သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Sunday, March 28, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြန်ဆုံးတွေ့ဆုံရေး NLD တောင်းဆို

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးဖို့နဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို တရားဝင် ရပ်တည်ခွင့်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၇ ရက်မှာကျရောက်တဲ့ (၆၅) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက် ၈/၀၃-၁၀ မှာ ဒီတောင်းဆိုချက်တွေကို ထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရေးဟာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ အင်မတန် အရေးပါတယ်လို့ ဆိုပါတယ်။ အလားတူစွာပဲ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း မရှိမဖြစ် လိုအပ်တဲ့အတွက် ဒီအချက်တွေကို တောင်းဆိုတာဖြစ်တယ်လို့ NLD က ဆိုပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဒီကနေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ NLD က ထုတ်ပြန်တဲ့တောင်းဆိုချက် အသေးစိတ်ကိုတော့ ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

"လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများအရ နိုင်ငံရေးအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးမှု ပြုရန်ဆိုတာ ဒါ ထူးခြားတဲ့ဟာပေါ့။ ကျန်တဲ့တောင်းဆိုတဲ့ဟာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာဟာ မတရားတဲ့ချုပ်နှောင်ထားမှုဖြစ်တဲ့အတွက် အမြန်ဆုံး လွှတ်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ပေးဖို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး ဆန်းညွှန့်လွင် တို့ကို အမြန်ဆုံး လွှတ်ပေးဖို့၊ ပိတ်ပင်ထားတဲ့တိုင်းရင်းသားပါတီတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ အဲဒါတွေပါ။"

ဆိုတော့ NLD တောင်းဆိုချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ပါဝင်ခွင့် တောင်းဆိုထားတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ ပါဝင်ခွင့်ပြုမယ်ဆိုရင် NLD က ရွေးကောက်ပွဲအပေါ်မှာ စဉ်းစားတဲ့နေရာမှာ အဲဒီအချက်ကို ထည့်သွင်းစဉ်းစားမှာလား။ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေး ကိစ္စက။ -

"ဒါတွေက ဆက်စပ်မှုတော့ ရှိမှာပေါ့။ ကျနော်တို့ အခု ဒီလိုလုပ်ပေးပါ၊ ဒီလိုလုပ်ပေးရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ မျိုးတော့ ဒီလိုတော့ တိတိကျကျ မရှိဘူးပေါ့ဗျာ။ ဒါတွေကတော့ ဆက်စပ်မှုရှိမှာပဲ။"

ရွှေဂုံတိုင် ကြေညာချက်အပေါ်မှာ စစ်အစိုးရက အတိုင်းအတာတခုအထိ လိုက်လျောမယ်၊ သဘောက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ လွှတ်ပေးမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့ ရွေးကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင်တော့ ဒါ တမျိုးတမည် ဖြစ်လာနိုင်တယ်ပေါ့။ -

"ကျနော်တို့ အဲဒီလို အပြောင်းအလဲရှိရင် ဒီဘက်မှာလည်း စဉ်းစားတာ အပြောင်းအလဲရှိမှာ သေချာပါတယ်။"

NLD ဗဟိုကော်မီတီဝင်လည်းဖြစ်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ဒီကနေ့အခမ်းအနားကို NLD အဖွဲ့ဝင်တွေအပါအ၀င် ဧည့်ပရိသတ် ၄၀၀ လောက် တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အပြင်ဖက်မှာတော့ စစ်အစိုးရရဲ့ လုံခြုံရေး ၁၀၀ ကျော် စောင့်ကြည့်နေခဲ့ပါတယ်။ ဒီလုံခြုံရေးပမာဏဟာ သိပ်များပြားတယ်မဆိုသာပေမဲ့ ခါတိုင်းထက်တော့ ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရပြန်ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေအရ တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့်ဆိုတာကို လာမယ့်မတ်လ ၂၉ ရက် တနင်္လာနေ့မှာ ဒီပါတီဌာနချုပ်မှာပဲ စည်းဝေးပြီး ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ ( ဗွီအိုအေ )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews