သံဃာ့တပ်ပေါင်းစု ခေါင်းဆောင် ဦးဂမ္ဘီရအား စွဲဆိုခဲ့သော အမှုများကို ပြန်လည် စစ်ကြောရန် ရှေ့နေများက ခရိုင်တရားရုံးသို့ အယူခံ တင်သွင်းခဲ့ရာ အမှုအားလုံးကို ယနေ့ နောက်ဆုံးထားကာ ပလပ်လိုက်ပြီ ဖြစ်သည်။
စွဲဆိုခံခဲ့ရသည့် အမှု ၁၆ မှုအတွက် အယူခံဝင်ခဲ့ရာ ယခုလ နောက်ဆုံးပတ်အတွင်း ၇ မှုကို ပလပ်၍ တမှုကို ပြစ်ဒဏ်လျှော့ချပေးခဲ့ပြီးနောက် ကျန်ရှိသည့် ၈ မှုအနက် ၄ မှုစီကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ယမန်နေ့နှင့် ယနေ့တွင် ထပ်မံ၍ ပလပ်လိုက်ခြင်း ဖြစ်သည်။
“မနေ့က ၄ မှု၊ ဒီနေ့လည်း ၄ မှု ပလပ်လိုက်တယ်။ အနောက်ပိုင်းခရိုင် တရားရုံးကနေ။ ကျမတို့ကတော့ ဆက်တက်ရမှာပဲ။ ပလပ်လိုက်တာက အနောက်ပိုင်းခရိုင် တရားရုံးကပဲ” ဟု ဦးဂမ္ဘီရ၏ အမဖြစ်သူ မခင်သူဌေးက မဇ္ဈိမကို ပြောသည်။
ယခုလ ၂၄ ရက်နေ့တွင် ၇ မှုကို အယူခံတင်ချိန် နောက်ကျ၍ ပယ်ချသည်ဟုဆိုကာ ၂၆ ရက်နေ့တွင် အီလက်ထရောနစ် ဥပဒေ ချိုးဖောက်သည့် အမှုမှ ထောင်ဒဏ် ၅ နှစ် လျှော့ချပေးခဲ့ပြီး ဖြစ်သည်။
“ဒီနေ့မှ သေသေချာချာ သိရတာက တိုင်းတရားရုံးက လျှော့ပေးတာ။ အနောက်ပိုင်းခရိုင် တရားရုံးက လျှော့ချတယ်လို့ပြောတာ မဟုတ်ဘူး။ အနောက်ပိုင်းခရိုင်က ပလပ်လိုက်တာပဲ” ဟု မခင်သူဌေးက ပြောသည်။
မနက်ဖြန်တွင် မိခင်ဖြစ်သူသည် ဆရာတော် အကျဉ်းကျခံနေရသည့် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံမည် ဖြစ်သည်။ ( မဇ္စျိမ )
No comments:
Post a Comment