မြန်မာပြည်တွင်း အင်တာနက် ဆက်သွယ်မှု လိုင်းများနှေးကွေးသောကြောင့် ပရောက်ဆီ ဆော်(ဖ်)၀ဲများတပ်ထားသော ဆိုင်တွင် သွားရောက် အသုံးပြုရင်း ထိုဆိုင်များရှိ ကွန်ပျုတာများတွင်ထည့် သွင်း ထားသော လှို့ ဝှက်စာများကို မှတ်သား နိုင်သည့် ကွန်ပျုတာပရိုဂရမ် အကူအညီ ကြောင့် အ မျိုးသမီးတစ် ဦး၊ဘလောက်ဂါ တစ်ဦး အပါအ၀င် အခြားလူငယ်လေး ဦးကို ၎င်းတို
့ပြည်ပ အခြေစိုက် များနှင့် ဆက်သွယ်ပြောဆို ထားသည့် အထောက်အထားများနှင့် တကွ ဖမ်းဆီးနိုင်ခဲ့
သည် ဟုသတင်းရရှိသည်။
အင်းစိန်မြို့ နယ်ရှိ အင်တာနက် ကဖေးဆိုင် တစ်ခုတွင် အသုံးပြုကြသော အမျိုးသမီး တစ်ဦး နှင့် အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် သောကြာနေ့  က စတင်ဖမ်းဆီး မိရာမှ ၎င်းတို့ နှင့် ဆက်စပ် အခြား
လူငယ်လေးဦးကို လည်းဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည် ဟု ရန်ကုန်မြို့ တွင်း လှို့ ဝှက် နေထိုင်၍ အစိုးရဆန့် ကျင်ရေးလုပ်နေ သူတစ်ဦး က Freedom News Group သို့ ပြောသည်။
ဖမ်းဆီးခံ ရသူ လူငယ် ခြောက်ဦးတွင် အမျိုးသမီး နှစ်ဦး နှင့် ဘလောက်ဂါတစ် ဦးပါဝင်သည် ဟုသိရ သည်။ဖမ်းဆီးခံရသူ များ၏ နာမည်များကိုစုံ စမ်းဆဲဖြစ်သည်။ ( အာဇာနည် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment