေအကြား အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်ဖို့ ဥက္ကဋ္ဌ က ပြင်းပြင်းထန်ထန် တောင်းဆိုထားပါတယ်။”

ချက်သမ္မတနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဆူဇန်နာ အိုပလာတလိုဗာ ဖြစ်ပါတယ်။ တချိန်တည်းမှာ မနေ့တုန်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါ့မယ်လို့ စစ်အစိုးရက ပေးထားတဲ့ကတိအတိုင်း တည်ဖို့၊ နောက် မြန်မာပြည်ကို ထပ်သွားပြီး စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ လိုလားကြောင်း ပြောဆိုခဲ့တာပါ။ မြန်မာစစ်အစိုးရ ဖက်ကတော့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရှေ့ဆင့်နောက်ဆင့် ဆိုသလို သွားပြီးတဲ့နောက် အကျဉ်းသားတွေ ထောင်နဲ့ချီ လွှတ်ပေးတာတွေ ရှိခဲ့ပေမယ့် ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းလောက်သာ ပါဝင်တဲ့ အတွက်ကြောင့် မို့လို့လည်း ဒါတွေဟာ လုံလောက်မှု မရှိဘူးဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ၀ုဒ် က မနေ့တုန်းက ပြောခဲ့ပါသေးတယ်။ ( ဗွီအိုအေ )

၂၀၀၉ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေငြာချက်များ

2009 - Updated Compilation of NLD Statements[1]

Tuesday, February 24, 2009

မြန်မာနိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့ နိုင်ငံတကာ တောင်းဆို

အမေရိကန်၊ ကုလသမဂ္ဂနဲ့ အီးယူ ဥရောပသမဂ္ဂတို့က အသီးသီး မြန်မာနိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့
စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၀ လောက် မပြည့်အောင် လွှတ်ပေးဖို့ ဆုံးဖြတ်တာဟာ
မလုံလောက်ဘူး၊ လွှတ်ပေးတာကိုတော့ ၀ါရှင်တန်က ကြိုဆိုပါတယ်၊ ဒါပေမယ့်
လုပ်စရာတွေ အများကြီးကျန်နေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန
ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ၀ုဒ်က ပြောဆိုပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီတိုးတက်မှု မရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ
ကလင်တန်ကလည်း စိတ်ပျက်စကား ဆိုလိုက်ပြီး ပြင်ပက ဖိအားပေးနေပေမယ့်
မြန်မာစစ်ခေါင်းဆောင်တွေက မလှုပ်ဘူးလို့လည်း ပြောကြားကြောင်း ပြောခွင့်ရ
ပုဂ္ဂိုလ်က ဆက်ပြီး ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်ပါ့မယ်လို့ ပေးထားတဲ့ကတိတည်
ရေး၊ မြန်မာပြည်ကို ထပ်သွားပြီး စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ လိုလားကြောင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တနင်္လာနေ့မှာ ပြောဆိုလိုက်ပါ
တယ်။ စစ်အစိုးရနဲ့ အတိုက်အခံတို့ကြား ကြိုတင်သတ်မှတ်ချက်များ မထားဘဲ
စကားဆိုပွဲ ပြန်စဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

အီးယူ ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌ ချက်သမ္မတနိုင်ငံကလည်း မြန်မာပြည်မှာ
နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးဖို့၊ နိုင်ငံရေးပါတီများအပေါ်
ကန့်သတ်ချုပ်ချယ်ထားတာတွေအားလုံး ရုပ်သိမ်းဖို့ စစ်အစိုးရကို တိုက်တွန်းကြောင်း
ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။ ( ဗွီအိုအေ )

Monday, February 23, 2009

ပြန်လွတ်လာလဲ အန်အယ်ဒီအဖွဲ့ဝင်လို့ ခံယူထားသော ဒေါက်တာဇော်မြင့်မောင်

မကြာခင် ရက်ပိုင်းအတွင်း မြစ်ကြီးနားထောင်မှ ပြန်လွတ်လာသူ မန္တလေးတိုင်း၊ အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က မိမိကိုယ်မိမိ အန်အယ်ဒီအဖွဲ့ဝင်တဦးအဖြစ် ခံယူထားကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် မကြာခင်က ပြန်လွတ်လာသည့် အကျဉ်းသား (၆,၀၀၀) ကျော်တွင် တဦးအပါအ၀င်ဖြစ်ပြီး ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနားထောင်မှ ပြန်လွတ်လာခြင်းဖြစ်ပြီး မြစ်ကြီးနားထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချခံခဲ့ရသည်။ လောလောဆည် ကျန်းမာရေးအတွက် ဆေးစစ်ခံဦးမည်ဟု ခေတ်ပြိုင်သို့ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး အစည်းအဝေး တက်ရောက်မှုဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၅) နှစ် အပြစ်ပေးခံရသည်။ ၁၉၉၁ ခုတွင် စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာဇော်မြင့်မောင်အား ပါလီမန်မှ ပယ်ဖျက်ပြီး နောက်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်မလွှတ်သေးသူများထဲတွင် ကိုမျိုးအောင်သန်း၊ ကိုကြည်လင်း ၊ ကိုဇာဂနာ၊ ကိုလှမျိုးနောင်တို့ကဲ့သို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများအပြင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်အရာရှိများ ၊ စသုံးလုံး ညွှန်ချုပ်တို့လည်း ကျန်နေသေးသည်ဟု ပြန်လွတ်လာသူတွေက ပြောသည်။

နအဖ စစ်အစိုးရက အကျဉ်းသား (၆,၃၁၃) ဦး လွတ်ပေးမည်ဟု ဖေဖော်ဝါရီ (၂၀) ရက်တွင် ကြေညာခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သူများအနက် နိုင်ငံရေးအကျဉ်းသားမှာ (၂၀) ၀န်းကျင်ခန့်သာ ရှိနေသေးသော်လည်း ယင်းတို့အနက် ထောင်ဒဏ် (၁၈) နှစ် (၃) လ ကျခံခဲ့ရသော အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ပါရှိလာခဲ့ခြင်းကိုမူ ကျေနပ်ရကြောင်း အန်အယ်လ်ဒီအသိုင်းအ၀န်းက လည်းပြောဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနားအကျဉ်းထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချခံခဲ့ရကာ ယခုလ (၂၀) ရက်တွင် ကချင်ပြည်နယ် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးဖေစိန်နှင့် အတူ ပြန်လည် လွတ်မြောက်လာသည်။ မြစ်ကြီးနား အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၂၀) ကျော် ရှိနေသည့်အနက်မှ ၄င်းတို့နှစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့သည်။

ဦးဖေစိန်သည် မြစ်ကြီးနား အကျဉ်းထောင်အတွင်း အသက် (၇၄) နှစ်ရှိ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ကာ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးတွင် ပုဒ်မ (၅၀၅/ခ) ဖြင့် မြစ်ကြီးနား အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးနေ၀င်းနှင့် အတူ ထောင်ဒဏ် (၂) နှစ်စီ ကျခံခဲ့ရသည်။

“မိုးကွက်ကျားရွာတယ်လို့ပြောရမလား။ ဒီမှာက နိုင်ငံရေးအကျဉ်းသား (၂၀) ကျော်ကျန်နေ သေးတယ်။ အပြည့်အ၀ ၀မ်းမသာနိုင်ပါဘူး။ ကိုနေ၀င်းတို့ ကိုကျော်မောင်တို့လည်း ကျန်နေ သေးတယ်ဗျာ။ ကိုမျိုးအောင်သန်း (ILO)၊ ကိုကြည်လင်း (တောင်ဒဂုံNLD)တို့ဆိုလည်း နှစ်တွေကြာလှပြီလေ။ သူတို့ကိုလည်းလွတ်စေချင်ပါတယ်”ဟု ဦးဖေစိန်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသာနှစ်ဦးနှင့် အတူ မူဆယ် (၁၀၅) မိုင်ဂိတ် အရေးအခင်းကြောင့် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ပေးခံထားရသော ထောက်လှမ်းရေးတပ်မှ ဗိုလ်ကြီး တင့်ဆွေလည်း ပြန်လည်လွတ်မြောက်လာကြောင်း ခေတ်ပြိုင်က စုံစမ်းသိရှိရသည်။ ( ခေတ်ပြိုင် )

Sunday, February 22, 2009

၆၁ နှစ်မြောက်ချင်းအမျိုးသားနေ့ ( ကိုရီးယား )

ယခုအချိန်ထိ လွတ်လာသမျှ နိုင်ငံရေးအကျဉ်းသားနဲ့ သံဃာတော်တချို့

ဒီကနေ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက စစ်အစိုးရ လွှတ်ပေးလိုက်တဲ့အထဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သံဃာတော်တွေနဲ့ မယ်သီလရှင်တစ်ပါး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၀ ဦးကျော်လောက် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ လွတ်မြောက်လာတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ စမ်းချောင်းမြို့နယ် အဲန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးသက်ဝေ က အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်သား အားလုံးကိုလည်း လွှတ်ပေးဖို့ လိုလားပြီးတော့ အကျဉ်းထောင်တွင်းက အခြေအနေ ဆိုးရွားမှုအကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မအေးအေးမာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြန်လွတ်လာတဲ့ လူတွေထဲမှာ မြစ်ကြီးနားထောင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အင်းစိန်ထောင်ကဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်မြို့နယ် ဥက္ကဌ ဦးသက်ဝေ၊ ၂၀၀၃ ခုနှစ် ကတည်းက ဖမ်းဆီးခံထားရတဲ့ သံဃာတော် ၇ ပါးနဲ့ မြို့တော်ခမ်းမရှေ့မှာ ဖမ်းဆီးခံရတဲ့ မယ်သီလရှင် ၁ ပါး နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးပေါင်း ၁၂ ဦးလို့ သိရပါတယ်။ ဒီအထဲမှာ ရခိုင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့က ခိုင်ဘမြင့်၊ ဗကသ များအဖွဲ့ချုပ်က ကိုထွန်းဇော်ဌေး ခေါ် ကိုထွန်းထွန်း တို့လည်း ပါဝင်ပါတယ်။ ပြန်လွတ်လာတဲ့ အခြေအနေကိုတော့ ဦးသက်ဝေ က အခုလို ရှင်းပြပါတယ်။

“သူတို့ကတော့ အကျဉ်းထောင်လက်စွဲ ဥပဒေပုဒ်မ (၄၀၁/၁) အရ လွတ်ငြိမ်းချမ်းသာ နဲ့ ပြန်လွှတ်ပေးတယ်လို့ ကျနော့်ကို ပြောပါတယ်။ ဒီအပေါ်မှာကတော့ အခုလို လွှတ်ပေးတယ်ဆိုတာကတော့ ကြိုဆိုရမှာပေါ့ဗျာ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာလည်း အများကြီး ကျန်နေသေးတယ်။ အဲဒါတွေလည်း ဆက်ပြီးတော့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ဆက်ပြီးတော့ လွှတ်ပေးစေချင်တယ်ပေါ့ဗျာ။”

အင်းစိန်ထောင်တွင်းက အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လို ရှိပါသလဲ ဆိုတာကိုလည်း မေးမြန်းကြည့်ခဲ့ပါတယ်။

“ကျန်းမာရေး ဆေးဝါးကုသမှုကိစ္စကတော့ အားနည်းတယ်ဗျာ။ အခုဟာက တိုက်ထဲမှာက လမ်းလျှောက်ဖို့အချိန်ကလည်း နည်းပါးတယ်။ လမ်းလျှောက်ဖို့အချိန် နည်းပါးတဲ့အပြင်ကို လမ်းလျှောက်ဖို့အချိန်က နည်းပါးတဲ့အတွက် မဆင်းလို့ ဆိုပြီးတော့ လမ်းမလျှောက်ကြလို့ ဆိုပြီးတော့ တိုက်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊ ဒီ (၁) တိုက်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နောက်ထပ်ပေါ့ဗျာ အကျဉ်းပိတ်လိုက်တယ်။ အကျဉ်းပိတ်လိုက်တယ် ဆိုတာက နောက်ထပ်ပေါ့ဗျာ။ ၁၀ ပေ ပတ်လည်ပေါ့ အဲဒါ အကျဉ်းပိတ်လိုက်တယ်။ ရေချိုးလည်း ပိတ်ထားတယ်။ ဒီနေ့ပဲ ကျနော် ထောင်အာဏာပိုင်နဲ့ တွေ့ပြီးတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြစ်မှုကျူးလွန်တာ ထောင်ဥပဒေတွေ ချိုးဖောက်တာ မရှိတဲ့အတွက် ဒီကိစ္စကို ဒီလို အကျဉ်းပိတ်တဲ့ကိစ္စဟာ မသင့်တော်ဘူး။ ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်နိုင်တယ် ဆိုပြီး ကျနော် တင်ပြထားခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ သူတို့က ခံဝန်လက်မှတ် ရေးထိုးမှ ဒီ အကျဉ်းပိတ်တာကနေ ပြန်ပြီးတော့ ဖွင့်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဒါ ထောင်အာဏာပိုင် ဦးခင်မောင်ကြည် ကနေ ပြောတာပေါ့ဗျာ။”

အလားတူပဲ ၂၀၀၃ ခုနှစ်ကတည်းက ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သံဃာ ၇ ပါးထဲကတော့ ပုဒ်မ (၅/ည)၊ ပုဒ်မ (၆/က)၊ ပုဒ်မ (၂၉၅) စတဲ့ ပုဒ်မတွေနဲ့ သူတို့ဟာ ထောင်ချခံရတာဖြစ်ပြီး ဒီအထဲက တချို့ဟာ ၂၀၀၃ ခုနှစ်က သံဃာတွေ ညမထွက်ရ ဆိုတဲ့အချိန်မှာ တိုင်းမှူးလာတဲ့အချိန် သူတို့ ဖမ်းဆီးခံရတာ ဖြစ်ကြောင်း ပြန်လွတ်လာတဲ့ သံဃာတွေရဲ့ စာရင်းနဲ့အတူ သူတို့ရဲ့ အခြေအနေကို အခုလို ရှင်းပြပါတယ်။

“နိုင်ငံတော်ပိုင် ယာဉ်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှုပေါ့။ တိုင်းမှူး မြင့်ဆွေ ကားနဲ့ လုံခြုံရေးကားကို ကျနော်တို့ ခဲ နဲ့ ပစ်ပေါက်မိလို့ပါ။ ကျော်မိုး (ခ) ဦးသိရိန္ဒ ၀ံသမေဒနီ စာသင်တိုက်ကပါခင်ဗျာ။ ထွန်းထွန်း (ခ) ဦးဓမ္မိကကလည်း ၀ံသမေဒနီ ကျောင်းတိုက်ကပါပဲ ခင်ဗျာ။ မောင်ဇော် (ခ) ဦးတိခ္က၀ိန္ဒြာယ၊ သူက ရွှေတောင်ကျောင်းတိုက်ကပါခင်ဗျာ စမ်းချောင်း ရွှေတောင် ကပါခင်ဗျ။ ကျော်မင်းသက် (ခ) ဦးကေသရ ကလည်း ရွှေတောင်ကပါပဲခင်ဗျာ။ အေးထွန်းသာ (ခ) ဦးအင်္ဂုရ က စန္ဒသူရိယကျောင်း ရန်ကင်းကပါခင်ဗျာ။ အောင်ကိုကို (ခ) ဦးအာဒိစ္စ၊ မင်းဇော်အောင် (ခ) ဦးမကိန္ဒ က ခရမ်းမြို့နယ် ကိုင်းကုန်း ကျောင်းတိုက်ကပါ ခင်ဗျာ။”

ဒါကတော့ ပြန်လွတ်လာခဲ့တဲ့ သံဃာ ခုနှစ်ပါးထဲက တစ်ပါး ပြောကြားသွားခဲ့တာပါ။ ( ဗွီအိုအေ )

Saturday, February 21, 2009

အန်အယ်လ်ဒီနှင့်စစ်အစိုးရ တွေ့ဆုံဖို့အရေး ခပ်ဝေးဝေး

မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အန်အယ်လ်ဒီတို့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားဘဲ မြန်မြန်ဆန်ဆန် ဆွေးနွေးကြရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌက ယမန်နေ့က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံဆွေးနွေး အပြီးတွင် အထွေထွေညီလာခံ ဥက္ကဋ္ဌ မီးဂဲလ်ဒက်စကိုတို က ယင်းကဲ့သို့ တောင်းဆိုလိုက် ခြင်းဖြစ်သည်။

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တင်ပြခဲ့သည့် အကြံပေးချက်များအရ ခိုင်မာ သည့် ရလဒ်ကောင်းများပေါ်ထွက်အောင် လုပ်သည့်နည်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ ဆောင်ရွက်ပေးမှုအား ပူးပေါင်းလုပ်ကိုင်ပါမည်ဆိုသည့် မိမိတို့ကတိကို အကောင်အထည် ဖော်ပြသရန် အခွင့်အရေးကောင်းတခု ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရန် စစ်အစိုးရအား မစ္စတာဒက်စကိုတိုက ဆက်လက်တိုက်တွန်းထားသည်။

အထွေထွေညီလာခံ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ယင်းညီလာခံမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်များမှ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လေးစားရေး၊ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ပေါ်ထွန်းလာအောင် အထွေထွေညီလာခံ၏ အဆက်မပြတ်လုပ်ကိုင်နေမှုကို ထပ်လောင်းအတည်ပြုစေသည်။ ထို့အပြင် မစ္စတာဂမ်ဘာရီ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ ဆောင်ရွက်မှုကို အထွေထွေညီလာခံ ဥက္ကဋ္ဌက ဆက်လက်ထောက်ခံနေကြောင်း ထပ်လောင်းပြသခြင်းလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏အခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်။

စစ်အစိုးရနှင့် အန်အယ်လ်ဒီတို့ တွေ့ဆုံဆွေးနွေးရန် အထွေထွေညီလာခံဥက္ကဋ္ဌက တောင်းဆို နေသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာယူထားသမျှ ကာလပတ်လုံး တွေ့ဆုံဆွေးနွေး ပွဲဖြစ်ရန် အလားအလာနည်းသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ခေတ်ပြိုင် သို့ ပြောသည်။ ( ခေတ်ပြိုင် )

အကျဉ်းသား ၆,၀၀၀ ကျော် လွှတ်မည်

မြန်မာနိုင်ငံမှာ အကျဉ်းသား ၆,၀၀၀ ကျော် လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ က ကြေညာသွားပါတယ်။ လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မလား၊ ဘယ်နှစ်ယောက်လောက် ပါဝင်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လူသားချင်း စာနာထောက်ထားမှု အကြောင်းအချက်တွေရယ်၊ အကျဉ်းသားတွေရဲ့ မိသားစုတွေကို စာနာပြီးတော့ရယ် အစိုးရက စိတ်ကောင်းစေတနာ နဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ အစိုးရရဲ့ ည ၈ နာရီ ရုပ်မြင်သံကြားသတင်းမှာ ကြေညာသွားပါတယ်။

အကျဉ်းသားတွေကို မနက်ဖြန် စနေနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စလွှတ်ပေးမှာဖြစ်တယ်လို့ ကြေညာပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်သွားပြီး နောက်တရက်မှာပဲ အခုလို ကြေညာချက်ထွက်လာတာပါ။ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော၊ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ဆုံခွင့်မရခဲ့ပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေကို တဖြည်းဖြည်း ပြန်လွှတ်ပေးဖို့ သူက အဆိုပြုတာကို မြန်မာပြည်ထဲရေး ၀န်ကြီးက စဉ်းစားမယ်လို့ ပြောခဲ့ကြောင်း မစ္စတာ ကင်တားနား က ပြောပါတယ်။ ( ဗွီအိုအေ )

Friday, February 20, 2009

မြန်မာ့အရေး လုံခြုံရေးကောင်စီဆွေးနွေးမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမယ့် သောကြာနေ့ကျရင် အစီရင်ခံဖို့ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးဟာ မစ္စတာ ဂမ်ဘာရီလောက်နဲ့ မပြီးဘဲ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ၀င်ရောက် ကိုင်တွယ်ရမယ့် အခြေအနေမို့ လုံခြုံရေး ကောင်စီကို မစ္စတာ ဘန်ကီမွန်းသွားဖို့ အခြေအနေတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအအဖွဲ့က ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဒီလဆန်းမှာ သွားရောက်ခဲ့တဲ့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် အကြံပေး မစ္စတာ ဂမ်ဘာရီဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အစီရင်ခံတော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ မစ္စစွန်အာချွိုင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ နောက်ဆုံး သွားခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး သောကြာနေ့ လုံခြုံရေး ကောင်စီမှာ တံခါးပိတ် ဆွေးနွေးဖို့ ရှိပါတယ်။ ဆွေးနွေးပွဲ ပြီးရင်လည်း သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ မရှိပါဘူး။ ဒါပေမယ့် သတင်းထောက်တွေ မေးတဲ့ မေးခွန်းတခု နှစ်ခုကိုတော့ သူဖြေချင်ဖြေပါလိမ့်မယ်။

မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သဘောထားတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချု့ပ်ရဲ့ သဘောထားတွေကို ကုလသမဂ္ဂက အကြံပြုထားတဲ့ အချက်အလက်တွေကို သောကြာနေ့က အစီရင် ခံမှာမို လုံခြုံရေး ကောင်စီက အရေးယူ ဆောင်ရွက်လာနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး NCGUBအဖွဲ့ ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကို မေးကြည့်ပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာမှ ရလာဒ် တိတိကျကျ ထွက်လာတာ မရှိပါဘူး။ လုံခြုံရေး ကောင်စီအနေနဲ့ ဘာဆက်လုပ်ကြမလဲဆိုတာတဲ့ အပိုင်းကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နယူယောက်မှာ ရှိတဲ့ သံတမန် အသိုင်းအ၀ိုင်းမှာ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံ အရေးကိစ္စကို ကြားဝင်ဆောင်ရွက်လာတာ နှစ်အချို့ ရှိလာပြီ၊ ရလာဒ် တစုံတရာ ထွက်မလာတဲ့အပြင် နအဖ ဘက်က ဆက်ပြီး ခေါင်းမာမာနဲ့ ရပ်တည် နေတယ်။ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း ဆက်ပြီးသွားမယ်ဆိုတဲ့ အပိုင်းတွေမှာ မစ္စတာ ဂမ်ဘာရီတွင်မကဘဲ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် သွားပြီး ကြားဝင်ဆောင်ရွက်ရင်ကောင်းမလားဆိုတဲ့ ဆွေးနွေးချက်တွေ ရှိတာပေါ့။ NLDရဲ့ သဘောထားကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်နိုင်မယ့် အခြေအနေရှိမှ မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာသင့်တယ်ဆိုတာတွေ သိရတယ်။ ဘယ်လို အခြေအနေအောက်မှာ ဘန်ကီမွန်း သွားသင့်သလဲဆိုတာတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ကြည့်လိုက်တဲ့အခါ မစ္စတာ ဂမ်ဘာရီအနေလောက်နဲ့ ထူးလာမယ့် အခြေအနေကို မတွေ့ဘူး။ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ဆောင်ရွက်ဖို့ ဆိုတဲ့ လမ်းကြောင်းပဲ ကျန်တော့တာပေါ့။ အထွေထွေ အတွင်းရေးမှူးချုပ်ဆိုတာ အကြီးဆုံးဆိုတော့။ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် သွားရင်လည်း နအဖက အပေါ်ယံလောက်နဲ့ လူကြားကောင်းယုံလောက် တွေ့ဆုံမယ်။ ယူအင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် တုန့်ပြန်တာတို့ မဖြစ်ခဲ့ဘူးဆိုရင်၊ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို နအဖက တလွဲသုံးတဲ့ အနေအထားမျိုးတွေကို စိုးရိမ်ကြတာတွေ ရှိပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဆောင်ရွက်သင့်တာတော့ မှန်တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ရလာဒ်ရဖို့ လိုတယ်။ ရလာဒ်ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်လာတာ ရှိမယ်၊ တွေ့ဆုံဆွေးနွေးပွဲ ပြန်ဖြစ်လာတာ တွေ ရှိမယ်။ ဒီလို ရလာဒ် ဖြစ်ဖို့ဆိုရင် မသွားခင်ကတည်းက ပြင်ပြင်ဆင်ဆင်ရှိဖို့လိုတယ်။ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေ တရုတ်တို့ အိန္ဒိယတို့ အာစီယံ ဒေသတွင်းနိုင်ငံတွေဘက်က အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ အပြည့်အ၀ လက်တွဲ ဆောင်ရွက်ဖို့ လိုတယ်။ ယူအင်ရဲ့ အကြံပြုချက်တွေကို နအဖကနေပြီး အပြုသဘော တုန့်ပြန်လာအောင် ဖိအားပေးမှုတွေ ပေးဖို့လိုတယ်။ ( ဗွီအိုအေ )

Thursday, February 19, 2009

မြန်မာပြည်၏ အခြေခံပညာ အထက်တန်း သင်ရိုးသစ်

၁၈ ဖေဖေါ်ဝါရီ ရန်ကုန် ညွှန့် သက်ထားဦး

လာမည့် နှစ် ၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်တွင် အထက်တန်း သင်ရိုးညွှန်းတမ်းများပြောင်း လဲမည်အခြေခံပညာဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။အထကက်တန်းအဆင့်ကိုသာပြောင်းလဲမည့် သင်ရိုးညွှန်းတမ်းတွင် လက်ရှိဘာသာရပ်များအပြင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကိုပါထည့်သွင်းသင်ကြားရမည်ဟုပါရှိသည်


အခြေခံပညာဦးစီးဌာနကထည့်သွင်းသင်ကြားမည့် အသက်မွေးဝမ်းကျောင်းဘာသာရပ်များမှာ
ယောင်္ကျားကလေးများအတွက်စက်မှုလက်မှုနှင့်သက်ဆိုင်သည့်ဘာသာရပ်များနှင့်မိန်းကလေး
များအတွက် မုန့် လုပ်နည်း၊
သိုးမွေးထိုးနှင့်အိမ်တွင်းမှုနှင့်သက်ဆိုင်သောဘာသာရပ်များဖြစ်သည်။

ထိုကဲ့သို့ မကြာခဏပြောင်းလဲနေသောပညာရေးစနစ်ကြောင့် ဆရာ၊ဆရာမများအပြင် ကျောင်းသူ ကျောင်းသားများပါဒုက္ခရောက်ရသည်ဟုကျောင်းသားမိဘ တစ်ဦးကပြော
သည်။

ယခုကဲ့သို့  အသက်မွေးဝမ်းကျောင်းပညာရပ်များကိုထည့်သွင်းခြင်းသည် မြန်မာနိုင်ငံ၏ပညာ
ရေးစနစ်နိမ့်ကျနေကြောင်းကို ဖေါ်ပြရာရောက်ကြောင်း အ ထ က (၁)ဒဂုံမှ ဆရာမ တစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထူးကြေငြာချက်အမှတ် ၂ / ၀၂ / ၀၉

Wednesday, February 18, 2009

မြန်မာ့အရေး ပိုမိုထိရောက်တဲ့နည်းလမ်း အမေရိကန်အစိုးရ ရှာဖွေနေ

မြန်မာစစ်အစိုးရကို စည်းရုံးဆွဲဆောင်ရေး နည်းလမ်းတွေရှာဖွေဖို့အတွက် မြန်မာနိုင်ငံ
နဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒကို အမြင်သစ်တမျိုးနဲ့ ကြည့်ရှုနေတယ်လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်
ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှာ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတခုအတွင်း
မစ္စစ်ကလင်တန်က အဲဒီလိုပြောခဲ့တာပါ။

မြန်မာလူထုအပေါ် စိုးရိမ်စိတ်နဲ့ ဂရုတစိုက်ရှိတဲ့အတွက် မိမိတို့ရဲ့ မူဝါဒကို ပြန်သုံးသပ်
နေပါတယ်လို့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မစ္စစ်ကလင်တန်က ပြောသွားပါ
တယ်။

လက်ရှိ မြန်မာအစိုးရကို ဆွဲဆောင်စည်းရုံးဖို့ ဘယ်လိုလုပ်ဆောင်ရင် ရမယ်ဆိုတာ
သုံးသပ်နေကြောင်းနဲ့ မြန်မာလူထုကို ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်အောင်
နည်းလမ်းတွေ ရှာဖွေနေတယ်လို့လည်း ပြောသွားပါတယ်။ အဲဒီလို ထိရောက်မှုရှိမယ့်
မူဝါဒတခု ရလာလိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း မစ္စစ်ကလင်တန်က ပြောသွား
ပါသေးတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သူတို့ရဲ့ ကိုယ်ပိုင်
တိုင်းပြည်မှာ လွတ်လွတ်လပ်လပ် နေထိုင်နေကြတဲ့နေ့ကိုလည်း မြင်တွေ့လိုကြောင်း
ပြောသွားပါတယ်။ ( ဗွီအိုအေ )

Saturday, February 14, 2009

အဲန်အယ်လ်ဒီ အမတ် ၂ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ကို ဒီကနေ့ပဲ မြန်မာစစ်အစိုးရရဲ့ တရားရုံးတခုကနေ နှစ်ရှည်ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ပါတယ်။ ဥပဒေအကျိုးဆောင်ပေးမယ့် ရှေ့နေတွေ မိသားစုတွေ တက်ရောက်ကြားနာခွင့်မရှိဘဲနဲ့ အခုလို ပြစ်ဒဏ်ပေး စီရင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီကနေ့ တရားစီရင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ဖြစ်တဲ့ ဦးညီပု နဲ့ ဒေါက်တာ တင်မင်းထွဋ် တို့ကို ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံးတခုကနေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ လျှပ်စစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ နောက် မြန်မာစစ်အစိုးရရဲ့ အမျိုးသားညီလာခံ လုပ်ငန်းကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ စတာတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သူတို့ ၂ ဦး ကို ထောင်ဒဏ် ၁၅ နှစ်စီ အပြစ်ပေးလိုက်တာလို့ ဒီကနေ့ပဲ အင်းစိန်ထောင်ကို သွားရောက်စုံစမ်းခဲ့တဲ့ ဦးညီပု ရဲ့ သားဖြစ်သူ ကိုခိုင်ဝင်းလှိုင် က ပြောပါတယ်။

“၁၅ နှစ်ပါခင်ဗျာ။ အမှု သုံးခုပေါင်းပေါ့။ ၅၀၅/ခ ရယ်၊ အီလက်ထရောနစ် ရယ်၊ ညီလာခံ ရယ် ပေါင်းချလိုက်တာပေါ့။ နှစ်ယောက်စလုံးကို ချတာခင်ဗျ။ လောလောဆယ်တော့ ၁၅ နှစ်လို့ပဲ သိရသေးတယ်။ သုံးခုပေါင်းကို ၁၅ နှစ်ပေါ့ အကုန်လုံးပေါ့နော် တပေါင်းတည်းကျခံစေ ဆိုပြီးတော့။ တရားရုံးကိုက ၀င်လို့ မရဘူးလေ။ မိသားစုလည်း ၀င်လို့လည်း မရဘူး။ ဘာမှလုပ်လို့မရဘူး။”

အဲန်အယ်လ်ဒီ ပါတီရဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပု နဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွဋ် တို့ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးတခုကနေ စီရင်ချက် ချလိုက်တဲ့အကြောင်း ဦးညီပု ရဲ့ သားဖြစ်သူ ကိုခိုင်ဝင်းလှိုင် ပြောပြခဲ့တာပါ။ သူတို့နှစ်ဦးဟာ မြန်မာ့နိုင်ငံရေးမှာ တိုးတက်ပြောင်လဲအောင် ပိုပြီးဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ တိုက်တွန်းတောင်းဆိုစာ ရေးပို့ရာမှာ ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့နောက် ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်း ထောင်တွင်းသီးသန့် တရားခွင်တွေမှာ ဥပဒေ အကျိုးဆောင်တွေလည်း လိုက်ပါ ဆောင်ရွက်ခွင့်မရ၊ မိသားစုလည်း ကြားနာခွင့်မပြုဘဲ အာဏာပိုင်တွေက အခုနောက်ဆုံး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။ ဒီလို စီရင်ခဲ့တာဟာဖြင့် တဖက်သတ် ဆုံးဖြတ်စီရင်မှုအဖြစ် သူတို့ ၂ ဦး အမှုအတွက် ဥပဒေ အကျိုးဆောင်ပေးဖို့ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံထားရတဲ့ ရှေ့နေတဦးဖြစ်သူ ဦးကျော်ဟိုး က ဒီလို စီရင်ခဲ့တာဟာ တဖက်သတ်ဆုံးဖြတ်စီရင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

“တရားခွင်ထဲဝင်လို့မရအောင် သူက ထောင်ဝကနေ ပိတ်ထားကို ဘယ်လိုလုပ်မလဲ။ ကျနော်တို့ ဇန်န၀ါရီလကတည်းကပဲ၊ မပေးတာက ထောင်အာဏာပိုင် ထောင်ပိုင်ကြီးက မပေးတာ။ ဘာဖြစ်လို့ တားရလဲ ဆိုတော့တဲ့ ကျနော်တို့ မေးကြည့်တာပေါ့ဗျာ ဘာလို့တားသလဲဆိုပြီးတော့၊ - အဲဒါ သတင်းတပ်ဖွဲ့ဌာနက တရာစွဲဌာနက တားခိုင်းလို့ တားရတယ် ဆိုပြီးတော့ အဲဒီလိုပဲ ပြန်ပြောတာပဲ။ ကျနော်တို့ကတော့ ဘာမှမလုပ်ပေးနိုင်ဘူးပေါ့။ ကျနော်တို့ ၀င်လို့မှမရတာ။ သူတို့က ရှေ့နေမပါဘဲ အမှုသွားနေတဲ့သဘော ရှိတာကိုး။ တရားစီရင်ခံရတဲ့ အမှုသည်တွေက ဘယ် နားလည်မလဲ။ အဲဒါတွေက ကျွမ်းကျင်တဲ့သူပဲ နားလည်မှာကိုး။ ဆိုတော့ သူတို့မရှိတဲ့အခါကျတော့ ခုနကပြောတဲ့ အမှန်တရားလည်း ပေါ်စရာအကြောင်းလည်း မရှိဘူး။ အမှန်တရားဆိုတာက ကျနော်တို့ပြောတာ အမှုမှန်ပေါ့၊ အမှုမှန် ပေါ်ဖို့အတွက်က တရားခံရှေ့နေ ရှိရမယ်။ တရားလိုရှေ့နေ ရှိရမယ်။ နှစ်ဖက်ရှိမှသာ အမှုမှန်က ပေါ်မှာပေါ့။ အခုဆိုရင် အမှုသာပြီးသွားတယ်။ အမှုမှန်တယ်၊ မမှန်ဘူးဆိုတာ ဘယ်လိုလုပ်ပြောလို့ရမလဲ။”

အခုလို အဲန်အယ်လ်ဒီပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အနေနဲ့ ဥပဒေကြောင်းအရ ခံစားခွင့်တွေ မရဘဲ အရေးယူ အပြစ်ပေးခဲ့တဲ့ တရားခွင်တွေဟာဖြင့် ဥပဒေနဲ့ မညီသလို တရားမျှတမှု ကင်းမဲ့ရာ ရောက်နေတယ်လို့လည်း ပါတီပြောခွင့်ရသူ တဦးလည်းဖြစ် ဥပဒေပညာရှင် တဦးလည်းဖြစ်တဲ့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

“အမှု အစကနေအဆုံး တောက်လျှောက် ရှေ့နေမပါဘဲနဲ့ လျှိ့ဝှက်စစ်ပြီးတော့
လျှို့ဝှက်ချသွားတဲ့သဘောပါ။ ဒါဟာ လုံးဝ တရားမျှတမှု မရှိဘူး။ ဥပဒေနဲ့လည်း ညီညွှတ်မှုမရှိဘူး။ အဲဒီလို ပြောချင်တယ်။”

တကယ်တော့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ နဲ့ ဒီလဆန်းပိုင်း တွေ့တုန်းက မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့နေတာတွေ၊ ဥပဒေကပေးထားတဲ့ ခံစားခွင့်တွေကို မရနိုင်ဘဲ ဖြစ်နေရတာတွေကိုလည်း အတိုက်အခံတွေဖက်က ပြောခဲ့တာပါ။ ဒီလို ပြောဆိုနေတဲ့ ကြားကပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့ ရှေ့နေရှေ့ရပ်တွေ လိုက်ပါဆောင်ရွက်ခွင့်မပေးဘဲ ပြစ်ဒဏ်စီရင်တာတွေကို ဆက်လက်လုပ်ဆောင် နေခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေ အတွင်းမှာဆိုရင်လည်းပဲ တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တချို့ကို ဥပဒေ အကျိုးဆောင်တွေ လိုက်ပါဆောင်ရွက်ခွင့်မရဘဲ ဒီလိုထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ခဲ့တာတွေ ရှိခဲ့သလို၊ ဒီလို ပြစ်ဒဏ်စီရင်ခံရဦးမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရသူတွေလည်း ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ဦးတင်ဦး နေအိမ်အကျယ်ချုပ် သက်တမ်းတိုး

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် နောက်ထပ် သက်တမ်းတစ်နှစ် ထပ်ပြီးတော့တိုးလိုက်ပါတယ်။ ဒီလို သက်တမ်းတိုးတာဟာ ဥပဒေနဲ့ မကိုက်ညီတဲ့အကြောင်း အဲန်အယ်လ်ဒီ က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း က ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက အခုလို အတည်ပြု ပြောဆိုခဲ့ပါတယ်။

“ဒီနေ့ နောက်ထပ် တစ်နှစ်တိုးတယ်ဆိုပြီးတော့ ဒီညနေပိုင်းမှာပဲ ကျနော်တို့ သတင်းကြားပါတယ်။”
ဦးတင်ဦး က အခုဆိုရင် နေအိမ်အကျယ်ချုပ်က ဘယ်လောက်ရှိသွားပါပြီလဲခင်ဗျ။ အဲဒီလို သက်တမ်းတိုးတာကရော ဘယ်နှစ်ကြိမ် ရှိပါပြီလဲခင်ဗျာ။

“ကျနော် မှတ်မိသလောက်တော့ စတာက ၂၀၀၉ ခုနှစ် ကျနော်တို့ မေလ ၃၀ ရက်နေ့ပေါ့။ အဲဒီကတည်းက ဦးတင်ဦး က အခုထိ ထိန်းသိမ်းခံနေရတယ်။ ကြားတာကတော့ ပထမတစ်နှစ်က ကလေးထောင်မှာ။ အခု ကျန်တဲ့ကာလက အိမ်မှာ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် အခုဆိုရင် အမှန်တကယ် ဥပဒေအရ ကျနော်တို့မြင်တဲ့ ဥပဒေအရ ကျနော်တို့ ၅ နှစ်ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ ၅ နှစ်ဆိုတာက ကျနော်တို့ ဒီဥပဒေနဲ့ အရေးယူတဲ့ကာလ အားလုံးကို စုစုပေါင်းလို့ ကျနော်တို့ ဒီလို တွက်ပါတယ်။ အဲဒီတော့ တဖက်ကတော့ဗျာ၊ တဖက်ကဆိုတာက လက်ရှိ အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေ ကတော့ သူတို့ရဲ့ ဆောင်းပါးတွေအရ သူတို့က အဲဒီလို မယူဘူး။ ဒါပေမယ်လို့ ဒီဥစ္စာဟာ ဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုတဲ့နေရာမှာ တိတိကျကျ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတဲ့ နမူနာလည်း မရှိပါဘူး။”

ဟုတ်ကဲ့ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ အယူခံတင်တာတို့၊ ဥပဒေကြောင်းအရ လုပ်နေတာတို့ ကျနော်တို့တွေ ကြားသိရပါတယ်။ ဦးတင်ဦး နေအိမ်အကျယ်ချုပ် ကိစ္စနဲ့ပတ်သက်လို့ရော အဲဒီလိုမျိုး လုပ်နေတာမျိုးတွေ ရှိပါသလားခင်ဗျာ။ -

“ကျနော်တို့ အဲဒီလိုလုပ်ဖို့ လုပ်ပေးမယ်ဆိုတဲ့ အခြေအနေ အရပ်ရပ်ကိုတော့ ကျနော်တို့ သတင်းပို့ထားတာ ရှိပါတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုက ရှေ့က စံပြအမှုအနေနဲ့ ကျနော်တို့ ဆောင်ရွက်တာပါ။ အဲဒီဆောင်ရွက်တဲ့ စံပြအမှုမှာကိုပဲ အခု အောက်တိုဘာလ ၉ ရက်နေ့က ကြေညာခဲ့တဲ့ အယူခံဟာ ဒီနေ့အထိ ကြားနာခွင့် မရသေးပါဘူး။”

ဟုတ်ကဲ့ခင်ဗျ။ အခု ဦးတင်ဦး က အသက်အရွယ်အရလည်း ပိုပြီးတော့ ကြီးရင့်ပြီးတော့ ကျန်းမာရေးအရလည်း မကောင်းဘူးလို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ ဦးတင်ဦး နေအိမ်အကျယ်ချုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ရော တခုခုလုပ်ဖို့ အစီအစဉ် ရှိပါသေးသလားခင်ဗျာ။ -

“ကျနော်တို့ ဒါကတော့ လူကြီးတွေ အဆုံးအဖြတ် ပြုပါလိမ့်မယ်။ ဥပဒေအရ ဆောင်ရွက်နိုင်တာ၊ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သင့်တာတွေ ဒါတွေကိုတော့ ကျနော်တို့ အသိပေးထားပြီးသားဖြစ်ပါတယ်။”

ဟုတ်ကဲ့ခင်ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ လက်မှတ်ထိုးလှုပ်ရှားတဲ့ လှုပ်ရှားမှုတခုလုပ်တယ်ဆိုပြီးတော့ သတင်းထုတ်ပြန်ထားပါတယ်။ အခုလိုအချိန်မျိုးမှာမှ အခု ဦးတင်ဦး ကို နေအိမ်အကျယ်ချုပ် နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်တဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲခင်ဗျ။ -

ဥပဒေအရ နောက်ထပ် တိုးချဲ့တာတွေက တရားမ၀င်တော့ဘူးလို့ ကျနော်တို့ အဲဒီလိုပဲ မြင်ပါတယ်။ အဲဒီတော့ ဥပဒေနဲ့ မညီဘူးပေါ့။ ဥပဒေနဲ့မညီဘဲ ဆက်လက်ချုပ်နှောင်တယ်လို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။”

အဲန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦး ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်ပြီးတိုးခဲ့တာနဲ့ ပတ်သက်လို့ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာဖြစ်ပါတယ်။ ( ဗွီအိုအေ )

Thursday, February 12, 2009

မိတ်ဆွေများ ကွန်ပျူတာသုံးရင် သိထားသင့်တဲ့အချက်

မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ keylogger ဟုခေါ်သည့်ဆော့ဖ်ဝဲများထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအားဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။
keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှ မှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများအစရှိသဖြင့်အစစအရာရာအားအတိအကျပင် ၄င်းကမှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)ထိုကဲ့သို့သောဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင်သွင်းထားပြီး လာရောက်သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထားနိုင်၍မိမိတို့အနေဖြင့်ဆိုင်ဘာကဖီးသို့မဟုတ်တစ်ပါးသူ၏ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက အကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။
မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များအားသူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ .. ။
ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။
Task manager ၀င်းဒိုးတက်လာပါက
Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။
ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။
ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့်ငှင်းလုပ်ဆောင်နေသည့်လုပ်ငန်းတွေအားလုံး
ပြီးဆုံးသွားပြီးမိမိလုပ်ကိုင်နေသည်များကိုလဲမှတ်ထားတော့မည်မဟုတ်တော့ပါ။
Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပ်ါသည်။အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေအနေနှင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကိုရီကော့လုပ်တာလဲဆိုခြင်းကိုမသိနိုင်၍အန္တရာယ်ကင်းဘေးရှင်း ၄င်း process tab ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။
အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။ စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသောအင်တာနက်ဆိုင်ကိုသာ သွားရောက်အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့်အတန်းငှင်းဆိုင်တွင်အသင့်အတင့်မြင့်နေပြီဖြစ်၍ တော်ရုံမဟုတ်တော့ဘူးဟူ၍ယူဆလို့ရနိုင်နေပါသည်။ ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာတင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။ ငှင်းတို့အားသုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။ ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာကျမည်ဖြစ်ပါသည်။
ယခုပို့စ်လေးကို ရေးပြီးမိတ်ဆွေတို့အားလုံးကိုပို့ရတဲ့အကြောင်းရင်းမှ့ာပြီးခဲ့တဲ့တစ်ရက်ကပဲ ကျွန်တော့်ကိုပြည်တွင်းမှတတ်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ယောက်မှနေ၍ ရန်ကုန်ုမြို့တာမွေမြို့နယ်ကျောက်မြောင်းအရပ်တွင်ရှိသောအင်တာနက်ဆိုင်တစ်ဆိုင်တွင် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနှင့်အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့်တကွ အဖမ်းခံရတယ်ဟုပြောပြခဲ့၍ အခြားသောပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ အနှေနှင့်နည်းပညာပိုင်းအရရှောင်လွှဲလို့ရနိုင်တဲ့အချက်လေးတစ်ချက်အဖြစ်နဲ့တစ်ဘက်တစ်လမ်းကနေအထောက်အကူ ဖြစ်စေချင်လို့ပဲ ဖြစ်ပါသည်။ မိတ်ဆွေတို့ရဲ့ပြည်တွင်းအဆက်အသွယ်တွေကို ပြောပြရင်းး သူတို့ရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အထောက်အကူ ပြုကြပါလို့လည်း မေတ္တာရပ်ခံအပ်ပါသည်။ ( မျိုးချစ် )

Wednesday, February 11, 2009

နိုင်ငံရေးအကျဉ်းများ လွတ်မြောက်ရေး မန္တလေး အန်အယ်ဒီ ရှင်းလင်း

မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အရေးကြီးပုံကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် ရှင်းလင်းတင်ပြသည့် လှုပ်ရှားမှုကို မြို့နယ်အချို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက စတင် ပြုလုပ်နေပြီ ဖြစ်သည်။

နိုင်ငံတော်၏ လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ သံဃာတော်များ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အန်အယ်ဒီ အပါအ၀င် တိုင်းရင်းသားပါတီ ၇ ပါတီ၏ နှစ်ဆန်းတရက်နေ့ အထူးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်အား တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံရန် တိုက်တွန်းနှိုးဆော်သည့် ကြေညာချက်ကို အန်အယ်ဒီက ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့်အပေါ် လိုက်လံရှင်းပြနေခြင်း ဖြစ်သည်။

"လူထုထဲမှာ ဒီအယူအဆကို နားလည်သွားအောင်၊ လူထုက သူ့ဘာသာသူ ဆောင်ရွက်လာနိုင်အောင် လုပ်ဖို့ ဖြစ်တယ်။ တိုင်းအနေနဲ့ ဗဟိုရဲ့ ၁/၂၀၀၉ ထုတ်ပြန်ကြေညာကို ထောက်ခံပါတယ်။ အဖွဲ့ချုပ် ထုတ်ပြန်ကြေညာချက်ကလည်း ပြည်သူလူရဲ့ သဘောထားကို တောင်းတဲ့ သဘောထား ရှိတယ်" ဟု မန္တလေးတိုင်း အန်အယ်ဒီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပါတီတာဝန်ရှိသူများ၏ ယခုလို လှုပ်ရှားမှုမှာ စတင်ကာစ ဖြစ်နေသေးသလို အကျယ်အပြန့် မဟုတ်သေးဘဲ၊ သိုသိပ်စွာ ပြုလုပ်နေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

"ဒီနေ့ဖြစ်နေတာက ပြည်သူလူထုက နိုင်ငံရေစိတ်ဓာတ် နိုးကြားသော်လည်း သူတို့ဆန္ဒကို ဖော်ထုတ်ပြနိုင်ဖို့ အခွင့်အလမ်း အားနည်းနေတယ်။ အဲဒီတချက်ကို ကျနော်တို့ အဖွဲ့ချုပ်က ပြည်သူ့ဆန္ဒလေး သူ့အလိုလို ပေါ်ပေါက်လာနိုင်အောင် လမ်းကြောင်းပေးတဲ့ ဆောင်ရွက်ချက်လို့ ကျနော် မြင်တယ်။ အဲဒီအပေါ်မှာလည်း ပြည်သူလူထုက တပါတည်း လိုက်ပါဆောင်ရွက်သင့်တယ်လို့ ယုံကြည်ပါတယ်" ဟု သူက ဆက်ပြောသည်။

ပါတီ ၇ ပါတီ၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံသည့်အနေဖြင့် မလေးရှားနိုင်ငံ မြို့တော် ကွာလာလန်ပူရှိ မြန်မာရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲက ဆန္ဒပြပွဲတရပ်ကို ပြုလုပ်ခဲ့သည်။

ထို့အပြင် မကွေးတိုင်း အန်အယ်ဒီ လူငယ်တချို့ကလည်း ရေမီးပြဿနာ ပြေလည်ရေး လှုပ်ရှားမှုတရပ်ကို သုံးခွ၊ ရေနံချောင်းနှင့် ချောက်မြို့နယ်အတွင်း လက်မှတ်ထိုးသည့် ကန်ပိန်း ပြုလုပ်နေကြောင်း သိရသည်။

"မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လျှပ်စစ် မလုံလောက်မှုနဲ့ သောက်သုံးရေ မလုံလောက်မှုတွေကို ဖော်ထုတ်ပြီး မိမိတို့ရဲ့ ပြည်သူတွေ ခံစားနေရတဲ့ ရေမီးကိစ္စတွေ လုပ်ဆောင်ပေးဖို့ Signature (လက်မှတ်ရေးထိုး) အတွက် Campaign (လှုပ်ရှားမှု) တွေ လုပ်နေတယ်" ဟု ရေနံချောင်းမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဋ္ဌေးက ပြောသည်။

မြို့ပေါ်တွင် မြူနီစပယ်ဌာန အနေဖြင့် ရှေးခေတ်က ပိုက်ဟောင်းများကိုသာ ဆက်သုံးနေသဖြင့် ရေတက်နိုင်ခြင်း မရှိဘဲ သောက်ရေသုံးရေအတွက် အခက်အခဲရှိကြောင်းနှင့် ယခင်က သုံးရက်ခြားတခါ ရေလာသော်လည်း ယခုနောက်ပိုင်း ၁၀ ရက်ခြားတခါသာ ရေပေးဝေနိုင်တော့ကြောင်း သိရသည်။

ဒေသခံများအနေဖြင့် စက်ရေတွင်းများ ထားရှိကြသော်လည်း မီးမှာလည်း ပုံမှန် လာလေ့မရှိသဖြင့် ရေတင်ရန်ပင် အခက်အခဲရှိနေကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။

ပြီးခဲ့လအတွင်းက မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် ရွာလုံးကျွတ် မီးလောင်ခဲ့ရသလို၊ လွန်ခဲ့သည့် ၃ ရက်ခန့်လည်း ဖိုးကိုးအမည်ရ ကျေးရွာတွင် မီးလောင်ရာ မီးသတ်ကားအနေဖြင့် ရေရှားသဖြင့် မီးသတ်ရန် အခက်တွေ့ရသည်ဟု သူက ဆိုသည်။

"ကျမတို့ဆီမှာ သုံးတဲ့ အသုံးအနှုန်းတွေက ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှား၊ မလေးရှားဆိုတာ ရှိသလို၊ မြန်မာနိုင်ငံရဲ့ နာမည်က ရေမီးရှားလို့ ခေါ်နေတာတွေ ရှိတယ်" ဟု သူက ပြောသည်။ ( မဇ္ဈိမ )

Tuesday, February 10, 2009

ဒေါ်စုလွတ်မြောက်ရေး လူထုလှုပ်ရှားမှု ရန်ကုန်မှာစပြီ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အန်အယ်လ်ဒီ၏ လူထုပန်ကြားချက်ကို ထောက်ခံသည့်အနေဖြင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ နေရာအနှံ့တွင် စာတန်းများကပ်ပြီး ပိုစတာများ ချိတ်ဆွဲခဲ့သည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံခြင်းနှင့် လူထုတရပ်လုံး ပါဝင်လာအောင် နှိုးဆော်ထားသည့် ထုတ်ပြန်ကြေညာချက်များကို လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ရဲဘော်များက လမ်းဆုံလမ်းခွများတွင် လိုက်လံကပ်ခြင်း၊ ကြဲချခြင်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ဟု စုံစမ်းသိရသည်။

“ကျနော်တို့အနေနဲ့ကတော့ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ဘယ်အဖွဲ့စည်းကပဲ ဘာပဲလုပ်လုပ် ပြည်သူများအနေနဲ့ ပါဝင်ဆောင်ရွက်စေချင်ပါတယ်” ဟု အဆိုပါ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တွင် ပါဝင်သူ လူငယ်တဦးက ပြောကြားသည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို အကောင်းဆုံးမြေသြဇာအဖွဲ့ နှင့် လူထုတိုက်ပွဲ ဖော်ဆောင်ရေး ကော်မတီ (ရန်ကုန်တိုင်း) တို့ က ပူးပေါင်းဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့ စည်းစဉ်ကပင် လူထုအား အသိပေးလှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါလူငယ်က ဆက်လက်ပြောကြားသည်။

အန်အယ်လ်ဒီမှ ထုတ်ပြန်ထားချက်အရ ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်သည့်ကာလများမှ-
ပထမအကြိမ်- ၁၉၈၉ ခု ဇူလိုင် (၁၉) ရက်မှ ၁၉၉၅ ခု ဇူလိုင် (၁၀) ရက်ထိ၊
ဒုတိယအကြိမ်- ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၂၁) ရက်မှ ၂၀၀၂ ခု မေလ (၆) ရက်ထိ၊
တတိယအကြိမ်- ၂၀၀၃ ခု မေ (၃၀) ဒီပဲယင်းအရေးအခင်းမှ ယနေ့ထိ ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လူထုလှုပ်ရှားမှုကို လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံသည့်ပုံစံမျိုးမှ လူစုလူဝေးဖြင့် စစ်အစိုးရကို တောင်းဆိုသည့်ပုံစံမျိုးထိ နှစ်သက်ရာ ပုံစံမျိုးစုံဖြင့် ထောက်ခံနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောခဲ့သည်။ ( ခေတ်ပြိုင် )

ဗိုလ်ချုပ်အောင်ဆန်းစာမူများ ရွေးကောက်ပွဲမတိုင်မီ ပိတ်ထား

မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်အပြီးတွင် နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက စာပေစိစစ်ရေးရုံးတွင် အစည်းအဝေးတရပ်ကျင်းပကာ နိုင်ငံရေးစာပေများအပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်းသော စာအုပ်များကိုပါ ထုတ်ဝေခွင့်မပေးရန်တားမြစ်ခဲ့ကြောင်း စာပေစိစစ်ရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

အဆိုပါကိစ္စမှန်ကန်ကြောင်း ဖေဖော်ဝါရီ(၅)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဘ၀နှင့် ဓာတ်ပုံမှတ်တမ်းစာမူ ထုတ်ဝေခွင့်ပြုရန် စာပေစိစစ်ရေးရုံးက ပယ်ချခြင်းခံခဲ့ရသူ စာရေးဆရာ ဦးသန်းဝင်းလှိုင်က အတည်ပြုပြောဆိုသည်။

“တက္ကသိုလ်စိန်တင်ရေးတဲ့ ရဲဘော်သုံးကျိပ်မော်ကွန်းဆိုတဲ့ စာမူရယ်။ ကျနော်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဘ၀နှင့် ဓာတ်ပုံမှတ်တမ်း စာအုပ်ရယ်။အဲဒီ နှစ်အုပ်လုံးကို ရွေးကောက်ပွဲပြီးမှ ပြန်လည်စဉ်းစား ထုတ်ဝေခွင့်ပြုမယ်ဆိုတဲ့ မှတ်ချက်နဲ့ အပယ်ခံလိုက်ရတယ်။နောက် ဆရာ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ ၊ ဆရာမောင်ထင်ရဲ့ ဗမာ့နိုင်ငံရေးသုခမိန် ၊ ဦးနုရဲ့ ရက်စက်ပါပေ့ကွယ် ၊ နောက် တက္ကသိုလ်စိန်တင်ရေးတဲ့ အိုးဝေဦးညိုမြအကြောင်း အဲဒါတွေလည်း အပိတ်ခံရတယ်”ဟု ဦးသန်းဝင်းလှိုင်က ပြောသည်။

ပြည်တွင်းထုတ်စာအုပ်အားလုံးသည် စာပေစိစစ်ရေးရုံးကို ဖြတ်သန်းကြရပြီး လိုအပ်ပါက သမိုင်းဌာန ၊ သာသနာရေးဦးစီးဌာန စသည့် ဘာသာရပ်ဆိုင်ရာဌာနများ၏ ဖြတ်တောက်ပြင်ဆင်မှုများကိုလည်း ခံကြရသည်။ယင်းကဲ့သို့ သက်ဆိုင်ရာဌာနသို့ အပို့ခံရသည့် စာမူများသည် စာမူပြန်ကျရန် (၃)လမှ (၆)လကျော်အထိ စောင့်ဆိုင်းရလေ့ရှိကြောင်း စာရေးဆရာများက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စပ်လျဉ်းသောစာမူများ အပိတ်ခံထားရမှုနှင့် ပတ်သက်ကာ စာရေးဆရာဦးသန်းဝင်းလှိုင်က စာပေစိစစ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေထံ စာတစောင်တင်ထားကြောင်း ပြောသည်။

“ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားအားလုံးရဲ့ခေါင်းဆောင်ဖြစ်တယ်။အခုလိုလုပ်လိုက်တာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ်ရော ဗိုလ်ချုပ်အောင်ဆန်းကိုရော စော်ကားတယ်။ပြည်သူတရပ်လုံးလေးစားကြည်ညိုတဲ့ ခေါင်းဆောင်တယောက်ကို ဒီလိုလုပ်လိုက်တာဟာ ပြည်သူကိုလည်းစော်ကားရာရောက်တယ်။ဒီဟာကို ပြန်ပြီးသုံးသပ်ပေးပါဆိုပြီး တင်ခဲ့တယ်။ဆောင်ရွက်တာ မဆောင်ရွက်တာက သူ့အပိုင်းပေါ့။ ကျနော်ကတော့ မှတ်တမ်းပေါ့။Record အနေနဲ့တင်ခဲ့တယ်။အဲဒီဟာကို သူ့ဟာသူ ဖြဲပစ်လိုက်လည်း မတတ်နိုင်ဘူး။သူ့အပိုင်းပဲ”ဟု ဦးသန်းဝင်းလှိုင်က ဆိုသည်။

နအဖ၏ စာပေစိစစ်ရေးမူဘောင်သည် ယခုနှစ်တွင် ပိုကျဉ်းလာသည်ဟု ပြည်တွင်းစာနယ်ဇင်းဆရာများက ဆိုသည်။စာရေးဆရာများအနေဖြင့် မိမိရေးသားထားသော စာမူထုတ်ဝေခွင့်အပြုမခံရတော့ပါက ထုတ်ဝေသူထံမှယူထားသော စာမူခများကို ပြန်လည်ပေးဆပ်ရသည့် အခက်အခဲများ ၊ ထုတ်ဝေသူများအနေဖြင့်လည်း ကွန်ပျူတာစာစီစာရိုက်ခ ၊ စာရွက်စာတမ်းခ ၊ စိစစ်ရေးရုံးသို့ လာဘ်ထိုးရငွေများ ဆုံးရှုံးရသည့် အခက်အခဲများကို ပိုမိုကြုံတွေ့လာကြရသည်။

“ပြောတော့ခတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်။ လုပ်နေတာတွေက အာဏာရှင်ပုံစံပဲ။အဲတော့သူတို့လုပ်နေတာတွေကို ကျနော်တို့က ဘယ်လိုလုပ်ယုံကြည်မလဲ။နောက်တခုက တခါလာလည်း ဗိုလ်ချုပ်ကိုလာလာ ထိခိုက်နေတာ။အဲဒီ ဗိုလ်ချုပ်ကို အမီပြုပြီးတော့လည်း ဘယ်သူမှဘာမှ လုပ်နေတာလဲမဟုတ်ဘူး။ဘယ်သူမှလည်း အုံကြွနေတာမဟုတ်ဘူး။လူငယ်တွေဟာ ကိုယ့်အမျိုးသားခေါင်းဆောင်မို့လို့ အားပေးကြတယ်။ ဖတ်ကြတယ်။တချို့ကြတော့လည်းမသိဘူး။မသိတဲ့လူငယ်တွေသိလာအောင်ကျနော်တို့က ရေးတာပဲ” ဟုဦးသန်းဝင်းလှိုင်က ပြောသည်။

သူတို့မြင်သော ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ၊ မြန်မာ့နိုင်ငံရေးအဘိဓာန် ၊ အနှစ်ချုပ်မြန်မာ့သမိုင်း အဘိဓာန် ၊ ဒေါက်တာဘမော်ရဲ့ နိုင်ငံရေးဆောင်ရွက်ချက် စသည့် စာမူများကိုလည်း စိစစ်ရေးတင်ထားကြောင်း ခွင့်ပြုမည်မပြုမည်ကို မသိရှိရသေး ကြောင်း သူက ဆက်လက်ပြောဆိုသည်။

အာဏာရှင်ဗိုလ်ချုပ်နေ၀င်းစစ်အစိုးရနှင့်အတူ ပေါက်ဖွားလာသော စာပေစိစစ်ရေးသည် နအဖလက်ထက် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် ယခုနှစ်တွင် ပိုမိုတင်းကြပ်မှုများရှိလာမည်ဟု ၀ါရင့်သတင်းစာဆရာကြီးများက နှစ်ဆန်းပိုင်းကပင် သုံးသပ်ထားကြသည်။ သို့ရာတွင် ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် စပ်လျဉ်းသော စာပေများကိုပင် ပိတ်ပင်လိမ့်မည်ဟု မထင်မှတ်ခဲ့ကြောင်း ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။ ( ခေတ်ပြိုင် )

Saturday, February 7, 2009

စင်ပြိုင်အစိုးရတဖွဲ့လုံးနဲ့ အမတ်တွေပြည်တွင်းဝင်ပြီး အစိုးရဖွဲ့ဖို့လို

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရအနေဖြင့် ထိရောက်သည့် ခေါင်းဆောင်မှု မပေးနိုင်ဟု ယူဆသည့်အတွက် ပြည်ပတွင် စင်ပြိုင်အစိုးရဖွဲ့မည့်အစား ပြည်တွင်း၌သွားပြီး စင်ပြိုင်အစိုးရဖွဲ့ရန်လိုသည်ဟု သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်တဦးက အကြံပေးမိန့်ကြားသည်။

စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းဆိုသည့် အမည်ကိုပင် ပြည်ပမီဒီယာများက မကြာခဏပြောနေ၍ သဲ့သဲ့ကြားဖူးရုံရှိသော်လည်း အဝေးရောက် စင်ပြိုင်အစိုးရ၏လုပ်ရပ်ကို မြန်မာပြည်တွင်းက ပြည်သူများ မသိသည့်အတွက် လူထုထောက်ခံမှုမရှိဟု ယုံကြည်ကြောင်း အမေရိကန်နိုင်ငံရောက် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိက ခေတ်ပြိုင်နှင့် သီးခြားဆက်သွယ်မေးမြန်း ခန်းတွင် မိန့်ကြားလိုက်ခြင်းဖြစ်သည်။

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအပါအ၀င် ပြည်ပရောက် အမတ်များအားလုံး ပြည်တွင်းဝင်ပြီး အစိုးရဖွဲ့၍ အဖမ်းခံရပါက ပြည်သူများ၏ စာနာမှု၊ ထောက်ထားမှု အပြည့်ရနိုင်ပြီး သံဃာထု၏ ထောက်ခံမှုပါ တခဲနက် ရနိုင်မည်ဟုလည်း ဆရာတော် ရှင်ပညာသာမိက ယူဆသည်။

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် အမတ်များ ပြည်တွင်းဝင်မည်ဆိုလျှင် ပြည်ပရောက် သံဃာများပါ လိုက်ဝင်မည်ဖြစ်ကြောင်း ရှင်ပညာသာမိက အာမခံသည်။ ( ခေတ်ပြိုင် )

Friday, February 6, 2009

န.အ.ဖ ရဲ့ စေတနာ

အိမ်အပြန် မြန်မာ အလုပ်သမားများကို ရန်ကုန် လေဆိပ်၌ ပြည်တွင်း အလုပ်ခေါ်စာ အခမဲ့ ဖြန့်ဝေပေးလျက်ရှိ။

ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းအေးချမ်း
သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့မှတာဝန်ရှိသူများပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့စည်းကာဇန်နဝါရီလ၁၃ရက်
နေ့မှစတင်၍ ပြည်ပနိုင်ငံများမှ ပြန်လာသောမြန်မာအလုပ်သမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စာ
ရင်းကောက်ယူခြင်း နှင့်ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းခေါ်ယူလျက်ရှိသော စက်ရုံ၊ အလုပ်ရုံများမှအလုပ်
သမားခေါ်ယူစာများကို အခမဲ့ဖြန့်ဝေခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်းသိရသည်။ မလေးရှား နိုင်ငံမှ လုပ်သားအင်
အားလျှော့ချခြင်းကြောင့် ဇန်နဝါရီလ ၂၉ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိလာ
သူ မြန်မာအလုပ်သမားတစ်ဦးက“ ဟိုမှာက ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် စက်ရုံတွေက အလုပ်သမား
တွေလျှော့လို့ ပြန်လာရတာပါ။ မလေးမှာ အလုပ်သွားလုပ်တာသုံးနှစ်ရှိပါပြီ။အလုပ်အဆင်မပြေလို့ ပြန်လာရတော့
ဒီကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ ကိုစာရင်းကောက်ပြီးပြည်တွင်းအလုပ်ခေါ်စာစာရွက်တွေပေးပါတယ်။အစိုးရ
က ဒီလိုလုပ်ပေးတာကျွန်တော့်အမြင်ပြောရရင်ကောင်းပါတယ်။ ဒီကိုပြန်လာတဲ့ အခါလမ်းမှာငါမြန်မာပြည်ရောက်
ရင် ဘာလုပ်ရမလဲဆိုတဲ့စိတ်ကူးနဲ့ပေါ့။ အခုတော့ဒီလိုအလုပ်အကိုင်ခေါ်ယူတဲ့ ကြော်ငြာ စာတွေပေးတော့ အများ
ကြီးအဆင်ပြေတာပေါ့။ ဒီမှာက အလုပ်လုပ်ခ၊ လစာနည်းပေမယ့်လည်းဘာပဲဖြစ်ဖြစ် အလုပ်တစ်ခုခုရှိတော့စိတ်မ
လေတော့ပါဘူး” ဟုပြောသည်။ ပြည်တွင်းအလုပ်အကိုင်လစ်လပ်၍ ဝန်ထမ်းခေါ်ယူသော လုပ်ငန်းများမှာ အများ
အားဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ ဆီအုန်းစိုက်ခင်းလုပ်ငန်း၊ အထည်ချုပ်စက်ရုံလုပ်ငန်း၊လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး
လုပ်ငန်းနှင့် အအေးခန်းစက်ရုံလုပ်ငန်းတို့ဖြစ်သည်ဟုသိရသည်။ ပြည်တွင်းရှိ လုပ်ငန်းများ၌ လစ်လပ်ရာထူးများ
အတွက် ခေါ်ယူလျက်ရှိသော ဝန်ထမ်းလုပ်ခ၊ လစာများမှာပြည်ပနိုင်ငံရှိ အလုပ်ရုံ၊ စက်ရုံများမှပေးသော လုပ်ခလ
စာများထက်နည်းပါသော်လည်း ပြည်ပနိုင်ငံများမှ လုပ်သားဦးရေလျှော့ချမှုကြောင့်ပြန်လာရသည့်မြန်မာလုပ်သား
များ၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက်နိုင်ငံတော်ကကြားဝင်ပြီး စေတနာဖြင့်ဆောင်
ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် အလုပ် လက်မဲ့မဖြစ်စေရန် ပြည်တွင်းရှိလစ်လပ်သော ရာ
ထူးအလုပ်အကိုင်များကို မိမိတို့စိတ်ကြိုက်ရွေးချယ်၍ ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း၊ ငွေကြေး အကျပ်အတည်း
ပြေလည်၍ ပြည်ပနိုင်ငံများရှိ စက်ရုံ၊ အလုပ်ရုံများ အတွက် လိုအပ်သော လုပ်သားဝန်ထမ်းခေါ်ယူပါက ပြန်လည်
သွားရောက် လုပ်ကိုင်နိုင်ကြောင်းနှင့် ယခုလိုပြည်ပမှပြန်လာသည့်မြန်မာအလုပ်သမားစာရင်းကောက်ယူ၍အလုပ်
အကိုင်ရှာဖွေနိုင်ရန် စီစဉ်ပေးခြင်းသည် ပြည်ပမှပြန်လည်ဝင်ရောက်လာသည့်မြန်မာအလုပ်သမားများအားအလုပ်
အကိုင်အဆင်ပြေစေရန် ကော်မတီဖွဲ့စည်း၍ တစ်ဖက်တစ်လမ်းမှ ကူညီပေးခြင်းသာဖြစ်သည်ဟု ရန်ကုန် အပြည်
ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ လက်ရှိ၌ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှဝင်ရောက်လာသည့် မြန်မာလုပ်သားဦးရေမှာ ခန့်မှန်းခြေအားဖြင့်၂၄၀၀ကျော်ခန့်ရှိ
ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စုံစမ်းသိရှိရကြောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ်
Popular News ဂျာနယ်တွင်ဖော်ပြထားပါသည်။ ( အာဇာနည် ) ( တော်တော်ရယ်စရာကောင်းတယ်ဗျာ )

ကိုအေးလွင်အဖွဲ့က ဒုဥက္ကဋ္ဌ နုတ်ထွက်တော့မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီပါတီကို ဝေဖန်ထိုးနှက်လေ့ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပြည်တွင်းရှိ ကျောင်းသားလူငယ်များအဖွဲ့မှ ဒုတိယခေါင်းဆောင် နုတ်ထွက်တော့မည်။

စစ်အစိုးရကို လိုလားသူအဖြစ် စွပ်စွဲခံရလေ့ရှိသည့် ကိုအေးလွင် ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ဒု-ဥက္ကဋ္ဌ ကိုသိန်းတင်အောင်က နုတ်ထွက်စာ တင်ထားခြင်း ဖြစ်သည်။

"နိုင်ငံရေးမှာ အင်တိုက် အားတိုက်လုပ်နိုင်အောင်၊ ကျနော့် နေရာမှာ တခြားလူများ လုပ်နိုင်မယ်ဆိုရင်ပေါ့နော်၊ အစားထိုးလို့ရအောင် ကျနော်က ကျန်းမာရေးကြောင့် အနားယူမယ်လို့ ကိုအေးလွင်ကို ကျနော် နုတ်ထွက်စာ တင်ထားတယ်" ဟု ကိုသိန်းတင်အောင်က မဇ္ဈိမကို ပြောသည်။

ကျန်းမာရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်မည်ဟု သူက ဆိုသော်လည်း ယင်းအဖွဲ့နှင့် နီးစပ်သူ ပုဂ္ဂိုလ်တဦးကမူ ခေါင်းဆောင်ပိုင်းတွင် သဘောထား မတိုက်ဆိုင်သည်များ ရှိနေကြောင်း ပြောသည်။

သူက "စိတ်သဘောထား မတိုက်ဆိုင်တာလေးတွေပေါ့ဗျာ။ ဒီအဖွဲ့အစည်းထဲမှာ ဒီလိုဖြစ်တာလေးတွေ ရှိတယ်။ နည်းဗျူဟာပိုင်းလေးတွေပေါ့" ဟု ပြောသည်။

အသေးစိတ်ကို ထုတ်မပြောသော်လည်း၊ မကြာခင် နုတ်ထွက်လိမ့်မည်ဟု သူက ဆိုသည်။

ကိုသိန်းတင်အောင် နုတ်ထွက်စာ တင်သွင်းမှုနှင့် ပတ်သက်၍ အဖွဲ့ဥက္ကဋ္ဌ ကိုအေးလွင်ထံ မေးကြည့်ရာ၊ သူက ''မဟုတ်ပါဘူး'' ဟု ငြင်းဆိုသည်။

အဖွဲ့များတွင် ဗဟိုအလုပ်အမှုဆောင် ၁၄ ဦး အပါအ၀င် အဖွဲ့ဝင် ၄၄ ဦး ရှိသည်ဟု ကိုအေးလွင်က ပြောသည်။

၁၉၈၈ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံတွင် ပါတီစုံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး တောင်းဆိုဆန္ဒပြသည့် လူထုလှုပ်ရှားမှုတွင် ကိုအေးလွင်သည် တက္ကသိုလ် ကျောင်းသားတဦးအဖြစ် တက်ကြွစွာ ပါဝင်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဓိက အတိုက်အခံ အင်အားစုများနှင့် ခေါင်းဆောင်များအား အပြင်းအထန် ဝေဖန်ပြောဆိုလာခဲ့သည်။

သူတို့အဖွဲ့သည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုများ လုပ်လာရာ ယခုအခါ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်အထိ နယ်လှည့်စည်းရုံးခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်းသမားများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ( မဇ္ဈိမ )

Thursday, February 5, 2009

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရ

ဂမ်ဘာရီနှင့်စခဲ့သည့် ၂၀၀၉ ပွဲဦးထွက် နိုင်ငံရေး

(၄) ရက်ကြာ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း လျှပ်တပြက် တွေ့ခွင့်ရသည်မှလွဲပြီး မယ်မယ်ရရ ထောက်ပြစရာမရှိဘဲ နိဂုံးချုပ်သွားသည်။

စစ်အစိုးရကို ကြံဖန်ကျေးဇူးတင်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် တွေ့ခွင့်ပေးသည့်အချက်ဖြစ်သည်။ သို့သော် ဂမ်ဘာရီနှင့်မတွေ့မီ (၁၅) မိနစ်သာ တွေ့ခွင့်ပေးခြင်းသည် တိုင်းပြည်အရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် မတိုင်ပင်နိုင်ရန် ညစ်ပတ်သည့် စိတ်ဓာတ်မျိုးဖြင့် တွေ့ခွင်ပေးခြင်းဖြစ်သည့်အတွက် စစ်အစိုးရအား ကျေးဇူးမတင်ထိုက်ဟု ဆိုရပါမည်။

ဂမ်ဘာရီ၏ ၂၀၀၉ နှစ်ဆန်းပိုင်း ခရီးစဉ်ကို အနှစ်ချုပ်ကြည့်လျှင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းက ဂမ်ဘာရီအား အလေးထားတင်ပြခဲ့သည်။ သို့သော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကမူ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးဒဏ်ခတ်မှု၊ စစ်ခေါင်း ဆောင်များကို ဗီဇာဒဏ်ခတ်မှုတို့ ရုပ်သိမ်းမှသာ မြန်မာ့နိုင်ငံရေး တည်ငြိမ်မည်ဟု ဂမ်ဘာရီအား အကျပ်ကိုင် သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ စကားအရဆိုလျှင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု မရုပ်သိမ်းသရွေ့ မြန်မာ့နိုင်ငံရေး မတည်မငြိမ် ဖြစ်နေမည်ဆိုသည့်သဘော ပြောလိုက်ခြင်းဖြစ်သည်။ တနည်းပြောရလျှင် အစိုးရဘက်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးမူကို လက်ကိုင်ထားပြီး အန်အယ်လ်ဒီဘက်က နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးမူကို လက်ကိုင်ထားသည်။ ထိုအစွန်းနှစ်ဘက်မှာ တခုနှင့်တခု ဆက်စပ်မှု မရှိသည့်အတွက် ဂမ်ဘာရီ အလျှော့အတင်းလုပ်ဖို့မလွယ်။

ဤတွင် စစ်အစိုးရအပေါ် ဘာကြောင့် အမေရိကန်က စီးပွားရေး ဒဏ်ခတ်ရသလဲ ပြန်ကြည့်ရန်လိုသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီက အနိုင်ရပါလျက် စစ်အစိုးရက အာဏာမလွှဲသည့်အတွက် အမေရိကန်အစိုးရက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ကြီးက ဒဏ်ခတ်ပိတ်ဆို့ ထားခြင်းမဟုတ်။ ထို့ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့အရေးစေ့စပ်ဖို့ တာဝန်ပေးထားသည့် ဂမ်ဘာရီကို အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်အောင် စစ်အစိုးရ တစာစာ ပြောနေခြင်းသည် မယောင်ရာ ဆီလူးသည့်ကိန်း ဖြစ်နေသည်။

အမေရိကန်အစိုးရဘက်ကမူ စီးပွားရေးပိတ်ဆို့မှုကို ရာသက်ပန်လုပ်ဖို့ ရည်ရွယ်ချက်မရှိ။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် အခြေအနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုပ်သိမ်းနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန်အတွက် ဒီမိုကရေစီအင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူချက်ပါ အချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ မြန်မာနိုင်ငံကို ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အမေရိကန်အစိုးရပြောသည့်အတိုင်း စစ်အစိုးရဘက်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလျှင် အမေရိကန်ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းဖို့ လမ်းပွင့်သွားသည့် သဘောဖြစ်သည်။ သို့သော် အန်အယ်ဒီဘက်က ဂမ်ဘာရီကို တင်ပြသည့် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကို စစ်အစိုးရဘက်က လိုက်လျောမည့်ပုံ မရှိသည့်အတွက် မြန်မာ့နိုင်ငံရေးမှာ တဘက်ပိတ်လမ်းသဖွယ် ဖြစ်နေသည်။ ထွက်ပေါက်မရှိ။

သေချာသည့်အချက်မှာ မြန်မာ့နိုင်ငံရေး ထွက်ပေါက်မရှိဖြစ်နေချိန်တွင် စစ်အစိုးရက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းအောင်လုပ်ပြီး နိုင်ငံရေး စီးပွားရေး အမြတ်ထုတ်ရန် ကြံစည်နေခြင်းဖြစ်သည်။

အမေရိကန်စီးပွားရေးပိတ်ဆိုမှု ရုပ်သိမ်းလျှင် မူးယစ်ဆေးကိစ္စ၊ ငွေမဲကိစ္စတို့ကြောင့် အမေရိကန် ဒဏ်ခတ်ထားသည့် ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြန်ခေါင်းထောင်လျှင် နအဖခေါင်းဆောင်တွေ ကြီးပွားတော့မည်။ စစ်တပ်နှင့် နိုင်ငံခြား ဖက်စပ်လုပ်ငန်းများ ပြန်ခေါင်းထောင်မည်။ အမေရိကန်က စီးပွားရေး ဖွင့်မပေးလည်း ၂၀၁၀ ရွေးကောက်ပွဲကို မနိုင် နိုင်အောင်လုပ်ပြီး ရုပ်သေးအရပ်သားအစိုးရဖွဲ့ပြီး စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် လုပ်ပြီး ဒိထက်ချမ်းသာအောင် လုပ်နိုင်သည်။ ဘယ်ဘက်ကမျှ ရှုံးဖို့လမ်းမရှိ။

အန်အယ်လ်ဒီဘက်ကကြည့်တော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ဘန်ကီမွန်းမြန်မာနိုင်ငံ မလာထိုက်ဟု ဂမ်ဘာရီကို ထောက်ပြသည်။ ဂမ်ဘာရီ၏ (၄) ရက်ကြာ ခရီးစဉ်သည် ဘန်ကီမွန်း မြန်မာနိုင်ငံ လာဖို့ သင့်မသင့် ဂမ်ဘာရီက ချိန်ဆသည့် ခရီးဟုဆိုလျှင် စစ်အစိုးရ၏ သဘောထားကြောင့် ဘန်ကီမွန်း မလာဖြစ်ဖို့ များနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းမှာ ထိုဥပဒေကို အန်အယ်လ်ဒီကို ပြန်သုံးသပ်စေလိုသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ရန် မဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီကို ၂၀၀၈ ခု မတ်လ၌ တိတိလင်းလင်း ပြောခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အန်အယ်လ်ဒီဘက်က မျှော်လင့်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေးမှာ အကောင်အထည်ပေါ်နိုင်ရန် အကြောင်းမရှိတော့ပေ။

ချုပ်ရလျင် ဂမ်ဘာရီနှင့် ပွဲဦးထွက်ခဲ့သည့်၂၀၀၉ နှစ်ဆန်းပိုင်း မြန်မာ့နိုင်ငံရေးမှာ ဘေထိဆိုသည်နှင့် တပ်လန်သွားခဲ့ပေပြီ။ ( ခေတ်ပြိုင် )

Wednesday, February 4, 2009

ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းပေးဖို့ ဂမ်ဘာရီကို စစ်အစိုးရ ပြော

04 February 2009
မြန်မာနိုင်ငံက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်အာဏာရှင်တွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေး ကြားဝင်စေ့စပ်ပေးတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ သူ့ရဲ့ဆောင်ရွက်မှု မအောင်မမြင် ဖြစ်ခဲ့ပြန်ပြီး ဒီတကြိမ်လည်း လက်ဗလာနဲ့ မြန်မာနိုင်ငံက မနေ့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ရန်ကုန်ကနေ စင်ကာပူကို မနေ့ညနေက မထွက်ခွာခင် မစ္စတာဂမ်ဘာရီဟာ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုကို တွေ့ချင်ရင် နိုင်ငံတကာက ချမှတ်ထားတဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပြီး စစ်အစိုးရ ခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတာတွေကိုလည်း ပယ်ဖျက်ပေးဖို့လိုတယ်လို့ မစ္စတာဂမ်ဘာရီကို ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားတဲ့အကြောင်း မြန်မာစစ်အစိုးရ ရုပ်မြင်သံကြားမှာ ကြေညာ ဖတ်ကြားသွားခဲ့ပါတယ်။

တနင်္လာနေ့ကတော့ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ခံရရေးဟာ အနာဂတ် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လိုအပ်ချက် ဖြစ်နေဆဲပဲလို့ မစ္စတာဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေပါတယ်။

၎ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာဂမ်ဘာရီဟာ ဗိုလ်မှူးချုပ်ကျော်ဆန်း ဦးဆောင်တဲ့ မြန်မာစစ်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီဟာ နေပြည်တော်ကိုလာရောက်ဖို့ ဖိတ်ကြားခြင်း မခံခဲ့ရဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တခြား စစ်ကောင်စီဝင် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့လည်း တွေ့ဆုံခွင့် မရခဲ့ဘဲ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနိုင်

ကမ္ဘာကျော်Google၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsoft Outlookကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင် Gmail Serviceတွင် Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့် ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ ပြန်လည်ကြည့်ရှုနိုင်သည်။
ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင် တပ်ဆင်အသုံးပြုထားပါက အဆိုပါ Accountနှင့် ပတ်သက်သည့် E-mail, Attachment စသည်တို့ကို Gmail Serverတွင်သာမက မိမိကွန်ပျူတာရှိ E-mail Serverတွင်လည်း တစ်ပြိုင်းတည်း downloadလုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍ သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ ဝင်ရောက်လာသော Inbox mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း သိမ်းဆည်းထားနိုင်လိမ့်မည်။ ထို့ကြောင့် Gmail သုံးစွဲသူသည် အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏ မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့် သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုမှာ Google၏ Opensource Software တစ်ခုဖြစ်သည့် Google Gearကို အသုံးပြုကာ Google Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။
Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။
၁။ Gmailသို့ sign-in လုပ်ရပါမည်။
၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက "Settings"ကို ရွေးချယ်ပါ။
၃။ "Setting" အောက်မှ "Lab"ဆိုသည့် tabကို ရွေးချယ်ပါ။
၎။ "Lab"စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ "Offline"ဆိုသည့်ဘေးတွင် "Enable"ကို ရွေးပေးရပါမည်။
၅။ ထို့နောက် "Lab"စာမျက်နှာ အောက်ဆုံးကိုသွား၍ "Save Changes" လုပ်ပါ။
၆။ "Save Changes" လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ "Settings"၏ဘေးတွင် "Offline 0.1"ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။
၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကို လက်ခံအသုံးပြုဖို့ "Allow it to use Gears"ဘေးမှ check boxကို အမှန်ခြစ် ပြုလုပ်ပါ။ "Allow" buttonကို ကလစ်နှိပ်ပါ။
၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူ မြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။ ထို့နောက် "OK" buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင် သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့် Attachment fileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည် စမ်းသပ်နေဆဲ(Lab Version)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝ အသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟု သိရသည်။

Tuesday, February 3, 2009

အင်န်အယ်ဒီပါတီက ဂန်ဘာရီ၊ ဒေါ်စုတို့နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

ဖေဖော်ဝါရီ ၂၊ ၂၀၀၉

စစ်အစိုးရ အသိအမှတ်ပြု ပါတီဗဟိုအဖွဲ့ဝင် ၅ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၁၅ မိနစ်ခန့် ကြိုတင်ဆွေးနွေးပြီးမှ ကုလကိုယ်စားလှယ် ဂန်ဘာရီနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ယခုညနေ ဂန်ဘာရီ နေပြည်တော်သို့ ခရီးဆက်မည်ဟု သိရသည်။ ယနေနေ့ခင်းက ပြုလုပ်သော အင်န်အယ်ဒီပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်နှင့် အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်တို့က သတင်းထောက်တို့အမေးကို ဖြေကြားခဲ့သည်ကို တွေ့ရသည်။

နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်၊ ၂၀၀၈ တပ်မတော် အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန်၊ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်နှင့် ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စများကို ဆွေးနွေးကြကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ထည့်သွင်းခြင်း မရှိဟု ကြားသိရသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ရုပ်သိမ်းရေးကို စစ်အစိုးရ ခွဲခြားကိုင်တွယ်မည့်ပုံ ရှိသည်ဟု အကဲခတ်တဦးက ဆိုသည်။

Monday, February 2, 2009

၇ ကြိမ်မြောက်ရောက်လာသည့် ဂမ်ဘာရီကို ဒေါ်စုထွက်တွေ့

ရိုက်တာသတင်းဌာန
ဖေဖော်ဝါရီ ၂၊ ၂၀၀၉
အထိန်းသိမ်းခံနေရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။

ဒေါ်စု၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်များ၏ အဆိုအရ တွေ့ဆုံပွဲတွင် အဖွဲ့ချုပ်မှ ခေါင်းဆောင် ၄ ဦးလည်း ပါဝင်သည်ဟု သိရသည်။ တနာရီကျော်ကြာ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ မည်သည့် အကြောင်းအရာများကို ဆွေးနွေးသည်ဆိုသည်ကိုမူ မသိရသေးပါ။

ဘယ်သူ့ကိုတိုက်ရမှာလဲ

Thursday, January 29, 2009


အပြောင်းအလည်းတွေပေးပါ။အသစ်အသစ်တွေပေးပါ၊ဟိုဟာလုပ်ပေးပါ၊ဒီဟာလုပ်ပေးပါဆိုပြီး နို့ဆာတဲ့ကလေး မိခင်ထံ ငိုယိုပူဆာသလို နအဖကိုသွားပြီးတောင်းနေ လို့ကတော့ ဘာမှရစရာမမြင်ဘူးလို့ကျုပ်ထင်တယ်။

မေတ္တာကို ကျည်ဆံနဲ့ တုန့်ပြန်တဲ့ ကိုယ်ပြည်သူကို ရန်သူလိုသဘောထားဆက်ဆံနေတဲ့ ငမိုက်ရိုင်းစစ်အုပ်စုလက်ထဲမှာ အာဏာတည်မြဲနေသမျှ တောင်းယူလို့မရတိုက်ယူမှရမယ်ဆိုတဲ့ တွေးတောဆင်ခြင်သူတွေဘက်မှာ ကျုပ်တော့ ရပ်တည်ခြင်တယ်။အကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲဝင်တာ ကောင်းပါတယ်။ဒါပေမယ့် လူညီရမယ်။အရင်းအနှီးများတယ်။ခေါင်းဆောင်ကောင်းနဲ့ စည်းကမ်းသေဝပ်တဲ့ နောက်လိုက်ကောင်းတွေလိုတယ်။ဒီလိုအနေအထားရောက်အောင် ပြင်ဆင်ခင်းကျင်းထားနိုင်မယ်ဆိုရင်တော့ကောင်းတာပေါ့။ဒါပေမယ့်အချိန်များများပေးပြီးဘက်စုံဝိုင်းပြင်မှရမယ်။ကျုပ်တို့မှာ အချိန်သိတ်မရှိတော့ပါဘူး။ပြည်သူတွေကလည်း မခံစားနိုင်လောက်အောင် အဖိနှိပ်ခံနေရတော့ အခြေအနေပေးရင် လက်တုန့်ပြန်ဖို့ ဝန်မလေးကြတော့ဘူး။အဲဒါကြောင့် စစ်အုပ်စု တရားဝင် အာဏာမရခင် အပြုတ်တိုက်ကြဖို့ပြင်ဆင်တာအကောင်းဆုံးအနေအထားလို့ ကျုပ်တော့ယူဆတယ်။ပွင့်ပွင့်လင်းလင်းပြောရရင် သည်းမခံနိုင်တော့ဘူးဗျာ။ကျုပ်က နိုင်ငံရေးလည်းနားမလည်ပါဘူး။စစ်ရေးဆိုတာတော့ ဝေလာဝေးပေါ့။ ဒါပေမယ့် သာသနာဖျက်စစ်အုပ်စု ပြုတ်ကျမယ်ဆိုရင်တော်ပြီဗျာ။ဘာခိုင်းမလဲ ခိုင်းချင်သလိုခိုင်း ကျုပ်လုပ်ဖို့စိတ်ပိုင်းဖြတ်ပြီးသားပါ။စင်ပြိုင်အစိုးရတွေဖွဲ့၊မဟာဗျုဟာအစည်းအဝေးတွေထိုင်၊ပြည်သူတွေဒုက္ခေ၇ာက်နေတာအကြောင်းပြပြီး ဟိုအဖွဲ့ ဒီအဖွဲ့တွေကနေ ငွေတောင်း။ပြီးတော့ကိုယ့်အိပ်ထဲထည့်။စားရက်ကြတာ အံ့ပါရဲ့ဗျာ။နိုင်ငံရေးအကျဉ်းသားတွေဘမ်းပြပြီးလုပ်စားတဲ့ကောင်တွေကလည်းလုပ်စား၊ဒေါ်အောင်ဆန်းစုကြည်နဲ့အပေါင်းအပါ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ အသေဝိုင်းအရိုက်သတ်ခံရတဲ့ ဒီပယင်းလုပ်ကြံမှုကို အကြောင်းပြု ငွေတောင်းပြီး အလွဲသုံးစားလုပ်တဲ့သူကလုပ်။ခမျာတွေ သေသူသေ၊ကြေသူကြေ၊လူစဉ်မမီတဲ့ဘဝရောက်သူရောက်၊ထောင်နန်းစံသူစံနဲ့ အင်မတန်ကြေကွဲစရာကြီးဗျာ။ဒီလိုဖြစ်စဉ်ကြီးကို ပြည်သူလူထုမျက်နှာနဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကိုမထောက်ကိုယ့် အတိုက်အခံတွေဘက်မှာကိုယ့်အကျိုးအတွက် ရင်ြး့ပီးစားရက်တဲ့သူတွေရှိနေပြီဆိုတော့ဗျာ၊ ဟိုနွားအဖွဲ့ (န.အ.ဖ)သက်တမ်းရှည်တာ ပြည်သူတွေကို ထင်သလို အုပ်ချုပ်နေနိုင်တာ ဘာစမ်းသလဲဗျာ။တခါတခါ စစ်အုပ်စုအပေါ်ကျရမဲ့ ဒေါသက သူတို့ဖက်ရောက်သွားပြီးသူတို့ကိုပါ ရန်သူလို့ကျုပ်ကထင်လာတယ်ဗျာ။ဗိုလ်ချုပ်ပြောတဲ့ အနီးဆုံးရန်သူကိုအရင်ရှာတိုက်ရမယ်ဆိုရင် ကျုပ်တို့အတိုက်အခံအုပ်စုက ဖောက်ပြန်နေတဲ့ ဒီကောင်တွေ ကိုအရင်းရှင်းရမလိုဖြစ်နေပြီဗျာ။

ကူညီကြပါဦးဗျာ။ကျုပ်တော့တိုက်ရမယ့် ရန်သူတွေကများနေတော့ ဘယ်သူကို အရင်တိုက်ရမလဲလို့။။။။ ( ကိုလွင် )

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews