သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Tuesday, April 27, 2010

NLD လူမှုရေးလုပ်ငန်းများ မေ ၇ ရက်တွင် စတင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့်လ ၇ ရက်နေ့မှ စတင်၍ နိုင်ငံရေးလုပ်ငန်းများ ရပ်ဆိုင်းကာ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မေလ ၇ ရက်နေ့ကစပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ တတ်နိုင်တဲ့ လူမှုရေး လုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်'' ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်နှင့် CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ယနေ့ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး HIV/ AIDS ဝေဒနာသည်များ ကူညီစောင့်ရှောက်ရေး၊ နာဂစ်သင့် ဒုက္ခသည်များအား သောက်ရေသန့် ရရှိရေးနှင့် ကူညီရေး၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား စောင့်ရှောက်ရေး၊ နိုင်ငံရေးအမှုများကို ဥပဒေ အထောက်အကူပြုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပါအဝင် လုပ်ငန်းရပ်များ တိုးချဲ့လုပ်ကိုင်မည်ဟု သိရသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

CEC အဖွဲ့ဝင် ဦးဝင်းတင်က “လူမှုရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာက ကျနော်တို့က နိုင်ငံရေးပါတီဗျာ။ ဆိုတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်းတွေ လုပ်ဖို့လိုတယ်။ လူတွေအနေနဲ့ နေ့စဉ်ကြုံတွေ့နေတဲ့ မတရားမှုတွေ ရပ်ပေးသင့်တာ ရပ်ပေးမယ်။ ဦးဆောင်မှု ပေးသင့်တာ ပေးမယ်။ ကန့်ကွက်သင့်တာ ကန့်ကွက်မယ်။ ဒါတွေက လူထုလုပ်ငန်းတွေ ဖြစ်တယ်။ ရုံးတွေ၊ ဋ္ဌာနတွေ မရှိဘူးဆိုရင် လူထုထဲကို ဆင်းမှာပဲ။ လူထုတွေထဲမှာ နိုင်ငံရေး ရှာမယ်။ လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ကိုက်ညီတာတွေ ရှိရင်လည်း ရှိမယ်။ ပိုပြီးတော့ ခိုင်မာတဲ့ လုပ်ငန်းတွေ တွေ့ရင်လည်း တွေ့မယ်။ ပျော့ပျောင်းတဲ့ နိုင်ငံရေးဖြစ်ရင်လည်း ဖြစ်မယ်။ ဒါပေမဲ့ ကျနော်တို့က လူထုကြားထဲကို ဆင်းကြမယ်၊ လုပ်ကြမယ်” ဟု မဇ္ဈိမကို ပြောသည်။

အစည်းအဝေးသို့ နေအိမ်အကျယ်ချုပ် ကျခံနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေးအရ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ CEC အဖွဲ့ဝင် ဦးလွန်းတင်တို့မှအပ ကျန်ရှိသည့် CEC အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ကြသည်။

NLD ရုံးများတွင် တပ်ဆင်ထားသည့် ပါတီဆိုင်းဘုတ်နှင့် အလံများကို ပါတီဝင်များက ဖြုတ်သိမ်းခြင်းမပြုရန်လည်း အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ဦးဝင်းတင်က ''ကျနော်တို့အနေနဲ့ ရုံးဖွင့်လို့ ရရင်ဖွင့်မယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ရုံးပိတ်ရမယ်ဆိုရင်၊ သော့ခတ်မယ်ဆိုရင် ကျနော်တို့က ဘာမှ မတတ်နိုင်ဘူး။ ဒါတော့ သူတို့က သော့ခတ်လို့ ရတာကိုး။ ကျနော်တို့က ရုံးမပိတ်ဘူး၊ အလံဖြုတ်မချဘူး၊ ဆိုင်းဘုတ်ဖြုတ်မချဘူး” ဟု ပြောဆိုသည်။

လာမည့်လ ၆ ရက်နေ့တွင် ပါတီသက်တမ်းကုန်မည် ဖြစ်သော်လည်း ဆိုင်းဘုတ်နှင့် အလံအား ဖြုတ်မချရန် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများနှင့် ယခုလ ၂၄ ရက်နေ့တွင် တွေ့ဆုံစဉ် သဘောထား ပေးခဲ့သေးသည်။

တနိုင်ငံလုံးတွင် တိုင်း/ပြည်နယ်နှင့် မြို့နယ်ရုံးများ အပါအဝင် စုစုပေါင်း ရုံး ၃ဝဝ ကျော် တည်ရှိရာ ၂ဝဝ၃ ခုနှစ် မေလ ဒီပဲယင်းဖြစ်ရပ်နောက်ပိုင်း စစ်အစိုးရက အားလုံးကို ပိတ်ပစ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်လ ၈ ရက်နေ့မှ စတင်၍ ရွေးကောက်ပွဲကော်မရှင် ဥပဒေများ ထုတ်ပြန်အပြီး NLD ရုံး ၁ဝဝ ကျော် ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့သည်။

အစည်းအဝေး ဆုံးဖြတ်ချက် အသေးစိတ်ကို လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။ နယူးဒေလီ (မဇ္ဈိမ)


No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews