Friday, December 31, 2010
Sunday, December 26, 2010
Saturday, December 25, 2010
Tuesday, December 21, 2010
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ အပြန်အလှန်ပေးစာ
2010/DEC 20/MON/NLD{LA}KOREA NEWS AND INFORMATION
တောင်ကိုရီးယားနိုင်ငံတွင်ထုတ်ဝေသည် (ဟန်ဂယောလဲ) အမည်ရှိ အထင်ကရ သတင်းစာစောင်တွင် ယနေ့ (၂၀.ဒီဇင်ဘာလ ၂၀၁၀) က တောင်ကိုရီးယားနိုင်ငံရဲ့  ၁၅ ကြိမ်မြောက် သမ္မတ လည်းဖြစ် ၂၀၀၀ ပြည်နှစ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင်လည်းဖြစ်ခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၈ရက်နေ့ က ကွယ်လွန်ခဲ့ သူ သမ္မတ ကြီး မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံသို့  ပေးပို့ ခဲ့သည့် စာသ၀ဏ်နှင့် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်၍ မစ္စယီဟီဟို ထံသို့  ပြန်လည် ပေးပို့  လိုက်သည့် အပြန်အလှန် စာသ၀ဏ်ကို အထက်ဖော်ပြပါ သတင်းစာ တွင် အထူးသတင်းတရပ် အနေဖြင့် ဖော်ပြထုတ်ဝေခဲ့ပါသည်၊၊
အဆို သတင်းစာတွင်ဖော်ပြပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စယီဟီဟို တို့ ၏ အပြန်အလှန် ပေးပိုသည့် စာသ၀ဏ်လွှာကို အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ မှ အဖွဲ့ ဝင် ကိုဇော်မိုးအောင်မှ အတိအကျ ဆီလျှော်အောင်ဘာသာပြန်ထားသည်ကို အများပြည်သူတို့ အနေဖြင့် ဖတ်ရူ့  ရလေအောင် မျှဝေလိုက်ပါသည်။
လေးစားစွာဖြင့်
ရန်နိုင်ထွန်း
Letter From Daw Aung San Suu Kyi 20.12.2010 (Korea)

Labels:
သတင်း
Saturday, December 18, 2010
Sunday, December 12, 2010
Saturday, December 11, 2010
ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်ချီကားပို့စ်ကတ်များ စတင်ရောင်းချ

နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ် အဖြစ် ယနေ့ စတင် ရောင်းချနေပြီဖြစ်သည်။
ပို့စ်ကတ် တခုလျှင် ကျပ် ၁ ထောင်ဖြင့် စတင် ရောင်းချခြင်းဖြစ်ပြီး ရရှိသောငွေများကို နိုင်ငံရေး အကျဉ်းသား မိသားစုများအား ကူညီရေး၊ HIV/ AIDS ဝေဒနာရှင်များအား စောင့်ရှောက်ရေး စသည့် လူမှုရေး ကိစ္စရပ်များအတွက် အသုံးပြုမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တဦးက ပြောသည်။
ပို့စ်ကတ်များကို ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းတို့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအတွင်း လာရောက် သတင်းယူနေကြသော ပြည်တွင်းပြည်ပ သတင်းထောက် များအား စတင်ရောင်းချခြင်းဖြစ်ပြီး သတင်းထောက် များက အလုအယက် ၀ယ်ယူခဲ့ကြသည်။
ပို့စ်ကတ်များကို နွေဦး၊ ဆောင်းဦး၊ နွေရာသီ၊ ဆောင်းရာသီ၊ ဇာပန်ထိုး ပညာ၊ ပန်းနုရောင်ပန်းများ၊ အနီရောင်ပန်းများ ဟူ၍
အမည်များပေးထားပြီး ပို့စ်ကတ်နောက်ကျောတွင် ပို့စ်ကတ်နှင့် သက်ဆိုင်သော အကြောင်းအရာ၊ နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ရေးဆွဲထားသည် ဆိုသော စာများ ရေးထိုးထားပြီး အောက်တွင် "အောင်ဆန်းစုကြည်" ဟု ရေးထိုး ထားသည်။
ရာသီအကြောင်း ရေးဆွဲထားသော ပို့စ်ကတ်များ နောက်တွင် "ဤပန်းချီကားသည် ရာသီ စီးရီးထဲမှ တခုဖြစ်ပြီး ကျမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကွန်ပျူတာဖြင့် ရေးဆွဲထားခြင်း ဖြစ်သည် (This is one of the "seasons" series that I draw on my computer during my last term of house arrest)" ဟု ရေးသားထားသည်။
အနီရောင်ပန်းများ ဆိုသောပို့စ်ကတ် နောက်ကျောတွင် "ကွန်ပျူတာဖြင့် ပထမဆုံး ပန်းချီဆွဲရန် ကြိုးစားခဲ့ခြင်း (My first attempt at drawing on the computer) ဆိုသော စာသားကို ရေး ထားကာ ပန်းနုရောင် ပန်းများ ဆိုသော ပို့စ်ကတ် နောက်ကျောတွင်မူ "ကျမ၏ ပန်းများ စီးရီးထဲမှ တစိတ်တပိုင်း (Part of my "Flowers" series)" ဟု ရေးထားသည်။
ဇာပန်းထိုးခြင်းပညာဆိုသော ပန်းချီကားတွင်လည်း "ကျမ ကလေး ဘ၀က အလွန်ညံ့ဖျင်းခဲ့သော ဇာပန်းထိုးပညာကို အမှတ်ရသည့် အနေဖြင့် (I called this "Embroidery" because it reminds me of the cross stitch lessons
at which I was so bad when I was a little girl) ဟူ၍ ရေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပို့်စ်ကတ် ပန်းချီကားများကို ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချခြင်းဖြင့် လူမှုရေး ရန်ပုံငွေရှာမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တာဝန်ခံတဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။ ( ပြခန်း )
Labels:
သတင်း
Wednesday, December 8, 2010
ယနေ့ မနက် အဖွဲ့ချုပ်ရုံးတွင် သံဃာတော်များနှင့် သီလရှင်များအား အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လှူဒါန်း
ယနေ့ နံနက် ၈ နာရီခန့်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်တစ်ပါးကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြောင်း သိရပါတယ်။
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်ပါတီဝင်များက အင်္ဂါ အပတ်စဉ်နေ့တိုင်း အဖွဲ့ချုပ်ပါတီရုံးချုပ်ရှေ့တွင် အပါတ်စဉ် ဆွမ်းကပ်လှူဒါန်းနေသောသံဃာတော် ၇၈၅ ပါးကို သင်္ကန်းတစုံစီ ကပ်လှူမှူပြုလုပ်ပြီး သီလရှင် ၁၁၉ ပါးကိုလည်း တဘက်တထည်စီ လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်.။ ( မြတ်လေးငုံ )
http://myatlayngon.blogspot.com/
ABMA ဂျာနယ် Vol 1, No. 21
၇-၁၂-၂၀၁၀ နေ့မှာ ABMA ဂျာနယ်ကို ၂၁ -ကြိမ်မြောက်ဆက်လက် ထုတ်လုပ်ဖြန့်ဝေလိုက်ပါတယ်၊
အွန်လိုင်းမှာရော A4-စာရွက်နဲ့ရော လွယ်လွယ်ကူကူထုတ်ယူဖတ်ကြည့်နိုင်အောင် စီစဉ်ထားပါသည်၊
အဖွဲ့ပိုင် ၀တ်ဆိုဒ်မှာလည်း အခုပတ်ဂျာနယ်ရော ပြီးခဲ့တဲ့အပတ်ဂျာနယ်များပါ ဒေါင်းလုတ်ယူနိုင်ပါသည်၊
တပတ်ထက်တပတ် ပိုမိုကောင်းမွန်အောင် A B M A အဖွဲ့သားများ ဆက်ကြိုးစားသွားမည်ဖြစ်ကြောင်း
စာဖတ်ပရိသတ်ကို အသိပေးပါသည်။စာဖတ်မိတ်ဆွေအားလုံးကို အထူးပဲကျေးဇူးတင်ပါသည်။
http://allburmamonksalliance.com/
http://allburmamonksalliance.org/
Labels:
ဆောင်းပါး
Monday, December 6, 2010
Saturday, December 4, 2010
ထောက်လှမ်းရေး အကြီးအကဲဟောင်း နေအိမ် အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်
ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ခင်ညွန့် ဗွီဒီယို ( အသံအပါ )
စနေနေ့ နံနက် ၅ နာရီ မိနစ် ၃၀: နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်
ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။
ဟိန်းခိုင်ထွန်း၊ ၊၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ
အပြန်ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီးနောက် အမိန့် မနာခံမှု ၊
လာဘ်စားမှု ၊မရိုးမသားလုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့်
ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်ဝန်ကြီးချုပ်ဟောင်း
ဗိုလ်ချုပ်ကြီးခင်ညွန့် အားနိုဝင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည
၁၂ နာရီခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေးလိုက်သည် ဟု
သတင်းရရှိသည်။
ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည်
ဆိုသည့် သတင်း နှင့် ပတ်သက်၍ ဗိုလ်ချုပ်ခင်ညွှန့် ၏ အိမ် အနီးတွင်
နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကား
တွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။
ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်နေကြတာ ။
နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။
ဗိုလ်ချုပ် ခင်ညွန့် ကိုလည်း ခြံထဲ မှာတွေ့ တယ်။ပြီးတော့ သူ
ခြံတံခါးရှေ့ က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေ
ဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊
ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်
အကျယ်ချုပ် တစ်ယောင် ရှိသေးတယ် ဟု FNG သို့ ပြောသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ်
ကျော် နေထိုင်စဉ် ကာလ အတွင်းငွေကြေးပြတ်လပ်၍ ၎င်း၏
Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်
အပေါင်ဆိုင်များ တွင် သွားရောက် ရောင်းချရ
FNG သည် ထိုသတင်း ကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်း
တိုးတက်ဖြစ်ထွန်းသမျှကို ထပ်မံ တင်ဆက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Thursday, December 2, 2010
Wednesday, December 1, 2010
Subscribe to:
Posts (Atom)