သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Thursday, February 11, 2010

ရွေးကောက်ပွဲဝင်ရေး မဆုံးဖြတ်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

သိသင့်သိထိုက်သော ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ မထုတ်ပြန်သေးသမျှ ဝင်ရောက် ယှဉ်ပြိုင်ရေး မဆုံးဖြတ်နိုင်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယမန်နေ့က သူမနှင့် သွားရောက် တွေ့ဆုံသူများကို ပြောကြားလိုက်ခြင်းဖြစ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လွတ်လပ်စွာ သတင်းရယူနိုင်ခွင့်လည်း လိုအပ်သည်ဟု သူမက မီးမောင်းထိုးပြလိုက်သည်။

'ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို အခုချိန်မှာ ဘယ်လိုမှ ဆုံးဖြတ်လို့ မရသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေ သိရှိဖို့ အချက်တွေက အများကြီးပဲ။ အဲဒါတွေ ဘာမှ မသိရသေးခင်မှာ ဘယ်လိုမှ ဆုံးဖြတ်ဖို့ မဖြစ်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရနှင့် ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]

နေအိမ် ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်ပြီး ဦးဥာဏ်ဝင်း၊ အိမ်ပြင်ဆင်ရေး လွှဲအပ်ခံထားရသည့် ဦးထင်ကျော်တို့နှင့် သူမ၏ နေအိမ်တွင် ယမန်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခဲ့သည်။

''ဘယ်ရွေးကောက်ပွဲမဆို သတင်း ရယူခွင့်၊ သတင်းလွတ်လပ်ခွင့်၊ သတင်းထုတ်ပြန်ခွင့် ရှိဖို့လိုတယ်။ ဒါတွေ မရှိရင်တော့ ဘယ်လို ရွေးကောက်ပွဲမှ တရားမျှတမှာ မဟုတ်ဘူးလို့ ဒီလိုပြောပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အခြေခံ အကျဆုံးဖြစ်သည့် လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ စုရုံးခွင့်၊ ဖွဲ့စည်းခွင့် အစရှိသည့် အချက်များ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုသို့ ပြောဆိုမှုနှင့် ပတ်သက်ပြီး အန်အယ်ဒီ အကြီးတန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ''ရွေးကောက်ပွဲ စည်းမျဉ်းတွေကလည်း မထွက်လာသေးတဲ့အတွက် ဒေါ်စုက ဒီလောက်ပဲ ပြောနိုင်မှာပဲ။ ဒါ့ထက်လည်း ပြောဖို့မလိုဘူးပေါ့။ ပြောဖို့ အချိန်ရောက်လာရင် ဒေါ်စုအနေနဲ့ တိကျပြတ်သားတဲ့ စကားတွေ ပြောလာနိုင်တယ်လို့ ထင်ပါတယ်'' ဟု ပြောသည်။

ဦးဝင်းတင်က ''ဒေါ်စုပြောတဲ့ အချက်တွေက အလွန်အရေးကြီးတယ်။ ရွေးကောက်ပွဲအတွက် အဓိက လိုအပ်ချက် ဖြစ်တယ်။ နိုင်ငံရေး လိုအပ်ချက် ဖြစ်တယ်။ ဒေါ်စုပြောတာ ဘာလဲဆိုတော့ ရွေးကောက်ပွဲ တရပ်ရဲ့ ပြည့်ဝတဲ့ ဂုဏ်အင်္ဂါတွေ ပေါ်ပေါက်လာဖို့အတွက် တောင်းဆိုသင့်တာ တောင်းဆိုရမယ်၊ ရပ်တည်သင့်တာ ရပ်တည်ရမယ်ဆိုတဲ့ အချက်ဖြစ်တယ်'' ဟု ပြောသည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျင်းပသွားမည့် ရွေးကောက်ပွဲဖြစ်ပါက ဒီမိုကရေစီ စနစ်ဆီသို့ ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခင်ကတည်းက ပြောဆိုခဲ့ဖူးကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

လိမ်ညာမှုများ၊ သတင်း အမှောင်ချမှုများဖြင့် ပြည့်နှက်နေခဲ့သော အခြေခံ ဥပဒေ အတည်ပြုရေးကို အတင်းအကျပ် လုပ်ဆောင်ပြီးနောက် စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲ လုပ်မည်ဟု ကြေညာထားစဉ် အတိုက်အခံ အင်အားစုများက အခြေခံ ဥပဒေ ပြင်ဆင်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရန်နှင့် တွေ့ဆုံ ဆွေးနွေးမှုပြုရန် တောင်းဆိုထားသည်။ (မဇ္ဈိမ)

No comments:

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews