သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Friday, February 26, 2010

အမေရိကန်သံရုံး ယာယီတာဝန်ခံနှင့် NLDဗဟိုကော်မတီ တွေ့

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ယာယီ တာဝန်ခံက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီ အဖွဲ့ (CEC) ၀င်များနှင့် တွေ့ဆုံ၍ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် NLD ၏ သဘောထား၊ နိုင်ငံရေး အမြင်များကို မေးမြန်းကြောင်း သိရသည်။

အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာလယ်ရီ ဒင်းဂါးနှင့် အတွင်းရေးမှူး ဂျနီဖာ အေဟိုက်တို့သည် ရွှေဂုံတိုင်ရှိ NLDရုံးချုပ်၌ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က CEC အဖွဲ့ဝင်များဖြစ်သော ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်းတို့ နှင့် တွေ့ဆုံခဲ့ကြောင်း NLDကပြောသည်။

NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက “ဗဟို ဦးစီးကော်မတီဖွဲ့တဲ့ကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စတွေကို မေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားတယ်၊ ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ဖို့ အချိန်မတန်သေးဘူး၊ အဲသလိုပဲ ရွှေဂုံတိုင် ကြေညာစာတမ်းမှာလည်း ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး မဆုံးဖြတ်ရသေးဘူးလို့ ပြောလိုက်ပါတယ်၊ ပြီးတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် လာတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေလာပေးတယ်” ဟု ပြောသည်။

လက်ရှိ NLDအနေဖြင့် ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော ရွှေဂုံတိုင်စာတမ်းပါ တောင်းဆိုချက်များ အတိုင်း ရပ်တည် သွားမည်ဟု ဆိုသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ယင်းကြေညာ စာတမ်းတွင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဒီမိုကရေစီနှင့် မကိုက်ညီသောအချက် များကို ပြင်ဆင်ပေးရေးနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အောက်တွင် အားလုံး ပါဝင်သော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး တို့ပါဝင်သည်။

အမေရိကန်တာဝန်ရှိသူများက NLD၏ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ရေး၊ ၂၀၀၈ အခြေခံ ဥပဒေပြန်လည်ပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ တစုံတရာ ၀င်ရောက် ပြောကြားမည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“ရွေးကောက်ပွဲ မလုပ်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးဖို့ကို သူတို့လိုလားတယ်၊ ဒါကိုလည်း သူတို့ တိုက်တွန်းတယ် ဆိုတာကိုတော့ ပြောတယ်”ဟု ဦးဝင်းတင်က ဆိုသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးက NLDနှင့် တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း တစုံတရာ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း မရှိပေ။

အမေရိကန် အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ NLD အပါအ၀င် အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို တောင်းဆိုခဲ့သော်လည်း ၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍ ပြောဆိုခြင်း မရှိကြောင်း သိရသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလက မြန်မာပြည်အပေါ်တွင် ပိတ်ဆို့ အရေးယူမှုနှင့် စေ့စပ်ဆွေးနွေးမှုများကို တပြိုင်တည်း ကျင့်သုံးသွားမည့် အမေရိကန်အစိုးရ၏ မှုဝါဒသစ်ကို ကြေညာခဲ့သည်။

ယင်းကြေညာချက်ထွက်ပေါ်လာပြီးအမေရိကန် အဆင်ြ့မင့်အရာရှိများ၏ ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ်အဖြစ် နိုဝင်ဘာ လတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က မြန်မာပြည်သို့ အချက်အလက်ရှာဖွေရန် အတွက် သွားရောက်ခဲ့သည်။

သူ၏ ခရီးစဉ်အတွင်း စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလကလည်း နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။ ( ဧရာဝတီ )

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews