သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Sunday, October 4, 2009

ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများ ကျင်းပ

စစ်အစိုးရက သံဃာထုကို ၀န်ချတောင်းပန်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် သီတင်းကျွတ်လပြည့် နေ့ ယနေ့တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာမှ သံဃာတော်များ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ကျင်းပသည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် စစ်အစိုးရက သံဃာထုအား ၀န်ချတောင်းပန်ခြင်းပြုရန်နှင့် ထိုသို့မပြုပါက ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုး ရ အား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားခြင်းကြောင့် ပြည်ပရှိ သံဃာတော်များက ယခုကဲ့သို့ ကံဆောင်ကြခြင်းဖြစ်သည်။“စစ်အစိုးရကို ပတ္တနိက္ကုဇန ကံဆောင်ပြီး ဖမ်းဆီးထားတဲ့ ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ဦးပဉ္ဇင်း တို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဘာမှထူးခြားမှုမရှိလာဘူး။ ဆက်ပြီးတော့လည်း ရဟန်းသံဃာတွေ၊ ပြည်သူတွေကိုဖမ်းနေတယ်။ ဒါကြောင့် ဦးပဉ္ဇင်း တို့က ဒီကံကို ထပ်ပြီးဆောင်တာဖြစ် တယ်” ဟု ဘင်္ဂလားဒေ့ရှ်မှ သာသနာ့ဥသျှောင်အဖွဲ့ဝင် ဆရာတော်တပါး က ဧရာဝတီသို့မိန့်သည်။
[ ဆက်ဖတ်ရန် +/- ]

ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာစာသင်သား သံဃာတော်တို့က ကော့ဗဇား မြို့အနီးရှိ မဟားစိုးလ် မြစ်ကို ရေသိမ် အဖြစ်သတ်မှတ်၍ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ကြသကဲ့သို့ သိရီလင်္ကာရောက် ရဟန်းသံဃာများ ကလည်း သိမ်ဝင်သူ သံဃာတို့၏ ကံဆောင်မှုကို သဘောတူ သာဓုခေါ်၍ ကံဆောင်ကြသည်ဟု ဆိုသည်။

“ပတ္တနိက္ကုဇ္ဇနကံကို လှန်တဲ့ကံမပြုမချင်း ဒီတိုင်းပဲရှိနေမှာပဲ။ ကံဆောင်မယ်လို့ဆိုရင် ဦးပဉ္ဇင်းတို့က သဘော တူ သာဓုခေါ်လိုက်ရင် ကံမြောက်တာပဲ။ အားလုံးညှိနှိုင်းကြပြီး ကောင်းတဲ့အဖြေရှာဖို့ ဦးပဉ္ဇင်းတို့က တောင်း ဆို ချင်ပါတယ်”ဟု သီရိလင်္ကာမှ မြန်မာစာသင်သား သံဃာတော်တပါးက ဆိုသည်။

အိန္ဒိယရောက် မြန်မာသံဃာ တော်များကလည်း နယူးဒေလီမြို့အရှေ့ဘက်ရှိ ယမုံနာမြစ်ကို သိမ်သမုတ်ကာ ကံဆောင်ခဲ့ကြသည်။

“သံဃာတွေကို ထောင်သွင်းအကျဉ်းချ၊ နှိပ်စက်တာတွေ လုပ်နေတာဟာ သံဃာတွေနဲ့ သာသနာအတွက် အန္တရယ်ပဲ။ ဒါကို ကာကွယ်တဲ့အနေနဲ့ ဘုရားရှင် ညွှန်ကြားထားတဲ့အတိုင်း ရေရှည်ငြိမ်းချမ်းရေးအတွက် ဒီပ၀ါယနာပွဲမှာ ဒီကံကို ထပ်ဆောင်တာပဲ”ဟု သာသနာ့ဥသျှောင်အဖွဲ့ အိန္ဒိယ ဌာနခွဲ ဥက္ကဌ ဆရာတော် ဦးပညာဇောတ က မိန့်သည်။

ပြည်တွင်းရှိ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ ပခုက္ကူ စသည်မြို့များတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သံဃာ တော်များကို အရပ်ဝတ်နှင့် ရဲများက စောင့်ကျပ် ကြည့်ရှုခြင်းများရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ရန်ကုန်မြို့တွင်းတွင်လည်း စစ်ကားများ ရဲကားများလှည့်လည်နေပြီး ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားများ အနီးတွင် လုံခြုံရေးများ တင်းကျပ်စွာချထားသည်ဟု မြို့ခံများကဆိုသည်။

ရန်ကုန်မြို့ရှိ သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲမှ သံဃာတော်များက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေး တင်းကျပ်နေသည့်အတွက် သိမ်ဝင်၍ မပြုလုပ်ဖြစ်ကြောင်း အဖွဲ့ဝင်ဆရာတော် တပါးက မိန့်သည်။

“အခုဒီမှာက သူတို့တွေတအားရှုပ်နေတယ်။ စီစဉ်ထားတာ မလုပ်ဖြစ်ဘူး။ ဒါပေမယ့် တခြားသူတွေ ကံဆောင်တာကို သဘောတူပါတယ်ဆိုပြီး သာဓုခေါ်လိုက်ရင် ကံဆောင်တာအောင်မြင်တယ်လို့ ယူဆ မှတ်ယူလို့ရတယ်။ တခြား ပြည်တွင်းပြည်ပက သံဃာတွေ ကံဆောင်တာဟာ ကောင်းတာလုပ်တာ ဖြစ်တဲ့ အတွက် သဘောတူ သာဓုခေါ်ပါတယ်”ဟု ကံဆောင်သည့် ဆရာတော်တပါးက မိန့်ကြားသည်။

စစ်အစိုးရက ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် သံဃာတော်များ ခရီးသွားလာ သီတင်း သုံး နေထိုင်ရာတွင် အထူးတင်းကျပ်ခြင်း၊ ကျောင်းတိုက်များကို စောင့်ကျပ်ကြည့်ရှုခြင်းနှင့် စစ်ဆေး မေးမြန်း ဖမ်းဆီးခြင်းများကို ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားသည်။

ယင်းသံဃာအဖွဲ့က အကျဉ်းကျသံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့လမ်း လျှောက် ဆန္ဒပြခဲ့သော သံဃာတော်များအပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။ တောင်းဆိုချက် များကို အာဏာ ပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှား မှုများ ပြုလုပ် ပြီး ဆန္ဒပြ တောင်းဆိုသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။

ထိုသို့ ထုတ်ပြန်ကြေငြာချက် ထွက်လာသည့် သြဂုတ်လတွင်းမှ စတင်၍ ဘုန်းတော်ကြီးကျောင်းများတွင် လုံခြုံရေးများ ချထားခြင်း၊ သံဃာတော်များကို စောင့်ကျပ်ကြည့်ရှုခြင်းတို့အပြင် အနယ်နယ် အရပ်ရပ်ရှိ ဆရာတော် သံဃာတော်များအပါအ၀င် တက်ကြွသူ လူငယ်များကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၏ ဖော်ပြချက်အရ မြန်မာပြည် အနှံ့ အကျဉ်းများထောင်များရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ထဲတွင် သံဃာ ၂၃၇ ပါး ပါဝင်ကြောင်း သိရသည်။ ( ဧရာဝတီ )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews