သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Tuesday, March 31, 2009

G Talk လုံခြုံရေး..

ဂျီမေးလ် ၊ ဂျီတော့ခ် အသုံးပြုရာမှာ ကိုယ့်ရဲ့ အချက်အလက်တွေကို တစ်စုံတစ်ယေက်က ကြားဖြတ်ခိုးယူ အသုံးပြု၊ ကြည့်ရှုနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပေမယ့် ဒါကို ဆော့ဖ်ဝဲတစ်မျိုးနဲ့  လုံခြုံအောင်ဖန်တီးနိုင်တယ်လို့ သိရပါတယ် ... မေးလ်ပို့ တာဘဲဖြစ်ဖြစ်၊ ဂျီတော့ခ်ပြောတာဘဲဖြစ်ဖြစ် ကိုယ်နဲ့ ကိုယ်ဆက်သွယ်နေတဲ့ လူနှစ်ယောက်ကြားမှာ တစ်စုံတစ်ယောက်က ကြားဖြတ်ကြည့်ရှုနိုင်တယ်... ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်စကားပြောတဲ့အခါ ကြားထဲမှာ ဖြတ်သွားရတဲ့ hop တွေက အများကြီးဘဲ... ဘယ်လိုမှလုံခြူံမှုမရှိနိုင်ပါဘူး...

Simp Lite လို့ ခေါ်တဲ့ ဆော့ဖ်ဝဲက ဂျီမေးလ်နဲ့ ဂျီတော့ခ်အတွက်လုံခြုံမှုပေးတယ်လို့ သိရပါတယ် ...ဒါပေမယ့် နှစ်ဦးနှစ်ဖက်စလုံးမှာ ဆော့ဖ်ဝဲရှိမှ အပြည့်အ၀လုံခြုံနိုင်တယ်လို့ သိရပါတယ် ...ဂျီမေးလ်နဲ့ ဂျီတော့်ခ်နှစ်ခုလုံးကို TLS encryption ကထောက်ပံ့ပေးထားပါတယ်...Google ကနေ download , upload , send လုပ်တာတွေမှာ တစ်စုံတစ်ယောက်က ကြားကနေဖြတ်နိုင်တဲ့ အလားအလာတွေရှိပါတယ် .. Google Talk ဟာ TLS ကိုပုံသေ သုံးထားပြီး " http " အစား " https" အနေနဲ့  https://mail.google.com မှာ browser ကိုထားမယ်ဆိုရင် ဂျီမေးလ်က TLS ကို သုံးမှာပါ ...
TLS/HTTPSကိုအသုံးပြုတာဟာ ကိုယ့်ကွန်ပျူတာနဲ့  Google ရဲ့ ဒေတာစင်တာကြားမှာ secure channael တစ်ခုကို ဖန်တီးပေးပါတယ်... သည်အချက်က ကိုယ့်ကိုယ့်ကွန်ပျူတာကို Wi-Fi hotspot လို public နက်ဝင်တစ်ခုနဲ့  ဆက်သွယ်ထားတဲ့ အချိန်မှာ အလွန်အရေးကြီးတဲ့ အချက်ဘဲဖြစ်တယ် ..Secway ကထုတ်တဲ့ SimpLite ဆော့ဖ်ဝဲကို free ရနိုင်ပါတယ် ..

ဒီဆော့ဖ်ဝဲကို ကိုယ့်စက်ထဲ download လုပ်ထားရမယ် .. ကိုယ်နဲ့ ဆက်သွယ်မယ့်သူမှာလဲ ဒီဆော့ဖ်ဝဲရှိနေမယ်ဆိုရင် လုံးဝလုံခြုံမှုရှိသွားပြီ .. အချင်း၂စကားပြောပြီဆိုရင် လုံခြုံမှုရှိတယ်ဆိုတဲ့ သင်္ကေတပြမယ် ... တကယ်လို့ ဒီဆော့ဖ်ဝဲမရှိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုလာဆက်သွယ်ပြီဆိုရင် လုံခြုံမှုမရှိဘူးဆိုတဲ့ သင်္ကေတပြလိမ့်မယ် ... ကိုယ်က cyber တွေမှာလဲသုံးမယ် .. တခြားတစ်နေရာသွားမယ်ဆိုရင်လဲ ဆော့ဖ်ဝဲကို စတစ်ခ်ထဲထည့်ပြီး သိမ်းထားပေါ့ .. ကိုယ်သုံးမဲ့ နေရာရောပက် စတစ်ခ်လေးထိုးပြီးသုံးရင် အဆင်ပြေပါတယ် ...

ဒီဆော့ဖ်ဝဲအကြောင်းပိုပြီးသိချင်ရင် .. brought to you by http://juberti.blogspot.com/ 2007 / 01 / secure-access-to-gmail-and-gtalk.html / Increase security in Gtalk ,
http://www.secway.fr/us/products/Simplite-jab-ber/getsimp.php

Increase security in Google Docs and Spreadsheet.
http://lepetitradiateur.blogspot.com/2007/01/suggestion-increased-security-in.html မှာရယူနိုင်ပါတယ် ။ ( အာဇာနည် )

Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း

ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံး တာများ ပါတယ်။ အခုတင်ပြတဲ့နည်းကတော့ အင်တာ နက်ဆိုင်မှာမိမိရဲ .Gmail Addressတွေမကျန်ခဲ့စေအောင်သုံးတဲ့နည်းလေပါ။
ဒီလိုပါ၊ မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk ၀င်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲ ဆိုတာသိချင်ကြပါလိမ့်မယ်။ နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို ဖျက်မလဲ ဆိုတာတင်ပြပေးချင်ပါတယ်။

သူများသိတော့ကို Gmail Account ကို invite လုပ်မှာပေါ့၊
စက်ထဲမှာ မိမိ Gmail Address မကျန်ခဲ့စေရန်ရည်ရွယ်ပါတယ်သူများ Address Account ကိုကြည်ဖို့မဟုတ်ပါဘူး။
စလုပ်လိုက်ရအောင်။[ ဆက်ဖတ်ရန် +/- ]


၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ၊
(သို.မဟုတ်) Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။ထို Folder ၅ခုမှ
ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။ List ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။ Gmail Address များကိုတွေ.ရပါလိမ့်မည်။ အကယ်လို.မိမိ Gtalk ၀င်ခဲ့တယ်ဆိုရင်တော့မိမိ Gmail Address နာမည် ပေါ်နေပါလိမ့်မည်။ဖျက်လိုပါက မိမိနာမည်ပေါ်တွင် Right ကလစ်နှိပ်၊ Delete ကိုနှိပ်လိုက်ပါ။ Name/Type/Data တို.အောက်ကျန်ခဲ့ပါ က Name အောက်ရှိ ab ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။ ( အာဇာနည် )

မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိဓာန်"

မြန်မာအင်တာနက်သုံးစွဲသူတို့ အတွက် လိုအပ်ချက် တစ်ခုဖြစ်နေသော "မြန်မာ-အင်္ဂလိပ်" အဘိဓာန် တစ်ခုကို စိုင်းခမ်းထွန်းဟူသည့် မြန်မာလူငယ်ဘလောဂါ တစ်ယောက်က ပြုစုပြီးစီးသွားပြီဖြစ်သည်။ ယခင်ကပြုစုထားကြသော မြန်မာ အင်္ဂလိပ် အဘိဓာန်များထက် အလွန်လျှင်မြန်ပြီး သုံးစွဲရ အလွန်လွယ်ကူပါသည်။ တစ်ချက်ကြည့်ပြီး အသိပေးကြပါရန်။
http://saingdictionary.blogspot.com ( အာဇာနည် )

မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်းချက် တောင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ မြန်မာဘက်က သံဆူးကြိုးကာရံနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က မြန်မာဘက်ရဲ့ ဖြေရှင်းချက်ကို တောင်းခံလိုက်ပါတယ်။ သံဆူးကြိုးကာနေတဲ့ တချိန်တည်းမှာပဲ နယ်စပ် တလျှောက်မှာ မြန်မာတပ်တွေ တိုးမြှင့်ချထားတာကြောင့်လည်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်ဖက်တင်းမာမှုတွေ ရှိလာပါ တယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဘက်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို အသိပေး အကြောင်းကြားတာမရှိဘဲ အခုလို နယ်စပ်တလျှောက် သံဆူးကြိုးကာရံတဲ့ အခြေအနေကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာမှုတွေ ထပ်ကြုံလာရတယ်လို့ ဆိုရမှာပါ။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက် အကျယ် မိုင် ၁၉၀ ၀န်းကျင်မှာ မိုင် ၂၅ မိုင် နတ်မြစ်ဝှမ်းတလျှောက်မှာ မြန်မာ ဘက်က သံဆူးကြိုးကာတာတွေ လုပ်ခဲ့တာပါ။ တချိန်တည်းမှာပဲ မြန်မာဘက်က နယ်စပ်တပ်ဖြန့်ချထားမှုတွေလည်း ရှိတာ ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က စိုးရိမ်မှုတွေ တိုးလာရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင် အာရှ ရေးရာ ညွှန်ကြားရေးမှူး ရှား အာမက်ဒ် ရှဖီ (Shah Ahmed Shafi) က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုအချိန်အထိ ကျနော်တို့ရထားတဲ့ သတင်းတွေမှာတော့ မြန်မာဘက်က နယ်စပ်သံဆူးကြိုးကာဖို့ကိစ္စ စတင် ဆောင်ရွက်နေပြီး နယ်စပ်မှာလည်း သူတို့ဘက်က တပ်တွေ ဖြန့်ကျက် ချထားပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး မနေ့က မေးမြန်း စုံစမ်းခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကြီးကိုခေါ်ယူပြီး ဒီကိစ္စ စုံစမ်းမေးမြန်းတော့ သူတို့အနေနဲ့ မြန်မာပိုင်နက်ထဲမှာပဲ ၁၃ မီတာအရှည်ရှိတဲ့ သံဆူးကြိုးတွေကို ကာရံသွားဖို့ စီစဉ်နေပြီလို့ ပြောပါတယ်။”

နယ်စပ်သံဆူးကြိုး ကာရံတာကို မြန်မာဘက်ကတော့ သူတို့ပိုင်နက်ထဲမှာ လုပ်နေတယ်လို့ ပြောပေမဲ့ တကယ်တမ်း နှစ်ဖက်နယ်ခြား ဘယ်သူမှမပိုင်တဲ့မြေပေါ်မှာ လုပ်နေတာလို့ ဘင်္ဂလားဒေ့ရှ်ဘက်က အရာရှိတဦးစကားကို ကိုးကားပြီး ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အခုကိစ္စနဲ့ပတ်သက်လို့ မြန်မာဘက်က တရားဝင် ဖြေရှင်းမှုကို စောင့်ဆိုင်းနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ရှား အာမက်ဒ် ရှဖီ က ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံခြားရေးရုံးအနေနဲ့ ပြည်နယ်ဝန်ကြီးကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ပြောထားပါတယ်။ သူ့အနေ နဲ့ မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံပြီးတော့ မြန်မာဘက်က ဒါ ဘယ်အတွက်ကြောင့် လုပ်သလဲဆိုတဲ့ ဖြေရှင်းချက်ကို တောင်းခံပါလိမ့်မယ်။ ဒါပေမယ့်လို့ အခုအချိန်အထိတော့ ဒီ နယ်စပ်ဆူးကြိုး ကာတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က တရားဝင် ပြောဆို ဖြေရှင်းတာမျိုး မရှိသေးပါဘူး။”

ဒီကိစ္စနဲ့ပတ်သက်လို့ ဒါကာမြို့မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ အခု သံဆူးကြိုးကာရံတဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က မွတ်ဆလင်တွေ မြန်မာနိုင်ငံကို တရားမ၀င် ခိုးဝင်တဲ့ အဓိက လမ်းကြောင်းလို့ မြန်မာဘက်က ယူဆတာကြောင့် အခုလို အကာအရံလုပ်တာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ မကြာခင်က ဒေသအတွင်း ဂယက်ရိုက်ခဲ့တဲ့ လှေစီးပြေးရိုဟင်ဂျာတွေဟာ ဘယ်မူရင်းနိုင်ငံကဖြစ်သလဲဆိုတဲ့ အငြင်းပွားမှု နောက်ဆက်တွဲ အခုလို ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စည်းခတ်တဲ့ အခြေအနေ ရောက်လာတယ်လို့ ပြောရမှာပါ။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း မြန်မာဘက်က ကမ်းလွန် ရေနံ တူးဖော်တာအပေါ် တည်ပြီး နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ အခုတခေါက်မှာတော့ နှစ်ဖက်တပ်တွေ အကြား အသင့်အနေအထား တပ်လှန့်ထားပုံရပေမဲ့ တပ်ချင်း ထိပ်တိုက် တင်းမာမှုမျိုးတော့ မရှိပါဘူး။ ( ဗွီအိုအေ )

Sunday, March 29, 2009

တရုတ်-မြန်မာ လောင်စာပိုက်လိုင်း သွယ်တန်းရန် သဘောတူ

နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်ကာ ကီလိုမီတာ ၂ဝဝဝ ကျော် ရှည်လျားမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ရန်အတွက် မြန်မာနှင့် တရုတ် တာဝန်ရှိသူများ ယမန်နေ့က သဘောတူခဲ့ကြသည်။

တရုတ်အမျိုးသား စွမ်းအင်အုပ်ချုပ်ရေးမှူး မစ္စတာကျန်းကောပေါင်နှင့် မြန်မာစွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ် လွန်းသီက သဘောတူစာချုပ် လက်မှတ်ထိုးခဲ့သည်။

ယူနန်က ယွမ်ငွေ ၇၂ ဘီလီယံ (စကာင်္ပူ ဒေါ်လာ ၁၅ ဒဿမ ၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည့် စွမ်းအင်စီမံကိန်းတွင် အပါအဝင်ဖြစ်သည့် ယခု ပိုက်လိုင်းစီမံကိန်းကို ပထမခြောက်လအတွင်း စတင်မည်ဟု ယနေ့ထုတ် တရုတ်အစိုးရသတင်းစာက ဆိုသည်။

ပိုက်လိုင်းသည် ယူနန်ဒေသ ရွှေလီ၊ ကူမင်းနှင့် ဂွမ်ဇိုးပြည်နယ် Chongqing ဒေသကို ဖြတ်သန်းဖောက်လုပ်မည်ဟု တရုတ်စွမ်းအင်ဌာန အကြီးတန်း အရာရှိတဦးက ပြောကြားကြောင်း The Straits Times သတင်းအရ သိရသော်လည်း မြန်မာဘက်မှ မည်သည့် ဒေသများကို ဖြတ်သန်းသွားမည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါ။ ( မဇ္ဈိမ )

အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးနိုင်သော ဆော့ဖ်ဝဲလ်


အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးနိုင်သော ဆော့ဖ်ဝဲတစ်ခုကို Onlineမှတဆင့် အခမဲ့ Downloadလုပ်နိုင်ပြီဖြစ်သည်။ မတ်လ(၂၇)ရက်နေ့မှစပြီး အဆိုပါစနစ်ကို www.myanmarnlp.org.mm ဝက်ဘ်ဆိုက်တွင် အခမဲ့ ရယူနိုင်ကြောင်း သိရသည်။ File Sizeအနေနှင့် 82.9MBရှိသော အဆိုပါဆော့ဖ်ဝဲသည် Windows XP / XP2 နှင့် Windows Vista တို့တွင် အလွယ်တကူ အသုံးပြုနိုင်သော်လည်း အခြားWindows Versionများတွင်မူ Softwareအချို့ ဖြည့်စွက်ထည့်သွင်းရန် လိုအပ်သည်ဟု ဆိုသည်။ ယခုဆော့ဖ်ဝဲအား ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနတို့မှ တာ ၀န် ရှိသူများ၊ ဘာသာဗေဒ ပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ စုစည်းကာ (၃)လကြာမျှ အချိန်ယူဖန်တီးခဲ့ရကြောင်း သိရှိရသည်။
ဆော့ဖ်ဝဲတွင်တွင် အင်္ဂလိပ် Grammar Pattern အခု(၂၀)ကျော်အနက် (၁၅)ခုကို အသုံးပြုထားပြီး အသုံးပြုသည့် Dictionaryမှာ မြန်မာစာအဖွဲ့မှ ထုတ်ဝေသည့် အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သည်။ လက်တလောတွင် Beta Versionအနေနှင့်သာ ရှိနေသေးသည့် ယခုဆော့ဖ်ဝဲအတွင်း စာလုံးရေ နည်းပါးနေသေးသလို စကားလုံး အသုံးအနှုန်းများလည်း လိုက်လျောညီထွေ ပြောင်းလဲမှုအတွက် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းသွားမည်ဖြစ်ပြီး နောက်လာမည့် Versionများတွင် ယခုထက်ပိုကောင်းသော စနစ်များ ထည့်သွင်းပေးသွားမည်ဟု သိရသည်။ အင်္ဂလိပ်-မြန်မာ ဘာသာပြန်စနစ်တွင် မြန်မာဘာသာ ပြန်ဆိုမှုအတွက် Myanmar 3 Unicode fontဖြင့် ပြန်လည်ဖော်ပြသွားမည်ဖြစ်ပြီး ဘာသာပြန်ထားမှုအား Unicode Supportပေးသော Fontများနှင့် သိမ်းဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Saturday, March 28, 2009

မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ

မြန်မာပြည်မှာ လူ့အခွင့်အရေးတွေကို အစီအစဉ်ချမှတ်ပြီး ချိုးဖောက်နေတဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

သောကြာနေ့က အတည်ပြုလိုက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပြဋ္ဌာန်းချက်ထဲမှာ နိုင်ငံရေးအကြောင်းပြု ဖမ်းဆီး နေတာတွေ ရပ်ပါ၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးပါလို့ စစ်အစိုးရကို တောင်းဆိုထားပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေများ ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်နေသေးလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ်အိုဟေး ကင်တားနား (Tomas Ojea Quintana) ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သက်တမ်း နောက်တနှစ် တိုးပေးလိုက်ပါတယ်။

ဒီအဆိုကို ဥရောပနိုင်ငံများက တင်သွင်းကြတာဖြစ်ပြီး ရုရှနဲ့ အာရှနိုင်ငံတချို့က ဆန့်ကျင်ကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ စစ်အစိုးရသံအမတ် ဦးဝဏ္ဏမောင်လွင်က ဒီပြဋ္ဌာန်းချက်ကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ( ဗွီအိုအေ )

ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေးဖွင့်ဆိုချက်များ

ဗိုလ်ချုပ်၏ဆန္ဒ

၁၉၄၇ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ နှစ်သစ်ကူး မိန့်ခွန်း မြွက်ကြားရာတွင် “တော်လှန်ရေးဆိုတာ ဘာကိုဆိုသလဲ၊ လူထုဆိုတာ ဘာလဲ၊ ခေါင်းဆောင်မှု ဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ အစရှိတဲ့ တိုင်းပြည်မှာ သတင်းစာတွေကော၊ နိုင်ငံရေးသမားတွေရော စမ်းတဝါးဝါး ရေးသားပြောဆိုနေတာကို တွေ့ရလို့ ဖြေရှင်းလိုသေးတယ်” ဟူ၍ သူ့ဆန္ဒကို ထုတ်ဖော်ခဲ့လေသည်။

၎င်းနောက် တဖန် ထိုနှစ်အတွင်းမှာပင် ဇူလိုင်လ (၁၃) ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှနေ၍ ဗိုလ်ချုပ်အောင် ဆန်း၏ နောက်ဆုံးမိန့်ခွန်းခေါ်ရမည့် နိုင်ငံရေး ရှင်းတမ်းကြီး ထုတ်ခဲ့ရာတွင်လည်း “နိုင်ငံရေး အကြောင်းကို ဖွင့်သင့်သောအခါ အပတ်စဉ် နေ့စဉ် ရှင်းပြသွားချင်ပါတယ်။ ရှင်းပြချင်တာတွေ ဗိုက်ထဲမှာ အများကြီးရှိတယ်။ ဒါပေမယ့် ကျုပ်ကလည်း မအားဘူး။ နိုင်ငံရေးဟာ ဘာလဲ၊ လွတ်လပ်ရေးဟာ ဘာလဲ၊ ခေါင်းဆောင်မှုဟာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ၊ ဒါတွေကို ရှင်းပြချင်ပါတယ်။ သတင်းစာထဲမှာ ရေးချင်တာတွေ ရေးတာကို ခင်ဗျားတို့ ထင်ချင်တာ ထင်နေရတယ်။ ကျနော်လည်း မအားလို့ ကြည့်နေရတာပဲ” ဟူသော စကားများ ပါခဲ့ ပေသည်။

သို့သော် ဗိုလ်ချုပ်ခမျာမှာ ထိုမိန့်ခွန်းကို မြွက်ကြားပြီးနောက် ရက်သတ္တတပတ်ခန့် မျှသာ လူ့ဘဝတွင် အသက်ရှင် နေသွားရရှာသဖြင့် သူရှင်းလင်းပြချင်သော အချက်တို့မှာ သူ့ဆန္ဒအတိုင်း အကောင်အထည်ဖော်မသွားနိုင်တော့ ပေ။ သို့သော် ဗိုလ်ချုပ် အမြို့မြို့တွင် ပြောဟောခဲ့သော မိန့်ခွန်းများထဲမှ ဗိုလ်ချုပ်ရှင်းပြချင်ခဲ့သော နိုင်ငံရေး စကားလုံးအချို့အဝက်ကိုကား တွေ့နိုင်ပါသေး၏။ ဆောင်းပါးတွင်ကား ထိုရှာဖွေတွေ့ရှိချက်များကို တင်ပြထား ခြင်းဖြစ်၍ နိုင်ငံရေး အဘိဓာန်အတွက်သာမဟုတ်၊ ဗိုလ်ချုပ်၏ နိုင်ငံရေးယူဆချက်များကိုပါ အကဲခတ်နိုင်မည် ဖြစ်ပါသည်။

နိုင်ငံရေး။ ။နိုင်ငံရေးမည်သည် တရားသည်ဆိုသော သဘောမရှိ။ အောင်နိုင်အောင် စီစဉ်ဆောင်ရွက် ကြရကြောင်း၊ လွတ်လပ်ရေးကို မပေးတာ မတရားဘူး၊ တရားရာကျအောင် လွတ်လပ်ရေး ပေးပါဟု တောင်းခြင်း။ ယူအန်အို (UNO) တို့ ဘာတို့ကို ကြေးနန်းရိုက်၊ စာပို့လူလွှတ် တောင်းနေလို့ ဘယ်တော့မှမရနိုင်။ သတင်းစာတွေထုတ်။ ဟိန်းဟောက်နေရုံနဲ့လည်း မရနိုင်။ အင်အားနဲ့ ကျကျနနရှိမှ လွတ်လပ်ရေးကို ရနိုင်မည်။ အားရှိမှ လူလေးစားသည်။ ဒါကြောင့် အားရှိကြောင်း ပြနိုင်အောင် ကြိုးစားကြရမည်။ (၁၇-၁၁-၄၆ နေ့က သာစည်တွင် ဟောပြောချက်မှ)

အစိုးရ။ ။ အစိုးရဆိုတဲ့ သဘောတရားနှင့် ပတ်သက်ပြီး ရှေးတရုတ်၊ အိန္ဒိယ၊ ခေါမ၊ ရောမခေတ်ကစပြီး ယနေ့အထိ။ သဘောအမျိုးမျိုးပဲ ပေါ်ခဲ့တယ်။ ယခုခေတ်မှာတော့ ကာလ်မတ်ဆိုတဲ့ ပုဂ္ဂိုလ်ကစတဲ့ မာက်စ်ဝါဒ သဘောတရားဟာ တဖြည်းဖြည်းခေတ်စားလာတယ်။ အဲဒီဝါဒဟာလည်း အဆုံးစွန်ဆုံး တရားမဟုတ်သေးဘူး။ ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းပဲ။ အဲဒီလိုသဘောအမျိုးမျိုးဆိုပေမယ့် နိုင်ငံရေးဟာ စီးပွားရေးအုတ်မြစ်ပေါ်မှာ တည်တယ်ဆိုတာကတော့ ဘယ်သူမှမငြင်းတော့ပါဘူး။

လူရယ်လို့ဖြစ်လာရင် လူဟာ စားရမယ်၊ ဝတ်ရမယ်၊ နေရမယ်။ အဲဒီအစားအဝတ်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး လူရဲ့ဝတ္ထုပစ္စည်း အသုံးအဆောင်တွေကို ရှာကြံတဲ့အခါကျတော့ လူ့ပစ္စည်းလုပ်ငန်း စနစ်တွေ ပေါ်လာတယ်။ အဲဒီပစ္စည်းလုပ်ငန်း စနစ်တွေပေါ်လာ တဲ့အခါ လူအချင်းချင်း ဆက်ဆံပေါင်းသင်းမှု စနစ်ဟာ ပေါ်လာ တယ်။ လူတန်းစား ခြားနားလာကြတယ်။ အဲဒီလို ခြားနားလာ ကြရာက အကျိုးချင်းကွဲပြားပြီး ပဋိပက္ခ ဖြစ်လာကြတယ်။ ဒီပဋိပက္ခဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။ တင်မြှောက်တုန်းကတော့ လူတွေပဲ။ ဒါပေမယ့် နောက်ကျတော့ လူ့အထက် ရောက်သထက် ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘဝသို့ရောက်သွားတယ်။ အဲဒီကစပြီး အစိုးရဆိုတာ လူတွေကအာဏာအပ်လို့ ဖြစ်လာတာပါက လား ဆိုတဲ့သဘောဟာ လုံးလုံးပျောက်သွားတာပဲ။

အဲရှင်ဘုရင်စနစ်လို သားစဉ်မြေးဆက်ခံတဲ့ အစိုးရမျိုးကျတော့ ဘာပြောစရာရှိတော့မလဲ။ တခါလဲ အစိုးရဆိုတာ ဘုန်းကံကြောင့်ဆိုပြီးတောင် တခါတုန်းက မယူမဖြစ်တဲ့အထိ အစိုးရရဲ့ မူလသဘာဝဟာ ပျောက်ခဲ့တာပဲ။
အစိုးရဆိုတဲ့အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလည်း ပစ္စည်းအင်အား ကောင်းတဲ့ လူတွေ အချင်းချင်းလုကြတယ်။ ရရင်လည်း လက်က မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေဆိုတာကတော့ အဲဒီအထဲမှာ တုတ်လုပ်အရိုက်ခံရမယ့် အခါကျမှ ပါရတာပဲ။ ဒီလိုအာဏာလုကြတဲ့အခါမှာ ဒီမိုကရေစီဆိုပြီး ပြည်သူ့ ဆန္ဒ၊ ပြည်သူ့အာဏာလို့ ကြွေးကြော်ဟစ်အော်ပြီး ညာတဲ့စနစ်တွေလည်း ရှိတယ်။ (၂ဝ-၅-၄၇ နေ့က ကျင်းပခဲ့သည့် ပဏာမညီလာခံတွင် မိန့်မြွက်ခဲ့သည့် ညီလာခံမိန့်ခွန်းမှ)

သမ္မတစနစ်။ ။သမ္မတစနစ်သာ တိုင်းသူပြည်သားတွေသာလျှင် အရင်းခံမူလဘူတ ဖြစ်တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ လူလူချင်းအတူတူပဲဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ (ပဏာမညီလာခံ မိန့်ခွန်းမှ ၂ဝ-၅-၄၇)

ပြည်သူ့အာဏာ။ ။ အချုပ်ပြောရရင် ရှေးတုန်းက ဘုရင်တဦးရဲ့လက်ထဲမှာ အာဏာရှိတယ်။ ကျနော် တို့က အဲဒီလိုမဖြစ်စေချင်ဘဲနဲ့ တိုင်းသူပြည်သားတွေရဲ့ အာဏာပိုင်ဖြစ်စေချင်တယ်။ တိုင်းသူပြည်သားတွေ လုပ်တဲ့ လွတ်လပ်ရေးကို လိုချင်တယ်။ (၂၄-၁၁-၄၆ နေ့တွင် မန္တလေးလူထုသို့ ဟောပြောချက်)

လွတ်လပ်ရေး။ ။ လွတ်လပ်ရေးအဓိပ္ပာယ်ဟာ အေးအေးချမ်းချမ်းနှင့် ကောင်းကောင်းစားသောက်ဖို့ လုပ်တဲ့အခါမှာ အခြားလူတွေရဲ့ အကျိုးကိုမထိခိုက်ဘဲ တိုးတက်မှုလုပ်တာဟာ လွတ်လပ်ရေးပဲ။ (၁၃-၇-၄၇ နေ့က ဟောပြောခဲ့သည့် နိုင်ငံရေးရှင်းတမ်းမှ)

တော်လှန်ရေး။ ။ တော်လှန်ရေးဆိုတာ အဖျက်လုပ်ငန်းတိုင်းလုပ်မှ တော်လှန်ရေးမဟုတ်ဘူး။ တော်လှန်ရေးဆိုတာ လူထုကံကြမ္မာကို ဖန်တီးရာမှာ လူထုကိုယ်တိုင်ပါဝင်ပြီး ဘယ်လိုဖြစ်ဖြစ် ဆောင်ရွက်တာကို ဆိုလိုတယ်။ တော်လှန်ရေးရဲ့ အခြေခံအချက်က လွတ်လပ်မှုကို လူထုကြီးက ပါဝင်ဆောင်ရွက်မှု၊ နိုးကြားမှုများနှင့် ပြောင်းလဲမှု များကို ဖြစ်စေတာကို တော်လှန်ရေးလို့ခေါ်တယ်။

ခေါင်းဆောင်။ ။ ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင် ပြောရဲ ရမယ်။ ညွှန်ပြရဲရမယ်။ ခေါင်းဆောင်ဟာ ခေါင်းရှောင်မဖြစ်စေရဘူး။ ကျနော်ကတော့ လူတိုင်းကြိုက်ကို လိုက်ပြောမှာ မဟုတ်ဘူး။ တိုင်းပြည်နှင့် လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ။ (၂၁-၃-၄၇ နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)

ပြည်သူ့ရဲဘော်။ ။ ရဲဘော်တို့ဟာ ပြည်သူ့ရဲဘော်တပ်ဖွဲ့၏ အကျင့်သိက္ခာနှင့် မလျော်ညီစေဘဲ တိုင်းသူ ပြည်သားများအပေါ် မောက်မောက်မာမာနှင့် ပြုမူခြင်း၊ ဟိတ်ဟန်ပြခြင်း၊ တိုင်းသူပြည်သားများအား ခြိမ်းခြောက် ခြင်းတို့ကို ပြုမူပါက ရဲဘော်တို့၏ ပြည်သူ့ရဲဘော်ဆိုသော နာမည်နှင့်အဘယ်သို့မျှ ဆက်ဝင်၍မရဘဲ တိုင်းပြည်၏ ရန်သူသာလျှင်ဖြစ်မည်။ (၂၄-၁၁-၄၆ နေ့က မန္တလေး ပြည်သူ့ရဲဘော်ဗိုလ်ရှုညီလာခံမှ)

ဒီမိုကရေစီအဟောင်း။ ။ဒီမိုကရေစီဆိုတာ လူတွေရဲ့အကျိုးကို လုပ်ရအောင် လူတွေက တင်မြှောက် တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်။ တခြားဟာတွေ ဒီမိုကရေစီအစစ်မဖြစ်နိုင်ဘူး အတုတွေသာ ဖြစ်မယ်။ ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီမဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံတမ်း ပြောကြ တာတွေလည်း အများကြီးပဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစားအချင်းချင်း အစရှိသည် အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။ အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့်ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး၊ တပဲလောက်ပဲ။ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင်ခေါ်တဲ့ ပစ္စည်း အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့စနစ် အခြေခံတဲ့ ဒီမိုကရေစီဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင်စနစ် အုပ်ချုပ်ရေးကို ဒီမိုကရေစီဆိုတဲ့ ဗန်းပြပြီးထားတဲ့အုပ်ချုပ်ရေးပဲ။ (၂ဝ-၅-၄၇ ပဏာမညီလာခံ မိန့်ခွန်းမှ)

ဒီမိုကရေစီအသစ်။ ။ ယခု အချို့နိုင်ငံတွေမှာ ကျုပ်တို့ကြားသိတွေ့မြင်ရတဲ့ ဒီမိုကရေစီဆိုတာတွေဟာ အမှန်ကတော့ (Oligarchy) ခေါ်တဲ့ အရင်းရှင်ဖြစ်ဖြစ်၊ အရင်းရှင်လို လူတန်းစာတွေဖြစ်ဖြစ် လူတစုလောက်သာ ကြိုးကိုင်ထားတဲ့ အရင်းရှင်လုပ်နေတဲ့ စနစ်တွေသာဖြစ်တယ်။ ကျုပ်တို့လုပ်ချင်တာကတော့ Greatest Happiness of the Greatest Number လူအများဆုံး အကောင်းဆုံး ချမ်းသာသုခရအောင် အဲဒီလူအများက ကြိုးကိုင်တဲ့ အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင်တာပဲ။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)

ဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒ။ ။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီမိုကရေစီဝါဒက ဖြာထွက်သွားတာတွေပဲ။ ဘယ်ဟာက ဒီမိုကရေစီ မဝင်သေးဘူး။ နိုင်ငံရေးတွင်သာမက စီးပွားရေးပါမှ ဒီမိုကရေစီ ဖြစ်နိုင်မယ်လို့ ဒီမိုကရေစီသဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာ ဖြစ်တယ်။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)

ဖက်ဆစ်ဝါဒ။ ။ ဖက်ဆစ်စနစ်ဆိုတာဘာလဲ။ ကြမ်းသင့်လို့ကြမ်းတာကို ဖက်ဆစ်စနစ်လို့ခေါ်တာ မဟုတ်ဘူး။ ကိုယ်နှင့်စိတ် မသင့်တာလုပ်သမျှကို ဖက်ဆစ်စနစ်လို့ခေါ်တာ မဟုတ်ဘူး။ ငွေပင်ငွေရင်းရှင် (Finance Capital ) ကြီးတွေက လက်ကိုင်လုပ်ထားတဲ့ တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းအတမ်း ဖိနှိပ်ပြီး အင်မတန်ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ဝါဒဟာ ဖက်ဆစ်ဝါဒပါပဲ။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံ မိန့်ခွန်းမှ)

ဖဆပလ။ ။ ဖဆပလရဲ့ အဓိပ္ပာယ်ကတော့ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂျပန်တွေကို တော်လှန်ပြီး လွတ်လပ်ရေးရဖို့ လွတ်လပ်တဲ့ အစိုးရအဖွဲ့ကို တည်ထောင်ဖို့ ဖြစ်တယ်။ ဂျပန်တွေရှိစဉ်ကတတည်းက ဖဆပလအဖွဲ့ကို လျှို့ဝှက်စွာ တည်ထောင်ခဲ့ပါတယ်။ တိုင်းပြည်ကို သစ္စာမဖောက်ဘဲ တည်ထောင်ခဲ့ပါတယ်။ ဥပမာပြရလျှင် လွန်ခဲ့တဲ့ တနှစ်လောက်တုန်းက (၁၉၄၅ နှစ်က) ဖဆပလအဖွဲ့ချုပ်ကြီး တခုသာရှိခဲ့တယ်။ အင်္ဂလိပ်တွေဟာ ဖဆပလအဖွဲ့ချုပ်ကြီး ပြိုကွဲအောင် အမျိုးမျိုးကြိုး စားခဲ့ကြတယ်။ အိန္ဒိယပြည်မှာကတည်းက ပြိုကွဲအောင် စီမံကိန်းတွေထုတ်တယ်။ ဒါပေမယ့် ဖဆပလအဖွဲ့ကြီးဟာ ဗမာပြည်မှာ အင်အားကြီးမှန်း သိလာတော့ ဖဆပလအဖွဲ့ကြီးနဲ့ စကားကမ်းလှမ်းခဲ့ရတယ်။ ဖဆပလဟာ နေသူရိန် ဆုံးဖြတ်ချက်အတိုင်း တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားအစိုးရဖွဲ့ပြီး အာဏာကုန်ပေးရန် တောင်းဆိုခဲ့တယ်။ (၂၃-၁၁-၄၆ နေ့က မန္တလေးနှင့် မေမြို့လူထုသို့ ဟောပြောချက်မှ)

လူများစု။ ။ ဒီနေရာမှာ လူများစုလို့ဆိုတာဟာ ပစ္စည်းအခြေအနေ ရာထူးအခြေအနေကို အကြောင်းပြုပြီး လူများစု လူနည်းစုဖြစ်ကြတဲ့ လူတွေကိုသာ ဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားတဲ့လူများစု လူနည်းစု ကိစ္စတွေမှာ တော့ လူများစုလူမျိုးက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီမှန်မယ်။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)

လူနည်းစု။ ။ လူမျိုးရေး လူနည်းစုဆိုတာ လူဦးရေဘယ်လောက်ရှိမှ လူမျိုးရေးလူနည်းစု ခေါ်မလဲဆိုတာကို သိဖို့လိုတယ်။ အရင်စစ်မဖြစ်ခင်တုန်းက ရှိခဲ့တဲ့ နိုင်ငံပေါင်းချုပ် အသင်းကြီးက သရုပ်ပြဋ္ဌာန်းထားကတော့ လူမျိုးရေး လူနည်းစုဆိုတာ လူမျိုးရေးလူများစုရဲ့ ငါးပုံတပုံလောက်ရှိမှ လူမျိုးရေးလုနည်းစုလို့ ခေါ်နိုင်မယ်ဆိုထား တယ်။ ဘာပြုလို့လဲဆိုရင် ရှမ်းပြည်မှာ လူမျိုးပေါင်း (၂ဝ-၃ဝ) လောက်ရှိတယ်။ အဲသလိုသာ လူမျိုးကွဲတိုင်း လျှောက်ပြီး ခေါ်နေရရင် ဆုံးမှာမဟုတ်ဘူး။ ဒါကြောင့် လူဦးရေ သတ်မှတ်တာပဲ။ သို့ပေမယ့် ဗမာပြည်အဖို့မှာတော့ လူမျိုးရေး လူများစုရဲ့ ဆယ်ပုံတပုံလောက်ရှိရင်ပဲ လူမျိုးရေးလူနည်းစုလို့ ခေါ်သင့်တယ်လို့ ကျနော်ယူဆတယ်။ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံရှိမှ လူမျိုးရေးလူနည်းစု ဆိုရင်တော့ ဗမာပြည်မှာ လူမျိုးရေးလူနည်းစုကို မရှိနိုင်တော့ဘူး။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)

လူမျိုးကြီး။ ။ အင်္ဂလိပ်လိုမှာ (Nation or Nationality) အစရှိသည်အားဖြင့် လူမျိုးတွေကို အသီးသီး ခေါ်ထားတာရှိတယ်။ (Nation or Nationality) ဆိုတာမျိုးကတော့ ဗမာလိုတိတိကျကျ ဘယ်လိုပြန်ရမယ်ဆိုတာ ဗမာ အဘိဓာန်ကျကျနန ထွက်မှပဲ ဖြစ်နိုင်မှာပဲ။ အဓိပ္ပာယ်ကတော့ ဥပမာဗြိတိသျှလူမျိုးဆိုရင် အင်္ဂလိပ်-စကော့၊ ဝေလ-အိုင်းရစ်လူမျိုးတွေ စုပေါင်းထားတာကို ခေါ်တာပဲ။ အမေရိကန်လူမျိုးဆိုရင်လည်း ဥရောပက လူမျိုးစုံ အမေရိကမှာ လာနေပြီး အမေရိကန်လို့ ခေါ်နေတဲ့ လူအားကိုခေါ်တာပဲ။ ဒီတော့(Nation or Nationality) ခေါ်တဲ့ လူမျိုးကြီး ဆိုကြပါစို့။ အဲဒီလူမျိုးကြီး ဆိုတာဟာ ဘယ်လိုအချင်းအရာတွေနှင့် ပြည်စုံမှ လူမျိုးကြီးလို့ခေါ်မလဲ၊ အဲဒီလူမျိုးပြဿနာနှင့် ပတ်သက်ပြီး အခုကမ္ဘာကျော် ဆိုဗီယက်ယူနီယံ ခေါင်းဆောင်ကြီးဖြစ်တဲ့ စတာလင် ဘယ်လို သရုပ်ဖော်ထားသလဲ ဆိုရင် “A Nation is historicaly evolved, stable community of language, Territory, Economic life, and psychological make-up manifested in a community culture.” ---လူမျိုးကြီးဆိုတာ ရာဇဝင်အရ ဖြစ်ပွားလာပြီး တည်တည်တံ့တံ့နေလာတဲ့ သူ့ဘာသာစကားနှင့် သူ့နယ်သူ့မြေနှင့် သူ့စီးပွားရေးနှင့် သူ့ယဉ်ကျေးမှုပညာ ထုံးစံဓလေ့တွေနှင့် ညီညွတ်စည်းရုံးထားတဲ့ လူပေါင်းစုံပဲလို့ စတာလင်က သရုပ်ဖော်ပြခဲ့တယ်။ ဒီအချက်တွေကို အခြေပြုပြီး စဉ်းစားရင် ကျနော်တို့ဗမာပြည်မှ (Nation or Nationality) လူမျိုးကြီးအဖြစ်နှင့် ဘယ်နှမျိုး ရှိသလဲဆိုရင် စင်စစ်ပြောရရင်တော့ အားလုံးတမျိုးတည်းပဲ ရှိနိုင်မည်။ (၂ဝ-၅-၄၇ နေ့ ညီလာခံမိန့်ခွန်းမှ)

ပြည်ထောင်စု။ ။ကျနော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘော တည်ထောင် မလား၊ လူမျိုးကြီးတမျိုးတည်းဆိုတဲ့ တိုင်းပြည်မျိုး (Unitary State) တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိုရ မည်ဟူက ကျနော့်အမြင်အရဆိုလျှင် အထက်က လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်ပြီး ပေးပြီးတော့ (Unitary State) လူမျိုးကြီး တမျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့ မဖြစ်ဘူး၊ ပြည်ထောင်စုသဘောမျိုး ဖြစ်ရမှာပဲ။

ဒါပေမယ့် ပေါင်းကာမှ ဆေးအတွက်လေးတဲ့ ပြည်ထောင်စုမျိုး။ လီနင်ပြောသလို တစိတ်တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ (The part contradicting the whole) ပြည်ထောင်စုမျိုး ဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျစီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး၊ တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်းကောင်း ကျိုးရှိအောင် ပေါင်းတာမျိုးဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းမှ မဖြစ်နိုင်ဘူး။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)

ဤသည်တို့ကား ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်စဉ်က ထိုထိုမြို့ရွာများတွင် ဟောပြောခဲ့သော မိန့်ခွန်းများမှ ကောက်နုတ်ဖော်ပြအပ်သည့် နိုင်ငံရေးစကားလုံး အချို့အချို့၏ အဓိပ္ပာယ်ဖွင့်ပြချက်များ ဖြစ်ကြပေရာ ဤနိုင်ငံရေး စကားလုံးများအပြင် ဖော်လံဖား၊ စားဖား၊ ခွတုပ်စီးဝါဒနှင့် ဆိတ်လစေ့ စသော နိုင်ငံရေးဗန်းစကားများကိုလည်း အကြောင်းအားလျော်စွာ ထည့်သွင်းသုံးစွဲခဲ့ပေသေး၏။ ယင်းစကားအားလုံးတို့ကို ဤဆောင်းပါးတွင် အပြည့်အစုံ ဖော်ပြရန် နေရာမရှိတော့သဖြင့် ချန်လှပ်ထားခဲ့ ရပေတော့မည်။ စင်စစ်သော်ကား ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များတွင်သာမဟုတ်။ အခြားခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းများတွင်လည်း နိုင်ငံရေးစကားလုံးများ၏ ဋီကာဖွင့်ချက် များကို တွေ့နိုင်ပေသေးရာ ယင်းစကားအားလုံးတို့ကို စုဆောင်းကောက်နုတ်၍ မှတ်တမ်းတင်ထား သင့်လှပေသတည်း။

(လူထုဂျာနယ် အောက်တိုဘာ၊ ၁၉၅၃၊ အမှတ်-၄၂ မှ ကူးယူဖော်ပြသည်) ( ခေတ်ပြိုင် )

ဒေါ်စုအကြောင်း တရုတ်ရုပ်သံက ထုတ်လွှင့်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရုပ်မြင်သံကြား အစီအစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရှားရှားပါးပါး ထုတ်လွှင့်သွားသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လုပ်ငန်းအဖွဲတဖွဲ့ဖြစ်သော ဂျနီဗာ အခြေစိုက် တရားမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်း အဖွဲ့(WGAD) ၏ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချထားခြင်းသည် မြန်မာပြည်တွင်း ဥပဒေများနှင့် ညီညွတ်ခြင်းမရှိကြောင်း မကြာသေးခင်က ကြေညာချက်အပေါ်အခြေခံ၍ အဆိုပါ ရုပ်မြင်သံကြား အစီအစဉ်က သတင်း ထုတ်ပြန်ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် ဒေသခံများက ပြောသည်။

ထိုသတင်းကို ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများနှင့် တကွ ထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာ့အရေး လေ့လာသူများက တရုတ် သတင်းဌာနတခု၏ ယခုလုပ်ရပ်သည် မြန်မာအတိုက်အခံ ခေါင်းဆောင် တဦးကို တရုတ်အာဏာပိုင်များအနေနှင့် အသိအမှတ်ပြုသည့် လက္ခဏာတရပ်ကိုပြဆိုကြောင်း ပြောသည်။

အဆိုပါရက်များအတွင်း မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာညွှန်ကြား ရေးမှူး မစ္စတာ စတီဖင် ဘလိတ် ရောက်ရှိနေပြီး စစ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ တရုတ်အစိုးရဘက်မှ အမေရိကန်နှင့်မြန်မာအစိုးရ ဆက်ဆံရေးပိုမို ကောင်းမွန်လာမည်ကို စိုးရိမ်မှုရှိခြင်းကြောင့် ယခုကဲ့သို့ ရုပ်သံအစီအစဉ်မှ ပြသခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

မစ္စတာ စတီဖင် ဘလိတ်သည် ၎င်း၏ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ထိပ်ပိုင်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့သေးသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံမှု ကာကွယ်ရေး ဥပဒေဖြင့် ထိန်းသိမ်းထား ခြင်းဖြစ်သည်။ ဤ ဥပဒေ ပြဌာန်းချက်အရဆိုလျင်နိုင်ငံတော် အချုပ်အခြာ အာဏာတည်မြဲရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်သူများ၊ ပြည်သူလူထု၏ ငြိမ်းချမ်းတည်ငြိမ်မှုကို နှောင့်ယှက်သူများကို ၅ နှစ် အထိ ထိန်းသိမ်း ထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်ပြီး လာမည့် မေလ ၂၄ ရက် ဆိုလျင် ၆ နှစ်ပြည့်ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။ ( ဧရာဝတီ )

ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား

မြန်မာနိုင်ငံ၌ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားများကို စစ်အစိုးရအဆက်ဆက်က တပ်မတော်နေ့အဖြစ် လွဲမှားစွာ ကျင်းပနေသည်ဟု အန်အယ်ဒီက ယနေ့ ပြောသည်။

ယနေ့ကျရောက်သည့် ၆၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန် အန်အယ်ဒီ ဌာနချုပ်တွင် ကျင်းပခဲ့အပြီး အဖွဲ့၏ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတာ လွတ်လပ်ရေး ရကတည်းက တောက်လျှောက်ကျင်းပလာတာ။ မဆလ လက်ထက်ကျမှ တပ်မတော်နေ့ဆိုပြီး ဒီနေ့ကို သူတို့ ရွေးချယ်တယ်။ တကယ်တော့ ဒီနေ့ဟာ တပ်မတော်အတွက်နေ့ မဟုတ်ဘူး။ တပ်မတော်သားရော၊ တော်လှန်ရေး ရဲဘော်ရော၊ နိုင်ငံရေးသမားရော၊ ပြည်သူရော တော်လှန်ရေးမှာ အားလုံးပါဝင်တာ။ တပ်မတော်ကပဲ တော်လှန်တာ မဟုတ်ဘူး။ အားလုံးပါဝင်လာတဲ့အတွက် တော်လှန်ရေးနေ့ပါ။ တပ်မတော်နေ့လို့ ပြောတာဟာ ကျနော်တို့အမြင်ကတော့ နည်းနည်းလွဲတယ်လို့ထင်ပါတယ်။ ဒါကို သူတို့ ယူခဲ့တာတော့ကြာပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သခင်စိုးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်သည့် ယနေ့ အခမ်းအနားသို့ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ အမေရိကန် စသည့် အနောက်နိုင်ငံများမှ သံတမန်များ တက်ရောက်ကြသည်။

သို့သော် တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ထိုင်း အပါအဝင် အာရှနိုင်ငံများမှ သံတမန်များကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။

အန်အယ်ဒီမှ ကျန်းမာရေးမကောင်းသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဦးလွန်းတင်တို့မှလွဲ၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ အခြားနိုင်ငံရေးလောကသားများ အပါအဝင် ဧည့်ပရိသတ် ၅ဝဝ ကျော် တက်ရောက်ကြသည်။

အခမ်းအနားတွင် ကြေညာချက် အမှတ် ၅/ဝ၃/ဝ၉ ကို လည်း ထုတ်ပြန်ဖတ်ကြားခဲ့သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ထုတ်ပြန်ချက်မှာ အဓိကပြောထားတာက အဖွဲ့ချုပ်ကနေ အထူးကြေညာချက် (၁၈) ပါ အချက် ၄ ချက်အတွက် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော်အစိုးရမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒီတာဝန်ကို နောင် အနာဂတ် မြန်မာနိုင်ငံ ကောင်းစားရေးအတွက် ဆောင်ရွက်ပါလို့ ကျနော်တို့ တိုက်တွန်းတာပါ။ တွေ့ဆုံပြီး အဖြေရှာရေးကို ဇောင်းပေးပြီးတော့ တင်ပြထားပါတယ်” ဟု ပြောသည်။

အန်အယ်ဒီ အထူးကြေညာချက် အမှတ် ၁၈ တွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို ပြန်သုံးသပ်ရေး ကော်မတီဖွဲ့ပေးရန်၊ တွေ့ဆုံဆွေးနွေးရန်တို့ တိုက်တွန်း တောင်းဆိုထားသည်။ ( မဇ္ဈိမ )

Friday, March 27, 2009

(၆၄) နှစ်မြောက် “တော်လှန်ရေးနေ့ ” အထိမ်းအမှတ် အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ကျင်းပ။


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

Thursday, March 26, 2009

၈၈ မျိုးဆက်ကျောင်းသားများထုတ်ပြန်ကြေငြာချက်

ဗိုင်းရပ်စ် အသစ် McAfee မှ မကြာခင်က ထပ်တွေ့ရှိခဲ့ခြင်း

ဗိုင်းရပ်စ် အသစ် McAfee မှ မကြာခင်က ထပ်တွေ့ရှိခဲ့ခြင်းကို ဆွီဒင်နိုင်ခံရဲမင်းကြီးဌါနမှ အထူးသတိပေးကြေငြာတဲ့မေးလ် ဖြစ်ပါတယ် သူက Hallmark ဆိုတဲ့နာမည်နဲ့ postcard ကို သူငယ်ချင်းတို့ရဲ့ မိတ်ဆွေ တစ်ယောက်ယောက်ကနေ ပို့လာတဲ့ ပုံစံ နဲ့ သူပို့လာမှာဖြစ်တယ် တကယ်မို့ ဖွင့်မိရင်တော့ ဖွင့်မိတဲ့လူရဲ့ အီးမေးလ်မှာရှိတဲ့ အကောင့် အားလုံးဆီကို သူက ကိုယ်မသိအောင် ကိုယ့်နာမည်နဲ့ ပို့မှာဖြစ်တယ်.. တကယ်မို့ အဲလို postcard တွေကိုပို့ လာခဲ့မယ်ဆိုရင် အမြန်ဆုံး ဖျက်ပစ်လိုက်ပါ.. တအား ဆိုးသွမ်းတဲ့ တိုက်ခိုက်ဘို့အင်မတန်မှ ခက်ခဲတဲ့ ဗိုင်းရပ်စ် တစ်မျိုူးဖြစ်တယ်လို့ လည်း CNN ပြောထားတာပါ..။ ဖွင့်မိခဲ့ရင်တော့ သူက C ကို အလိုအလျှောက် RUN မှာဖြစ်တယ်
www.polisen.se/stockholm ကိုဝင်ပြီး ဖတ်နိုင်ပါတယ်..။
အတတ်နိုင်ဆုံး မိမိသှူုယ်ချင်းတွေအားလုံးကို အမြန်ဆုံး လက်ဆင့်ကမ်းခဲ့နိုင်ရင်တော့ ဒီ ရန်ဆိုးကလွတ်ကင်းကြမှာဖြစ်တယ်လို့
လည်း ပြောထားတာပါ..။
အောက်ဆုံးမှာတော့ ဆက်သွယ်မေးမြန်းနိုင်တဲ့ လိပ်စာနဲ့ဖုံး နံပါတ်လည်းပါပါတယ်။

ရန်ကုန်ရောက်နေသည့် အမေရိကန်အရာရှိ စီအာပီပီနှင့် တွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင်ဘလိပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မတွေ့ဆုံမီ ပြည်သူ့လွှတ်တော်ကိုယ် စားပြုကော်မတီ (စီအာပီပီ) နှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် (၃) ဦးနှင့်လည်း ရန်ကုန်မြို့တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

စီအာပီပီအကြောင်းတင်ပြ

ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သောကိစ္စများ၊ စီအာပီပီ၏ အကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများနှင့် စပ်လျဉ်းသည့် အမေရိကန်သဘောထားနှင့် စီးပွားရေးပိတ်ဆို့မှု အပြောင်းအလဲ ရှိလာပါက တိုင်းရင်းသားအဖွဲ့များ၏ သဘောထားစသည်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ စီအာပီပီ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ခေတ်ပြိုင်သို့ ပြောသည်။

“စီအာပီပီ ဘယ်လိုဖွဲ့စည်းတယ်။ စီအာပီပီ ရဲ့ ရည်ရွယ်ချက်ကဘာ။ နောက် ဘယ်လိုလှုပ်ရှားခဲ့တယ်။ အဲဒါတွေကို အကုန်ရှင်းပြတာပေါ့။ နောက် ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ စီအာပီပီရဲ့ သဘောထား၊ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား။ အဲဒါတွေကို ရှင်းပြခဲ့တာ။ စီအာပီပီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီတွေကို စစ်အစိုးရကနေ အာဏာလွှဲပြောင်းမှုမလုပ်တဲ့အတွက် နောက်ဆုံး ၁၉၉၈ မှာ စီအာပီပီကို ဖွဲ့လိုက်ရတဲ့အကြောင်း။ နောက် စီအာပီပီရဲ့ ရည်ရွယ်ချက်ကတော့ လွှတ်တော်ပေါ်ပေါက်ရေး၊ လွှတ်တော်မပေါ်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်မယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ရပ်တည်လာတဲ့အကြောင်း၊ ခုထိ စီအာပီပီမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီများ၊ ပုဂ္ဂိုလ်များနဲ့ ဆက်လက်လှုပ်ရှားနေတဲ့အကြောင်း အဲဒါတွေကိုရှင်းပြတယ်” ဟု ဦးအေးသာအောင်က ရှင်းလင်းပြောဆိုသည်။

၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်

ဦးအေးသာအောင်က “၂၀၁၀ ရွေးကောက်ပွဲကို စဉ်းစားဖို့ဆိုတာ ၂၀၀၈ ခုနှစ်မှာ တဖက်သတ်လုပ်လိုက်တဲ့ ဖွဲ့စည်းပုံကြောင့် အဲဒီဖွဲ့စည်းပုံကိုသာ မပြင်ဘူး။ မဆွေးနွေးဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး။ မစဉ်းစားကြဘူးဆိုတဲ့အကြောင်း ပြောပြလိုက်တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအကြောင်း ပြောကြတဲ့အခါမှာ ဘာကြောင့်လက်မခံလည်းလို့မေးတယ်။ အဓိကက အဲဒီဖွဲ့စည်းပုံဟာ သူတို့ဟာ သူတို့ တဖက်သတ်လုပ်တယ်။ နောက်တခုက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားမယ့်ဖွဲ့စည်းပုံမဟုတ်ဘူး။ နောက်တခါ တိုင်းရင်းသားတွေ လိုလားတဲ့ Right ကို ဖော်ဆောင်ပေးမယ့် ဖွဲ့စည်းပုံမဟုတ်ဘူး။ ပြီးတော့ ဒီဖွဲ့စည်းပုံဟာ ပြင်ဆင်လို့ မရနိုင်အောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဖွဲ့စည်းပုံကို လက်မခံဘူးလို့ ရှင်းပြလိုက်တယ်” ဟု စီအာပီပီ နှင့် တိုင်းရင်းသားပါတီများ၏ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲအပေါ် ဆွေးနွေးခဲ့မှုများကို ရှင်းပြသည်။

စစ်အစိုးရထိခိုက်သည့် ဒဏ်ခတ်မှုကို စီအာပီပီကြိုဆို

အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှ ညွှန်ကြားရေးမှူး မစ္စတာစတီဖင်ဘလိပ်ဘက်မှ ဆွေးနွေးခဲ့မှုများ နှင့် စပ်လျဉ်း၍ “သူတို့က sanction နဲ့ ပတ်သက်လို့ ပေါ်လစီနည်းနည်းပြောင်းချင်တယ်လို့ပြောတယ်။ အဓိကက အစိုးရကိုသာ ထိခိုက်စေမယ်။ နောက် အစိုးရနဲ့ ပတ်သက်တဲ့ ကုမ္ပဏီကြီးတွေကိုသာ ထိခိုက်စေမယ်။ သာမန် ဆင်းရဲသား ပြည်သူတွေကို အကျိုးရှိမယ့် Sanction မျိုးလုပ်ခဲ့မယ်ဆိုရင် အဲဒါကို ဘယ်လိုသဘောထားလဲလို့ မေးတယ်။ ဆိုတော့ အန်ကယ်တို့က ဒီလိုဆိုရင်တော့ လက်ခံနိုင်တယ်လို့ပြောလိုက်တယ်” ဟု ဦးအေးသာအောင် က ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ စီအာပီပီမှ ဦးအေးသာအောင်နှင့် အတူ ဦးနိုင်ငွေသိမ်း၊ ဦးနိုင်ထွန်းသိမ်းတို့ တက်ရောက်ခဲ့ကြ သော်လည်း ဦးပူကျင့်ရှင်းထန်မှာ ခရီးလွန်နေသဖြင့် မတက်ရောက်ခဲ့ကြောင်း သိရသည်။

“သုံးဦးပဲတက်တယ်ဆိုပေမယ့် တိုင်းရင်းသားပါတီတွေအနေနဲ့က အားလုံးဒီသဘောပဲ။ သဘောတူညီချက်က တသဘောတည်းပဲရှိတယ်။ ဖွဲ့စည်းပုံကို ပြင်ရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်။ ဆွေးနွေးရမယ်။ အဲလိုဟာတွေမလုပ်ဘူးဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲကိုမစဉ်းစားဘူး။ အားလုံးအတူတူပဲ။ ဒီအချက်တွေကို တိုင်းရင်းသားပါတီတွေဘက်က ထုတ်ပြန်ပြီးပြီလေ” ဟု ဦးအေးသာအောင်က ဆိုသည်။ ( ခေတ်ပြိုင် )

သန်းရွှေက နံပါတ် ၎


၂၀၀၇ ခုနှစ်၊ စက်တင်ဘာ လက သံဃာတော်များ အရေး တော်ပုံတွင် ရက်စက်စွာ ပစ်ခတ် နှိမ်နင်းခဲ့ သောကြောင့် ကမ္ဘာ့ အဆိုး ရွားဆုံး ခေါင်းဆောင်များ စာရင်းတွင် တတိယ ချိတ်ဆွဲခဲ့သူ ဗိုလ်ချုပ် မှူး ကြီး သန်းရွှေသည် ၂၀၀၈ ခုနှစ်အတွက် နာဂစ် ဆိုင်ကလုန်း ဒဏ်ခံရ သည့် ဒုက္ခသည်များ ထံ နိုင်ငံတကာ အကူအညီ များကို အချိန်ဆွဲ နောက်ကျကာ ရောက်ရှိစေ ခဲ့သောကြောင့် ကမ္ဘာ့ အဆိုးရွားဆုံး အာဏာရှင် စတုတ္ထ နေရာကို ရရှိခဲ့သည်။

Wednesday, March 25, 2009

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ NLD ခေါင်းဆောင်ပိုင်းကို အမေရိကန်အရာရှိ သီးခြားစီတွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ဒေသဆိုင်ရာ အရာရှိတဦးဟာ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေကို အကဲခတ်ဖို့အတွက် အတိုက်အခံ နိုင်ငံရေးပါတီဝင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရင်း မြန်မာနိုင်ငံမှာ ရောက်နေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး ဖြစ်တဲ့ စတီဖင် ဘလိတ်ခ် (Stephen Blake) ဟာ ဒီကနေ့ ဆိုရင်လည်း ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုကော်မတီဝင်တွေနဲ့ ဌာနချုပ်မှာ တွေ့ဆုံခဲ့တာပါ။ ဒီအကြောင်းကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ် ဟာ ရန်ကုန်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီရုံးချုပ်မှာ ဗဟိုကော်မတီဝင်တွေ အပါအ၀င် ပါတီတာဝန်ရှိသူတချို့နဲ့ တွေ့ဆုံခဲ့တာပါ။ တနာရီကြာ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံက မပြေလည်နိုင်သေးတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ အန်အယ်လ်ဒီ က ပြောပါတယ်။ ဒါဟာဆိုရင် မကြာသေးခင်တုန်းကပဲ အာရှတိုက်ကို ခရီးထွက်လာရင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြန်ပြောင်း သုံးသပ် စဉ်းစားနေတယ်လို့ ပြောဆိုလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရဲ့ ခရီးစဉ်နောက်ပိုင်း အမေရိကန် အစိုးရ အရာရှိတဦး မြန်မာနိုင်ငံကိုသွားပြီး စစ်အစိုးရနဲ့ရော အတိုက်အခံနိုင်ငံရေး အင်အားစုတွေနဲ့ပါ တွေ့ဆုံမှုတခုလည်းဖြစ်ပါတယ်။ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်း ကတော့ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အမေရိကန် အစိုးရရဲ့ သဘောထားတွေကို အပြန်အလှန် ဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။

“ နိုင်ငံရေး အခြေအနေရ NLDက ဘာတွေလုပ်နေတယ်။ ဘာတွေ ဖြစ်နေတယ်လို့ ကျွန်တော်တို့က ပြောတယ်။ သူတို့ဘက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ပြောခဲ့တဲ့ ကိစ္စတွေကို ရှင်းပြတယ်။ နောက်ထပ်နည်းလမ်းသစ်တွေကို ရှာတုန်း ဘယ်တော့ ဖြစ်မယ်ဆိုတာ တိတိကျကျတော့ မပြောနိုင်ဘူး။ ကျွန်တော်တို့ဘက်က CEC ၇ ယောက်၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွှန့်ဝေ၊ ဦး သန်းထွန်းဦး၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ နောက် ပြန်ကြားရေး အနေနဲ့ ကျွန်တော်ရယ်၊ ဦးဟန်သာမြင့်ရယ်၊ ဒေါက်တာ သန်းငြိမ်းရယ်တို့ ပါတယ်။ သူ့ခရီးစဉ်က အာစီယံ နိုင်ငံတွေဖြစ်တဲ့ လာအိုတို့ ၊ ဗီယက်နမ် သူတို့ နဲ့ သက်ဆိုင်တဲ့ကိစ္စမို့ သူ့လာချင်တာ ကြာပြီပေါ့။ အခု အခွင့်အရေးရတုန်းလာတယ်။”

လာမယ့်နှစ်မှာ ရွေးကောက်ပွဲက လုပ်တော့မှာမို့ နိုင်ငံရေးရပ်တည်ချက်တွေမျိုးကိုရော ပြောဆိုဆွေးနွေးတာတွေ ရှိပါသလားခင်ဗျ။

ဟုတ်ပါတယ်။ အဲဒီ ရပ်တည်ချက်တွေလည်း ဆွေးနွေးတယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရွေးကောက်ပွဲကိစ္စကို အာဂျင်ဒါထဲမှာ မထည့်ရသေးဘူး။ ကျွန်တော်တို့ အဓိက ထားနေတာက ကျွန်တော်တို့ တောင်းဆိုထားတဲ့ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ပဲ။ ဒါဟာ သိပ်အရေးကြီးတယ်။ ဒါကိုပဲ လောလောဆယ် ဦးစားပေး စဉ်းစားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲတာတွေ ဘာမှ မရှိရင်တော့ ကျွန်တော်တို့အတွက် စဉ်းစား ဆုံးဖြတ်ရတာ အခက်အခဲတွေ ရှိမယ်။ သို့သော် ဆုံးဖြတ်ရမှာပဲလို့ ဆွေးနွေးခဲ့ပါတယ်။ သူတို့ အမေရိကန် အနေနဲ့ ဆောင်ရွက်ဖို့ အကြံပြုချက်တွေ ရှိရင်လဲ အကြံပြုချက်တွေလည်း လိုချင်ပါတယ်လို့ ဆွေးနွေးသွားပါတယ်။ ကျွန်တော်တို့ အမြင်ချင်း ဖလှယ်လို့ရတယ်။ သူတို့ နိုင်ငံကြီးတွေအနေနဲ့ သူတို့အမြင်တွေကို ကြားရတာကို အမြဲတမ်း ကြိုဆိုတယ်။ ပိုပြီးတော့လည်း နိုင်ငံရေး အခြေအနေကို သုံးသပ်လို့ ရတာပေါ့။”

တနင်္ဂါနွေနေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ စတီဖင် ဘလိတ် ဟာ ဒီကနေ့ ခရီးစဉ် အဆုံးသတ်ဖို့ ရှိတယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကပြောပါတယ်။ အင်္ဂါနေ့မှာတုန်းကတော့ သူဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း နဲ့ တွေ့ဆုံခဲ့ပြီးတော့ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အစိုးရပိုင် သတင်းတွေမှာတော့ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနဲ့ အကျိုးတူ ကိစ္စတွေကို ဆွေးနွေးတယ်လို့သာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ အမေရိကန် အစိုးရက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ဖို့ ပျက်ကွက်တယ် ဆိုပြီးတော့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို ခံနေရတဲ့ နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Tuesday, March 24, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်အမှတ် ( ၄ / ၀၃ / ၀၉ )

ဒေါ်စုကိုဖမ်းဆီးမှု ဥပဒေနဲ့မညီ ကုလ လူ့အခွင့်အရေးအဖွဲ့ အသိအမှတ်ပြု

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီးထား
တာဟာ မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတာကို
လက်ခံသဘောတူတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ arbitrary
detention ခေါ် ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို စုံစမ်းရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့က
ကြေညာချက်ထုတ်ပြန်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါ
တယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ arbitrary detention ခေါ် ဥပဒေမဲ့ ဖမ်းဆီးမှု
တွေကို စုံစမ်းစစ်ဆေးတဲ့ အလုပ်အမှုဆောင်အဖွဲ့က ပထမဆုံးအကြိမ်အဖြစ်
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ သူတို့ဘက်က သဘော
ထားကို တုံ့ပြန်ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ရှေ့နေလိုက်ပေးနေတဲ့ အမေရိကန်အခြေစိုက်
Freedom Now အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီးထားတာဟာ
ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတာကို ကုလသမဂ္ဂကို
တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီလိုထုတ်ပြန်ချက်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘယ်လောက်
ထိ အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ဦးဆောင်
လိုက်ပေးနေတဲ့ Freedom Now အဖွဲ့က ရှေ့နေ ဂျားရက်ဒ် ဂျန်ဆာ (Jared Genser)
က အခုလိုရှင်းပြပါတယ်။

“ရှေ့ကို ဆက်ပြီး အလုပ်လုပ်ဖို့အတွက် အဆင့်လေးတခုအနေနဲ့ အရေးကြီးတယ်ဆိုတာ
ရှင်းပါတယ်။ ဒီ ကုလသမဂ္ဂအဖွဲ့မှာ အကဲဖြတ်တဲ့ တရားသူကြီး ၅ ယောက် ပါပါတယ်။
ချီလီ၊ ပါကစ္စတန်၊ ရုရှား၊ ဆီနီဂေါနဲ့ စပိန်တို့ကပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ
နိုင်ငံတွေကတင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံနေရတာကို စိုးရိမ်တယ်လို့
ပြောလာကြတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွေက
လည်း နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ပြောဆိုနေပါတယ်။

“စစ်အစိုးရက ဒီအဖွဲ့ကပြောတာကို ဂရုစိုက်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့သိပါတယ်။
ဒါပေမယ့် ကျနော်တို့တင်ပြနေတဲ့ အချက်တွေကို လက်ခံလာတာ ထင်ရှားတဲ့အတွက်
ဒါဟာ ရှေ့ဆက်ဖို့အတွက် ထူးခြားတဲ့တိုးတက်မှုလို့ ကျနော်မြင်ပါတယ်” ဆိုပြီး
Freedom Now အဖွဲ့က ရှေ့နေ ဂျားရက်ဒ် ဂျန်ဆာက ပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ ဖမ်းဆီးထားတာက နိုင်ငံတကာဥပဒေကို
ချိုးဖောက်မှုဖြစ်တယ်၊ ကုလသမဂ္ဂက လက်ခံထားတဲ့ ဥပဒေတွေအရရော၊ မြန်မာနိုင်ငံ
အတွင်းက ဥပဒေတွေနဲ့ပါ ကိုက်ညီမှုမရှိဘူးဆိုတာ အထောက်အထား ပိုပြီးခိုင်မာ
လာခဲ့ပါတယ်လို့ ရှေ့နေ ဂျားရက်ဒ် ဂျန်ဆာက ပြောဆိုသွားပါတယ်။ ( ဗွီအိုအေ )

Monday, March 23, 2009

Yမြစ်ချို...မင်္ဂလာရှိသောမေမေ

ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုတ်ရှားမှု့ ( ကိုရီးယား ) ဒုတိယအကြိမ်


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

Sunday, March 22, 2009

မစုစုနွေး ကလေးထောင်တွင် ကျန်းမာရေးဆိုးဝါးနေ


စစ်အာဏာ ပိုင်များက ထောင်ဒဏ် နှစ်ရှည်ချမှတ် ထားပြီး ဝေးလံသည့် ကလေးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့ ခံထားရသော လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ ကျန်းမာရေး ဆိုးဝါး၍ ကလေးမြို့ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူရကြောင်း သိရသည်။

“သူ့ကျန်းမာရေးက ထောင်ထဲမှာ တော်တော်ဆိုးနေတာ၊ ဘာဖြစ်လို့လည်း ဆိုတော့ သူ့မှာ နှလုံးရောဂါ ဖြစ်နေ တာ၊ ထောင်ထဲမှာ အနေများတာလည်းပါတယ်”ဟု ကလေးမြို့ အကျဉ်းထောင် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦး ကပြောပြသည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရဖူးကြောင်း အစ်မ ဖြစ်သူ မဌေးဌေးကြည်က ပြောသည်။

“အခုလိုဖြစ်တယ်ဆိုရင်တော့ သူ့ကျန်းမာရေးကို ကျမတို့ စိုးရိမ်တယ်၊ ဒီလမကုန်ခင်သူ့ဆီကို ကျမတို့ သွားတွေ့ မယ်”ဟု မဌေးဌေးကြည်က ဧရာဝတီိသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခဲ့ပြီးနောက် ယခုလ ၁၅ ရက်နေ့က ထပ်မံ သွားရောက်ရန် စီစဉ်ထားသော်လည်း ငွေကြေး စရိတ်စက အခက်အခဲရှိ၍ မသွားရောက်နိုင်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

မစုစုနွေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အဖွဲ့ဝင် တဦးဖြစ်ပြီး ၂၀၀၇ ခု စက်တင်ဘာသံဃာ့ အရေးအခင်းနှင့်ပတ်သက်၍ စစ်အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၂ နှစ် ခွဲ ချခံထားရသူဖြစ်သည်။ ၎င်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ လအတွင်းက ကလေးထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ( ဧရာဝတီ )

Saturday, March 21, 2009

ကိုဇာဂနာ့ မိခင် ဈာပနအခမ်းအနားမှ ဓါတ်ပုံများ

န.အ.ဖ တို့ ထပ်လုပ်ချလိုက်ပြန်ပြီ

ကိုဇာဂနာ့မိခင် သခင်မကြီး ဒေါ်ကြည်ဦး ကွယ်လွန်


အကျဉ်းချခံနေရတဲ့ နိုင်ငံကျော်လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ ရဲ့ မိခင် သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦး ဟာ ဒီကနေ့ ညနေမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ စာရေးဆရာမကြီး ယုဝတီ ကြည်ဦးရဲ့ နာရေးနဲ့ ပတ်သက်လို့ စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

မြစ်ကြီးနားထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ ရဲ့ မိခင်လည်းဖြစ်၊ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ ရဲဝံ့ထင်ရှားတဲ့ သခင်မကြီးတဦးလည်းဖြစ်တဲ့ ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီ ကြည်ဦး ဟာ ဒီကနေ့ ည ၈ နာရီကျော်က ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ည ၈ နာရီ ၁၅ မိနစ်မှာ ဆုံးသွားပါတယ်။ ဒီနေ့ည ပေါ့။ သည်းခြေပြွန်ကင်ဆာ နဲ့ ဆုံးသွားပါတယ် ခင်ဗျာ။ အဲဒါ ကျနော်တို့ လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းကပေါ့။ အစာ မစားဘူး၊ အစာ မစားဘူးဆိုပြီးတော့ ဖြစ်တယ်ပေါ့နော်။ အဲဒီကနေ စသွားတာပါ။ ကျနော်တို့ အခုလောလောဆယ်တော့ ဘာမှမလုပ်ရသေးဘူး ခင်ဗျ။ အခုမှ ဆုံးတာဆိုတော့ ပြင်တုန်းပဲ ရှိပါ သေးတယ်။”

လွန်ခဲ့တဲ့ သုံးလကျော်လောက်ကတည်းက မနာမကျန်း ဖြစ်နေခဲ့ပြီးတော့ ပြီးခဲ့တဲ့လက ဗဟိုစည်ဆေးရုံမှာ တင်ခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ဆေးရုံကနေ အိမ်ကိုပြန်ခေါ်လာပြီး ဒီကနေ့ညမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

စာရေးဆရာမကြီး ကြည်ဦး ဟာ ပြီးခဲ့တဲ့နှစ် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲ အချိန်တုန်းက လူထုအနေနဲ့ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေတွေအပေါ် သုံးသပ်ရင်း အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ဖို့ ဗွီအိုအေကို ပြောခဲ့တဲ့အသံ အပိုင်းအစလေးတခုကိုလည်း အမှတ်တရ ထုတ်လွှင့်ပေးချင်ပါတယ်။

“သူတို့ရဲ့ အားပေးထောက်ခံမှု၊ မှန်ကန်စွာ ဆုံးဖြတ်နိုင်မှု၊ လူထုရဲ့ အသိဉာဏ် ရှိဖို့ လူထုရဲ့ စဉ်းစားတွေးခေါ်မှုဟာ အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့် အရေးကြီးလဲဆိုတော့ ကျမတို့က တနေ့တရက် အတွေ့အကြုံလည်း မဟုတ်ဘူး။ တလနှစ်လ အတွေ့အကြုံလည်း မဟုတ်ဘူး။ အတွေ့အကြုံတွေ များလှပါပြီ။”

ဒါကတော့ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦး ဖြစ်ပါတယ်။ အသက် ၈၄ နှစ်အရွယ် ဆရာမကြီး ကြည်ဦး ဟာ သားဖြစ်တဲ့ ကိုဇာဂနာ ရဲ့ နိုင်ငံရေး လူမှုရေး တက်ကြွမှုတွေကြောင့် မကြာခဏ ဖမ်းဆီးခံဘ၀ကို ဂုဏ်ယူစွာ ရင်ဆိုင်ခဲ့တဲ့ မိခင်တဦး ဖြစ်သလို နောက်ဆုံးအချိန်အထိ သားဖြစ်တဲ့ ကိုဇာဂနာ ကို တွေ့ခွင့်ရပေမဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ ( ဗွီအိုအေ )

အကျဉ်းကျခံနေရသော နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာ(ကိုသူရ) ၏ မိခင် ဒေါ်ကြည်ဦး ကွယ်လွန်သွားပါသဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
( ပျံသန်းနေသောခွပ်ဒေါင်းတစ်ကောင် )

Friday, March 20, 2009

လူရွှင်တော်ဇာဂနာ ခဲဆိပ်သင့်ဝေဒနာ ခံစားနေရ

မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် လူရွှင်တော်ဇာဂနာသည် ထောင်တွင်း၌ ခဲဓာတ်ပါသည့်ရေကို သောက်သုံးနေရပြီး ခဲဆိပ်သင့်ဝေဒနာ ခံစားနေရကြောင်း မတ်လ (၁၁) ရက်က ထောင်ဝင်စာသွားတွေ့သည့် ခယ်မ မငြိမ်းက ပြောဆိုသည်ဟု မိသားစုဝင်တဦးက ပြောသည်။

၎င်းက “မငြိမ်းက မြစ်ကြီးနားကို (၁၁) ရက်နေ့မှာ သွားတယ်။ (၁၁) ရက်နေ့မှာပဲ ထောင်ဝင်စာတွေ့ခွင့်ရတယ်။ ယူသွားတဲ့ ဂျာနယ်တွေ၊ စာအုပ်စာတမ်းတွေကိုလည်း ပေးခွင့်ရတယ်။ အသားမည်းလာတာကလွဲရင် ကိုသူရ ကျန်းမာရေး ကောင်းတယ်။ ဒါပေမယ့် ထောင်ထဲမှာ ခဲဓာတ်ပါတဲ့ရေကို နေ့စဉ်သောက်နေရတော့ ခဲဆိပ်သင့်တဲ့ ဝေဒနာတမျိုး ခံစားနေရတယ်လို့ ကိုသူရက ပြောတာ မငြိမ်းက ပြန်ပြောတယ်” ဟု ပြောသည်။

၎င်းတို့ မိသားစုဝင်များအနေဖြင့် ခဲဓာတ်ပါသည့်ရေကို သောက်သုံးပြီးနောက် ဖြစ်သည့် ခဲဆိပ်သင့်ဝေဒနာ ဆိုသည်ကို သိပ်နားမလည်ကြောင်း၊ ထို့ကြောင့် ကိုသူရအား မည်သို့ လုပ်ကိုင်ပေးရမည်ဆိုသည်ကို နားလည်သည့် ဆရာဝန်ကြီးများကို ပြောပြအကူအညီတောင်းထားကြောင်းလည်း ပြောသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံရပြီး မကြာသေးခင်ကမှ မြစ်ကြီးနားထောင်က ပြန်လွတ်လာသည့် ဒေါက်တာ ဇော်မြင့်မောင်သည်လည်း အဆိုပါ ခဲဓာတ်ပါသည့် ရေကို နှစ်ပေါင်းများစွာ သောက်သုံးခဲ့၍ ကျန်းမာရေး ထိခိုက်ခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားထောင်တွင် ထောင်ကျနေသည့် ကိုသူရကို အစ်ကိုဖြစ်သူ ကိုတေဇက ပြီးခဲ့သည့် မတ်လ (၃) ရက်က ထောင်ဝင်စာသွားတွေ့ခဲ့သော်လည်း တွေ့ခွင့်မရကြောင်း၊ အကျဉ်းထောင်အာဏာပိုင်များက ကိုသူရသည် အမှတ် (၅၄) ရှမ်းကုန်းလမ်း၊ စမ်းချောင်းတွင် နေထိုင်သူဖြစ်ပြီး အဆိုပါနေအိမ်၌ ဖမ်းဆီးခဲ့၍ ယင်းနေအိမ် အိမ်ထောင်စုဇယားပါ မိသားစုဝင်မှသာ တွေ့ဆုံခွင့်ရမည့်အကြောင်း ပြောသည်ဟု သိရသည်။

ယခုအချိန်၌ ကိုသူရ၏ မိခင်ကြီး ဒေါ်ကြည်ဦး အသည်းအသန် မကျန်းမမာ ဖြစ်နေပြီး ဆေးရုံမှ အိမ်သို့ ပြန်လည် ခေါ်ထားရသည့်အတွက် မိခင်ကြီး၏ ကျန်းမာရေး နောက်ဆုံးအချိန် ကိုသူရနှင့် တွေ့ခွင့်ရရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြတောင်းဆိုထားကြောင်း မိသားစုဝင်တဦးက ပြောသည်။

အင်းစိန်ထောင်မှလွဲ၍ မြန်မာနိုင်ငံအနှံ့က စစ်အစိုးရအကျဉ်းထောင်များ သောက်ရေသန့် သောက်သုံးသည့် အလေ့အထမရှိဘဲ ထောင်တွင်းတူးဖော်ထားသည့် ရေတွင်းများမှ ရေကိုသာ သောက်သုံးလေ့ရှိသည်။ အကျဉ်း ထောင်အများစုကို မြန်မာနိုင်ငံအား ဗြိတိသျှ အစိုးရ အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားများ သောက်သုံးသည့်ရေထဲတွင် ခဲဓာတ်ပါဝင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်ပေါ်ခဲ့သော်လည်း အစိုးရ တာဝန်ရှိသူများက စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်ညီမညီ၊ သောက်သုံးရန် သင့်မသင့် စသဖြင့် သတင်းထုတ်ပြန်ခြင်း မျိုးလည်း မရှိဘူးဟု အကျဉ်းဦးစီးဌာန အရာရှိတဦးက ပြောသည်။

ကိုသူရခေါ် ဇာဂနာသည် နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများကို ကယ်ဆယ်ရေး လုပ်ခဲ့ခြင်းကြောင့် စစ်အစိုးရက အခြားသော ပုဒ်မများ တပ်ပြီး ထောင်ဒဏ် (၅၉) နှစ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း အယူခံဝင်သည့် အတွက် ထောင်ဒဏ် (၂၄) နှစ် လျှော့ချခံရပြီး လက်ရှိ ထောင်ဒဏ် (၃၅) နှစ်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းကျခံနေရခြင်းဖြစ်သည်။ ( ခေတ်ပြိုင် )

ကိုဇာဂနာ အမှတ်တရ သူတောင်းစားညီလာခံ

Thursday, March 19, 2009

အင်န်အယ်ဒီရဲ့ “လူငယ်နဲ့ သတင်းစာပညာ” ဟောပြောပွဲကျင်းပ

မတ်လ ၁၇ က ရန်ကုန်မြို့၊ ပါတီဌာနချုပ်မှာ ကျင်းပတဲ့ လူငယ်ပညာပေးဟောပြောပွဲအစီအစဉ်တခုအဖြစ် လူငယ်နဲ့ သတင်းစာပညာဟောပြောပွဲကို ကျင်းပခဲ့ရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးအုန်းကြိုင်က ဟောပြောခဲ့ပြီး လူငယ်အဖွဲ့ဝင်တို့က ၀ိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ ( မိုးမခ )


ကိုဖိုးဖြူကို ထောင်ချလိုက်သည့် ပုဒ်မများသည် ဖျက်သိမ်းသင့်သည့် ဥပဒေများဖြစ်သည်ဟုဆို

နိုင်ငံရေးအမှုများကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် လူငယ်ရှေ့နေ ကိုဖိုးဖြူကို ထောင်ဒဏ်ချမှတ်လိုက်သည့် ဥပဒေသည် တရားမျှတမှုမရှိသည့်အပြင် ဖျက်သိမ်းသင့်သည့် ဥပဒေများဖြစ်သည်ဟု ဆိုသည်။

မကွေးတိုင်းတရားရုံးအတွင်း အထူးခုံရုံး၌ ယမန်နေ့က ထောင်ဒဏ်လေးနှစ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ၎င်း၏လုပ်ဖောက်ကိုင်ဖက် တဦးဖြစ်သူ ရှေ့နေ ကိုစောကျော်ကျော်မင်းက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

“ကိုဖိုးဖြူကို အခုချလိုက်တာက အသင်းအဖွဲ့ပုဒ်မ (၆) လား၊ ဒါမှမဟုတ် မတရားအသင်းဆက်သွယ်မှု (၁၇/၁)၊ (၁၇/၂) လားဆိုတာကို ကွဲကွဲပြားပြား မသိရဘူးဖြစ်နေတယ်၊ ဒါပေမဲ့ အဲဒီပုဒ်မတွေ နှစ်ခုစလုံးက ပြင်ဆင်ဖျက်သိမ်းသင့်တဲ့ ပုဒ်မတွေပါ” ဟု ပြောသည်။

ကိုဖိုးဖြူအား ယခုခဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းကို မိသားစုဝင်များကလဲ သိခွင့်မရသေးဘဲ အတည်မပြုနိုင်သေးသည့် သတင်းအရ သရက်ထောင်တွင် ထားရှိသည်ဟု မကွေးမြို့ခံတဦးက ပြောသည်။

ကိုဖိုးဖြူသည် မကွေးတိုင်းမှ လယ်မြေသိမ်းဆည်းခံရမှုကို (ILO) သို့ တိုင်ကြားခဲ့သည့်အတွက် အဖမ်းခံခဲ့ရသည့် အောင်လံမြို့မှ ကိုဇော်ဌေးအမှုကို လိုက်ပါဆောင်ရွက်ပေးနေစဉ် ဖမ်းဆီးခံရပြီး ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ လူငယ်ရှေ့နေ ကိုညီညီထွေးကိုလဲ ထောင်ဒဏ်များချမှတ်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာသည့် လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်းကိုလဲ မျက်ကွယ်ထောင်ဒဏ် (၆) လ ချမှတ်ထားသည်။ ( ရိုးမ ၃ )

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူမရှိဘူးလို့ မြန်မာသံအမတ်ကြီး ထုချေ

စစ်တပ်အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော် လွှတ်ပေးပါလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးက စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အရင်လက မြန်မာနိုင်ငံကို သွားရောက်လေ့လာပြီးတဲ့နောက် ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်း အဝေး ပွဲသို့ အင်္ဂါနေ့က တင်သွင်းလိုက်တဲ့ အစီရင်ခံစာထဲမှာ ကုလသမဂ္ဂ စုံစမ်းရေးမှူး တိုမက်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အဲဒီလို တိုက်တွန်းလိုက်တာပါ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးဝဏ္ဏမောင်လွင် ကတော့ မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် ထောင်ကျခံရသူ မရှိဘဲ ဥပဒေချိုးဖောက်လို့ ထောင်သွင်းအကျဉ်းကျခံနေကြရသူတွေသာ ဖြစ်ကြတယ်လို့ ဆိုပြီး မစ္စတာ ကင်တားနား ရဲ့ စွဲချက်များကို ချေပသွားပါတယ်။

အင်္ဂါနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့ရဲ့ အဖွဲ့ဝင် ၅ ယောက် အဖမ်းခံရ တယ်လို့ ကြေညာပါတယ်။ ဘာကြောင့် အဖမ်းခံရတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၁၉ နှစ်အတွင်း ၁၃ နှစ်လောက် နေအိမ်အကျယ်ချုပ် ချခံနေရတာပါ။

အရင်လထဲမှာ စစ်အစိုးရက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆,၃၁၃ ယောက် လွှတ်ပေးတဲ့အထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၂၉ ယောက် ပါဝင်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူးက ကြိုဆိုပေမဲ့လို့ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူးလို့လည်း ဝေဖန်ခဲ့ဖူးပါတယ်။ ( ဗွီအိုအေ )

Wednesday, March 18, 2009

ဒေါ်စုအကျယ်ချုပ်အမှု အယူခံ နောက်တကြိမ်တင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့အပေါ် စဉ်းစား သုံးသပ်ဖို့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက တင်ပြထားပေမဲ့လည်း အခုဆို လအတန်ကြာလာတဲ့အထိ ထူးခြားမှုတွေ မတွေ့ ရသေးဘူးလို့ ရှေ့နေတွေက ဆိုပါတယ်။ ဒီနှစ်ထဲမှာပဲ သက်တမ်းတိုး ချုပ်နှောင်ထားတာ ၅ နှစ်ပြည့်တော့မှာ ဖြစ်ပေမဲ့ ဒီလို ထိန်းသိမ်းထားတဲ့အပေါ် ပြန်လည်စဉ်းစားဖို့ လျှောက်ထားတဲ့အပေါ် ဘာမှ တုံ့ပြန်လာတာမရှိသေးတာမို့ ရှေ့နေတွေ က စစ်အစိုးရ အာဏာပိုင်တွေကို နောက်ထပ် အကြောင်းကြားခဲ့တယ် လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက် ထိန်းသိမ်းထားတဲ့ ကိစ္စ ပြန်ပြီးရုပ်သိမ်းပေးဖို့အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက မြန်မာစစ်အစိုးရ ဆီကို အယူခံလွှာ တင်သွင်းထားပေမယ့်၊ ရေရေရာရာ တုံ့ပြန်မှုမျိုး မရှိသေးတာကြောင့် ဥပဒေအကျိုးဆောင်တွေက နောက်ထပ်စာတစောင် ဒီတပတ်ထဲမှာပဲ ထပ်ပြီးပေးပို့ခဲ့တာပါ။ အယူခံလွှာတင်ထားတာ လပေါင်း အတော်ကြာလာတဲ့နောက်၊ ဒီနှစ်ဆန်းပိုင်းမှာမှ အာဏာပိုင်တွေက နေပြည်တော်ကို လာပြီး ရှေ့နေချုပ်ရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ ဥပဒေအကျိုးဆောင်တွေကို ဆင့်ခေါ်ခဲ့တာ တခုကလွဲလို့ ဘာမှ မထူးခြားသေးတာမို့၊ ဒီကိစ္စကို အမြန်ဆုံး ကြားနာပေးဖို့အတွက် ထပ်ပြီး အကြောင်းကြားရတာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးကြည်ဝင်း က ပြောပါတယ်။

“ကျနော်တို့ အယူခံ တင်ထားပါတယ်။ ဘယ်နေ့ကတည်းက တင်ထားပါတယ်၊ အခု ဘယ်လောက်အချိန် ရှိသွားပါပြီ၊ ဒါကြောင့်မို့လို့ အဲဒီအယူခံကို ကြားနာပေးပါ။ အဲဒီမကြားနာခင်လည်း ဖြစ်နိုင်ရင် ဒေါ်စု နဲ့ တွေ့ဆုံခွင့်ပေးပါ။ အဲဒါ ကျနော်တို့ က တင်တာပါ။ ၉ ရက် ၁၀ လ ၂၀၀၈ က တင်ထားတာ။ အခု ကျနော်တို့ စာတင်လိုက်တော့ ၅ လ ကျော်နေပြီ။ ၅ လ ကျော် လာတာက တပိုင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချုပ်တဲ့ရက်ကလည်း ၂၀ ရက် ၅ လ ၂၀၀၉ ဆိုရင် ကုန်ပြီ။ ကုန်တော့ ရက်ပေါင်းက ၇၅ ရက် ကျန်တော့တယ်။ ဒါက အဲဒီရက်က။ အခုဆိုရင် ပေါင်း ၇ ရက်ပဲ ကျန်တော့တယ်။ နိုင်ငံသားတယောက်ကို အခွင့်အရေးတွေ ဘာတွေ ကန့်သတ်တာလည်း သတ်ပေါ့လေ။ ချုပ်ချယ်ပေမဲ့ အခြေခံအားဖြင့်က တော့ လူတယောက်ကို ထုချေခွင့်ပေးရမယ်။ ဖြေရှင်းခွင့် ပေးရမယ်။ ဒါက ဘယ်ဥပဒေမှာ ကြည့်ကြည့်၊ ဘယ်စနစ်မှာ ဖြစ်ဖြစ်၊ ဘယ်ဖွဲ့စည်းပုံမျိုး ထပ်ထုတ်ဦး၊ ခုခံချေပခွင့်ဆိုတာတော့ ပေးကို ပေးရမယ့်ဥစ္စာ။ အခုဟာက ခုခံချေပခွင့် မပေးတဲ့ သဘော ဖြစ်နေတယ်။”

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအပေါ် အခုလို အရေးယူဖမ်းဆီးမှုတွေ ရှိနေတာ၊ ဒီလို ဖမ်းဆီးချုပ်နှောင်ရာမှာလည်း ဥပဒေနဲ့ အညီဆောင်ရွက်တာတွေ မရှိဘူးဆိုပြီး ကုလသမဂ္ဂအပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်မှုတွေလည်း ရှိနေတာပါ။ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် အိုဟေး ကင်တားနား ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ လကပဲ မြန်မာနိုင်ငံကို ၆ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့တုန်းက မြန်မာနိုင်ငံက တရား စီရင်မှုတွေနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းဖို့ ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က တော့ သူတို့အနေနဲ့ ဥပဒေနဲ့အညီ စီရင်မှုတွေသာ ရှိတယ်၊ ပြစ်ဒဏ်ပေးခံရသူတွေ အနေနဲ့လည်း အယူခံပိုင်ခွင့်တွေ ပေးထားတယ်ဆိုပြီး တုံ့ပြန်ထားတာပါ။ ဒါပေမဲ့လို့ လွန်ခဲ့တဲ့ ၁၉ နှစ်တာကာလအတွင်း ၁၄ နှစ်လောက် ဖမ်းဆီးခံနေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အခုလည်း ဆက်လက် ချုပ်နှောင်ထားတဲ့အပေါ် ဥပဒေအကျိုးဆောင် ဦးကြည်ဝင်း က ပြောတဲ့ နေရာမှာတော့ -

“ကုလသမဂ္ဂက သုံးကြိမ်သုံးခါ ဟုတ်လား၊ ကုလသမဂ္ဂ ဆိုတာကလည်း အဲဒီမှာ ကော်မီတီတခု ရှိတယ်လေ။ အဲဒီ ကော်မီတီ ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဟိုး ပထမအကြိမ်၊ ပထမအကြိမ်ဆိုတာက ၁၉၈၉ ခုနှစ်တုန်းက ချုပ်တဲ့အချိန် ဒါက တကြိမ်။ နောက်တခါ ၂၀၀၀ ပြည့်နှစ်မှာတကြိမ်၊ နောက် အခု ၂၀၀၃၊ ၂၀၀၄ မှာ။ အကုန်လုံးကို Arbitrary Detention ပါဆိုပြီးဆုံးဖြတ်ရင် ဥပဒေမှာတော့ Arbitrary Detention ဆိုတာ ရှိတယ်။ Arbitrary အဘိဓါန်မှာရှာကြည့်ရင် အဓိပ္ပါယ်ကို သုံးလေးငါးမျိုးလောက် ထွက်တယ်။ အဲဒီအထဲမှာ အယဉ်ကျေးဆုံးကတော့ ဆန္ဒာဂတိလိုက်ပြီးတော့ ချုပ်နှောင်ခြင်းတဲ့။ ဆန္ဒာဂတိ။”

၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စည်းရုံးရေးခရီးစဉ်ကို အစိုးရ ကျောထောက် နောက်ခံ ပေးထားသူတွေက တိုက်ခိုက်ခဲ့တဲ့နောက်၊ အရေးပေါ် စီမံမှုဥပဒေပုဒ်မ ၁၀-က နဲ့ နေအိမ်မှာ ဆက်လက် ချုပ်နှောင်ထားခဲ့တာပါ။ ဒါပေမဲ့လို့ ဒီဥပဒေအရ ၅ နှစ်ထက် ပိုမိုချုပ်နှောင်ခွင့် မရှိသလို ဥပဒေရဲ့ ပြဋ္ဌာန်းချက် အပေါ်မှာ လည်း ရှေ့နေတွေက ခုခံချေပဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Tuesday, March 17, 2009

မြန်မာအတိုက်အခံ လှုပ်ရှားသူအချို့ ဖမ်းဆီးခံရ

ဖမ်းဆီးထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့၊ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖိနှိပ်တာ တွေ မလုပ်ဖို့ တိုက်တွန်း တောင်းဆိုသံတွေ ကြားကပဲ အာဏာပိုင်တွေဘက်က ဖမ်းတာဆီးတာတွေကို ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေဆဲပါ။ မနေ့ညကဆိုရင်လည်း အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျန်းမာရေး ယိုယွင်းနေသူတဦးကိုပါ အကျိုးအကြောင်း ဘာမှန်းမသိရဘဲ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖမ်းထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ ပြောဆို နေချိန်မှာ ပြန်လွှတ်ပေးဖို့ထက် နောက်ထပ် ဖမ်းတာဆီးတာတွေကိုလည်း ဆက်လုပ်နေတာပါ။ ဒီရက်ပိုင်းမှာ ဆိုရင်လည်း ဆက်တိုက်ဆိုသလို အဖမ်းအဆီးတွေ လုပ်လာနေတဲ့ နေရာမှာ အများစုဟာဆိုရင် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီဝင်တွေပါ။ ဒီအထဲကမှ အခုနောက်ဆုံး ဖမ်းဆီးခံခဲ့ရသူ အဲန်အယ်လ်ဒီ ပါတီဝင်တဦးဖြစ်တဲ့ ဒဂုံမြို့နယ်က ဦးကြည်လွင် ဟာဆိုရင်လည်း ကျန်းမာရေး ချို့တဲ့ပြီး လေဖြတ်နေတဲ့ကြားက အာဏာပိုင်တွေက လာဖမ်း သွားတာလို့ မိသားစုဝင်တွေက အကြောင်းကြားခဲ့လို့ အဲန်အယ်လ်ဒီက သိရတဲ့အကြောင်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“တောင်ဒဂုံက အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဦးကြည်လွင် မနေ့ညက အဖမ်းခံရပါတယ်။ ဒီ့မတိုင်ခင်ကလည်း ပထမ ကြားတာ က ဒေါ်စန်းစန်းမြင့် ခေါ် မချို အဲန်အယ်လ်ဒီ ကပါပဲ။ သူတို့တွေ သွားလာလှုပ်ရှားနေတာ ကျနော်တို့မျက်စိရှေ့မှာတော့ ဘာမှ ငြိစွန်းတာ မရှိဘူး။ ဒါပေမဲ့ ဘယ်အပေါ်မှာ မူတည်ပြီး ဖမ်းသလဲ ဆိုတာ ကျနော်တို့ မသိပါဘူး။”

ဟုတ်ကဲ့ အန်ကယ်။ ဒါဆို အခု ဒီနောက်ဆုံး အဖမ်းခံရတဲ့ ဦးကြည်လွင် ကျတော့ သူက ဘာလုပ်ငန်းတွေ လတ်တလော လုပ်နေတာရှိလဲ။ -

“သူက တချိန်တုန်းက ဟိုတုန်းကလည်း အဖမ်းခံရဖူးတယ်ဗျ။ အဲန်အယ်လ်ဒီမှာ တက်တက်ကြွကြွ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်၊ ဒါပေမယ့် လောလောဆယ်မှာ ဒီလူက လေဖြတ်နေတယ်ဗျ။ အဲဒီအခြေအနေကြီးကို ဖမ်းသွားတာ။ အဲဒီမှာ မနေ့ညက တနာရီခွဲ။ ဒီကနေ့မနက် တနာရီခွဲလို့ ပြောရင် ရတာပေါ့။”

စောစောကပြောတဲ့ မချို ကျတော့ရော သူ့ကို ဘယ်လို ဖမ်းသွားတာလဲ။ -

“မချိုက သောကြာနေ့က ဒီရုံးကနေ အိမ်အပြန် လမ်းထဲမှာ ဖမ်းတယ်။ ဘယ်မှာဖမ်းလဲတော့ မသိဘူး။ နောက်ပိုင်းမှ ရဲက သူနဲ့အတူနေတဲ့ တူမလေးကို လာ အကြောင်းကြားတယ်။ အ၀တ်အစား လာယူတယ်။ အဲဒါကြောင့် သိရတာ။”

အဲန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပါ။

အခု ဖမ်းဆီးခံခဲ့ရတဲ့ ဦးကြည်လွင်၊ အဲန်အယ်လ်ဒီပါတီ လူမှုအထောက်အကူပြု အဖွဲ့မှာ လူမှုရေးလုပ်ငန်းတွေ ကူညီ လုပ်ကိုင် ပေးနေတဲ့ ဒေါ်စန်းစန်းမြင့် ခေါ် မချို တို့ မတိုင်ခင်မှာတုန်းကလည်းပဲ သာကေတမြို့နယ်က အဲန်အယ်လ်ဒီ အဖွဲ့ဝင် ကိုသိန်းလွင် တို့ ဖမ်းဆီးခံခဲ့ရသလို၊ ဒီလဆန်းပိုင်းမှာလည်း နောက်ထပ် အဲန်အယ်လ်ဒီ ပါတီဝင်တွေ ဖြစ်ကြတဲ့ စမ်းချောင်း မြို့နယ်က ဦးစိန်လှိုင် နဲ့ လှိုင်မြို့နယ်က ကိုရွှေဂျိုး တို့ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ အခုအချိန်အထိကတော့ ဖမ်းဆီးခံထားရသူတွေကို မိသားစုဝင်တွေအနေနဲ့ တွေ့ဆုံခွင့် မရကြသလို၊ ဘယ်လိုအကြောင်းတွေနဲ့ ခုလို ဖမ်းဆီးခဲ့တယ် ဆိုတာတွေကိုလည်း မသိရဘူးလို့ အဲန်အယ်လ်ဒီပါတီ က ပြောပါတယ်။

တကယ်တော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းမှုတွေ ရှိနေတဲ့ကြားထဲကပဲ အခုလို တက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ၊ ဖိနှိပ်မှုတွေ ရှိနေတဲ့အတွက် မြန်မာစစ်အစိုးရအပေါ် ဝေဖန်မှုတွေကလည်း ရှိနေဆဲပါ။

ပြီးခဲ့တဲ့လထဲတုန်းကပဲ မြန်မာနိုင်ငံကို ၆ ရက်ကြာသွားခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စုံစမ်းသူ တိုမတ်စ်အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာဆိုရင်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ စိန်ခေါ်မှု တွေ ရှိနေဆဲဆိုပြီး သူ့ခရီးစဉ်အဆုံးမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Monday, March 16, 2009

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဆန္ဒပြသပွဲ သတင်းစာရှင်းလင်းပွဲ နှင့် အကျဉ်းသားများလွတ်မြောက်ရေး လတ်မှတ်စုဆောင်းခြင်း လှုတ်ရှားမှု့ ( ကိုရီးယား )

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လတ်မှတ်ကမ့်ပိန်း ( ကိုရီးယား )


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

လူ့အခွင့်အရေးနေ့.....ကိုဖုန်းမော်နေ့ ( ကိုရီးယား )


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
( ကိုရီးယား ) ဌာနခွဲ

Sunday, March 15, 2009

နအဖစစ်အစိုးရက စစ်တပ်ပိုင် မြဝတီသတင်းစာတစောင် ထုတ်ရန် စီစဉ်နေ

နအဖစစ်အစိုးရက စစ်တပ်ပိုင် မြဝတီသတင်းစာတစောင် ထုတ်ရန် စီစဉ်နေကြောင်း အဆိုပါသတင်းစာအတွက် အကြံဉာဏ်ပေးနေသူ အငြိမ်းစား အစိုးရသတင်းစာ စာတည်းမှူးတဦးက ပြောသည်။

၎င်းက “သူတို့က ၂ဝဝ၈ ခုနှစ်ကတည်းက ပြင်ဆင်နေတာ။ လုပ်မယ့် သတင်းစာကတော့ လက်ရှိ ထွက်နေတဲ့ မြန်မာ့အလင်း၊ ကြေးမုံလို ပုံစံပဲ။ ဖွဲ့စည်းပုံရော၊ လစာပေးစနစ်တွေကိုပါ အဲဒီသတင်းစာတွေကိုကြည့်ပြီး လုပ်နေ တာ။ ဒါပေမယ့် စစ်တပ်ပိုင်လုပ်မှာဆိုတော့ ခန့်ထားတဲ့ စာတည်းမှူးချုပ်ကအစ အရာရှိအဆင့်အများစုဟာ တပ်မ တော်သားတွေပဲ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ သတင်းစာထုတ်ဝေရေးနှင့် ပတ်သက်၍ မြဝတီသတင်းစာတိုက် ဖွဲ့စည်းပုံ၊ လက်ရှိ အင်အားနှင့် လိုအပ်ချက်၊ လစာပေးစနစ်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများနှင့် နှိုင်းယှဉ်ချက် စသည့်စာတမ်းများအပြင် ၂ဝဝ၈ ဒီဇင်ဘာ (၁၉) ရက်နေ့က ပြုလုပ်သည့် မြဝတီသတင်းစာတိုက် ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းအတွက် သတင်းစာဆရာကြီးများနှင့် တွေ့ဆုံပွဲမှတ်တမ်းများကိုလည်း ခေတ်ပြိုင်က ဖတ်ရှုခွင့်ရရှိခဲ့သည်။

ခေတ်ပြိုင်က ဖတ်ရသည့် မှတ်တမ်းများအရ မြဝတီသတင်းစာတိုက်ကို စာတည်းမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ အုပ်ချုပ်မှုဌာန ဗိုလ်ကြီးဇော်လှိုင်မြင့်နှင့် အခြားအဆင့် (၂၈) ဦး၊ စာတည်းဌာန (မြန်မာ) တာဝန်ခံ ဗိုလ်မှူးအောင်နေထွန်း၊ ဗိုလ်ကြီးအောင်ဆန်းဦးနဲ့ တပ်သား (၃) ဦး၊ သုတေသနမှူး ဗိုလ်ကြီး လှိုင်မြင့်ထွန်း စသဖြင့် ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း သိရသည်။

လစာပေးစနစ်နှင့် ပတ်သက်၍ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများ ပေးသည့်အတိုင်း စာတည်းမှူးချုပ် တလ ကျပ် (၁၄ဝ,ဝဝဝ)၊ တနှစ် (၂,ဝဝဝ) တိုး တလ (၁၅ဝ,ဝဝဝ) ဂိတ်ဆုံး၊ စာတည်းမှူး တလ ကျပ် (၁၂ဝ,ဝဝဝ- ၁၃ဝ,ဝဝဝ) စသဖြင့် ရာထူးအဆင့်ဆင့်အတိုင်း အနိမ့်ဆုံး လစာ (၄၆,ဝဝဝ) အထိ ပေးထားသည်။ ကျန် အောက်ခြေဝန်ထမ်း များကိုမူ အခြားသတင်းစာတိုက်များနည်းတူ အနည်းဆုံးလစာ ကျပ် (၁၅,ဝဝဝ)၊ နေ့စား တရက် ကျပ် (၅ဝဝ) နှုန်းသတ်မှတ်ထားသည်။

မြဝတီသတင်းစာတိုက်သည် အရာရှိနှင့် အခြားအဆင့် စုစုပေါင်း ဝန်ထမ်း (၁၅ဝ) ဦးရှိသည့် မြန်မာ့အလင်းသတင်း စာတိုက်နည်းတူ ဝန်ထမ်းအင်အား စုစုပေါင်း (၁၄၁) ယောက်ဖြင့် လုပ်ကိုင်ရန် လျာထားသည်ကို တွေ့ရသည်။ သို့သော် တပ်မတော်သား အရာရှိ အရာခံ အကြပ် တပ်သား ဝန်ထမ်း စုစုပေါင်း (၄၅) ဦးသာ ခန့်ထားနိုင်သေးပြီး အခြားလိုအပ်သည့် အရာရှိ၊ အခြားအဆင့် ကျွမ်းကျင်ဝန်ထမ်းများ ရရှိရန် ရှာဖွေနေကြောင်း သိရသည်။

စစ်အစိုးရသည် စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား အသံလွှင့်ဌာနကို ထူထောင်ထားပြီး မြန်မာနိုင်ငံအနှံ့က ထပ်ဆင့်လွှင့်ရုံများကိုလည်း မြန်မာ့ရုပ်သံ ထပ်ဆင့်လွှင့်ရုံများနှင့် သီးခြားခွဲပြီး စစ်တပ်ပိုင်ဧရိယာများတွင် တည်ဆောက်ထားသည်။ ယခုနောက်ပိုင်း မြဝတီရုပ်သံလွှင့်ဌာနသည် မူလရုပ်သံ တလိုင်းတည်း လွှင့်နေရာကနေ နောက်ထပ် (၂) လိုင်းတိုးပြီး စုစုပေါင်း (၃) လိုင်း လွှင့်ထုတ်လာသည်။

ယခုကဲ့သို့ စစ်တပ်ပိုင် သတင်းစာတစောင်ထုတ်ရန် ပြင်ဆင်နေသည့်အပေါ် ဝါရင့်သတင်းစာဆရာတဦး မေးမြန်းကြည့်ရာ ၎င်းက “စစ်အစိုးရဟာ လာမယ့် ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ လုပ်ပေးမယ်။ ဒီမိုကရေစီလမ်းကို သွားနေပြီ စသဖြင့် ကြေညာနေပေမယ့်လည်း တကယ့်လက်တွေ့ စာပေနဲ့ သတင်းရေးသားထုတ်ဝေခွင့်ကို ဆိုးဆိုး ရွားရွား ကန့်သတ်ထားဆဲ ဖြစ်ကြောင်း၊ နောက်ပိုင်း သတင်းလုပ်ငန်းထဲကို စစ်အာဏာပိုင် အသိုင်းအဝန်းက ဝင်ရောက်လုပ်ကိုင်တာ များလာပါတယ်။ စာပေနဲ့ သတင်းလွတ်လပ်ခွင့် မပေးဘဲ အရေအတွက် များများ ထုတ်ဝေခွင့်ပေးတဲ့ စနစ် အကောင်အထည်ဖော်နေတာ ဖြစ်နိုင်ပါတယ်။ ဒါကိုကြည့်ရင် ၂ဝ၁ဝ ခုနှစ်နဲ့ နောက်ပိုင်းမှာ လည်း စာပေနဲ့ သတင်းလွတ်လပ်ခွင့် ပေးမှာမဟုတ်ဘဲ အရေအတွက် များများ ထုတ်ဝေတာမျိုးသာ ခွင့်ပြုလာ နိုင်စရာ ရှိတယ်” ဟု သုံးသပ်ပြောဆိုသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် နေ့စဉ်ထုတ် သတင်းစာ (၃) စောင် ရှိပြီး အားလုံးသည် စစ်အစိုးရပိုင်ဖြစ်သည်။ သတင်းစာ (၃) စောင်ဆိုသော်လည်း အားလုံးတွင်ဖော်ပြထားသည့် သတင်းနှင့် အာဘော်များသည်လည်း အတူတူပင်ဖြစ်သည်။ (ခေတ်ပြိုင် )

မြန်မာ့ဒီမိုကရေစီရေး အိုဘားမား အင်ဒိုနီးရှားသမ္မတနှင့် ဆွေးနွေး

ကမ္ဘာတ၀ှမ်းဖြစ်နေတဲ့ စီးပွားရေးပြဿနာနဲ့ တခြားကိစ္စရပ်တွေ ဆွေးနွေးဖို့ အမေရိကန်သမ္မတ ဘရက် အိုဘားမား ဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံခေါင်းဆောင်တွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်စကား ပြောခဲ့ ပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည်တိုးတက်လာစေဖို့ နိုင်ငံတကာရဲ့အားထုတ်မှုမှာ ပူးပေါင်းပါဝင်ကြဖို့ အရေးကြီးတယ် ဆိုတဲ့အချက်ကို သမ္မတ အိုဘားမား က ခေါင်းဆောင်သုံးယောက်ကို အဓိကထား ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါ တယ်။

အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘန်ဘန်းယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ မစ္စတာ အိုဘားမား တို့ ဆွေးနွေးမှုမှာ မြန်မာနိုင်ငံက ဒီမိုကရေစီဖော်ဆောင်ရေးကို အားပေးဖို့နဲ့ ရာသီဥတုပြောင်းလဲရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်မှုတွေမှာ အတူတွဲလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးခဲ့ကြပါတယ်။ အစ္စလာမ် ကမ္ဘာနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် ဆောင်ရွက်ဖို့ သံန္နိဌာန် ချထားတယ်ဆိုတာကိုလည်း သမ္မတ အိုဘားမား က ရှင်းပြခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဖိလစ်ပိုင် သမ္မတ ဂလိုရီယို အာရိုယို (Gloria Arroyo) ကိုတော့ ဖိလစ်ပိုင်နိုင်ငံက အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ခေတ်မီ တိုးတက်တဲ့စစ်တပ်ဖြစ်အောင် အားထုတ်မှုတွေအတွက် မစ္စတာ အိုဘားမား က ချီးမွမ်းစကား ပြောခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွင်းမှာ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ အမေရိကန်နဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံရဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်ဆိုတာကို ဆော်ဒီဘုရင် အက်ဘ်ဒူလာ (Abdullah) နဲ့ တယ်လီဖုန်းပေါ်မှာ စကားပြောစဉ်မှာ အမေရိကန် သမ္မတ အိုဘားမားက အသေအချာ ထပ်ပြီးတော့ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ( ဗွီအိုအေ )

Thursday, March 12, 2009

Press Release FBPPN! Campaign

ဒေါ်စုနဲ့အတူ အမေရိကန် ခိုင်မာစွာရပ်တည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေရတဲ့ သူတွေ၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသူတွေနဲ့ အတူ သွေးစည်း ညီညွတ်စွာ ရပ်တည်နေတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖေါ်ပြောဆိုပါတယ်။ မနေ့က နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

မတ်လ ၈ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို မနေ့ကတုန်းက အမေရိကန် နိုင်ငံခြားရေး ဌာန အဆောက်အဦမှာ ကျင်းပခဲ့ကြတာပါ။ လူအဖွဲ့အစည်းတွေကို တိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အဲဒီ လူ့အဖွဲ့အစည်းအတွင်းမှာပါတဲ့ အမျိုးသမီးတွေကို ဘယ်လောက်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်မလဲ၊ ဒီတိုးတက်မှုက လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုကို တိုင်းတာတဲ့ သင်္ကေတ တခု ဖြစ်တယ်ဆိုပြီးတော့ ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။ အမျိုးသမီးတွေကို နောက်ကျ ကျန်ရစ်အောင် လုပ်ထားမယ်၊ တိုးတက်အောင် မဆောင်ရွက်နိုင်ဘူး ဆိုရင် ဒီနေ့ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ရာသီဥတု ပြောင်းလဲလာတဲ့ ပြဿနာမျိုး ၊ ဆင်းရဲတွင်း နက်လာတဲ့ ပြဿနာမျိုး တွေနဲ့ စီးပွားရေး အကျပ်အတည်းလို ပြဿနာမျိုးတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။

ဒီအခမ်းအနားမှာ အမျိုးသမီးတွေ ဆုပေးလေ့ ရှိတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ နိုင်ငံ တကာ သတ္တိရှင် အမျိုးသမီး များဆိုင်ရာ ဆုအဖြစ် ဆုရှင် ၈ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ဆုရှင်တွေက အာဖဂန် နစ္စတန်၊ အီရက်၊ မလေးရှား၊ နီဂါ၊ ရုရှ၊ အူဘကစ္စတန်၊ ရေမန် အဲဒီ နိုင်ငံတွေကပါ ကမ္ဘာ တ၀ှမ်းမှာ ရှိတဲ့ အမေရိကန် သံရုံးတွေကနေ အမျိုးသမီး ၈၀၊ လူ့အခွင့်အရေး၊ လူမှုရေး တရားမျှတမှုတွေအတွက် ထူးထူးခြားခြား လုပ်ဆောင်တဲ့ အမျိုးသမီးတွေကို ၈၀ ကို စာရင်းသွင်း ခဲ့ပြီးတော့ ၈၀ထဲက စကာ စစ်ပြီးတော့ အခုလို ၈ယောက်ကို ရွေးချယ်ခဲ့တာပါ။ ဒီလို ၈ယောက်ကို ရွေးချယ် ဆုပေးပွဲ အခမ်းအနားမှာ မြန်မာ နိုင်ငံက အဖိနှိပ်ခံ အမျိုးသမီးတွေနဲ့ အတူ လက်တွဲ ရပ်တည်နေတယ် ဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် အခုလို ထပ်ပြီး ပြောသွားခဲ့တာပါ။

ကျမတို့နဲ့အတူ လက်တွဲဖို့ သူတို့ အစိုးရတွေက ပိတ်ပင် ဟန့်တားတာကို ခံနေရတဲ့ သူတွေနဲ့လည်း သွေးစည်း ညီညွတ်မှုကို ကျမတို့ ထုတ်ဖေါ်ချင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပြီးခဲ့ အနှစ် ၂၀ အတွင်း၊ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။ သူဟာ ကမ္ဘာတ၀ှမ်းလုံးက ပြည်သူတွေအတွက် အင်အားနဲ့ မျှော်လင့်ချက် ရောင်ခြည် အဖြစ် ဆက်ရပ်တည်ခဲ့ သူပါ။ မြန်မာနိုင်ငံ အတွင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ အခြား အမျိုးသမီးတွေ၊ ပြည်ပကို နှင်ထုတ်ခံရသူတွေလည်း စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျုးလွန်ခံရသူတွေ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ဥပမာတခုပါ။

လူမှုရေး တရားမျှတမှုနဲ့ လူ့အခွင့်အရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့သူတွေကို ဒီလို အသိအမှတ်ပြု ချီးမြှင့်တာ ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။ ဆုချီးမြှင့်ခံရတဲ့ သူတွေထဲက မလေးရှား နိုင်ငံက ရတဲ့ မစ္စ အမ်ဘီဂါ စခရင်ဗာဆန်( Ms. Ambiga Sreenevasan) ဆိုရင် သူဟာ ရှေ့နေများ ကောင်စီရဲ့ ဥက္ကဌပါ။ သူဟာ သူ့အသက်ကို ရန်ရှာမယ်ဆိုပြီးတော့ ချိန်းခြောက်မှုတွေ ရှိခဲ့တဲ့ ကြားထဲက မလေးရှားနိုင်ငံမှာ လူ့အခွင့်အရေး အမျိုးသမီး အခွင့်အရေး ဘာသာရေး ဆိုင်ရာ ဖိနှိပ်မှုတွေကို ဆက် ဆန့်ကျင်ပြီးတော့ တရားမျှတမှုအတွက် ရုန်းကန် လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဒီအမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။ ဒီလို ဆုပေးပွဲ အခမ်းအနား အမျိုးသမီးများ အခွင့်အရေး ကြေညာချက်တွေထဲမှာ မြန်မာနိုင်ငံအကြောင်းကို တခုတ်တယ ထည့် ပြောဆို သွားတာပါ။

မကြာသေးခင်တုန်းက အာရှနိုင်ငံတွေကို သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံပေါ်မှာ ထားတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မူဝါဒကို ပြန်ပြီးတော့ သုံးသပ်မယ်၊ အာစီယံ သဘောထားတွေကို သူ့အနေနဲ့ ပိုပြီး နားစိုက်မယ်လို့ ပြောခဲ့တဲ့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒ အပြောင်းအလဲများ ရှိမလားလို့ စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အပေါ် ဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း အမေရိကန် ပြည်ထောင်စုဟာ သူယုံကြည်တဲ့ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ တန်ဖိုးထားမှုတွေ အတွက် ဆက်လက်ရပ်တည်မယ်ဆိုပြီး လက်ရှိ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုသွားတဲ့ အချက်က ပိုပြီး ထင်ရှားနေပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ဆုပေးပွဲ အခမ်းအနားမှာ သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားလဲ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ( ဗွီအိုအေ )

Wednesday, March 11, 2009

ကိုမင်းသိန်းထွန်း (ခ) ကိုသီဟ ကို ထောင်ဒဏ်ချမှတ်

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ကိုမင်းသိန်းထွန်း (ခ) ကိုသီဟကို ယနေ့ နေ့လည်ပိုင်းတွင် ထောင်ဒဏ် (၁၇) နှစ် ချမှတ်လိုက်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပုဒ်မ (၁၃/၁)၊ (၁၇/၁)၊ (၃၃/က) တို့ဖြင့် အင်းစိန်ထောင်တွင်း၌ပင် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ဖခင်ဖြစ်သူက ပြောသည်။

“သူ့ကို အမိန့်ချတာ အပြည့်အစုံကတော့ မနက်ဖြန် တရားရုံးမိတ္တူသွားယူမှပဲ သိရမယ်၊ အခုသိရတာတောင် အဝမှာစောင့်နေပြီး သွားမေးမှသိရတာ၊ အထဲကို ဝင်ခွင့်မရဘူး၊ ထောင် (၁၇) နှစ်ချလိုက်တယ်ဆိုတာပဲ သိရတယ်၊ ထောင်ပြောင်းမယ်လို့ ထင်တယ်” ဟု ပြောသည်။

ကိုမင်းသိန်းထွန်းသည် ၂၀၀၅ ခုနှစ်တွင် မလေးရှားသို့အလုပ်လုပ်ရန် တရားဝင် ထွက်သွားပြီးနောက် မိဘများနှင့် အဆက်အသွယ်မရှိတော့ဘဲ ပြီးခဲ့သည့်နှစ် (၇) ပိုင်း (၁၁) ရက်နေ့တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အာဏာပိုင်များက အောင်သပြေ စစ်ကြောရေးစခန်းတွင် ရောက်ရှိနေကြောင်း လာရောက်ပြောဆိုမှ သိရပြီး ယခုကဲ့သို့ ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

“ကျနော်က ၂၀၀၅ မှာ မလေးရှားကို လွှတ်လိုက်တာ၊ မလေးမှာ အဆင်မပြေတော့ဘူးဆိုပြီး စာအုပ်တွေ အဝတ်အိတ်တွေကို လူကြုံနဲ့ ပြန်ပို့လိုက်တယ်၊ အဲနောက်တော့ အဆက်အသွယ်ပြတ်သွားတယ်၊ အဲလိုနဲ့ သုံးနှစ်ပြည့်တော့မှ အာဏာပိုင်တွေ ရောက်လာပြီး ဒီကလေးဘယ်သွားလဲဆိုပြီး လာမေးတယ်၊ အဲဒါနဲ့ ကျနော်လဲ တရားဝင်သွားတာဆိုတော့ ပတ်စ်ပို့မိတ္တူတွေ ထုတ်ပြလိုက်တာပေါ့၊ သူတို့က မြဝတီကအဝင်မှာ တိုင်တဲ့သူရှိလို့ ဖမ်းထားလိုက်တာလို့ ပြောတယ်” ဟု ပြောသည်။

ကိုမင်းသိန်းထွန်းသည် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် အချက်အလက်များကို သီဟအမည်ဖြင့် ဘလော့ပေါ်တွင် သတင်းအချက်အလက်များ တင်ထားကြောင်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ကိုမင်းသိန်းထွန်း (ခ) ကိုသီဟသည် ဒဂုံတက္ကသိုလ်မှ ဇူးလ်မေဂျာဖြင့် ဘွဲ့ရခဲ့ပြီး ရေလုပ်ငန်းဦးစီးဌာနတွင် ၂ နှစ်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် မိဘမဲ့ကလေးများကို အခမဲ့ စာသင်ပေးခြင်းများကို ပြုလုပ်ခဲ့သည့်အပြင် ဖခင်ဖြစ်သူကိုယ်တိုင်က ကွန်ပြူတာနှင့် အင်္ဂလိပ်စာအခြေခံများကို သင်တန်းများတတ်ခိုင်း၍ မလေးရှားသို့ တရားဝင် အလုပ်လုပ်ရန် ပို့ပေးခဲ့သည်။

ယခုကဲ့သို့ အာဏာပိုင်များက ကိုမင်းသိန်းထွန်းအား ထောင်ဒဏ်များချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ဖခင်ဖြစ်သူက “ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ နဂိုကတည်းက ပညာတတ်ဖို့ အဓိက၊ အိုင်တီပညာဆိုတာ လူတိုင်းဟာ တချိန်မှာ လူမှုရေးကို လုပ်ရမယ်၊ အဲဒါကိုတတ်လို့ နာဂစ်မှာ လုပ်တာမှန်ရင် လွတ်လပ်စွာ ပညာသင်ခွင့်ကို ပိတ်ပင်တယ်လို့ပဲ ထင်တယ်၊ ပြန်လည်အသုံးချခွင့် မရှိဘူးဆိုရင် နစ်နာတယ်လို့ပဲ ပြောချင်တယ်” ဟု ပြောသည်။

ယခုလက်ရှိ ကိုမင်းသိန်းထွန်း၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး ဖမ်းဆီးခံရသည့်အချိန်မှစ၍ ထောင်ဝင်စာ တပတ်တကြိမ် ပုံမှန်တွေ့ခွင့်ရကာ ၎င်းအနေဖြင့် ထောင်တွင်း၌ဖတ်ရန် စာအုပ်များသာမှာကြားကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။ ( ရိုးမ ၃ )

Tuesday, March 10, 2009

ဦးတင်ဦး နှင့် ဦးဝင်းတင် တို့၏ မွေးနေ့ပွဲ ( ဂျပန် )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ရေးရာများဖော်ဆောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) နှင့် တိုင်းနှင့်ပြည်နယ်များမှ လူငယ်အကူအညီ ပေးရေးအဖွဲ့တို့ ယခုလ (၂၆) ရက်တွင် တွေ့ဆုံညှိနှိုင်းပြီး လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်သွားနိုင်ရန် လူငယ် အကူအညီပေးရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု အဖွဲ့ချုပ်လူငယ်ဖော်ဆောင်ရေးတာဝန်ခံ ကိုအေးထွန်းက ပြောသည်။

“ရန်ကုန်တိုင်းမှာဆိုရင် (၂၁) မြို့နယ်ဖွဲ့ပြီးသွားပြီ။ နောက်ထပ်ဖွဲ့မယ့် မြို့နယ်တွေလည်း ရှိပါတယ်။ ဖွဲ့ပြီး မြို့နယ်တွေထဲမှာ လစ်လပ်နေတာတွေရှိတယ်။ လျော့ပါးနေတာတွေရှိတယ်။ အဲဒါတွေကို ကျနော်တို့ တိုးချဲ့မယ်။ နောက်ပြီးတော့ အခုမှ အသစ်ဖွဲ့စည်းတဲ့ မြို့နယ်တွေရှိတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ဖွဲ့စည်းသည့်အချိန်တွင် အနှောင့်အယှက် ကြုံရမှုမျိုးရှိကြောင်း၊ ပြီးခဲ့သည့် စနေ၌ လူငယ် တာဝန်ခံတယောက်နှင့် အထက်မြန်မာပြည်က တာဝန်ခံတဦးဖြစ်သည့် ကိုလှဦးတို့ စစ်ကိုင်းတိုင်း ရွှေဘိုသို့ သွားရာ၌ အာဏာပိုင်များက ဆိုင်ကယ်များဖြင့် လိုက်လံကြည့်ရှုခဲ့ကြောင်း ကိုအေးထွန်းက ဆက်လက် ပြောသည်။

ယခုကဲ့သို့ နှောင့်ယှက်မှုများကို ဧရာဝတီတိုင်းအတွင်း၌လည်း ပြုလုပ်လျက်ရှိပြီး လူငယ်တာဝန်ခံ ကိုဆပ်ခင်ဇော်လင်း လာရောက်ပါက သတင်းပေးရန် အာဏာပိုင်များက ဒေသတွင်း ရယကများကို ဖိအားပေးထားကြောင်း သိရသည်။

ယင်းအခက်အခဲများကြားမှပင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၃) ခုတွင် လူငယ်အဖွဲ့များ ဖွဲ့စည်းထားနိုင်ခဲ့ပြီး ယခုလကုန်တွင် (၇) မြို့နယ်၌ ထပ်မံဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း ကိုအေးထွန်းက ပြောသည်။

၎င်းက “အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုအများဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းမှာတောင် အင်အားပြည့် ဖွဲ့စည်းထားနိုင်ခဲ့ပါ တယ်။ အာဏာပိုင်က ပိုဖိလာလေလေ လူငယ်တွေရဲ့ စည်းရုံးရေးအားက ပိုကောင်းလာလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာပိုင်းကို ဘယ်လိုမှ တားထားလို့ရတာမဟုတ်ဘူးလေ။ လူငယ်တွေက သတင်းကို နည်းလမ်းပေါင်းစုံနဲ့ ရယူလာတယ်။ မတရားတာတွေကို ပိုပြီးသိလာကြတယ်။ မခံချင်ဖြစ်လာကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ စည်းရုံးမှုတွေနဲ့ ထိတွေ့ရင် သူတို့ဝင်လာကြတာပဲ” ဟု ရှင်းပြသည်။

အဖွဲ့ချုပ်အနေဖြင့် လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်လျက်ရှိရာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်း လူငယ်အကူအညီပေးရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်သည်။

မန္တလေးတိုင်း လူငယ်အကူအညီပေးရေးအဖွဲ့မှ ကိုမြင့်မော်က “လောလောဆယ် (၃) မြို့နယ်ဖွဲ့ပြီးသွားပါပြီ။ နောက်ထပ် (၇) မြို့နယ် ထပ်ဖွဲ့ဖို့ နယ်တွေဆင်းရဦးမှာပါ။ လူငယ်တွေဘက်က စိတ်ဝင်စားမှုရှိကြတာ တွေ့ရပါ တယ်။ ကျနော်တို့က မြို့နယ် (၃၀) ကို ပြန်လည်ဖော်ဆောင်ရမှာလေ။ ဒီမှာတော့ အနှောင့်အယှက်တွေ သိပ်မတွေ့ရသေးပါဘူး” ဟု ပြောသည်။

မန္တလေးတိုင်း အဖွဲ့ချုပ် လူငယ်အကူအညီပေးရေးအဖွဲ့ဝင်များသည် မနက်ဖြန်တွင် မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး စသည့် မြို့နယ် (၇) ခုသို့ သွားရောက်၍ လူငယ်ဖွဲ့စည်းရေးကိစ္စများကို ဆောင်ရွက်ကြမည်ဖြစ်သည်။ ( ခေတ်ပြိုင် )

ALL BURMA FEDERATION OF STUDENT UNIONS

လူ့အခွင့်အရေး မေးခွန်းနှင့်အဖြေများ

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews