သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Saturday, January 31, 2009

မစ္စတာဂမ်ဘာရီ မြန်မာပြည် လေးရက်ကြာခရီး စတင်

31 January 2009


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ကို စနေနေ့မှာ သွားရောက်မယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စ ဆက်လက် ဆွေးနွေးဖို့ သွားရောက်မှာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရုံးက ကြေညာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့ အကြံပေးပုဂ္ဂိုလ် ဟာ မြန်မာပြည်မှာ အစိုးရနဲ့ရော သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ပါ ဆက်လက် ဆွေးနွေးဖို့ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တဲ့ အချက်အလက်များနဲ့ ပတ်သက်ပြီးတော့ အခုဆွေးနွေးပွဲမှာလည်းပဲ ပြန်လည် တင်ပြဖို့ ပန်ကြားလိုက်ကြောင်း ကုလသမဂ္ဂ ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သြဂုတ်လက မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ စစ်အစိုးရအား နားချတာ ထိရောက်တဲ့ရလဒ်များ ပေါ်ထွက်မလာလို့ စိတ်ပျက်မိကြောင်း မစ္စတာ ဂမ်ဘာရီ က ပြောဆိုခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွှေ ကရော၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပါ မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ကြပါတယ်။

မြန်မာပြည်မှာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကုလသမဂ္ဂ အထူးသံတမန် ရဲ့ ကြိုးပမ်းမှုက မထိရောက်ဘူးလို့ ဝေဖန်လိုက်ပြီး တိုင်းရင်းသား လူနည်းစု ၁၂ ပါတီတို့ကလည်း သူ့ရဲ့ မြန်မာပြည်ခရီးစဉ် အတွင်း အဓိက အတိုက်အခံ ခေါင်းဆောင်များနဲ့ တွေ့မသွားလို့ ပြစ်တင်ဝေဖန်သွားပါတယ်။ ( ဗွီအိုအေ )

Friday, January 30, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်အမှတ် ( ၂ / ၀၁ / ၀၉ )

( မြန်မာနိုင်ငံဥပဒေနှင့် လက်တွေ.ပြဿနာများ ) ခေါင်းစဉ်နှင့် လူငယ်ပညာပေးဟောပြောပွဲ

( မြန်မာနိုင်ငံဥပဒေနှင့် လက်တွေ.ပြဿနာများ ) ခေါင်းစဉ်နှင့် လူငယ်ပညာပေးဟောပြောပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးတွင် ကျင်းပပြုလုပ်ပါသည်။
January 29, 2009

ရိုဟင်ဂျာဒုက္ခသည်များ နိုင်ငံမှ ထွက်ခွာရန် ထိုင်းတရားရုံး ဆုံးဖြတ်

28 January 2009


ထိုင်းနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ဒီသီတင်းပတ်အတွင်း ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်တွေဟာ စီးပွားရေးအရ တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ဖြစ်ကြတာကြောင့် နိုင်ငံကနေ ထွက်ခွာ သွားရမယ်လို့ ထိုင်းတရားရုံး တခုက ဆုံးဖြတ်လိုက်ပါတယ်။

ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာမူစလင် ၇၈ ယောက်ကို နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ အမေရိကန်ဒေါ်လာ ၃၀ နီးပါးစီ ဒဏ်ငွေရိုက်ပါတယ်။ ဒဏ်ငွေမဆောင်နိုင်ကြတာကြောင့် ထောင်ဒဏ် ငါးရက်စီ ကျခံကြရမှာဖြစ်ပါတယ်။ အသက် မပြည့်သေးသူ ၁၂ ယောက်အပါအ၀င် လူ ၇၈ ယောက်ကို အင်္ဂါနေ့အစောပိုင်းမှာ ဖမ်းဆီးခဲ့တာပါ။

နှိပ်စက်ညှဉ်းပန်းမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ဘယ်သူ့ကိုမဆို အတင်းအကျပ် နေရပ်ပြန်ပို့တာကို ပိတ်ပင်တားမြစ်ထားတဲ့ နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ထိုင်းနိုင်ငံက လက်မှတ်ရေးထိုးထားတယ်လို့ ဒုက္ခသည် ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Kitty McKinsey ကပြောပါတယ်။

ဒါပေမယ့် ကောင်းတဲ့လက္ခဏာတခုကတော့ ဒုက္ခသည် ၇၈ ယောက်ကိစ္စကို ထိုင်းစစ်ဘက်ကမကိုင်တွယ်ဘဲ ရဲနဲ့တရားရုံးတို့က ကိုင်တွယ်လုပ်ဆောင်တဲ့အချက်ဖြစ်တယ်လို့ McKinsey ကပြောပါတယ်။ ထိုင်းစစ်ဘက်ဟာ ဖမ်းဆီးထားသူတွေကို ကြမ်းကြမ်း တမ်းတမ်း ပြုမူခဲ့တယ်လို့ သံသယဖြစ်ခံနေရပါတယ်။ ( ဗွီအိုအေ )

Thursday, January 29, 2009

၈၈ မျိုးဆက်ကျောင်းသားများအတွက် ကိုရီးယားက တိုက်ပွဲခေါ်သံ

အိုဘားမားအကြောင်း သီတဂူ ဆရာတော် ဟောကြား

ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အကူအညီပေးရန် တရားပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင် ဒေသတွင် ယမန်နေ့ ညပိုင်းက ကျင်းပခဲ့ရာ မြန်မာနိုင်ငံသား တသောင်းခန့် လာရောက်ကြကြောင်းနှင့် အလှူငွေ ဘတ် ၄ သိန်းကျော် ရရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ မဟာချိုင်ရောက် မြန်မာ အလုပ်သမားများက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ နာဂစ် မုန်တိုင်း ဒုက္ခသည်များကို စာနာ၍ အကူအညီပေးလိုသည့်အတွက် ယခုကဲ့သို့ ဆရာတော် အရှင်ဉာဏိ ဿရအား ပင့်ဖိတ် ၍ တရားပွဲကျင်းပရခြင်း ဖြစ်သည်ဟု တရားပွဲ စီစဉ်သည့် မဟာချိုင် ကျောင်းသစ်ကျောင်းမှ အရှင်ဝါယမက ပြော သည်။
“ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာ အလုပ်သမား တွေကနေ ဧရာဝတီတိုင်းက နာဂစ်ဒုက္ခသည် တွေကို စာနာပြီး ကူညီချင်တော့ ပြည်တွင်းထဲမှာ တိုက်ရိုက် ဆောင်ရွက် ပေးနိုင်တာက၊ အကြောင်း အမျိုးမျိုးနဲ့ ညီညွတ်နေတာက သီတဂူ ဆရာတော်ကြီးပဲ ရှိတယ်၊ အဲဒါနဲ့ ဆရာတော်ကြီးကို ပင့်ဖိတ်ပြီးတော့ ချွေးနှဲစာထဲက ငွေလေးတွေကို စုဆောင်းပြီး လှူဒါန်းငွေတွေကို ရေစက်ချပြီး ကပ်တယ်၊ မနေ့က တရုတ်နှစ်ကူး ပိတ်ရက်လည်း ဆိုတော့ လူပိုများသွားတယ်၊ ဆရာတော်ကြီး ပေးနိုင်တဲ့ ရက်နဲ့ ချိန်ပြီးတော့ ကျင်းပဖြစ်တာပါ”ဟု အရှင်ဝါယမက ဧရာဝတီသို့ မိန့်ကြားသည်။ယမန်နေ့ညက ကျင်းပသည့် တရားပွဲတွင် ဆရာတော် အရှင်ဉာဏိဿရက အပြောင်းအလဲ သဘောကို အခြေခံ သည့်“တိုက်ပွဲနဲ့ အောင်ပွဲ”အမည်ရှိသော တရားကို ဟောကြားကြောင်းလည်း သိရသည်။“ဆရာတော်ကြီးတရား အကြောင်း အရာကတော့ အမေရိကားက အိုဘားမားရဲ့ ချိန်းပေါ်လစီ (change policy) ပေါ့၊ အကျဉ်းရုံး ပြောရရင် ချိန်းပေါ်လစီကို အခြေခံပြီးတော့ We need to change အပြောင်း အလဲကို လိုချင်တယ်ပေါ့၊ ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသား တောထွက်တယ်၊ သိဒ္ဓတ္ထ မင်းသားက ဘုရားဖြစ်ဖို့ ဒုက္ကရ စရိယာ ကျင့်ပြီး မဖြစ်တော့ လမ်းစဉ်နဲ့ ပေါ်လစီ ပြောင်းရတယ်ပေါ့၊ I need to change ပေါ့၊ အဲဒီတော့ ဒီမှာ တရားနာနေတဲ့ လူတွေကရော ဘယ်လို အော်မလဲပေါ့၊ သူက ဒီလိုမေးတာ၊ အားလုံးက စကား လုံးအရသာ မပြောနိုင်ရင် နေမယ် ပြောင်းလဲဖို့ လိုတယ်ဆိုတာတော့ နားလည်တာပေါ့၊ ပြောင်းလဲတယ် ဆိုတဲ့ နေရာမှာလည်း ဘာသာရေးလည်း ဖြစ်နိုင်တယ်၊ စီးပွားရေးလည်း ဖြစ်နိုင်တယ်၊ နိုင်ငံရေး ပေါ်လစီလည်းပဲ ဖြစ်နိုင်တာပေါ့”ဟု အရှင်ဝါယမ က ရှင်းပြသည်။ထို့ပြင် နာဂစ် ဒုက္ခသည်များသို့ ယခု မဟာချိုင်ရှိမြန်မာအလုပ်သမားများ၏ လှူဒါန်းငွေများ အပါအ၀င် ယခုအချိန် အထိ အလှူငွေ စုစုပေါင်း ကျပ် သိန်းပေါင်း ၇ သောင်း ကျော်ရှိပြီဖြစ်သည်ဟု နာဂစ် ဒုက္ခသည်များနှင့် ပတ်သက် ၍လည်း တရားပွဲတွင် ဆရာတော်ကြီး က အလုပ်သမားများဝမ်းသာပီတိဖြစ်စေရန် ထည့်သွင်းပြောကြားသွား ကြောင်း ၎င်းက ဆိုသည်။အဆိုပါ တရားပွဲကို သွားရောက်ခဲ့သော မဟာချိုင်ရှိ မြန်မာအလုပ်သမား တဦးဖြစ်သူ ကိုမျိုးသော်ကလည်း ဆရာတော်ကြီးတရားပွဲကို ယခုကဲ့သို့ကြားနာရခြင်းနှင့် ဆရာတော်ကြီးအား အနီးကပ် ဖူးတွေ့ရသောကြောင့် စိတ်အင်အား ဖြစ်ကာ ၀မ်းသာပီတိ ဖြစ်ရကြောင်း ပြောသည်။
“ကျနော်တို့ ၀မ်းသာတယ်၊ ကျေနပ်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူများနိုင်ငံမှာ လူအများကြီး ဒီလောက် စုဖို့ ဆိုတာ ဘယ်လိုမှ မလွယ်ဘူး၊ တချို့ နှစ်ပေါင်း များစွာဝေးနေတဲ့ သူငယ်ချင်းတွေလည်း လာပြီး ဆုံတွေ့ကြ ရ တယ်၊ အချိန်တိုလေး အတွင်းမှာ၊ ပြီးတော့ ဒီလိုမျိုး ဆရာတော်ကြီးကိုလည်း အနီးကပ်ဖူးရတယ်၊ ဒီမှာရှိတဲ့ အလုပ်သမားတွေကလည်း အဲဒီလိုဖူးရလို့ ၀မ်းသာပီတိဖြစ်ကြတယ်၊ စိတ်အင်အားတွေလည်း ပြန်ရလာတယ်ပေါ့၊ ဆရာတော်ကြီးကလည်း မဟာချိုင်မှာ ဒီလိုမြန်မာ အလုပ်သမားတွေ စုစည်းတွေ့လို့ ၀မ်းသာတယ်၊ မြန်မာ ပြည် ကို မမေ့ဖို့ ၊ ကိုယ်တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းလုပ်ဆောင်ဖို့ ပြောတယ်”ဟု ၎င်းက ပြောပြသည်။ဆရာတော် အရှင်ဉာဏိဿရ၏ တရားပွဲကို ပထမ အကြိမ်ကပင် နာယူဖူးသည့် မဟာချိုင်ရှိ မြန်မာအလုပ်သမား တဦးကလည်း ၀မ်းသာပီတိဖြစ်ရကြောင်း ပြောဆိုသည်။ “ဆရာတော်တရားပွဲမှာ လူတွေ ခန့်မှန်းခြေ ၈၀၀၀ ၊ ၉၀၀၀ လောက်ရှိမယ်၊ အကုန်လုံး မြန်မာပြည်သားတွေ ချည်းပဲ၊ ၂၆ ရက်နေ့ တရုတ်နှစ်သစ်ကူး ဆိုတော့ အလုပ်တွေလည်း ပိတ်ကြတယ်၊ များသောအားဖြင့် တရုတ် တွေနဲ့ ဆက်စပ်တော့ ပိတ်တယ်၊ နာဂစ် ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ဖို့ အလုပ်သမားတွေအတွက် တရားပွဲလုပ်ပေးတာလို့ ဖိတ်စာထဲမှာတော့ ရေးထားတယ်၊ ဆရာတော်ကြီး တရားပွဲကို နာရတာ ၀မ်းသာတယ်၊ ပထမ အကြိမ်တုန်းကလည်း နာဖူးတယ်၊ အလှူငွေလည်း တော်တော်လေး ရမယ်ထင်တယ်”ဟု အထက်ပါ မြန်မာ အလုပ်သမားက ဆိုသည်။
ဆရာတော် အရှင်ဉာဏိဿရ၏ ပထမအကြိမ် တရားပွဲကို ယမန်နှစ် ဇူလိုင်လအတွင်းက ယင်း မဟာချိုင် ထိုင်း ယူနီယံ အားကစားကွင်းတွင်ပင် နာဂစ် ဒုက္ခသည်များ အလှူငွေအတွက် ကျင်းပခဲ့ပြီး အလှူငွေ ဘတ် ၁၀ သိန်း ကျော် ရရှိခဲ့ကြောင်း သိရသည်။ မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ နေထိုင် လုပ်ကိုင်လျှက်ရှိသည်။ အရှင်ဝါယမက “ဆရာတော်ကြီး လုပ်နေတာတွေကို ဘုန်းကြီးတို့က အားကျတယ်၊ အဲဒီအပေါ်မှာ ပံ့ပိုးပေး ချင် တယ်၊ အားလုံးကလည်း သူဟောတဲ့တရားပေါ်မှာ ကျေနပ်တယ်၊ လက်ခံတယ်၊ ဒီဝေဒနာက လူတိုင်း ခံစား နေရ တာလေ၊ ဆရာ တော်ဟောလိုက်တာကကိုယ့်ခံစားမှုနဲ့ထပ်တူကျတဲ့အခါကျတော့ စိတ်ထွက် ပေါက်ရတာပေါ့၊ ဒါပေမယ့်ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့အခါကျတော့လုပ်ရကိုင်ရတာနည်းနည်းခက်ခဲတာပေါ့၊ အဲဒီ ပရိသတ် အများကြီးနဲ့ လူစုလူဝေးဖြစ်တဲ့ အခါမှာ အဆင်မပြေမှုတွေက အများကြီး၊ မမျှော်လင့်တဲ့ အန္တရာယ် တွေ က အချိန်မရွေး ရနိုင်တယ်၊ စွန့်စွန့်စားစား ၀ိုင်းလုပ်ကြရတာ”ဟု မိန့်ကြားသွားသည်။ ( ဧရာဝတီ )

Wednesday, January 28, 2009

ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် ကုလသမဂ္ဂ အတည်ပြု

27 January 2009
ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ မကြာခင်မှာ မြန်မာပြည်ကို ပြန်သွားဖို့ စီစဉ်ထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ကိုယ်စားလှယ်ကို မြန်မာပြည်ပြန်သွားဖို့ တောင်းဆိုခဲ့တာပါလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘဲ (Marie Okabe) က တနင်္လာနေ့မှာ ပြောဆိုပါတယ်။ မြန်မာစစ်အစိုးရကလည်း ဖိတ်ကြားထားပါတယ်လို့ သူမက ဆိုပါတယ်။
မစ္စတာဂမ်ဘာရီဟာ ဇန်န၀ါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမယ်ဆိုတဲ့ သတင်းတွေ အရင်အပတ်က ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းတွေကိုတော့ ပြောရေးဆိုခွင့်ရှိသူက အတည်မပြုပါဘူး။
အရင်အခေါက်တွေတုန်းက စစ်အစိုးရကို တင်ပြခဲ့တဲ့ ကိစ္စရပ်တွေ တိုးတက်မှုရှိဖို့တော့ လိုအပ်တယ်လို့ မစ္စတာဘန်ကီမွန်း (Mr Ban Ki-moon) က ထင်မြင်ကြောင်း သူမက ပြောပါတယ်။ အတိုက်အခံနဲ့ ရင်ကြားစေ့ရေး၊ ဒါမှမဟုတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အတွက် ကုလသမဂ္ဂက တိုက်တွန်းခဲ့ရာမှာ တိုးတက်မှုမရှိခဲ့တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အားမလို အားမရ ဖြစ်နေပါတယ်။
အမေရိကန်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ထပ်သွားဖို့ လမ်းခင်းပေးရာ ရောက်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောကြားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မစ္စတာဂမ်ဘာရီကို တွေ့ဆုံဖို့ ပြင်ဆင်ထားကြောင်း၊ ဒါပေမယ့် သူ့ခရီးစဉ်က ကြီးကြီးမားမား ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်မထားကြောင်း ပြောကြားပါတယ်။ ပြီးခဲ့တဲ့နှစ်က အဖမ်းအဆီးတွေနဲ့ အန်န်အယ်လ်ဒီအဖွဲ့ဝင် ၃၀၀ အပေါ် ပြစ်ဒဏ်ချမှတ်ခဲ့တာတွေကို ဆွေးနွေးမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားပါတယ်။
တချို့ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကြောင့် နိုင်ငံတကာဖိအား လျော့သွားပြီး စစ်အစိုးရကို အကျိုးများစေလိမ့်မယ်လို့ ထင်မြင်ကြပါတယ်။ ( ဗွီအိုအေ )

Sunday, January 4, 2009

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း
ကိုဝိုင်း(မိုးညှင်း)

နိဒါန်း
၁ ။ “ကျုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ဘယ်နှစ်မျိုးရှိပါသလဲ ” လို့ လူကြီးမင်း အမေးခံရမည် ဆိုလျင် “ ၁၃၅ မျိုးရှိပါသည် ” လို့ ဖြေမှာ သေခြာ သလောက် ဖြစ်ပါတယ် ။ လူကြီးမင်းက စာတတ်ပေတတ် စာဖတ်ပေဖတ် ဖြစ်လို့ ဤကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ အဖြေမှန်မဟုတ်သေးပါ ။ လူကြီးမင်း အရွှီးအဖြန်း ခံထားရသဖြင့်သာ ထိုကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ နောင်တွင် အဖြေမှန် ဖြေဆိုနိုင်ကြစေရေး အတွက် ဤ ဆောင်းပါးဖြင့် ဖော်ထုတ်တင်ပြ အပ်ပါတယ် ။

မြန်မာတိုင်းရင်းသားလူမျိုးစု ၁၃၅ အစ နဝတက
၂ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိပါတယ်လို့ စပြီး ပြောတဲ့သူဟာ နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင် ဖြစ်ပါတယ် ။ သူဘာကြောင့် သည်လိုပြောရသလဲ ဆိုလျင် မြန်မာနိုင်ငံမှာ လူမျိုးစုတွေ များလွန်းနေတဲ့အတွက် စည်းရုံးရေးလုပ်ရတာ မလွယ်ကြောင်း ပြောလိုရာက အစပြုပြီး လူမျိုးစု ၁၃၅ စုရှိကြောင်း အဖြေထွက်လာတာဖြစ်ပါတယ် ။ သူသိချင်တဲ့ အဖြေကို စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ပြုစုပေးတာ ဖြစ်ပါတယ် ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံး ဟာ သူသိလိုတဲ့ အချက်အလက်များကို သန်းကောင်စာရင်းနှင့် ကွန်ပျူတာမှတ်တမ်းဌာန ဆီကရရှိပါတယ် ။ သန်းကောင်စာရင်းနှင့် ကွန်ပျူတာ မှတ်တမ်းဌာနက ပေးတဲ့စာရင်းဟာ တော်လှန်ရေးကောင်စီခေတ်မှ ပြည်သူ့ ကောင်စီခေတ်သို့ ကူးပြောင်းရေးကာလမှာ ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းကို အခြေခံပြုစုထားတဲ့စာရင်း ဖြစ်ကြောင်းသိရပါတယ် ။ အဲသည်တုန်းက ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းဆိုရာမှာလည်း ၊ လုပ်အားပေး ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများက ကောက်ယူခဲ့တဲ့စာရင်းပါ ။ လုပ်အားပေး သန်းကောင်စာရင်း ကောက်ယူသူများကလည်းပဲ ၊ သက်ဆိုင်ရာ ဒေသခံများက ဖြေကြားချက်အတိုင်း ရေးမှတ်ကောက်ယူ စာရင်းသွင်းခဲ့ကြတာပါ ။ ဥပမာအားဖြင့် ဘာလူမျိုးလဲဆိုလျင် ၊ ဖြေကြားသူက ရှမ်းဗမာ ဆိုလျင် ရေးသူကလည်း ရှမ်းဗမာလို့ ရေးမှတ်သွားတာမျိုး ၊ ရွာနီးချုပ်စပ် နောက်တစ်ရွာ နောက်တစ်ဖွဲ့ ကောက်ယူတဲ့စာရင်းမှာတော့ ၊ တိုင်းလိုင်း ဆိုပြီးဖြေလို့ တိုင်းလိုင် လို့မှတ်တမ်းဝင်သွားတာမျိုးပါ ။[ ဆက်ဖတ်ရန် +/- ]

လူမျိုးစု၁၃၅မျိုးက ဘယ်သူတွေလဲ
၃ ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ဗိုလ်မှူးဝင်းမောင်မောင် (ဒုတိယဦးစီးမှူး) ပြုစုတင်ပြ ထားတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးစာရင်းကို လေ့လာကြည့်ကြလျင် အောက်ပါအတိုင်းတွေ့ကြရမှာပါ -

၁- ကချင်
၂- ကယား(ကရင်နီ)
၃- ကယမ်း(ပဒေါင်)
၎- ကရင်ဖြူ
၅- ကလင်တော(လူရှေ)
၆- ကော်
၇- ကိုးကန့်
၈- ကြီ
၉- ခမီ
၁၀- ခေါနိုး
၁၁- ခေါင်းအိုင်ချင်း
၁၂- ခန္တီးရှမ်း
၁၃- ချင်း
၁၄- ချောင်းသား
၁၅- ခွါဆင်းမဲ
၁၆- ခွန်လီ ခေါ်ဆင်းမ်
၁၇- ဂဒူး
၁၈- ဂဏန်း
၁၉- ဂေခို
၂၀- ဂေဘာ
၂၁- ဂုံ (ခွန်ရှမ်း)
၂၂- ဂျိန်ဖေါ့
၂၃- ဂွေးသဲ
၂၄- စကောကရင်
၂၅- စနော
၂၆- စမူ
၂၇- စုံ(သဲ)
၂၈- ဆလိုင်
၂၉- ဆလုံ
၃၀- ဆင်ထန်
၃၁- ဆိုင်ထန်
၃၂- ဇယိန်း
၃၃- ဇာထောင်
၃၄- ဇိဖေ
၃၅- ဇိထုံး
၃၆- ဇို
၃၇- ဇိင်ဝါး
၃၈- ဇိန်ညှပ်(ဇန်နီယပ်)
၃၉- ဇွန်း
၄၀- တပေါင်
၄၁- တလယ်ပွါ
၄၂- တာဒိုး
၄၃- တီးတိန်
၄၄- တေဇန်
၄၅- တောရ်
၄၆- တောင်ရိုး
၄၇- တိုင်ချွန်း
၄၈- တိုင်းခန္တီး
၄၉- တိုင်းဆာ (မိုင်းသာ)
၅၀- တိုင်းလေ
၅၁- တိုင်းလိုင် (တိုင်းလျန်)
၅၂- တိုင်းလုံ
၅၃- တိုင်းလွယ်
၅၄- တန်ဒူး
၅၅- ထမံ
၅၆- ထားဝယ်
၅၇- ဒင်မ်
၅၈- ဒိုင် (ယင်ဒူး)
၅၉- ဒိုင်းနက်
၆၀- ဓနု
၆၁- နာဂ
၆၂- ပနမ်း
၆၃- ပရဲ (ဘရဲ)
၆၄- ပလေဂီး
၆၅- ပလေး
၆၆- ပလောင်
၆၇- ပသျှူး
၆၈- ပအိုဝ့် (အီကော)
၆၉- ပါကင်းမ်
၇၀- ပိုးကရင် (အနောက်)
၇၁- ပိုးကရင် (အရှေ့)
၇၂- ဖိုပွါ
၇၃- ဖုန် (ဖွန်)
၇၄- ဖျင်
၇၅- ဗမာ
၇၆- ဘန်ဂဲ
၇၇- ဘွဲ့
၇၈- မကန်း
၇၉- မရူ
၈၀- မနူမနော
၈၁- မဟူ
၈၂- မာရင်
၈၃- မီရမ် (မရာ)
၈၄- မီအဲ
၈၅- မောရှမ်း
၈၆- မော်နေပွါ
၈၇- မိုယ့်ထိုင် (ကသဲ)
၈၈- မြို
၈၉- မြောင်ဇီး
၉၀- မြိတ်
၉၁- မွင်း
၉၂- မွန်
၉၃- ယော
၉၄- ယင်းကြား
၉၅- ယင်းတလဲ
၉၆- ယင်းနက်
၉၇- ယင်းဘော်
၉၈- ယွန် (လာအို)
၉၉- ရခိုင်
၁၀၀- ရဘိန်
၁၀၁- ရဝမ်
၁၀၂- ရီရန်
၁၀၃- ရောင်ထု
၁၀၄- ရှမ်း
၁၀၅- ရှမ်းကလေး
၁၀၆- ရှမ်းကြီး
၁၀၇- ရှမ်းဗမာ
၁၀၈- လရှီ
၁၀၉- လာချိတ်
၁၁၀- လားဟူ
၁၁၁- လီစူး
၁၁၂- လီရှော
၁၁၃- လု
၁၁၄- လူရှိုင်း (လူရှေ)
၁၁၅- လေးမြို့
၁၁၆- လော်ဝေါ်
၁၁၇- လောက်ထူ
၁၁၈- လင်လဲ
၁၁၉- လိုင်
၁၂၀- လိုင်ဇို
၁၂၁- လမ်း
၁၂၂- လျင်းထု
၁၂၃- လွယ်လ (ဝ)
၁၂၄- သက်
၁၂၅- ဟွားလ်ငို
၁၂၆- အခါ
၁၂၇- အဇီး
၁၂၈- အနူး
၁၂၉- အနန်း
၁၃၀- အရှိုချင်း (မြေပြန့်)
၁၃၁- အောဝခမီ
၁၃၂- အူပူ
၁၃၃- အိုက်ကွယ်
၁၃၄- အင်
၁၃၅- အင်းသား

တူနေတာတွေည်းရှိ ၊ မပါတာတွေလည်းရှိနိုင်
၎ ။ အဲသည် မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရဲ့ စာရင်းကို ကျနော်တို့ သာမန်ကာလျှံကာ ကြည့်မယ် ဆိုရင် ဟုတ်သလိုလို ထင်ရပါတယ် ။ အဲသည်စာရင်းမှာ တူနေတာတွေ တော်တော်ပါနေပါတယ် ။ ကျနော်သိသလောက်ပြောရရင်တော့ (၁) ကချင် နှင့် (၂၂) ဂျိန်ဖေါ့ (Jing Phaw) ဟာ အတူတူဖြစ်ပါတယ် ။ ဗမာတွေက ကချင်လို့ ခေါ်တယ် ။ ကချင်တွေက မိမိကိုယ်ကို မိမိ ဂျိန်ဖေါ့ (Jing Phaw) လို့ ခေါ်ပါတယ် ။ နောက်ပြီး (၄၈)တိုင်းခန္တီးနှင့် (၁၂)ခန္တီးရှမ်း ၊ (၃၁)တိုင်းလိုင် နှင့် (၁၀၇) ရှမ်းဗမာ (၁၀၅-ရှမ်းကလေး လို့လည်း ခေါ်သလို ရှမ်းနီဆိုပြီးတော့လည်း ခေါ်ကြပါသေးတယ်) ၊ (၅၂)တိုင်းလုံ နှင့် (၁၀၆)ရှမ်းကြီး ဆိုတာတွေက အတူတူ ဖြစ်ပါတယ် ။ ရှမ်းလိုခေါ်တာ နှင့် ဗမာလိုခေါ်တာပဲ ကွာပါတယ် ။ ကျန်တာတွေတော့ ကျနော် မသိပါ ။ ကျန်တဲ့ စာရင်းမှာလည်း တူတာတွေ အများကြီးရှိနိုင်သေးသလို မပါတာတွေ ကျန်ခဲ့ တာတွေလည်း အများကြီး ရှိနိုင်ပါသေးတယ် ။ ဥပမာ ကူကီး ၊ မုန်းဝန်းရှမ်း ဆိုတာတွေပေါ့ ခင်ဗျာ ။

ပညာရှင်များခင်ဗျာ
၅ ။ မြန်မာသမိုင်း ပညာရှင်များ ၊ မြန်မာတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက် နေပါတယ် ဆိုတဲ့ သူများခင်ဗျာ မြန်မာတိုင်းရင်းသား လူမျိုးစု ဘယ်နှစ်စု ရှိပါတယ်လို့ အမှန်အတိုင်း ပြောနိုင်အောင်တော့ ကြိုးစားကြစေလိုပါတယ် ။ သိတ်ခက်ခဲမည့် ကိစ္စတော့ ဟုတ်မယ်မထင်ပါ ။ ဇောက်ချပြီး အားထည့် ကြိုးစားကြမည်ဆိုလျင် ၂ နှစ် ၃ နှစ်အတွင်းမှာ အဖြေထွက်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ပညာရှင်များ ဂရုပြုနိုင်ဖို့အတွက် “ လူမျိုးဘယ်လောက်ရှိသည်ကိုမသိသေးလျင် ၊ ဘာသာစကား ဘယ်လောက် ရှိသည် ဟူသော အချက်ကို မသိသေးသဖြင့် Linguistic survey လုပ်ရန်လိုကြောင်း ” ဦးမြင့်ကြည် (မြန်မာစာအဖွဲ့ဝင်) ရဲ့ တင်ပြချက်ကိုလည်း ထပ်ဆင့် တင်ပြလိုက်ရပါတယ်ခင်ဗျာ ။

နိဂုံး
၆ ။ ခုအချိန်မှာ မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရှိတယ် ဆိုတဲ့ အဆိုဟာ အမှန်လိုလို အတည်လိုလို ဖြစ်နေပါတယ် ။ နဝတဥက္ကဌကြီးရဲ့ မိန့် ကြားချက်ဖြစ်သမို့ မြန်မာ့ သမိုင်းပညာရှင် များလည်း မထိရဲ ၊ မတို့ရဲ ဖြစ်နေကြပါတယ် ။ ဘယ်သူမှ ဝေဖန်ဆန်းစစ်ခြင်း ၊ သုတေသနပြုခြင်း မရှိခဲ့ကြပါဘူး ။ အမှား တစ်ခုဟာ ကြာလာရင် အမှန်လိုလို ဖြစ်သွားနိုင်တာမို့ ၊ အမှားဟာ အမှန် ၊ အမှန်ဟာ အမှား ဖြစ်မသွားရလေအောင် သမိုင်းကြောင်းလေး ကိုပြန်လည် တည့်မတ်ပေးကြဖို့ စာတမ်းဖြင့် မေတ္တာရပ်ခံတင်ပြအပ်ပါတယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ် ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)


မှတ်ချက် ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးမှ ပြုစုထုတ်ဝေသော စာအုပ် တစ်အုပ်မှ စာရေးသူကူရေး ထားသည့် မှတ်စုအား ကိုးကားတင်ပြထားခြင်းဖြစ်ပါသည် ။ စာတမ်းအမည် ကူးရေးရန်မေ့လျော့ခဲ့သည့်အတွက် တင်ပြနိုင်ခြင်း မရှိပါ ။

***********
ပို့စ်တင်သူ၏ မှတ်ချက် ။
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ၊ ကိုရီးယားနိုင်ငံဘူချောန်းမြို့တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းကို ကောက်နှုတ်၍ ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည် ။

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews