သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Monday, March 22, 2010

သန့်ရှင်း - တည်မြဲ ကွဲဖို့မလိုပါ

ရန်ငြိမ်းအောင် (လူငယ်) ။ ။ ကျနော်တို့ မမွေးခင် ၁၉၅၈-ခုနှစ် ဖ-ဆ-ပ-လကြီး ကွဲတုန်းက၊ အဖွဲ့ချုပ်ကြီး သန့်ရှင်းဖို့ လိုသည်ဟု ခံယူသော-နုတင်နှင့်၊ ဘာဘဲဖြစ်ဖြစ် အဖွဲ့ချုပ်ကြီး တည်မြဲရေးသည် အရေးကြီးဆုံးဟု ခံယူသော ဆွေငြိမ်းအုပ်စုများ အာဏာပြိုင်ကြတာ ဖြစ်သည်ဟု လေ့လာ မှတ်သားခဲ့ရပါသည်။

အခုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးတွင်၊ အဖွဲ့ချုပ်၏ လိပ်ပြာ၊ သိက္ခာ၊ သန့်ရှင်းဖို့က အဓိကဟူသော အယူအဆနှင့် အဖွဲ့ချုပ် တည်မြဲဖို့အရေးကြီးသည် ဟူသော အယူအဆ၊ နှစ်မျိုး ကွဲနေတာကို မြင်နေကြားနေရပါသည်။ ထူးဆန်းစွာ တိုက်ဆိုင်နေသည်က တည်မြဲဘို့လို သည်ဟု ယူဆသူများကို ခေါင်းဆောင်သူများကလည်း ဆွေငြိမ်း ဖြစ်နေခြင်း ဖြစ်ပါသည်။

စစ်အစိုးရက၊ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများကို ထုတ်လိုက်သောအခါ၊ မထင်ခဲ့တာတွေ ဖြစ်လာပါသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းတုန်းက၊ ဥပဒေတွေ ထွက်လာရင်၊ ရွေးကောက်ပွဲ ဝင်မဝင် စဉ်းစားမည်ဟု ဆိုခဲ့သည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အခု မှတ်ပုံတင်ခြင်း ဥပဒေ တကယ်ထွက်လာတော့ ပါတီ ဆက်ရှိမည်၊ မရှိမည်ကိုပင် မစဉ်းစားဘဲမရ စဉ်းစားရပါပြီ။ ဥပဒေတွေ နည်းဥပဒေတွေအရ ပါတီဆက်ပြီး ရပ်တည်လိုလျှင် ထောင်ဒဏ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမည်၊ ပြီးတော့ မှတ်ပုံတင်ခွင့် လျှောက်ထားသူ (၁၅) ဦးလုံးက၊ တဦးချင်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ဝန်ခံကတိ လက်မှတ် ရေးထိုးရဦးမည်။ ထို့ပြင် ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃) နေရာ မဝင်မဖြစ် ဝင်ရဦးမည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကလည်း ရှင်းပါသည်။ ဤဥပဒေသည် ဥပဒေ အင်္ဂါရပ်နှင့် မညီပါ။ မတရားပါ။ ထို့ကြောင့် ကန့်ကွက်ပါမည်။ ထိုကိစ္စများပြီးမှ ပါတီ မှတ်ပုံတင်ဖို့ စဉ်းစားတာပေါ့ဟူ၍ ဖြစ်ပါသည်။ ဆိုလိုသည်ကတော့ ဆက်လက် တိုက်သွားမည်။ ထိုကာလအတွင်း မှတ်ပုံ မတင်လိုက်ရလို့အဖွဲ့ချုပ် အလိုအလျောက် ပျက်ချင်လဲ ပျက်ပါစေဟု ဆိုလိုပါသည်။ အဖွဲ့ဝင်ထု၏ ဆုံးဖြတ်ချက်ကို လိုက်နာပါမည်ဟု ဆိုခြင်းမှာလဲ ဒီမိုကရေစီ ခေါင်းဆောင်၏ အင်္ဂါရပ်ကို ဖော်ပြခြင်း ဖြစ်သည်။

အဖွဲ့ဝင်ထုက သူ့ကို ဘေးခနဖယ်ထားပြီး ရွေးကောက်ပွဲ ဝင်မည်ဟု ဆုံးဖြတ်မှတော့၊ ထိုအဖွဲ့အစည်း အတွင်းတည်းမှာ တွယ်ကပ်နေပါရ စေဆိုလျှင် ခေါင်းဆောင် ပီသပါ့မလား။

တည်မြဲအုပ်စုကတော့ ဒီလို မစဉ်းစားပါ။ ကောက်ကွေးသော ယုတ္တိကို သုံးထားပါသည်။ ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေအတိုင်း ဆက်လက် တိုက်ပွဲဝင်ဘို့၊ တရားဝင် အဖွဲ့အစည်း လိုသည်။ အဖွဲ့အစည်းကို တရားဝင် မှတ်ပုံတင်ဘို့ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ထဲက ထုတ်သင့်လျှင် ထုတ်ရမည်တဲ့။

မှတ်ပုံတင်ဘို ၊့ ၁၉၉၃ ခုနှစ်ကတည်းက လက်မခံနိုင်ပါဟု ဆိုခဲ့သော၊ အခုလည်း လက်မခံဟု ကန့်ကွက်ထားသော ၂၀၀၈ အခြေခံဥပဒေကို ‘ထိန်းသိမ်းစောင့်ရှောက်’ ပါမည်ဟု ဝန်ခံလက်မှတ်ထိုးမည်၊ ထိန်းသိမ်းစောင့် ရှောက်ခြင်းသည် လက်ခံခြင်း၊ လိုက်နာခြင်း မဟုတ်ပါတဲ့။ ဘယ်လို စဉ်း စားကြသလဲ မသိပါ။ နောက်ပြီး ဆိုပါသေးသည်၊ နှစ်နှစ်ဆယ်ကျော်လုံးလုံး စွန့်လွှတ် အနစ်နာခံပြီး အ ဖွဲ့ချုပ်အတွက် လုပ်ကိုင်ခဲ့ကြသူများအတွက် အဖွဲ့ဆက်ရှိရမည်တဲ့။ ထိုအဖွဲ့ဝင်များထဲက ဘယ်သူတွေကများ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ပါလို့တောင်းဆိုဘူးခဲ့ပါလဲ။

ခေါင်းဆောင်တယောက်က ဆိုပြန်ပါသည်။ ၁၉၉၁ ခုနှစ်တုန်းကလဲ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ် တည်မြဲရေးအတွက် ထုတ်ပစ်ခဲ့ဘူးပါသည်။ ၁၉၉၅ ခုနှစ် ပြန်လွတ်တော့လည်း ခေါင်းဆောင်မှု ပြန်ရတာပါပဲတဲ့။ ဟုတ်ပါသည်၊ ထိုစဉ်က ထုတ်ပစ်တုန်းက အခြေအနေက တမျိုးပါ။ ရွေးကောက်ပွဲပြီးလို့တနှစ်သာ ရှိသေးသည်။ ရလာဒ်က ပူပူနွေးနွေး၊ ဘာဖြစ်မည်လဲ မသိသေး၊ အဖွဲ့ချုပ်ကို အဖျက်ခံရခြင်းသည်၊ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သည်နှင့် အတူတူ ဖြစ်နေသည်။ ပြီးတော့ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် နောက်ထပ် အဖွဲ့စည်းတခုကို ဖွဲ့ဖို့ နေနေသာသာ ရှိသည့် ပါတီတွေကို အတင်းဖျက်ပစ်နေသည့်အချိန် ဖြစ်သည်။ ထိုအချက်များ အားလုံးကို ချိန်ဆပြီး ဦးတင်ဦး၊ ဦးဝင်းတင်စသည့် ခေါင်းဆောင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထုတ်လိုက်ရသည်။

ခုအခြေအနေက လုံးဝ ခြားနားနေသည်။ ရွေးကောက်ပွဲပြီးတာ အနှစ်နှစ်ဆယ် ရှိတော့မည်။ ရွေးကောက်ပွဲ ရလာဒ်ကို ပူပူနွေးနွေး ဖျက်ပစ်လိုက်ပြီးပြီ။ ပြီးတော့၊ ထို‘ပြီးတော့’ နောက်တခုသည် အရေးကြီးပါသည်။ ပြီးတော့ အခုအချိန်တွင် အဖွဲ့ချုပ်ကို အစိုးရက ဖျက်သိမ်းလိုက်ပါကလည်း အဖွဲ့ဝင်များသည် မိမိကြိုက်ရာ ပါတီဖွဲ့ရန် အချိန်ရှိသေးသည်။

ထို့ကြောင့် တရားဝင် ရပ်တည်မှုကို လိုချင်ပါသည်ဟု ဆိုသူများ အဖွဲ့ချုပ်တွင်းက၊ ကိုယ့်ဘာသာကိုယ် ကိုယ့်ဆန္ဒနှင့် နုတ်ထွက်လိုက်ပြီး၊ တူရာတူရာ၊ သန်ရာသန်ရာ ပူးပေါင်းပြီး ကိုယ့်ပါတီကိုယ် ထောင်ကြပါ။ ပြီးတော့ ပါတီနာမည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လက်သစ် တို့ဘာတို့ ခပ်ဆင်ဆင်တပ်ပြီး ရွေးကောက်ပွဲ ဝင်ရင်လဲဝင်ပါ။ မြန်မာပြည်မှာ ရှိနေတဲ့ သံရုံး ဝန်ထမ်းတွေကလည်း ထောက်ခံကြပါလိမ့်မယ်။ စစ်အစိုးရကလည်း ခွင့်ပြုမှာပါ။ ကူတောင် ကူညီလိမ့်ဦးမည်။ ကျန်ခဲ့တဲ့ အဖွဲ့ချုပ် အစစ်ကို မဝေဖန်ဘဲ နေမယ်ဆိုရင် ကွဲတယ်ပြဲတယ်ဆိုတဲ့ ပြဿနာကို တစိတ်တစ်ပိုင်း ကာကွယ်နိုင်ပါလိမ့်မည်။ ပြည်သူကိုတော့ လှည့်ဖြားလို့ ရမှာ မဟုတ်ပါ ။သို့သော် သမိုင်းမှာတော့ ဂိုဏ်းခွဲသူ၊ သင်းခွဲသူများလို့တွင်မှာ မဟုတ်ဘူးလို့ထင်ပါသည်။

ဖ-ဆ-ပ-လကြီး ကွဲခဲ့၍ ဦးနေဝင်းနှင့် စစ်ဗိုလ်ချုပ်များက အာဏာအရသာ တွေ့ခဲ့ကြရသည်။ နောက်တော့ ရာစုနှစ်တဝက်ကျော် နိုင်ငံဒုက္ခရောက်ရသည်။ အခု NLD ကွဲလျှင်တော့ ဘယ်တော့ မှ စစ်ကျွန်ဘဝက လွတ်မည်ကို မသိနိုင်တော့ပါ။ အဖွဲ့ချုပ်၏သမိုင်း သန့်ရှင်းစွာ ကျန်ရစ်ပါစေ ...။ ( မဇ္ဈိမသတင်းဌာန )


Saturday, March 20, 2010

ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည်

ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာ့ မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ရှေ့သီတင်းပတ်အတွင်း နယူးယောက်မြို့မှာ ခေါ်ယူကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခွင့်မရအောင် တမင် ရည်ရွယ်ထုတ်ပြန်ခဲ့တဲ့ မတရားတဲ့ ဥပဒေတွေဖြစ်တာကြောင့် ဗြိတိသျှ ၀န်ကြီးချုပ်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အတွင်းရေးမှူးချုပ်ထံ စာရေးသား တောင်းဆိုခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုလိုက်တာဖြစ်တယ်၊ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပစ်မှတ်ထားပြီး စာနာမှု ကင်းမဲ့စွာနဲ့ တဘက်သား အထိနာ အောင် လုပ်တာဖြစ်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီကိစ္စကို အရေးပေါ်စည်းဝေးပွဲ ခေါ်ယူ ကျင်းပ ပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက တောင်းဆိုခဲ့တာပါ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းတောင်းဆိုတဲ့စာကို ကုလသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ လက်ခံရရှိခဲ့တဲ့အတွက် မြန်မာ့ မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ရှေ့သီတင်းပတ်အတွင်း ကျင်းပဖြစ်မယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တွဲဖက် ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က မနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ဂေါ်ဒွန်ဘရောင်းဆီက စာကို ကျနော်တို့ လက်ခံရရှိတဲ့ မှတ်တမ်းအရဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ရက် အင်္ဂါနေ့က ဖြစ်ပါ တယ်။ ကျနော် ပြောနိုင်တာကတော့ မြန်မာ့မိတ်ဆွေများ အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။ ဒါကိုတော့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ လုပ်သွားမှာဖြစ်ပါတယ်။"

ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကိုယ်တိုင် စိတ်ပါဝင်စားစွာ ကြိုးစား လုပ်ဆောင် နေသူတဦး ဖြစ်ပြီး စစ်အစိုးရက အခုလို မတရားတဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိသာ ပေါ်လွင်လာတယ်လို့ ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ယူဆပါတယ်။

မစ္စတာ ဂေါ်ဒွန်ဘရောင်း ခေါ်ခိုင်းတဲ့ အရေးပေါ်စည်းဝေးပွဲ လုံခြုံရေးကောင်စီမှာ မလုပ်ဖြစ်အောင် တရုတ်ဘက်က အတွင်းရေးမှူးချုပ်ကို ဖိအားပေးလာတယ် ဆိုတဲ့အသံတွေ ထွက်လာတာကြောင့် မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ စည်းဝေးမနေတော့ဘဲ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲအဆင့်နဲ့သာ အတွင်းရေးမှူးချုပ်က ချွေးသိပ်ဖို့ ကြိုးစား တာလားဆိုတဲ့ မေးခွန်ပေါ်ထွက်လာတာနဲ့ ပတ်သက်လို့တော့ အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို သုံးသပ်ပါတယ်။

"အဲဒါကတော့ လမ်းကြောင်းမတူဘူးခင်ဗျ။ လမ်းကြောင်းက Friends of Burma က အထွေထွေညီလာခံက ချထားတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အထွေထွေ အတွင်းရေးမှူးချုပ်ကို ပေးထားတဲ့ mandate ပေါ့၊ လုပ်ပိုင်ခွင့်အာဏာအခြေခံပေါ်မှာ ဖွဲ့ထားတဲ့ mechanism တခုပေါ့။ လုံခြုံရေးကောင်စီလမ်းကြောင်းက နောက်တခုပေါ့။ လုံခြုံရေးကောင်စီ agenda အပေါ်မှာ မြန်မာပြည်နိုင်ငံရေးကိစ္စက ရရှိနေတဲ့အပိုင်းမှာပေါ့။ ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ ဒါဟာ တခုပြီးမှတခု လုပ်တယ် တော့ မဟုတ်ဘူးပေါ့။ ရရှိလာတဲ့အနေအထားနဲ့ ဖြစ်နိုင်တဲ့ အနေအထားတွေမှာ ဖြစ်တာကိုတော့ ကျနော်တို့ စလုပ်ရမယ်။ ကျနော်တို့ ရည်မှန်းချက်တွေကတော့ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးစေချင်တယ်။ ကျနော်တို့ကိုယ်တိုင် လိုက်လံ ပြီးတော့ ဆော်သြနေတဲ့အပိုင်းက သာမန် သံအမတ်ကြီးအဆင့်တင်မဟုတ်ဘဲနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုတွေ လုပ်စေချင်တယ်။ လုပ်တဲ့အခါမှာလည်း နယူးယောက်မှာတင် လုပ်တာမဟုတ်ဘဲနဲ့ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ကို ကမကထ လုပ်ပြီးတော့ လုပ်စေချင်တဲ့အပိုင်းပေါ့။"

ဒါပေမဲ့ မကြာသေးခင် ရက်ပိုင်းလေးကပဲ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ မြန်မာ စစ်အစိုးရ အပေါ် ဝေဖန်ပြောဆိုမှုတွေကို တရုတ်ကိုယ်စားလှယ် လုချမ်းက ကာကွယ်ပြောဆိုသွားပြီး စစ်အစိုးရ အနေနဲ့ နိုင်ငံရေးအရ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နေမှုတွေကိုလည်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါက်တာ သောင်းထွန်းရဲ့ အမြင်ကတော့ -

"အကျိုးစီးပွားအနေအထားအရ တရုတ်အနေနဲ့ multilateral level မှာ လူ့အခွင့်အရေး ကောင်စီအစည်းအဝေး၊ အကျိုးစီးပွား အရရော သူ့နိုင်ငံရဲ့ ယူနစ် အနေအထားပေါ့။ သူ့နိုင်ငံရဲ့ ယူနစ်အနေအထား ဆိုတာက သူ့နိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာတွေ ရှိတယ်။ ဆိုတော့ အဲဒီအခါမှာ position ယူတာ၊ သဘောထားယူတာ တပိုင်းပေါ့နော်။ ဒါက တကန့် စဉ်းစား ရမှာ ဖြစ်သလို တဘက်မှာ သူ့အကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့ နယ်စပ်ပြဿနာ၊ နယ်စပ်တည်ငြိမ်ရေး ပြဿနာ၊ ဒါက သူ့ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်တဲ့ကိစ္စ ဖြစ်တယ်။ ဒီအပိုင်းမှာတော့ သူ့ရဲ့ ပေါ်လစီ အတိအကျ ရှိတယ်ဆိုတာ တွေ့ရ တယ်။ အဲဒီအကျိုးစီးပွား အပေါ်မှာ အခြေခံနေတဲ့ သီးခြားတည်ရှိနေတဲ့ ပေါ်လစီချဉ်းကပ်မှုတွေကို တကမ္ဘာလုံးက နားလည် လက်ခံထားတဲ့ မြန်မာပြည်နိုင်ငံရေး တစုံလုံးဆိုင်ရာ ဖြေရှင်းဖို့ကြိုးစား ဆောင်ရွက်မှုတွေနဲ့ ဘယ်လိုဆက်စပ်ပေးမလဲ။ ဆက်စပ်မှုအပေါ်မှာ ပါဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ ကျနော်တို့ဘက်က ကြိုးစားဖို့လိုသလို ကျနော်တို့ မိတ်ဆွေနိုင်ငံတွေကလည်း ချဉ်းကပ်ပြီးတော့ ခေါ်ဆောင်ဖို့ လိုတယ်ပေါ့။"

အဝေးရောက် ညွှန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးတာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြသွားတာပါ။ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအ၀င် အာရှနဲ့ ဥရောပတိုက်က အဖွဲ့ဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်ပါတယ်။ ( ဗွီအိုအေ )


Friday, March 19, 2010

ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု စတင်


စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်သည်။

ရွေးကောက်ပွဲ ဥပဒေတွင် ဒေါ်အောင်ဆန်း စုကြည်၊ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အစရှိသော အဓိကပါဝင် ရမည့် သူများကို ပါဝင်ခွင့် မရရန် ကန့်သတ် ထားသည့် အတွက် ယင်း ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ် သောကြောင့် ဆန့်ကျင် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ယခုသတင်းစာ ရှင်းလင်းပွဲ ကျင်းပသည့် Global Campaign on Burma’s 2010 Military Elections အဖွဲ့ က ရှင်းလင်းသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အဆိုပါ အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးသိန်းဦးက “နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေကို ပြည်တွင်း ပြည်ပရှိ အဖွဲ့ အစည်းတွေရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ဆန့်ကျင်ရမယ်။ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ်မပြုသင့်ဘူး။ မြန်မာ့နိုင်ငံရေးအတွက် သော့ချက် ကျတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ထုတ်ပြီးကျင်းပမယ့် ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှုရှိမှာမဟုတ်လို့ ဆန့်ကျင်ကြဖို့ ကျနော်တို့ ဒီလှုပ်ရှားမှုကို လုပ်တာ ပါ”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသိန်းဦးသည် ပြည်သူ့ လွှတ်တော် အမတ်များ သမဂ္ဂ (M.P.U) ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

Global Campaign on Burma’s 2010 Military Elections အဖွဲ့သည် ပြည်သူ့လွှတ်တော် အမတ်များ သမဂ္ဂ(MPU)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် Forum for Democracy in Burma ကဲ့သို့ သော ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသောအဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့များ အပါအ၀င် အဖွဲ့ပေါင်း ၁၅၀ ခန့် ပါဝင် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

KNU အထွေထွေ အတွင်းရေးမှူး နော်စီရာဖိုးစိန်ကလည်း စစ်အစိုးရ၏၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ ပြည်သူ တရပ်လုံးကို စစ်ကျွန်ဘ၀ သွတ်သွင်းမည့် အကြံအစည်ဖြစ်သကဲ့သို့ တိုင်းရင်းသားများ၏ ဘ၀ကို လည်း ပိုမို၍ ဒုက္ခပင်လယ်ဝေစေသောကြောင့် တိုင်းရင်းသားများ အဖွဲ့ အစည်းများအနေဖြင့်၂၀၁၀ ရွေးကောက်ပွဲ ကို မ၀င်ဘဲ ဆန့်ကျင်ကြရန် ပြောသည်။

“၂၀၀၈ အခြေခံ ဥပဒေမှာ ကျမတို့တိုင်းရင်းသားတွေအတွက် ဘာမှလည်း အာမခံချက်ပေးထားတာမပါဘူး၊ စစ်တပ်ကပဲ ဆက်လက်ပြီး အုပ်ချုပ်မယ့် ဥပဒေဖြစ်နေတာကြောင့် ကျမတို့ တိုင်းရင်းသားတွေအနေနဲ့ မပါ ၀င်ကြဖို့ တိုက်တွန်းချင်ပါတယ်၊ ကျမတို့ အတွက် ဘာအကျိုးမှ မရှိနိုင်ဘူး”ဟု နော်စီရာဖိုးစိန်က ဆိုသည်။

စစ်အစိုးရ အခြခံ ဥပဒေတွင် အကျဉ်းကျခံနေရသူများ ရွေးကောက်ပွဲ ၀င်ခွင့်မရှိဟု ဖော်ပြထားသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများမှာ ကန့်သတ်ခံထားရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ သည် မည်သည့်ရာဇ၀တ်မှုကိုမျှ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ ဖြစ်ကြောင်း၊ ယင်း ရွေးကောက်ပွဲဥပဒေကို နိုင်ငံတကာ ဥပဒေအရကြည့်မည်ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများမှာ ရွေးကောက်ပွဲ ၀င်ခွင့်ရှိပြီး နအဖ စစ်ဗိုလ်ချုပ်များသာလျှင် ရွေး ကောက်ပွဲဝင်ခွင့်မရှိကြောင်း Forum for Democracy in Burma ၏ နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး မခင်ဥမ္မာက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှု လှုံ့ဆော်ပွဲများကို ဂျပန်၊ အိန္ဒိယ၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံ များ တွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

စစ်အစိုးရက ၂၀၁၀ အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟုကြေညာခဲ့ပြီး ယခုလအတွင်း၌ပင် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန် ထားသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ ( ဧရာဝတီ )

မြန်မာပြည် ရွေးကောက်ပွဲက လိမ်လည်လှည့်ဖျားမှုပဲ


လူ့အခွင့် အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ တောင်အာဖရိက နိုင်ငံက ခရစ်ယာန် ဂုဏ်းချုပ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကို ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေး မြန်းခဲ့ပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ၂၀၁၀ ရွေးကောက် ပွဲကို “လိမ်လည် လှည့်ဖျားမှု” တခု အဖြစ် ပယ်ချခဲ့ကာ“ပြီးခဲ့တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အဓိက အတိုက်အခံ ခေါင်းဆောင်ကို ဖယ်ထုတ် ထားပြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တွေကို အာဏာရှင်က စိတ်ကြိုက် ရွေးချယ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျ ကျင်းပ ပါတယ်လို့ ခင်ဗျား ဘယ်လို အခိုင်အမာ ပြောနိုင်မလဲ”လို့ မေးခွန်း ထုတ်လိုက်ပါတယ်။

သူ့လိုပဲ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကိုလည်း ဘုန်းတော်ကြီး တူးတူးက သူ့အနေနဲ့ ရန်ကုန်မြို့ကိုသွားပြီး “ညီမငယ်ရေ မင်းကို မြန်မာပြည်ရဲ့ ခေါင်းဆောင်အစစ်အမှန်အဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ် တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ စောင့်မျှော်နေမယ်”ဆိုတဲ့အကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန် တူးတူးဟာ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ စနစ်ကို အကြမ်းမဖက်လှုပ်ရှားမှု နဲ့ ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ ခုနှစ်က ငြိမ်းချမ်းရေး နိုဗဲလ် ဆု ချီးမြှင့်ခံရပြီး အဲဒီဆုကို အာဖရိက ရဲ့ ဒုတိယမြောက် ရရှိသူ ဖြစ်ပါတယ်။

မေး။ ။ သမ္မတ အိုဘားမား လက်ထက်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမယ့် မူဝါဒ ကို ချမှတ်ခဲ့ပါတယ်။ ဒီမူဝါဒအောက်မှာ စစ်အစိုးရနဲ့ တွေ့ဆုံမှုတွေ အကြိမ်ပေါင်းများစွာ ရှိခဲ့ပေမယ့် အခုထိ တိုးတက်တဲ့ အရိပ် လက္ခဏာ မတွေ့ရသေးပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ပိုတိုးလာတာပဲ ရှိပါတယ်။ အဲဒီအမေရိကန်အစိုးရရဲ့ မူဝါဒအပေါ်မှာ ဘုန်းတော်ကြီးရဲ့အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို ကြမ်းကြမ်းတမ်းတမ်း ဒဏ်ခတ်တဲ့မူဝါဒ တလျှောက်လုံး သုံးလာတာမို့ နောက်ပိုင်းမှာ အခုလိုမျိုး ပျော့ပြောင်းတဲ့ မူဝါဒ တခုကို ပြောင်းသုံးလာတာ ဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ မူဝါဒ အသစ်ပေါ်မှာ တစုံတရာ သံသယရှိပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မှာလည်း ကျနော့်လိုမျိုး သံသယတွေ ရှိနေပါတယ်။ ကျနော်တို့ လိုချင်တာက အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုတွေ မြန်မာပြည်မှာ
ဖြစ်ပေါ်လာဖို့ပါပဲ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပြီး မြန်မာ ပြည်မှာ ဒီမိုကရေစီစံနစ်တခု အမှန်တကယ် တည်ဆောက်ခွင့်ရလာတဲ့အချိန်မှာ ကျနော်တို့ “ဟာလေလူးယာ”လို့ (ခရစ်ယာန် ကျေးဇူးတော် ဓမ္မသီချင်း) ဟစ်ကြွေးပါ့မယ်။ ဒါ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲ။

မေး။ ။ မြန်မာစစ်အစိုးရကို ကြမ်းကြမ်းတမ်းတမ်း ဒဏ်ခတ်အရေးယူဖို့ ဘုန်းတော်ကြီးအနေနဲ့ အတော်ကြာကြာ စည်းရုံးလှုပ်ရှား ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကလည်း ဘုန်းတော်ကြီးနဲ့ ချက်နိုင်ငံ သမ္မတဟောင်း ဗားကလပ်ဟာဗယ် တို့ ပူးပေါင်းပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အစီရင်ခံစာတစောင် တင်သွင်းပြီးတော့ စစ်အစိုးရကို အရေးယူဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကတော့ စစ်အစိုးရနဲ့ ထိတွေ့ပြီး ကုန်သွယ်မှုတွေ ဆက်လုပ်ကြပါတယ်။ အနောက်နိုင်ငံတွေ၊ ကုလ သမဂ္ဂ နဲ့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအပါအ၀င် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို ဘာများ အကြံပြုလိုပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ရည်မှန်းချက်က မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိပြီးတော့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ရှင်သန်တိုး တက်လာရေးပဲ။ တောင်အာဖရိကမှာ ဘာတွေဖြစ်ခဲ့သလဲ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။ လူမျိုးရေးခွဲခြားတဲ့ စနစ်ကို ကျင့်သုံး တဲ့ အစိုးရက ခေါင်းမာလွန်းတာမို့ အဲ့ဒီအစိုးရကို ဒဏ်ခတ်အရေးယူဖို့ ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ရေဂင်ရဲ့ အစိုးရအပါအ၀င် အနောက်နိုင်ငံ အစိုးရ အတော်များများက ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကို အရေးမစိုက်ခဲ့ကြဘူး။ ဒါပေမယ့် အမေရိကန်အစိုးရ က ဒဏ်ခတ်အရေးယူမှုတွေ လုပ်တဲ့အခါကျတော့ လူမျိုးရေးခွဲခြားတဲ့စနစ် တစတစနဲ့ ပြိုလဲပျက်စီးတာပဲ။ ဒဏ်ခတ်အရေးယူမှုတွေက စိုက်လိုက်မတ်တတ် လုပ်မယ်ဆိုရင် အလုပ်ဖြစ်ပါတယ်။ ဒီနည်းက ဖိနှိပ်မှုတွေအဆုံးသတ်စေမယ့် အကြမ်းမဖက်တဲ့ နည်းလမ်း တခုပဲလေ။ အစိုးရတွေအနေနဲ့လည်း ဘယ်ဘက်ကရပ်မှာလည်းဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုလိမ့်မယ်။ တကယ်လို့ မြန်မာ အတိုက်အခံတွေက စစ်အစိုးရကို ဒဏ်ခတ်အရေးယူဖို့ တောင်းဆိုလာခဲ့ရင် အပြင်ကလူတွေအနေနဲ့“ဒဏ်ခတ်အရေးယူမှု တွေက ကျနော်တို့ ကူညီချင်တဲ့ ပြည်သူတွေကို ထိခိုက်မှာပေါ့လို့” ပြောကောင်းပြောလိမ့်မယ်၊ ဒါပေမယ့် အတိုက်အခံရဲ့ တောင်း ဆိုချက်က ပိုအရေးကြီးတယ်လို့ ကျနော်ယူဆတယ်။

မေး။ ။ စစ်အစိုးရရဲ့ လက်နက်ကိုင် အင်အားစုတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေကြတဲ့အကြောင်း အစီရင်ခံ စာတွေ ပုံမှန်ထွက်နေပါတယ်။ စစ်မက်ဖြစ်ပွားရာနဲ့ တိုင်းရင်းသားဒေသတွေမှာ မုဒိန်းကျင့်တာတွေ၊ ဘာသာရေးအရ ခွဲခြားဖိနှိပ် တာတွေ၊ ကလေးတွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းတာတွေ စတဲ့ ကျူးလွန်မှုတွေကို သိရပါတယ်။ ဒီလို ချိုးဖောက်မှုတွေကို ရပ်တန့်သွားအောင် ဘယ်လိုဖိအားမျိုးတွေ ပိုသုံးနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ လူမဆန်တဲ့ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ပစ်ပါ၊ ပြီးတော့ ဗိုလ်ချုပ်ကြီးတွေကိုလည်း သူတို့ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲခံရမယ်ဆိုတာကို သံမှိုနဲ့ နက်ထားသလို သိအောင် လုပ်ပါ။

မေး။ ။ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပါလိမ့်မယ်၊ ရွေးကောက်ပွဲဥပဒေကိုလည်း ကြေညာသွားပြီး ပါပြီ။ လူအတော်များများကတော့ လာမယ့်ရွေးကောက်ပွဲရဲ့လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်နိုင်မှုတွေအပေါ်မှာ သံသယ
ရှိကြပါတယ်။ ဘုန်းတော်ကြီးကရော ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီရွေးကောက်ပွဲက လွတ်လပ်တဲ့ ရွေးကောက်ပွဲမှ မဟုတ်တာ၊ အဲဒါ လိမ်လည်လှည့်ဖျားမှု ပဲလေ။ ပြီးခဲ့တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အဓိက အတိုက်အခံခေါင်းဆောင်ကို ဖယ်ထုတ်ထားပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို အာဏာရှင်က စိတ်ကြိုက်ရွေးချယ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ကျင်းပပါတယ်လို့ ခင်ဗျား ဘယ်လို အခိုင်အမာ ပြောနိုင်မလဲ။ ဒီဗိုလ်ချုပ်တွေက ဘယ်သောအခါကများ မျှမျှတ တ လုပ်တာ ရှိဘူးလို့လဲ။ ကျနော်ထင်ပါတယ် အခုလိုအခြေအနေမျိုးမှာ မြန်မာပြည်မှာ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကို လိုက်ရှာနေမယ့်အစား ငရဲပြည်မှာ နှင်းရှာတာကမှ ပိုဖြစ်နိုင်ဦးမယ်လို့ ထင်တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်နဲ့ စစ်အစိုးရလက်ထဲမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်က အဖိနှိပ်ခံ သန်းပေါင်းများစွာအတွက် ဘာများပြောချင်ပါသလဲ။ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် လှုပ်ရှားမှုကို နိုင်ငံတကာမိသားစုက ခိုင်ခိုင်မာမာ ထောက်ခံအားပေးခဲ့ပေမယ့် စစ်အစိုးရကို ဆန့်ကျင်ရာမှာ ထိရောက်မှု မရှိသလို ဖြစ်နေပါ တယ်။ ဘုန်းတော်ကြီးရဲ့တောင်အာဖရိက အကြမ်းမဖက်လှုပ်ရှားမှု အတွေ့အကြုံကို ပြောပြပေးနိုင်မလား။

ဖြေ။ ။ နိုဗဲလ်ဆုရှင် ညီမငယ် နဲ့ မြန်မာပြည်က ညီအစ်ကို မောင်နှမများ ခင်ဗျား၊ ခင်ဗျားတို့ရဲ့သတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ကျနော်တို့ လေးစားအားကျကြောင်း ပြောလိုပါတယ်။ ခင်ဗျားတို့ ရင်ဆိုင်နေတာ အမှန်နဲ့ အမှား ပြဿနာ ဖြစ်ပါတယ်။ သူတို့မှာ သေနတ်တွေ စစ်တပ်နဲ့ ရဲအင်အားတွေ ရှိပေမယ့် တရားမမျှတမှုရဲ့တရားခံတွေဟာ ရှုံးနိမ့်နေပြီးသားလို့ တောင်အာဖရိကရဲ့ အမှောင်ထု အနက်ရှိုင်းဆုံး ကာလတွေမှာတောင် ကျနော်တို့ ပြည်သူတွေကို ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီတရားခံတွေက တရားမမျှတမှု၊ ဖိနှိပ်မှုနဲ့ ယုတ်မာမှု ဘက်ခြမ်းမှာ ရှိကြတာမို့ သူတို့က ရှုံးပြီးသားလို့ ကျနော်တို့ပြောတာပါ။

ခင်ဗျားတို့ကတော့ အမှန်တရားဘက်မှာ ရှိကြတာပါ။ ညီမငယ်ရေ တောင်အာဖရိကမှာ နယ်လ်ဆင်မန်ဒဲလား ထောင်က လွတ်လာ ပြီးတဲ့နောက် အစ်ကိုတို့ရဲ့ခေါင်းဆောင် ဖြစ်လာသလိုပဲ မင်းကို မြန်မာပြည်ရဲ့ ခေါင်းဆောင်အစစ်အမှန်အဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ တနေ့မှာ အစ်ကိုတို့ ရန်ကုန်ကို လာခဲ့ပါဦးမယ်။ အရှေ့က နေထွက်ပြီး အ နောက်ကိုဝင်နေသရွေ့တရားမမျှတမှုနဲ့ ဖိနှိပ်မှုရဲ့တရားခံတွေဟာ ပြိုလဲ ပျက်သုဉ်းကြရမှာပါ။ ခင်ဗျားတို့ကို ဘုရားသခင် ကောင်း ချီးပေးပါစေ။ ( ဧရာဝတီ )

နှိပ်စက်မှုတွေအကြောင်း ပြန်မပြောချင်တော့သူ ကိုညီညီအောင်နှင့် အင်တာဗျူး


ထောင် ၃ နှစ် ချမှတ်ခံရပြီးမှ ရုတ်တရက် ပြန်လွှတ်ပေးခြင်းခံရသူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင်သည် ယနေ့ညနေတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူဖြစ်သည့် အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်နေ ကိုညီညီအောင်ကို မဇ္ဈိမက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်အရောက် ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မေး။ ပြန်လွတ်လာမယ်လို့ ကြိုသိခဲ့လား။

''စိတ်ထဲမှာတော့ နည်းနည်း ခံစားမိခဲ့သလိုပဲဗျ။ မနေ့က ကျနော့်ကို ပြည်ကနေ အင်းစိန်ကို ရွှေ့တာကိုး။ အဲဒီအချိန် ကျနော့်စိတ်ထဲမှာ လွတ်နိုင်လိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေတော့ ဖြစ်လာတာပေါ့။ လွတ်မယ်ဆိုတာကို တိတိကျကျ သိထားခဲ့တဲ့ အနေအထားတော့ မရှိပါဘူး။ ဒီနေ့မနက်မှ သံရုံးကလူတွေနဲ့၊ ထောင်ပိုင်ကြီးနဲ့ ကျနော့်ကို ခေါ်ပြီး အင်းစိန်က ဗူးဝကြီးအောက်တည့်တည့်က ရုံးခန်းမှာ ခေါ်တွေ့တဲ့ အချိန်ကျမှ ကျနော် လွတ်ပြီဆိုတာကို သေချာ သိလိုက်ရပါတယ်''

မေး။ လွတ်မြောက်လာအောင် ဘယ်သူတွေက ဆောင်ရွက်ပေးခဲ့တာလဲ။ ဘာကြောင့် လွတ်လာတယ်လို့ ထင်လဲ။

''ကျနော် ယုံကြည်တာပေါ့လေ၊ ကျနော် မျှော်လင့်ထားတာက မြန်မာနိုင်ငံရဲ့ အရေးကို တကမ္ဘာလုံးက အင်အားစုတွေ၊ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာကိုချစ်တဲ့ မိတ်ဆွေတွေအားလုံးက ဝိုင်းဝန်းပြီးတော့ ကူညီနေတဲ့ အတွက်ကြောင့်၊ မြန်မာပြည် လွတ်မြောက်ရေးကို ကူညီနေတဲ့ အတွက်ကြောင့်၊ ဗမာပြည်မှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ လူတွေရဲ့ လွတ်မြောက်ရေးကို အထူးကြိုးစားပြီး ကူညီခဲ့ကြတာလို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒီဟာကို ယုံလည်း ယုံကြည်ပါတယ်။ မြန်မာတွေတင် မကဘူး၊ တခြားသော နိုင်ငံခြားသားတွေရော၊ အားလုံး စုပေါင်းပြီး ကြိုးစားခဲ့လို့ ကျနော့်ရဲ့ လွတ်မြောက်မှုဟာ ရလဒ်လို့ပဲ ကျနော် မြင်ပါတယ်''

မေး။ အခုလို လွတ်မြောက်လာဖို့ အတွက်ကိုရော နအဖ အစိုးရနဲ့ သဘောတူညီချက်တွေ ထားခဲ့ရတာမျိုး ရှိလား။

''သဘောတူညီချက် ပေးရတာတော့ မရှိပါဘူး။ ကျနော့်ကို ပြည်ထဲရေးဝန်ကြီးကနေပြီးတော့မှ သူထုတ်တဲ့ စာပေါ့လေ၊ အဲဒီထဲမှာ လွတ်မြောက်ကြောင်း၊ အကယ်၍များ နောင်တကြိမ် အဖမ်းခံခဲ့ရမယ်ဆိုရင် ကျနော့်ကို အခုလျှော့ပြီးတော့ သက်သာခွင့် ပေးလိုက်တဲ့ရက်ကို ပြန်ပြီးတော့ ကျခံပါ့မယ်လို့တော့ ကျနော် သဘောတူပါတယ်ဆိုပြီးမှ ဆိုင်းထိုးထားခဲ့ရတာမျိုးတော့ ရှိပါတယ်''

မေး။ ပြည်နှင်ဒဏ်၊ နယ်နှင်ဒဏ် ပေးလိုက်တယ်လို့ ကြားတယ်၊ အဲဒါ ဟုတ်သလား။

''ဟုတ်ပါတယ်၊ ကျနော့် Passport မှာတော့ ပြည်နှင်ဒဏ်ပေါ့လေ။ ဒါပေမဲ့ ကျနော် ဆိုင်းထိုးခဲ့ရတဲ့ အထဲမှာတော့ ပြည်နှင်ဒဏ်ဆိုတာ တလုံးမှ မပါပါဘူး။ ဒါပေမဲ့ Passport ဆိုတာက immigration (လူဝင်မှုကြီးကြပ်ရေး) က ကိုင်ထားတာကိုး။ ကျနော့် အမေရိကန် နိုင်ငံကူးလက်မှတ်ကို ကျနော် လေယာဉ်ပေါ် ရောက်တဲ့အချိန်မှ ကျနော့်ကို လာပေးတာ။ ဆိုတော့ အဲဒီမှာတော့ တုံး ထုထားပါတယ်''

မေး။ ထောင်ထဲမှာ နေခဲ့တုန်းကရော နှိပ်စက်ခံခဲ့ရတာမျိုးတွေ ရှိလား။

''စိတ်ပိုင်းဆိုင်ရာမှာတော့ အကျပ်အတည်းတော့ ရှိတာပေါ့နော်။ စိတ်ပိုင်းဆိုင်ရာ ကျဉ်းကျပ်မှုလို့ပဲ ဆိုလို့ရမယ်။ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေတော့ မရှိပါဘူး။ အထိုးခံရတာ၊ အရိုက်ခံရတာတွေက စစ်ကြောရေးကာလမှာပဲ ဖြစ်ခဲ့တာပါ။ ထောင်ထဲမှာတော့ ရိုက်နှက်တာ၊ ညှဉ်းပန်းတာ မရှိပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျဉ်းကျပ်မှု ဆိုတာတွေက တခုခု မေတ္တာရပ်ခံလိုက်ရင် အကြောင်းပြန်တာ နောက်ကျတာတို့၊ ဘာတို့တော့ ကြုံတွေ့ရတာပေါ့လေ။ သူတို့တွေ ပြောတာကတော့ သူတို့မှာ အလုပ်သမား အခက်အခဲတွေကြောင့်၊ ဘဏ္ဍာငွေ အခက်အခဲတွေကြောင့် ဒီလိုမျိုးတွေ ဖြစ်လာခဲ့ရပါတယ်ဆိုပြီးမှ ပြောလာတာမျိုးတွေတော့ ရှိပါတယ်''

မေး။ စစ်ကြောရေးမှာ ဘယ်လောက်ကြာခဲ့လဲ။

''စစ်ကြောရေးမှာတော့ ၁၄ ရက်တိတိပါပဲ။ စဖမ်းတဲ့ ရက်ကစပြီး ၁၄ ရက်၊ ဗမာပြည်အခေါ်မှာတော့ ရမန် ၁ ပတ်ပေါ့။ အဲဒီ ရမန် ၁ ပတ် ပြည့်သွားတဲ့အချိန်မှာ ကျနော့်ကို အင်းစိန်ထောင်ထဲ တန်းပို့ပါတယ်''

မေး။ စစ်ကြောရေးမှာတုန်းက ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံခဲ့ရမှုတွေကို ပြန်ပြောပြလို့ ရမလား။

''အဲဒီတုန်းက အကြောင်းတွေတော့ ကျနော် ပြန်မပြောချင်တော့ပါဘူး''

မေး။ မြန်မာပြည်ကို သွားခဲ့ရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးပါလား။

''ကျနော် မြန်မာပြည်ကို သွားခဲ့တာကတော့ မြန်မာနိုင်ငံသားတွေအတွက် အပြောင်းအလဲ လိုအပ်တယ်၊ နိုင်ငံရေး အပြောင်းအလဲအတွက် လိုအပ်တယ်၊ နိုင်ငံရေးအရ ပြောင်းလဲရမယ်၊ လူမှုရေးအရ ပြောင်းလဲရမယ်၊ ပြောင်းလဲမှုတွေ လိုအပ်တယ်ဆိုတဲ့ အတွက်ကြောင့် ကျနော် သွားခဲ့ရခြင်း ဖြစ်ပါတယ်''

မေး။ ဒါနဲ့ အခု ရွေးကောက်ပွဲဥပဒေတွေလည်း ထွက်လာပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဘာဆက်လုပ်သင့်သလဲ။

''ကျနော်က အခုမှ အပြင်ကို ထွက်လာတာဆိုတော့ ကျနော့်အနေနဲ့ ပြောဖို့ နည်းနည်း စောနေပါသေးတယ်။ အချိန်နည်းနည်း ယူပြီးတော့ ပြည်ပမှာရှိတဲ့ ကျနော့်သူငယ်ချင်းတွေ၊ ကျနော့်အဖွဲ့ဝင်တွေ၊ ကျနော်တို့ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ ကျနော် ဆွေးနွေးပြောဆိုပြီးမှပဲ ပြန်ပြောတာ ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။ ကျနော့် ယူဆချက် နောက်တချက်ကတော့ ဂယက်တခုခု ရိုက်သွားမှာကို ကျနော် မလိုလားပါဘူးဗျ။ ကျနော် အခုထွက်လာတာက နာရီပိုင်းပဲ ရှိသေးတယ်ဆိုတော့ ဘာကိုမှ သေချာမသိရသေးလို့ပါ''

မေး။ အခုရော ဘာတွေ ဆက်လုပ်သွားမယ်လို့ စိတ်ကူးထားလဲ။

''ခုနက ပြောသလိုပေါ့နော်၊ ကျနော့် အပေါင်းအသင်းတွေ၊ ကျနော်တို့ အင်အားစုတွေ၊ အပြင်မှာရှိနေတဲ့ အင်အားစုတွေနဲ့ ကျနော် တွေ့ပါမယ်၊ စကားပြောပါမယ်။ ပြီးတော့ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ ရလဒ်နဲ့ နောက်ပိုင်းမှာ ဖွဲ့စည်းထားတဲ့ ဒေါက်တာစိန်ဝင်းတို့ရဲ့ ညွန့်ပေါင်းအစိုးရနဲ့ ကျနော် ဆွေးနွေးပါဦးမယ်။ ပြည်သူ့ဆန္ဒတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီလိုအဖွဲ့အစည်းမျိုးတွေနဲ့ ကျနော်စကားပြောမယ်၊ FDB (မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု) လို အဖွဲ့အစည်းမျိုးတွေနဲ့ ကျနော် စကားပြောမယ်။ ပြောပြီးတဲ့ အချိန်ကျမှပဲ တော်တော်များများကို ကျနော် ပြောလို့ရမှာ ဖြစ်ပါတယ်''

မေး။ နအဖ အစိုးရက အမျိုးမျိုး စွပ်စွဲပြီး ထောင်ချခဲ့တဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။

''အုပ်ချုပ်သူတွေအနေနဲ့ တဖက်နဲ့တဖက် စွပ်စွဲနေတာတွေ၊ နိုင်ငံတော်ကို စွပ်စွဲနေတာတွေ၊ မကျေနပ်ချက်တွေနဲ့ စွပ်စွဲနေတာတွေဟာ နိုင်ငံရေးပြသနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေး ပြသနာတွေကို မှန်ကန်တဲ့ ချဉ်းကပ်မှုမျိုးနဲ့၊ မှန်ကန်တဲ့ နည်းနာတွေ စဉ်းစားသင့်တယ်။ ကျနော်တို့က ပွင့်ပွင့်လင်းလင်း စဉ်းစားသင့်တယ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်တယ်။ အဲဒီအပေါ်မှာ အကြောက်တခုခုနဲ့ ကာကွယ်ထားတာပဲ ဖြစ်ဖြစ်၊ ဒါဟာ သိက္ခာကျနိုင်တယ်လို့ ထင်ပြီးတော့ မဆွေးနွေးတာလည်း ဖြစ်နိုင်တယ်ပေါ့။ တကယ်ဆိုရင် ဒီလိုအဟန့်အတားတွေ မဖြစ်သင့်ဘူး။ တဦးနဲ့တဦးကို ဒါဟာ သူလုပ်လို့ မှားတယ်၊ ငါလုပ်လို့ မှားတယ်ဆိုပြီး လက်ညှိုးထိုး ပြောနေမယ့်အစား တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ကျနော်တို့ တိုင်းပြည်ကြီးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြပါလို့ ကျနော် ပြောချင်ပါတယ်။ အဲဒီ အခြေအနေကို ကျနော် မြင်လည်း မြင်ချင်တယ်။ အဲဒီအတွက်ကြောင့် ကျနော် ကြိုးစားသွားပါဦးမယ်''

မေး။ အမေရိကန်ကို ဘယ်ချိန်ပြန်မှာလဲ။

''အခုအချိန်ထိတော့ မသိရသေးဘူး။ ခဏနေတော့ သိရမယ်။ ဒါပေမဲ့ ၂၄ နာရီအတွင်းမှာပဲ ကျနော် ပြန်ဖြစ်မှာပါ''

မေး။ လေဆိပ်မှာရော မြန်မာအာဏာပိုင်တွေက ဘာတွေ မှာကြားလိုက်သေးလဲ။

''အဲလိုမျိုး မှာကြားတာတော့ မရှိပါဘူး။ ဒါပေမဲ့ ကျနော့်ရဲ့ နိုင်ငံကူးလက်မှတ်ကိုတော့ လေယာဉ်ပေါ် ရောက်မှပဲ ရတာပေါ့လေ။ လေယာဉ်ပေါ် ရောက်တဲ့အထိကို သူတို့တွေ ပို့ဆောင်ပေးတာမျိုးတော့ ရှိတာပေါ့။ ဘာမှ မှာကြားတာတော့ မရှိပါဘူး'' (မဇ္ဈိမ)

ကိုညီညီအောင်ကို လွှတ်ပေးတာ အမေရိကန် ကြိုဆို


အမေရိကန်နိုင်ငံသား အဖြစ် ခံယူထားတဲ့ မြန်မာ့အရေး လှုပ်ရှားသူ ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ကို မြန်မာစစ်အစိုးရက လွှတ်ပေးလိုက်တဲ့အတွက် အမေရိကန် အစိုးရက ကြိုဆိုလိုက်ပါတယ်။ ဒီကိစ္စအတွက်ပဲ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီကလည်း ကြိုဆိုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ကိုကျော်ဇောလွင် လွတ်မြောက်လာတဲ့ ကိစ္စဟာ နိုင်ငံတကာ ဖိအားပေးမှုတွေကြောင့် ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေကလည်း ဆိုပါတယ်။ အပြည့်အစုံကို ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် လွတ်ပြီဆိုတဲ့ သတင်းကို ရရခြင်းပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဒွန် ဒူးကစ်က သတင်းထောက်တွေကို အခုလို ပြောဆိုလိုက်ပါတယ်။

“မြန်မာအာဏာပိုင်တွေက ထောင်သွင်း အကျဉ်းချထားခဲ့တဲ့ ကိုကျော်ဇောလွင်ကို ဒီနေ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူဟာ အခု မြန်မာပြည်က ထွက်ခွာသွားပါပြီ။ မြန်မာစစ်အစိုးရရဲ့ သေးငယ်တဲ့ ဆောင်ရွက်ချက် ဖြစ်ပေမဲ့ ဒါကို အပြုသဘောဆောင်တဲ့ ခြေလှမ်းအနေနဲ့ ကျနော်တို့က ကြိုဆိုပါတယ်။ အမေရိကန် အစိုးရက မြန်မာအရာရှိတွေနဲ့ အပြင်းအထန် အလုပ်လုပ်ပြီး တချိန်ချိန်မှာ သူပြန်လွတ်လာဖို့ ကြိုးစားခဲ့တာပါ။ အခုလို သူ့ကို ပြန်လွှတ်ပေးလိုက်တာကို ကျနော်တို့ ကြိုဆိုပါတယ်။ ကိုကျော်ဇောလွင်ကို ကျနော်တို့ သေသေချာချာ စောင့်ရှောက်ခဲ့ပါတယ်။ သူဟာ အခု မြန်မာပြည်က ထွက်ခွာသွားပြီ ဆိုတာကိုလည်း သူ့မိသားစုကို ကျနော်တို့ အကြောင်းကြားထားပါတယ်။”

၂၀၀၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း ဖြစ်ခဲ့ပြီး လက်ရှိ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ (John Kerry)ကလည်း မတ်လ ၁၈ ရက်နေ့က ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် လွတ်မြောက်လာမှုကို ကြေညာချက်တစောင် ထုတ်ပြန် ကြိုဆိုခဲ့ပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက အခု ကိုကျော်ဇောလွင် အမေရိကန် ပြည်ထောင်စုက သူ့နေအိမ်ကို ပြန်လာနေချိန်မှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကိုတော့ မြန်မာစစ်အစိုးရက ဆက်ပြီး ချုပ်နှောင်ထားဆဲပဲ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေ အားလုံးဟာ တူညီသော သဘောထား ခံယူချက် တခုတည်းကြောင့် ဖမ်းဆီး အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်လို့ မစ္စတာ ကယ်ရီက ဆိုပါတယ်။

အခြေခံ လူ့အခွင့်အရေးတွေကို စစ်အစိုးရက လေးစားဖို့ ကြိုးပမ်းကြတာတွေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေကို သူတို့တွေက သဘောတူ ထောက်ခံကြတယ် ဆိုတာတွေကြောင့် အခုလို အကျဉ်းကျခံနေရတာလို့ မစ္စတာ ကယ်ရီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ် မြန်မာနိုင်ငံက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အားပေးဆောင်ရွက်ခဲ့မှုနဲ့ အကျဉ်းကျနေတဲ့ မိခင်ဖြစ်သူကို တွေ့နိုင်ဖို့ မနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံကို ပြန်သွားခဲ့တဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်ဟာ ရန်ကုန်လေဆိပ်မှာပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

အစပထမမှာ ကိုညီညီအောင်ကို နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးတဲ့ အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ကိုင်မှုနဲ့ တရားစွဲဆိုထားရာက မှတ်ပုံတင်အတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ တရားမ၀င် လက်ဝယ်ထားရှိမှုတွေနဲ့ ပြောင်းလဲ စွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စွဲဆိုထားတဲ့ ပြစ်မှုတွေ ထင်ရှားတယ်ဆိုပြီး စစ်အစိုးရ လက်အောက်က တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ မမျှော်လင့်ဘဲနဲ့ ကိုညီညီအောင်ဟာ မတ်လ ၁၈ ရက်နေ့မှာ ပြန်ပြီး လွတ်လာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အမှုမှာ ခုခံသူဘက်က အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောတာကတော့…

“ကျနော့်ထင်မြင်ချက်ကို ပြောရရင် သူ့ကို ပြည်နှင်ဒဏ်ခတ်ပြီး ပြန်လွှတ်ပေးလိုက်တာက ဒီအစိုးရက နိုင်ငံတကာ ဖိအားတွေကို စိုးရိမ် ကြောက်ရွံ့နေလို့ပါ။”

ကိုညီညီအောင်ကို ပြန်လွှတ်ပေးဖို့ အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးပြီး တောင်းဆိုထားတဲ့ စာတစောင်ကို မြန်မာစစ်အစိုးရဆီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပေးပို့ခဲ့ကြပါတယ်။ မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ကနေ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ ကိုညီညီအောင်ကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးသားညွန့်ဦးက တွေ့ဆုံ မေးမြန်းခဲ့ရာမှာ ကိုညီညီအောင် ပြောတာကတော့…

“တဘက်မှာတော့ ၀မ်းသာပါတယ်။ တပိုင်းကျတော့လည်း မိသားစုတွေ အကုန်လုံးက ထောင်ထဲမှာပဲ ရှိနေသေးတယ်ဆိုတော့ အပြည့်အ၀တော့ ကျနော် ၀မ်းမသာနိုင်သေးဘူး။ ကျနော့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အားလုံးကလည်း ထောင်ထဲမှာပဲ ရှိနေသေးတယ်ဆိုတော့။”

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကိုလည်း ကိုညီညီအောင်က အခုလို ရှင်းလင်း ပြောပြပါတယ်။

“ကျနော့်အနေနဲ့ စသွားတုန်းကတော့ ကျနော်က အမြဲတမ်း တိုင်းပြည်ထဲကို သွားနေကျပဲ။ ကျနော်တို့ နိုင်ငံသားတွေဟာ ပိုပြီး အသိတရားရှိမယ်၊ ပိုပြီးပွင့်လင်းတဲ့ အခင်းအကျင်း ဖြစ်နိုင်ဖို့အတွက် ကျနော်မြင်သလောက် မျှဝေမယ်၊ သူတို့ဆီက ရသမျှ ကျနော် လေ့လာမယ်၊ ပြီးသွားတဲ့အခါ ဘာတွေ ပိုပြီး ချဉ်းကပ်နိုင်မလဲဆိုတာ ကျနော် စဉ်းစားပါတယ်။”

မြန်မာနိုင်ငံက အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တိုးမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အခုလို မတရားဖမ်းဆီး အကျဉ်းချထားတာတွေ အပါအ၀င် မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူမဆန်တဲ့ ပြစ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေအတွက် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ တောင်းဆို အကြံပြုထားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ပြန်လည်လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကလည်း မတ်လ ၁၈ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ကိုကျော်ဇောလွင်ကို အမေရိကန် ပြည်ထောင်စုကို ပြန်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို သူ့အနေနဲ့ ကြိုဆိုကြောင်းနဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက သူ မြန်မာနိုင်ငံ သွားရောက်ခဲ့ပြီး ကတည်းက မြန်မာစစ်အစိုးရက လုပ်ဆောင်ခဲ့တဲ့ အပြုသဘောဆောင် ကိစ္စရပ်တွေအပေါ် မူတည်ပြီး မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို တိုးမြှင့်သွားဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက နည်းလမ်းတကျ စဉ်းစားသင့်တယ် ဆိုတဲ့အချက်ကို ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ကြေညာချက်ထဲမှာလည်း ဖော်ပြထားပါတယ်။ ( ဗွီအိုအေ )

ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်လိုက်ပြီးနောက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်အလိုက် ဝေဖန်သုံးသပ်မှုတွေ ရှိနေတယ်လို့ NLD ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ပါတီ ရှေ့ဆက် ရပ်တည်ရေးနဲ့ ရွေးကောက်ပွဲ ၀င်မ၀င်ကို မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ NLD က ကြေညာထားချိန်မှာ အခုလို သုံးသပ်မှုတွေကို လုပ်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အတူ အားလုံးပါဝင်နိုင်တဲ့ အနေအထားမှာ မရှိတဲ့အတွက် ဒီဥပဒေတွေကို ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတရပ် NLD အတွင်းမှာ ရှိနေပြီး ဒီကိစ္စကို ဆက်လက် ညှိနှိုင်းနေတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။ NLD အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပါ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေ ပြန်ပြင်ပေးရေး တောင်းဆိုထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ကိုင်စွဲထားဆဲပဲလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြို့နယ်အလိုက် ပြန်လည် ဝေဖန် သုံးသပ်တာမျိုးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်တွေအလိုက် ပြန်လည်ဝေဖန်ဖို့ သဘောထားတွေ ရှိလာပါတယ်။ အဲဒီဟာကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက်ပြီးတော့ ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အနေအထား တရပ်ကိုလည်း ဆက်ပြီးတော့ ရှိနေမှာကို အန်ကယ်တို့က အတိအလင်းပဲ ရပ်တည်ချက်အဖြစ် လက်ကိုင်ထားဆဲပဲ ရှိပါတယ်။ ရွှေဂုံတိုင် ကြေညာချက် သဘောထားပေါ့လေ။

“အခုလောလောဆယ် ထွက်လာတဲ့ ပါတီဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေ အပေါ်မှာ မကျေလည်တဲ့ဟာတွေကို ပြန်လည် ပြင်ဆင်နိုင်အောင် ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတွေကိုလည်း အန်ကယ်တို့ အပြီးအပြတ် ညှိနှိုင်းလို့တော့ ပြီးသွားပါပြီ။ ဆုံးဖြတ်ဖို့ကတော့ ၂၉ ရက်နေ့ကျမှပဲ ဆုံးဖြတ်သွားမှာပါ။”

NLD ပါတီ ရပ်တည်ရေးနဲ့ ခေါင်းဆောင်မှုကို ရွေးချယ်ရာမှာ ပါတီ ပျက်ပြယ်သွားမှာ စိုးရိမ်သူတချို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ တချိန်တည်းမှာပဲ တကယ်လို့ NLD က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ပါတီအနေနဲ့ ဆက်လက် ရပ်တည်နိုင်တယ်ထား၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို NLD ကိုယ်တိုင် ချေဖျက်ပြီးသား ဖြစ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုးတွေလည်း ထွက်ပေါ်နေပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ NLD ရဲ့ သဘောထား၊ နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့် ဆီးကို ကျော်လာတဲ့ ကန့်သတ်ချက်တွေ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ တစ်၊ ကျနော်ပြောချင်တာက ဒါ သူတို့နဲ့ မဆိုင်ဘူး၊ အစိုးရနဲ့ မဆိုင်ဘူး။ ပါတီဝင် တယောက်ကို ပါတီထဲမှာ လက်ခံထားခြင်း၊ မခံထားခြင်းဟာ သူတို့အလုပ် မဟုတ်ဘူး၊ ကျနော်တို့အလုပ်။ ကျနော်တို့ဘာသာ ကျနော်တို့ ပါတီရဲဘော် တယောက် လက်ခံထားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က ခေါင်းဆောင် တင်ထားတယ်၊ အဲဒါ သူတို့ခေါင်းဆောင် မဟုတ်ဘူးလို့ ပြောခွင့်မရှိဘူး။

“ဒါ့ထက်ပိုဆိုးတာက ကျနော်တို့က အဲဒီလို ဥပဒေမျိုး ထုတ်ပြန်ထားတဲ့ အခါကျတော့ ပါတီထဲမှာ ဘယ်လိုမှ ထောင်ကျမယ့်အလုပ်ကို မလုပ်ဝံ့တော့ဘူး။ နိုင်ငံရေးသမားပဲ ထောင်ကျသင့် ကျမှာပဲ၊ မှန်ရာပြော ထောင်ကျမှာပဲ။ နောက်တခုက ပါတီထဲမှာ လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ၊ ထက်ထက်သန်သန် လုပ်တဲ့သူတွေဆိုရင် မင်း ထောင်ကျလိမ့်မယ်၊ မင်း ဒါတွေရပ်ဆိုတဲ့ ပါတီကနေ ၀င်ပြီးတော့ စာပေစိစစ်ရေး လုပ်သလို သူတို့ကို စိစစ်ရေး လုပ်ရမယ်၊ တားမြစ်ရမယ် ဆိုရင်ဖြင့်၊ အဲတော့ ပါတီတွင်း ကိစ္စတွေလည်း ၀င်ရှုပ်တယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ကိုလည်း ချိုးနှိမ်၊ ချိုးဖျက်ရာ ရောက်တယ်လို့ မြင်ပါတယ်။ ဒါနှစ်ချက်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေဟာ နိုင်ငံရေးတာဝန် လက်ရှိ ထမ်းဆောင်နေသူတွေ ဖြစ်တယ်လို့ NLD အနေနဲ့ ခံယူတဲ့အတွက် သူတို့ကို မကြာခင်တုန်းက ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ NLD ဗဟိုကော်မတီစာရင်းမှာ ထည့်သွင်းခဲ့တဲ့အကြောင်း ဦးဝင်းတင်က ပြောပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေကို ပါတီက ထုတ်ပယ်ပစ်ဖို့ ကန့်သတ်တာက ပါတီကိုလည်း ခြေချုပ် လက်ချုပ် ချုပ်နှောင်တာ ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် မတ်လ ၂၉ ရက်နေ့ဆိုရင် စစ်အစိုးရ စီစဉ်တဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ရှိ မရှိ ဆုံးဖြတ်ချက် ချမယ်လို့ ကြေညာထားတဲ့အတွက် ဒီအဖြေကို စိတ်ဝင်စားမှုတွေနဲ့အတူ ဒီအချိန်ဟာ NLD အတွက် အရေးကြီးတဲ့ အချိုးအကွေ့ဆိုပြီး နိုင်ငံရေး လေ့လာသူတွေက သတ်မှတ်ထားကြပါတယ်။ ( ဗွီအိုအေ )

Wednesday, March 17, 2010

မြန်မာ ရွေးကောက်ပွဲ ဥပဒေသစ် ကုလမှာ အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန် တိုက်တွန်း


အရင်အပတ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး နယူးယောက်ခ်မြို့ ကုလသမဂ္ဂရုံးမှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-Moon) ဆီကို စာရေးပြီး တောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ရည်ရွယ်ထားတာဟာ စာနာမှု ကင်းမဲ့စွာနဲ့ တဖက်သားကို အထိနာအောင် လုပ်ထားတာပဲ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကောက်ချက်ချခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မြန်မာစစ်အစိုးရက အရင်အပတ်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေအရ လက်ရှိ ထောင်ဒဏ် ချခံထားရသူတွေသာမက အယူခံ ၀င်ထားသူတွေပါ ရွေးကောက်ပွဲမှာ မပါဝင်ရဘူး ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို နိုင်ငံရေး ဖြစ်စဉ်ကနေ တမင် ဖဲကြဉ်ထားသလို ဖြစ်နေတယ်လို့ နိုင်ငံတကာက ရှုမြင်ကြပါတယ်။ ဒီလို ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုလိုက်တာပဲလို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကောက်ချက်ချပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပစ်မှတ်ထားပြီး ပထားတာဟာလည်း စာနာမှု ကင်းမဲ့စွာနဲ့ တဘက်သား အထိနာအောင် လုပ်တာပဲလို့ ဆိုပါတယ်။

ဒါကြောင့် နယူးယောက်ခ်မြို့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဆီကို စာရေးပြီး တောင်းဆိုခဲ့တဲ့အကြောင်း မစ္စတာ ဂေါ်ဒွန် ဘရောင်းရဲ့ရုံးက ဒီနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို တောင်းဆိုနေတာကို နိုင်ငံတကာ အနေနဲ့ ပံ့ပိုးပေးဖို့နဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှု ပိတ်ပင်ရေးအတွက် ဆွေးနွေးဖို့ မစ္စတာ ဂေါ်ဒွန် ဘရောင်းက အဆိုပြုထားတာပါ။

အခုလို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းရဲ့ တောင်းဆိုချက်ကို လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaing UK က ကြိုဆိုလိုက်ပြီး နိုင်ငံတကာအနေနဲ့ ဒီကိစ္စကို ပံ့ပိုးဖို့ လိုအပ်တဲ့အကြောင်း Burma Campaign UK အဖွဲ့က အမှုဆောင် ဒါရိုက်တာ အန်နာ ရောဘတ်စ် (Anna Roberts) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

“၀န်ကြီးချုပ်ရဲ့ တောင်းဆိုချက်ကို ကျမတို့ ကြိုဆိုပါတယ်။ တခြားအစိုးရတွေလည်း ပူးပေါင်း ပါဝင်လာပြီး အဲဒီကတဆင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီး စစ်အစိုးရ အနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

မနေ့ကလည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာလည်း ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး မစ္စတာ ဘော့ဘ် လပ်စ်တ် (Mr. Bob Last) က မြန်မာနိုင်ငံနဲ့ လက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ရေးအတွက် နိုင်ငံတကာ အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာ၊ ပြည်သူတွေ၊ ဆေးပေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားတဲ့ ဥပဒေကို ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အင်မတန် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ အခုလို မိမိတို့ တိုင်းသူပြည်သားကို ပြန်ပြီး ပစ်မှတ်ထား တိုက်ခိုက်တဲ့ အစိုးရကို ဘယ်နိုင်ငံကမှ လက်နက်ရောင်းချမှုတွေ မလုပ်သင့်ပါဘူး။”

တဆက်တည်းမှာပဲ စစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မစ္စတာ လပ်စ်တ်က မြန်မာပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်တွေ တင်းတင်းကျပ်ကျပ် ပိတ်ပင်ခြင်း ခံနေရဆဲ ဖြစ်တာကြောင့် စိုးရိမ်မကင်း ဖြစ်ရကြောင်းကိုလည်း မစ္စတာ လပ်စ်တ်က ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်မပေးဘူး၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အခြေအနေတွေ မဖန်တီးပေးဘူးဆိုရင် အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ယုံကြည်နိုင်ဖွယ် ရှိမှာ မဟုတ်သလို တရားဝင်မှာလည်း မဟုတ်ပါဘူး။”

အရင်အပတ်ကလည်း ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဂျာဇီ ဘူးဇက်ခ် (Jerzy Buzek) က စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ တင်းကျပ်ထားတာမို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားတွေ ဖြစ်စေမယ့်အပြင် တိုင်းပြည်ကို မှားယွင်းတဲ့ဘက်ကို ဦးတည်စေတယ်လို့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့လည်း ဥရောပ ပါလီမန်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့ NLD မျှော်လင့်

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်အစိုးရရဲ့ ဥပဒေ ထုတ်ပြန် ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းဘက်က ထောက်ပြ ဝေဖန်နေတာနဲ့တင် ရပ်တန့်မနေဘဲ လေးလေးနက်နက် အရေးယူ ဆောင်ရွက်လာဖို့ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြ ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က တနင်္လာနေ့က တောင်းဆိုလိုက်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲအတွက် ဥပဒေတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းက မျှော်လင့်ထားသလို အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်သ၍ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အယုံအကြည်ရှိမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့သလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) ကလည်း ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ဖို့အတွက် အထောက်အကူ မပြုဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ကျင်းပမယ့် ဘက်မလိုက် ထိပ်သီးညီလာခံကို တက်ရောက်မယ့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ပူပန်မှုတွေကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုဖို့ ရှိပါတယ်။ ဒီလို နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ပူပန်မှုတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျေးဇူးတင်ပေမဲ့ ဒီတခါမှာ လေးလေးနက်နက် ဆောင်ရွက်ဖို့တော့ မျှော်လင့်ထားတယ်လို့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ပြောတာဆိုတာတွေ အားလုံးကတော့၊ ဥပမာ မစ္စတာ ကင်တားနား ပြန်သွားပြီးတော့ ပြောတာတွေရော၊ အဲဒီအရင်က မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒီမှာရှိတဲ့ တပ်မတော် အကြီးအကဲဆီကို စာပို့ထားတဲ့ ကိစ္စတွေ အကြောင်းအရာတွေရော၊ အခု အာဆီယံက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်ကိုယ်စား ပြောတာတွေရော လာမယ့် အာဆီယံ အစည်းအဝေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ ပြောမယ်ဆိုတဲ့ အနေအထားတွေကတော့ သူတို့ပြောတာ ဆိုတာတွေကတော့ ဒီမိုကရေစီ ရှေ့အလားအလာ ကောင်းဖို့အတွက်ကို ပြောတယ်ဆိုတဲ့ အနေအထား ရှိတယ်လို့ပဲ မှတ်ယူပါသေးတယ်။

“အရင်တုန်းကလည်း ပြောကြတာပါပဲ။ ပြောလာပြီးတော့ နောက်ပိုင်းကျတော့လည်း ဒီလိုနဲ့ပဲ ပြီးဆုံးသွားတာတွေက အများကြီး ရှိတာပေါ့လေ။ သို့သော် ဒီတခါတော့လည်း သူတို့ လေးလေးနက်နက် ပြောကြမယ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီဟာတွေ အတွက်ကတော့ ကျနော်တို့အတွက် အကောင်းအဖြစ် ပြောရမယ်လို့တော့ ဆိုရမှာပေါ့လေ။ သို့သော်လည်း ဖြစ်လာမယ့်ဟာ ရှေ့အလားအလာ ဘယ်လိုရှိမယ် ဆိုတာကိုလည်း လူစုံတဲ့အခါ ချဆွေးနွေးပြီးတော့ ဒါကို ယတိပြတ် ဆုံးဖြတ်ချက် ချမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ အောက်ခြေ အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒကိုပါ သိရဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

“သူတို့ပြောတဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မြန်မာတနိုင်ငံလုံးရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ နိုင်ငံတကာမှာလည်း တကယ့် ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင် မီးရှူးတန်ဆောင်ဖြစ်တဲ့ အမျိုးသမီး ခေါင်းဆောင်ကြီးကိုမှ ပြစ်ဒဏ်ချထားတယ်ဆိုတာ အကြောင်းပြုပြီး ပါဝင်ပြီး မရွေးရေးတို့၊ ထုတ်ပယ်ပစ်ရေးတို့၊ ဒါတွေကလည်း အကျိတ်အခဲ ကျေကျေလည်လည် ဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်နေတယ်။

“ဒီကြားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေ သွားတုန်းက ပြောလိုက်တဲ့ စကားတွေထဲမှာလည်း ပါလာတာ ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြစ်ပေါ်လာအောင် လုပ်လိုက်တဲ့ ကိစ္စတွေ အပေါ်မှာ တရားမျှတမှု မရှိဘူး ဆိုတာတွေလည်း အရင်တုန်းက ပြောပြီးသား ဆိုပြီးသား ရှိတဲ့ အပေါ်မှာသော်လည်းကောင်း၊ နောက်တခုက ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်မှာသော်လည်းကောင်း အခုရှိပြီးသား မြို့နယ်တွေနဲ့ ပြည်နယ်တွေမှာ ပြန်လည်ဖွင့်ခွင့်ရထားတဲ့ အဖွဲ့ချုပ်ရဲ့ အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြဖို့ ဆိုပြီးတော့လည်း ပြောဆိုထားတာရှိတော့ အဲဒီလှုပ်ရှားမှုကလည်း ရှိနေသေးတယ်လေ။

“အဲဒါတွေအပေါ်မှာ ဆောင်ရွက်ပြီးတော့မှ အဖြေရလာရင် ကျကျနနလေး ဒီမိုကရေစီနည်းအရ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက် ချမှာပဲ။”

NLD အဖွဲ့အတွက် ဆွေးနွေးချိန် သိပ်မရတော့ပေမဲ့ ဆုံးဖြတ်ချက် တခုခုကို ချပြနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“မျှော်လင့်ထားတယ်၊ မျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက်တွေလည်း ကပ်နေပြီ၊ ပြောရတော့မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မေလ ၆ ရက်ဆိုရင် ရက်ပေါင်း ၆၀ ပြည့်ပြီ။ ဒီကြားထဲမှာလည်း သင်္ကြန်တို့ ဘာတို့က ၁၀ ရက်လောက် ရှိသေးတယ်။ ကျနော်တို့က အမှန်အတိုင်း ပြောရရင် အချိန်ယူတော့ လုပ်ချင်တာပေါ့ဗျာ။ သို့သော်လည်း အချိန်ယူ လုပ်ဖို့ဆိုတာက အခုဟာ Time is running out ဖြစ်နေတော့ ဒါကို ကျနော်တို့ကတော့ တက်သုတ်ရိုက်ပြီး လုပ်ရမှာပဲလေ။

“ကျေကျေလည်လည်လည်း ဖြစ်အောင်၊ ၀င်ချင်လည်းပဲ ကျနော်တို့က အားလုံး ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတဆင့် သိရတဲ့ အကြောင်းကတော့ ၀င်ချင်လည်းပဲ အကုန်လုံး တပြိုင်နက်တည်း ၀င်မယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးရင် အားလုံး တက်တက်ကြွကြွ လုပ်ကြမှာပဲ။ မ၀င်ဘူးဆိုရင်လည်း မ၀င်တဲ့အကြောင်း တက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လုပ်ကြရမှာပဲ ဆိုတဲ့ဟာပဲ။

“အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့အပေါ်မှာ အခု ၀င်မလား၊ မှတ်ပုံတင်မလား၊ မတင်ဘူးလားဆိုတာ၊ မှတ်ပုံတင်မယ် ဆိုပြန်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်က အင်မတန်ကို တင်းလွန်း ကျပ်လွန်း၊ အနိုင်ကျင့်လွန်းတယ်လို့ ထင်တယ်ဗျာ။ အဲဒါကြောင့် ဒါတွေက အတော်ကို ကျေကျေလည်လည် စဉ်းစားရမယ့်ကိစ္စတွေ ဖြစ်နေတဲ့သဘော ဖြစ်ပါတယ်။”

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောသွားတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Tuesday, March 16, 2010

ပါတီမှတ်ပုံတင်မတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ ဆွေးနွေးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီမှတ်ပုံပြန်တင်သင့်၊ မတင်သင့်ကို ဆွေးနွေးရန် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင် လူငယ်ခေါင်းဆောင်များကို ယခုလ ၂၆ ရက်နေ့၌ ရန်ကုန် ပါတီဌာနချုပ်သို့ ခေါ်ယူထားကြောင်း သိရသည်။

“တိုင်းနှင့်ပြည်နယ် လူငယ်အာလုံးကို ဖိတ်ထားပြီ။ ဆွေးနွေးမှာက (ဗဟိုဦးစီအဖွဲ့) CC ကိစ္စတွေ၊ ပါတီမှတ်ပုံတင် ကိစ္စတွေ ပါမယ်” ဟု ရန်ကုန်တိုင်း NLD ဗဟိုလူငယ်တာဝန်ခံ ၃ ကိုအေးထွန်းက မဇ္ဈိမကို ပြောသည်။

ပြည်နယ်နှင့် တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့များမှ ကိုယ်စားလှယ် ၅ဝ ဦးခန့် တက်ရောက်နိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဆုံးဖြတ်ချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC သို့ တင်ပြကြမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မတ်လမှ စတင်၍ NLD လူငယ်များ တိုးချဲ့ဖွဲ့စည်းရာတွင် တနိုင်ငံလုံးရှိ ၃၂၅ မြို့နယ်တွင် မြို့နယ် ၈ဝ ၌ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ပြီဟု ကိုအေးထွန်းက ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

NLD တိုင်းနှင့် ပြည်နယ်များမှ CC နှင့် CEC အဖွဲ့ဝင်များသည်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်။

ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ခေါင်းဆောင်ကောင်းများ ပေါ်လာစေရန်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ချက်အတိုင်း လူငယ်များ ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း လူငယ်အကြံပေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“ဒေါ်စုက လူငယ်တွေကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်က အင်အားပြဖို့ မဟုတ်ဘူး။ ခေါင်းဆောင်ပျိုးခင်းအဖြစ်နဲ့ ပျိုးထောင်ထားတာတဲ့။ ဘက်စုံတော်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာအောင် စနစ်တကျ ပျိုးထောင်ထားတာပါ” ဟု သူက ပြောသည်။

ပါတီလူငယ်များသည် လူငယ်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းကော်မတီကို ကူညီခြင်းနှင့် HIV/AIDS ဝေဒနာသည်များ ဆေးကုသခွင့်ရရေး၊ HIV/AIDS ပညာပေးခြင်းတို့ ဆောင်ရွက်နေသည်ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်ဖော်ဆောင်ရေး အဖွဲ့ဝင်များကို ရန်ကုန် ဗဟိုရုံးချုပ်သို့ခေါ်၍ ဥပဒေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး၊ ကွန်ပြူတာနှင့် အင်္ဂလိပ်စာ စသည့် ပညာရပ်များကိုလည်း အခါအားလျော်စွာ ပို့ချပေးနေကြောင်း သိရသည်။

နှစ်ပေါင်း ၂ဝ ကျော်ကြာ အာဏာရှင်စနစ်ကို အာခံတိုက်ပွဲဝင်နေသော်လည်း မအောင်မြင်သေးသည့် NLD သည် တရားဝင် ပါတီအဖြစ် ဆက်လက်ရပ်တည်လိုပါက ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားရမည်ဟု ယခုလ ၈ ရက်နေ့ထုတ် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ပုဒ်မ ၂၅ ၌ ဖော်ပြထားသည်။ (ကိုဝိုင်း တည်းဖြတ်သည်။) (မဇ္ဈိမ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ရေး မတ်လ (၂၉) ဆုံးဖြတ်မည်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဘယ်လို ရှေ့ဆက် ရပ်တည်သွားမလဲဆိုတာ လာမယ့် မတ်လ (၂၉) ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ NLD ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ လောလောဆယ် ပါတီ အနေနဲ့ ဘယ်လို ဆက်လက်ရပ်တည်မယ်ဆိုတာ အဖြေအတိအကျ မဆုံးဖြတ်ရသေးတဲ့အကြောင်း ဒါပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်တုံ့ပြန်သွားဖို့တော့ ဆုံးဖြတ်ထားတဲ့အကြောင်း ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။ အသေးစိတ်ကို မခင်ဖြူထွေး က တင်ပြထားပါတယ်။ ( ဗွီအိုအေ )

Friday, March 12, 2010

စိန်ခေါ်မှုတွေကို ညီညွတ်စွာ ရင်ဆိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ရွေးကောက်ပွဲ ဥပဒေဟာ NLD ကိုရော၊ မြန်မာပြည်သူ အားလုံးအတွက်ပါ စိန်ခေါ်မှုတရပ် ဖြစ်ပြီးတော့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ကြဖို့ ပြည်သူတွေအားလုံး ညီညွတ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ သွားတွေ့ခွင့် ရခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို သိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ တွေ့ခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။


“ဒေါ်စုပြောတာက ဒီဥပဒေတွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်လို့ ထင်စရာ ဖြစ်နေတယ်တဲ့။ အဲဒီလို ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်ဆိုရင် အလွန်ရှက်ဖို့ ကောင်းတာပဲတဲ့။ ဒီဥစ္စာ မဖြစ်သင့်ဘူးတဲ့။ ဥပဒေရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်တဲ့။ အဲဒီလို ပြောလိုက်ပါတယ်။

“တစုံတယောက်၊ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးသားတယ်လို့ ထင်မြင်စရာ ပေါ်နေတယ်။ အဲဒီလို ထင်မြင်ချက် ပေါ်တာကိုက မကောင်းဘူး။ ဒါဟာ တဦးတယောက်အတွက် ဥပဒေ မဖြစ်သင့်ဘူး။ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။”

“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံးအတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူလူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။”
အခု ပါတီက ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ရင် ဒီပါတီက ဖျက်သိမ်းရမယ်ဆိုတော့ အန်တီစု အနေနဲ့ ပါတီရဲ့ ရပ်တည်မှုနဲ့ ပတ်သက်တဲ့ သဘောထား ဘယ်လိုရှိပါသလဲ။

“အဲဒီဟာကတော့ အလုပ် လုပ်ကြရမယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး၊ ဒီ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တွေးခေါ်မှုတွေကို ပြောလိုက်ပါတယ်။ အဲဒီတွေးခေါ်မှုတွေကတော့ လောလောဆယ် ကျနော် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ ဒါ CEC အဖွဲ့မှာ တင်ပြပြီးတော့ အဲဒီက အလုပ်လုပ်တဲ့ အခါကျရင်တော့ ကျနော်တို့ ပြောပါမယ်။”

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှစ်ခုကို အန်တီစုအနေနဲ့ နောက်ထပ် ဘယ်လိုဝေဖန်တာမျိုး ရှိပါသေးလဲ။

“ဒီဥပဒေတွေကတော့ တဖက်သတ် ရေးထားတဲ့ ဥပဒေတွေပဲတဲ့။ မျှတမှု မရှိဘူး၊ သူတို့လိုချင်တဲ့ ဟာကိုလည်း သူတို့က ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်တင်းတင်းပဲ ရေးထားတော့ ဒါလည်း တမျိုးတော့ ကောင်းပါတယ်တဲ့။ ပြည်သူလူထုက သူတို့သဘောထားကို အလွယ်တကူ သိရတာပဲလို့ အဲဒီလို ပြောပါတယ်။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့တဲ့ အမှုအတွက် အထူးအယူခံ တင်သွင်းဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တရားရုံး သွားပြီးတော့ ဒေါ်စုရဲ့အမှုတွေ ရေးထားတာတွေ အတည်ပြုချက် ယူတာပါ။ ၂၆ ရက်နေ့က တရားရုံးချုပ်က ချမှတ်တဲ့ အမိန့်၊ ဒီအမိန့် မိတ္တူတွေကို မနေ့ကမှ ရတယ်။ အဲဒီရတဲ့ မိတ္တူတွေကို ဒေါ်စုကို ပြတယ်။ ဒီအထဲက ကျနော်တို့ တန်ပြန်တင်ပြဖို့ အချက်တွေကို ဆွေးနွေးတယ်။

“အမှုသွား အမှုလာက ဥပဒေအရ ရှင်းတယ်။ ဒေါ်စုက ဘာအပြစ်မှ မကျူးလွန်ဘူး။ နောက်ပြီးတော့ သူတို့ အရေးယူတာတွေလည်း အကုန်မှားနေတယ်။ ဒါတွေကို ကျနော်တို့ ထောက်ပြတာ။ အခြေအနေကတော့ အမြန်ဆုံး တင်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်ဆိုတာ ပြောချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )


Thursday, March 11, 2010

ရွေးကောက်ပွဲ ဥပဒေ ဒေါ်စုအပေါ် ကန့်သတ်မှု လွန်ကဲ

မြန်မာစစ်အစိုးရက နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေကို ဒီနေ့ ထုတ်ပြန်ကြေညာလိုက်တဲ့ နေရာမှာ မြန်မာနိုင်ငံက အဓိက အတိုက်အခံ ပါတီကြီးတခု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဓိကကျသူတွေ ပါဝင်ခွင့်တွေကိုတော့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဒီ့အတွက် NLD ပါတီက စစ်အစိုးရရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နိုင်မယ့် အခြေအနေ ရှိ၊ မရှိ ဆိုတာကိုတော့ မကြာသေးခင်ကမှ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ပါတီ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဦးကို ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒီကနေ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို တရားဝင် ကြေညာချက် ထုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘဘအမြင် သိပါရစေ။

“အခု သူတို့ ကြေညာချက်က ၁၉၉၀ ရွေးကောက်ပွဲက ထုတ်ပြန်ထားတဲ့ ကြေညာချက်ထက် ပိုပြီးတော့ အကန့်အသတ်၊ အပိတ်အပင်၊ အတားအဆီးတွေ များတာပေါ့ဗျာ။ Act တင်မဟုတ်တော့ဘူး၊ Rules and Regulations တွေကိုပါ Act အဖြစ် ထည့်ထားတဲ့သဘော များနေတယ်။ ကျနော်တို့က ဒါနဲ့ ပတ်သက်လို့ အားလုံး လေ့လာတုန်းလေ။ အဲဒါကို ကျနော်တို့ CEC ခေါ်ပြီး အားလုံး သေချာလေ့လာရမယ်၊ ညှိနှိုင်းကြမယ်။”
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အခု ဒီထဲမှာ ဥပဒေ ပုဒ်မ ၄ ရော၊ ၁၀ မှာပါ ပါတီထူထောင်လိုတဲ့သူတွေ၊ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း ဆိုတာ ပါပါတယ်။ ဒါနဲ့ပတ်သက်ပြီး အန်တီစုကလည်း နေအိမ်အကျယ်ချုပ်ထဲမှာပဲ ရှိနေတယ်၊ NLD က ခေါင်းဆောင် တော်တော်များများကလည်း အကျဉ်းထောင်တွေမှာ ကျခံနေရတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ဘဘအမြင် ပြောပြပေးပါ။

“အမှန်ကတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပုဂ္ဂိုလ်အတွက်နဲ့ ပတ်သက်လို့ အကန့်အသတ်တွေ ပိုလုပ်တာ ပါလာတာပေါ့ဗျာ။ သူက ရေးထားတာက ပြစ်ဒဏ်ကျခံပြီးရုံတင် မဟုတ်သေးဘူး၊ ပြစ်ဒဏ်ကျခံတာနဲ့ ပတ်သက်ပြီးတော့ အယူခံတင်သွင်းတဲ့ အချိန်အခါ၊ ပြင်ဆင်ချက် တင်တဲ့အခါ၊ ဆက်လက်ပြီးတော့ အထက်တရားရုံးကို တင်နေတဲ့ အချိန်အခါ အတောအတွင်း အထိပါ အကျုံးဝင်တယ် ဆိုထားတာကိုး။

“အမှန်ကတော့ လူတယောက်ဟာ အပြစ်ဒဏ် အောက်က ချပြီးပေမဲ့ ဟိုး ဗဟိုတရားရုံးထိပ် တက်ကြည့်တဲ့သူက မဆုံးဖြတ်သမျှ ကာလပတ်လုံး ဒါဟာ အပြစ်ရှိတယ်လို့ မယူဆတဲ့သဘော ရှိတာပေါ့ဗျာ။ အောက်ရုံးတော်က အပြစ်ဒဏ် ပေးထားတာတော့ မှန်တယ်ပေါ့။ ဒါပေမဲ့ အထက်ရုံးတွေ၊ အထက်ရုံးတွေနဲ့ ကျနော်တို့က အယူခံဝင်တာတို့၊ ပြင်ဆင်ချက် ၀င်တာတို့ လုပ်ထားတာပါ။ အဲတော့ အဲဒါတွေပါ အကျုံးဝင်တယ်ဆိုတော့ သူက အကြောင်းအမျိုးမျိုးနဲ့ အတားအဆီး၊ အကန့်အသတ်တွေ များလာတဲ့သဘော ဖြစ်တာပေါ့ဗျာ။

“သူတင်မကဘူး၊ အခြားအခြားသော အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးလည်း အလားတူပဲ သက်ရောက်အောင် လုပ်ထားတဲ့သဘော ရှိတာပေါ့။ အကန့်အသတ် များလွန်းတယ်၊ အချုပ်အချယ် များလွန်းတယ်လို့ပဲ မှတ်ယူရမှာပေါ့ဗျာ။”

အခု ပုဒ်မ ၆ အရဆိုရင် ၂၀၀၈ မှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမယ်လို့ ပါပါတယ်။ NLD အနေနဲ့ကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ခိုင်းထားတယ် ဆိုတော့ NLD ပါတီရဲ့ သဘောထားကို သိပါရစေ၊ ဒီပုဒ်မနဲ့ ပတ်သက်ပြီး။

“ကျနော်တို့က အခုထက်ထိ ရွှေဂုံတိုင် ကြေညာစာတမ်းကို ရပ်တည်ထားလျက်ပါပဲ။ အခုကတော့ အဲဒီအတိုင်းပဲ ရပ်တည်နေတယ်။ ဒီနေ့လည်းပဲ သံတမန်တွေ အများကြီး မေးကြပါတယ်။ ကျနော်တို့ကလည်း အဲဒီအတိုင်းပဲ ရပ်တည်လျက် ရှိတယ်ဆိုတာပဲ ဖြေပေးတာပေါ့လေ။ အရေးကြီးဆုံးက တခြားမဟုတ်ဘူးဗျ၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သက်ဆိုင်ရာ စစ်ဘက်အကြီးအကဲဆီကို စာပို့ထားတာ ရှိတယ်လေ။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး စုံညီနဲ့လည်း တွေ့ပြီးတော့ ဆွေးနွေးချင်တယ်။ ပြီးတော့ အဲဒီကတဆင့် သက်ဆိုင်ရာ အကြီးအကဲလုပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ဆွေးနွေးချင်တယ်၊ ဒီလိုပြောထားတာကို ဘာမှ ပြန်ခြင်း ပြုခြင်း မရှိဘူးဆိုတဲ့ သဘောပေါ့ဗျာ။

“အဲတော့ မပြန်ဘဲနဲ့ အခု ဒါကို ထုတ်တယ်ဆိုတော့ သူတို့အနေနဲ့ကတော့ ဒီအတိုင်း ဆက်သွားမယ်ဆိုတဲ့ အတိုင်းပေါ့။ ဒီအတိုင်း ဆက်သွားမယ်ဆိုတာ ကျနော်တို့က အရင်ကတည်းက သိပါတယ်လေ။ သို့သော်လည်း ကျနော်တို့ဘက်က လမ်းပွင့်အောင် လိုက်လံပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စအ၀၀ကိုလည်း အဖွဲ့မရှိတဲ့ သဘောမျိုးလို ဖြစ်တဲ့သဘောကျတော့ ဒီအပေါ်မှာ မူတည်ပြီးတော့လည်း ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းထားပြီးတော့ အဲဒီအပေါ်မှာ အကျေအလည် ဆွေးနွေးပြီးရင် ကျနော်တို့ကလည်း ပြောစရာရှိတဲ့ ၀င်မလား၊ မ၀င်ဘူးလားဆိုတဲ့ အချက်အလက်ကို ပြတ်ပြတ်သားသား ပြောဖို့တော့ ကျန်တာပေါ့ဗျာ။

“အဲတော့ အချိန်အနေနဲ့ကလည်း အကန့်အသတ်ရှိတော့ ဒီအချိန်အတောအတွင်းမှာ တခုခုတော့ ကျနော်တို့ လုံလောက်တဲ့ အချိန်ယူပြီး ပြောမယ်ဆိုတဲ့ သဘောတော့ စဉ်းစားထားတာ ရှိပါတယ်လေ။

“နောက် ကျနော်တို့ CC ကလည်း ဖွဲ့စည်းထားတော့ CC အဖွဲ့အစည်းက လူတွေကလည်း နယ်တွေမှာ ဆင်းပြီးတော့ နယ်တွေနဲ့လည်း တွေ့နေတဲ့ အခြေအနေရှိတော့ အားလုံး နယ်သူနယ်သားတွေနဲ့ အဖွဲ့ဝင်တွေ အားလုံးရဲ့ သဘောထားတွေကိုလည်း ကျနော်တို့က ကျေကျေလည်လည် ကျေညက်အောင် လေ့လာပြီးမှ တခုခုတော့ ဆုံးဖြတ်ချက် ပေးရမယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီအခါကျမှပဲ ဆုံးဖြတ်ချက် ပေးနိုင်မှာ ဖြစ်တယ်။”

အခု သူက သတ်မှတ်ထားတာ ပုဒ်မ ၂၅ မှာဆိုရင် ရက်ပေါင်း ၆၀ အတွင်းမှာ ကော်မရှင်ကို မလျှောက်ထားရင် နိုင်ငံရေးပါတီ အဖြစ်က အလိုအလျောက် ပယ်ဖျက်ပြီးသား ဖြစ်မယ်ဆိုတော့ ရက်ပေါင်း ၆၀ အတွင်းမှာ အဘတို့ အခုလုပ်မယ်လို့ စီစဉ်ထားတဲ့ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံတာတွေ ပြီးမြောက်မယ်လို့ ယုံကြည်ပါသလား။

“ပြီးပါတယ်။ တနင်္လာနေ့ဆိုရင် အပြည့်အစုံ CEC ခေါ်ပြီး အကျေအလည် ပြောကြမှာပဲ။ အဲဒီနောက်ပိုင်း တနင်္လာနေ့မှာလည်း ထပ်ပြီးတော့ ဒီ ထူးခြားတဲ့ မှတ်ပုံတင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥပဒေပေါ့၊ အဲဒါလည်း ထုတ်ထားတာရှိတော့ အဲဒီအပေါ်တွေမှာ၊ နောက် ထွက်မယ့် ဥပဒေတွေ၊ အကြောင်းချင်းရာတွေ အပေါ်မှာ၊ နောက်လည်း သူတို့ Candidates တွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ရွေးတာတွေ ဘာတွေ ထွက်ဦးမှာကိုး။ နောက် ပြည်နယ်နဲ့ တိုင်း၊ အထူးဒေသကြီးအတွက် ကိုယ်စားလှယ်များနဲ့လည်း ထွက်ဦးမှာကိုး။

“အဲဒါတွေအားလုံး ခြုံငုံပြီးရင်တော့ တခုခုကို ပြောဖို့လိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မလွဲမသွေ တွေ့ခွင့်၊ ဆွေးနွေးနိုင်ခွင့်၊ ပြီးတော့မှ အဲဒီကတဆင့် နိုင်ငံတော် အကြီးအကဲနဲ့ တွေ့ဆုံနိုင်ခွင့် လုပ်ဖို့ဆိုတဲ့ဟာကို ကျနော်တို့ လေးလေးနက်နက် တောင်းဆိုထားတာ ရှိတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ပေါ် မူတည်ပြီးတော့ ကျနော်တို့က ပြတ်ပြတ်သားသား၊ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်မှာ ဖြစ်တယ်လို့တော့ ပြောချင်ပါတယ်။” ( ဗွီအိုအေ )

Wednesday, March 10, 2010

ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော

စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

“ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရမယ်။ အဲဒီရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြု ဆောင်ရွက်ပေးရမယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး တောင်းဆိုချက်ကတော့ ဒီအတိုင်းပဲလို့ ပြောလို့ရမယ်” ဟု သူက ပြောသည်။

အဓိက အတိုက်အခံပါတီ အန်အယ်ဒီက နေအိမ်ချုပ်ကျခံနေရသော ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက တစုံတရာ အသိအမှတ်ပြုရန်၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဟူသော တောင်းဆိုချက်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းဟူ၍ အမည်ပေးထားသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

တောင်းဆိုချက်အပေါ် စိတ်ဝင်စားဟန်မပြသော စစ်အစိုးရက ယနေ့တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသေးစိတ်ကို ဖော်ပြပြီး နောက်ရက်များတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ဖော်ပြသွားမှာဖြစ်သည်။

ယခုထုတ်ပြန်သော ကော်မရှင်ဥပဒေက ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်သည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ တွင် အမတ်နေရာ ၄၈၅ နေရာအနက်မှ ၃၉၂ နေရာ အနိုင်ရရှိပြီး တနိုင်ငံလုံး မဲပေးခွင့် ရှိသူ၏ ၆ဝ ရာခိုင်နှုန်းကျော် ထောက်ခံမှုရသော အန်အယ်ဒီ၏ ရလဒ်မှာ ပျက်ပြယ်သွားခြင်း မရှိဟု ဦးဝင်းတင်က ပြောသည်။

အာဏာလွှဲပေးခြင်း မခံရသော အန်အယ်ဒီပါတီ၏ အမာခံခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးကြောင့် ထောင်ထဲတွင် ၁၉ နှစ် နေခဲ့ရသူ ဦးဝင်းတင်က ယခင်ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုရေး စစ်အစိုးရ၏ တုံ့ပြန်မှုကို မူတည်ရေး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်သွားမည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁ဝဝ ကျော်အနက် အန်အယ်ဒီပါတီဝင် ဦးရေမှာ ၄၃ဝ ကျော်ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက ကြိုတင်လက်ခံရရှိထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ စကားရပ်ကမူ အကျဉ်းကျနေသူသည် ပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ ထောင်တွင်းမှ ပါတီဝင်များအတွက်လည်း ညိစွန်းနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအတွင် ဥပဒေထွက်ရှိချိန်မှ ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလျှင် ပါတီဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေက အန်အယ်ဒီ၏ ၉ဝ ခုနှစ် ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်သည်ဟု ပြောလိုက်သူကတော့ ယခုနှစ်အတွင်း ပြုလုပ်မည်ဟု စစ်အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်တိုးတက်သောပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ ဖြစ်သည်။

“၁/၈၈ မှာ နဝတ ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ဥပေဒေကို ဒီဥပဒေသစ်နဲ့ ချေဖျက်လိုက်ပြီပေါ့။ အန်အယ်ဒီ တောင်းဆိုနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်နေတာပေါ့” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သော မွန်ဒီမိုကရေစီပါတီမှ ပြောခွင့်ရှိသူ နိုင်တင်အောင်ကမူ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ထွက်လာပြီမှန်သော်လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံဥပဒေကိုလည်း ပြန်သုံးသပ်ပြင်ဆင်ရန် လိုနေသေးကြောင်း တောင်းဆိုလိုက်သည်။

“လိုအပ်တဲ့ ပြင်ဆင်မှု လုပ်ပြီးမှသာလျှင် ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လေ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခြေခံဥပဒေကို ဒီမိုကရေစီ စံညွှန်းနဲ့အညီ မပြင်ဆင်ဘဲနဲ့ ဆက်သွားလို့ မဖြစ်ဘူး။ အများက လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် ဟန်ပြဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုခဲ့သော အခြေခံဥပဒေအပေါ် ပြည်တွင်းပြည်ပ အတိုက်အခံများက စစ်အုပ်စု၏ အုပ်ချုပ်မှုကို တရားဝင်မှုပြုရန်သာ ဖြစ်သည်ဟု ပြက်ရယ်ပြုကြသည်။ (မဇ္ဈိမ)

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews