မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့ရှိ အတားအဆီးများကို ရှေ့သို့တိုးချဲ့ပြီး ရွှေ့ပြောင်းလိုက်သည်ဟု ဆိုသည်။ အနောက်ဘက်အခြမ်း အတားအဆီးကို ရွှေတောင်ကြားရပ်ကွက်ထဲဝင်ရာ သံလွင်လမ်းထိပ်တွင်၎င်း၊ အရှေ့ဘက်တွင် ကမ္ဘာအေးစေတီလမ်းမနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် မီးပွိုင့်အနီးထိ ရောက်အောင် အကာအရံများ ရွှေ့ပြောင်းပြီး တိုးမြှင့်ချထားလိုက်သည်ဟု သိရသည်။
တက္ကသိုလ်ရိပ်သာလမ်း အင်းလျားကန်စောင်းတွင် မဏ္ဍပ်ဆောက်လုပ်နေသော လူငယ်တစ်ဦးက - “ပထမ - ဘုန်းကြီးကျောင်းရှေ့ထိပဲ ပိတ်ထားတာ။ အခုညနေမှ အတားအဆီးတွေ ကိုတိုးလိုက်တာ Lolane မဏ္ဍပ်နားအထိပဲ … ” ဟု Freedom News Group သို့ ပြောသည်။
နိုဘယ်ဆုရှင်များတွင် နေအိမ်အကျယ်ချုပ် ချထားခြင်းခံရသည့် တဦးတည်းသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၉ ဇူလိုင်လက စ၍ အနှစ် ၂၀ အတွင်း နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် ၁၄ နှစ် ကျခံ နေရသည့်အတွက် မြန်မာအတာသင်္ကြန်ကို ခြောက်ကြိမ်သာ လွတ်လပ်စွာဖြင့် ကြုံတွေ့ ခွင့်ရခဲ့သည်။ ( မိုးမခ )
Thursday, April 9, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment