နအဖဘက်က ဖန်တီးထားတဲ့သက်သေလူစာရင်းတွေနဲ့  ပစ္စည်းစာရင်းတွေဟာ အချိန်ရက်တိုတိုအတွင်းမှာ လုပ်ကြံဖန်တီးထားတယ်ဆိုတာ သိသာပါတယ်။ သေသေချာချာ လေ့လာကြည့်ပါ။
ဒီလို နအဖရဲ့  လုပ်ကြံမှုကို ကြည့်ရင် ပြည်သူတွေအနေနဲ့  ပေါ့ပေါ့ဆဆမတွက်ပါနဲ့ ။ နအဖဟာ ယုတ်မာကောက်ကျစ်စွာနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်တဲ့ ရက်စေ့လို့  သက်တမ်းတိုးအောင် နှစ်နည်းနည်း ချရုံလောက်မဟုတ်ပါဖူး။ ဒေါ်အောင်ဆန်းစုကြည်ကို သေတဲ့အထိ ထောင်ထဲမှာ နှစ်များစွာ ချထားဖို့  စီမံနေတာပါ။
ပြည်သူတွေကို မြောက်ပေးနေတာမဟုတ်ပါဖူး။ ဒေါ်အောင်ဆန်းစုကြည်အတွက် အမှန်တကယ် အန္တရာယ်ရှိနေလို့  သုံးသပ်ပြတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အချိန်မှီ မကယ်တင်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်တင်မက ပြည်သူအားလုံးပါ ဒုက္ခရောက်ပါတော့မယ်။
Record
Publish at Scribd or explore others:
( နစ်နေမန်း )
No comments:
Post a Comment