_KR_Office_Open_Ce.jpg)
Monday, March 9, 2009
Sunday, March 8, 2009
Saturday, March 7, 2009
ကမ္ဘာကျော်လူလိမ်ကြီးများ၏ ဓါတ်ပုံမှတ်တမ်း
တော်တော်ရယ်စရာကောင်းတဲ့ ပြကွက်များ
Labels:
ဓါတ်ပုံမှတ်တမ်း,
သတင်း
နာမည်ဆိုးဖြင့်ကြော်ကြားလာသော ဘူသီးတောင်ထောင်ပိုင်ကြီးနှင့် ထောင်ဝန်ထမ်းများ
ဘူးသီးတောင်ထောင်ထဲတွင် ဦး*သရိယ။ ကိုဌေးကြွယ်တို့အပါအ၀င်
တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။အတွင်းရေးမှူးနှင့်
ကိုဇော်နိုင်။ ကိုသန်းဌေးအပါအ၀င် အဖွဲ့ဝင်(၁၀)ဦးတို့ရှိကြောင်း NLD
အဖွဲ့ဝင်(၄)ဦးမှအပ ကျန်နိုင်ငံရေးအကျဉ်းသားများအား
တိုက်ပိတ်ထားကြောင်းနှင့် ၄င်းနိုင်ငံရေးအကျဉ်းသားများနှင့်
ဆက်သွယ်ပြောကြားလျှင်လည်းကောင်း စားသောက်ဖွယ်ရာများအား
ပေးကမ်းလျှင်လည်းကောင်း ဆက်သွယ်ပြောကြားပေးကမ်းသည့် အကျဉ်းသားများအား
ဒေါက်ခတ် တိုက်ပိတ်ခံရကြောင်း ပြောပြကြသည်၊
ကိုဌေးကြွယ်အပါအ၀င် ကျန်နိုင်ငံရေးအကျဉ်းသားများတို့သည်
မိမိတို့ရှိခဲ့သည့် (၁၈)လအတွင်းတွင် ထောင်ဝင်စာတွေ့ခွင့်မပေး
အခြားအကျဉ်းသားများနှင့် စကားပြောခွင့်မပေးကြောင်း
ပါဆယ်ထုတ်ကိုသာသွင်းခွင့်ပေးထားကြောင်း ပါဆယ်ထုတ်များကိုလည်း
သူတို့စစ်ဆေးသည်ဆိုပြီးဖွင့်ကာ တ၀က်ခန့်ကိုယူငင်ပြီးမှာ ပေးသွင်းကြောင်း
ဆက်လက်ပြောပြသည်၊
တောင်ကုတ် အန်အယ်ဒီအဖွဲ့ဝင်များကိုယ်စီတွင် လက်မောင်း၌ ခမောက်နဲ့NLD
ဆိုပြီး မှင်ထိုးထားကြောင်းနှင့် အမျိုးသမီးတဦးလည်းပါဝင်ကြောင်း
ပြောပြကြသည်၊
စစ်တွေသံဃာခေါင်းဆောင် ဦးÁသရိယအား အစိုးရထံတွင်အယူခံအသားနားစာတင်လျှင်
လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ထောင်မှူးကြိးမှပြောကြားသော်လည်း
ဦးအိသရိယကပြောကြားသည်မှာ မိမိ၌ မိန်းမရှိတာလည်းမဟုတ်ဘူး သားသမီးရှိတာလဲ
မဟုတ်ဘူး။ တယောက်တည်းဘဲ ပူပန်နေစရာမလိုဘူး။ လွတ်နေ့စေ့တဲ့အခါ
လွတ်မှာပေါ့ဟု ပြောကြားကာ အယူခံစာတင်သွင်းရန် လက်မခံခဲ့ကြောင်း
ရဟန်းတော်မှပြောပြသည်၊
ဘူးသိးတောင်ထောင်ပိုင်ကြီး- ဦးစိန်ထွန်း
ထောင်မှူးကြီးများ ဦးသိန်းရွေ
ထောင်မှူး စိုင်းအောင်ကျော် တို့အုပ်ချုပ်နေပြီး။
တပ်ကြပ် ကျော်ဌေး။ ဒု-တပ်ကြပ် မောင်လှထွေး သိန်းမောင် တို့သည်
ထောင်ဝင်စာလာတွေ့သူများထံမှ ငွေကြေးများအဆမတန်တောင်းရမ်းသည့်အပြင်
အကျဉ်းသား အလုပ်ဘုတ်တွင်လည်း ငွေမပေးနိုင်သည့်အကျဉ်းသားများအား
အလွန်ရက်စက်ကြမ်းကြုတ်ကြောင်း အကျဉ်းသားများအား
ရက်စက်စွာရိုက်နှိပ်ရာတွင် မင်းတို့ကိုသတ်ပုတ်လို့ ငါတို့ဘာတခုမှမဖြစ်ဘူး
ဘီဘီစီမက ဘာသတင်းဌာနမှအော်အော် တိုင်ချင်နေရာမှာတိုင် ငါတို့မှာ
အမွေးတပင်တောင်ကျွတ်မှာ မဟုတ်ဘူးလို့ ပြောကြားကြိမ်းမောင်းကြောင်းကို
အကျဉ်းထောင်လွတ်မြောက်လာသော အမည်မဖေါ်လိုသည့် သံဃာတော်မှ ဆက်လက်ပြောပြသည်၊
အဆိုပါ အကျဉ်းသား(၂)ဦးတွင် တဦးမှာ ရဟန်းတော်တပါးဖြစ်သည်၊
၎င်းရဟန်းတော်သည် ၂၀၀၇-ခု နိုဝင်္ဘာလ(၁၁)ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ
မိမိနေရပ်သို့ မိခင်ထံအလည်သွားရာ (နစက)နယ်မြေ-၃
တောင်ပြို(၀ဲ)ဘုန်းတော်ကြီးကျောင်းမှ နယ်မြေမှူး
ဗိုလ်မှုးနေမျိုးအမိန့်ဖြင့် (နစက)တပ်ဖွဲ့ဝင်များဖမ်းဆီးခြင်းဖြစ်ပြီး။
(နစက)နယ်မြေ-၃ အဖွဲံ(၃)မှ ဘုန်းတော်ကြီးထံမှ သိက္ခှာပုတ်မချဘဲ
အတင်းအဓမလူဝတ်လဲ ညှင်းပမ်းနှိပ်စက်ကာ မသင်္ကာမှု။ တခြားတိုင်းပြည်သို့
တရားမ၀င်ခိုးထွက်မှုဖြင့် ထောင်ဒါန်(၂)နှစ်ခွဲကို ၂၁-၁၁-၂၀၀၇ နေ့တွင်
မောင်တောတရားရုံးတော်မှ ပြစ်ဒါန်ပေးခြင်းခံရခြင်းဖြစ်သည်း
ဘူးသီးတောင်အကျဉ်းထောင်တွင် (၁၆)လခန့်ပြစ်ဒါန်ခံရပြီးနောက် ၂၁-၀၂-၀၉
နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်တွင် လွတ်မြောက်လာခြင်းဖြစ်သည်၊
ရခိုင်ပြည်နယ်။မြောက်ဦး။ဝသဲရပ်ကွက်မှ ဖြစ်သည်၊ အမည်ကိုမဖေါ်ပြရန်
တားမြစ်သောကြောင့်
နောက်တဦးမှာ ရခိုင်ပြည်နယ်။ ပလက်ဝမြို့နယ်။ပလုတ်တောင်ကျေးရွာနေ
မောင်မောင်သန်း(အဘ)ဦးသာမောင်ဖြစ်ပြီး တဘက်နိုင်ငံမှခိုးဝင်မှုဖြင့်
၂၀၀၇-ခု စက်တင်ဘာလ(၁၄)ရက်နေ့တွင် (နစက)နယ်မြေ-၃ မှ
ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၁၇-၁၀-၂၀၀၇ နေ့တွင် မောင်တောတရားရုံးတော်မှ
(လ၀က)မှုဖြင့် ထောင်ဒါဏ်(၂)နှစ်ခွဲချမှတ်ခံရသည်၊ ၂၁-၀၂-၀၉ နေ့တွင်
လွတ်ငြိမ်းချမ်းသာခွင့်တွင် လွတ်မြောက်လာခြင်းဖြစ်သည်၊
ဘူးသီးတောင်ထောင်သည် အစားအသောက်အလွန်ဆိုးဝါးကာ ဆေးဝါးကုသမှုကိုလည်း
လုံလောက်လောက်မရရှိကြောင်း နံနက်ပိုင်းတွင် ပဲဖြူတခွက် ထမင်းတခွက်။
ညနေချိန်တွင် တာလဘောဟင်းတခွက် ထမင်းတခွက်ကိုသာ ပေးကျွေးကြောင်း
၎င်းအကျဉ်းသား(၂)ဦးမှ ပြောပြသည်။
ကိုဌေးကြွယ်မှာ ကျန်းမာရေးအခြေအနေတော့ အနည်းငယ်ကောင်းမွန်နေပြီး
ကိုယ်ခန္ဂာကတော့ ပန်ချုံးလျှက်ရှိကာ အင်တာဗျူးသည့် ရဟန်းတော်မှာ
ကိုဌေးကြွယ်နှင့်စကားသွားပြောမိ၍ ထောင်မှူးများမှ
ပြင်းထန်စွာသတိပေးခံရပြီး။ အင်တာဗျူးခံသည့် မောင်မောင်သန်းမှာ တောင်ကုတ်
အန်အယ်ဒီအတွင်းရေးမှူးအား ရေပူသွားပေး၍ ဒေါက်ခတ်(၁)လနှင့်
တိုက်ပိတ်(၇)ရက်အပြစ်ပေးခံရကြောင်း။

Thursday, March 5, 2009
Wednesday, March 4, 2009
ရုံးခမ်းသစ်ဖွင့်ပွဲဖိတ်ကြားလွှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ( ကိုရီးယား ) ဌာနခွဲ၏ ရုံးခမ်းသစ်ဖွင့်ပွဲ
အခမ်းအနားကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပမည် ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံရောက်
ရွှေမြန်မာညီအစ်ကိုမောင်နှမများအားလေးစားစွာဖိတ်ကြားအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

Tuesday, March 3, 2009
အာဆီယံအစည်းအဝေးမှ ဗိုလ်ချုပ်ကြီးများက မြန်မာ အမျိုးသမီးတဦးကို ၀င်ခွင့်မပြု

မြန်မာစစ်ခေါင်းဆောင်များ၏ အကြပ်ကိုင်မှုကြောင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က လူ့အခွင့်အရေး လှုပ်ရှားသူ မြန်မာပြည်သား မခင်ဥမ္မာကို လက်ရှိပြုလုပ်နေသော အာဆီယံဆွေးနွေးပွဲ တက်ရောက်ခြင်း မပြုနိုင်ရန် ယမန်နေ့က တားမြစ်လိုက်သည်။
မခင်ဥမ္မာအား ပါဝင် တက်ရောက်ခွင့် ပြုပါက ၎င်းတို့အနေဖြင့် ဆွေးနွေးပွဲမှ ထွက်ခွာရမည်ဖြစ်ကြောင်း မြန်မာစစ်ခေါင်းဆောင်များက ခြိမ်းခြောက်ခဲ့ကြသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ ချအမ်းမြို့တွင် အာဆီယံ ၁၀ နိုင်ငံ အစိုးရ ၀န်ကြီးများ ပါဝင်သည့် အစည်းအဝေးကို ၃ ရက်ကြာ ပြုလုပ်လျက်ရှိသည်။
ဆွေးနွေးပွဲ တက်ရောက်ရန် ပြင်ဆင်ထားသည့် ကမ္ဘောဒီးယားမှ Pen Somony ကိုလည်း ကမ္ဘောဒီးယား အစိုးရ၀န်ကြီးများက တားမြစ်နိုင်ခဲ့ကြသည်ဟု သိရသည်။
၎င်းတို့ ၂ဦးသည် မြန်မာနှင့် ကမ္ဘောဒီးယား ၂ နိုင်ငံကို ကိုယ်စားပြုပြီး လက်ရှိပြုလုပ်နေသော အာဆီယံအစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ပါဝင် ဆွေးနွေးနိုင်ရန် ဒေသတွင်း အဖွဲ့အစည်းများက စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၂ဦး ပါဝင်ခြင်းမရှိဘဲ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
အာဏာရှင်နိုင်ငံတခုဖြစ်သည့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်သည်လည်း ၎င်း၏ အာဏာပိုင်များက အရေးယူမည်ကို စိုးရိမ်သဖြင့် အစည်းအဝေးသို့ လာရောက်ခြင်းမရှိဟု AFP သတင်းတွင် ရေးသားထားသည်။
ထို့ကြောင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်စဉ် ဒေသတွင်း တခြား နိုင်ငံ ၇ ခုမှ လူထုအခြေပြု အဖွဲ့များသာ ပါဝင်ခွင့် ရခဲ့သည်ဟု ဆိုသည်။ ( မိုးမခ )
Labels:
သတင်း
Monday, March 2, 2009
နိုင်ငံရေး အကျဉ်းသားများ လွှတ်ရန် အာဆီယံက မြန်မာအစိုးရကို တိုက်တွန်း
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေး အစုအဖွဲ့ အားလုံး ပါဝင်ခွင့်ပြုဖို့ အာစီယံ ခေါင်းဆောင်တွေက မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာ စစ်အစိုးရက စီစဉ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံ လုပ်ငန်းစဉ်တွေကို ဆက်ပြီး ဆောင်ရွက်သွားဖို့လည်း အာစီယံ ခေါင်းဆောင်တွေက တွန်းအားပေးကြပါတယ်။ အကြောင်းစုံကို ဦးသားညွန့်ဦးက တင်ပြပေးပါတယ်။
ဖေဖေါ်ဝါရီ ၂၈ရက်နေ့ကစတဲ့ မတ်လ ၁ရက်နေ့မှာ ပြီးဆုံးသွားတဲ့ အာစီယံ ထိပ်သီး အစည်းအဝေးပွဲမှာ မြန်မာ နိုင်ငံ အရေးကိစ္စကို တရားဝင် ဆွေးနွေးခဲ့ကြတာပါ။ ဒီနေ့ နောက်ဆုံးရက် ပိတ်ပွဲ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀က်ချာချီဝက် က မြန်မာ့အရေး အရေးကို အာစီယံ ထိပ်သီးဆွေးနွေးပွဲအတွင်းမှာ ဆွေးနွေးခဲ့ကြတာကို အခုလို ပြန်ပြီး ရှင်းလင်းသွားပါတယ်။
“မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ ၀န်ကြီးချုပ်က အခြေအနေတွေကို ရှင်းလင်းတင်ပြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စီစဉ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံ အတိုင်းလဲ လုပ်ငန်းစဉ်တွေကို အစုအဖွဲ့အားလုံး ပါဝင်ခွင့် ရနိုင်သမျှ ပါဝင်နိုင်အောင် လုပ်ပြီးတော့ ဆက်ပြီးဆောင်ရွက်သွားဖို့ အာစီယံ ခေါင်းဆောင်တွေက မြန်မာ အစိုးရကို အားပေး တိုက်တွန်းခဲ့ကြပါတယ်။ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ အစုအဖွဲ့တွေ ပါဝင်ခွင့်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။”
နောက်ဆုံး ထုတ်ပြန်တဲ့ အာစီယံ ထိပ်သီးဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာလည်း ဒီအကြောင်းကို ထည့်သွင်းထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ နောက် နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေး အဖွဲ့အားလုံး ပါဝင်ဖို့၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အလားအလာကောင်းတွေ ရလာဖို့ အမျိုးသား ညီညွတ်ရေး တည်ဆောက်ဖို့ကိုလည်း အာစီယံ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။
ရိုဟင်ဂျာကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အိန္ဒိယ သမုဒ္ဒရာက တရားမ၀င် နိုင်ငံ ဖြတ်ကျော်သူများလို့ ခေါင်းစဉ်တပ် သုံးနှုန်းထားပြီးတော့ ရိုဟင်ဂျာ ဆိုတာကို ရှောင်ပြီး သုံးထားတာကို တွေ့ရပါတယ်။
“အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိတဲ့ တရားမ၀င် နိုင်ငံဖြတ်ကျော် ၀င်ရောက်သူတွေ ကိစ္စကို ဒေသ ပြဿနာ အဖြစ်နဲ့ သတ်မှတ်ကိုင်တွယ်ဖို့ သဘောတူခဲ့ကြပါတယ်။ မတ်လမှာ ကျင်းပမယ့် လူကုန်ကူမှု တိုက်ဖျက်ရေးနဲ့ နိုင်ငံ ဖြတ်ကျော်သူများ အရေး ဘာလီဆွေးနွေးပွဲမှာ ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။”
လှေစီးပြေး ရိုဟင်ဂျာ ကိစ္စကတော့ အာစီယံ နိုင်ငံတွေ အတွင်းမှာ ဆွေးနွေးကြဦးမယ့် သဘောပါ။ ဒီကိစ္စကလည်း ဒေသတွင်း နိုင်ငံတွေရဲ့ အကြိုး စီးပွားနဲ့ တိုက်ရိုက်ဆက်နွယ်နေတာမို့ အာစီယံက ဒေသ ပြဿနာ တရပ်လို့ သဘောထားနိုင်ကြပေမဲ့ မြန်မာ့ဒီမိုကရေစီရေးကတော့ အစည်းအဝေးပြီးတဲ့အချိန်မှာ ကြေညာချက်ထဲလောက်မှာပဲ တိုက်တွန်းထားတဲ့ သဘောလောက်ပါပဲ။
( ဗွီအိုအေ )

Sunday, March 1, 2009
Subscribe to:
Posts (Atom)