Wednesday, September 29, 2010
ဒီမိုကရေစီ နှင့် မြန်မာပြည်

[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
Tuesday, September 28, 2010
Monday, September 27, 2010
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု) ဥက္ကဌ ဘဘ ဦးတင်ဦး စင်ကာပူနိုင်ငံသို့မျက်စိဝေဒနာကုသရန်အတွက်သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု) ဥက္ကဌ ဘဘ ဦးတင်ဦးသည် ၄င်း၏မျက်စိဝေဒနာကိုကုသရန်အတွက် ၂၈.၉.၂၀၁၀ နေ့ နံနက် ၁၀း၁၀ နာရီအချိန်ထွက်ခွာမည့် MAI လေကြောင်းလိုင်း MI 511 လေယာဉ်ဖြင့်စင်ကာပူနိုင်ငံသို့ ခွဲစိတ်ကုသရန်အတွက်သွားရောက်မည်ဟုသိရှိရ
ပါသည်။စင်ကာပူနိုင်ငံရှိ TENTOCKSENG ဆေးရုံကြီးတွင် မျက်စိဝေဒနာကို ခွဲစိတ်ကုသမှုခံယူပြီးလျှင် ၃၀.၉.၂၀၁၀ နေ့တွင့်မြန်မာနိုင်ငံ
သို့ပြန်လည်ရောက်ရှိမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။
လေးစားဦးညွှတ်လျှက်
ရဲရဲတောက် ဘားမားပါပါရာဇီ
ဆုတောင်းမေတ္တာပို့သနေတဲ့ သာသနာ့ အာဇာနည်တစ်ပါး

ဒီနေ့မနက် ရွှေတိဂုံစေတီတော်ပေါ်မှာ မြတ်စွာဘုရားကိုရေသပ္ပါယ် ပြီး
ဒီနေ့ဒီရက်မှာကျဆုံးသွားတဲ့သံဃာတော်တွေနဲ့ လူတွေအတွက်
ဆုတောင်းမေတ္တာပို့သနေတဲ့ သာသနာ့ အာဇာနည်တစ်ပါးကို
မှတ်တမ်းတင်အသိအမှတ်ပြုထားတဲ့ပုံပါ။
လေးစားဦးညွှတ်လျှက်
ရဲရဲတောက် ဘားမားပါပါရာဇီ
Thursday, September 23, 2010
ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ

၂၀၀၇ စက်တင်ဘာ ၊ တွင်ကျဆုံးခဲ့ကြသော ရဟန်းရှင်လူများကို
ကျွတ်လွတ်ပါစေခြင်းအကျိုးငှာ ဆွမ်း၊ဆေး၊ကျောင်း၊သင်္ကန်း ဆက်ကပ်လှုဒါန်းအမျှပေးဝေ
မည်ဖြစ်ပါသဖြင့် အထက်ပါလိပ်စာအတိုင်းကြွရောက်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါ
သည်။
လေးစားဦးညွှတ်
ဘားမားပါပါရာဇီ
Wednesday, September 22, 2010
လောကကြီးက မတရားဘူး
(၂) တောင်ဒဂုံမြို့နယ်နေ ဦးကျော်ကျော်ဦးနှင့် ဇနီးဖြစ်သူတို့သည် တစ်နေကုန် စားဝတ်နေရေး အတွက် ရုန်းကန်လှုပ်ရှား ခဲ့ရသည့်အတွက် ပင်ပန်းနွမ်းနယ်မှုတို့ကို အနားပေးခြင်းဖြစ်သော အိပ်စက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်မောကျတော့သည်။ နံနက် လင်းအားကြီး (၄း၀၀) နာရီခန့်တွင် “ဗွမ်း” ဆိုသော အသံကို ကြားမိသည်။ အိမ်အောက်မှ ငါးပွက်လေသလား၊ အိပ်မက်လေလားဟု ထင်မိကာ ပြန်လည်အိပ်စက် မိတော့သည်။ နံနက် (၅း၀၀) နာရီခန့်တွင် ခြေရင်းတွင် အိပ်နေသော မိမိတို့၏ တစ်ဦးတည်းသော သားငယ် (၉) လအရွယ် မောင်မျိုးကျော်ကျော်အား လက်ဖြင့် စမ်းမိသည်။ မရှိတော့ . . . သားငယ်လေး မရှိတော့။ အနီးနားတွင် ထ၍ ရှာမိသည်။ မရှိ။ အိမ်ပတ်ဝန်းကျင်တွင် ရှာမိသည်။ မရှိ။ မိမိတို့တဲအိမ်၏ ကြမ်းခင်းတွင် အပေါက်တစ်ခုရှိနေသည်။ ထိုအပေါက်ထဲသို့ ခြေထောက်ဖြင့် ထိုး၍ ရေအိုင်ထဲသို့ စမ်းကြည့်သည်။ ခန္ဓာကိုယ်တစ်ခုကို စမ်းမိသွားသည်။ အလျင်အမြန်ဖြင့် ထိုခန္ဓာအား ၀ိုင်း၍ မကြည့်သော် သားငယ်လေး မောင်မျိုးကျော်ကျော် ဖြစ်နေတော့သည်။ တစ်ဦးတည်းသော သားငယ် (၉) လအရွယ် မောင်မျိုးကျော်ကျော်သည် အိပ်နေရင်း ထိုကြမ်းပေါက်မှ ရေထဲသို့ ကျသွားခြင်း ဖြစ်တော့သည်။ သားငယ်လေး အသက်မရှိတော့။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မောင်မျိုးကျော်ကျော်၏ ရုပ်အလောင်းအား သွားရောက်သယ်ဆောင်ရတော့သည်။ ကျန်ရစ်သူ မိဘနှစ်ပါးနှင့်တကွ ရပ်ကွက်သူ/သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)က ၀န်ထမ်းများ၊ အသင်းသူ/သားများ အားလုံး ကြေကွဲကြရသည်။
ထိုအကြောင်းအရာ နှစ်ခုအား စမ်းစစ်ကြည့်ပါက မိဘတို့၏ ပေါ့ဆမှု၊ အုပ်ထိန်းခြင်း ပေါ့လျှော့မှု ဟု အပြစ်တင် မရ။ လူကြီးမိဘများသည် စားဝတ်နေရေး ကျပ်တည်းမှု၊ ဘ၀ခရီးကြမ်းကို ရုန်းကန်လှုပ်ရှားရမှု … စသည်တို့ကြောင့် မိမိတို့၏ ရင်သွေးငယ်များအား အချိန်ပြည့် ဂရုမစိုက်နိုင်ခြင်း၊ အချိန်ပြည့် မကြည့်ရှုနိုင်ခြင်းတို့ကြောင့် ဖြစ်တော့သည်။ထို့ကြောင့် မျိုးဆက်သစ် ရင်သွေးငယ်များ ဆုံးရှုံးရခြင်းများသည် မိခင် ဖခင်တို့၏ အပြစ်လား … ?
မိခင် ဖခင်တို့၏ ဂရုမစိုက်မှုကြောင့်လား … ?
စီးပွားရေး ကျပ်တည်းမှုကြောင့်လား … ?
ဆိုးဝါးလှသော ဘ၀ကို ရုန်းကန်လှုပ်ရှားနေရမှုကြောင့်လား … ?
ပတ်ဝန်ကျင်၏ ဆိုးကျိုးများကြောင့်လား … ?
မည်သို့ဖြစ်စေ … လောကကြီးကိုဘဲ အပြစ်တင်လိုက်မိတော့သည်။
လောကကြီးက မတရားဘူး။
ကျော်သူ
Tuesday, September 21, 2010
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား
ကိုရီးယားနိုင်ငံရောက်မြန်မာတို့အတွက် အထူးဂီတပွဲတော် ကျင်းပ
အဆိုပါ အထူးဂီတပွဲတော်သည် စက်ရုံအလုပ်ရုံများတွင် မနေမနား အလုပ်ကြိုးစား လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားတို့ အလုပ်ခွင်မွမ်းကြပ်မှုများနှင့် ဘဝအမောများကိုဖြေလျှော့ကြရင်း ဒါနရေး သာသနာရေးများ တွင်လည်း ပါဝင် ကောင်းမှုပြုနိုင်မည့် အခွင့်အရေး တစ်ခုဖြစ်မည်ဟု ဂီတပွဲတော်ကျင်းပသူများက ဆိုပါသည် ။ အကြောင်းမှာ ပွဲတော်မှ ရရှိမည့် အကျိုးအမြတ်များကို ကိုရီးယားနိုင်ငံထေရဝါဒ ဗုဒ္ဓဘာသာပြန့်ပွါးရေးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဖြစ်သည် ။
အဆိုပါပွဲတော်ကို ဓမ္မဒူတ(ကိုရီးယား)၏ အကျိုးတော်ဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်မောင်ညွန့်ဝင်း (စကားဝါ) ၊ ဦးမြင့်နိုင် (မြန်မာသူကြီး)နှင့် ကိုဘိုဘို (အမေ့အိမ်)တို့က ငွေရေးကြေးရေး စိုက်ထုတ် မတည်စီစဉ်ခဲ့ကြပြီး ၊ ဘူချောန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Bucheon Migrant Workers’ House) နှင့် ဘူချောန်းမြို့တော်ဝန် တို့က အထူးကူညီ ပံ့ပိုးပေးထားကြသည်ဟုဆိုသည် ။
လာရောက်ဖြေဖျော်တင်ဆက်သည့် တီးဝိုင်းမှာ လေဇီးကလာပ်တီးဝိုင်း (Lazy Club Band) ဖြစ်ပြီး ။ လေဇီးကလာပ်တီးဝိုင်း (Lazy Club Band) နှင့်အတူအဆိုတော် ခင်မောင်တိုး ၊ အယ်လ်လွန်းဝါ ၊ ဟဲလေး ၊ ချစ်သူ့ဝေ ၊ သဇင် ၊ ဂျင်နီ နှင့် ဧည့်အဆိုတော် အဖြစ် ချစ်ဆုဝေ တို့က ပါဝင်သီဆို ဖျော်ဖြေခဲ့ ကြပါသည် ။
ဓါတ်ပုံများကြည့်ရန်--http://picasaweb.google.com/105263134550370377517/LazyClub#ကိုနှိပ်ပါ။
Sunday, September 19, 2010
Friday, September 17, 2010
Thursday, September 16, 2010
နအဖစစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်အုပ်စိုးမှု ( ၂၂ )နှစ်မြောက် ပူးတွဲထုတ်ပြန်ကြေညာချက် ( ကိုရီးယား )
၁။ ၂၀၁၀ခုနှစ်၊ စက်တင်ဘာလ ( ၁၈ )ရက်နေ့သည် ( န၀တ၊ နအဖ ) စစ်အုပ်စုက မြန်မာပြည်သူလူထု၏ ဒီမိုကရေစီလို လားတောင်းဆိုမှုကို ကျောခိုင်းမျက်ကွယ်ပြုလျှက် ရက်စက်ရိုင်းစိုင်းစွာ ပစ်ခတ်ချေမူန်းခဲ့သည့် သွေးလွှမ်းသော စစ်အာဏာ သိမ်းမှု ( ၂၂ )နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်ပေသည်။
၂။ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီးနှင့် မြန်မာ့တပ်မတော်၏ဖခင်ကြီးလည်းဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက ” ငါတို့စစ် တပ်ဟာ နိုင်ငံသူနိုင်ငံသားတွေကို ညှင်းပန်းနှိပ်စက်ဖို့မဟုတ်၊ လက်နတ်အားကိုး တန်ခိုးပြဖို့မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံပဲ ဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံမဖြစ်စေရဘူး”ဟု ၁၉၄၄ခုနှစ်၊ မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းဆင်းပွဲ၌ အလေးအနတ် မှာကြားခဲ့ပေသည်။
၃။ သို့သော် ယနေ့မြန်မာနိုင်ငံတွင်မူ နအဖစစ်အုပ်စုသည် ဥပဒေပြုမှုအာဏာ၊ တရားစီရင်မှုအာဏာနှင့် အုပ်ချုပ်ရေး အာ ဏာတည်းဟူသော အာဏာသုံးရပ်စလုံးကို ပြည်သူလူထုထံမှ လက်နက်အားကိုးဖြင့် အတင်းအဓမ္မ အကြမ်းဖက်သိမ်းပိုက် ထားပြီး ၁၉၉၀ပြည်နှစ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးအပ်ရန် ငြင်းဆန်နေခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခု ကျော်လွန်လာခဲ့ပြီ ဖြစ်ပေသည်။
၎။ ထို့အပြင် စစ်အုပ်စုသည် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး၏ အောင်သီးအောင်ပွင့်များဖြစ်သော ( ၉၀) ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်နှင့် ရွေးကောက်ပွဲအနိုင်ရပါတီများကို အပြီးတိုင် ဖျက်သိမ်းပစ်ရန်၊ စစ်အာဏာရှင်စံနစ် ထာဝ စဉ် ရှင်သန်ခိုင်မြဲခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရပါ အခိုင်အမာရရှိရေးအတွက် ( ၂၀၁၀ )ရွေးကောက်ပွဲကို အတင်းအဓမ္မ ကျင်းပရန် အပြင်းအထန် ကြိုးပမ်းဆောင်ရွက်လျှက် ရှိနေပေသည်။
၅။ စစ်အာဏာရှင်စနစ်၊ ယင်းစနစ်ကို ချုပ်ကိုင်မောင်းနှင်နေသည့် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၏ တည်ရာမှီရာဖြစ်သော (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ယင်းစနစ်ကို စတင်အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲတို့ကို ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံစိတ်ဓါတ်ဖြင့် ပြည်သူများကို စည်းရုံးလှုံ့ဆော်ကာ အပြီးတိုင် ဖြိုချဖျက်သိမ်းပစ်ရပေမည်။ စစ်အာဏာ ရှင်စံနစ်ကို အမြစ်ပြတ် မဖျက်သိမ်းနိုင်သမျှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀ရရှိပြီး ထာဝရ ငြိမ်းချမ်းမည့် ဒီမို ကရေစီခေတ်သစ်တရပ်ကို အပီအပြင် တည်ဆောက်နိုင်လိမ့်မည်မဟုတ်ဟု မိမိတို့မှ အခိုင်အမာ ယုံကြည်ပေသည်။
၆။ သို့အတွက် နအဖစစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်အား ယနေ့ကာလ၏ အဓိကတိုက်ပွဲလုပ်ငန်းစဉ်များအဖြစ် ချမှတ်ပြီး ရဲဝံ့ပြတ်သားစွာဖြင့် ဆက်လက် တိုက် ပွဲဝင်သွားရမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပအင်အားစုအားလုံးနှင့် မြန်မာပြည်သူတရပ်လုံးအား အလေးအနတ် ပန်ကြား တိုက်တွန်းအပ်ပါသည်။
နေ့စွဲ၊ ၂၀၁၀ခုနှစ်၊ စက်တင်ဘာလ ( ၁၈ )ရက်၊
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ ) ကိုရီးယားဌာနခွဲ
၃။ ကရင်လူငယ်များအစည်းအရုံး (ကိုရီးယားဌာနခွဲ)
တကယ်ဆို အမှိုက်ပစ်ရမည့် နေရာတွေမှာ အမှိုက်ပုံးတွေ ထားပေးမယ် ။ အဲဒီအမှိုက်ပုံးကိုလည်း ပုံမှန် သိမ်းဆည်းမယ် ။ အဲဒီလို လုပ်ထားပေးတာတောင် စည်းကမ်းမဲ့ အမှိုက်ပစ်ရင် သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်ရမယ် ။ အဲဒီ ဥပဒေဆိုတာကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ လူအားလုံးလိုက်နာ့ရမည့် ဥပဒေဘဲဖြစ်ရမယ် ။ ဒီလို အဘက်ဘက်က ပြည့်စုံအောင် မဖြည့်စည်းပေးပါဘဲနဲ့တော့ မြန်မာတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီ နဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးတွေ နဲ့ပြောနေတာ ဘယ်သူတွေလဲ ။ ဘာကြောင့်ဒီလိုမျိုးတွေ ပြောနေကြတာလည်း အရှင်းလေးပါဘဲ ။ သူတို့တွေ အာဏာမြဲစေဖို့အတွက် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်ပါဘူးလို့ပြော အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့ လူတွေရဲ့စကားပါ။
းတောင် မထုတ်နိုင်သေးနဲ့ လူတွေက နူးကလီးလက်နက် ထုတ်လုပ်အုံးမလို့တဲ့ ။ သေချာ ပြန်စမ်းစစ်ကြည့်ကြပါအုံး ။ နာဂစ် မုန်တိုင်း တိုက်ခိုက်မှာကို နိုင်ငံတကာက လူတွေ သိသလို မြန်မာပြည်က မိုးလေ၀သ ပညာရှင်တွေ မသိဘူးလို့ ထင်နေကြရင် မှားမယ် ။ ဘယ်သူသေသေ ငတေမှာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေက ပြည်သူလူထု အသက်ပေါင်းများစွာ ကို သတ်ပစ်လိုက်ကြတယ် ။ အဲဒီလို ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာတဲ့ လူတွေ ရှိနေသမျှလည်း တိုင်းပြည်က ပျက်စီးသထက် ပျက်စီးလာအုံးမှာပါဘဲ ။ တကယ်တော့ သူတို့တွေက လက်နက် မသုံးဘဲ လူတွေကို အလွယ်ဆုံနည်းလမ်း နဲ့ သတ်ပြလိုက်တာ မမေ့စေချင်ဘူးဗျာ ။ မုန်တိုင်းတိုက်လို့ မသေတဲ့လူတွေကို စားနပရိက္ခာ ဖြတ်ပြီး ထပ်သတ်ကြလို့ သေကြတာ နည်းတယ်မှတ်လို့လား ။ သိန်းပေါင်း သောင်းနဲ့ချီပြီး တန်တဲ့ အိမ်တွေ အရောင်းအ၀ယ် အကြောင်းတွေ ရေးသူများသလောက် လှိုင်သာယာမှာ ကြမ်းခင်းမကောင်းလို့ ရေထဲပြုတ်ကျ သေရတဲ့ တကယ့်အဖြစ်မှန်တွေကို ကျတော့ ဘယ်သူမှ အရေးမလုပ်ကြဘူး ။
က်တယ် ။ အဲဒီလောက် ဆင်းရဲတဲ့လူတွေ ရှိတဲ့ ရှိတယ်ဆိုတာ ပြောရင် ယုံကြမှာ မဟုတ်ဘူး ။ ကိုကျော်သူက သက်သေ အထောက်အထားနဲ့ သေချာကို ပြသွားတာပါ ။ တကယ်ပါဗျာ ။ ကျွန်တော်တို့ တိုင်းပြည်ကြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေပါပြီ ။ ငတ်လို့မသေပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ငတ်လို့ သေတဲ့လူတွေ များလာပါပြီ ။ ဒီလူတွေ ဒီအတိုင်းဆက်သွားကြရင်တော့ တကယ့်ကို မတွေးဝံ့စရာပါဗျာ ။
ဆိုတာ မမေ့ကြပါနဲ့။ ဒီလောက် ရှင်းနေတဲ့ အရေခွံလဲပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က လက်မခံတာ အပြစ်လား ။ တိုင်းပြည် အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်တဲ့လူတွေဆိုရင် အားပေးရမယ် ၊ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါကောင်းစားရေး ၀ါဒသမားတွေ ၊ အာဏာရှင် အလိုကျ ကပြအသုံးတော်ခံတဲ့လူတွေကို ရှုံ့ချတာ အပြစ်လား ။
ပ်ဆောင်ကြရမယ် ။ ဒီမိုကရေစီ နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေကြတဲ့ လူတွေကို ဒီမိုကရေစီ နိုင်ငံရဲ့ အနှစ်သာရကို ပြကြဖိုက ငါတို့တွေ ကြိုးစားလုပ်ဆောင်ကြဖို့ အတွက် သမိုင်းဝင်မည့် ဒီတိုက်ပွဲမှာ ဒို့လူငယ်တွေ အစွမ်းကို ပြကြပါရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ တွဲလက်တွေ ညီညာစွာ နဲ့ ချီတက်ကြပါစို့ .......။
အချို့က ပြောကြပြန်သေးတယ် ။ ၀န်ထမ်းမှန်သမျှ သူခိုး နဲ့ ဒါးမြ ၊ သူတောင်းစား တွေ ဖြစ်ကုန်ပြီတဲ့ ။ ဒီမိုကရေစီ ရရင်တောင်သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ဘူးတဲ့ ။ သေချာစဉ်းစားကြည့် ၊ ဘာကြောင့် ၀န်းထမ်းတွေ အခုလို ဖြစ်ကုန်ရတာလဲ့ ။ရတဲ့ လစာက အခြေခံစား ၀တ်နေရေး အတွက် မလောက်ငတော့ ရရာ နည်းလမ်းတွေ သုံးပြီး ကြံဖန်လာကြတယ် ။ အဲဒါတွေကို အရေးယူမယ့်လူလည်း မရှိဘူး ။ အားပေးမယ့် လူတွေက တော့တပြုံကြီး ။ ဘာဖြစ်လို့လဲ ခေါင်းဆောင်တွေလေ ၊ သူတို့ကိုယ်တိုင်ကိုက တိုင်းပြည်ဘဏ္ဍာ ခိုးဆိုးလုယက်နေမှတော့ ဘယ်သူကို သွားအရေးယူလို့ရမှာလဲ ။ သူခိုးကြီးတွေက သူခိုးလေးတွေကို မြှောက်ပေးတာ သဘာဝလေ ။ လုံလောက်တဲ့ စားနပ်ရိက္ခာပေး ၊ အဲဒါကို မှ လဘ်စားရင် ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူရင် ဘယ်သူမှ မဟုတ်တာလုပ်လို့ မရပါဘူး ။ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံရောက်အောင် သာ အရင် ချီတက်ပါ ။ အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုမဲ့ ပုဂ္ဂိုလ်တွေ က လုပ်ဆောင်ပြသွားပါလိမ့်မယ် ။ အုပ်ချုပ်ရေး အာဏာဆိုတာ ပြည်သူလူထု လက်ထဲကို အပ်နှင်းထားတဲ့ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုက အဓိကပါ ။ ကျွန်တော်တို့လိုလားတောင့်တ နေတဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖန်တီးကြရမှာ ။
အချို့ကပြောကြတယ် ။ မြန်မာလူငယ်တွေ က ပျင်းကုန်ကြပြီတဲ့ ။ အလကား လမ်းပေါ်မှာ အချိန်ဖြုန်းနေကြတယ်တဲ့ ။
ဒါတွေကြားတော့ မနေနိုင်ဘူး ။ ကိုယ့်ဟာကိုဘဲ လိုက်ပြီး သုတေသန လုပ်ကြည့်တယ် ။ အဲဒီလူငယ်တွေကို လိုက်မေးကြည့်လိုက်တယ် ။ တော်တော်များများက ဘွဲ့ရပြီးသားတွေ ။ သူတို့တတွေ အရမ်း အလုပ်လုပ်ချင်ကြတယ် ။ ပြည်တွင်းမှာ အလုပ်မရှိတော့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ် ။ အဲဒီအခါကြတော့ ဘာပြောကြပြန်လည်း ဆိုတော့ နိုင်ငံခြားကို အထင်ကြီးလွန်း နေတယ်တဲ့ ။
နောက်ထပ်တစ်ခုရှိပါသေးတယ် ၊ လုပ်ချင်ရင် မြန်မာပြည်မှာ အလုပ်မရှားပါဘူးတဲ့ ။ ကောက်စိုက်ပျိုးနှုတ် ၊ တံငါသည် အလုပ်တွေ ပေါမှပေါတဲ့ ။ ပြည်ပထွက်ပြီး လုပ်စရာ မလိုပါဘူးတဲ့ ၊ ပြည်ပရောက် မြန်မာတွေတောင် ပြန်လာကြဖို့ ဖိတ်ခေါ်နေသေးတယ် ။ ဘယ့်နှယ်ဗျာ အဆင့်အတန်းမှီမှီ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုချင်လို့ ပညာသင်ထားပါတယ်ဆိုနေမှ ဒီအလုပ်တွေ လာလုပ်ခိုင်းနေတယ် ။ ဘယ်လို အတွေးအခေါ် ပိုင်ရှင်ကြီးလည်း မသိပါဘူး ။ အဲဒါ မြန်မာပြည်က ၀န်ကြီးချုပ်ရဲ့ စကားတဲ့ ။ ဘယ်လောက်များ အတွေးအခေါ် အောက်တန်းကျလဲ သေချာ စဉ်းစားကြည့်ပါဗျာ ။ အဲဒီလိုလူမျိုးတွေ အုပ်ချုပ်နေမှတော့ ဘယ်လို လုပ်ပြီး တိုင်းပြည်တိုးတက်မှာလဲ ။
ဒို့တိုင်းပြည် နိုင်ငံခြားငွေတွေ သူတို့ ရှာပေးနေတယ် ဆိုပြီး ပြောလာတဲ့ သူတွေလည်းရှိတယ် ။ ထုတ်ကုန်ဆိုတာ နတ္တိ ၊ တိုင်းပြည် သယံဇတ ကို လက်ညိုးထိုး ၊ မတန်တဆ ဈေးနဲ့ ရောင်းတာတော့ ဈေးသည်တွေ တောင် သူတို့ထက်တော့ ပိုနားလည်ပါအုံးမယ်ဗျာ ။
လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်လမ်းတွေတော့ မဖန်တီးပေးထားဘဲနဲ့ လုပ်စရာမရှိတော့ လူငယ်သဘာဝ ပျော်ချင်ပါးချင်ကြတာ သူတို့ အပြစ်လား ။ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တဲ့ လူတွေရဲ့ အပြစ်လား ။ သေသေချာချာ စဉ်းစားကြလိုပါတယ် ။
ကိုယ့်နိုင်ငံက အမှားကို ကောက်စားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ကတော့ သဘောတွေကျပြီး သြဘာတွေ ပေးနေတာ အဟုတ်မှတ်နေကြတုန်းပါဘဲ ။
အချို့ကလည်း ပြောကြပြန်သေးတယ် ၊ မြန်မာလူငယ်တွေက မြန်မာ့ယဉ်ကျေးမှု အမွေကို မထိန်းသိမ်းနိုင်ကြဘူးတဲ့ ။ အဲဒါနဲ့ ဟုတ်မဟုတ် လိုက်ပြီး သူတို့သားသမီးတွေကို လေ့လာကြည့်တယ် ။ ဟုတ်တာဘဲ ။ သူတို့သားသမီးတွေ ၀တ်တာစားတာကို ပြန်ပြောနေကြတာပါလားလို့ အဲဒီအခါကျမှ သိလာရတယ် ။ တက်တော့ နိုက်ကလပ် ၊ ၀တ်တော့စကတ် ၊ သောက်ထားတာက နိုင်ငံခြားဖြစ် အရက် ၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြန်ဆို လိုက်ကြည့်လိုက် ။ တော်သလင်းဇတ် တွေတောင်ပါသေးတယ် ။ အဲဒီလို သုံးဖြုန်းနိုင်တာ မြန်မာပြည်မှာ ဘယ်သူတွေ ရှိလို့တုန်း ။
သူတို့တွေ ဖွင့်ထားတဲ့ ကုမ္မဏီမှာ အလုပ်လုပ်သွား လျှောက်ကြည့်ပါအုံး ။ ရုပ်မလှရင် အလုပ်မရ ၊ စာရေးမအလုပ်ဘဲဗျာ ရုပ်လှစရာလိုလို့လား ။
ဘယ်ဈေးဝယ်သူမှ အရောင်းစာရေးလှလို့ ဈေးဝယ်တာ မရှိပါဘူး ။ ကုန်ပစ္စည်း ရဲ့ အရေအသွေးနဲ့ ဈေးနှုန်းပေါ်မှာ မူတည်ပြီး ၀ယ်ကြတာ မဟုတ်ဘူးလား ။ သြော် လူသာအိုလာကြလို့ တဏှာတွေ ပြိုရမယ့်အစား တဏှာတွေ ပျိုနေပုံက မော်ဒယ်တွေတောင် ကိုယ်တိုင်ရွေးသတဲ့ ။
သူတို့အသိုင်းအ၀ိုင်းလေး ကြည့်ပြီး ပြောနေကြတော့ လည်း ဟုတ်သလိုလို ဖြစ်နေတာပေါ့ ။ အမျိုးသား ဇတ်ရုံလို နေရာမျိုးမှာတောင် စင်သွင်းပြီး လုပ်စားနေကြတာလည်း သူတို့ အသိုင်းအ၀ိုင်းပါဘဲ ။
တကယ်စာရွက်ပေါ်က ဇယားတွေမှာတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝနေပုံက ပြောပြလို့ မကုန်စရာပါဘဲ ။ ပညာရှင်အမည်ခံထားတဲ့ လူတွေကလည်း ကြံကြံဖန်ဖန် နည်းပညာပေးတယ် ။ နိုင်ငံတကာမှာ လျှပ်စစ်ကို နည်း အမျိုးမျိုးနဲ့ ထုတ်နေကြတဲ့ အချိန်မှာ မြန်မာပြည်က နွားနဲ့လှည့်ပြီး လျှပ်စစ်ထုတ်မလို့တဲ့ ။ အဲဒီလို အတွေးအခေါ်ကို မြှောက်စားပေးလိုက်ပုံက ဆုတံဆိပ်တွေတောင် ပေးဖို့ ကြံစည်နေပြန်သတဲ့ ။
ဒီကြားထဲ ရူးကြောင်ကြောင်နဲ့အပ်တစ်ချောင်
အိမ်လို့ပြောလို့သာ ယုံရတာပါ ၊ စလေ ဦးပုည တောင် နှိုင်းစရာ စကားလုံးရှာရမလို့ ငိုသွားလော
အခု ကျင်းပမည့် ရွေးကောက်ပွဲဆိုတာ ကို တကယ့်ကို ကျွန်တော့်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး ။ အရေခွံလဲပွဲ သက်သက်ပါ ။ ပြည်သူလူထု အားလုံးလည်း သိပြီးသားပါ ။ ဒီရွေးကောက်ပွဲကို ၀င်ပြိုင်တဲ့လူတွေ အားလုံးကို လိုက်မေးကြည့် ၊ ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာ သူတို့အားလုံးသိတယ် ။ တရားမျှတမှု မရှိတဲ့ ဥပဒေကို လက်ခံလိုက်တဲ့လူတွေ ဆိုတာ သူတို့ကိုယ်တိုင် မတရားမှုတွေကို မြတ်နိုးခုံမင်လို့ပါဘဲ ။ အဲဒီလို မတရားမှု ကို မြတ်နိုးတဲ့ သူတွေဟာ သူတို့ ကိုယ်ကျိုးစီးပွား အတွက် တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကောင်းဒုက္ခပေးကြလိမ့်မယ်
တိုင်းပြည်နဲ့လူမျိုး အကျိုးကို အမြဲရှေးရှုတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူလူထု အကျိုးများမည့် ကိစ္စတွေမှာ စိတ်အားထက်သန်သလောက် ပြည်သူလူထု ဒုက္ခရောက်မယ့် ကိစ္စတွေကြရင် ရဲရဲဝင့်ဝင့် အမှန်တရား ကို လက်ကိုင်ထားပြီး စဉ်းစားဆုံးဖြတ်လေ့ရှိတယ် ။
မြန်မာတွေ လူငယ်တွေ ညံ့တယ်လို့ပြောနေကြတဲ့ လူတွေကို တစ်ခုလောက် နှိုင်းယှဉ်ပြချင်ပါသေးတယ် ။ နအဖ က နိုင်ငံခြားရေး ၀န်ကြီးတဲ့ မိန့်ခွန်းပြောတာလေးကို ကြည့်ဖူးကြလား ။ စားလုံးပေါင်းမှား မှာဆိုးလို့ စာရွက်ကို အသဲအသန်ကြည့်ပြီး ပြောနေတဲ့ အချိန်မှာ ၂၁ နှစ်အရွယ်ကောင်မလေးက သူ့ရင်ထဲက အမှန်တရားကို အများရှေ့မှာ ကမ္ဘာသိအောင် ပြောသွားတာ နှိုင်းယှဉ်ကြည့်စေချင်တယ်ဗျာ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေတကယ် မညံ့ပါဘူး ဆိုတာ သက်သေ ပြရမယ့် အချိန်ကိုလည်း ရောက်လာပါပြီ ။ လူငယ်တွေကို နိုင်ငံရေး နဲ့ ဝေးသထက်ဝေး အောင် အာဏာရှင်တွေ ယုတ်မာစွာ ကြံစည်ကြပေမယ့် ကျွန်တော်တို့တွေ ရင်ဘတ်ထဲမှာ ဒီမိုကရေစီ စနစ်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေရှင်သန်နေဆဲ ပါဘဲဆိုတတာကို လက်တွေ့ကျကျ သရုပ်ဖော်ပြ ကြရအောင်လား ။
ဒို့ ဘိုးဘွားတွေ နယ်ချဲ့ လက်အောက် က လွတ်မြောက် အောင် ရုန်းထွက် ပြခဲ့ပြီးပြီ ။ ဒို့ခေတ်မှာတော့ အာဏာရှင်စနစ်ဆိုးအောက် က ရုန်းထွက်ပြကြဖို့ အမြန်ဆုံးလု