Saturday, October 30, 2010
Wednesday, October 27, 2010
ကြံ့/ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စကားစစ်ထိုးပွဲ
ဘလော့ဂါများ၊မီဒီယာများမှ ဆက်လက် တင်ဆက် ဖြန့်ဝေပေးစေချင်ပါတယ်။
မည်သည့်စစ်အာဏာရှင်မှ လူထုကို မထိခိုက်စေရ။
လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံးမြေသြဇာအဖွဲ့
Monday, October 25, 2010
Saturday, October 23, 2010
Thursday, October 21, 2010
Sunday, October 17, 2010
Saturday, October 16, 2010
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်လျှက်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံရေးပါတီအဖြစ်တရားဝင်
ရပ်တည်လျှက်ရှိကြောင်း ပြည်နယ်တိုင်းအသီးသီးရှိ အဖွဲ့ချုပ်
အဖွဲ့ဝင်များသို့ တရားဝင် အသိပေးထုတ်ပြန်ချက်ဖြစ်ပါသည်။
Monday, October 11, 2010
Wednesday, October 6, 2010
Sunday, October 3, 2010
ပြည်သူတွေကိုစစ်ကျွန်နွံထဲနစ်သထက်နစ်အောင်ဝိုင်းနှစ်နေကြတဲ့ ဒီမိုကရေစီမိတ်ဖက်ခိုင်းနွားကြီးများ

၂၀၁၀ ခုနှစ်၊နိုဝင်ဘာလ (၇) ရက်နေ့မှာပြုလုပ်မဲ့ နအဖစစ်အစိုးရ၏ မစစ်မှန်သော၊လုပ်ကြံဖန်တီးထားသော၊
ပြည်သူလူထုအားလုံးစစ်ကျွန်အဖြစ်သက်တမ်းရှည်အောင်တစ်ဖက်သတ်အဓမ္မအနိုင်ယူမည့်ရွေးကောက်ပွဲကို
မဲဆန္ဒမပေးကြရန်ပြည်သူလူထုအများကအခိုင်အမာဆန္ဒပြုထားကြပါသည်။သို့သော်စစ်အစိုးရဖန်တီးသော
၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲကို ဖြစ်မြောက်အကောင်အထည်ပေါ်ပေါက်အောင်၊နအဖတစ်ဖြစ်လဲကြံ့ဖွတ်ပါ
တီအနိုင်ရရှိအောင်၊နအဖစစ်အစိုးရထံမှအရှက်သိက္ခာကင်းမဲ့စွာဖြင့်အခကြေးငွေယူပြီး ခိုင်းသည့်အတိုင်းလုပ်
မည့် ဒီမိုကရေစီမိတ်ဖက်အင်အားစုများအမည်ခံ ဒီမိုကရေစီခိုင်းနွားကြီးများအဖွဲ့ပေါ်ပေါက်လာခဲ့သည်။ ထိုခိုင်းနွားကြီးများအဖွဲ့ဖွဲ့စည်းရန်ဦးဆောင်သည့်ပါတီမှာ(ပြည်ထောင်စုဒီမိုကရေစီပါတီ UDP)ဖြစ်ပါသည်။
ခိုင်းနွားကြီးများအဖွဲ့တည်ထောင်ရန်ပဏာမအစည်းအဝေးကိုတက်ရောက်ရန်ဖိတ်ကြားထားသောပါတီအမည်
များမှာ-
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
ထောက်ခံအားပေးဖို့ ရာ မထိုက်တန်တဲ့ ရွေးကောက်ပွဲ တစ်ပွဲ
ဦးဝင်းတင်
စက်တင်ဘာ(၃၀) နေ့စွဲ
The International Herald Tribune သတင်းစာနဲ့  The New York Times သတင်းစာ
ဗီအိုအေ (၂၀၁၀ အောက်တိုဘာ (၂) ရက်၊ တစ်ပတ်အတွင်း “ကမ္ဘာ့မီဒီယာတွေထဲက မြန်မာနိုင်ငံ” အပတ်စဉ်ကဏ္ဍ)
မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတမှု အသေအချာရှိစေဖို့ ချဉ်းကပ်ကြရာမှာ၊ နိုင်ငံတကာ မိသားစုဟာ အစွမ်းကုန် နိုးနိုးကြားကြားနဲ့ မလွှဲမသွေ လုပ်ဆောင်ကြရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂမဟာ မင်းကြီး Ms. Navi Pillay က မကြာခင်က ပြောကြားခဲ့တဲ့ အပေါ် ကျနော်တို့ စိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။ ဒီလို မှတ်ချက်ပြုနေတာက မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရေး ဖြေရှင်းမှု မဟုတ်ဘူး ဆိုတာ ရှင်းနေပါလျှက်နဲ့ ဒီရွေးကောက်ပွဲဟာ တစုံတရာ တန်ဘိုးရှိနေသလိုလိုနဲ့ “စောင့်ကြည့်ကြဦးစို့” လို့ အဓိပ္ပါယ်ဆောင် နေပါတယ်။ နိုဝင်ဘာလ (၇) ရက်နေ့ မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲဟာ “ရာသက်ပန် စစ်အာဏာရှင် အုပ် ချုပ်ရေးစနစ်” ကို ဖန်တီးဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့အောက်ကနေ စစ်တပ်ကပဲ မြန်မာနိုင်ငံမှာ အရာရာကို ချုပ်ကိုင်ထားမှုကို တရားဝင်အောင် ပုံဖော်နေတဲ့ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲ ပြီးသွား တာနဲ့ အဲဒီ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ဟာ အသက်ဝင်လာပါမယ်။ လက်ရှိ ရာထူးရှိ ဗိုလ်ချုပ်တွေ၊ အငြိမ်းစား ဗိုလ်ချုပ်တွေ နဲ့ ဖြစ်ပေါ်လာမယ့် “လွှတ်တော်” ကနေ အရပ်သားအယောင်ဆောင်အစိုးရ တစ်ရပ်ဟာလည်း ဖွဲ့စည်း ပေါ်ပေါက်လာဦးမှာပါ။ လွှတ်တော်က လက်ရှိနဲ့အငြိမ်းစား ဗိုလ်ချုပ်တွေမှန်သမျှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နာခံမှုအောက်မှာပဲ ရှိနေကြပြီးတော့ မြန်မာလူထုတစ်ရပ်လုံး စစ်တပ်ရဲ့လွှမ်းမိုးထားမှုအောက် တရားဝင်ရောက် ရှိသွားကြမှာ ဖြစ်ပါတယ်။
ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ကျနော်တို့ရဲ့ မဟာမိတ်အဖွဲ့အစည်းတွေက စစ်အစိုးရရေးဆွဲတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံပါဘူး။ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ အဲဒီ အခြေခံဥပဒေ နဲ့ တင်းကြပ်လွန်းတဲ့ ရွေးကောက်ပွဲဥပဒေတို့က လာမယ့်ရွေးကောက်ပွဲကို စစ်အစိုးရကလုပ်ရတဲ့ တကယ့် ရည်ရွယ်ချက်ဟာ ဘာလဲဆိုတာ ကျနော်တို့အားလုံးကို အသိပေးနေပါတယ်။ ကျနော်တို့နိုင်ငံမှာ စစ်တပ်ကပဲ အုပ်ချုပ်သွားမှာကို တရားဝင်အောင်လုပ်တဲ့ ရွေးကောက်ပွဲပါလို့ ကျနော်တို့အားလုံး သိနေကြပါတယ်။ မြန်မာ့ဒီမို ကရေစီအရေးအတွက် ကျနော်တို့ရဲ့ ပြင်းပြတဲ့ဆန္ဒတွေ စွန့်လွှတ်လိုက်ဖို့ ဖိအားပေးနေတာတွေကို ကျနော်တို့က ငြင်းဆန်နေပါတယ်။ ကျနော်တို့ရဲ့ရပ်တည်မှုကို သန်းပေါင်းများစွာသော မြန်မာပြည်သူတွေရဲ့ ထောက်ခံအားပေးမှု နဲ့အတူ နိုင်ငံတကာမိသားစုက မြန်မာစစ်အစိုးရရဲ့ရည်ရွယ်ချက်ကို ကျနော်တို့ နားလည်နေသလို နားလည်နေလိမ့် မယ်လို့ ကျနော်တို့က မျှော်လင့်ခဲ့ကြပါတယ်။ စစ်အစိုးရရဲ့ တစ်ဖက်သတ်နိုင်တဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ငန်း စဉ်တွေကို ရပ်တန်းက ရပ်သွားအောင် နိုင်ငံတကာ မိသားစုက ဖိအားပေးကြဖို့ကိုလည်း ကျနော်တို့က မျှော်လင့်ခဲ့ ကြပါတယ်။
မကြာသေးခင်အချိန်အထိ ကုလသမဂ္ဂက မြန်မာစစ်အစိုးရကိုတောင်းဆိုနေတာက မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အားလုံး ပါဝင်ရေး၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအတိုက်အခံတွေနဲ့ စစ်အစိုးရတို့ နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးနေမှုတွေကနေ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဖော်ဆောင်ရေး စတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာကတော့ ကုလသမဂ္ဂက ကြေညာချက်တွေ မိန့်ခွန်းတွေမှာ အလွန် အရေးကြီးတဲ့အချက်ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးမှာ “သက်ဆိုင်သူအားလုံး ပါဝင်ရေး” ဆိုတဲ့ စကားရပ်ဟာ အခုနောက်ပိုင်း မပါဝင်တော့ပါဘူး။ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Ms. Pillay က အစွမ်းကုန် နိုးနိုးကြားကြားနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာအောင် ချဉ်းကပ်ကြဖို့ ပြောထားပေမယ့်၊ အဲဒီလို လွတ်လပ်ပြီး တရားမျှတပါ့မလား ဆိုတာကို အကဲဖြတ်ဖို့ ရွေးကောက်ပွဲနေ့အထိ စောင့်ဆိုင်းနေကြဖို့ မလိုပါဘူး။
ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက စစ်အစိုးရကို သစ္စာရှိသူတွေနဲ့ စိတ်ကြိုက်ခေါင်းခေါက်ပြီးခန့်ထားတဲ့ ကော်မရှင်ပါ။ ရွေးကောက် ပွဲဝင်မယ့် ပါတီတွေက အမတ်လောင်းတွေ ရွေးကောက်ပွဲဝင်ခွင့် ရှိမရှိ ဒီကော်မရှင်က တစ်ဖက်သတ် ဆုံးဖြတ်ပြီး အမတ်လောင်းများစွာကို ပယ်ချနေပါတယ်။ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိရုံတင်မက နိုင်ငံရေးပါတီတစ်ခုခုရဲ့ ပါတီဝင် အဖြစ်ပါ ရပ်တည်ခွင့် မရှိဘူးလို့ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ခြင်းခံနေရပါတယ်။
ကံမကောင်းတဲ့ကိစ္စ တစ်ခုကတော့ ဥရောပနိုင်ငံတချို့ဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုတာကို စောင့်ကြည့်နေရုံ တင် မကပါဘူး။ ရွေးကောက်ပွဲကိုပါ အားပေးထောက်ခံနေကြတာပါ။ သူတို့ ကျနော်တို့နဲ့လာပြီး ဆွေးနွေးခဲ့ကြတုန်းက ရွေးကောက်ပွဲဟာ “ဒီမြို့ထဲက တစ်ခုတည်းသော ကစားပွဲ” ပါလို့ အင်္ဂလိပ်ဘာသာနဲ့ စကားပုံခိုင်းပြီး ပြောခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာ့နိုင်ငံရေးရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဟာ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကစားပွဲမှာ ၀င်ပြီး ကစားသင့်တယ်လို့ ကျနော်တို့ကို ပြောကြပြန် ပါတယ်။
ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်သွားမှာကို တရားဝင်အောင် ၀င်မလုပ်ပေးဘူးလို့ အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြတဲ့အခါမှာ တော့ သူတို့တွေက တခြားသောနိုင်ငံရေးပါတီတွေဘက် ကို လှည့်သွားကြပါတယ်။ စစ်အစိုးရရဲ့ရွေးကောက်ပွဲကစားပွဲထဲမှာ အဲဒီပါတီတွေ ၀င်ပါနိုင်ကြအောင် ကူညီထောက် ပံ့နေကြပြန်ပါတယ်။ အဲဒီ ဥရောပနိုင်ငံတချို့ဟာ စစ်အစိုးရကိုလိုလားတဲ့ မြန်မာနိုင်ငံက ပညာရှင်တွေအခွင့်ရေးသမား တွေကို ဥရောပကိုလွှတ်ပြီး စစ်အစိုးရရဲ့ရွေးကောက်ပွဲဆိုတာကို ရောင်းပန်းလှအောင် လှည့်လည်ဟောပြောခိုင်းတာ တွေလည်း လုပ်ကြပါတယ်။ သူတို့လိုလားတဲ့ ရွေးကောက်ပွဲဝင် မြန်မာ့နိုင်ငံရေးပါတီတွေအတွက် ဥရောပကနေ အထောက်အပံ့တွေ ပိုရအောင် စုစည်းလုပ်ဆောင်ပေးနေကြပါတယ်။ အဲဒီလို ဥရောပအထောက်အပံ့ ရရှိနေကြတာ တောင်မှ အဲဒီပါတီတွေဟာ ရွေးကောက်ပွဲမှာ အမတ်တစ်နေရာ ရဖို့ဆိုတာ အခွင့်အလမ်း မရှိသလောက်ပါပဲ။ စစ် အစိုးရကတော့ “ အမျိုးသားလွှတ်တော်” နဲ့ “ ပြည်သူ့လွှတ်တော် ” နှစ်ရပ်လုံးမှာ သူတို့လူတွေပဲ အမတ်နေရာ အား လုံးရအောင် နည်းမျိုးစုံနဲ့လုပ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ အမတ်အားလုံးရဲ့ (၂၅) ရာခိုင်နှုန်းကို ယူနီဖောင်းဝတ် စစ် အရာရှိတွေက ယူထားပြီး၊ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းသော အမတ်တွေဟာလည်း စစ်အရာရှိဟောင်းတွေနဲ့ စစ်တပ် ရဲ့ခါးပိုက်ဆောင် ပညာတတ်နဲ့စီးပွါးရေးသမားတွေ ထဲကပဲ ဖြစ်လာကြမှာပါ။
အဲဒီ အနာဂတ်လွှတ်တော်ဟာ အစိုးရဖွဲ့စည်းနိုင်တဲ့အာဏာ မရှိပါဘူး။ စစ်ဖက်ရေးရာမှာ ဥပဒေပြုနိုင်တဲ့အာဏာ မရှိ ပါဘူး။ သမ္မတက ခန့်အပ်သူမှန်သမျှနဲ့ သမ္မတက ရေးဆွဲတဲ့ ရသုံးမှန်းချေငွေစာရင်းကို လွှတ်တော်က ပယ်ချနိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးမှာ အဖြေမဟုတ်ဘူးလို့ ဆိုလျှင် ဘယ်ဟာက အဖြေလဲ လို့ တစ်စုံတစ်ယောက်က မေးပါလိမ့်မယ်။ တွေ့ဆုံဆွေးနွေးရေးသာလျှင် မြန်မာ့နိုင်ငံရေးရဲ့ ဖြေရှင်းချက်ပါ။ နှစ်ပေါင်း များစွာ ကျနော်တို့ တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးကသာလျှင် အဖြေပါ။ တပ်မတော်ရယ်၊ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ် စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေရယ် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကသာလျှင် မြန်မာ့နိုင်ငံရေးကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဒါကို စစ်အစိုးရက မလုပ်ချင်ပါဘူး။ ဒါပေမယ့် နိုင်ငံတကာမိသားစုရဲ့ အလေးအနက်ထားပြီးတော့ လုပ်ဆောင်ကြမယ့် ပြင်ပဖိအား ပြင်းပြင်းထန်ထန်တွေနဲ့ ပြည်တွင်းက ငြိမ်းချမ်းတဲ့ဆန့်ကျင်အံတုမှုတွေ ပေါင်းစပ်နိုင်မယ် ဆိုလျှင်တော့ မြန်မာစစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်း အထိ ရောက်လာအောင် တွန်းပို့နိုင်ပါလိမ့်မယ်။ လာမယ့် ရွေးကောက်ပွဲကနေ တစ်စုံတစ်ရာ ဖြစ်လာမလား ဆိုတဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကို ဥရောပက ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေ စွန့်လွှတ်ကြပါစေလို့ ကျနော်က ဆုတောင်းနေပါတယ်။ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေမယ့် ရည်ရွယ်ချက်နဲ့ တကယ်အလုပ်ဖြစ်မယ့် အလုပ်တွေကို စပြီးတော့ လုပ်ဆောင်ကြပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂစုံစမ်းရေးကော်မရှင် ဖွဲ့စည်းဖြစ်ပေါ်ရေးက အစပြုပြီးတော့ ဥရောပ က ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေက စတင်လုပ်ဆောင် သင့်ပါတယ်လို့၊ ဦးဝင်းတင်က သူ့ဆောင်းပါးကို နိဂုံးချုပ် ထားပါတယ်။
(၁) အမျိုးသားဒီမိုကရေစီအင်အားစု(NDF)
(၂) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)
(၃) ဒီမိုကရက်တစ်ပါတီ(မြန်မာ) (DP-M)
(၄) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)
(၅) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ(PDP)
(၆) ချင်းအမျိုးသားပါတီ(CNP)
တို့ဖြစ်သည်။ခိုင်းနွားကြီးများပမာဏအစည်းအဝေးသို့ဖိတ်ကြားထားသောပါတီများတက်ရောက်ခဲ့သော်လည်း
အမျိုးသားဒီမိုကရေစီအင်အားစု(NDF)မှဒေါက်တာသန်းညိမ်းနှင့်ဦးခင်မောင်ဆွေတို့တက်ရောက်လာခြင်းမရှိခဲ့
ဟုသိရပါသည်။သတင်းအစုံအလင်မှာ၂၀၁၀ ရွေးကောက်ပွဲကိုမဖြစ်၊ဖြစ်အောင် နအဖစစ်အစိုးရမှအတင်းအဓမ္မ
ကြံစည်လျှက်ရှိရာ၊၄င်းတို့စစ်အစိုးရတစ်ဖြစ်လဲကြံ့ဖွတ်ပါတီအနိုင်ရအောင်၊ပါတီအများဝင်ရောက်ယှဉ်ပြိုင်မှသာ
ရွေးကောက်ပွဲအောင်မြင်အထမြောက်မည်ကိုသိသော နအဖစစ်အစိုးရက ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
အမျိုးသားသစ္စာဖောက် ဒေါက်တာသန်းညိမ်းနှင့်ဦးခင်မောင်ဆွေ တို့အား ကျပ်ငွေ (သိန်း၁သောင်း)ကိုပေးကာ
၎င်းတို့နှစ်ဦးအားရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးမခံရန်၊ရွေးကောက်ပွဲအထမြောက်အောင်မြင်ရန်အတွက်
အခြားသောပါတီများဝင်ရောက်ယှဉ်ပြိုင်စေရန်အတွက် ငွေပေးခိုင်းစေသည်ဟုတိကျခိုင်လုံသောသတင်းရရှိခဲ့ပါ
သည်။သတင်းဓါတ်ပုံပါ လက်ပြနေသောပင်နီတိုက်ပုံအင်္ကျီနှင့်လူသည် ကျန်းမာရေးဝန်ကြီးဌာနမှ ၀န်ထမ်းဆရာ
ဝန်တယောက်ဖြစ်တယ်လို့သိရပါတယ်။၎င်းဆရာဝန်ဆိုသူကိုကြံ့ဖွတ်ပါတီမှသတင်းပေးအဖြစ်(NDF)ပါတီရန်ကုန်
တိုင်းတာဝန်ခံအဖြစ်ထည့်သွင်းထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ယင်းခိုင်းနွားမိတ်ဖက်များပဏာမဆွေး
နွေးပွဲသို့သတင်းလာရောက်ယူသောမီဒီယာသတင်းထောက်များကို ၄င်းဆရာဝန်က( ဒီမှာ Ethic လုပ်နေတာမပြီး
သေးဘူး။ခင်ဗျားတို့နားမလည်ဘူးလား။ဆင်းသွားပါ)ဆိုပြီးရိုင်းစိုင်းစွာပြုမူခဲ့တယ်လို့လည်းသိရပါတယ်။(NDF) ပါတီ
သည်အမျိုးသားရေးသစ္စာဖောက်လုပ်ရပ်များကို အတိုင်းအတာမရှိလုပ်ဆောင်လျှက်ရှိနေပြီး၊တောင်ဥက္ကလာပမဲ
ဆန္ဒနယ်မှဝင်အရွေးခံမဲ့ ရန်ကုန်မြို့တော်ဝန် ခွေးခြင်္သေ့အောင်သိန်းလင်းကို ယှဉ်ပြိုင်သလိုလိုဖြင့်အနိုင်ရအောင်ကူ
ညီရန်အတွက် (NDF) ပါတီမှ ဗမာစာမပြောနှင့် ဗမာစကားကိုတောင်ကောင်းစွာမပြောတတ်သူ ချင်းမတစ်ဦးအား (သတင်းဓါတ်ပုံပါချင်းတိုင်းရင်းသူဝတ်စုံနှင့်အမျိုးသမီး)တောင်ဥက္ကလာပမဲဆန္ဒနယ်မှဝင်အရွေးခံရန် ဒေါက်တာ
သန်းညိမ်းနှင့် ဦးခင်မောင်ဆွေတို့ကညွှန်ကြားထားကြောင်းသိရပါတယ်။ထိုချင်းအမျိုးသမီးအားအသုံးချထားခြင်းမှာ
နအဖစစ်အစိုးရကတိုင်းရင်းသားပြည်သူအချင်းချင်းကို သွေးစည်းညီညွတ်မှုပျက်ပြားအောင်လုပ်ကြံထားခြင်းပင်
ဖြစ်ကြောင်းနိုင်ငံရေးအသိုင်းအ၀ိုင်း၌ဝေဖန်ပြောဆိုလျှက်ရှိနေကြပါသည်။
လေးစားဦးညွှတ်လျှက်
BP