လက်ရှိ စင်္ကာပူ အစိုးရအဖွဲ့ထဲမှာ ၀ါရင့် ထိပ်တန်း ၀န်ကြီးတဦး အဖြစ် တာဝန်ယူထားတဲ့ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်ထောင် ဟာ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် သိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန် တင်္နလာနေ့က စပြီး မြန်မာနိုင်ငံကို ၄ရက်ကြာ ခရီး သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ က စင်္ကာပူကို ရောက်ရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်က မစ္စတာ ဂိုချုပ်ထောင် ကို အခုလို မြန်မာနိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပြီး အခု ခရီးစဉ်မှာ နေပြည်တော်ကို သွားရောက်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မစ္စတာ ဂိုချုပ်ထောင် ဟာ ၀န်ကြီးချုပ်အဖြစ်နဲ့ လွန်ခဲ့တဲ့ ၁၁နှစ်တုန်းက လည်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးပါတယ်။
နာဂစ်မုန်တိုင်းအပြီး စင်္ကာပူရဲ့ အကူအညီနဲ့ ဆောက်လုပ်ခဲ့တဲ့ ရန်ကုန်တိုင်းထဲက ကရင်ချောင်းရွာ စက်ရုံသစ် ဖွင့်ပွဲ အခမ်းအနားကို မစ္စတာ ဂိုချုပ်ထောင် တက်ရောက်မှာ ဖြစ်ပြီး၊ သူနဲ့အတူ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးနဲ့ စင်္ကာပူ လွှတ်တော် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ တို့လည်း လိုက်ပါသွားမှာဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဂိုချုပ်ထောင် နဲ့ အဖွဲ့ဟာ မန္တလေး၊ တောင်ကြီး စတဲ့ မြို့ကြီးတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )
Monday, June 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment