သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Wednesday, March 31, 2010

အထူးကြေငြာချက်အမှတ် ( ၄ / ၀၃ / ၁၀ )

30.3.2010 NLD Statement

ဒေါ်အောင်ဆန်းစုကြည် ဗဟိုကော်မတီထံ ပေးပို့သည့် အချက် ၆ ချက် NLD သံတမန်တွေကို ရှင်းပြ

မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ဖို့ မဖြစ်နိုင်တာမို့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ် (Stephen Smith) က ဒီနေ့ ABC အသံလွှင့်ဌာနကို ပြောကြားလိုက်တာနဲ့ တချိန်တည်းမှာပဲ NLD ရုံးချုပ်ကို ဒီနေ့ သြစတြေးလျ သံအမတ်ကြီး မစ်ရှဲလ်ချမ်းနဲ့ အမေရိကန်သံရုံး နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တာဝန်ခံ ဂျနီဖာ ဟာဟိုက်တို့ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။

[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“သြစတြေးလျ သံအမတ်ကြီး မစ်ရှဲလ်ချမ်း၊ US Embassy က ဂျနီဖာ၊ သူတို့ ၂ ယောက်က မနက်ကတည်းက Appointment တောင်းပြီး ၂ နာရီမှာ လာတွေ့ပါတယ်။ NLD ကတော့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးရယ်၊ ဦးညွန့်ဝေရယ်၊ ဦးဝင်းတင်ရယ် လက်ခံ တွေ့ဆုံပါတယ်။ မနေ့က ဆုံးဖြတ်ချက်အကြောင်း လာမေးတယ်။ နောက်ပြီးတော့ NLD ရဲ့ နိုင်ငံရေး ဆောင်ရွက်မယ့် ရည်မှန်းချက်တွေကို မေးတယ်လို့ ကျနော် သိရပါတယ်။ ကျနော်က ဒုတိယပိုင်းလောက်ကျမှ ၀င်တယ်လေ။ မနေ့က ဒေါ်အောင်ဆန်းစုကြည်က CC ကော်မတီကို ပေးပို့တဲ့ အမှာစကားကို မေးလို့ ကျနော် သူတို့ကို ပြောပြပါတယ်။ အဲဒါပါပဲ။”

အန်တီစုနဲ့ နောက်ထပ် ထပ်တွေ့ပါသေးလား။

“ကျနော်တို့ ထပ်မတွေ့ပါဘူး။ ၂၃ ရက်နေ့ တွေ့ကတည်းက ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူက ၂၉ ရက်နေ့ အစည်းအဝေးမှာ ကိုယ်တိုင် ဖတ်ကြားပြဖို့ ကျနော့်ကို မှာကြားလိုက်ပါတယ်။ အဲဒီအတိုင်း ဆောင်ရွက်ခဲ့တာပါ။”

CC ကော်မတီကို ပေးပို့တဲ့ အမှာစာဆိုတာ ဘာပါလဲ အန်ကယ်။

“အချက် ၆ ချက်ပါ။ နံပါတ် ၁- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲထားရမည်။ နံပါတ် ၂- တရားမျှတမှု မရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်း မကျပါ။ နံပါတ် ၃- အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်ပါ။ နံပါတ် ၄- အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့် အလုပ်များ လုံးဝမကြိုက်၊ လက်မခံပါ။ နံပါတ် ၅- ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားမည်။ နံပါတ် ၆- အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။”

ဒီအချက် ၆ ချက်၊ ဒေါ်အောင်ဆန်းစုကြည်က CC ကော်မတီကိုပေးတဲ့ အမှာစာကို သြစတြေးလျနဲ့ အမေရိကန်က သံအမတ်တွေကို ပြောတော့ သူတို့ဘက်က တုံ့ပြန်မှု ဘာရှိပါလဲ အန်ကယ်။

“သူတို့က တုံ့ပြန်မှု မရှိပါဘူး။ ဒီအချက်ထဲမှာ သူတို့ မရှင်းလင်းတာကိုပဲ မေးတာပါ။ ဘယ်တုန်းက ရတာလဲ၊ အဲဒီနေ့ ရတာလားပေါ့ဗျာ။ အဲဒါတွေကို မေးပါတယ်။”

ဝေဖန်ချက် တစုံတရာများ ပေးသွားပါသေးလား။

“မပေးပါဘူး။”

မနေ့တုန်းက ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒီနေ့ ကြေညာချက် ထုတ်တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပေးပါ။

“ဒီနေ့ ကြေညာချက်ကတော့ မနေ့က ဆွေးနွေးပွဲမှာ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် ၂ ခုကို ဖော်ပြပြီး အဲဒါကို ကြေညာချက်အဖြစ် ထုတ်တာပါ။ ပထမတချက်ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်ဘို့ ဆုံးဖြတ်တယ်ဆိုတဲ့ အချက်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး လွှတ်ပေးပါဆိုတဲ့ တောင်းဆိုကြောင်း ဆုံးဖြတ်ချက်ရယ်၊ အဲဒီဆုံးဖြတ်ချက် ၂ ခုကို ကြေညာချက် ထုတ်တာပါပဲ။” ( ဗွီအိုအေ )

Tuesday, March 30, 2010

NLD ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ကုလသမဂ္ဂ လေးစား

ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ် လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂတို့က တနင်္လာ နေ့တွင် ပြောကြား လိုက်ကြသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် သူ့ပါတီ၏ မည်သည့် ဆုံးဖြတ် ချက်ကို မဆို နိုင်ငံတကာ အသိုင်းအ၀န်းက လေးစားကြရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့် ရပုဂ္ဂိုလ် မစ္စတာ မာတင်နီ ဆာကီက နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြား လိုက်သည်။ ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သည့် မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်ကို ရည်ညွှန်းပြီး သတင်း ထောက်များကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“သူ (မစ္စတာ ဘန်ကီမွန်း) ပြောခဲ့သလိုပါပဲ ဒီရွေးကောက်ပွဲက မျှတပြီး ယုံကြည်စိတ်ချရတယ်လို့ ယူဆနိုင်တယ်ဆိုရင် အများရဲ့ ပါဝင်နိုင်မှု ရှိနိုင်သမျှ ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မစ္စတာ ဘန်ကီမွန်းက သူ၏ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပြီးခဲ့သည့် အပတ်က တွေ့ဆုံရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန် အစိုးရကလည်း NLD ၏ ဆုံးဖြတ်ချက်ကို လေးစားသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ ပီဂျေခရော်လေ က ပြောသည်။

“မြန်မာပြည် နိုင်ငံရေး ဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြား အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရက ဆန္ဒမရှိတဲ့အတွက်ကြောင့် NLD က ဒီလို ဆုံးဖြတ်လိုက်တာပဲ လို့ ကျနော်တို့ နားလည်မိပါတယ်” ဟု မစ္စတာ ပီဂျေခရော်လေ က ပြောသည်။

ပြီးခဲ့သည့်နှစ်ကစပြီး အမေရိကန်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိတွေ့ဆက်ဆံရေး၊ ဒဏ်ခတ်ပိတ်ဆို့ရေး နည်းလမ်းနှစ်သွယ်ကို တပြိုင်နက် ကျင့်သုံးခဲ့သည်။

“ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမြင်ကို ပြောပြီးပါပြီ။ စိတ်ပျက်စရာ ဥပဒေတွေလို့ ကျနော်တို့ ထင်ပါတယ်။ ဒီလို ပြောပြီး နောက်ပိုင်းမှာတော့ မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးတာ မရှိသေးပါဘူး။ အနာဂတ်မှာ မရှိဘူးလို့တော့ မပြောနိုင်ပါဘူး။ သို့သော်လည်းပဲ မြန်မာပြည်မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေတွေက နည်းမှန် လမ်းမှန် မဟုတ်ပါဘူး” ဟု မစ္စတာ ပီဂျေခရော်လေ က ရှင်းပြသည်။

ဤအတောအတွင်း ၀ါရှင်တန်အခြေစိုက် US Campaign for Burma ခေါ် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့က NLD ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယမန်နေ့က ကြေညာချက် ထုတ်လိုက်သည်။

“NLD ခေါင်းဆောင်တွေက သတ္တိရှိရှိ ဆုံးဖြတ်လိုက်တာပါပဲ။ ဒီအတွက် ကျနော်တို့ အင်မတန် ဂုဏ်ယူပါတယ်” ဟု ထိုအဖွဲ့၏ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ပြောသည်။

“စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံတဲ့ နည်းနဲ့ သူတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြီးတော့ ပြည်သူတွေ နဲ့အတူ ဆက်လက် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ” ဟု ကိုအောင်ဒင်က ဆိုသည်။ ( ဧရာဝတီ )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစည်းဝေးဆုံဖြတ်ချက်ကို ထောက်ခံကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ ) ၏ထုတ်ပြန်ကြေငြာချက်

Statement for NLD's Decision - Not Party Registation-[1]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မတ်လ ၂၉ ရက်နေ့ အစည်းဝေးဆုံဖြတ်ချက်နှင့် ပတ်သက်သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗဟိုဦးဆောင်ကော်မတီသဘောထား ထုတ်ပြန်ချက်

29 Mar DPNS Stm on NLD Decision
မိတ်ဆွေများခင်ဗျား
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မတ်လ ၂၉ ရက်နေ့ အစည်းဝေးဆုံဖြတ်ချက်နှင့် ပတ်သက်သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗဟိုဦးဆောင်ကော်မတီ သဘောထား ထုတ်ပြန်ချက်”ကို ပေးအပ်ပို့ပါသည်။

လေးစားစွာဖြင့်
လူထုဆက်ဆံရေး ဌာန
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Monday, March 29, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ရွေးကောက်ပွဲ ၀င်ရေး နှင့် မ၀င်ရေး အစည်းအဝေး ( LIVE )

never accept” because the laws are “unjust”. (Aung San Suu Kyi)

လုံထိန်းကားများ ထပ်မံရောက်ရှိလာ 5:36 PM (ပါတီဆုံးဖြတ်ချက် ကြအပြီး)

ယနေ့ အင်တာနက် ကော်နက်ရှင် သိပ်မကောင်း 11:29 AM Monday

အကြိတ်အနယ် ဆွေးနွေးမှု အပြီး စုံညီ အစည်းအဝေး ခေတ္တ နားသည် ဟု သိရှိရသည် 11 : 55 AM Monday

လူငယ် ၊ပြည်သူ နှင့် အမျိုးသမီး အဖွဲ့ ဝင် များ ကြားတောရလမ်း တစ်ဝိုက် တွင် စောင့်ဆိုင်းနေ

ရာသီဥတု အရမ်းပူသည်။ လုံထိန်း များ ကား နှစ်စီး ထပ်ရောက် လာသည် ။ 12 : 11 PM

လူအင်အားလည်း ပိုကောင်းလာသည် ။နိုင်ငံခြားသတင်းထောက်များ လည်းစုံညီစွာရောက်ရှိနေသည်။

လုံထိန်းကားများ ရွှေဂုံတိုင် နှင့် M3 အနီး ပတ်မောင်းနေ 12 : 15 AM

အင်တာနက် လူမှု ကွန်ယက် ဖေ့ဘွတ် တွင် ရွှေဂုံကြေညာ စာတမ်း ကို ထောက်ခံသူများက သဘောထားများထုတ်ပြန်
12 : 22 AM

၅၀ လင်းစဒေါင်း ကားကြီး များ အုတ်လမ်း မှတ်တိုင်တွင် မရပ်ရ 12 : 31 AM

နံနက် ၁၁ နာရီ ထိုးမတိုင်ခင် သတင်းများ

ရန်ကုန် မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်
ပွဲ ကို ၀င်ရောက် ယှဉ်ပြိုင် နိုင်ရေး အတွက် ပါတီ မှတ် ပုံ တင် မည် (သို့ မဟုတ် ) မတင်ဘူး ဆိုသည် ကို စတင်
စည်းဝေး နေကြပြီ ဖြစ်ပါသည်။

ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားဘက်မှ ဦးဝင်းတင် နှင့် ရှေ့ နေ ဦးဥာဏ်ဝင်း တို့ အပါ
အ၀င် မြို့ နယ် အဖွဲ့ ဝင်များ လူငယ်များရှိပါသည်။

ဦးခင်မောင်ဆွေ နှင့် ဦးအောင်ရွှေ မှ ပါတီ မှတ်ပုံတင်ရေး အတွက် ရပ်ခံဆွေးနွေးနေပြီ ဖြစ်ပါသည်။

မဲခွဲ ရင် ပါတီ မှတ်ပုံမတင် ရေး ရလာဒ်ဘက် က အဖြေထွက် လာမယ် လို့ မျှော်လင့်ပါတယ်။ (ဦးဥာဏ်ဝင်း)

“We should keep the NLD party,” ဦးခင်မောင်ဆွေ 9:20 AM Monday (MMT)


ပြည်တွင်း /ပြည်ပ မီဒီယာ(နိုင်ငံခြားသတင်း ဌာန) များ လုံထိန်း နှင့် အရပ် ၀တ်ထောက်လှမ်းရေးများ
အဖွဲ့ ချုပ် ရုံး အနီးရောက်ရှိနေ

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင်များ အပါအ၀င် ပါတီ ခေါင်းဆောင် ၁၀၀ ကျော် စုံညီ စည်းဝေး၍ အကြိတ်အနယ်
ဆွေးနွေးနေ

အထဲမှ အခြေအနေ တော့ မသိရသေးပါ ။ပါတီဝင် တစ်ဦးမှ ၀င်ရေး ဘက်က အားကောင်းသည် ဟု ပြောသည်။
အစည်း အဝေး မစခင် တွင် မှတ်ပုံတင်ရေး ဘက်က အနိုင်ရရှိပါက ဦးဝင်းတင် သည် အုတ်လမ်း ရုံးချုပ် သို့ ယနေ့ နောက်
ဆုံးလာ ခြင်း ဖြစ်မည် ဟု ပြောသွားသည် ဟု ဆိုသည်။

ပါတီ မှတ် ပုံတင်လျှင် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ် ကိုသာ အသိအမှတ်ပြုသည့် လူငယ် နှင့် အမျိုး သမီး အဖွဲ့ ဝင်အချို့ 
နှင့် မှတ်ပုံတင်ရေး ဘက်က ရပ်ခံ သည့် ပါတီ ခေါင်းဆောင် အချို့ ရုတ်ရင်း ဆန်ခတ် ဖြစ်ဖွယ်ရှိ (လူငယ်များက အနီးရှိ လဖေ့
ရည် ဆိုင် များ မှ စောင့် နေကြသည် ) 11:17am Monday (MMT)

တစ်နိုင်ငံလုံး (ဗိုလ်ချုပ်မှုးကြီး သန်းရွှေ )အပါအ၀င် ရလာဒ် ကို စိတ်ဝင်စားနေ ကြသည်

http://freedomnewsgroup.com/

ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်

အကြိတ်အနယ်ဆွေးနွေးပြီးနေက် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း ဆုံဖြတ်လိုက်ကြသည်။

မှတ်ပုံတင်ရေး မတင်ရေးနှင့်ပတ်သက်၍ NLD ရုံးချုပ်၌ ယနေ့ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ တွေ့ဆုံဆွေးနွေးအပြီး ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်ခြင်း ဖြစ်သည်။

“ဒုဥက္ကဋ္ဌ ဦးတင်ဦး ကြေညာတာက ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ချက် ၂ ခု ချလိုက်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုဦးစီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ကန့်ကွက်သူမရှိ ရွေးကောက်ပွဲ မှတ်ပုံမတင်ဘူး။ နောက်တချက်က မှတ်ပုံမတင်သော်လည်း ပါတီကို မဖျက်သိမ်းဘူး” ဟု ရုံးချုပ်ရှေ့တွင် ပါတီခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပါတီလူငယ်အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ထို့အပြင် ယနေ့ ဗဟိုအလုပ်အမှုဆောင် CEC နှင့် ဗဟိုဦးစီးအဖွဲ့ CC အစည်းအဝေးသို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက တက်ရောက်လာခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်ကို လိုက်နာရန် အမှာစကားပါးလိုက်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံမတင်ရန် ယခုလ ၂၃ ရက်နေ့တွင် သူမ၏ ရှေ့နေများမှတဆင့် သဘောထားပေးခဲ့ခြင်း ဖြစ်သည်။

CEC အဖွဲ့ဝင်ပေါင်း ၂ဝ ဦးနှင့် CC အဖွဲ့ဝင်ပေါင်း ဦးရေ ၁ဝဝ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ CEC ထဲမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့မှလွဲ၍ ကျန်အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ CEC ၊ CC အဖွဲ့ဝင်များနှင့် လူငယ်ခေါင်းဆောင် ၅ ဦး စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ကြသည်ဟု နောက်ဆုံးသိရှိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရုံးချုပ်၌ ပြုလုပ်သော အစည်းအဝေးတွင် ပါတီ၏ ရပ်တည်ချက်နှင့် ပတ်သက်သော အရေးပါသော ဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီမှ စတင်၍ တင်ပြရာ ၁ နာရီ ၄၅ မိနစ်တွင် ပထမပိုင်း အစည်းအဝေး ရပ်နားခဲ့သည်။

ဒုတိယပိုင်းကို နေ့လည် ၂ နာရီတွင် ပြန်လည်စတင်ရာ CC က ဆက်လက်တင်ပြမှုများ ပြုလုပ်ခဲ့သည်။ ညနေ ၄ နာရီတွင် အဆိုပါ တင်ပြမှုများ ပြီးဆုံးသည့်အခါ CEC အစည်းအဝေး ဆက်လက်ပြုလုပ်ကာ ညနေ ၅ နာရီခန့်တွင် ယခုဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုလ ၈ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ပါတီအား ပြန်လည်မှတ်ပုံတင်မည်ဆိုလျှင် နေအိမ်တွင် ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အကျဉ်းကျခံနေရသည့် ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝ ဦးနှင့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမှာဖြစ်သည်။

အကယ်၍ ထုတ်ပယ်ခြင်း မရှိလျှင်၊ ရက် ၆ဝ အတွင်း မှတ်ပုံတင်ခြင်း မရှိလျှင် ပါတီသည် အလိုလျောက် ဖျက်သိမ်းရမည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် NLD ပါတီ ခေါင်းဆောင်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေးဟူသည့် အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်။

ယခုလ ၂၆ ရက်နေ့တွင် ပြည်နယ်/တိုင်း အဆင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင် ၆ဝ ဦးခန့် တက်ရောက်သော အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယခုလ ၁၅ ရက်နေ့တွင် ပါတီဌာနချုပ်တွင် ပါတီ ဆက်လက် ရှင်သန်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖို့ စဉ်းစားရန် အဆိုပြုခဲ့ပြီးနောက် လူငယ်များ၏ သဘောထား ထိုသို့ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် CC အဖွဲ့ဝင် ၁ဝ ဦး အပါအဝင် ပါတီဝင် ၄၃ဝ ကျော်မှာ အကျဉ်းကျနေဆဲဖြစ်ပြီး စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁ဝဝ ကျော်ရှိနေသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် နိုင်ငံတဝှန်းတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ဘဲ နောက်တကြိမ်ရွေးကောက်ပွဲသာ ကျင်းပရန် ပြင်ဆင်နေသည်။ (မဇ္ဈိမ)

Sunday, March 28, 2010

အမေရိကန်စစ်တပ်က မြန်မာစစ်တပ်နှင့် ညှိနှိုင်းလို


အမေရိကန် အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ ရှိလာပါက စစ်ဘက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်းလိုကြောင်း အမေရိကန် ထိပ်တန်း စစ်အရာရှိတဦးက အမေရိကန် လွှတ်တော်အမတ်များကို ယခုတပတ်အတွင်း ပြောကြားလိုက်သည်။

ကြာသပတေးနှင့် သောကြာနေ့များက အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့၏ လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ အစည်းအဝေးပွဲများ တက်ရောက်စဉ် အမေရိကန်ပစိဖိတ်ဒေသ ရေတပ် ဗိုလ်ချုပ် Robert Willard က နှစ်နိုင်ငံ စစ်ဘက်ဆက်နွယ်မှုများ မရှိကြောင်း၊ သို့သော်လည်း အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြောင်းလဲပါက စစ်ဘက်ဆက်နွယ်မှုသည်လည်း ပြောင်းလဲနိုင်ကြောင်း ပြောကြားသွားသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“စစ်ဘက်ရေးရာပုဂ္ဂိုလ်ချင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အမေရိကန်ပစိဖိတ်ဒေသ စစ်ဌာနချုပ်က ပြင်ဆင်နေပါတယ်” ဟု ဗိုလ်ချုပ် Willard က ပြောလိုက်သည်။

မြန်မာစစ်အစိုးရနှင့် မည်သို့သော ဆက်ဆံမှု ပြုလုပ်လိုကြောင်း အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ဗိုလ်ချုပ် Willard က နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည့် အကြောင်းအချက်တချို့ကို ထုတ်ဖော် ပြောကြားခဲ့သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ရေပိုင်နက် အငြင်းပွားမှု၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု၊ ကူးစက်ရောဂါ ပျံ့ပွားမှု စသဖြင့် မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်” ဟု သူက ရှင်းပြသည်။

အမေရိကန်နှင့် မြန်မာတို့ နောက်ဆုံးအကြိမ် စစ်ဘက်ရေးရာ ဆက်ဆံမှုကို နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး တွေ့ခဲ့ရသည်။ မုန်တိုင်းသင့်ဒေသသို့ အမေရိကန် လေယာဉ်တင် သင်္ဘောများ စေလွှတ်ပြီး ဒေါ်လာ ၁ သန်းကျော်တန် အကူအညီများ ပေးအပ်ရေး ကမ်းလှမ်းချက်ကို မြန်မာအစိုးရက ပယ်ချခဲ့သည်။

ဤအတောအတွင်း မြန်မာပြည်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။

“ဒီဥပဒေတွေကြောင့် ကျနော်တို့ စိတ်ပျက်မိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ P J Crowley က ပြောသည်။

“မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသား အင်အားစုတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာသင့်ပါပြီ။ ဒါပေမယ့် ဒီဥပဒေတွေက ဆွေးနွေးပွဲလမ်းတွေကို ပိတ်ဆို့နေပါတယ်” ဟု မစ္စတာCrowleyက ပြောလိုက်သည်။ ( ဧရာဝတီ )

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြန်ဆုံးတွေ့ဆုံရေး NLD တောင်းဆို

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးဖို့နဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို တရားဝင် ရပ်တည်ခွင့်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၇ ရက်မှာကျရောက်တဲ့ (၆၅) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက် ၈/၀၃-၁၀ မှာ ဒီတောင်းဆိုချက်တွေကို ထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရေးဟာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ အင်မတန် အရေးပါတယ်လို့ ဆိုပါတယ်။ အလားတူစွာပဲ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း မရှိမဖြစ် လိုအပ်တဲ့အတွက် ဒီအချက်တွေကို တောင်းဆိုတာဖြစ်တယ်လို့ NLD က ဆိုပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဒီကနေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ NLD က ထုတ်ပြန်တဲ့တောင်းဆိုချက် အသေးစိတ်ကိုတော့ ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

"လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများအရ နိုင်ငံရေးအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးမှု ပြုရန်ဆိုတာ ဒါ ထူးခြားတဲ့ဟာပေါ့။ ကျန်တဲ့တောင်းဆိုတဲ့ဟာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာဟာ မတရားတဲ့ချုပ်နှောင်ထားမှုဖြစ်တဲ့အတွက် အမြန်ဆုံး လွှတ်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ပေးဖို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး ဆန်းညွှန့်လွင် တို့ကို အမြန်ဆုံး လွှတ်ပေးဖို့၊ ပိတ်ပင်ထားတဲ့တိုင်းရင်းသားပါတီတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ အဲဒါတွေပါ။"

ဆိုတော့ NLD တောင်းဆိုချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ပါဝင်ခွင့် တောင်းဆိုထားတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ ပါဝင်ခွင့်ပြုမယ်ဆိုရင် NLD က ရွေးကောက်ပွဲအပေါ်မှာ စဉ်းစားတဲ့နေရာမှာ အဲဒီအချက်ကို ထည့်သွင်းစဉ်းစားမှာလား။ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေး ကိစ္စက။ -

"ဒါတွေက ဆက်စပ်မှုတော့ ရှိမှာပေါ့။ ကျနော်တို့ အခု ဒီလိုလုပ်ပေးပါ၊ ဒီလိုလုပ်ပေးရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ မျိုးတော့ ဒီလိုတော့ တိတိကျကျ မရှိဘူးပေါ့ဗျာ။ ဒါတွေကတော့ ဆက်စပ်မှုရှိမှာပဲ။"

ရွှေဂုံတိုင် ကြေညာချက်အပေါ်မှာ စစ်အစိုးရက အတိုင်းအတာတခုအထိ လိုက်လျောမယ်၊ သဘောက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ လွှတ်ပေးမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့ ရွေးကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင်တော့ ဒါ တမျိုးတမည် ဖြစ်လာနိုင်တယ်ပေါ့။ -

"ကျနော်တို့ အဲဒီလို အပြောင်းအလဲရှိရင် ဒီဘက်မှာလည်း စဉ်းစားတာ အပြောင်းအလဲရှိမှာ သေချာပါတယ်။"

NLD ဗဟိုကော်မီတီဝင်လည်းဖြစ်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ဒီကနေ့အခမ်းအနားကို NLD အဖွဲ့ဝင်တွေအပါအ၀င် ဧည့်ပရိသတ် ၄၀၀ လောက် တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အပြင်ဖက်မှာတော့ စစ်အစိုးရရဲ့ လုံခြုံရေး ၁၀၀ ကျော် စောင့်ကြည့်နေခဲ့ပါတယ်။ ဒီလုံခြုံရေးပမာဏဟာ သိပ်များပြားတယ်မဆိုသာပေမဲ့ ခါတိုင်းထက်တော့ ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရပြန်ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေအရ တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့်ဆိုတာကို လာမယ့်မတ်လ ၂၉ ရက် တနင်္လာနေ့မှာ ဒီပါတီဌာနချုပ်မှာပဲ စည်းဝေးပြီး ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ ( ဗွီအိုအေ )

ပျောက်ဆုံး တောင်ကိုရီးယား သင်္ဘောသား ကယ်ဆယ်ရေး ရာသီဥတုကြောင့် နှောင့်နှေး


ပင်လယ်ဝါဒေသထဲက မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ပြဿနာဖြစ်နေတဲ့ နေရာနားမှာ နစ်မြှုပ်ခဲ့တဲ့ တောင်ကိုရီးယား ရေတပ်သင်္ဘောက သင်္ဘောသား ၅၆ ယောက်ကို ကယ်တင်နိုင်ဖို့အတွက် ကြိုးစားနေကြပေမဲ့ ဆိုးရွားတဲ့ ရာသီဥတုကြောင့် ကြီးမားတဲ့ ပင်လယ်လှိုင်းလုံးတွေ ဖြစ်ပေါ်နေပြီး အခက်အခဲတွေ တွေ့နေရပါတယ်။ တန်ချိန် ၁,၂၀၀ ရှိတဲ့ ရေတပ် သင်္ဘောဟာ သောင်္ကြာနေ့က နစ်မြှုပ်ခဲ့ပြီး နစ်မြှုပ်ချိန်မှာ သင်္ဘောသား ၁၀၄ ဦး ရှိခဲ့ပေမဲ့ ၅၈ ဦးကိုပဲ ကယ်တင်နိုင် ခဲ့ပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

အကြောင်းရင်းကိုမသိရသေးတဲ့ ပေါက်ကွဲမှုကြောင့် သင်္ဘောနောက်ပိုင်း အောက်ဖက်မှာ အပေါက်ဖြစ်သွားပြီး နစ်မြှုပ်ခဲ့တာပါ။ တောင်ကိုရီးယား သမ္မတ လီမျောင်ဘတ် က စနေနေ့မှာ ထိပ်တန်းလုံခြုံရေးအရာရှိတွေကို ဒုတိယတကြိမ်မြောက် အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး အမြန် စုံစမ်းစစ်ဆေးဖို့ ပြောကြားခဲ့ပါတယ်။ ခုချိန်ထိ ဒီသင်္ဘောနစ်မြှုပ်မှုမှာ မြောက်ကိုရီးယားဘက်က ပါဝင်ပတ်သက်မှု တစုံတရာမတွေ့ရသေးပါဘူး။

သင်္ဘောဟာ ဘေဂရောင်း ကျွန်းအနောက်ဘက် တောင်ကိုရီးယားပိုင် ရေနက်ပိုင်းမှာ နစ်မြှုပ်သွားတာတွေ့ရတယ်လို့ တာဝန်ခံတွေက ပြောပါတယ်။ ခုချိန်ထိ မြောက်ကိုရီးယားဘက်က ဒီသင်္ဘော နစ်မြှုပ်မှုနဲ့ပတ်သက်ပြီး တစုံတရာ မပြောဆိုသေးပါဘူး။ ပျောက်ဆုံးနေဆဲဖြစ်တဲ့ သင်္ဘောသား ၄၆ ဦးကို ရှာဖွေနေတာကိုလည်း တိုးမြှင့်ခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပွားချိန်က သင်္ဘောပေါ်မှာ ရေတပ်သား ၁၀၄ ဦး ပါဝင်ခဲ့ပြီး ၅၈ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။ ဒီ တောင်ကိုရီးယား ရေတပ်သင်္ဘော ချိုနန် နစ်မြှုပ်မှုဟာ မြောက်ကိုရီးယားဘက် တစုံတရာ ပါဝင်ပတ်သက်နေတာမျိုး မတွေ့ရဘူးလို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။ ဒါဟာ သင်္ဘောတွင်း ပေါက်ကွဲမှုတခုခုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ( ဗွီအိုအေ )

Saturday, March 27, 2010

အကျပ်အတည်း ကာလ NLD ခေါင်းဆောင် ၂ ဦး၏ အမြင်များ

U Win Tin and U Khin Mg Swe Interview (26 Mar 2010)
( ဧရာဝတီ )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း တိုင်းစည်းရုံးရေးအဖွဲ့၏ ပါတီမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့်သဘောထား

2010/ 03 /26 - Magwe Division's Decision

ရွှေဂုံတိုင်နှင့် ရပ်တည်ရန် တက်ကြွလှုပ်ရှားသူများ တိုက်တွန်း


( မဇ္ဈိမ )

မြန်မာနိုင်ငံအခြေအနေကို ကုလ လူ့အခွင့်အရေးကောင်စီ ရှုတ်ချ


ဂျနီဗာမြို့မှာ မနေ့က မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချသွားပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမာ့တ်စ် အိုဟေး ကင်တားနား ကိုလည်း လက်ရှိတာဝန်ကို တနှစ်ထပ်ပြီးတော့ ထမ်းဆောင်ဖို့ တာဝန်ပေးအပ်လိုက်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတဲ့ပြဌာန်းချက်နဲ့ မစ္စတာ တိုးမာ့တ်စ် အိုဟေး ကင်တားနား ကို သက်တမ်းတနှစ် တိုးချဲ့ခန့်ထားတဲ့ ပြဌာန်းချက်တွေဟာ မနေ့မနက်က လူ့အခွင့်အရေး ကော်မရှင်ချမှတ်လိုက်တဲ့ ပြဌာန်းချက် ၇ ချက်ထဲမှာ အပါအ၀င် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် ရှုတ်ချဖို့အဆိုပြုချက်ကို ဥရောပသမဂ္ဂကိုယ်စား ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဌဖြစ်တဲ့ စပိန်နိုင်ငံရဲ့ သံအမတ်ကြီးက အခုလို အဆိုပြုပြီးတော့ တင်သွင်းခဲ့တာဖြစ်ပါတယ်။

"ဥရောပသမဂ္ဂရဲ့ကိုယ်စား သမဂ္ဂရဲ့ တညီတညွတ်တည်း သဘောတူညီချက်အရ ကျနော်က မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ပြဌာန်းချက်အမှတ် L-၁၅ ကို တင်သွင်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ အားပေးတဲ့ အနေနဲ့တင်သွင်းမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အထူးကိုယ်စားလှယ် တိုးမာ့တ်စ် အိုဟေး ကင်တားနား ကို လာရောက်လေ့လာခွင့်ပြုတဲ့အတွက် မြန်မာအစိုးရကို ကျေးဇူးတင်ပါတယ်။ ကျနော် အခု အဆိုပြုတဲ့ပြဌာန်းချက်ဟာ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာထဲမှာ ပါဝင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ကျူးလွန်နေဆဲဖြစ်တယ်ဆိုတာ ကမ္ဘာကသိစေချင်လို့ တင်ပြမယ့် ပြဌာန်းချက် ဖြစ်ပါတယ်။ ဒီလိုချိုးဖောက် ကျူးလွန်မှုတွေကို လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ကျူးလွန်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို ဆက်လက် လေ့လာတင်ပြနိုင်ဖို့ မစ္စတာ တိုးမာ့တ်စ် အိုဟေး ကင်တားနားကို လက်ရှိ ရာထူးတာဝန်မှာ တနှစ်ဆက်လက် တာဝန်ပေးအပ်ဖို့ လိုအပ်ပါတယ်။"

စပိန်သံအမတ်ကြီးက ဆက်လက်ပြီးတော့ တင်ပြသွားရာမှာ ဒီနှစ်ဟာ ရွေးကောက်ပွဲ ကျင်းပမယ့်နှစ် ဖြစ်တဲ့အတွက် အထူး အရေးကြီးကြောင်း၊ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဖြစ်စဉ်တရပ် ထွန်းကားလာအောင် ပြုလုပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ဆွေးနွေးညှိနှိုင်းခြင်း ပြုလုပ်ဖို့ လိုအပ်ကြောင်း တောင်းဆိုသွားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ စစ်ဆေး အရေးယူဖို့လည်း တောင်းဆိုသွားပါတယ်။

ဥရောပသမဂ္ဂ အလှည့်ကျသဘာပတိ စပိန်သံအမတ်ကြီးရဲ့ ဒီအဆိုပြုချက်ကို မြန်မာစစ်အစိုးရရဲ့ သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က အခုလို ကန့်ကွက်ချေပပါတယ်။

"လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးကိစ္စတွေကို စဉ်းစားသုံးသပ်ရာမှာ လိုတမျိုး မလိုတမျိုး လုပ်ဆောင်ဖို့ နိုင်ငံရေးအရ ဆွဲယူပြောကြားမှုတွေကို ရှောင်ကြဉ်ပြီး တကမ္ဘာလုံးရဲ့ စံနဲ့အညီ ဓမ္မဓိဌာန်ကျကျ လုပ်ဆောင်ရမယ်လို့ ကျနော်တို့က စွဲမြဲစွာ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရရဲ့ ဒီယုံကြည်မှုကို ဆန့်ကျင်ပြီး ဥရောပသမဂ္ဂကိုယ်စား စပိန်နိုင်ငံက နိုင်ငံရေးရည်မှန်းချက်နဲ့ ရေးဆွဲထားတဲ့ ပြဌာန်းချက်မူကြမ်းတစောင်ကို ထပ်မံတင်သွင်းလာပြန်ပါပြီ။ ဒီမူကြမ်းဟာ မြန်မာနိုင်ငံရဲ့ အခြေခံမူဝါဒတွေကို လုံးဝပစ်ပယ်ပြီး အလေးအနက်မထားဘူးဆိုတာ တွေ့ရပါတယ်။ ဒီအဆိုပြုချက် မူကြမ်းဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်ရေးထက် လူပုဂ္ဂိုလ် တဦးတယောက် အုပ်စုတစုရဲ့ နိုင်ငံရေးအကျိုးစီးပွားကိုသာ ဦးတည်ဗဟိုပြုထားပါတယ်။"

သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောကြားရာမှာ ဒီပြဌာန်းချက်ကို အဆိုပြုသူတွေဟာ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ၀င်စွက်လိုတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ထင်ရှားပေါ်လွင်နေကြောင်း၊ ဒါကြောင့် လုံးဝပယ်ချလိုကြောင်း၊ သိုပေမဲ့လည်း မြန်မာအစိုးရဟာ လူ့အခွင့်အရေး ကော်မတီ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းပြီးတော့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပြီး တိုးမြှင့်ဆောင်ရွက်လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒီအဆိုပြုချက်ကို မဲခွဲရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ကျူးဘားလို နိုင်ငံမျိုးတွေကတော့ အတည်ပြုထောက်ခံတဲ့အထဲမှာ မပါဘူးဆိုပြီး လက်ရှောင်ခဲ့ကြပါတယ်။ တက်တက်ကြွကြွ အတည်ပြုထောက်ခံကြတဲ့ နိင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ စတဲ့ နိုင်ငံတွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ( ဗွီအိုအေ )

ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံမတင်ဖို့ NLD လူငယ်တွေအကြံပြု

အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုအနေနဲ့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေကို လက်မခံ ကန့်ကွက်လိုက်ကြပြီး ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ဒီကနေ့ ကျင်းပခဲ့တဲ့ တိုင်းနဲ့ပြည်နယ် လူငယ်စည်းဝေးပွဲမှာ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် လူငယ်စည်းဝေးပွဲကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် တက်ရောက်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့ အဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် စည်းဝေးပွဲကို တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့အထဲက ၁၁ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။ ရန်ကုန်က အဖွဲ့ချုပ်ဌာနချုပ်မှာကျင်းပခဲ့တဲ့ အဲဒီစည်းဝေးပွဲကို ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးတက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

"အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့အခါမှာ ကျနော်က နည်းနည်းပါးပါး သွားပြီးတော့ လူငယ်တွေကို ကြီးကြပ်ပေးရတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားပေါ့လေ။ အဲဒီမှာက ကလေးတွေက အားလုံး လူ ၈၀ နဲ့ ၁၀၀ နီးပါးလောက် ရှိမှာပေါ့လေ။ တိုင်းနဲ့ပြည်နယ် ၁၁ ခုက လာကြတာပါ။ ၁၁ ခုက ကိုယ်စားလှယ်တွေပေါ့လေ။ သူတို့က ဒီကိုမလာခင်မှာ မြို့နယ်အသီးသီးက ဒီမိုကရေစီမူအရ ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးတော့ သက်ဆိုင်ရာတိုင်းမှာ သူတို့ ဆုံလိုက်တယ်ပေါ့ဗျာ။ တိုင်းမှာဆုံလိုက်ပြီးတော့ အဲဒီတိုင်းကနေပြီးတော့ သဘောထားတွေဘာတွေပေါ့။ တိုင်းမှာဆုံပြီးတော့ သူတို့ စည်းရုံးရေး အခြေအနေတို့ဘာတွေ စသဖြင့် ဆွေးနွေးပြီးတဲ့နောက် သူတို့ဆီက ဘယ်လိုဘယ်လို တင်ပြမယ်ဆိုတဲ့ အချက်ကလေးတွေ ယူပြီးတော့ သူတို့ကိုယ်စားလှယ်အဖွဲ့တွေ လာကြတာပေါ့ဗျာ။"


ဒီကနေ့ကျင်းပတဲ့ တိုင်းနဲ့ပြည်နယ် စည်းဝေးပွဲအတွင်း လူငယ်အဖွဲ့ဝင်တွေချမှတ်ခဲ့ကြတဲ့ ဆုံးဖြတ်ချက် ၆ ချက်ကိုတော့ ရန်ကုန်တိုင်းကို ကိုယ်စားပြုတက်ရောက်ခဲ့တဲ့ လူငယ်အဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ကျမတို့ ဒီကနေ့ တိုင်းနဲ့ပြည်နယ်မှာ အစည်းအဝေးဆုံးဖြတ်ချက် ၆ ချက် ချတယ်ရှင့်။ ပထမတချက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် လူငယ်ထုအနေနဲ့ နအဖ ကထုတ်ပြန်တဲ့ ကော်မရှင်ဥပဒေကို လက်မခံသဖြင့် မှတ်ပုံမတင်ကြောင်း၊ နံပါတ် (၂) အချက်ကတော့ ရွှေဂုံတိုင် ကြေညာချက်အတိုင်းပဲ ရပ်တည်သွားမယ် ဆိုတဲ့အကြောင်းရယ်၊ နံပါတ် (၃) အချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်မူအတိုင်းကိုသွားရန် ဆုံးဖြတ်တယ်။ နံပါတ် (၄) အချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁/၀၃၁၀) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အစည်းအဝေးတရပ် ပြုလုပ်ပြီးတော့ ရရှိလာတဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမယ်။ နံပါတ် (၅) အချက်ကတော့ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့မှာ လူငယ်ကိုယ်စားပြု ၅ ဦးကို တာဝန်ပေးအပ်ရန် တောင်းဆိုတယ်။ နံပါတ် (၆) အချက်ကတော့ လူငယ်ရေးရာတာဝန်ခံ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ရဲ့အစား ဒုဥက္ကဌ အဘ ဦးတင်ဦးကို လူငယ်ထုကို ကြီးကြပ်ပေးရန် လူငယ်ထုကနေ တောင်းဆိုတယ်။ အဲဒီအချက် ၆ ချက်ပါပဲရှင့်။"

အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦး ပြောပြသွားတာပါ။

လူငယ်အဖွဲ့ဝင်တွေချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို သဘာပတိတယောက်အနေနဲ့ တက်ရောက်နားထောင်ခဲ့ပြီး လာမယ့် မတ်လ ၂၉ ရက်၊ တနင်္လာနေ့မှာကျင်းပမယ့် ပါတီဗဟိုဦးစီးစည်းဝေးပွဲမှာ လူငယ်ကိုယ်စားလှယ်တွေ တက်ရောက် တင်ပြဖို့ သဘောတူခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ အဲဒီ ၂၉ ရက်နေ့ ကျင်းပမယ့် ဗဟိုဦးစီး စည်းဝေးပွဲကို နဂိုက လူငယ် ကိုယ်စားလှယ် ၃ ဦးသာ တက်ရောက်ဖို့ သဘောတူထားပေမဲ့ အမျိုးသမီးကိုယ်စားလှယ်တွေပါ တက်ရောက်ခွင့်ရနိုင်အောင် နောက်ထပ် ၂ ဦး ထပ်တိုးပြီး စုစုပေါင်း ၅ ဦးတက်ရောက်ခွင့်ပြုဖို့ သဘောတူခဲ့ကြပါတယ်။

မတ်လ ၂၉ ရက်နေ့ကျင်းပမယ့် ဗဟိုဦးစီး စည်းဝေးပွဲမှာ ပါတီ မှတ်ပုံတင်ရေး မတင်ရေးကိစ္စကို ပြေလည်အောင် အဓိကထား ဦးစားပေးပြီး ဆွေးနွေးသွားမယ့်အကြောင်း ဦးတင်ဦးက ပြောပါတယ်။

"မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတဲ့ကိစ္စပါပဲ။ ကျန်တာတွေကတော့ အရေးတကြီးကတော့ သိပ်ပြီးမရှိလှပါဘူး။ အဲဒီမှာ တကယ်လို့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာလည်း ကျနော်လည်းပဲ မပြောနိုင်သေးဘူးပေါ့ဗျာ။ အဲဒီတော့ အဲဒီနေ့ကျမှာပဲ ထိုင်ပြီးတော့ လုပ်ပုံလုပ်နည်းလေးတွေကို ထပ်ပြီးတော့ ညှိရဦးမှာပေါ့။ အချိန်လည်း သိပ်မကြာရအောင်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လျှောက်ပြီးတော့ အကုန်လုံးပြောနေလည်း ဒီကိစ္စတွေက pros and cons တွေက ရှိကြတာပေါ့။ ဆိုတော့ ပြောကြရမယ်ဆိုတာကိုတော့ ဒီမှာ အလုပ်အမှုဆောင်အဖွဲ့တွေမှာလည်း တော်တော်များများလည်း ပြောပြီးပြီ။ သူတို့လည်းပဲ အပြင်လောကမှာ ပြည်သူလူထုတွေရဲ့ အသံဗလံတွေလည်း သူတို့ ကြားတန်တာကြားကြပြီ။ ပြီးတော့ အပြင် မီဒီယာတွေကနေပြီးတော့ အပြင်မှာရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ သဘောသဘာဝကိုလည်းပဲ ပြောတာတွေလည်း ကျနော်တို့ ကြားတန်သလောက်ကြားနေပြီ ဖြစ်တယ်လေ။ အဲဒီ ၂၉ ရက်နေ့ကျမှာပဲ ဘယ်လိုဘယ်ပုံဘယ်နည်း လုပ်မလဲ ဆိုတာကို ကျနော်တို့ ပုံပေါ်လာမှာပဲလေ။ အဲဒီတော့ ၂၉ ရက်နေ့၊ ၃၀ ရက်နေ့လောက်ကတော့ဖြင့် ၂၉ ရက်နေ့မှာလည်း အဖြေသိချင်ရင် သိမယ်ပေါ့ဗျာ။ ဒါမှမဟုတ် ဆက်ပြီးတော့ နည်းနည်းရှိရင်လည်းပဲ ၃၀ ရက်နေ့လောက်ကတော့ သိနိုင်ဖွယ်ရာ ရှိတယ်ပေါ့။ ဒီအချိန်လောက်မှာတော့ တခုခုတော့ ကျနော်တို့က အဖြေတော့ ပေါ်အောင်လုပ်ရမယ့်သဘော ရှိတယ်လေ။ သို့သော်လည်း အဲဒါနဲ့ပတ်သက်ပြီးတော့ ဆက်ပြီးတော့ ဆွေးနွေးတာတို့ဘာတို့ ပေါ်လာရင်တော့လည်း မပြောတတ်ဘူးပေါ့ဗျာ။"

NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာပါ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတခြင်းမရှိတာကြောင့် ပါတီမှတ်ပုံတင်မယ့်ကိစ္စကို သဘောမတူဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ရှေ့နေကဆင့် သူ့ရဲ့သဘောထားကို ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ ပြောခဲ့ပြီးဖြစ်ပါတယ်။ ( ဗွီအိုအေ )

Friday, March 26, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ ) ၏ သဘောထားရပ်တည်ချက်

NLD LA's Statement About NLD&Party Registration[1]

ယုံကြည်မှု ကင်းမဲ့တဲ့ ရွေးကောက်ပွဲ


အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ သွားခဲ့သည်။ ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်သော အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသား ခေါင်းဆောင်များအပြင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်လည်း တွေ့ခဲ့သူ ဖြစ်သည်။

ကာ့တ် ကမ်းဘဲလ်ကို ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က တွေ့ဆုံပြီး စစ်အစိုးရ၏ မကြာသေးမီက ထုတ်ပြန် လိုက်သော ရွေးကောက်ပွဲ ဥပဒေ၊ အမေရိကန်၏ အရေးယူ ပိတ်ဆို့ရေး၊ မြန်မာ - မြောက်ကိုရီးယား ဆက်ဆံရေး၊ အာဆီယံ၏ အနေအထား၊ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု၊ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ၏ အခန်း ကဏ္ဍတို့နှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းခဲ့သည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မေး။ ။ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အများ ယုံကြည်လေးစားတဲ့ အတိုက်အခံခေါင်းဆောင် အတော်များများနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ဟာ လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်မရှိပါဘူး။ ဒီအပေါ်မှာ အမေရိကန် အစိုးရရဲ့တုံ့ပြန်မှုက ဘယ်လိုပါလဲ။

ဖြေ။ ။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို နိုင်ငံရေး ပါဝင်ဆောင်ရွက်မှုကနေ ဖယ်ထုတ်ထားတာမို့ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေကို ကျနော်တို့ အရမ်း စိတ်ပျက်မိပါတယ်။ ဒီဥပဒေက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက် ပွဲမှာ မပါနိုင်အောင် တားမြစ်ထားတာကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဥပဒေအရ သူ့ပါတီမှာ သူ ပါတီဝင် မဖြစ်နိုင်တော့ဘူး။ ဒီလို ဥပဒေထုတ်ပြန်တာဟာ လမ်းကြောင်းအမှားကို ဦးတည်စေတဲ့ ခြေလှမ်းတလှမ်းပါပဲ။ ဒီဥပဒေတွေက မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ပြီးသား အခြေအနေကို ပိုပြီး ဆိုးရွားစေပါတယ်။

မေး။ ။ အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အဲဒီ ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံလိမ့်မယ်လို့ ယူဆနိုင်ပါသလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဟာ သူနဲ့ သူ့ပါတီရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံနဲ့ ကိုယ်စားလှယ်လောင်းတွေက ချမှတ်မယ့် ဆုံးဖြတ်ချက်တွေကိုလည်း ကျနော်တို့ အလေးထားပါတယ်။ ကျနော်တို့ရဲ့ သဘောထားက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားအတိုက်အခံ ခေါင်းဆောင်တွေအပါအ၀င် ကိုယ်စားလှယ်လောင်းတွေအားလုံး ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး သူတို့ဘာသာ ဆုံးဖြတ်နိုင်တဲ့ အခွင့်အလမ်း ရှိဖို့ပါပဲ။ စစ်အစိုးရအနေနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့သူတွေကို ရွေးကောက်ပွဲကနေ တားမြစ်ဖယ်ထုတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ မချမှတ်သင့်ပါဘူး။ အခု ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကတော့ ဒီမိုကရေစီ ဖြစ်စဉ်ကို မထီလေးစားပြု သလို ဖြစ်နေပါတယ်။ ပြီးတော့ ဒီဥပဒေကြောင့် လာမယ့် ရွေးကောက်ပွဲတွေဟာလည်း အများရဲ့ ယုံကြည်စိတ်ချမှု ကင်းမဲ့နေပါ လိမ့်မယ်။

မေး။ ။ စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းတာ အောင်မြင်မှု မရှိဘူးလို့ ဘန်ကောက် သတင်းစာရှင်းလင်းပွဲတခုမှာ မစ္စတာ ကမ်းဘဲလ် ပြောခဲ့ပါတယ်။ ဒါဟာ တကယ်ပဲ မှန်တယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ တိုးမြှင့်သွားဖို့ ရှိပါသလား။

ဖြေ။ ။ ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဘောင်ထဲက အရေးကြီးတဲ့ အစိတ်အပိုင်း တခုဖြစ်ပါ တယ်။ ဒါနဲ့ပတ်သက်ပြီး လူသိရှင်ကြား ကျနော်တို့ ထုတ်ပြောပြီးပါပြီ။ ပြီးတော့ စစ်အစိုးရကိုလည်း တကယ်လို့ အခြေအနေက တောင်းဆိုလာခဲ့ရင် ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်း ကျနော်တို့ ရှင်းရှင်း လင်းလင်း ပြော ထားပါတယ်။

ကျနော်တို့ စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန်ဆွေးနွေးမှုဆိုတာက တဦးတယောက်ရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ စစ်အစိုးရနဲ့ ဆက်စပ်ဆောင်ရွက်မှုဟာ ရေရှည်လုပ်ရမယ့် ခက်ခဲတဲ့ လုပ်ငန်းစဉ် တခုမှန်း အစကတည်းက ကျနော်တို့ သိပါတယ်။ အထူးသဖြင့် ဒီနှစ်လို ရွေးကောက်ပွဲ အခင်းအကျင်းနဲ့ဆိုရင် ပိုပြီးတော့တောင် ခက်ခဲနိုင်ပါသေးတယ်။ အခုလောလောဆယ် ဘာလုပ်မယ်ဆိုတာ ကျနော်တို့မှာ အစီအစဉ်မရှိပါဘူး။ ဒါကြောင့် စစ်အစိုးရနဲ့ ထပ်မံတွေ့ဆုံနိုင်ဖို့ ကျနော်တို့ လမ်းဖွင့်ထားပါတယ်။ ပြီးတော့ မြန်မာပြည်ကို နောက်တခေါက် ထပ်သွားနိုင်ဖို့အတွက်လည်း စစ်အစိုးရနဲ့ ဆွေးနွေး နေပါတယ်။

မေး။ ။ မကြာသေးခင်က အာရှခရီးစဉ်မှာ မြန်မာပြည်ကို မသွားပါလား၊ ဘာဖြစ်လို့လဲ။

ဖြေ။ ။ မြန်မာပြည်ကို သွားနိုင်ဖို့အတွက် မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

မေး။ ။ စစ်အစိုးရဟာ ဖိနှိပ်အုပ်ချုပ်မှုကို အဆင့်မြှင့်ဖို့နဲ့ တရားဝင်လုပ်နိုင်ဖို့ နိုင်ငံတကာရဲ့ သဘောထားအမြင်တွေကို အသုံးချတဲ့ နေရာမှာ ကျွမ်းကျင်တယ်လို့ လူသိများပါတယ်။ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲမကျင်းပခင်မှာ အတိုက်အခံနဲ့ သေသေချာချာ စကားပြောနိုင်ဖို့ ဘယ်လို လက်တွေ့ကျတဲ့နည်းတွေနဲ့ ဗိုလ်ချုပ်ကြီးတွေကို တိုက်တွန်းနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်အဖြစ် ရှိနေသေးတာကတော့ စစ်အစိုးအရက အတိုက်အခံနဲ့ တိုင်းရင်းသား အင်အားစု တွေအပါအ၀င် သက်ဆိုင်သူအားလုံးနဲ့ အမှန်တကယ် တွေ့ဆုံစကားပြောမှုပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကိုရောက်ဖို့ လူသိရှင်ကြား ဖြစ်စေ၊ သီးသန့်ဖြစ်စေ စစ်အစိုးရကို ကျနော်တို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း မြန်မာပြည်နဲ့ပတ်သက်တဲ့ ကျနော်တို့ရဲ့သဘောထားအမြင်တွေကို ရှင်းရှင်းလင်းလင်း သိအောင် ဆောင်ရွက်သွားမှာပါ။

မေး။ ။ တစတစ တိုးမြင့်လာနေတဲ့ မြောက်ကိုးရီးယားနဲ့ မြန်မာ ဆက်ဆံရေးကိစ္စ၊ ပြီးတော့ မြောက်ကိုးရီးယားနိုင်ငံကနေ မြန်မာ နိုင်ငံကို နျူကလီးယား နည်းပညာတွေ လွှဲပြောင်းပေးနိုင်တယ်ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ အတော်လေး ရှိနေကြ ပါတယ်။ ဒီကိစ္စတွေက ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ မစ္စတာ ကမ်းဘဲလ် အနေနဲ့လည်း ဒီကိစ္စကို စစ်အစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေဆီက ဘယ်လို အာမခံချက်မျိုး ရရှိခဲ့ပါသလဲ။ နျူကလီးယား နည်းပညာ လွှဲပြောင်းမှု သဘော သဘာဝနဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စု အစီရင်ခံစာပါ တချို့အစိတ်အပိုင်းတွေကို ဆွေးနွေးပေးနိုင်ပါသလား။

ဖြေ။ ။ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မနှစ်က မီဒီယာတွေကနေ အစီရင်ခံစာ အတော်များများ ထွက်လာ တာကို ကျနော်တို့ သိပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ (United Nations Security Council Resolution – UNSCR 1874) အတိုင်း လိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားနဲ့ ဆက်သွယ်ဆောင်ရွက်မှုတိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက် ၁၇၁၈ နဲ့ ၁၈၇၄ အတိုင်း အပြည့်အ၀နဲ့ ရှင်းရှင်းလင်းလင်း အကောင်းအထည်ဖော်ဖို့ အရေးကြီးတယ်လို့ စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အခါမှာ ဗိုလ်ချုပ်ကြီးတွေကို ကျနော်တို့ သတိပေး ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈ နဲ့ ၁၈၇၄ ပါ လိုက်ပါဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့နေရာမှာ အားလုံးရှင်းရှင်းလင်းလင်း သိအောင် ဆောင်ရွက်ကြ လိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။

မေး။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ ဖြစ်စေ အာဆီယံတခုလုံးနဲ့ဖြစ်စေ စေ့စပ်ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံက ဘယ်လို အတားအဆီးမျိုး ဖြစ်စေပါသလဲ။

ဖြေ။ ။ မြန်မာပြည် ပြဿနာက အမေရိကန်ပြည်ထောင်စုအတွက်ရော အာဆီယံ အဖွဲ့အစည်းတွက်ပါ စိန်ခေါ်ချက် တခုဖြစ်ပါ တယ်။ ဒါပေမယ့် ကျနော်တို့က အာဆီယံနဲ့ ဒီထက် ပိုနက်ရှိုင်းတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ရည်ရွည်ထားပြီးဖြစ်တာမို့ မြန်မာ ပြည် ပြဿနာက ကျနော်တို့နဲ့ အာဆီယံ ဆက်ဆံရေးမှာ အဟန့်အတားဖြစ်တာမျိုးကို အဖြစ်ခံမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတွင်းမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် အကောင်အထည်ဖော်ဖို့ ဖိအားပေးရာမှာ အာဆီယံဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ကျနော်တို့
မြင်ပါတယ်။

မေး။ ။ မစ္စတာ ကမ်းဘဲလ် အနေနဲ့ လူ့အခွင့်အရေး၊ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီအခွင့်အရေးတွေအတွက် လှုပ်ရှားနေသူတွေ ဘက်မှာ အမြဲတမ်း ရပ်တည်နေတယ်ဆိုတာကို ဒေသတွင်းက လုပ်ဖော်ကိုင်ဖက်တွေသိအောင် မီဒီယာတွေမှာ ပြောတာတွေ အပြင် အခြားဘယ်လိုနည်းတွေနဲ့ အသိပေးပါမလဲ။

ဖြေ။ ။ လူ့အခွင့်အရေး၊ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေဘက်က ရပ်တည်ရေးဟာ ကျနော်တို့ နိုင်ငံခြားရေးမူဝါဒရဲ့ အခရာအဖြစ်ရှိခဲ့တာ ကြာပါပြီ။ ကျနော်တို့ အဲဒီအတိုင်းပဲ ဆက်လက်ရပ်တည်သွားမှာပါ။

မေး။ ။ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ထောက်ခံတဲ့ အင်္ကျီအနီဝတ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့မှာ ဖြစ်နေတာကြောင့် ချုလာလောင်ကွန်းတက္ကသိုလ်မှာ မစ္စတာ ကမ်းဘဲလ် စကားပြောမယ့် အစီအစဉ်ကို ဖျက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည် မငြိမ်ဖြစ်နေမှုအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ လက်ရှိအခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ သဘောထား မတိုက်ဆိုင်မှုတွေကို အကြမ်းဖက် ဖြေရှင်းတာမျိုး မဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ဒီမိုကရေစီ အဖွဲ့အစည်းတွေကနေတဆင့် ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ယူဆပါတယ်။ သင့်တော်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့ကိုလည်း ကျနော်တို့ ထိုင်းအစိုးရကို အားပေး တိုက်တွန်းထားပါတယ်။

မေး။ ။ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေဟာ မြန်မာပြည်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဆက်ရှိနေကြပါတယ်။ ဂျပန်က မြန်မာနိုင်ငံကို အများဆုံးလှူတဲ့ အလှူရှင်နိုင်ငံတခုဖြစ်ပြီး တရုတ်ကတော့ စီးပွားရေးအရ အင်အားကြီးလာတဲ့ နိုင်ငံပါ။ အိန္ဒိယက တော့ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ အဖိနှိပ်ဆုံး အစိုးရတရပ်ကို ဆက်ပြီး ထောက်ခံအားပေးနေကြပါတယ်။ အဲဒီ နိုင်ငံတွေကို ဘာများ ပြောချင်ပါသလဲ။ ပြီးတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သူတို့ဆီက လေးနက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရော ရပါရဲ့လား။

ဖြေ။ ။ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ရည်မှန်းချက်ပန်းတိုင် အတူထားပြီး လုပ်ကိုင်ဆောင်ရွက်ကြတဲ့ နေရာမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေနဲ့ပါ ခိုင်မာတဲ့ ဆက်ဆံရေး ထားရှိပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ တန်ဖိုးထားပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲမှာ တာဝန်သိသိ ပါဝင်လာနိုင်ဖို့အတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းကို ဖိအားပေးနိုင်ဖို့ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ ဆက်စပ်ဆောင်ရွက်မှုတွေကို ကျနော်တို့ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ မြန်မာပြည်ကို ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် မြင်တွေ့လိုတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အဖိနှိပ်ခံ ပြည်သူလူထု၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တိုင်းရင်းသားတွေကို ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ ငြိမ်းချမ်း သာယာဝပြောပြီး ဒီမိုကရေစီထွန်းကားတဲ့မြန်မာနိုင်ငံ ဖြစ်လာရေးကို ကျနော်တို့ထောက်ခံအားပေးပါတယ်။ ကျနော်တို့မူဝါဒက ဒီရည်မှန်းချက်ပန်းတိုင်ကို ဆက်လက် ထောက်ခံအားပေး ဖို့နဲ့ အဲဒီ ရည်မှန်းချက်ရောက်အောင် ဆောင်ရွက်ကြသူတွေကိုလည်း ဆက်လက်ထောက်ခံအားပေးဖို့ ဖြစ်ပါတယ်။ မြန်မာပြည်သူ တွေ ဟာ အများနည်းတူ အခွင့်အရေးတွေ ရသင့်ပါတယ်။

မေး။ ။ အမေရိကန်ပြည်ထောင်စုနဲ့ ပိုပြီး ခင်မင်နီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ တိုးမြှင့်ဆောင်ရွက်လိုကြတဲ့ တပ်မှူး တွေနဲ့ အစိုးရအရာရှိတွေကိုရော ဘာများ ပြောချင်ပါသေးသလဲ။

ဖြေ။ ။ အစိုးရပိုင်းနဲ့ တပ်မတော်ထဲက သူတွေကို ပြောလိုတာကတော့ ဒီမိုကရေစီရေးအတွက် အတိုက်အခံပြုနေသူတွေနဲ့ တိုင်းရင်းသားတွေကို ပြောချင်တာနဲ့ အတူတူ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောပြီး ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတခုအဖြစ် မြင်တွေ့လိုပါတယ်။ ပြီးတော့ အဲဒီ ရည်မှန်းချက်ရောက်အောင် ဆောင်ရွက်ကြသူတွေနဲ့လည်း ကျနော်တို့ အတူ ရှိနေမှာဖြစ်ပါတယ်။ ( ဧရာဝတီ )

၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နိုင်

မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ နောက်ပိုင်း ဖြစ်လာမယ့် မတည်ငြိမ်မှုတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ့်ကိစ္စ ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်က ပြောလိုက်ပါတယ်။ မတ်လ ၂၄ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲတခု အပြီးမှာ ဗြိတိန်သံအမတ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအားလုံးက ဒီသဘောထားအတိုင်း ရှိနေကြတာတော့ မဟုတ်ပါဘူး။ အဲဒီ မတူကွဲပြားနေတဲ့ သဘောထားတွေကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မတ်လ ၂၄ ရက်နေ့က လုပ်ခဲ့တာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambia) က မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့တာပါ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ ကိစ္စကို ဗြိတိန်ဝန်ကြီးချုပ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ စာရေးသား တောင်းဆိုခဲ့ပြီးတဲ့နောက် အခုလို ဆွေးနွေးဖြစ်တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဗြိတိန်နိုင်ငံရဲ့ သဘောထားကတော့ ရှင်းလင်း ပြတ်သားတယ်လို့ ဆိုရပါလိမ့်မယ်။

“အပြစ်အနာအဆာတွေနဲ့ ပြည့်နေတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြောင့် ဖြစ်လာမယ့် မတည်မငြိမ်မှုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစီအစဉ်တွေထဲမှာ ထည့်သွင်း ဆွေးနွေးရေးဆိုတဲ့ ကိစ္စဟာ လုံးဝကို မှန်ကန်တဲ့ကိစ္စ ဖြစ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ် ဆာ မာ့ခ် ဂရန့်တ် (Sir Mark Grant) ပြောသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပတာဟာ နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာပိုင်ကိစ္စ သက်သက်ပဲဖြစ်ပြီး ဒါကို လေးစားသင့်ကြောင်းနဲ့ မြန်မာနိုင်ငံ ကိစ္စဟာလည်း ဒီအချက်နဲ့ အကျုံးဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က ပြောတဲ့အပေါ် ဗြိတိန်သံအမတ်က အခုလို တုံ့ပြန် ပြောကြားသွားတာပါ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ဝေဖန်ပြောဆိုဖို့၊ တနည်းနည်းနဲ့ ပါဝင်ပတ်သက်ဖို့တွေမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍ မရှိဘူးလို့ တရုတ်သံအမတ်က ပြောခဲ့ပါတယ်။

ဗြိတိန်သံအမတ်ကတော့ မိမိတို့အနေနဲ့ ဒါကို သဘောမတူကြောင်း၊ မြန်မာ့အရေးဟာ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရမယ့် အစီအစဉ်တွေထဲမှာ ရှိနေကြောင်း၊ ဆွေးနွေးတာလည်း ရှိခဲ့ကြောင်း၊ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းထုတ်ပြန်ချက်တွေ ရှိခဲ့ဖူးကြောင်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်တာကြောင့် ဒီလိုနိုင်ငံမျိုးမှာ ရွေးကောက်ပွဲတွေ ကျင်းပရတဲ့ ကိစ္စဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူးလို့လည်း တရုတ်သံအမတ်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အထောက်အကူ ပြုစေမယ့် အပြုသဘောဆောင်ပြီး ခိုင်မာ အားကောင်းတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုး ဖန်တည်းနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂတို့က ကူညီ လုပ်ဆောင်ပေးဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် လီ ဘောင်ဒေါင်း (Li Baodong) ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ အဆင့်ထိ ရောက်နေဖွယ်ရှိပြီး နိုင်ငံတကာ ရာဇ၀တ်တရားခုံရုံး (ICC) မှာ တင်ပြီး စစ်ဆေးဖို့ အထောက်အထား အခိုင်အလုံ ရှိတယ်လို့ သူယုံကြည်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အစီရင်ခံ တင်ပြထားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံတခု မဟုတ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တဆင့်သာ ဒီကိစ္စကို လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဒီလိုကိစ္စမျိုး ဖြစ်လာဖို့ လုံခြုံရေးကောင်စီထဲမှာ လုံလောက်တဲ့ သဘောတူညီချက် ရှိတယ်လို့ သူ မထင်ကြောင်း ဗြိတိန်သံအမတ်က ပြောပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီကိစ္စမျိုးကို ထောက်ခံမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် မာ့ခ် ဂရန့်တ်က ပြောသွားပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ယာယီ အကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားက လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့တာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတာကို ပယ်ချလိုက်တဲ့ကိစ္စ၊ မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာကိစ္စ၊ မကြာသေးခင်ကမှ ထုတ်ပြန်ကြေညာခဲ့တဲ့ ရွေးကောက်ပွဲဥပဒေ ၅ ခုကိစ္စတို့ ဖြစ်တယ်လို့ ဗြိတိန်သံအမတ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ပြီးကတည်းက ဆိုရင် အခုတကြိမ်ဟာ ပထမဆုံး ပြန်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။

မတ်လ ၂၅ ရက်၊ ကြာသပတေးနေ့ကျရင်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေး ကျင်းပဖို့ အတွင်းရေးမှူးချုပ်က အကြောင်းကြား ခေါ်ယူထားပါတယ်။ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေး၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီနဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ပါတယ်။

မတ်လ ၂၄ ရက်နေ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအများအပြားက မြန်မာ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုကို ဖော်ပြ ပြောဆိုခဲ့ကြတယ်လို့ ဗြိတိန်သံအမတ်က ပြောပါတယ်။ ဒါပေမဲ့လည်း ကောင်စီထဲမှာကိုက မြန်မာ့အရေးအပေါ် သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့အတွက် မြန်မာနိုင်ငံ ပြဿနာတွေ ပြေလည်သွားအောင် လုံခြုံရေးကောင်စီက တကယ်တမ်း ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်နိုင်မှာလား ဆိုတာကတော့ ခုချိန်ထိ အဖြေမထွက်သေးတဲ့ မေးခွန်းတခုအဖြစ်ပဲ ဆက်ရှိနေပါသေးတယ်။ ( ဗွီအိုအေ )

Thursday, March 25, 2010

NLD အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲ သဘောထား အမြင်များ


စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မတ်လ ၈ ရက်နေ့က ထုတ်ပြန်လိုက် ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်း ပါတီမှတ်ပုံ တင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိသည်။ ဥပဒေ ထွက်ပြီးနောက် NLD ရုံးများ ပြန်ဖွင့်ခွင့် ရသော်လည်း သတ်မှတ် ထားသည့် အတိုင်း ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံ မတင်ပါက NLD ပါတီသည် တရားဝင်ပါတီ အဖြစ်မှ ရပ်စဲခံရမည် ဖြစ်သည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

NLD ထိပ်ပိုင်း ခေါင်းဆောင် တချို့က ပါတီကို မှတ်ပုံတင် သင့်သည်ဟု ထုတ်ဖော် ပြောကြားမှုများ ရှိခဲ့သည်။ ယမန်နေ့ မတ်လ ၂၃ ရက်တွင် NLD အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံရာ၌ ပါတီ မှတ်ပုံတင်ရေး ကို သဘောမကျဟု ထုတ်ဖော် ပြောကြားကြောင်း သိရသည်။

ပါတီ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးတို့နှင့် ပတ်သက်၍ တိုင်းနှင့် ပြည်နယ်များမှ NLD ပါတီဝင်များ၏ သဘောထား အမြင်များကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း၍ စုစည်း တင်ပြ ထားပါသည်။


ဦးသိန်းလှိုင်
တွဲဖက်အတွင်းရေးမှူး
ရခိုင်ပြည်နယ်

"ဒီကိစ္စက ဗဟို အစည်းအဝေးလုပ်ပြီးမှ၊ ဆုံးဖြတ်ချက်ချပြီးမှ ကျနော်တို့က NLD ရဲ့ သဘောထားလို့ ပြောလို့ရတယ်။ ဒီကြားထဲမှာ လူပုဂ္ဂိုလ်တွေ ပြောနေတာတွေက ကျနော်တို့ အဖွဲ့အစည်းနဲ့ လုံးဝဆိုင်တယ်လို့ ပြောလို့မရဘူး။ သူတို့ရဲ့ သဘောသာဖြစ်တယ်။ ကျနော်တို့ကတော့ ရွှေဂုံတိုင် ကြေညာစာတမ်း အတိုင်းပဲ ခိုင်ခိုင်မာမာရပ်တည်မယ်။ အဲဒီအချက်ကို တစက်မှ မလျှော့နိုင်ဘူး။ ဒီအချက်တွေအတိုင်း မရဘူးဆိုရင် ဒီရွေးကောက်ပွဲကို ဝင်ဖို့ လုံးဝ ဆန္ဒမရှိဘူး"


ဦးပိုက်ကို
စည်းရုံးရေးမှူး
မကွေးတိုင်း၊ ပခုက္ကူခရိုင်

“No registration ပေါ့။ ပါတီခေါင်းဆောင်ကို ထုတ်ပြီးတော့ မှတ်ပုံတင်ရမယ်ဆိုတဲ့ ကိစ္စက ဘယ်လိုမှ ကျနော်တို့ လက်ခံနိုင်တဲ့ အရာမဟုတ်ဘူး။ ဖြစ်လည်း မဖြစ်သင့်တဲ့ကိစ္စ။ တကယ် ပြည်သူအများ မလိုလားတဲ့၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတခုကို မဆုံးဖြတ်ဖို့ အကြံဉာဏ်ပေးချင်ပါတယ်"


ဦးသောင်းစိန်
ဥက္ကဋ္ဌ
သာယာဝတီ NLD၊ ပဲခူးတိုင်း

"အခုပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တပ်မတော်က လေးပုံတပုံ ပါမယ်ဆိုတာနော်၊ အဲဒါကြီးကို ဦးခင်မောင်ဆွေတို့နဲ့ ရန်ကုန်တိုင်းက ဒေါက်တာဝင်းနိုင်တို့ ဒီရွေးကောက်ပွဲကို ဝင်မယ်ဆိုပြီးတော့ စီစဉ်နေတယ်ဗျ။ အဲဒီလို စီစဉ်မယ်ဆိုရင်တော့ စကားလုံး ရိုင်းရိုင်းနဲ့ ပြောရမယ် ဆိုရင်တော့ ခွေးတိုးပေါက်ကဝင်တဲ့ သဘောမျိုးပဲ။ မြို့နယ်အစည်းအဝေး ဆုံးဖြတ်ချက်အရ အကျဉ်းကျနေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ စတဲ့ နိုင်ငံ ရေး အကျဉ်းသားတွေ ပါဝင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့ကတော့ ဒီကိစ္စနဲ့ ပတ် သက် ပြီးတော့ ရွေးကောက်ပွဲကို လုံးဝ မဝင်ဖို့ ပါတီမှတ်ပုံတင်ဆိုတာလည်း လုံးဝ မတင်ဖို့ပဲ။ ဒီရွေးကောက်ပွဲ ဥပဒေကို ထုတ် တဲ့ အခါကျတော့လည်း ကန့်သတ်ချက်တွေက အရမ်းတင်းကျပ်လွန်းအားကြီးတော့ ဒီထဲကို မဝင်သင့်ဘူးလို့ဘဲ ကျနော်တို့ကတော့ ယူဆတယ်။ အဖမ်းခံရမယ်ဆိုရင်လည်း ကျနော်တို့ကတော့ အဆင်သင့်ပဲ"


ကိုမျိုးနိုင်
တိုင်းစည်းရုံးရေး အဖွဲ့ဝင်
မန္တလေးတိုင်း NLD

"ကျနော်တို့ဆီကို မန္တလေးတိုင်းထဲက မြို့နယ်တွေ တော်တော်များများက တင်ပြကြတယ်။ သူတို့ ပါတီမှတ်ပုံတင်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ နအဖနဲ့ ပြေပြေလည်လည် ဆွေးနွေးလာတာ နှစ်တွေ ကြာလှပြီ။ တခါမှ အဆင်မပြေခဲ့ဘူး။ ရလည်း မရခဲ့ဘူး။ ရွေးကောက်ပွဲ ၀င်ပြီး လွှတ်တော် အတွင်းကနေ ပြုပြင်ရေး လုပ်မယ် ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အခုဆို ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးကို မစဉ်းစားဘူးဆိုတာ ထွက်လာ တော့ ကျနော်တို့နဲ့ နီးစပ်တဲ့ ပြည်သူတွေကလည်း ဒါကို လက်ခံကြတယ်။ ရွေးကောက်ပွဲကို အလိုမရှိဘူးဆိုတဲ့ အသံတွေ တော်တော်များများ ထွက်လာတာ တွေ့ရတယ်။ NLD ဆိုတာက ၈၈ အရေးတော်ပုံကနေ ပေါ်ပေါက်လာတာဖြစ်လို့ လူထုက ပေးတဲ့ရလဒ်ကို လေးစားဖို့လိုတယ်။ နောက်ပြီးတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်ဟာ ကမ္ဘာက သိပြီးသား၊ လေးစားပြီးသား။ အဲဒီ ရလဒ်ကို လေးစားဖို့လိုတယ်။ နောက်ပြီးတော့ အကျဉ်းကျနေတဲ့ ရဲဘော်ရဲဘက်တွေကိုလည်း လေးစားဖို့လိုတယ်။ NLD ဆိုတာ ပြည်သူက တလေးတစားနဲ့ တင်မြှောက်ထားတာမို့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ဖို့လိုတယ်။ ကျနော်တို့အဖို့ကတော့ ပါတီမှတ်ပုံ မတင်ရလို့ ပျက်ပြယ်သွားတယ်ဆိုရင်လည်း နိုင်ငံရေးက ဆက်လုပ်လို့ ရနေသေးတာပဲ။ ဖမ်းတာဆီးတာကတော့ အခုလည်း ပုံစံအမျိုးမျိုးနဲ့ ဖမ်းနေတာပဲဗျာ။ ဘာမှတော့ ပိုထူးသွားမယ်မထင်ပါဘူး"


ဒေါ်ရင်မေ
တွဲဖက် အထွေထွေ အတွင်းရေးမှူး
ဗန်းမော်မြို့နယ် NLD၊ ကချင်ပြည်နယ်

"ရွေးကောက်ပွဲဟာ ကျမတို့အတွက် တရားမျှတမှုရှိမှာ မဟုတ်လို့ ကျမတို့ကတော့ ပါတီ မှတ်ပုံမတင်ဘူး။ ရွှေဂုံတိုင် ကြေညာ စာတမ်း အတိုင်းပဲ သွားမယ်။ ပါတီ မှတ်ပုံမတင်ရလို့ ပါတီ မရှိတော့ဘူးဆိုရင်လည်း ကျမတို့ နိုင်ငံရေးက ဆက်လုပ်လို့ ရနေသေးတာပဲ။ ကျမတို့ကတော့ ဒီအတိုင်း ဆက်လုပ်နေဦးမှာပဲ"


ဦးဟန်ထွန်း
အတွင်းရေးမှူး
စမ်းချောင်းမြို့နယ် NLD ၊ ရန်ကုန်တိုင်း

“ကျနော်တို့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို မဖော်ဆောင်နိုင်ဘူးလို့ ယုံကြည်တဲ့ အတွက်ကြောင့် ပါတီမှတ်ပုံတင်ခြင်းကို ကျနော်တို့က လုံးဝ လက်မခံနိုင်ပါဘူးခင်ဗျ။ ပါတီရဲ့ ရည်ရွယ်ချက်တွေနဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကိုပါ မျက်ကွယ်ပြုရာ ရောက်နေတာကြောင့် ကျနော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ ကျနော်တို့ စမ်းချောင်းမြို့နယ် NLD အနေနဲ့ကတော့ ဦးခင်မောင်ဆွေတို့ပြောတဲ့ ပါတီမှတ်ပုံတင်ခြင်းကိစ္စ သဘောထားနဲ့ ပတ်သက်လို့ လုံးဝ လက်မခံနိုင်ပါဘူး” ( ဧရာဝတီ )

ပါတီမှတ်ပုံတင်လျှင် ၂၄ မြို့နယ် ကန့်ကွက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း ၃ တိုင်းမှ ၂၄ မြို့နယ်က ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းမှ အင်းစိန်၊ ပဲခူးတိုင်းမှ ၁၉ မြို့နယ်နှင့် မန္တလေးတိုင်းမှ ၄ မြို့နယ်တို့က မှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် “ရွှေဂုံတိုင် ကြေညာစာတမ်း” ကိုသာ ဆက်လက်၍ ဆုပ်ကိုင်သွားရန် တိုက်တွန်းကြောင်း မြို့နယ်စည်း တာဝန်ရှိသူများထံမှ သိရခြင်း ဖြစ်သည်။

“(ပဲခူး) တိုင်းအနေနဲ့ကတော့ ၁၈ ရက်နေ့က ကန့်ကွက်တယ်။ ကျန်တဲ့ တောင်ငူခရိုင်က ၄ မြို့နယ်၊ ပဲခူးခရိုင်က ၇ မြို့နယ်၊ သာယာဝတီခရိုင်က ၈ မြို့နယ်လည်း ပြီးပြီ။ အဲဒီသဘောထားပဲ။ မြို့နယ်တွေ ကျန်နေသေးတော့ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုကို တင်မယ်” ဟု NLD ပဲခူးမြို့နယ် ဥက္ကဋ္ဌ ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ပဲခူးတိုင်းစည်း ဆုံးဖြတ်ချက်၌ ရွှေဂုံတိုင်ကြေညာချက်ကို သွေဖီယိမ်းယိုင်၍ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအား NLD အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆိုထားသည်။

အလားတူ မန္တလေးတိုင်းရှိ ရမည်းသင်း၊ မိတ္တီလာ၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များကလည်း ပါတီ မှတ်ပုံတင်ခြင်းအား ကန့်ကွက်ကြောင်း ဆုံးဖြတ်ပြီးကြပြီဟု NLD မိတ္တီလာမြို့နယ် ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါတ်တာသိန်းလွင်က ပြောသည်။

ဒေါ်အောင်ဆန်းဆုကြည် သဘောတူညီမှု မပါဘဲ မှတ်ပုံတင်ခဲ့လျှင် မိမိတို့အနေနှင့် လုံးဝ လက်မခံကြောင်း ဆုံးဖြတ်ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်းသာ ခိုင်မာစွာ ရပ်တည်ကြပါရန် ဗဟိုအလုပ်မှုဆောင်အဖွဲ့အား တိုက်တွန်းကြောင်း ဆုံးဖြတ်ကြသည်ဟု သူက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် မပါရင် လက်မခံနိုင်ဘူးဆိုတာတော့ NLD ဟာ ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပဲလေ” ဟု ဒေါက်တာသိန်းလွင်က ဆက်ပြောသည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဆုံးဖြတ်ချက်ထဲတွင်မူ “ရွှေဂုံတိုင်ကြေညာစာတမ်း” ပါ “၂ဝဝ၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ပြင်ဆင်ရေး”၊ “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး”၊ “တွေ့ဆုံဆွေးနွေးရေး” စသည့် တောင်းဆိုချက်များအား လိုက်လျောခြင်း မရှိသည့်ပြင် ထွက်လာသည့် ရွေးကောက်ပွဲဥပဒေသည်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးမတည်သဖြင့် ကန့်ကွက်ရကြောင်း မြို့နယ်စည်းအဖွဲ့ဝင် ရှေ့နေဦးခင်မောင်ရှိန်က ပြောသည်။

မကွေးတိုင်း NLD အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေး ကလည်း မကွေးတိုင်းရှိ ကျေးလက်ဒေသများသို့ NLD ပါတီ မှတ်ပုံတင်/မတင်ကိစ္စ ကို လိုက်လံစာရင်း ကောက်ယူခဲ့ရာတွင် အားလုံးက ကန့်ကွက်ခဲ့ကြကြောင်း ပြောသည်။

“ကျမတို့ ရေနံချောင်း၊ ချောက်မြို့နယ်တွေက ကျေးလက်တွေမှာဆိုရင် NLD ကသာလျှင် လူထုအတွက် ရှေ့တန်းကနေ တိုက်ထားတဲ့အတွက်ကြောင့် NLD ကို အားကိုးနေတဲ့အခါမှာ NLD ကနေပြီးတော့ နအဖရဲ့ လက်အောက်ကို ဝင်သွားမှာကို ကန့်ကွက်တာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။

မကွေးတိုင်းစည်း အစည်းအဝေးကို လာမည့် ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဟုလည်း သိရသည်။ ရေနံချောင်း မြို့နယ်စည်း အစည်းအဝေးကိုမူ ယနေ့ပြုလုပ်မည်ဖြစ်ပြီး မှတ်ပုံတင်ရေးကို ထောက်ခံမည့် မြို့နယ်စည်းအချို့ ရှိနိုင်ကြောင်း ဒေါ်ခင်စောဋ္ဌေးက ပြောသည်။

မြို့နယ်စည်းနှင့် တိုင်းအစည်းအဝေးများမှ ထိုကန့်ကွက်စာများကို ယခုလ ၂၉ ရက်နေ့မတိုင်မီ ၂၇ ရက်နေ့အတွင်း ဗဟိုသို့ အရောက်ပို့ကြမည်ဟု ပြောဆိုကြသည်။

ယခုလ ၂၉ ရက်နေ့တွင် ပါတီဗဟိုအလုပ်ဆောင်ကော်မတီနှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ အဖွဲ့ဝင်များ ရန်ကုန် ဗဟိုရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်သွားမည်ဖြစ်သည်။

နေအိမ်တွင် အထိန်းသိမ်းခံထားရသည့် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ တရားမျှတမှုမရှိဘဲ၊ တဖက်သတ်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများအရ ပါတီမှတ်ပုံတင်မည်ကို လုံးဝ လက်မခံကြောင်း သူမ၏ ရှေ့နေများနှင့် ယမန်နေ့က တွေ့ဆုံစဉ် သဘောထားပေးခဲ့သည်။ (မဇ္ဈိမ)

လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေး


မြန်မာနိုင်ငံမှာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ စိတ်ဝင်စားမှုရှိတယ် ဆိုတာကို ပြသဖို့အတွက် လုံခြုံရေးကောင်စီ စည်းဝေးပွဲ ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ဦးဆောင် တောင်းဆိုခဲ့ကြတဲ့အတွက် မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေး သင့်မသင့် ဒီကနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ ဒါဟာဆိုရင် အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲ မကျင်းပခင် တရက်အလိုမှာ အခုလို ကျင်းပမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အတိုက်အခံ အင်အားစုတွေ ပါဝင်ခွင့် မရအောင် ချုပ်ချယ် ကန့်သတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့အရေးကို အမြန်ဆုံး စည်းဝေးပွဲ ခေါ်ယူ ကျင်းပပေးဖို့ ဗြိတိန်၊ ပြင်သစ်၊ သြစတြီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့က လိုလားနေကြတာပါ။

မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့အတွက် ဗြိတိသျှ အစိုးရက စတင် အဆိုတင်သွင်းလာတာ ဖြစ်ပြီး မကြာခင် နာရီပိုင်းအတွင်း ဆွေးနွေးဖြစ်ကြတော့မယ့် အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှအစိုးရ ကိုယ်စားလှယ်ရုံးက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဟားရီးယက်တ် ခရော့စ် (Harriet Cross) က ဗွီအိုအေကို ပြောပါတယ်။

“ဒီစည်းဝေးပွဲ ကျင်းပဖို့အတွက် ဗြိတိသျှ အစိုးရက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး နောက် ၂ နာရီလောက် အကြာမှာ စကြပါတော့မယ်။ ဒါဟာ လုံခြုံရေးကောင်စီရဲ့ တရားဝင် တိုင်ပင် ညှိနှိုင်းတဲ့ စည်းဝေးပွဲပါ။”

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာပဲ မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေး လုပ်ဆောင်ကြဖို့ ဗြိတိသျှအစိုးရ အနေနဲ့ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားမယ့်အကြောင်း ဗြိတိသျှ ပါလီမန်မှာ နိုင်ငံခြားရေး ၀န်ကြီးက အဆို တင်သွင်းခဲ့ပါတယ်။ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကိုယ်တိုင်က ဒီကိစ္စကို လိုလိုလားလား ရှိတဲ့အကြောင်း ဟားရီးယက်တ် ခရော့စ်က ဆက်ပြောပါတယ်။

“ဟုတ်ပါတယ်၊ မြန်မာစစ်အစိုးရအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေး လုပ်ဆောင်ဖို့ လိုလားတဲ့အကြောင်း ၀န်ကြီးချုပ် ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားပါ။”

ဗြိတိသျှအစိုးရရဲ့ ဒီ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ အရေးယူရေး အဆိုပြုချက်ကို ထောက်ခံတဲ့အကြောင်း ပြင်သစ်နိုင်ငံကလည်း အစောပိုင်းမှာ အလွတ်သဘော ပြောထားပြီး ဖြစ်ပါတယ်။

မနက်ဖြန် ကြာသပတေးနေ့မှာတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) အနေနဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ကုလသမဂ္ဂမှာ ခေါ်ယူကျင်းပဖို့ စီစဉ်ထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီဆားစ်ကီး (Martin Nesirky) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေ စည်းမျဉ်းတွေ စစ်အစိုးရက ထုတ်ပြန်ခဲ့တာ အပါအ၀င် မြန်မာနိုင်ငံ အတွင်းမှာ ပြောင်းလဲမှုတွေ အတော်လေး ဖြစ်ပေါ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံအတွင်းမှာ ပြောဆို ဆွေးနွေးမှုတွေ အများအပြား ထွက်ပေါ်လာနေတာကြောင့် အခုချိန်ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ သင့်တော်တဲ့ အချိန်ကောင်း ဖြစ်ပါတယ်။”

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအ၀င် အာရှနဲ့ ဥရောပတိုက်က နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ပါတယ်။

ဒီကနေ့ အလွတ်သဘော ကျင်းပမယ့် မြန်မာပြည်ဆိုင်ရာ လုံခြုံရေးကောင်စီ စည်းဝေးပွဲက မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ တရားဝင် ထည့်သွင်း ဆွေးနွေးဖြစ်ဖို့အတွက် ဆုံးဖြတ်ချက် ကျမယ်၊ မကျဘူး ဆိုတာတော့ အတိအကျ မသိနိုင်သေးပါဘူး။

ဒါပေမဲ့ မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ အာဂျင်ဒါတခု၊ ဆွေးနွေးမယ့် အကြောင်းအရာတခု အနေနဲ့ တရားဝင် ထည့်သွင်းဆွေးနွေးမှာကို တရုတ်နိုင်ငံက မလိုလားဘူးဆိုတဲ့ သတင်းတွေကတော့ ထွက်နေပါတယ်။ ဒီအလွတ်သဘော ဆွေးနွေးပွဲကနေ မြန်မာပြည်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက် တစုံတရာ မချကြဘူး ဆိုရင်တော့ သူ့အနေနဲ့ မကန့်ကွက်ဘူးလို့ တရုတ်ဘက်က ပြောလာတဲ့အတွက် ဒီကနေ့ ကျင်းပမယ့် အလွတ်သဘော စည်းဝေးပွဲ ဖြစ်ပေါ်ခဲ့တာပါ။

မြန်မာပြည်အရေးဟာ နိုင်ငံတကာ လုံခြုံရေးကို ထိခိုက်ခြင်း မရှိဘူး၊ ပြည်တွင်းရေး သက်သက်သာ ဖြစ်တယ်လို့ တရုတ်တို့ဘက်က လက်ခံထားဆဲပါ။ ဒါကြောင့်လည်း မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူမယ့်ကိစ္စ မှန်သမျှကို တရုတ်နိုင်ငံက ကန့်ကွက်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း တရုတ်၊ မြန်မာ နယ်စပ်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ပြီး တရုတ်နိုင်ငံထဲ မြန်မာပြည်ဘက်က ၀ဒုက္ခသည်တွေ ထွက်ပြေးသွားခဲ့ကြတဲ့ သာဓက ရှိခဲ့တာကြောင့် အလားတူ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာမှာကို တရုတ်ဘက်က စိုးရိမ်ပြီး လုံခြုံရေးကောင်စီမှာ စစ်အစိုးရအပေါ် ထားတဲ့ တရုတ်နိုင်ငံရဲ့ သဘောထား ပြောင်းလဲလာမလားဆိုတဲ့ ထင်မြင် ယူဆမှုတွေလည်း ထွက်ပေါ်နေပါတယ်။

အခုလည်း တရုတ်၊ မြန်မာ နယ်စပ်နဲ့ ထိုင်း၊ မြန်မာ နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ အပစ်ရပ်အဖွဲ့တွေက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရရဲ့ ဖိအားပေး တောင်းဆိုမှုအပေါ် သဘောတူညီမှု မရနိုင်တဲ့အတွက် မြန်မာစစ်အစိုးရတပ်တွေ နယ်စပ်ဒေသတွေမှာ တိုးချဲ့ချထားဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

အခုနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခွင့် မရနိုင်တဲ့ ကန့်သတ် ချုပ်ချယ်တဲ့ ဥပဒေတွေကို စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပက ဝေဖန် ကန့်ကွက်မှုတွေ အရှိန်အဟုန် မြင့်လာချိန်မှာ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့အရေးကို စည်းဝေးပွဲ ခေါ်ယူကျင်းပတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Wednesday, March 24, 2010

အထူးကြေငြာချက်အမှတ် ( ၂ / ၀၃ / ၁၀ )


[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]



NLD Statement 23-March 10 (Eng)[1]

ပါတီ မှတ်ပုံတင်မည်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်မည့်အပေါ် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က လုံးဝလက်မခံကြောင်း သူမ၏ ရှေ့နေမှတဆင့် ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။

“မှတ်ပုံတင်ဥပဒေအရ ပါတီကို ပြန်ပြီး မှတ်ပုံတင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့သဘောထားက ဒီလိုမတရားတဲ့ ဥပဒေ၊ တရားမျှတမှုမရှိတဲ့ ဥပဒေ၊ တဖက်သတ် ဥပဒေအရ မှတ်ပုံတင်ရေးကို သူ လုံးဝ လက်မခံပါဘူးလို့ ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

နေအိမ်တွင် ပြစ်ဒဏ် ၁၈ လဖြင့် အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့် ရရှိခဲ့စဉ် သူမက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီလိုပြောတာဟာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ညွှန်ကြားတာလည်း မဟုတ်ဘူး၊ အမိန့်ပေးတာလည်း မဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဆုံးဖြတ်ဆောင်ရွက်သွားပါလို့ ပြောပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

စစ်အစိုးရ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေအရ ၁၉၉ဝ ခုနှစ်မှ ယနေ့အထိ ဖျက်သိမ်းမခံရသော ပါတီများသည် အသစ်တည်ထောင်မည့် ပါတီများနည်းတူ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခဲ့သည့် ယခုလ ၈ ရက်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ပျက်ကွက်ခဲ့ပါက အလိုအလျောက် ပါတီဖျက်သိမ်းခံရမည်ဖြစ်သည်။

ယခုလ ၁၅ ရက်နေ့က ရန်ကုန်ရှိ NLD ရုံးချုပ်တွင် ကျင်းပခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင် CEC အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီကို တရားဝင် ဆက်လက်ရပ်တည်နိုင်ရေးအတွက် မှတ်ပုံတင်ရန် စဉ်းစားသင့်ကြောင်း အဆိုပြုခဲ့ပြီးနောက် ၈ ရက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ပါတီဥက္ကဋ္ဌ၏ အဆိုပြုချက်အရ ပါတီမှတ်ပုံတင်သင့်၊ မတင်သင့် ဆုံးဖြတ်ရန်အတွက် ယခုလ ၂၉ ရက်နေ့တွင် CEC အဖွဲ့ဝင်များနှင့် ပြည်နယ်/တိုင်း အသီးသီးရှိ ဗဟိုဦးစီး CC အဖွဲ့ဝင်များနှင့်လည်းကောင်း၊ ၂၆ ရက်နေ့တွင် နိုင်ငံတဝှန်းရှိ ပါတီလူငယ်ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။ ပါတီတွင် CC အဖွဲ့ဝင် ဦးရေ ၁ဝဝ ရွေးချယ်ထားသည့်အနက် ၁ဝ ဦးမှာ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည်။

ပြည်နယ်/တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့များမှ ကိုယ်စားလှယ် ၅ဝ ဦးခန့် တက်ရောက်နိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဆုံးဖြတ်ချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC သို့ တင်ပြကြမည်ဖြစ်သည်။

ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေများအရ NLD အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည်ဆိုပါက အကျဉ်းကျနေသည့် NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုကော်မတီဝင် ၁ဝ ဦးနှင့် ပါတီဝင် ၃ဝဝ ကျော်ကို ပါတီမှ ထုတ်ပယ်ရမည်ဖြစ်သည်။

စစ်အစိုးရသည် ၁၉၉ဝ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) က ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ၏ ရလဒ်ကို ယခုလဆန်းပိုင်းတွင် နအဖ စစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ရာ၌ တပါတည်း ပယ်ဖျက်ပစ်ခဲ့သည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် တနိုင်ငံလုံးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၈ဝ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။ (မဇ္ဈိမ)


Tuesday, March 23, 2010

ရွေးကောက်ပွဲ ဥပဒေ လက်မခံရေး မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ဘန်ကီမွန်းကို တိုက်တွန်း

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဟာ တဖက်သတ်ဆန်တဲ့ ဥပဒေ ဖြစ်တာမို့ ကုလသမဂ္ဂ အဖွဲ့ကြီး အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက လက်မခံကြဖို့နဲ့ မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြန်ဆွေးနွေးပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့အတူ ABFSU ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ပူးပေါင်းပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဆီကို စာရေးသား ပေးပို့ခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီအဖွဲ့ ၃ ခုပေါင်းပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို ပေးပို့တဲ့ စာထဲမှာ ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခွင့်ကို ကန့်သတ်ထားတာမို့ ဒါဟာ ဘယ်နည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတရပ် မဖြစ်နိုင်ဘူး ဆိုတာကို အဓိက ထောက်ပြကြတာပါ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

တခါ နိုင်ငံမှာ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျူးလွန်နေတာ ဖြစ်သလို မြန်မာစစ်ခေါင်းဆောင်တွေက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ရော၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ အမြန်လုပ်ဖို့ ဖိအားပေးနိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အမြန်ဆွေးနွေးဖို့အတွက် မစ္စတာ ဘန်ကီမွန်းကို စာရေးတောင်းဆိုထားတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“အဓိကပြောချင်တာတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တဖက်သတ် ဖျက်သိမ်းပစ်ရုံ မကဘူး၊ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ဖမ်းပြီး ယနေ့ထက်ထိ ထောင်သွင်း အကျဉ်းချထားတယ်၊ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကို စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် တဖက်သတ် ရေးဆွဲတယ်။

“ပြီးတော့ ဒီဥပဒေကို အသက်သွင်းဖို့အတွက် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်တဲ့ အခါမှာလည်း ပါတီမှတ်ပုံတင်တဲ့ ဥပဒေကအစ အင်မတန် တင်းကျပ်လွန်းပြီး လူ့အခွင့်အရေး မပြောနဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကိုပင် လွန်လွန်ကျူးကျူး ချိုးဖောက်နေတာကို တွေ့ရတယ်။ အဲတော့ အဆိုးဆုံး အခြေအနေကို ရောက်နေပြီ။ ကျနော်တို့တိုင်းပြည်နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူပေးဖို့ ကျနော်တို့က မစ္စတာ ဘန်ကီမွန်းကို ပြောချင်တာပါ။”

တကယ်တော့ မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးကြတဲ့အခါတိုင်း တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာပါ။ ဒါ့ကြောင့် ဒီနှစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ပြည်တွင်းရေးပြဿနာ သက်သက် မဟုတ်ဘဲ ဒေသတွင်းကိုပါ ခြိမ်းခြောက်နေတယ် ဆိုတာကို မြင်ကြဖို့ လိုသလို မစ္စတာ ဘန်ကီမွန်း အနေနဲ့လည်း လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀သုံးပြီး ကိုင်တွယ်ပေးဖို့ကိုလည်း မေတ္တာရပ်ခံ ထားပါတယ်လို့ သူက ဆက်ပြောပါတယ်။

“တရုတ်နဲ့ ရုရှားက ကန့်သတ်မှုတွေ မပြုအောင်လည်း စည်းရုံးသင့်ပါတယ်။ ပြီးတော့ ဘန်ကီမွန်းရဲ့ အခွင့်အာဏာ မှန်သမျှကို အပြည့်အ၀ အသုံးချပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဒီလိုနည်းနဲ့ ဆက်သွားရင် ကုလသမဂ္ဂက အသိအမှတ်ပြုမှာ မဟုတ်ဘူး၊ မစ္စတာ ဘန်ကီမွန်း အနေနဲ့ အသိအမှတ် မပြုနိုင်ဘူး ဆိုတာကို အခုကတည်းက ပြတ်ပြတ်သားသား ကြိုတင်ပြီးတော့ ကြေညာချက်ထုတ်ဖို့ လိုပြီလို့ ကျနော်တို့ ပြောချင်ပါတယ်။”

အထူးသဖြင့် မြန်မာစစ်အစိုးရဟာ သူတို့ပြောထားတဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ ဆက်လုပ်မယ့် သဘော ရှိနေတာမို့ ကုလသမဂ္ဂ အဖွဲ့ကြီး အပါအ၀င် ကမ္ဘာ့နိုင်ငံ အဖွဲ့အစည်းတွေက လက်မခံဘဲ ကန့်ကွက်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်လို့ ကိုထွန်းမြင့်အောင်က ဆက်ပြောပြပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဟာ အများပြည်သူ လက်မခံနိုင်တဲ့ အချက်တွေ ပါဝင်ပေမဲ့ တချို့ နိုင်ငံရေး အင်အားစုတွေက ရွေးကောက်ပွဲ မ၀င်ရင် စစ်အာဏာရှင် သက်တမ်းရှည်စေရာကို ရောက်မှာမို့ ရတဲ့အခွင့်အရေးကို အသုံးချပြီး ရွေးကောက်ပွဲ ၀င်ပြိုင်ကာ ပါလီမန်ထဲမှ ဒီဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ ကိုထွန်းမြင့်အောင်ရဲ့ သုံးသပ်ချက်ကတော့…

“ဒီနေရာမှာလည်း ကျနော်တို့ သမိုင်းသင်ခန်းစာတွေ ရှိခဲ့ပြီးပါပြီ။ ဗိုလ်နေ၀င်း တပါတီ အာဏာရှင်စနစ်ကို ထူထောင်ကာစတုန်းကလည်း ဒီလိုပဲ၊ ဆိုရှယ်လစ်စနစ်ကို သွားဖို့အတွက် ဘယ်နေရာကနေ ၀င်လုပ်ရ၊ ၀င်လုပ်ရဆိုပြီး လုပ်ခဲ့တဲ့ နိုင်ငံရေးသမားတွေ ရှိပါတယ်။ နောက်ဆုံးမှာတော့ အဲဒီ နိုင်ငံရေးသမားကြီးတွေသာလျှင် ဘေးကန်ထုတ်ခံလိုက်ရပြီး ဗိုလ်နေ၀င်းကတော့ တပါတီ အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို မွဲပြာကျတဲ့ အဆင့်အထိကို ဆွဲခေါ်သွားတာပါပဲ။

“အခုလည်း အဲဒီ သမိုင်းသင်ခန်းစာကို အထူးသတိထားဖို့ လိုပါတယ်။ လွှတ်တော်ထဲကိုဝင်ပြီး ပြင်မယ်ဆိုတဲ့ နေရာမှာလည်း ဘယ်လိုမှ ပြင်လို့ဆင်လို့ မရအောင် တင်းတင်းကျပ်ကျပ်နဲ့ ရေးထားတဲ့ ဖွဲ့စည်းပုံကြီးမှာ စိတ်ကူးယဉ်ပြီး ပါလီမန်ထဲက ၀င်ပြင်မယ် ဆိုတာဟာ ပြည်သူလူထုကိုလည်း လှည့်စားရာ ရောက်ပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ နိုင်ငံရေးမှာ ပါဝင်နိုင်မှုကို ကန့်သတ်ထားတာ ဖြစ်သလို လူပုဂ္ဂိုလ် တဦးတယောက်ကို ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာမို့ ဥပဒေဆိုတာ ဒီလို မဖြစ်သင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ပြသလို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကလည်း ဒီပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ အရေးပေါ် အစည်းအဝေးတရပ် အမြန်ကျင်းပဖို့ မစ္စတာ ဘန်ကီမွန်းကို စာရေးသား ပေးပို့ တောင်းဆိုထားပါတယ်။ ( ဗွီအိုအေ )

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လို


ဒီကနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စနဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့အတွက် နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ NLD က အာဏာပိုင်တွေကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ NLD အဖွဲ့ချုပ်မှာ ကျင်းပတဲ့ ပုံမှန်အစည်းအဝေးကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်း CEC တို့ကို အမြန်တွေ့ခွင့်ပေးဖို့ အထူးကြေညာချက် အမှတ် ၁ ဆိုပြီး အကြောင်းကြားစာ ထုတ်ပြန်ခဲ့တယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

“နောက်ဆုံး ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတို့၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေတို့၊ လွှတ်တော်ဥပဒေတို့၊ အဲဒါတွေ ထွက်နေပြီ။ အဲဒါတွေ ထွက်တဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီတခု ဖြစ်တဲ့အတွက် ရှေ့လုပ်ငန်းစဉ် ချမှတ်နိုင်ဖို့ ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ အရင် CEC အဟောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးပါလို့ ထပ်မံအကြောင်းကြားစာ ဒီနေ့ ထုတ်ပါတယ်။”

တခါ ရွေးကောက်ပွဲ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စအတွက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကြားမှာ မတူကွဲပြားတဲ့ အမြင်တွေ၊ သဘောထားတွေ ရှိပေမဲ့လည်း ဒီကနေ့ အစည်းအဝေးမှာ တတ်နိုင်သမျှ ညှိနှိုင်းဆွေးနွေးမှုတွေလည်း ရှိခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“တကယ်လို့ ဒီကြားထဲမှာ တွေ့ခွင့်မရဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ Message လည်း မရဘူးဆိုရင်တော့ ၂၉ ရက်နေ့က နဂိုက ဆုံးဖြတ်မယ့်၊ အဲဒီအစည်းအဝေးက ဆုံးဖြတ်မယ်လို့ ပြောထားတဲ့အတွက် လောလောဆယ်တော့ အဲဒီလုပ်ငန်း ဆက်လုပ်ဖို့ပါပဲ။ နောက် ၂၉ ရက်နေ့ စဉ်းစား ဆုံးဖြတ်ရမယ့် ပါတီ မှတ်ပုံတင်ဖို့၊ မတင်ဖို့ကိစ္စကို ဆွေးနွေးကြတယ်။ ဆွေးနွေးကြတဲ့ နေရာမှာတော့ သဘောထား မတူတာကို အန်ကယ်တို့ နားလည်နိုင်တယ်။ သဘောထား တူချင်မှ တူမယ်။ သို့သော် ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အားလုံး ညီညီညွတ်ညွတ်ဖြစ်ဖို့၊ ဒါကို ဦးတည်ပြီး အန်ကယ်တို့ ဆွေးနွေးခဲ့တယ်။”

လာမယ့် ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲ မှတ်ပုံတင်ရေး၊ မတင်ရေးအတွက် CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ နိုင်ငံတ၀န်းက CC ပိုင်း တာဝန်ရှိသူတွေ ဆုံးဖြတ်ကြမယ့် ကိစ္စဟာလည်း အားလုံး အဆင်သင့်နီးပါး ဖြစ်နေပြီလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမဲ့ ၂၉ ရက်နေ့မှာကိုပဲ ဆုံးဖြတ်ချက် ချက်ချင်းထုတ်ပြန်နိုင်မလား ဆိုတာကတော့ အသေအချာ မပြောနိုင်သေးဘူးလို့လည်း ပြောပါတယ်။

“အဆင်သင့်ဖြစ်ပြီ၊ လူတော့ အကုန်မရောက်သေးပါဘူး။ ကျနော်တို့က အဲဒီနေ့ရယ်လို့ ကျိန်းသေ မပြောနိုင်ဘူး။ အဲဒီနေ့ ဆွေးနွေးလို့ အချိန်ကုန်သွားရင်လည်း နောက်ရက်ပေါ့။ ဒါကြောင့် ၂၉ မှာ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် နောက်ရက် ကူးချင်လည်း ကူးမယ်။ ဒါကတော့ အခြေအနေပေါ်မှာ မူတည်ပြီး လုပ်သွားရမှာမို့လို့ပါ။”

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ခရိုင် တရားရုံးက ထောင်ဒဏ်ချထားတဲ့ အမိန့်အတွက် အထူးအယူခံဝင်ဖို့ ပြင်ဆင်မှုတွေ ရှိသလို ဧပြီလ ၆ ရက်နေ့ ရန်ကုန်တိုင်း တရားရုံးမှာ ရှိနေတဲ့ အမွေအမှုအပြင် အိမ်ပြင် ယာယီဝရမ်း အမိန့်ချဖို့တွေလည်း ရှိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီတပတ်အတွင်း တွေ့ဖို့ ခွင့်တောင်းထားတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ( ဗွီအိုအေ )


Monday, March 22, 2010

ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း


(၁၆-၁၂-၉၁) ညဘက် ရေဒီယို သတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ပြီး ဆိုတာ ရွေးကောက်ပွဲ ကော်မရှင်ကို NLDက အကြောင်းကြားတယ် ဆိုတဲ့ သတင်း ပါလာတယ်။ NLD CEC ရဲ့ ခြေလှမ်းကို ထင်ထင် ရှားရှား မြင်လိုက် ရပါပြီ ။

ဘာလုပ်ကြမလဲ။ ကျနော်တို့ မြို့နယ် အဖွဲ့တွေ ဘယ်လို ရပ်တည်ကြမလဲ။ ကျနော်ကတော့ လုံးဝ လက်မခံနိုင်ပါ၊ ဒေါ်စုကို ဘယ်သူတွေက ထုတ်ကြသလဲ။ ဘယ်လို အစည်းအဝေးမျိုး လုပ်သေးသလဲ။ မဲခွဲ သေးလား၊ မဲ ဘယ်လောက် ကွာခြားချက်နဲ့ ထုတ်သလဲ။ ဒီ NLD ကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက ဦးအောင်ကြီးကို ထုတ်တုန်းက ဗဟိုဦးစီး အဖွဲ့မှာ မဲခွဲတော့ ၂၈ မဲ - ၁၃မဲ။ အခုရော ဗဟိုဦးစီးမှာ မဲခွဲကြသေးသလား။ ဒေါ်စုကို ဘယ်လို ပြစ်ချက်နဲ့ ထုတ်ပယ်ဖို့ စွဲချက် တင်ကြသလဲ။ ဒါတွေသိဖို့ တရက် နှစ်ရက် စောင့်ပီး ရန်ကုန်ဆင်းမယ်၊ ဘယ်သူလိုက်ကြဦးမလဲ၊ လိုက်ရင် အဆင်သင့် ပြင်ထား။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

ဒီအတွင်း မှာပဲ မြို့နယ် မ၀တ က ကျနော်တို့ ကိုယ်စားလှယ် နှစ်ဦးကို ပဲခူးတိုင်း တ၀တ က (၁၈.၁၂.၉၁) မှာ လုပ်မယ့် အစည်းအဝေးကို တက်ဖို့ အကြောင်း ကြားပါတယ်။ ပဲခူးကို ရောက်တော့ ပဲခူး ဦးမြတ်လှအိမ်မှာ ပဲခူးတိုင်း ကိုယ်စားလှယ် တော်တော် များများကို တွေ့ရပါတယ်။ အဲဒီမှာ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးကြတယ်။ အဓိက ကတော့ ဒေါ်စုကို NLD က ထုတ်ပယ်တာ ဘယ်လို သဘောထားကြသလဲပေါ့၊

ကျနော်က NLD်ရုံးမှာ လွန်ခဲ့တဲ့ ၄ - ၅ လ လောက် ကတည်းက CEC ဦးမြတ်လေးက တဆင့် ဒေါ်စုနဲ့ ပတ်သက်ပြီး `ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ´ ဆိုတဲ့ သဘောထားမျိုး ရှိနေပုံ၊ အထွေထွေအတွင်းရေးမှူး နေရာကို ဒေါ်စု အစား ဒေါ်မြင့်မြင့်ခင်ကို ကြိတ်ပေးဖို့ ကြိုးစားပုံ၊ ဒေါ်မြင့်မြင့်ခင်က လက်မခံလို့ ဦးလွင်က ယာယီ အတွင်းရေးမှူး အမည်ခံပြီး ဗဟို အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင် ဖွဲ့စည်းတဲ့အခါ ဦးတင်ဦးနဲ့ ဒေါ်စုကို ချန်ထားခဲ့ပုံ၊ ဒါတွေကို သိခဲ့ရလို့ ဒေါ်စုကို ဖယ်တော့မယ်လို့ သံသယရှိလို့ ဗဟိုကို တတ်နိုင်သမျှ ပြောခဲ့ ဆိုခဲ့ ဝေဖန်ခဲ့လို့ ဗဟိုရဲ့ ပြင်းထန်စွာ သတိပေးခြင်းခံရပုံ၊ နောက်ဆုံးတော့ ဒီ ဒုံရင်းပဲ ဆိုက်လာပုံတွေကို သုံးသပ် တင်ပြပါတယ်။

သူတို့က ဒေါ်စုကို NLD က ထုတ်ပယ်ပြီး သူတို့ပဲ NLDဆိုင်းဘုတ်ကို ဖက်ထားရင် ဒီဆိုင်းဘုတ်ပဲ ရမယ်၊ လူထု ထောက်ခံမှုတော့ ရမှာမဟုတ်ဘူး။ ပြည်သူက ရွေးကောက်ပွဲမှာ ကတည်းက ဒေါ်စုကိုသာ မဲပေးလိုက်တာ ထင်ရှားတယ်။ အခုဆို ကမ္ဘာကတောင် အသိအမှတ် ပြုပီး နိုဘယ်လ်ဆုတောင် ပေးပြီ၊ ကျနော် တယောက်တည်း သဘောကတော့ ဒေါ်စုကိုပဲ ထောက်ခံ နိုင်မယ်၊ ဒေါ်စုကို ထုတ်ပစ်တဲ့ သူတွေကိုတော့ ဆောရီးပဲ၊ ကျနော့်မြို့နယ် အနေအထားကလည်း ချက်ချင်း အစည်းအဝေး မခေါ်နိုင်ခဲ့လို့ အပြတ် မပြောနိုင်ပေမဲ့ ဒီအတိုင်းပဲ ဖြစ်ဖို့ များပါတယ် လို့ ဆွေးနွေး ပါတယ်။

တခြား ကိုယ်စားလှယ်များကလည်း ဒီ သဘောထားမျိုးပဲ ဆွေးနွေးကြတယ်။ ရေတာရှည်က ခပ်ငယ်ငယ် ကိုယ်စားလှယ် တယောက်ကဆို လူငယ်ပီပီ ဒီ သဘောထားကို ထောက်ခံတဲ့အပြင် ဒေါ်စုကို အဖွဲ့ကထုတ်ပယ်သူတွေဟာ သစ္စာဖောက်တွေပဲ လို့တောင် ပြောသွားပါတယ်။

“ခေါင်းဆောင်ဘယ်သူလဲ”

ပဲခူး တ၀တးရုံး ရောက်တော့ အတွင်းရေးမှူး ဆိုတဲ့ ဗိုလ်မှူးတယောက် ၀င်လာပြီး စာရွက်တွေ ဝေပါတယ်။ အဲဒီ စာရွက်တွေမှာ အချက်အလက်တွေ ဖြည့်ခိုင်းပါတယ်။ အခုဖြေတဲ့ အဖြေကိုပဲ အတည် ယူမယ်။ အရင်က မြို့နယ်တွေမှာ ဖြေခ့ တာတွေ ရှိပေမဲ့ ခုဟာကသာ နောက်ဆုံး အတည်ပြုချက်လို့ ပြောပါတယ်။ ဒီတော့မှ ဖတ်ကြည့်တော့ အဓိက ကတော့ ခေါင်းဆောင်ဘယ်သူလဲ ဆိုတာပါပဲ။

ကျနော့် အနားက ကိုယ်စားလှယ်တယောက်က သူ့ဘေးက ကိုယ်စားလှယ် တယောက် `ဦးအောင်ရွှေ´ ဆိုပြီး ရေးနေလို့ လာပြောပါဦးလို့ ဆိုလာပါတယ်။ ကျနော်က ပြန်ပြောလိုက်ပါတယ် “ဒါ သူ့ ယုံကြည်ချက်ပဲ။ ဒါမျိုးတော့ ကျနော် ၀င်မစွက်ချင်ဘူးဗျာ။ ဒီမှာ ကျနော့ဝါဒ သဘောတရား ဆိုတဲ့ နေရာမှာတောင် လစ်ဘရယ်ဝါဒ (liberalism) လို့ ရေးထားတယ်ဗျာ” လို့ ပြောလိုက်ပါတယ်။

ပဲခူးတိုင်း တ.၀.တ ကိစ္စ ပြီးတော့ ရန်ကုန်ကို ပြန်ပါတယ်။ ရန်ကုန်က လွှတ်တော် ကိုယ်စားလှယ် မိတ်ဆွေ တယောက်နဲ့ တွေ့တော့ ပဲခူးမှာ ဘာတွေ ပြောသလဲ မေးပါတယ်။ ကျနော်တို့ မေးခွန်း ပုံစံတွေ ဖြည့်ရကြောင်း ပြောတော့ ရန်ကုန်မှာလည်း ဒီ မေးခွန်းတွေ မေးပြီးပြီလို့ ပြောပါတယ်။ သူ့ဆီက ကြားရတဲ့ သတင်းတခုကတော့ အဓိက ခေါင်းဆောင် ဘယ်သူလဲ မေးခွန်းနဲ့တင် မနေသေးဘူး၊ NLD ရုံးတွေမှာ ဒေါ်စု ဓာတ်ပုံတွေ မချိတ်ရ ဆိုတာအထိ လာဦးမယ်၊ NLD ဗဟိုကလည်း ဒါကို အလျှော့ပေးပြီး အောက်ခြေကို ဆက် ညွှန်ကြားဦးမှာပဲလို့ ပြောပါတယ်။ ကြားရ ကြားရ၊ နားဝ မချမ်းသာ ဆိုသလို ဖြစ်နေပါလား။ ရွှေဂုံတိုင်ရုံးကို သွားခဲ့ပေမဲ့ ဗဟို အလုပ်အမှုဆောင်က ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပါ။ ဒေါ်စုကို ထုတ်ပယ်တဲ့ ကိစ္စကို လူတွေ့ပြီး တာဝန်ခံ ရှင်းလင်းမဲ့ သူများ မရှိပါ။ ဒီလိုနဲ့ စိတ်မကောင်းစွာနဲ့ ရန်ကုန်က ပြန်ခဲ့ ရပါတယ်။

“ မြို့နယ် စည်းရုံးရေး ကော်မတီရဲ့ ဆုံးဖြတ်ချက် (သို့) ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပါတီ”

မြို့ကို ပြန်ရောက်တော့ စည်းကော်မတီ အစည်းအဝေး လုပ်ပြီး ဒေါ်စုကို ထုတ်ပယ်တဲ့ ကိစ္စကို ဆွေးနွေးကြပါတယ်။ NLDက ထုတ်ပယ်တဲ့ အကြောင်း ကြေညာတဲ့ ကြေညာချက် (၃/၉၁) ကိုလည်း ရပြီမို့လို့ ဒီစာကိုပါ ထည့်သွင်း ဆွေးနွေးပါတယ်။ ဒေါ်စုကို ထုတ်ပယ်ကြောင်း ရှင်းလင်းတဲ့ ကြေညာချက်မှာ ရွေးကောက်ပွဲ ကော်မရှင်က ဦးအောင်ရွှေနဲ့ ဦးလွင်ကို လူကိုယ်တိုင် ခေါ်ပြီး ပြောတယ်လို့ ဆိုပါတယ်။

သူတို့ ပြောရာမှာ န.၀.တ အတွင်းရေးမှူးက သတင်းစာ ရှင်းလင်းပွဲများတွင် ကြေညာချက်များအရ ဒေါ်စုဟာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ခဲ့တာ၊ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းသူများနဲ့ အဆက် အသွယ် ရှိတာတွေကြောင့် အရေးယူ အပြစ်ပေးနိုင်ကြောင်း ဒေါ်စုကို အပြစ်ပေးရင် NLD ဖျက်သိမ်းပစ်နိုင်ကြောင်း NLD ဆက်လက် တည်ရှိချင်ရင် ဒေါ်စုကို အဖွဲ့မှ ထုတ်ပယ်ရမည်ဟု ခေါ်ယူ သတိပေးကြောင်း၊ ဒါကြောင့် (၁၁. ၁၂. ၉၁)မှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ဆွေးနွေး စဉ်းစားကာ ဒေါ်စုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ (၁၂. ၁၂. ၉၁ ) နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားခဲ့တယ်လို့ ပါရှိပါတယ်။

ကျနော် ရန်ကုန်က ကြားခဲ့တာကတော့ ဗဟို အလုပ်အမှုဆောင်ဟာ ဒေါ်စုကို ထုတ်ပယ်ကြောင်း ကော်မရှင်ကို အကြောင်းကြားခဲ့ပေမဲ့ ဘယ်သူ့မှ မပြောဘဲ ကြိတ်နေခဲ့တယ်။ ဗဟိုဦးစီးအဖွဲ့ဝင် (C.C)တွေကိုတောင် တစုံတရာ မသိစေရဘူး၊ တရားဝင် အသိပေးဖို့တော့ ဝေးရော တဲ့။ ကော်မရှင်က ၁၆.၁၂ . ၉၁ မှာ ကြေညာလိုက်မှဘဲ အကုန်သိပြီး ဆူပွက်ကုန်တာ တဲ့။

တကယ်တော့ C.C က ဗဟိုဦးစီးကို ချပြရမယ်၊ ဦးအောင်ကြီး ကိစ္စတုန်းကလည်း C.C အဆင့် မဲခွဲပြီးမှ ဆုံးဖြတ်တယ်။ အခုတော့ C.C တောင် ချမပြပဲ CEC ကပဲ ဆုံးဖြတ်လိုက်တယ် ဆိုတာ လွန်လွန်းတယ်။ စီအီးစီဟာ တာဝန်မဲ့ လွန်းတယ်လို့ အားလုံးက ယူဆကြတယ်။ C.Cကို ချပြရင် ကန့်ကွက်ချက်တွေနဲ့ တွေ့ပြီး မဲခွဲနေရရင် အဆုံးအဖြတ် မကျမှာကို စိုးရိမ်ပုံရတယ်။ ဒီလို ဆိုတော့ ဒေါ်စုကို ထုတ်ပယ်ဖို့ နှောင့်နှေးမှု ရှိနေမှာကို CEC တွေ စိုးရိမ်နေပုံရတယ်။ ဒါဟာ ရုတ်တရက် ကော်မရှင်က ခေါ်ပြောမှ ဖြစ်လာတဲ့ ပြဿနာ မဟုတ်ဘူး။ အောက်ခြေ မြို့နယ်တွေက အမျိုးမျိုး ကန့်ကွက်နေတဲ့ ကြားက CEC မှာ အချိန် တော်တော်ကြာ ကတည်းက ရှိနေတဲ့ ဒေါ်စု ပြစ်ပယ်ရေး လမ်းစဉ်ပဲ။

ဒါကြောင့် ဒီ ဆုံးဖြတ်ချက်ကို ကျနော်တို့ မြို့နယ်က လက်မခံနိုင်ဘူးလို့ အားလုံး သဘောတူကြတယ်။ ဒါပေမဲ့ ကျနော်တို့မြို့နယ်က CEC ဆုံးဖြတ်ချက်ကို လက်မခံဘူး ဆိုတာ ဗဟိုကို ပြန် မတင်ပြတော့ဘူး။ ဒီလို တင်ပြလောက်အောင် CEC ဟာ မထိုက်တန်တော့ဘူး၊ စိတ်လည်း မချရတော့ဘူး၊ ဒီလို တင်ပြရင် ဗဟို ဆန့်ကျင်တဲ့ မြို့နယ်အဖြစ် အာဏာပိုင်တွေကို အကြောင်းကြားပြီး အရေးယူ ခိုင်းတာမျိုးတောင် လုပ်ချင် လုပ်တော့မှာ။ ဒီကိစ္စကို တပြည်လုံး အတိုင်းအတာ အနေနဲ့ ဘယ်လို တုံ့ပြန် ကြဦးမယ် မသိသေးတော့ တခြားမြို့နယ်တွေနဲ့ အဆက်အသွယ်ရအောင် မြို့နယ်NLD ရုံးကိုတော့ ဆက်ဖွင့်ထားမယ်။ ဒေါ်စုရဲ့ NLD အနေနဲ့ပဲ ဆက်ဖွင့်ဖို့ ဆုံးဖြတ်ကြပါတယ်။ ဦးအောင်ရွှေ ဦးဆောင်တဲ့ NLD မဟုတ်ဘူးလို့ အားလုံး သဘောတူ ဆုံးဖြတ်ကြပါတယ်။ ဒီလို ဆုံးဖြတ်ရပေမဲ့ စိတ်တော့ မကောင်းကြပါ။ ရွေးကောက်ပွဲကြီး အနိုင်ရအောင် စည်းစည်း ရုံးရုံးနဲ့ သည်းခံပြီး လုပ်ခဲ့ကြလို့ ပြည်သူ လူထု တခဲတနက် ထောက်ခံထားတဲ့ အဖွဲ့ကြီးကို လူတသိုက်ကြောင့် နောက်ခိုင်းလိုက် ကြရမှာကို မလိုလားကြပါ။

“မြို့ နယ် စည်းကော်မတီ ဖျက်သိမ်းခြင်းနှင့်အတူ”

ဒီရက်ပိုင်းအတွင်းမှာ ဖိအားတွေ များလာပါတယ်။ ကျနော်တို့ NLDရုံး ဖွင့်ထားတဲ့ အိမ်ပိုင်ရှင်ကို မြို့နယ် မ၀တ ရုံးက ဆင့်ခေါ်ပြီး ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းပါတယ်။ မိမိ အိမ်ငှားထားသော ပါတီ အနေဖြင့် နိုင်ငံတော်အား ဆန့်ကျင်သောကြောင့် လည်းကောင်း၊ မြေပေါ် မြေအောက် ဆက်သွယ်ခြင်း ဥပဒေ စည်းကမ်း ညွှန်ကြားချက်များနှင့် ငြိစွန်းသောကြောင့် လည်းကောင်း ထိုပါတီ အရေးယူ ခံရလျှင် အိမ်နှင့် အိမ်ပိုင်ရှင်ကိုလည်း အရေးယူခံရမည်ဖြစ်ကြောင်း သိရှိပါသည် ဆိုတဲ့ ခံဝန်ချက်ပါ။ ဒါဟာ န.၀.တ ရဲ့ တဖြေးဖြေး ပို အောက်တန်းကျလာတဲ့ ခြိမ်းခြောက်မှု တခုပါဘဲ။ ဒါပေမဲ့ အိမ်ရှင် လင်မယား ၂ ဦး စလုံးက “သူတို့မကြောက်ပါဘူး လက်မှတ်ထိုးဆိုလဲ ထိုးခဲ့တာပေါ့လို့” ခပ်အေးအေးပဲ ပြောပါတယ်။

နောက် တရက် နှစ်ရက် ကြာတော့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က စာတစောင် ၀င်လာပါတယ်။ ဒီစာထဲမှာ NLD က ဒေါ်စုကို အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်ပြီး ဖြစ်လို့ မြို့နယ် စည်းကော်မတီရုံးတွေမှာ ဒေါ်စုနဲ့ ပတ်သက်မှု မရှိစေရန်နှင့် ဒေါ်စု၏ ဓာတ်ပုံ၊ သတင်း ဓာတ်ပုံ၊ ဒေါ်စု၏ မိန့်ခွန်း ကောက်နှုတ်ချက်များ ချိတ်ဆွဲထားခြင်း မပြုရန်၊ လက်ရှိတွင် ထိုသို့ ရှိနေပါက ဖယ်ရှားပြစ်ပါမည်ဟု မြို့နယ် စည်းကော်မတီများ အားလုံးက မြို့ယ်ကော်မရှင်ရုံးတွင် နောက်တနေ့ နေ့လယ် ၁ နာရီမှာ လာရောက် လက်မှတ် ရေးထိုးရမည် လို့ ညွှန်ကြား ထားပါတယ်။

နောက်တနေ့ မနက် ၉ နာရီမှာ မြို့နယ် စည်းကော်မတီ အစည်းအဝေး ကျင်းပကြရပြန်ပါပြီ၊။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက် ကပဲ ကျနော်တို့ မြို့နယ်ရုံးဟာ ဒေါ်စုရဲ့ ဦးဆောင်မှုကိုပဲ ခံယူဖို့ ဆုံးဖြတ်ထားတဲ့ အတွက် ဒေါ်စုနဲ့ပတ်သက်တာတွေ မဖယ်ရှားနိုင်ဘူး ဆိုတာ ကြိုတင် ဆွေးနွေးခဲ့ပြီးသားပါ။ ဒီလိုမဖယ်ရှားရင် ရုံးကို အရေးယူတာထက် အိမ်ရှင်တွေကို ဖိအားပေး အရေးယူလာနိုင်တယ်။ ကျနော်တို့ စည်းကော်မတီဝင်တွေ အနေနဲ့ ဗဟိုကို အာခံတဲ့အတွက် အရေးယူခံရနိုင်တယ်။ အခုဟာက ဗဟို အလုပ်အမှုဆောင်ဟာ န၀တနဲ့ နီးစပ်သွားတဲ့သဘော ရှိနေတယ်။ သူတို့ကို ဆန့်ကျင်တဲ့ မြို့နယ် တွေကို သူတို့ ခလုပ်နှိပ်လိုက်ရင် အရေးယူ ခံရနိုင်တဲ့ အနေအထား။ စည်းကော်မတီဝင်တွေ အနေနဲ့ အရေးယူခံရမှာကို မမှုကြပါဘူး။ ဒါပေမဲ့ အိမ်ရှင်ဖက်ကိုတော့ ထည့်စဉ်းစားဖို့ လိုမယ်လို့ ဆွေးနွေး ကြပါတယ်။

တချို့လဲ ဒီလောက် ဖောက်ပြန်တဲ့ CEC တွေနဲ့ မဆက်ဆံချင်တော့ဘူး အဖွဲ့က ထွက်မယ် ဒီလို ထွက်ရင်လဲ ကြောက်လို့ ရှောင်တာလို့ ထင်ကြမယ်၊ တချို့ကလည်း စည်းကော်မတီကို ဖျက်မယ် တချို့ကလဲ စည်းကော်မတီ မဖျက်ဘဲ ရုံးကိုပဲ ပိတ်ထားရင်ကော၊ အမျိုးမျိုး ဆွေးနွေး ကြတယ်။ ဆွေးနွေးရင်း မထိန်းနိုင်ကြပဲ မျက်ရည်ကျသူတွေ ရှိသလို ကြမ်းကြမ်း တမ်းတမ်း ရေရွတ် ဆဲဆိုသူတွေ ရှိလာတယ်။

နေ့စဉ် ဆက်ဆံလာတာ ၂နှစ်လောက် ရှိနေပြီး တက်တက် ကြွကြွ လုပ်နေကြတဲ့ လူငယ်တွေ ဒီလို ၀မ်းပမ်းတနည်း ဖြစ်နေတာ ကြားတော့ တဖက်ခန်းက အိမ်ရှင်က ကူးလာပြီး “ ကျနော်တို့ အတွက်တော့ မငဲ့ပါနဲ့ ဖြစ်ချင်တာဖြစ် အတူတူပေါ့” လို့ ပြောပါတယ်။

အမျိုးမျိုး ဆွေးနွေးကြရင်း ကော်မရှင်မှာ လက်မှတ် သွားထိုးရမယ့် အချိန်ကလည်း နီးကပ်လာပါပြီ။ ဖုတ်ပူမီးတိုက် လက်မှတ်ထိုးရမယ့်အတွက် လူငယ်တွေက ဗြုန်းခနဲ မခံချင် ဖြစ်လာပုံရပါတယ်။ လက်မှတ် မထိုးဘူး၊ လက်မှတ်မထိုးဘူးလို့ အော်ကြပြန်တယ်။ သွေးဆူပြီး ဒေါသတွေ ဖြစ်လာကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း သွေးဆူလာပါတယ်။ ကော်မရှင်ကို တဖွဲ့လုံး လက်မှတ် သွားထိုးရမယ့် ကိစ္စကြီးဟာ အလွန် ရှက်စရာ ကောင်းပါတယ်။ ဘယ်လို ရှောင်မလဲ။ လက်မှတ် မထိုးဘဲ ဘယ်လို နေမလဲ။ ဒေါ်စု ဖွဲ့ခဲ့တဲ့ NLDကတော့ မထွက်နိုင်ဘူး၊ မထွက်ချင်ဘူး ဒေါ်စုကိုလည်း ဘယ်သူမှ ထုတ်ပိုင်ခွင့် မရှိဘူး၊ ထုတ်ပြန်တော့လည်း အများ ဆန္ဒ မခံယူဘဲ လုပ်တဲ့ CEC ကိုသာ ဆန့်ကျင်တာမို့ ကျန်တဲ့ CC တွေက ရှေ့ ဘယ်လို ခြေလှမ်း လှမ်းကြဦးမယ် ဆိုတာ မသိရသေးတော့ မြို့နယ် ကော်မရှင်မှာ လက်မှတ် မထိုးရအောင်သာ ဘယ်လို ရှောင်တိမ်းရမယ် ဆိုတာ စဉ်းစားတယ်။ နောက်ဆုံးတော့ မြို့နယ်စည်းကော်မတီရုံးကို ဖျက်သိမ်းလိုက်ဖို့ အများ သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။

မြို့နယ် စည်းကော်မတီကို ဖျက်သိမ်းကြောင်းစာကို မြို့နယ် ကော်မရှင်ရုံးကို ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ကိုယ်တိုင် သွားပို့ပါတယ်။ ကော်မရှင်က သူ့အဖွဲ့ဝင်တွေကို လူစုံ ဖိတ်ပြီး ကျနော်တို့အဖွဲ့ လက်မှတ်လာအထိုးကို စောင့်နေပါတယ်။ ကျနော်တို့က စည်းကော်မတီ ဖျက်သိမ်းကြောင်း စာကို ပေးလိုက်တော့ “လက်မှတ် ထိုးသွားပါဦး” လို့ ပြောသေးတယ်။ “လက်မှတ် ထိုးစရာ မလိုတော့ဘူး၊ အဲဒီလို အညံ့ခံ လက်မှတ်ထိုးတာ မလုပ်ချင်လို့” ဆိုပြီး ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘ၀တူ ဖြစ်ပြီ”

ကျနော်တို့ မြို့နယ် စည်းကော်မတီ ဖျက်သိမ်းတဲ့ စာကို NLD ကို မိတ္တူ ပေးထားပါတယ်။ (၁၄. ၂. ၉၂ ) နေ့မှာတော့ ကျနော်တို့ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ၂ဦးကို NLD အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်လိုက်ပြီး NLD လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှပါ ပယ်ဖျက် လိုက်ကြောင်း ထုတ်ပြန် လိုက်ပါတယ်။ အဲဒီနေ့ နေ့စွဲနဲ့ပဲ ကျနော်တို့ မြို့နယ် အလုပ် အမှုဆောင် အဖွဲ့ကို မိမိဖာသာ ဖျက်သိမ်းပြီး ဗဟို အလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြခြင်း မရှိဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူ တင်ပြခြင်းကြောင့် NLD စည်းကမ်းနှင့် အညီ ဆောင်ရွက်ခြင်း မရှိဟု ဆိုကာ ထိုနေ့ အစည်းအဝေး တက်ရောက်သည့် အမှုဆောင် (၁၅) ဦးကိုပါ အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ် လိုက်ပါတယ် တဲ့။

ဒီစာထဲက အကြောင်းပြချက် တခုကို ဖတ်ပြီး ကျနော်တို့ ရယ်ကြပါသေးတယ်။ မြို့နယ် စည်းကော်မတီသည် မိမိ ဖာသာ ဖျက်သိမ်းပြီး ဗဟိုသို့ တင်ပြခြင်း မရှိဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူ တပ်ခြင်းကြောင့် NLD စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိ ဆိုတဲ့ စာသားကြောင့်ပါ။

ဗဟို အလုပ်အမှုဆောင် ကကော ဒေါ်စုကို ထုတ်ပယ်တုန်းက မိမိအဖွဲ့အတွင်း အရင် မကြေညာဘဲ ဗဟို ရွေးကောက်ပွဲ ကော်မရှင်ကို အရင်အကြောင်းကြားခဲ့တာ မဟုတ်လား။ အဲဒါကကော စည်းကမ်းနဲ့ ညီညွတ် ပါသလား။

ကြေညာချက် (၃/၉၁)မှာ ပြန်ကြည့်ပါ။ (၁၁.၁၂.၉၁) မှာ ဒေါ်စုကို ထုတ်ပစ်တဲ့ CEC အစည်းအဝေး ဆုံးဖြတ်ချက်ကို (၁၂.၁၂. ၉၁) မှာ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြီးမှ (၁၆. ၁၂. ၉၁) မှာမှ အောက်ခြေကို ရှင်းလင်းချက် ထုတ်ခဲ့တာ မဟုတ်လား။ ဒါတောင် ကော်မရှင်က တယ်လီဗေးရှင်း ကနေ (၁၆.၁၂.၉၁) က ကြေညာလိုက်လို့ မဖုံးနိုင် မဖိနိုင် လုပ်ခဲ့ကြတဲ့ သူတို့ကများ ဖက်စိမ်းကတော့ ပြောင်းပြန် လှန်လို့၊ ပုဆိုး မရှိတဲ့သူကများ သူများကို လုံအောင် ထိုင်ဖို့ ပြောနေသေးတော့၊ ရယ်တော့ ရယ်ရသား၊ ရယ်စရာမဟုတ်လို့သာ။

ကျနော် တို့ကို NLDက ထုတ်ပစ်လိုက်တော့ ကျနော်တို့ နည်းနည်းမှ စိတ်မထိ ခိုက်တော့ပါ။ တို့ခေါင်းဆောင် ဒေါ်စုနဲ့ ခုမှ ဘ၀တူ ဖြစ်သွားတယ်လို့ ရင်ကော့ ထားလိုက်ချင်ပါသေးတယ်။ ဒီအချိန်မှာ ကျနော်တို့ ထိုင်ဦးချသင့်တဲ့သူတဦးရဲ့ သတင်းကို ကြားရပါတယ်။

ဟိုတုံးက တရားဝန်ကြီးချုပ် ဦးသိန်းမောင် (ဖိနပ်ချွတ် ဦးသိန်းမောင်) ရဲ့ညီ ဦးကျော်ကဲ ဆိုသူပါ။ အသက် ၉၀ ကျော် ဦးကျော်ကဲ က သူ့သားရဲ့ သူငယ်ချင်းဖြစ်တဲ့ ၀န်ကြီးဟောင်း ဦးစံဝင်း (NLD ရဲ့ သာယာဝတီ - ၁ လွှတ်တော် ကိုယ်စားလှယ် မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ဝင်) ကို တယ်လီဖုန်း ဆက်ပြီး ခေါ်ခိုင်း ပါသတဲ့။ ရောက်လာတော့ ဦးကျော်ကဲက မေးပါသတဲ့။ “မင်းတို့က အောင်ဆန်းစုကြည်ကို အဖွဲ့က ထုတ်ရအောင် ဒီအဖွဲ့က သူဖွဲ့တဲ့ အဖွဲ့လား မင်းတို့ ဖွဲ့တဲ့ အဖွဲ့လား တဲ့။ ဦးစံဝင်း ခမျာ ဘာမှ မပြောနိုင်ဘဲ ပြန်သွားရပါသတဲ့။ ကြားရတဲ့ သတင်း မှန်မမှန်၊ တကယ် မေး- မမေးတော့ မသိပါ။

ဒီလို မေးချင်တဲ့ လူကတော့ များမှာ သေချာပါတယ်၊ ဒါဟာ အများရဲ့  ဆန္ဒပါ။ ။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး ( မိုးမခ )

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews