Saturday, May 16, 2009
ရှေ့ နေ ဦးခင်မောင်ရှိန်အားလည်း နအဖမှ ရှေ့ နေလိုင်စင် သိမ်းပြန်ပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှေ့ နေတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းနဲ့  အတူ မတ်လ (၆) ရက်နေ့ ကဘဲ နအဖထောင်ကနေ ပြန်လွတ်လာခဲ့တဲ့ ၀ါရင့်ရှေ့ နေကြီး ဦးခင်မောင်ရှိန်ရဲ့  ရှေ့ နေလိုင်စင်ကို မနေ့ က နအဖကနေ သိမ်းလိုက်ကြောင်း သိရှိရပါတယ်။
ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီး နှစ်ဦး ဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန်တို့ နှစ်ဦးကို တရားရုံးကို မထေမဲ့မြင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလထဲတုန်းက ထောင်ဒဏ် (၄) လစီ အသီးသီးစီ နအဖကနေ ချမှတ်ပြီး ထောင်ချခဲ့တာဖြစ်ပါတယ်။
အလားတူ စွပ်စွဲချက်မျိုးနဲ့ပဲ ထောင်ဒဏ် (၆) လ အပြစ်ပေးခံခဲ့ရတဲ့ လူငယ်ရှေ့နေတဦးဖြစ်တဲ့ ကိုညီညီထွေးကတော့ အခုအချိန်အထိ ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲမှာ ဆက်လက်ရှိနေတုန်း ဖြစ်ပါတယ်။
နအဖဟာ ပြည်သူတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြည်သူ့ ရှေ့ နေတွေကို မတရားစွပ်စွဲ၊ မတရား ပုဒ်မတပ်၊ မတရား ဖမ်းဆီးထောင်ချနဲ့  ပြုလုပ်လျက် ရှိပါတယ်။
ယခုအခါမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် မတရား အမှုဆင်စွပ်စွဲကာ အင်းစိန်ထောင်ဝန်းအတွင်းမှာ ထိန်းချူပ်ထားလျက်ရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှေ့ နေတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းနဲ့  ရှေ့ နေ ဦးခင်မောင်ရှိန်တို့ ရဲ့  ရှေ့ နေလိုင်စင်များကို အခုလို သိမ်းယူလိုက်ခြင်း ဖြစ်ပါတယ်။ ( နစ်နေမန်း )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment