မြန်မာသည် ကမ္ဘာပေါ်တွင် အင်တာနက်ဆိုင်ရာ နှိပ်ကွပ် ချုပ်ချယ်ရာတွင် အဆိုးရွားဆုံး နိုင်ငံဖြစ်ကြောင်း ထိပ်တန်း မီဒီယာ စောင့်ကြည့်လေ့လာရေး အဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။
နယူးယောက် အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ”ဘလော့ဂ်ဂါ တဦးအတွက် အဆိုးဆုံး ၁ဝ နိုင်ငံ” ဟု အမည်ပေးထားသော အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ရာ၌ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
အင်တာနက် အသုံးပြုမှုကို ဆိုးရွားလှစွာ တင်းကျပ်ထားကြောင်းနှင့် အစိုးရကို ဝေဖန်စာ ရေးသူများအား ထောင်ချထားသည်ဟု CPJ က ဆိုသည်။
ထို့အပြင် မြန်မာစစ်အစိုးရသည် အီးမေးလ်နှင့် အခြားသော ဆက်သွယ်ရေးလမ်းကြောင်း အသုံးပြုများကို စောင့်ကြည့်နေပြီး အတိုက်အခံများနှင့် ပြည်ပသတင်းဌာနများ၏ ဝဘ်ဆိုဒ်များကို ဖတ်ရှု၍ မရအောင် ပိတ်ပင်ထားသည်ဟုလည်း ဖော်ပြထားသေးသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး ဘလော့ဂ်ဂါ နှစ်ဦး ထောင်ချခံနေရသည်။ လူရွှင်တော် ဇာဂနာ ခေါ် မောင်သူရနှင့် ကိုနေဘုန်းလတ် ဖြစ်သည်။
ကိုဇာဂနာသည် ထောင်ဒဏ် ၃၅ နှစ်နှင့် ကိုနေဘုန်းလတ်မှာ နှစ် ၂ဝ ဖြစ်သည်။ ( မဇ္ဈိမ )
Saturday, May 2, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment